← Chapters

သွေးအတွက်သွေး

Vol. 150 Ch. 2240

သွေးအတွက်သွေး

Vol. 150 Ch. 2240

အဆင့်-၅ မှာ...။

ဆူဇီမိုက ဖြည်းဖြည်းချင်းမတ်တတ်ထရပ်ပြီး ကမ္ဘာမြေအဆင့်သတ်မှတ်ချက် ကျောက်စာတိုင်၏ အမြင့်ဆုံးနေရာမှာ မတ်တတ်ရပ်လိုက်၏။ သူက စနေဂြိုဟ်မြေဆီလွှာကို သူ၏ အသိစိတ်ထဲသို့ ထည့်သွင်းလိုက်ပြီး အဲ့ဒါကို ငရဲဖိနှိမ်မီးဖိုက လျင်မြန်စွာ ဝါးမျိုသွား၏။

ဤစနေဂြိုဟ်မြေဆီလွှာကို သန့်စင်ပြီးနောက် ဆူဇီမိုသည် အဆင့်-၄ မှ ရရှိလာသော ကြာသပတေးဂြိုဟ်သစ်သားကို သူ့ကိုယ်ပိုင်ကျင့်ကြံရေးအတွက် အသုံးပြုနိုင်ပြီဖြစ်၏။

ငရဲဖိနှိမ်မီးဖိုကို အားလုံးတူညီစွာ ပြုပြင်နိုင်မည်ဆိုလျှင် အထွတ်အမြတ်ဝိညာဥ်လေးခုက နိုးထလာနိုင်၏။

ဆူဇီမိုသည် အဆင့်-၆ ရှိရာဘက်သို့ တိတ်တဆိတ်ကြည့်လိုက်၏။

သူက ရှေ့သို့ ဆက်လက်တက်လှမ်းမည်ဆိုလျှင် အဆင့်-၆ မှာ ဆင်တူသောရတနာတစ်ခုရှိနေနိုင်ဟု ဝိုးတဝါးခန့်မှန်းမိ၏။

သို့သော်လည်း သူ၏ လက်ရှိအခြေအနေအရ သူ့အနေဖြင့် ရှေ့ကိုဆက်တက်ဖို့က တကယ်ပဲမသင့်လျော်တော့ပေ။

သူသည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးနေရာအတွက် တိုက်ပွဲကို လက်လွှတ်မှပဲရပေလိမ့်မည်။

နောက်ဆုံးမှာ အင်မော်တယ်ထိုက်ဟွာကို သတ်ဖြတ်ခဲ့ခြင်းက သူ့အပေါ် အားအင်ကြီးမားစွာ ကုန်ခန်းစေခဲ့၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အင်မော်တယ်ထိုက်ဟွာ၏ အန္တိမနတ်ဘုရားစွမ်းအားဖြင့် ပြင်းထန်သည့်ရိုက်ချက်တစ်ချက်ကိုလည်း တွေ့ကြုံခံစားခဲ့ရ၏။

အဆင့်-၅ သို့ ဆက်လက်တက်လှမ်းဖို့က အန္တရာယ်များလွန်း၏။

ဒါ့အပြင် ယနေ့ကိစ္စက သူ့အတွက် မပြီးဆုံးသေးပေ။

မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်းမှ အခြားသော ကမ္ဘာမြေအင်မော်တယ် ၄ဦးက မိုးကောင်းကင်ကိုးလွှာမှာ ရှိနေဆဲဖြစ်၏။

ဤလူများသည် မိုးကောင်းကင်ကိုးလွှာသို့ ဝင်ရောက်လာသည့်အကြောင်းအရင်းမှာ သူ့ကိုသတ်ဖြတ်ဖို့ဖြစ်၏။

သူတို့က ယခုအချိန်ထိ စုစည်းမလာနိုင်သေးပေ။

သူက တိုက်ခိုက်ပြီဆိုမှတော့...သူက သနားညှာတာမှုကို ပြလိမ့်မည် မဟုတ်ပေ။

ယဲ့ဖေး၏ သေဆုံးမှုသည် ဆူဇီမို၏ ရင်ထဲရှိ သတ်ဖြတ်လိုစိတ်ကို လုံးလုံးလျားလျား နှိုးဆွပေးလိုက်၏။

သူသည် မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်းကို အမြစ်ဖြတ်ချေမှုန်းချင်၏။

သူသည် ထိုအဖွဲ့အစည်းနှစ်ခုကို ဤတစ်ခေါက်ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပေါ်ကနေ ဖယ်ရှားရှင်းလင်းပစ်လို၏။

သူသည် ထိုအဖွဲ့အစည်းနှစ်ခုကို လုံးလုံးလျားလျား အရှက်ရစေလို၏။

ရုတ်တရက်ဆိုသလို...

တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး ဆူဇီမို၏ အကြည့်က ရွေ့လျားသွား၏။

သူသည် အဝေးတစ်နေရာကနေ လျှောက်လှမ်းလာနေသည့် ပုံရိပ်တစ်ခုကို တွေ့မြင်သွား၏။ သူ၏ ဝတ်စားဆင်ယင်ပုံအရ အဲ့ဒါသည် မဟာကျင်းအင်မော်တယ်နိုင်ငံ၏ အာဏာပါးကွက်သား အစောင့်တပ်သားတစ်ယောက်ဖြစ်၏။

ဘုန်း.....

ဆူဇီမိုသည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက် ကျောက်စာတိုင်၏ ထိပ်ဆုံးနေရာကနေ မြေပြင်ပေါ်ကို ပြင်းထန်စွာဆင်းသက်သွား၏။

မဟာကျင်းအင်မော်တယ်နိုင်ငံ၏ ကမ္ဘာမြေအာဏာပါးကွက်သားအစောင့်တပ်သားများကြားမှာ လုယွီကို ခေါင်းဆောင်းတပ်မှူးများကြား ပညာရှင်တစ်ဦးဟုသတ်မှတ်နိုင်၏။

သို့သော်လည်း သူ၏ တိုက်ခိုက်ရည်ခွန်အားသည် ဤအုပ်စုမှာ နောက်ဆုံးတွင်ရပ်တည်နေ၏။

တကယ်တော့... နောက်ဆုံးမှာဆိုလျှင်တောင် သူသည် အဆင့်-၅ သို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ကမ္ဘာမြေအင်အဆင့်မှတ်ကျောက်စာတိုင်က သူ၏ ရှေ့တည့်တည့်မှာရှိနေ၏။

သူသည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကျောက်စာတိုင်မှာ သူ၏ နာမည်ကို ချန်ထားပြီးသည်နှင့် သူသည် ဆူဇီမိုကိုသတ်ဖြတ်ဖို့အတွက် ထျဲဟန်နှင့် အင်မော်တယ်ပျံဂိုဏ်းမှ ကမ္ဘာမြေအင်မော်တယ်များနှင့် အတူပူးပေါင်းနိုင်မည်ဖြစ်၏။

“ငါနဲနဲနောက်ကျသွားတယ်... ဘယ်ပြောရမလဲ မဟာခေါင်းဆောင်တပ်မှူး ထျဲဟန်နဲ့ အခြားသူတွေက ဆူဇီမိုကို သတ်ပြီးသွားတာတောင်​ဖြစ်လောက်တယ်”

လုယွီက လျှောက်လှမ်းလာစဥ် သူ့ဘာသာသူတွေးတောနေ၏။

ထိုစဥ်မှာပင် သူသည်ရုတ်တရက် ခပ်ဖျော့ဖျော့သွေးရနံ့တစ်ခုကို ရရှိလိုက်၏။

သူကမျက်မှောင်ကြုတ်ပြီး ရှေ့သို့လှမ်းကြည့်ကာ ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကျောက်စာတိုင်ရှေ့တွင် ပြန့်ကျဲနေသော ဦးခေါင်းမဲ့အလောင်းဆယ်လောင်းကျော်ကို တွေ့ရှိလိုက်ရ၏။ သူတို့အားလုံးသည် မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်းမှဖြစ်ကြ၏။

အဲ့ဒါက... ဘယ်လိုဖြစ်နိုင်မှာလဲ...။

ဘာတွေ ဖြစ်ကုန်တာလဲ။

လုယွီက အံ့အားသင့်တုန်လှုပ်သွား၏။

ထိုစဥ်မှာပင် မြေပြင်က လှုပ်ခါလာသည့်အလား သူ၏ ခြေထောက်များက တုန်ခါလာခဲ့၏။ ထို့နောက်တစ်ဆက်တည်းမှာပင် ကမ္ဘာမြေအဆင့်သတ်မှတ်ချက် ကျောက်စာတိုင်ရှိရာဘက်ကနေ ကျယ်လောင်သောမြည်ဟည်းသံက ထွက်ပေါ်လာ၏။

လုယွီက ရင်တစ်ချက်ထိတ်သွားပြီး အသံလာရာဘက်သို့ လှည့်ကြည့်လိုက်၏။

သူသည် သိပ်သည်းပြင်းထန်သောအော်ရာနှင့်အတူ သွေးများစွန်းထင်းနေဆဲဖြစ်သည့် ဦးခေါင်း ၁၈လုံးကို လက်တစ်ဖက်ဖြင့်ကိုင်ပြီး အစိမ်းရောင်ဝတ်ကျင့်ကြံသူတစ်ယောက်က လျှောက်လှမ်းလာနေသည်ကို တွေ့မြင်လိုက်ရ၏။

“ဆူဇီမိုလား”

ဟာ...

ရုတ်တရက် လုယွီ၏ အမူအရာက ပြောင်းလဲသွား၏။

ထိုဦးခေါင်းများသည် မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်းမှ ကမ္ဘာမြေအင်မော်တယ်ကျင့်ကြံသူများ၏ ဦးခေါင်းများဖြစ်သည်ကို သူကရှင်းလင်းစွာတွေ့မြင်လိုက်ရ၏။

ထျဲဟန်နှင့် အင်မော်တယ်ထိုက်ဟွာပင်လျှင် သူတို့ကြားမှာပါဝင်နေ၏။

“မဟာခေါင်းဆောင်တပ်မှူးထျဲဟန်ကသေပြီ”

“အင်မော်တယ်ထိုက်ဟွာကလည်းသေပြီ”

ထိုသတင်းအချက်အလက်သည် လုယွီအတွက် အရမ်းကိုတုန်လှုပ်စရာကောင်းသည့်ရိုက်ချက် ဖြစ်လေသည်။

ခဏကြာသည်အထိ သူက အဲ့ဒါကိုလက်မခံနိုင်ဘဲ မတုံ့ပြန်မိပေ။

ထိုအသက်ရှုချိန်အနည်းငယ်မှာ ဆူဇီမိုက ချဥ်းကပ်လာခဲ့ပြီဖြစ်၏။

သူသည် သူ၏ ဘယ်ဘက်လက်ထဲမှ ဦးခေါင်း၁၈လုံးကို လွှတ်မချဘဲ သူ၏ လက်ဖဝါးထဲမှာ သူတို့ကို စုကိုင်ထား၏။

သူ၏ အခြားသောလက်တစ်ဖက်ကို ဆန့်ထုတ်ပြီး လုယွီကို ရိုက်ချလိုက်၏။

ထိုလက်ဝါးက ကောင်းကင်တစ်ခွင်အုပ်မိုးပြီး အရမ်းကို ချောက်ချားစရာကောင်း၍ ပြင်းထန်ကြမ်းတမ်းသောအော်ရာတစ်ခုကို ထုတ်ဖော်လိုက်၏။

ထိုလက်ဝါးရိုက်ချက်နှင့် ရင်ဆိုင်ရချိန်မှာ လုယွီ၏ အော်ရာက ပျောက်ဆုံးသွားပြီး သူက လိပ်ပြာလွင့်မတတ်ကြောက်လန့်နေ၏။

အဲ့ဒါက သာမန်အသေအကြေတိုက်ပွဲတစ်ခုသာဆိုလျှင် လုယွီသည် ဤကဲ့သို့သောအခြေအနေဖြင့် အဆုံးသတ်ရလိမ့်မည် မဟုတ်ပေ။

သို့သော်ယခု ထျဲဟန်နှင့် အင်မော်တယ်ထိုက်ဟွာ၏ ဦးခေါင်းများကို တွေ့မြင်သောအခါ သူက လိပ်ပြာလွင့်မတတ်ကြောက်လန့်နေ၏။

သူ့မှာ တိုက်ခိုက်ရည်ခွန်အား ၁၀၀ ရာခိုင်နှုန်းရှိသည်ဆိုလျှင်တောင် သူက ၅၀ ရာခိုင်နှုန်းကိုပင် မထုတ်ဖော်နိုင်တော့၏။

သူ၏စိ တ်ဝိညာဥ်အသိစိတ်ကို အသက်သွင်းဖို့ သို့မဟုတ် သူ၏ နတ်ဘုရားစွမ်းအားများနှင့် အင်မော်တယ်ပညာရပ်များကို ထုတ်ဖော်ဖို့ အချိန်မရတော့ဘဲ လုယွီက သူ၏ လက်နှစ်ဖက်ကိုသာမြှောက်ပြီး ဆူဇီမို၏ လက်ဝါးရိုက်ချက်ကို ခုခံကာ ထွက်ပြေးလွတ်မြောက်ချင်၏။

ဘန်း...

ဆူဇီမိုက လုယွီ၏ လက်နှစ်ဖက်ကို ရိုက်ချလိုက်သောအခါ ခပ်ထိုင်းထိုင်းအသံတစ်သံထွက်ပေါ်လာ၏။

ဖြောင်း....

ထို့နောက် တစ်ဆက်တည်းမှာပင် ဆူဇီမို၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး သူ၏ ခွန်အားကိုစိုက်ထုတ်ကာ သူ၏ လက်ကို အောက်သို့ဖိချလိုက်၏။

“သေစမ်း”

ဆူဇီမိုက မော်တယ်လောကသို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ ပြိုင်ဘက်ကင်းစွမ်းပကားတစ်ခုနှင့်အတူ ဟိန်းဟောက်လိုက်၏။

လုယွီ၏ လက်နှစ်ဖက်က ဆူဇီမို၏ လက်ဝါးရိုက်ချက်ဖြင့် ကျိုးထွက်သွား၏။

လုယွီမှာ ထျဲဟန်ကဲ့သို့ လျင်မြန်သောတုံ့ပြန်မှုမရှိပေ။

သိပ်သည်းပြင်းထန်သော အင်အားက ဖိခြေကျဆင်းလာပြီး ဆူဇီမိုက လုယွီ၏ ဦးခေါင်းကို ရိုက်ချလိုက်၏။

ဘန်းခနဲမြည်သံနှင့်အတူ ဦးနှောက်ရည်များနှင့် သွေးများက ဖိတ်စင်ပြန့်ကျဲသွား၏။

ဦးခေါင်းခွံအောက်မှာရှိသော လုယွီ၏ အမြုတေစိတ်ဝိညာဥ်ကလည်း ဆူဇီမို၏ လက်ဝါးရိုက်ချက်ဖြင့် ကြေမွသွား၏။

သူသည် လက်တစ်ဖက်နှင့် လက်ဝါးရိုက်ချက်တစ်ချက်နှင့်အတူ ကမ္ဘာမြေအာဏာပါးကွက်သားအစောင့်တပ်သားတစ်ယောက်ကို သတ်ဖြတ်လိုက်၏။

သူ၏ လက်ဖဝါးကို ဆေဘာတစ်လက်ကဲ့သို့သုံးပြီး ဆူဇီမိုသည် လုယွီ၏ လည်ပင်းကိုလှီးဖြတ်ကာ သူ၏ ဦးခေါင်းကိုလက်ထဲမှာ ဆုပ်ကိုင်ထားလိုက်၏။

ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကျောက်စာတိုင်ဘေးမှာရှိသော ကျင့်ကြံသူများက ထိုသည်ကိုတွေ့မြင်သောအခါ သူတို့က အတော်လေးတည်ငြိမ်နေပြီး သူတို့၏ အမူအရာများက များစွာပြောင်းလဲမသွားတော့ပေ။

ဘာပဲပြောပြော ဆူဇီမိုသည် အင်မော်တယ်ထိုက်ဟွာ၊ ထျဲဟန်နှင့် အခြားသောကမ္ဘာမြေအင်မော်တယ် ၁၆ယောက်နှင့် တိုက်ခိုက်ခဲ့သောမြင်ကွင်းနှင့် နှိုင်းစာလျှင် အဲ့ဒါက ဘာမှမဟုတ်တော့ပေ။

သို့သော်လည်း မင်းသားယွမ်ကျောနှင့် ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်က ဒေါသချောင်းချောင်းထွက်နေသောအမူအရာများဖြင့် မတ်တတ်ထရပ်လိုက်ကြ၏။

“ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က အရမ်းကို ရက်စက်လွန်းရာကျမနေဘူးလား”

ကောင်းကင်အင်မော်တယ်အဖြူရောင်ပင်လယ်က သူ၏ လက်ကိုမြှောက်ပြီး သူ၏ ခေါက်ယပ်တောင်ဖြင့် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ အကြီးအကဲများကိုထိုးညွှန်ကာ မုန်းတီးစွာပြောလိုက်၏။

“ငါတို့က ဒီတိုက်ပွဲမှာ ရှုံးနိမ့်ပြီးနေပြီ... ဒီကောင်လေးက ငါတို့လူတွေကို ဘာလို့ဆက်ပြီး ချေမှုန်းသုတ်သင်ချင်နေရတာလဲ”

“မင်းတို့တွေကို ချေမှုန်းသုတ်သင်တယ်ဟုတ်လား”

အကြီးအကဲကျုံးက လှောင်ရယ်လိုက်၏။

“မင်းကို ငါမေး​ပါဦးမယ်... ဆူဇီမိုက အခုချိန်မှာ မင်းတို့ရဲ့လက်ထဲကိုရောက်နေမယ်ဆိုရင် သူက အသက်ရှင်နိုင်ဦးမှာလား”

အကြီးအကဲဟဲကလည်း စိမ်းသက်သောအမူအရာဖြင့် အေးစက်စွာပြောလိုက်၏။

“အဖြူရောင်ပင်လယ်... အရင်ဆုံးစတိုက်ခိုက်ပြီး အရင်သတ်ဖြတ်ခဲ့တဲ့သူတွေက အင်မော်တယ်ပျံဂိုဏ်းနဲ့ မဟာကျင်းအင်မော်တယ်နိုင်ငံဖြစ်တယ်ဆိုတာကို မမေ့လိုက်နဲ့”

“ငါတို့တက္ကသိုလ်တည့်ဂိုဏ်းသားတွေက ဘာလိုပဲတုံ့ပြန်တုံ့ပြန် မင်းတို့အဖွဲ့အစည်းနှစ်ခုက အဲ့ဒါကိုလက်ခံရလိမ့်မယ်”

မင်းသားယွမ်ကျောက ပကတိအင်မော်တယ်ရှဲ့လင်ကို လှည့်ကြည့်ပြီး လက်သီးနှစ်ဖက်ကို ယှက်ပြလိုက်၏။

“အရှင်မင်းသား... ဆူဇီမိုက အရမ်းကိုရက်စက်ကြမ်းတမ်းပြီးတော့... သတ်ဖြတ်လိုစိတ်များလွန်းတယ်... သူက မိစ္ဆာကျင့်ကြံသူတစ်ယောက်နဲ့ ဘယ်လိုများကွာခြားသေးလို့လဲ”

“ကျုပ်အထင်တော့... ဒီကောင်လေးက ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေကို စိမ့်ဝင်ထိုးဖောက်လာတဲဲ့ မိစ္ဆာမဟာနယ်မြေက သူလျှိုတစ်ယောက်ဖြစ်ဖို့များတယ်”

“ထွီ...”

ယွင်ထင်က ယခုတင် ဝိုင်ပြင်းများကိုမော့သောက်ပြီး အဲ့ဒါကိုထွေးထုတ်ကာ အော်ပြောလိုက်၏။

“ယွမ်ကျော... မင်းတကယ်ကိုအရှက်မဲ့တာပဲ... မင်းကသူ့ကိုမနိုင်တော့တာနဲ့ပဲ... အခု မဟုတ်မဟတ် စွပ်စွဲပြောဆိုနေပြီပေါ့လေ”

ကောင်းကင်အင်မော်တယ်အဖြူရောင်ပင်လယ်က အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။

“အရှင်မင်းသားရှဲ့လင်... ဒီကောင်လေးက အထဲမှာထင်တိုင်းကျဲ သတ်ဖြတ်မနေအောင် သူ့ကိုမိုးကောင်းကင်ကိုးလွှာကနေ ထုတ်ပေးသင့်တယ်လို့ ကျုပ်အကြံပြုတယ်”

ရှဲ့လင်က မှင်သေသေ အမူအရာဖြင့် သူ၏ ခေါင်းကိုခါပြလိုက်၏။

“ဒါက... မိုးကောင်းကင်ကိုးလွှာရဲ့ ရှုံးထွက်အဆင့်ပဲ.. သေခြင်းရှင်ခြင်းတိုက်ပွဲတွေကို ခွင့်ပြုပေးထားတယ်”

“စောစောက ခင်ဗျားတို့အဖွဲ့အစည်းနှစ်ခုက တက္ကသိုလ်က တပည့်တစ်ယောက်ကို ပူးပေါင်းတိုက်ခိုက်ခဲ့တုန်းကလည်း ကျုပ်က ကြားဝင်မပါခဲ့ဘူး”

“အခု... ဒီတက္ကသိုလ်တပည့်ဂိုဏ်းသားက လူတိုင်းကို သတ်ဖြတ်ချင်တယ်ဆိုရင်လည်း ကျုပ်က သူ့ကို တားဆီးမှာမဟုတ်ဘူး... ရှုံးထွက်အဆင့် မပြီးဆုံးသေးသရွေ့ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး... သွေးအတွက်သွေးပဲ”

မင်းသားယွမ်ကျောနှင့် ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်သည် ဘာမှမတတ်နိုင်ဘဲ သူတို့၏ ထိုင်ခုံများမှာ ပြန်ထိုင်လိုက်ရ၏။

All Chapters