နတ်ဘုရားခုတ်ချက်တစ်ချက်
Vol. 150 Ch. 2243
ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ နောက်ဆုံးအဆင့်သတ်မှတ်ချက်ကို ဆုံးဖြတ်ရန် ကမ္ဘာမြေအင်မော်ပညာရှင်တစ်ရာကို တစ်ချိန်တည်းမှာတိုက်ခိုက်ဖို့အတွက် ပိုင်းခြားပေးထား၏။
အဲ့ဒါက သက်ရောက်မှုအရှိဆုံးနှင့် ယုတ္တိအကျဆုံးနည်းလမ်းဖြစ်၏။
အဲ့ဒါသည် ထိပ်တန်းတိုက်ခိုက်ရည်ခွန်အားရှိသည့် ပြိုင်စံရှားများနှင့် ပြန်ဝင်စားမွန်းစတားများကို တစ်ယောက်နှင့်တစ်ယောက် စောလျင်စွာ တွေ့ဆုံခြင်းကနေ တားဆီးပေးနိုင်မည်ဖြစ်၏။
အဲ့ဒါက ပိုမိုတိကျသောအဆင့်သတ်မှတ်ချက်ကို ထွက်ပေါ်လာစေပေလိမ့်မည်။
ရှုံးထွက်အဆင့်၏ ပထမလူနှင့် ဒုတိယလူက ပထမဆုံးအချီရေအနည်းငယ်အတွင်း တွေ့ကြုံရလိမ့်မည် မဟုတ်ပေ။
ရှဲ့လင်သည် သူ၏ လက်ချောင်းကို ညင်သာစွာတောက်ပြီး အစစ်အမှန်အမြုတေကို ရင်ပြင်၏ အလယ်ရှိ မြေကြီးထဲသို့ တလိပ်လိပ်တိုးဝင်သွားစေ၏။
ဘုန်း... ဘုန်း ဘုန်း...
လူတိုင်း၏ ရှေ့မှောက်မှာပင် ကျယ်ပြောသောရင်ပြင်၏ အလယ်မှာ အစိမ်းရောင်လေးထောင့်ကျောက်တုံး ၅၀ က ဖြည်းဖြည်းချင်းကြွတက်လာပြီး လေထဲမှာ လွင့်မျောနေ၏။
အစိမ်းရောင်ကျောက်တုံးများက ပြားပြီး ကြီးမားကာ ကမ္ဘာမြေအင်မော်တယ်နှစ်ယောက် စိတ်ရှိတိုင်းတိုက်ခိုက်နိုင်ဖို့အတွက် လုံလောက်တာထက်ပိုလေသည်။
“အားလုံးပဲ... ကိုယ့်ကိုကိုယ် ပြင်ဆင်ထားကြ... အစိမ်းရောင်ကျောက်တုံးပြိုင်ပွဲကွင်းတွေပေါ်က နံပါတ်တွေအတိုင်းပဲ မင်းတို့တွေက တိုက်ပွဲကွင်းထဲကိုဝင်ရောက်ရမယ်”
ရှဲ့လင်က ထုတ်ဖော်ကြေညာလိုက်၏။
အစိမ်းရောင်ကျောက်တုံးတစ်တုံးချင်းစီ၏ အလယ်မှာ နံပါတ်တစ်ခုစီရှိလေသည်။
နံပါတ်တစ်အစိမ်းရောင်ကျောက်တုံးသည် ရှုံးထွက်အဆင့်၏ အဆင့် ၁နှင့် အဆင့် ၁၀၀မှာ ရပ်တည်နေသော ကမ္ဘာမြေအင်မော်တယ်နှစ်ယောက်တိုက်ခိုက်ရမည့် ပထမဆုံး တိုက်ပွဲကွင်းဖြစ်၏။
ဆူဇီမို၏ အဆင့်သတ်မှတ်ချက်က ၆၈ ဖြစ်ပြီး သူသည် ၃၃ခုမြောက် အစိမ်းရောင်ကျောက်တုံးတိုက်ပွဲကွင်းပေါ်မှာ အဆင့် ၃၃ မှာ ရပ်တည်နေသော ကမ္ဘာမြေအင်မော်တယ်နှင့် တိုက်ခိုက်ရမည်ဖြစ်၏။
တိုက်တိုက်ဆိုင်ဆိုင်ပင် သူ၏ ပြိုင်ဘက်သည် ယခင်မြို့တော်၏ လမ်းမရှည်ထက်မှာ သူနှင့်တိုက်ခိုက်ခဲ့ဖူးသော ရွှယ်ကလန်မှ တို့ယွမ်ဖြစ်နေ၏။
ပုံရိပ်များက အစိမ်းရောင်ကျောက်တုံးတိုက်ပွဲကွင်းပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် ခုန်တက်ကာ ရောက်ရှိလာကြ၏။
တိုက်ပွဲက စတင်တော့မည်ပင်။
“အဆင့်သတ်မှတ်ချက်တိုက်ပွဲမှာ ကျင့်ကြံသူတွေအတွက် စည်းမျဥ်းစည်းကမ်းတွေနဲ့ ကန့်သတ်ချက်တွေ အများကြီးမရှိဘူး”
“မင်းတို့တွေက ဓမ္မရတနာတွေ... အဆောင်လက်ဖွဲ့တွေနဲ့ ဆေးလုံးတွေကိုအသုံးပြုနိုင်တယ်... မင်းတို့တွေက အသေအကြေလည်းတိုက်ခိုက်နိုင်တယ်”
ရှဲ့လင်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ဒါပေမဲ့... တစ်ဘက်လူက အစိမ်းရောင်ကျောက်တုံးပေါ်က ထွက်ခွာသွားမယ်ဆိုရင် မင်းတို့တွေက သူတို့နောက်ကို ဆက်လိုက်ပြီး တိုက်ခိုက်လို့မရတော့ဘူး”
ကျင့်ကြံသူအများစုသည် ဤစည်းမျဥ်းကို သိရှိပြီးကြပြီဖြစ်၏။
တစ်ယောက်ယောက်သည် အစိမ်းရောင်ကျောက်တုံးပေါ်ကနေထွက်ခွာသွားသော သူတို့၏ ပြိုင်ဘက်ကို လိုက်လံတိုက်ခိုက်မည်ဆိုလျှင် ရှဲ့လင်အပါအဝင် လက်ရှိကောင်းကင်အင်မော်တယ်များစွာက သူတို့ကို တားဆီးလာကြမည်ဖြစ်၏။
“ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ရဲ့ အဆင့်သတ်မှတ်ချက်တိုက်ပွဲ... တရားဝင်စတင်စေ”
ရှဲ့လင်က အစိမ်းရောင်ကျောက်တုံးတိုက်ပွဲကွင်းပေါ်မှာ ကမ္ဘာမြေအင်မော်တယ်တစ်ရာရောက်ရှိနေပြီကို တွေ့မြင်သောအခါ သူက အော်ပြောလိုက်၏။
ချွင်... ချွင်.... ချွင်...
ပကတိအင်မော်တယ်ရှဲ့လင်က ထိုသို့ပြောလိုက်သည့်ခဏမှာပင် ကြီးမားသောတိုက်ပွဲတစ်ခုက အစိမ်းရောင်ကျောက်တုံးတိုက်ပွဲကွင်းမှာ ပေါ်ထွက်လာခဲ့၏။ နတ်ဘုရားစွမ်းအားများနှင့် ဓမ္မရတနာများ ထိတွေ့ရိုက်ခတ်သောအသံက ကျယ်လောင်ခက်ထန်နေ၏။
အဲ့ဒါက အဆင့်သတ်မှတ်ချက်တိုက်ပွဲတစ်ခုဖြစ်သလို... ရှုံးထွက်အဆင့်ဆိုလည်း ဟုတ်လေသည်။
လက်ရှိမှာ ရှုံးနိမ့်သွားသောမည်သူမဆို ဒုတိယမြောက်အချီကို ဆက်လက်၍ တက်လှိမ်းနိုင်တော့မည် မဟုတ်ပေ။
ထို့ကြောင့် မည်သည့်ကျင့်ကြံသူကမှ သူတို့၏ ခွန်အားကို ထိန်ချန်ထားရဲခြင်းမရှိပေ။
တိုက်ပွဲက ဖြစ်ပွားလာသည့်ခဏမှာပင် တိုက်ပွဲကွင်းများ၏ တစ်ခုပေါ်မှာ အနိုင်ရလဒ်ကို ဆုံးဖြတ်ပြီးသွားလေပြီ။
ပထမတိုက်ပွဲကွင်း...။
ဖုန်းယင်သည် အဆင့် ၁၀၀မှ ကမ္ဘာမြေအင်မော်တယ်ကို လှုပ်ရှားကွက်တစ်ကွက်နှင့်အတူ အစိမ်းရောင်ကျောက်တုံးတိုက်ပွဲကွင်းပေါ်က ကန်ချခဲ့ပြီး တစ်ဘက်လူက တုံ့ပြန်ဖို့အချိန်မရခဲ့ပေ။
ဖုန်းယင်၏ လှုပ်ရှားမှုနည်းစနစ်က တုန်လှုပ်စရာကောင်းလောက်အောင်မြန်ဆန်၏။ ပွဲကြည့်ပရိတ်သတ်များက ထိုရလဒ်မှာ အံ့အားသင့်သွားခြင်းမရှိဘဲ သူတို့ဘာသာသူတို့ ခေါင်းညိတ်လိုက်ကြ၏။
ကျင့်ကြံသူများစွား၏ အကြည့်များသည် ဒုတိယမြောက်နှင့် တတိယမြောက်တိုက်ပွဲကွင်းများဆီသို့ မဟုတ်ဘဲ ၃၃ ခုမြောက်တိုက်ပွဲကွင်းပေါ်သို့ ရောက်ရှိသွား၏။
ထိုတိုက်ပွဲကွင်းပေါ်မှာ လူနှစ်ယောက်က ချက်ချင်းမတိုက်ခိုက်ကြသေးပေ။
တို့ယွမ်က သူ၏ လက်သီးနှစ်ဖက်ကို အရင်ဆုံးယှက်ပြလိုက်၏။
“တာအိုရောင်းရင်းဆူ... ကျုပ်ရဲ့တိုက်ခိုက်ရည်ခွန်အားက ခင်ဗျားထက်တကယ်ပဲနိမ့်ကျတယ်... ဒါပေမဲ့ ဘယ်လိုရလဒ်ပဲထွက်လာထွက်လာ သူတို့က အဆင့်သတ်မှတ်ချက်အတွက် ထည့်သွင်းထည့်တွက်ကြမှာပဲ... ကျုပ်က ကျုပ်ရဲ့ခွန်အားအပြည့်အဝနဲ့ တိုက်ခိုက်ရဦးမှာပဲ ကျေးဇူးပြုပြီး ကျုပ်ကိုခွင့်လွှတ်ပေးပါ”
တို့ယွမ်က ကောင်းကင်ဘုံကိုးလွှာမှ ကမ္ဘာတုန်လောက်ဖွယ်ရာမြင်ကွင်းကို မြင်တွေ့ခဲ့ပြီးလေပြီ။
ဆူဇီမိုက သူ၏ အထွတ်အထိပ်အခြေအနေမှာရှိနေမည်ဆိုလျှင် သူက ဆူဇီမိုကို လုံးဝမယှဥ်နိုင်ဘူးဆိုတာ ကောင်းကောင်းသိထား၏။ သို့သော်ယခု သူ့မှာ အနိုင်ဖို့အခွင့်အရေးတစ်ခုရှိနေသေး၏။
“လာခဲ့ပါ”
ဆူဇီမို၏ အမူအရာက မှင်သေသေဖြင့် ရှိနေ၏။
ဆူဇီမိုသည် အားနည်းသောအခြေအနေမှာရှိနေသည်ကို သူသိထားသော်လည်း တို့ယွမ်က မဆင်မခြင်ပြုမူရဲခြင်းမရှိပေ။ သူက သူ၏ သိုလှောင်အိတ်ကိုပုတ်ပြီး သူ၏ မူပိုင်ဓမ္မရတနာကို ချက်ချင်းပင် ဆွဲထုတ်လိုက်၏။
အေးစက်နေသောဆေဘာတစ်လက်က သူ၏ လက်ထဲမှာ ရောက်ရှိလာ၏။ ဆေဘာပေါ်မှာ လျှို့ဝှက်ဆန်းကြယ်သောအင်းကွက်များစွာကို ခတ်နှိပ်ထားပြီး ၎င်၏ အော်ရာက ထက်ရှ၍စွမ်းအားကြီးမားနေ၏။
မူလကမ္ဘာမြေအဆင့် ဓမ္မရတနာ...။
အဆင့်သတ်မှတ်ချက်တိုက်ပွဲမှာ ပါဝင်ဖို့အဆင့်မီသော ကမ္ဘာမြေအင်မော်တယ်တိုင်းနီးပါးတွင် အနည်းဆုံး မူလကမ္ဘာမြေအဆင့် ဓမ္မရတနာတစ်ခုစီ ရှိကြလေသည်။
ကောင်းကင်အဆင့်ဂိုဏ်းများနှင့် အဖွဲ့အစည်းကြီးများမှလာသော တစ်မူထူးခြားသည့်နောက်ခံများနှင့် ကမ္ဘာမြေအင်မော်တယ်အချို့မှာဆိုလျှင် ထိုကဲ့သို့သော လက်နက်များ တစ်ခုထက်ပို၍ရှိနေတတ်၏။
ဥပမာအားဖြင့် မင်းသမီးသက်တံနီတွင်... မူလကမ္ဘာမြေအဆင့် ဓမ္မရတနာချည်းသက်သက် သုံးလက်ရှိလေသည်။
သူတို့ထဲမှနှစ်လက်သည် ယန်ယန်းအင်မော်တယ်နိုင်ငံမှလာပြီး တစ်လက်သည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ လာလေသည်။
တို့ယွမ်က သူ၏ ဓမ္မရတနာကို ဆင့်ခေါ်လိုက်သည့်တစ်ချိန်တည်းမှာပင် သူက ကာကွယ်ရေးအဆောင်တစ်ခုကိုချိုးခြေပြီး ရှေးဟောင်းစာလုံးများဖြင့် ပြည့်နှက်နေသည့် ကာကွယ်ရေးအကာအရဲအလွှာတစ်ခုကို သူ၏ ဘေးပတ်လည်မှာ ချက်ချင်းဖြစ်ပေါ်လာစေ၏။
ဘုန်း...
ထိုသို့သူပြောလိုက်သည့်ခဏမှာပင် ဆူဇီမိုက မြေပြင်ကို ဆောင့်နင်းပြီး အစိမ်းရောင်ကျောက်တုံးကို လှုပ်ခါသွားစေ၏။
တို့ယွမ်က ကျယ်လောင်သောအသံတစ်သံကို ကြားလိုက်ရ၏။
နောက်ခဏ၌ ဆူဇီမိုက ချဥ်းကပ်လာခဲ့ပြီဖြစ်၏။
မည်သည့်လှုပ်ရှားမှုနည်းစနစ် သို့မဟုတ် လျှို့ဝှက်အတတ်ကိုမှ အသုံးပြုထားခြင်းမရှိလျှင်တောင် သူ၏ ကိုယ်ကာယဖြင့် ထုတ်ဖော်ထားသော အလျင်အဟုန်က ကြောက်စရာကောင်းလေသည်။
ရွှစ်...
တည်ငြိမ်သောအမူအရာတစ်ခုနှင့်အတူ တို့ယွမ်သည် ဟိန်းဟောက်ပြီး သူ၏ လက်ထဲရှိ ဆေဘာကို ကိုင်မြှောက်ကာ ဆူဇီမိုကို ခုတ်ချလိုက်၏။
ထိုခုတ်ချက်သည် အလွန်တရာစွမ်းအားကြီးမားပြီး ပြိုင်ဘက်ကင်းအော်ရာတစ်ခုကို ထုတ်ဖော်ထား၏။
တစ်ချိန်တည်းမှာပင် ဆေဘာပေါ်ရှိ အင်းကွက်များက လင်းလက်သွားပြီး ပြိုးပြိုးပြက်ပြက်အလင်းရောင်တစ်ခုနှင့်အတူ တောက်ပလာကာ အလျှံညီးညီး နေတစ်စင်းကဲ့သို့ ဆူဇီမို၏ မျက်လုံးပေါ်ကို အလင်းရောင်များထိုးဆင်းလာ၏။
ဆေဘာကို မျက်ကန်းဆေဘာဟု ခေါ်ဆိုလေသည်။ ဆေဘာပေါ်ရှိ အင်းကွက်များကို အမြုတေချီဖြင့် အသက်သွင်းထားပြီး တိုက်ခိုက်ဖလှယ်လိုက်သည့် ခဏမှာပင် အဲ့ဒါက ကျိန်းစပ်နေသောအလင်းတစ်ရောင်တစ်ခုနှင့် တောက်ပလာခဲ့၏။
ပြိုင်ဘက်က အငိုက်မိသွားမည်ဆိုလျှင် သူတို့သည် အချိန်တိုအတွင်းမှာ အမြင်အာရုံကွယ်ပျောက်သွားပေလိမ့်မည်။ သို့သော်လည်း အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အာရုံငါးပါးက အရမ်းကိုသန်မာအားကောင်း၏။
ဒါ့အပြင် ဆူဇီမိုသည် သူ၏ မျက်လုံးနှစ်လုံးထဲမှာ ဂမ္ဘီရကျောက်တုံးနှစ်တုံးကို ထည့်သွင်းပေါင်းစည်းထား၏။
မျက်ကန်းဆေဘာ၏ အလင်းရောင်က သူ့အပေါ်မှာ သက်ရောက်မှုလုံးဝမရှိပေ။
ဆူဇီမို၏ မျက်ရစ်က လှုပ်ရှားသွားခြင်းပင် မရှိပေ။ သူက သူ၏ လက်ကို သာမန်ကာလျှံကာမြှောက်ပြီး မျက်ကန်းဆေဘာကို ရစ်ပတ်တုန်ခါကာ ဆွဲယူလိုက်၏။
ဇီ.....
မျက်ကန်းဆေဘာက ငိုကြွေးနေသည့်အလား တုန်ခါနေ၏။
တို့ယွမ်က ထိတ်လန့်သွားပြီး သူ၏ လက်ဖဝါးဆီမှ စူးရှသောနာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။
သူသည် မျက်ကန်းဆေဘာကို ဆက်လက်၍ ဆုပ်ကိုင်မထားနိုင်တော့ဘဲ ဆူဇီမို၏ လက်ဗလာဖြင့် လုယူခြင်းကိုခံလိုက်ရ၏။
ရွှစ်.... ဆေဘာကို လုယူပြီးနောက် သူက ဆေဘာဖြင့် လက်ပြန်ခုတ်ပိုင်းချလိုက်၏။
ဝေါ...
ဆေဘာအလင်းတန်းက ဒေါသူပုန်ထနေသောဒီရေလှိုင်းများ ကမ်းခြေကို တိုက်ခတ်လာသကဲ့သို့ သို့မဟုတ် ဆူနာမီတစ်ခု တလိပ်လိပ်ထိုးတက်လာသကဲ့သို့ ခံ့ညားထည်ဝါစွာ ထွက်ပေါ်လာ၏။
၎င်း၏ အရောင်အဝါက တောက်ပလွန်းလေသည်။
တို့ယွမ်သည် ဆေဘာကိုဖြစ်စေ... ဆူဇီမိုကိုဖြစ်စေ... လုံးဝမတွေ့မြင်ရတော့ပေ။
အဲ့ဒီမှာ ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုနှင့်အတူ ပေတစ်ထောင်မြင့်မားသည့် ဆူနာမီတစ်ခုသာလျှင်ရှိနေ၏။
၎င်းက ဟိန်းဟောက်သံများကို ဆက်တိုက်ထုတ်ဖော်ပြီး ကြမ်းကြုတ်ခက်ထန်စွာတိုးဝင်လာပြီး သူ့ကို ပစ်တိုက်ချလိုက်၏။
ဘုန်း... ဘုန်း.. ဘုန်း...
လှိုင်းလုံးတစ်လုံးက မပြီးဆုံးသေးခင်မှာပင် နောက်ထပ်လှိုင်းလုံးတစ်လုံးက ထိုးတက်လာပြီး အဆက်မပြတ်အုပ်မိုးလာခဲ့၏။
တို့ယွမ်သည် သူ၏ အမြင်အာရုံကို ဆုံးရှုံးသွားရုံသာမက သူ၏ အာရုံငါးပါးကပင်လျှင် သူတို့၏ အကန့်အသတ်များထိ လျော့ကျသွား၏။
သူသည် သိပ်သည်းပြင်းထန်သော လှိုင်းလုံးတစ်လုံးအောက်သို့ ရောက်ရှိသွားသည့်အလားပင်။
သူ့မှာ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များမရေမတွက်နိုင်အောင်ရှိနေသည်ဆိုလျှင်တောင် သူသည် လှိုင်းလုံးနှင့်အတူလွင့်မျောသွားရ၏။
“ဒီလိုမျိုးဆေဘာနည်းစနစ်ကတော့... တကယ့်ကိုရင်သပ်ရှုမောဖွယ်ရာပဲ”
“ဒီတက္ကသိုလ်တပည့်ဂိုဏ်းသားမှာ ဒီလိုမျိုးလှုပ်ရှားကွက်တောင်ရှိနေတယ်ဆိုတော့...”
“တက္ကသိုလ်မှာ ဒီလောက်ထိအရည်အသွေးမြင့်မားတဲ့ ဆေဘာနည်းစနစ်တစ်ခုခုရှိတယ်ဆိုတာ ငါတစ်ခါမှ မကြားဖူးခဲ့ဘူး”
“နတ်ဘုရားခုတ်ချက်တစ်ချက်ပဲ”
ခုတ်ချက်တစ်ချက်က နတ်ဘုရားစွမ်းအားတစ်ခုနှင့်ယှဥ်နိုင်သည်ဟု လူတစ်ယောက်က ရည်ညွှန်းပြောဆိုနေခြင်းဖြစ်၏။
ပွဲကြည့်ဧရိယာ၏ တစ်ဘက်တစ်ချက်စီမှာ ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာ၏။
သို့သော်လည်း တို့ယွမ်သည် မည်သည့်အသံကိုမှ မကြားရနိုင်ပေ။
ဖြောင်း...
ရုတ်တရက် တို့ယွမ်က နိုးထလာခဲ့၏။
သူ့ရှေ့မှာရှိသော နောက်ကျိနေသည့်ရေစီးကြောင်းများက လုံးဝပျောက်ကွယ်သွားပြီး သူမြင်တွေ့ခဲ့သည့်အရာရာတိုင်းက ပုံရိပ်ယောင်တစ်ခုအလားပင်။
တို့ယွမ်ကတော့ အစိမ်းရောင်ကျောက်တုံးတိုက်ပွဲကွင်းကနေ ကျဆင်းသွားခဲ့ပြီဖြစ်ပြီး မြေပြင်ပေါ်သို့ ရောက်ရှိလာခဲ့၏။ မသိလိုက်မသိဘာသာနှင့်ပင် သူ၏ ခန္ဓာကိုယ်ပေါ်ရှိကာကွယ်ရေးအဆောင်က ကြေမွသွားခဲ့ပြီဖြစ်၏။
သူက ရှုံးနိမ့်သွားလေပြီ။
အဲ့ဒါနှင့်ပတ်သက်၍ သံသယရှိစရာမလိုတော့ပေ။
ချွင်...
ထိုစဥ်မှာပင် အေးစက်နေသောအလင်းတစ်ခု ဖျတ်ခနဲလက်သွားပြီး သူ့ရှေ့မြေပြင်ပေါ်ကို ကျဆင်းလာခဲ့၏။
ဆူဇီမိုက မျက်ကန်းဆေဘာကို သူ့ရှေ့သို့သာမန်ကာလျှံကာ ပစ်ထုတ်ပေးလိုက်ခြင်းဖြစ်၏။
“အာ...”
တို့ယွမ်မှာ တွေဝေရှုပ်ထွေးသောအမူအရာတစ်ခုရှိနေပြီး မျက်ကန်းဆေဘာကိုဆွဲနုတ်ကာ ဆူဇီမိုထံသို့ သူ၏ လက်နှစ်ဖက်ကို ယှက်ပြလိုက်၏။
“သနားညှာတာမှုပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း”
ထိုသို့ပြောပြီးသည်နှင့် တို့ယွမ်က သူ၏ ထိုင်ခုံရှိရာသို့ ပြန်သွားလိုက်လေသည်။