← Chapters

မတိုက်ခိုက်ရဘဲ အနိုင်ရခြင်း

Vol. 150 Ch. 2244

မတိုက်ခိုက်ရဘဲ အနိုင်ရခြင်း

Vol. 150 Ch. 2244

ဆူဇီမိုသည် သူ၏ ထိုင်ခုံသို့ ပြန်လည်ရောက်ရှိလာကာ အနားယူနေ၏။

အင်မော်တယ်ထိုက်ဟွာကို သတ်ဖြတ်ဖို့အတွက် အချိန်ဆေဘာ ၃၆လက်နှင့် တဒင်္ဂအခိုက်အတန့်ကို ထုတ်ဖော်ခဲ့ရခြင်းသည် သူ၏ အမြုတေစိတ်ဝိညာဥ်အပေါ် အားအင်ကြီးမားစွာ ကုန်ဆုံးစေခဲ့၏။

ရှုံးထွက်အဆင့်နှင့် အဆင့်သတ်မှတ်ချက်တိုက်ပွဲအကြား ကွာဟချိန်ကလည်း တိုတောင်းလွန်းလေသည်။ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ ပြန်လည်ကုသနိုင်စွမ်းက တုန်လှုပ်စရာကောင်းသော်လည်း သူက အားအင်များစွာကို ပြန်လည်မရရှိနိုင်ပေ။

သူသည် တတ်နိုင်သမျှများများ အနားယူပြီး သူ၏ အမြုတေချီကို ပြန်လည်ဖြည့်တင်းနိုင်ဖို့အတွက် အခွင့်အရေးတိုင်းနှင့် အနည်းငယ်သောအချိန်တိုင်းကို အသုံးချရပေလိမ့်မည်။

အစိမ်းရောင်ကျောက်တုံး တိုက်ပွဲကွင်း၅၀ထဲမှာ ဖုန်းယင်နှင့် ဆူဇီမိုသည် သူတို့၏ တိုက်ပွဲကို အမြန်ဆုံးအဆုံးသ​တ်ခဲ့ကြ၏။ ကျင့်ကြံသူအများစုသည် တိုက်ပွဲကွင်းပေါ်မှာ အကြိတ်အနယ်တိုက်ခိုက်နေကြဆဲဖြစ်၏။

ဆူဇီမိုက အကြမ်းဖျင်းခန့်မှန်းကြည့်လိုက်၏။

သူထင်တာမမှားဘူးဆိုလျှင် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ အနည်းဆုံး လူ၁၅ယောက်က ပထမအချီကို ဖြတ်ကျော်နိုင်ပေလိမ့်မည်။

သူတို့ကြားမှာ မင်းသမီးသက်တံနီနှင့် လျှိုဖျင်ကလည်းပါဝင်ပေလိမ့်မည်။

လျှိုဖျင်၏ ပြိုင်ဘက်သည် အင်ပါယာလေဘုရားကျောင်းမှဖြစ်ပြီး သူ၏ လှုပ်ရှားမှုနည်းစနစ်က အရမ်းကိုမြန်ဆန်၏။

ထိုလူက လျှိုဖျင်၏ ဘေးမှာ လှည့်ပတ်နေပြီး သူ၏ လှုပ်ရှားမှုနည်းစနစ်ကို အားသာချက်အဖြစ် အသုံးချကာ လျှိုဖျင်ကို တတ်နိုင်သမျှမြန်မြန်ရှင်းထုတ်ပစ်ချင်နေ၏။

သို့သော်လည်း လျှိုဖျင်သည် ပူးကပ်သိမ်းပိုက်ခြင်းကနေ ပြန်လည်မွေးဖွားလာပြီး ပကတိအသွင်ပြောင်းလဲခြင်းတစ်ရပ်ကို ဖြတ်ကျော်ထား၏။ နေရာမှာပင် မတ်တတ်ရပ်နေရုံဖြင့် သူသည် သူ၏ ခေါင်းပေါ်မှ မိုးမခသစ်ကိုင်းတချို့ကို ဆင့်ခေါ်ကာ သူ၏ ပြိုင်ဘက်ကို ကိုင်တွယ်နိုင်၏။

လျှိုဖျင်သည် ဤခန္ဓာကိုယ်၏ စွမ်းအင်ကို ထိန်းချုပ်မှုနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိသေးသည်ကို ဆူဇီမိုကပြောနိုင်၏။

သူသည် ဤခန္ဓာကိုယ်နှင့် ပြီးပြည့်စုံစွာပေါင်းစည်းသွားမည်ဆိုလျှင် အင်ပါယာလေဘုရားကျောင်းမှ ဤကမ္ဘာမြေအင်မော်တယ်သည် သူ၏ ပြိုင်ဘက် သေချာပေါက်မဟုတ်နိုင်တော့ပေ။

အချိန်ကြာလာသည်နှင့်အမျှ အဆင့်သတ်မှတ်ချက်၏ ပထမအချီက အဆုံးသတ်သွားပြီး ကမ္ဘာမြေအင်မော်တယ် ၅၀က ဖယ်ရှားရှင်းလင်းခံခဲ့ရ၏။ အင်မော်တယ်နိုင်ငံသုံးနိုင်ငံနှင့် အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းမှ ကောင်းကင်အင်မော်တယ်ပညာရှင်များသည် ဖယ်ရှားခံလိုက်ရသော ကမ္ဘာမြေအင်မော်တယ် ၅၀ ၏ အဆင့်သတ်မှတ်ချက်များကို ဆုံးဖြတ်ပေးပေလိမ့်မည်။

ထိုလူ ၅၀သည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ အောက်ဆုံး ၅၀မှာသာ ရပ်တည်နိုင်မည်ဖြစ်၏။ သို့သော်လည်း သူတို့၏ အဆင့်အတိအကျကို လူ ၇ဦးက ဆုံးဖြတ်ပေးပေလိမ့်မည်။

အနိုင်ရရှိသော ကမ္ဘာမြေအင်မော်တယ်များသည် အနားယူဖို့အချိန်မရဘဲ အဆင့်သတ်မှတ်ချက်တိုက်ပွဲ၏ ဒုတိယအချီကို ချက်ချင်းပင်စတင်လိုက်လေသည်။

လေထဲတွင်... အစိမ်းရောင်ကျောက်တုံး ၂၅ခုသာလျှင် ကျန်ရစ်တော့၏။ ပထမတိုက်ပွဲကွင်းပေါ်မှာ ဖုန်းယင်သည် သူ့ပြိုင်ဘက်ကို အမြန်ဆုံးနှုန်းဖြင့် အနိုင်ယူလိုက်ဆဲဖြစ်၏။ သူကသုံးကြိမ်တိုက်ခိုက်ခဲ့သော်လည်း အဲ့ဒါက အသက်တစ်ရှိုက်စာပင် မကြာခဲ့ပေ။

ဆူဇီမိုသည် တို့ယွမ်ကို အနိုင်ယူပြီးနောက် သူ၏ အဆင့်သတ်မှတ်ချက်က ယခုအခါ အဆင့် ၃၃ ဖြစ်သွားခဲ့လေပြီ။

ဤတစ်ခေါက်မှာ သူ၏ ပြိုင်ဘက်သည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ ရောင်းရင်းတစ်ယောက်ဖြစ်ပြီး အဆင့် ၁၈မှာ ရပ်တည်လေသည်။

“ဂျူနီယာညီဆူ... ဒီတိုက်ပွဲမှာ ငါရှုံးနိမ့်ကြောင်း ဝန်ခံတယ်”

တက္ကသိုလ်မှ ကမ္ဘာမြေအင်မော်တယ်က ညင်သာစွာပြုံးပြီး အရှုံးကိုအလိုလိုဝန်ခံကာ တိုက်ပွဲကနေနှုတ်ထွက်လိုက်၏။

“ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုရှန်း”

ဆူဇီမိုက ကျေးဇူးတင်စကားပြောဆိုလိုက်၏။

ရှုံးနိမ့်ကြောင်းကို အလိုလိုဝန်ခံခြင်းသည် တိုက်ရိုက်ဖယ်ရှားရှင်းလင်းခံရခြင်းနှင့်တူပြီး အဲ့ဒါသည် လူတစ်ယောက်၏ ကမ္ဘာ​မြေအဆင့်သတ်မှတ်ချက်ကို အခြားသူများထက် နိမ့်ကျသွားစေပေလိမ့်မည်။

တက္ကသိုလ်တပည့်ဂိုဏ်းသား၏ ရည်ရွယ်ချက်က ရှင်းလင်းလေသည်။ သူသည် ဆူဖိမိုကို တတ်နိုင်သမျှများများ အနားယူချိန်ရစေလို၏။

“ဂျူနီယာညီဆူ... ကျေးဇူးတင်ရမယ့်သူက ငါပါ”

ထိုကမ္ဘာမြေအင်မော်တယ်က ပြုံးပြလိုက်၏။

“မင်းရဲ့ကမ္ဘာတုန်လောက်ဖွယ်ရာ တိုက်ပွဲကြောင့်မဟုတ်ရင် ငါတို့တက္ကသိုလ်တပည့်ဂိုဏ်းသားတွေအားလုံးက ဒီတစ်ခေါက် မျက်နှာပျက်ရမှာ... ဂျူနီယာညီဆူ ငါတို့အားလုံးက မင်းရဲ့နောက်ဆုံးအဆင့်သတ်မှတ်ချက်တိုက်ပွဲကို စောင့်မျှော်နေမယ်”

ထိုသို့ပြောရင်း သူက အစိမ်းရောင်ကျောက်တုံးပေါ်ကနေ ခုန်ဆင်းသွား၏။

ဆူဇီမိုကလည်း နောက်သို့ဆုတ်ပြီး ဆက်လက်၍အားဖြည့်ကာ သူ၏ စွမ်းအင်ကို စုဆောင်းနေ၏။

သိပ်မကြာခင် အဆင့်သတ်မှတ်ချက်တိုက်ပွဲ၏ တတိယအချီကိုစတင်လိုက်၏။

အဆင့်သတ်မှတ်ချက်တိုက်ပွဲ၏ တတိယအချီမှာ လူ၂၅ယောက်က တက်လှမ်းလာခဲ့ပြီး ဖုန်းယင်က ထိုအဆင့်ကို အလွတ်ဖြတ်ကျော်ခွင့်ရ၏။ ကျန်ရှိနေသော လူ၂၄ယောက်က တစ်တွဲစီတိုက်ခိုက်ကြရ၏။

ဖုန်းယင်သည် ပထမနှစ်ချီမှာ သူ၏ တိုက်ပွဲများကို အလျင်အမြန်အဆုံးသတ်ခဲ့ပြီး အားထုတ်မှုများစွာ မရှိခဲ့ပေ။

ထိုအခိုက်အတန့်မှာ သူသည် စားပွဲဝိုင်းမှာ တည်ငြိမ်စွာထိုင်ပြီး ၉ခုမြောက် တိုက်ပွဲကွင်းကို စိတ်လက်ပေါ့ပါးသောအမူအရာဖြင့် စောင့်ကြည့်နေ၏။

ဆူဇီမိုသည် ဒုတိယအချီမှာအနိုင်ရခဲ့ပြီး လက်ရှိသူ၏အဆင့်က ၁၈ ဖြစ်၏။ တတိယအချီမှာ သူ၏ ပြိုင်ဘက်က အဆင့် ၉မှာ ရပ်တည်နေသော ကမ္ဘာမြေအင်မော်တယ်ဖြစ်၏။

ထိုကမ္ဘာမြေအင်မော်တယ်ကို အသိအကျွမ်းတစ်ယောက်ဟုလည်း ဆိုနိုင်၏။

အင်ပါယာလေဘုရားကျောင်းမှ မိုချန်...။

မိုချန်သည် သူ၏ ပြိုင်ဘက်က ဆူဇီမိုဖြစ်သည်ကို တွေ့မြင်သောအခါ သူ့မှာ အိုးတိုးအမ်းတမ်းအမူအရာတစ်ခုရှိလာပြီး ခါးသက်စွာပြုံးလိုက်၏။

“တာအိုရောင်းရင်းဆူ... ကျုပ်တို့ပြန်တွေ့ကြပြန်ပြီ”

မိုချန်က သူ၏ လက်သီးနှစ်ဖက်ကိုယှက်ပြီး ရှက်ကိုးရှက်ကန်းဟန်ဖြင့် ပြုံးပြလိုက်၏။

“ကျုပ်က ခင်ဗျားလောက်သေချာပေါက် မသန်မာပါဘူး တာအိုရောင်းရင်း... ကျုပ်ဝန်ခံမယ်….”

မိုချန်က သူ၏ စကားကိုဆုံးအောင်မ​ပြောရသေးခင်မှာပင် သူ၏ အမူအရာက ပြောင်းလဲသွား၏။

သူကအစိမ်းရောင် ကျောက်တုံးပေါ်မှာ တွေဝေရှုပ်ထွေးသောအမူအရာဖြင့် မတ်တတ်ရပ်နေပြီး ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်၏။

“တာအိုရောင်းရင်းဆူ... ဘာပဲပြောပြော ဒါက ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ရဲ့ အဆင့်ရပ်တည်မှုနဲ့သက်ဆိုင်နေတယ်... ကျုပ်က ကျုပ်ရဲ့အစွမ်းကုန်နဲ့တိုက်ခိုက်ရမှာပဲ.. ကျေးဇူးပြုပြီး သနားညှာတာမှုပြပေးပါ တာအိုရောင်းရင်းဆူ”

ဆူဇီမိုသည် အင်ပါယာလေဘုရားကျောင်းရှိရာဘက်သို့ တစ်ချက်ကြည့်ပြီး နားလည်သဘောပေါက်သွား၏။

ကြည့်ရသည်မှာ မိုချန်သည် အင်ပါယာလေဘုရားကျောင်း၏ ကျင့်ကြံသူတစ်ယောက်ထံမှ အသံပို့လွှတ်မှုတစ်ခုကို လက်ခံရရှိခဲ့သည်မှာ သိသာလေသည်။ အဲ့ဒါသည် သူ့ကိုတိုက်ပွဲကနေနှုတ်မထွက်ဘဲ ဆက်လက်တိုက်ခိုက်ဖို့ ဖိအားပေးလိုက်သည့် ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းဖြစ်ဖို့များလေသည်။

အဲ့ဒါကို နားလည်ဖို့က လွယ်ကူ၏။

ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်း၏ ရည်ရွယ်ချက်သည် ဆူဇီမိုကို တတ်နိုင်သမျှများများ အားအင်ကုန်ခန်းစေပြီး အနားယူခွင့်မရနိုင်ဖို့ဖြစ်လေသည်။

“လာခဲ့ပါ”

ဆူဇီမို၏ အမူအရာက တည်ငြိမ်နေ၏။

ရွှစ်...

ဖျတ်ခနဲဆို မိုချန်က သူ၏ သိုလှောင်အိတ်ကိုထိပြီး ပုစဉ်းတောင်ပံများကဲ့သို့ ပါးလွှာသော ဓားတစ်လက်ကိုဆွဲထုတ်ကာ ဆူဇီမိုကို ပစ်ထိုးလိုက်၏။

ညင်သာသော လေပြေတစ်ချက်က တိုက်ခတ်သွားပြီး ဓားအလင်းတန်းက စုစည်းလာခဲ့၏။

ဓားနှင့် ဓားနည်းစနစ်၏ ပေါင်းစည်းမှုက ပြီးပြည့်စုံနေပြီး လေထုထဲသို့ ပေါင်းစည်းသွားလုနီးပါးပင်။ အဲ့ဒါကို အာရုံငါးပါးဖြင့် ထောက်လှမ်းနိုင်ဖို့က မလွယ်ပေ။

ဆူဇီမိုက သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ချလိုက်၏။

ရုတ်တရက်ဆိုသလို... ။

သူက မိုးကြိုးလျှပ်စီးကဲ့သို့ တိုက်ခိုက်လိုက်၏။ သူ၏ လက်ချောင်းနှစ်ချောင်းကို ဆန့်ထုတ်ပြီး မလှမ်းမကမ်းလေဟာနယ်ကို ဖမ်းညှပ်လိုက်၏။

သူ၏ လက်ချောင်းကြားမှာ ပုစဉ်းတောင်ပံများကဲ့သို့ ပါးလွှာသောဓားတစ်လက်က ပေါ်ထွက်လာ၏။

ရုတ်တရက် ဆူဇီမိုက သူ၏ မျက်လုံးကို ဖွင့်ပြီး သူ၏ အကြည့်က သိပ်သည်းစုဖွဲ့လာခဲ့၏။ သူကရှေ့သို့တက်လှမ်းပြီး သူ၏ ဓားလက်ညှိုးကို သိပ်သည်းကျစ်လစ်စေကာ မိုချန်၏ နှာရောင်ဆီသို့ ထက်ရှသောအော်ရာနှင့် တုန်လှုပ်စရာကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့်အတူ ပစ်ထုတ်လိုက်၏။

အဲ့ဒါသည် ကောင်းကင်သတ်ဖြတ်ခြင်းဓားပညာ၏ အဖွင့်လှုပ်ရှားကွက်ဖြစ်လေသည်။

သူသည် မိုးကောင်းကင်ကိုးလွှာမှာ ကောင်းကင်သတ်ဖြတ်ခြင်းဓားပညာရပ်ကို စောလျင်စွာထုတ််ဖော်ခဲ့၏။ သူသည် အဲ့ဒါကို ယခုအချိန်ထိ အပြည့်အဝပြန်လည်မထုတ်ဖော်နိုင်သေးသော်လည်း သူ၏ ဓားလက်ညှိုးက တားဆီးမရနိုင်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုနှင့်အတူ အလွန်တရာထက်ရှနေ၏။

ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒအောက်မှာ မိုးကောင်းကင်ကိုးလွှာတွင် ထိပ်သီးကမ္ဘာမြေအင်မော်တယ် ၁၈ဦးနှင့် ဆူဇီမိုတိုက်ခိုက်ခဲ့သည့်မြင်ကွင်းက မိုချန်၏ စိတ်ထဲသို့ တဖျတ်ဖျတ်ဝင်ရောက်လာ၏။

သွေးသံရဲရဲတိုက်ပွဲနယ်မြေက သူ၏ မျက်စိရှေ့သို့ ရောက်ရှိလာပြီး ဦးခေါင်းမဲ့အလောင်းများက သူ၏ ဘေးပတ်လည်မှာပြန့်ကျဲနေပုံရ၏။

ဆူဇီမို၏ ဘယ်ဘက်လက်ထဲရှိ ဦးခေါင်းများကြားမှာ သူကရင်းနှီးနေကျမျက်နှာတစ်ခုကို တွေ့မြင်လိုက်ရသလိုပင်။ အဲ့ဒါက သူ၏ မျက်နှာဖြစ်၏။

“အား...”

မိုချန်က လိပ်ပြာလွင့်မတတ် ကြောက်လန့်သွား၏။ တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူက အင်ပါယာလေဘုရားကျောင်း၏ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကိုထုတ်ဖော်ကာ ချက်ချင်းပင်လှည့်ထွက်ပြေးလိုက်၏။

ရွှစ်...

အလင်းတန်းတစ်ခုက ဖျတ်ခနဲလက်သွားပြီး မိုချန်သည် အစိမ်းရောင်ကျောက်တုံးပေါ်ကနေ ခုန်ချသွားခဲ့ပြီဖြစ်၏။

သူက အရမ်းကိုမြန်ဆန်ပြီး ဆူဇီမိုပင်လျှင် အနည်းငယ်မှင်တက်သွားလေသည်။

မိုချန်၏ တိုက်ခိုက်ရည်ခွန်အားသည် အင်ပါယာလေဘုရားကျောင်းတွင် ထိပ်တန်းအဆင့်မှာ ရှိမနေတာတောင် ထိုသို့ဆိုပါက ဖုန်းယင်၏ ခွန်အားသည် သူ့ထက်ပို၍များစွာပိုမိုသန်မာနေပေလိမ့်မည်။

“အသုံးမကျတဲ့ကောင်”

ကောင်းကင်အင်မော်တယ် တောင်ထွတ်စိမ်းက ထိုသည်ကိုတွေ့မြင်သောအခါ ကျိန်ဆဲလိုက်၏။

ပွဲကြည့်ဧရိယာ၏ ဘေးတစ်ဖက်တစ်ချက်စီကနေ ရယ်မောသံများကလည်းထွက်ပေါ်လာ၏။

သို့သော်လည်း ထိုရယ်သံများကြားမှာ လှောင်ပြောင်သရော်မှုများစွာမပါဝင်ပေ။

အကြောင်းမှာ သူတို့သည်လည်း မိုချန်၏ နေရာမှာ ရှိနေမည်ဆိုလျှင် သူတို့ထဲ မည်သူကမှ သူ့ထက်ပို၍ မသန်မာနိုင်သည်ကို လူတိုင်းက သိရှိထားသောကြောင့်ဖြစ်၏။

ဆူဇီမိုက စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။

မိုချန်သည် သူ၏ လှုပ်ရှားမှုနည်းစနစ်ကို အသုံးချကာ သူနှင့်တိုက်ခိုက်ဖလှယ်မည်ဆိုလျှင် သူသည်အနိုင်ရဖို့အတွက် အားထုတ်မှုတချို့ပြုလုပ်ရပေလိမ့်မည်။

သို့သော်လည်း မိုးကောင်းကင်ကိုးလွှာမှာကတည်းက မိုချန်သည် သူ့ကို ဖိန့်ဖိန့်တုန်အောင်ကြောက်လန့်နေခဲ့ပြီဖြစ်၏။

ယခုအချိန်မှာ သူသည် ကောင်းကင်သတ်ဖြတ်ခြင်းဓားချီကို ထုတ်ဖော်ခဲ့ခြင်းမရှိ​ပေ။ သူသည် မိုချန်ကိုခြောက်လှန့်ဖို့အတွက် ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ၏ ထက်ရှမှုကိုသာ ထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်ရခြင်းမရှိဘဲ အနိုင်ရလိုက်၏။

အဆင့်သတ်မှတ်ချက်တိုက်ပွဲ၏ တတိယအချီအပြီးမှာ ဆူဇီမိုသည် ယခုအခါ အဆင့် ၉ တွင် ရပ်တည်လာခဲ့နိုင်ပြီဖြစ်၏။

လာမည့်တိုက်ပွဲက ပို၍ခက်ခဲလာပေတော့မည်။

ဆူဇီမိုသည် ပွဲကြည့်ဧရိယာမှာအနားယူပြီး တိုက်ပွဲကိုအာရုံစိုက်၍ကြည့်နေ၏။

မထင်မှတ်ထားစွာပင် သူ၏ နောက်ထပ်ပြိုင်ဘက်သည် ယွင်လေ သို့မဟုတ် ထိုသူ၏ ပြိုင်ဘက် ဖြစ်လာပေလိမ့်မည်။

အဲ့ဒါက မည်သူပင်ဖြစ်စေ ထိုအချိန်မှာ ကြမ်းတမ်းသောတိုက်ပွဲတစ်ခုက မလွဲမသွေကျရောက်လာပေလိမ့်မည်။

All Chapters