← Chapters

ကောင်းကင်ဘုံမိုးကြိုး ၁၂ စင်း

Vol. 150 Ch. 2245

ကောင်းကင်ဘုံမိုးကြိုး ၁၂ စင်း

Vol. 150 Ch. 2245

အစကတော့... မင်းသားယွင်လေသည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကျောက်စာတိုင်ပေါ်တွင် အဆင့် ၉ နေရာမှာ ရပ်တည်ခဲ့၏။ ဆူဇီမိုသည် အင်မော်တယ်ထိုက်ဟွာ၊ ထျဲဟန်နှင့် ချင်ချန်ဇီတို့ကို သတ်ဖြတ်ခဲ့သောကြောင့် သူ၏ အဆင့်သတ်မှတ်ချက်က အဆင့် ၆ ထိ မြင့်တက်သွားလေသည်။

တတိယအချီမှာပင် မင်းသားယွင်လေ၏ ပြိုင်ဘက်သည် ယန်ယန်းအင်မော်တယ်နိုင်ငံမှ အဆင့် ၂၁ ဝင်သော ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်၏။

ဤကမ္ဘာမြေအင်မော်တယ်၏ တိုက်ခိုက်ရည်ခွန်အားက အတော်လေးထူးခြားသော်လည်း သူက မင်းသားယွင်လေထက် ပိုမိုအားနည်းသည်မှာ သိသာနေ၏။

ခဏမျှစောင့်ကြည့်ပြီးနောက် စတုတ္ထအချီမှာ သူ၏ ပြိုင်ဘက်က မင်းသားယွင်လေဖြစ်မည်ဟု ဆူဇီမိုက ကောက်ချက်ချလိုက်ပြီဖြစ်၏။

စတုတ္ထအချီမှစ၍ ဖုန်းယင်အပြင် လူ၁၂ယောက်သာကျန်တော့မည်ဖြစ်၏။

ထိုကမ္ဘာမြေအင်မော်တယ် ၁၂ယောက်ကို ကမ္ဘာမြေအင်မော်တယ်များကြားမှာ အစစ်အမှန်ပြန်ဝင်စားမွန်းစတားများဟု သတ်မှတ်နိုင်၏။

ဖော်ပြဖို့ထိုက်တန်သောအရာမှာ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ဘက်တွင် စတုတ္ထအချီသို့တက်လှမ်းလာသည့် ဆူဇီမိုအပြင် မင်းသမီးသက်တံနီကလည်း သူမ၏ ပြိုင်ဘက်ကိုအနိုင်ယူပြီး တတိယနေရာမှာရပ်တည်နေဆဲဖြစ်၏။

ပူးကပ်သိမ်းပိုက်ပြီးနောက် လျှိူဖျင်၏ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ခဲ့ပြီး သူက ပကတိအသွင်ပြောင်းလဲမှုတစ်ရပ်ကို ဖြတ်ကျော်ခဲ့၏။ သူသည် လမ်းတစ်လျှောက် တက်လှမ်းလာပြီး စတုတ္ထအချီသို့ ဝင်ရောက်ကာ ထိပ်သီးကမ္ဘာမြေအင်မော်တယ် ၁၂ ဦးထဲမှ တစ်ဦးအဖြစ် အဆင့်၁၀ တွင် ယာယီအားဖြင့် ရပ်တည်နေ၏။

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ ကမ္ဘာမြေအင်မော်တယ် ၃ယောက်က ထိပ်ဆုံး ၁၂ယောက်ထဲသို့ ဝင်ရောက်လာခဲ့ပြီဖြစ်၏။

အဲ့ဒါသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ သမိုင်းမှာ အကောင်းဆုံး မှတ်တမ်းလည်းဖြစ်၏။

ဆူဇီမို၏ ရုတ််တရက်ပေါ်ထွက်လာမှုက တုန်လှုပ်စရာအကောင်းဆုံးဆိုလျှင် လျှိုဖျင်၏ မြင့်မားတိုးတက်လာမှုက ကံကြမ္မာ၏ မနာလိုစရာအကောင်းဆုံးနှင့် အဆန်းကြယ်ဆုံးဖြစ်၏။ အဲ့ဒါသည် အခွင့်အလမ်းများ၏ သက်ရောက်မှုဖြစ်၏။

အခွင့်အလမ်းတစ်ခုမျှနှင့် လျှိုဖျင်သည် ကမ္ဘာ​မြေအဆင့်သတ်မှတ်ချက်သို့ မဝင်ရောက်နိုင်သော ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ သာမန်တပည့်တစ်ယောက်ကနေ ကမ္ဘာမြေအင်မော်တယ်နယ်ပယ်၏ တောက်ပသော ပြန်ဝင်စားမွန်းစတားတစ်ယောက်အဖြစ် ပြောင်းလဲလာခဲ့၏။ သူ၏ ကံကြမ္မာက လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့ပြီး သူ၏ အနာဂတ်က အကန့်အသတ်မဲ့လာခဲ့၏။

သိပ်မကြာခင် အဆင့်သတ်မှတ်ချက်တိုက်ပွဲ၏ တတိယအချီက အဆုံးသတ်သွားပြီး စတုတ္ထအချီကို စတင်လာခဲ့ပြီဖြစ်၏။

ဖုန်းယင်က ထိုအဆင့်ကို အလွတ်အကျွတ် ဖြတ်ကျော်နိုင်ဆဲဖြစ်၏။

ဆဋ္ဌမမြောက်တိုက်ပွဲကွင်းတွင်... မင်းသားယွင်လေက ဆူဇီမိုနှင့် မျက်နှာချင်းဆိုင်ရပ်နေ၏။

“တာအိုရောင်းရင်းဆူ... ကျုပ်တို့က လွန်ခဲ့တဲ့နှစ်တစ်ထောင်က အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ တိုက်ခိုက်ဖို့အခွင့်မရေးမရခဲ့ဘူး... ဒီနေ့ ကျုပ်စိတ်ထဲက ဝန်ထုပ်တစ်ခုကို ဖြည်ချရတော့မယ်”

မင်းသားယွင်လေက ဒွိဟဖြစ်နေသောအမူအရာတစ်ခုနှင့်အတူ ပြောလိုက်၏။

လွန်ခဲ့သည့်နှစ်တစ်ထောင်က သူသည် အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ ဆူဇီမိုနှင့်အတူ ဝင်ပါခဲ့သော်လည်း သူက ထိုသူ၏ လောင်းရိပ်အောက်မှာ မိနေခဲ့သည်။

ထို့​ကြောင့်ပင်လျှင် ဆူဇီမိုနှင့်ရင်ဆိုင်ရသောဖိအားက ကြီးမားနေသောကြောင့် သူသည် နောက်ဆုံးအခိုက်အတန့်မှာ သူ၏ စိတ်ကိုပြောင်းလဲပြီး တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းကို ဝင်ရောက်ခဲ့ခြင်းဖြစ်၏။

မင်းသားယွင်လေသည် ထိုအကြောင်းနှင့်ပတ်သက်၍ မကြာခဏတွေးတတ်ကာ ကမ္ဘာမြေအဆင့်သတ်မှတ်ချက်မှာ ဆူဇီမိုနှင့် ထပ်မံယှဥ်ပြိုင်လိုပြီး သူ၏ ကျင့်ကြံခြင်းမှာ လုံ့လဝီရိယပြင်းပြင်းထန်ထန်စိုက်ထုတ်ထားခဲ့၏။

သို့သော်လည်း မိုးကောင်းကင်ကိုးလွှာမှ တိုက်ပွဲက သူ့ကိုများစွာတုန်လှုပ်သွားစေပြန်၏။

ဤတိုက်ပွဲက ဆူဇီမိုအတွက် လုံးဝမမျှတသည်ကို သူ၏ စိတ်ထဲမှာ သိရှိထား၏။

အဲ့ဒါက မျှမျှတတ တိုက်ပွဲတစ်ခုဖြစ်မည်ဆိုလျှင် သူ့လိုလူမျိုး အယောက်၂၀ပင် ဆူဇီမိုကို ယှဥ်နိုင်မည်မဟုတ်ပေ။

“ဒါက... ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ရဲ့ အဆင့်ရပ်တည်မှုနဲ့ သက်ဆိုင်နေတယ်... ကျုပ်က ကျုပ်တတ်နိုင်တာအကောင်းဆုံးလုပ်ရမှာပဲ... ခင်ဗျားနားလည်မယ်လို့ မျှော်လင့်ပါတယ် တာအိုရောင်းရင်းဆူ”

မင်းသားယွင်​လေက သူ၏ လက်နှစ်ဖက်ကို ယှက်ပြလိုက်၏။

“ရပါတယ်... တိုက်ခိုက်ပါ”

ဆူဇီမို၏ အမူအရာနှင့် အကြည့်က တည်ငြိမ်နေဆဲဖြစ်၏။

မင်းသားယွင်လေသည် သူ၏ အမြုတေစိတ်ဝိညာဥ်ကိုလှည့်ပတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ အမြုတေချီက တလိပ်လိပ်ထိုးတက်လာ၏။

တဖျတ်ဖျတ်တလက်လက် မိုးကြိုးလျှပ်စီးအလင်းတန်းများက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ပေါ်ထွက်လာပြီး မြွေများကဲ့သို့ သူ့ကို အဆက်မပြတ်ရစ်ပတ်လာ၏။

ညိုမည်းနေသောတိမ်စိုင်များက ရင်ပြင်ထဲမှာ ပြည့်နှက်လာပြီး တလိပ်လိပ်ထိုးတက်ကာ မွန်းကျပ်ဖွယ်ရာကောင်းသော သိပ်သည်းပြင်းထန်သည့် ဖိအားတစ်ရပ်ကို ဖြာထုတ်ပေးနေ၏။

ကောင်းကင်က မှောင်မည်းလာခဲ့၏။

“မင်းသားယွင်လေ မွေးဖွားလာတုန်းက မိုးကြိုးထစ်ချုန်းသံတွေက လောကတစ်ခွင်ပဲ့တင်ထပ်နေခဲ့တယ်လို့ ငါကြားဖူးတယ်... သူက မွေးကတည်းက မိုးကြိုးစွမ်းအားနဲ့ ရင်းနှီးကျွမ်းဝင်လာခဲ့တာပဲ... သူက ကြောက်စရာကောင်းတဲ့ သတ်ဖြတ်ခြင်းစွမ်းအားပါတဲ့ မိုးကြိုးကျင့်ကြံရေးနည်းစနစ်တွေနဲ့ လျှို့ဝှက်အတတ်တွေအများကြီးကို ကျင့်ကြံထားတယ်”

“အမှန်ပဲ... နောက်ပိုင်းပေါ်ထွက်လာတဲ့ မင်းသားယွင်ထင်က ပိုပြီးတော့ကြောက်စရာကောင်းခဲ့တာကြောင့်မဟုတ်ရင် မင်းသားယွင်လေက ကျိရွှမ်အင်မော်တယ်နိုင်ငံရဲ့ လူငယ်မျိုးဆက်မှာ နံပါတ်တစ်ပြိုင်စံရှားဖြစ်နေမှာ”

ဝုန်း... ဝုန်း... ဝုန်း...

မိုးကြိုးသံက တဝုန်းဝုန်း မြည်လာပြီး ကောင်းကင်ကမှောင်မည်းကာ ကမ္ဘာဖျက်ကပ်ဘေးတစ်ခု ကျရောက်လာတော့မည့်အလား ယန်ယန်းနန်းတော်ကို လွှမ်းခြုံလာခဲ့၏။

အဆင့်သတ်မှတ်ချက်တိုက်ပွဲ၏ ဤနေရာအရောက်ထိ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်၏ တိုက်ခိုက်မှုကြောင့် လောကဆိုင်ရာနိမိတ်ဖြစ်စဥ်တစ်ခု ဆင်းသက်လာသည်မှာ ပထမဆုံးဖြစ်၏။

ဆူဇီမိုက သူ၏ခေါင်းကိုအနည်းငယ်မော့ပြီး မိုးကောင်းကင်ထက်မှာ ပြည့်နှက်နေသည့် မိုးကြိုးလျှပ်စီးများကို ကြည့်လိုက်၏။ သူ၏ မျက်လုံးထဲတွင် ထူးဆန်းသောအလင်းတစ်ခု ​ဖျတ်ခနဲပေါ်ထွက်လာပြီး သူက တီးတိုးရေရွတ်လိုက်၏။

“မိုးကြိုး…”

ဝုန်း...

ရုတ်တရက် ယွင်လေက သူ၏ ပါးစပ်ကိုဖွင့်ဟပြီး အသံပိုင်းလျှို့ဝှက်အတတ်တစ်ခုကို ထုတ်လွှတ်လိုက်၏။

ထိုအသံပိုင်းလျှို့ဝှက်အတတ်က ကောင်းကင်ထက်မှာရှိသော မိုးကြိုးသံနှင့် အပြန်အလှန်တုံ့ပြန်လိုက်ပြီး အလွန်တရာကြောက်စရာကောင်းသော စွမ်းအင်အတက်အကျတစ်ခုကို ဖန်တီးကာ ဆူဇီမိုကို ရိုက်ခတ်လာခဲ့၏။

တစ်ချိန်တည်းမှာပင် ယွင်လေက သူ၏ စက္ခုနည်းစနစ်ကို ထုတ်ဖော်လိုက်၏။

မိုးကြိုးအလင်းတန်းတစ်ခုက နက်မှောင်နေသောလေဟာနယ်ကို ဖြတ်ကျော်ပြီး ဆူဇီမိုရှေ့သို့ ဆင်းသက်လာခဲ့၏။

အသံပိုင်းလျှို့ဝှက်အတတ်နှင့် စက္ခုနည်းစနစ်တို့က တစ်ချိန်တည်းနီးပါးမှာ ဆင်းသက်လာခဲ့၏။

“သတ်”

ဆူဇီမိုကလည်း ဟိန်းဟောက်လိုက်ပြီး မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်းကို ထုတ်ဖော်ကာ ယွင်လေ၏ အသံပိုင်းလျှို့ဝှက်အတတ်၏ စွမ်းအားကို ချေဖျက်လိုက်၏။ တစ်ချိန်တည်းမှာပင် သူက လက်နှစ်ဖက်ဖြင့် လက်ဟန်ချိပ်စည်းများကို လှုပ်ရှားပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်လိုက်၏။

သူ၏ လက်နှစ်ဖက်က ဧရာမလှံတစ်လက်ကို ဆုပ်ကိုင်ထားပုံရပြီး လေဟာနယ်ထဲသို့ သူကပစ်ထိုးလိုက်၏။

ဇီ....

မနှိုင်းယှဥ်သာအောင် ကျိန်းစပ်နေသော အလင်းတစ်ခုက လေဟာနယ်ထဲမှာ ပေါက်ကွဲထွက်ပေါ်လာပြီး နေရာတစ်ခွင် ထိန်ထိန်လင်းသွားစေ၏။

တကယ်ဆို မိုးကောင်းကင်ထက်ရှိ အနက်ရောင်တိမ်စိုင်များကပင် ထိုအလင်းရောင်ဖြင့် ဆုတ်ဖြဲခြင်းခံရပြီး တောက်ပနေသောအက်ကွဲကြောင်းများအဖြစ် ပေါ်ထွက်လာ၏။

“မိုးကောင်းကင်ကိုးလွှာ လျှပ်တပြက်မိုးကြိုး”

ပွဲကြည့်ဧရိယာမှာ ရှဲ့လင်က အံအားတသင့်ရေရွတ်လိုက်၏။

တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား မင်းသားယွင်လေ၏ အမူအရာက ညိုမည်းသွားပြီး သူ၏ မျက်နှာက အလွန်တရာပျက်ယွင်သွားခဲ့၏။

အဲ့ဒါသည် ဖုန့်စန်းထျန်၏ လျှို့ဝှက်အတတ်ဖြစ်၏။

ဖုန့်စန်းထျန်သည် ဆူဇီမိုနှင့်ဆက်စပ်နေသည်ဟု သူကြားထားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်၏။ ထိုသူသည် ဤမျှအထိကြောက်စရာကောင်းသော လျှို့ဝှက်အတတ်ကိုပင် ဆူဇီမိုအား သင်ကြားပေးထားသည်ဆိုတော့..။

ဖုန့်စန်းထျန် သူ၏ အထွတ်အထိပ်မှာရှိခဲ့စဥ်က ဤလျှို့ဝှက်အတတ်တစ်ခုတည်းက မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမှာ ပကတိအင်မော်တယ်တစ်ပါးကို မျက်စိကွယ်စေခဲ့၏။

မင်းသားယွင်လေး စက္ခုနည်းစနစ်က သန်မာသော်လည်း အဲ့ဒါသည် အလျှံညီးညီးနေတစ်စင်းနှင့် ထိတွေ့မိသောရေခဲတုံးတစ်တုံးကဲ့သို့ တဖျတ်ဖျတ်တလက်လက် အလင်းရောင်၏ လွှမ်းခြုံမှုအောက်မှာ ချက်ချင်းပင်အရည်ပျော်ကျသွား၏။ အဲ့ဒါက လုံးဝကို မခုခံနိုင်ခဲ့ပေ။

ယွင်လေ၏ မျက်လုံးကလည်း ကျိန်းစပ်သွား၏။

ထိုအခိုက်အတန့်မှာ ရက်စက်ကြမ်းကြုတ်၍ ပြင်းထန်ကြမ်းတမ်းသော အော်ရာတစ်ခုက သူ့ထံသို့ တလိပ်လိပ်တိုးဝင်လာသည်ဟု သူကခံစားလိုက်ရ၏။

အဲ့ဒါသည် သူ့ကိုဆုတ်ဖြဲပစ်တော့မည့်အလား ကြောက်စရာကောင်းသော သွေးနံ့နှင့်ပြည့်နှက်နေသည့် ရှေးဟောင်းတောကောင်တစ်ကောင်ကဲ့သို့ ဖြစ်၏။

“အဲ့ဒါတော့ဆိုးပြီ”

မင်းသားယွင်လေက ရင်တစ်ချက်ထိတ်သွားပြီး ဆူဇီမိုက ချဥ်းကပ်လာခဲ့ပြီကို နားလည်သဘောပေါက်သွား၏။

ဆူဇီမိုသည် အနီးကပ်တိုက်ခိုက်ရည်မှာ ဘယ်လောက်တောင်ကြောက်စရာကောင်းသည်ကို သူက မျက်မြင်တွေ့ထားခဲ့ပြီး သူတို့နှစ်ယောက်ပူးကပ်သွားပါက သူ့မှာအနိုင်ရဖို့ အခွင့်အရေးရှိတော့မည်မဟုတ်ပေ။

ဖြောက်...

မင်းသားယွင်လေက သူ၏ မိုးကြိုးထွက်ပြေးခြင်းနည်းစနစ်ကို ထုတ်ဖော်ပြီး မိုးကြိုးအလင်းတန်းတစ်ခုအသွင်​ပြောင်းလဲသွား၏။ ချက်ချင်းပင် သူက... နေရာကနေပျောက်ကွယ်သွားပြီး နောက်သို့ဆုတ်ခွာကာ ဆူဇီမိုနှင့် လူချင်းခွာလိုက်၏။

တစ်ချိန်တည်းမှာပင် မင်းသားယွင်လေက သူ၏ အမြုတေစိတ်ဝိညာဥ်ကို ၎င်း၏ အကန့်သတ်ထိ လှည့်ပတ်ပြီး လက်ဟန်ချိပ်စည်းများကို ထပ်တလဲလဲ လှုပ်ရှားကာ မိုးကြိုးသံများကို ထွက်ပေါ်လာစေ၏။

“ဂမ္ဘီရမိုးကောင်းကင်ကောင်းကင်ဘုံမိုးကြိုး”

“ဓာတ်ငါးပါး ကောင်းကင်ဘုံမိုးကြိုး”

“လေကောင်းကင်ဘုံမိုးကြိုး”

“မိုးကောင်းကင်ဘုံမိုးကြိုး”

“တိမ်ကောင်းကင်ဘုံမိုးကြိုး”

“ရေစီးကြောင်းကောင်းကင်ဘုံမိုးကြိုး”

“ရေခဲကောင်းကင်ဘုံမိုးကြိုး”

“အသံကောင်းကင်ဘုံမိုးကြိုး”

“သဲမုန်တိုင်းကောင်းကင်ဘုံမိုးကြိုး”

“စားစရာကောင်းကင်ဘုံမိုးကြိုး”

“မိစ္ဆာဖိနှိမ်ခြင်းကောင်းကင်ဘုံမိုးကြိုး”

“တစ္ဆေဝါးမျိုကောင်းကင်ဘုံမိုးကြိုး”

ကောင်းကင်ဘုံမိုးကြိုး ဓမ္မပညာရပ် ၁၂ခုကို တစ်ခဏချင်းမှာ ထုတ်ဖော်လိုက်ပြီး ချက်ချင်းပင် လောကက ပြောင်းလဲသွား၏။

အဲ့ဒီမှာသည် သည်းထန်သောမိုးများ၊ ကောင်းကင်တစ်ခွင် အုပ်မိုးလာသည့် မိုးသီးမုန်တိုင်းများ၊ တလိပ်လိပ်ထိုးတက်လာသည့် ပြင်းထန်သော ရေစီးကြောင်းများ၊ သဲများနှင့် ကျောက်ခဲများကို လွင့်ပျံသွားစေသည့် အရိုင်းဆန်သောလေပြင်းများ၊ ဟိန်းဟောက်နေသော ဆိုးယုတ်တစ္ဆေများနှင့် ခပ်ရေးရေးမြင်နိုင်သော မိစ္ဆာနတ်ဆိုးများ... စသည်ဖြင့်။

များပြားလှစွာသော ဖြစ်စဥ်များက လောကတစ်ခွင်ပြည့်နှက်သွားပြီး ဖြစ်စဥ်တစ်ခုချင်းစီမှာ အဘက်ဘက်ကနေ ကောင်းကင်တစ်ခွင်အုပ်မိုးလာသည့် အဆုံးမဲ့မိုးကြိုးစွမ်းအားတစ်ခု ပါဝင်နေ၏။

“ဟာ...”

“ကောင်းကင်ဘုံမိုးကြိုး ၁၂ စင်း... မင်းသားယွင်လေက တကယ့်ကိုအစွမ်းထက်တာပဲ”

ပွဲကြည့်ဧရိယာ၏ တစ်ဖက်တစ်ချက်စီမှာ အံ့အားတသင့် အော်ဟစ်သံများက ဆက်တိုက်ထွက်ပေါ်လာ၏။

မိုးကြိုးစွမ်းအားက သေစေနိုင်စွမ်းအား အမြင့်မားဆုံး ဖြစ်၏။

ကောင်းကင်ဘုံမိုးကြိုး တစ်ခုချင်းစီကပင် သိပ်သည်းပြင်းထန်သောစွမ်းအားကိုပိုင်ဆိုင်ထား၏။

ယခု... ကောင်းကင်ဘုံမိုးကြိုး ၁၂ စင်းကို တစ်ချိန်တည်းမှာထုတ်ဖော်လိုက်ပြီး.. အဲ့ဒါက တကယ့်ကိုဖွတ်ဖွတ်ညက်ညက်ကြေစေနိုင်သောစွမ်းအားဖြစ်၏။

All Chapters