အကုန်ထုတ်ဖော်ခြင်း
Vol. 150 Ch. 2247
အဆင့်သတ်မှတ်ချက် တိုက်ပွဲ၏ စတုတ္ထအချီအပြီးမှာ လူ ၇ယောက်သာလျှင် ကျန်ရစ်ခဲ့ပြီး နောက်ဆုံးအဆင့်သတ်မှတ်ချက်ကို ယခုအချိန်ထိ မဆုံးဖြတ်ရသေးပေ။
ပထမ - ဖုန်းယင်
ဒုတိယ - ယွဲ့ဖုန်
တတိယ - မင်းသမီးသက်တံနီ
စတုတ္ထ - ရှဲ့ယွင်
ပဉ္စမ - လျှိုဖျင်
ဆဋ္ဌမ - ဆူဇီမို
သတ္တမ- ဖန်းရှင်
အဆင့်သတ်မှတ်ချက်တိုက်ပွဲ၏ ပဉ္စမအချီစတင်သောအခါ ဖုန်းယင်သည် ထိုအဆင့်ကိုအလွတ်ဖြတ်ကျော်နိုင်ဆဲဖြစ်ပြီး လေထဲတွင် အစိမ်းရောင်ကျောက်တုံး တိုက်ပွဲကွင်း သုံးခုသာလျှင်ကျန်ရစ်ခဲ့၏။
ဒုတိယနေရာမှာရပ်တည်သော တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်း၏ ယွဲ့ဖုန်သည် အဆင့် ၇ မှာ ရပ်တည်နေသော ဖန်းကလန်မှ ဖန်းရှင်နှင့် ရင်ဆိုင်ရမည်ဖြစ်၏။
မင်းသမီးသက်တံနီက ဆူဇီမိုနှင့် ရင်ဆိုင်ရမည်ဖြစ်၏။
ရှဲ့ယွင်က လျှိုဖျင်နှင့် ရင်ဆိုင်ရမည်ဖြစ်၏။
ထိုတိုက်ပွဲသုံးခုအပြီးမှာ နောက်ဆုံးလူလေးယောက်ကို ရွေးချယ်ပေလိမ့်မည်။
တိုက်ပွဲ၏ တွဲစိုင်းများကို တွေ့မြင်သောအခါ မင်းသမီးသက်တံနီနှင့် ဆူဇီမိုသည် တတိယမြောက်တိုက်ပွဲကွင်းမှာ တိုက်ကြည်ကြတော့မည် မဟုတ်သည်ကို ကျင့်ကြံသူများက ခန့်မှန်းမိလိုက်ကြ၏။
ထင်မှတ်ထားသည့်အတိုင်းပင်...။
မင်းသမီးသက်တံနီသည် နောက်ဆုတ်ကြောင်းကြေညာပြီး ဆူဇီမိုက ထိုအဆင့်ကို အလွတ်အကျွတ် ဖြတ်ကျော်နိုင်ကာ သူ့မှာ ရှားရှားပါးပါး အနားယူချိန်တချို့ရှိလာခဲ့၏။
အခြားသောတိုက်ပွဲကွင်းနှစ်ခုမှာတော့... ယွဲ့ဖုန်နှင့် ဖန်းရှင်အကြားတိုက်ပွဲ၏ ရလဒ်နှင့်ပတ်သက်၍ သံသယရှိစရာမလိုပေ။
ပုံမှန်အခြေအနေမှာဆိုလျှင် ဖန်းရှင်သည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံး ဆယ်ယောက်အတွင်းသို့ ဝင်ရောက်လာနိုင်လိမ့်မည်မဟုတ်ပေ။
အင်မော်တယ်ထိုက်ဟွာ၊ ထျဲဟန်နှင့် ချင်ချန်ဇီတို့၏ သေဆုံးမှုကြောင့်သာ သူက ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်၏။
တိုက်ခိုက်ရည်ခွန်အားမှာ သူသည် ယွဲ့ဖုန်ထက် သိသိသာသာအားနည်းနေလေသည်။
ကြိုတင်ခန့်မှန်းကမ္ဘာမြေအဆင့်သတ်မှတ်ချက်သည် ယွဲ့ဖုန်ကို အလွန်တရာမြင့်မားစွာ တန်ဖိုးချင့်တွက်ပေးထားပြီး ပြန်ဝင်စားအင်မော်တယ်နှစ်ယောက်ကြောင့်မဟုတ်လျှင် သူသည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးနေရာကို ရရှိလိမ့်မည်ဟုပင် ဖော်ပြထား၏။
အမှားအယွင်းတစ်စုံတစ်ရာမရှိလျှင် သူသည် ဆဋ္ဌမအချီမှာ ဆူဇီမို၏ ပြိုင်ဘက်ဖြစ်လာပေလိမ့်မည်။
ဆူဇီမိုသည် အားဖြည့်နေစဥ် ယွဲ့ဖုန်၏ နည်းလမ်းများကို လေ့လာအကဲခတ်နေ၏။
အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းကြားမှာ တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းသည် ခန္ဓာမီးဆေးခြင်းနှင့် သွေးချီကို ကျင့်ကြံခြင်းမှာအတော်ဆုံးဖြစ်၏။
ဒဏ္ဍာရီအရ... တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်း၏ အခြေခံအုတ်မြစ် တောင်တန်းပင်လယ်သုတ္တန်ကို တောင်တန်းနှင့် ပင်လယ်ဟူ၍ အပိုင်းနှစ်ပိုင်းခွဲခြားထားသည်ဟု ဆိုလေသည်။
တောင်တန်းအပိုင်းမှာ လူတစ်ယောက်၏ ကိုယ်ကာယကို မီးဆေးပေးပြီး ပင်လယ်အပိုင်းမှာ လူတစ်ယောက်၏ မျိုးဆက်သွေးကို ကျင့်ကြံရ၏။ ထိုအပိုင်းနှစ်ပိုင်းစလုံးက အန္တိမကျင့်ကြံရေးနည်းစနစ်များဖြစ်ပြီး ဒဏ္ဍာရီလာ တဗူးဂမ္ဘီရကျင့်စဥ်များထက် တစ်ဆင့်သာနိမ့်လေသည်။
ယွဲ့ဖုန်သည် တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်း၏ အမွေအနှစ်ကို ဆက်ခံရရှိထားပြီး အနီးကပ်တိုက်ခိုက်ရည်တွင် သန်မာသည်မှာသိသာ၏။
ဖန်းရှင်က သူ့ကိုလုံးဝယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။
သူတို့နှစ်ယောက်တိုက်ခိုက်ဖလှယ်သည့်ခဏမှာပင် ဖန်းရှင်က အပြတ်အသတ်ဖိနှိမ်ခံရပြီး အရေးနိမ့်စွာဖြင့် နောက်သို့ဆုတ်ပေးနေရ၏။ သူရှုံးနိမ့်ဖို့က အချိန်တစ်ခုသာလိုတော့လေသည်။
တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်း၏ နည်းလမ်းများသည် တိုက်ခိုက်ရေးပညာရပ်များဖြစ်စေ၊ အင်မော်တယ်ပညာရပ်များနှင့် လျှို့ဝှက်အတတ်များဖြစ်စေ သူတို့က အဆင့်မြင့်ကာ ကျယ်ပြန့်လေသည်။
ယွဲ့ဖုန်၏ လှုပ်ရှားမှုတစ်ခုချင်းစီက တောင်တန်းများနှင့် ပင်လယ်သမုဒ္ဒရာများနှင့်ဆင်တူသော တစ်မူထူးခြားသည့် အော်ရာတစ်ခုကို ထုတ်ဖော်ထား၏။
တိုက်ပွဲကွင်း၏ အခြားတစ်ဘက်မှာ ရှဲ့ယွင်နှင့် လျှိုဖျင်က သူတစ်ပြန်ကိုယ်တစ်ပြန်တိုက်ခိုက်နေကြ၏။
ယန်ယန်းအင်မော်တယ်နိုင်ငံ၏ တော်ဝင်မိသားစုမှာ နံပါတ်တစ်ကမ္ဘာမြေအင်မော်တယ်နှင့် မင်းသမီးသက်တံနီကိုပင် အနိုင်ရရှိထားသူအနေနှင့် ရှဲ့ယွင်၏ တိုက်ခိုက်ခွန်အားက အလွန်သန်မာလေသည်။
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ အင်မော်တယ်ပညာရပ်များနှင့် လျှို့ဝှက်အတတ်များအပြင် လျှိုဖျင်သည် ဧရာမမိုးမခသစ်ပင်ထံမှ ဆက်ခံရရှိထားသော ထူးဆန်းသည့်နည်းလမ်းများပေါ်မှီခိုပြီး ရှဲ့ယွင်ကိုခေါင်းကိုက်စေ၏။
ဤနှစ်များမှာ ဧရာမမိုးမခ၏ ခန္ဓာကိုယ်သည် မရေမတွက်နိုင်သော ကမ္ဘာမြေအင်မော်တယ်များ၏ အမြုတေစွမ်းအင်များနှင့် အသွေးအသားတို့ကိုဝါးမျိုခဲ့ပြီး မနှိုင်းယှဥ်သာအောင်သန်မာသော အခြေအနေတစ်ခုထိ မီးဆေးထားခဲ့၏။
တကယ်ဆို... ၎င်းသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုပင် တိုက်ခိုက်လိုခဲ့၏။
ရှဲ့ယွင်သည် အနီးကပ်တိုက်ခိုက်ရည်မှာ မည်သည့်အသာစီးမှ မရရှိပေ။
အင်မော်တယ်ပညာရပ်များနှင့် လျှို့ဝှက်အတတ်များမှာ ရှဲ့ယွင်က တဖြည်းဖြည်းအရေးနိမ့်လာပြီး သူသည် လျှိုဖျင်၏ မှတ်ဉာဏ်များထဲမှ အမွေအနှစ်များစွာကို မယှဥ်နိုင်ပေ။
ပို၍အရေးပါသည်မှာ လျှိုဖျင်၏ အမြုတေစိတ်ဝိညာဥ်သည် မိုးမခအမြုတေစိတ်ဝိညာဥ်နှင့်ပေါင်းစည်းပြီးနောက် သူ၏ အမြုတေစိတ်ဝိညာဥ်က ကောင်းကင်အမြုတေနယ်ပယ်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်၏။
အချိန်ကြာလာမြင့်လာသည်နှင့်အမျှ ရှဲ့ယွင်၏ သက်လုံအားက အရင်ကျဆင်းလာခဲ့၏။
သိပ်မကြာခင်...။
အဆင့်သတ်မှတ်ချက်တိုက်ပွဲ၏ ပဉ္စမအချီကပြီးဆုံးသွားပြီး ယွဲ့ဖုန်၊ ဆူဇီမိုနှင့် လျှိုဖျင်တို့က အနိုင်ရရှိခဲ့၏။
ယခုအချိန်မှာ ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးလေးယောက်က ဖုန်းယင်၊ ယွဲ့ဖုန်၊ ဆူဇီမိုနှင့် လျှိုဖျင်တို့ဖြစ်၏။
သူတို့ကြားမှာ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ ကမ္ဘာမြေအင်မော်တယ်နှစ်ယောက် ပါဝင်နေ၏။
အဆင့်သတ်မှတ်ချက်တိုက်ပွဲ၏ ဆဋ္ဌမအချီမှာ ဖုန်းယင်က လျှိုဖျင်နှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ယွဲ့ဖုန်က ဆူဇီမိုနှင့် ရင်ဆိုင်ရမည်ဖြစ်၏။
ကျင့်ကြံသူများစွာက အရမ်းကိုစိတ်လှုပ်ရှားလာပြီး မျှော်လင့်စောင့်စားမှုများနှင့် ပြည့်နှက်လာကြ၏။
အဆင့်သတ်မှတ်ချက်တိုက်ပွဲ၏ ဆဋ္ဌမအချီသည် ရှားရှားပါးပါး ကမ္ဘာမြေအင်မော်တိုက်တိုက်ပွဲနှစ်ခုဖြစ်လာမည်ကို လူတိုင်းက သိထားကြ၏။
ဖုန်းယင်က လျှိုဖျင်နှင့် ရင်ဆိုင်ရမည်ဖြစ်၏။
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ တပည့်တစ်ယောက်နှင့် ဆူဇီမို၏ ကယ်တင်ပေးမှုကြောင့် သူ၏ ကံကြမ္မာကို ပြောင်းလဲစေမည့်အခွင့်အရေးရရှိထားသူအနေဖြင့် လျှိုဖျင်သည် ဖုန်းယင်ကို အတတ်နိုင်ဆုံး ကြိုးစားတိုက်ခိုက်မည်ဖြစ်ပြီး ထိုသူ၏ နည်းလမ်းများနှင့်ခွန်အားကို တတ်နိုင်သမျှ ပြုန်းတီးအောင် လုပ်ရပေလိမ့်မည်။
တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်း၏ နံပါတ်တစ်ကမ္ဘာမြေအင်မော်တယ်အနေဖြင့် ယွဲ့ဖုန်ကလည်း တိုက်ခိုက်ရသေးခြင်းမရှိဘဲ ဆူဇီမိုထံမှာ အညံ့ခံလိမ့်မည်မဟုတ်ပေ။
ဆဋ္ဌမမြောက်အချီ၏ တိုက်ပွဲနှစ်ပွဲမှာ သူတို့လေးယောက်သည် သူတို့၏ အစွမ်းကုန်ကို ထုတ်ဖော်လိုက်ကြ၏။
‘ငါ... လျှိုဖျင်က ဒီအဆင့်ထိရောက်ရှိလာနိုင်ခဲ့တယ်ဆိုတော့... ဒါက အိပ်မက်တစ်ခုလိုပဲ’
လျှိုဖျင်က သူ၏ လက်နှစ်ဖက်ကို နောက်ပစ်ပြီး သူ၏ နုနယ်သောမျက်နှာပေါ်မှာ စိတ်ခံစားချက်အပြည့်နှင့်အကြည့်တစ်ခုက ပေါ်ထွက်လာ၏။
သူသည် ကလေးငယ်တစ်ယောက်နှင့်တူသော်လည်း သူက လူကြီးတစ်ယောက်လို ရင့်ကျက်နေပုံရ၏။
အဲ့ဒါက ထူးဆန်းသောမြင်ကွင်းဖြစ်ပြီး ကြည့်မိသူတိုင်းက ရယ်မိကြ၏။
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှလူများပင်လျှင် ရယ်မောလိုက်၏။
မင်းသမီးသက်တံနီက လျှိုဖျင်ကို ကျီစယ်လိုက်၏။
“ဂျူနီယာမောင်လျှို... နင် ဖုန်းယင်ကို အနိုင်ရမယ်ဆိုရင် တက္ကသိုလ်ကိုပြန်ရောက်တဲ့အခါ ငါနင့်ကိုသကြားလုံးတွေအများကြီးကျွေးမယ်”
လျှိုဖျင်က သူ၏ အင်္ကျီလက်စကိုဝေ့ယမ်းပြီး နှုတ်ခမ်းစူလိုက်၏။ သူက ဆူဇီမိုဘက်ကို လှည့်ပြီးပြောလိုက်၏။
“ဘာမှမပူနဲ့... ဂျူနီယာညီဆူ ငါက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ရဲ့ အစွမ်းအစတွေကို ဖုန်းယင်ကို ကောင်းကောင်းပြပေးလိုက်မယ်”
“ခင်ဗျားကိုယ်ခင်ဗျား ဖိအားပေးနေစရာမလိုဘူး... အမှားအယွင်းတစ်ခုခုရှိမယ်ဆိုရင် အရှုံးကိုဝန်ခံပြီး တိုက်ပွဲကွင်းပေါ်ကနေ ချက်ချင်းထွက်ခွာလိုက်”
ဆူဇီမိုက သတိပေးလိုက်၏။
“ငါနိုင်သွားမယ်ဆိုရင်ရော”
လျှိုဖျင်က သူ၏ မျက်နှာကို မော့ပြီး ဝင့်ကြွားစွာပြောလိုက်၏။
“ဂျူနီယာညီဆူ... ဘယ်ပြောရမလဲ နောက်ဆုံးတိုက်ပွဲမှာ မင်းက ငါနဲ့ရင်ဆိုင်ချင်ရင်ဆိုင်နေရမှာ”
ဆူဇီမိုက ညင်သာစွာ ပြုံး၍ သူ၏ရင်ထဲမှာနွေးထွေးသွား၏။
လျှိုဖျင်သည် သူ၏ အစွမ်းကုန်နှင့် တိုက်ခိုက်လိုသည်မှာ သူသည် ဖုန်းယင်၏ နည်းလမ်းများကို တတ်နိုင်သမျှများများလျှော့ချလိုသောကြောင့်ဖြစ်သည်ဆိုတာကို သူသိထား၏။
အဲ့ဒါမှသာ ဆူဇီမိုသည် နောက်ဆုံးတိုက်ပွဲမှာ အနိုင်ရဖို့အခွင့်အရေးပိုများလာမည်ဖြစ်၏။
ရှဲ့လင်၏ အမိန့်အောက်မှာ သူတို့လေးယောက်က တိုက်ပွဲကွင်းများပေါ်သို့ ခြေချလိုက်ကြ၏။
“တာအိုရောင်းရင်းဆူ... ဒီတိုက်ပွဲက မမျှတဘူးဆိုတာ ကျုပ်သိပါတယ်... ဒါပေမဲ့ ကျုပ်က တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းကို ကိုယ်စားပြုတာပဲ... ကျုပ်မှာရွေးချယ်စရာမရှိဘူး”
ယွဲ့ဖုန်က သူ၏ လက်သီးနှစ်ဖက်ကိုယှက်ပြပြီ လေးနက်သောအသံဖြင့်ပြောလိုက်၏။
ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး ညင်သာစွာ ခေါင်းညိတ်ပြလိုက်၏။
“ကျုပ်ကလည်း တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းရဲ့နည်းလမ်းတွေကို တွေ့ကြုံခံစားချင်နေတာ... ကျေးဇူးပြုပြီ... လုပ်စရာရှိတာဆက်လုပ်ပါ”
“မဟာတောင်တန်းလှုပ်ရှားခြင်းနည်းစနစ်”
ယွဲ့ဖုန်က သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ပြီး လက်ဟန်ချိပ်စည်းများကို လှုပ်ရှားကာ နတ်ဘုရားစွမ်းအားတစ်ခုကိုစုဖွဲ့ပြီး ဆူဇီမိုထံသို့ ထိုးညွှန်လိုက်၏။
ကြီးမားသော အရိပ်တစ်ခုက ကောင်းကင်ထက်ကနေအုပ်မိုးလာခဲ့၏။
ခံ့ညားထည်ဝါသော တောင်ထွတ်တစ်ခုက ဝုန်းခနဲမြည်သံနှင့်အတူရောက်ရှိလာပြီး မရေမတွက်နိုင်သောကျောက်ခဲများနှင့် ဖုန်လုံးများက လိမ့်ဆင်းလာကာ ချောက်ချားစရာကောင်းသောစွမ်းပကားတစ်ခုနှင့်အတူ ဆူဇီမိုကိုဖိနှိမ်လိုက်၏။
“ဥုံ.. မာ.. ဏီ.. ပါ.. မီ.. ဟုန်..”
ဆူဇီမိုက ရှေးဟောင်းသက္ကတစကားလုံး ၆လုံးကို ဆက်တိုက် ရွတ်ဆိုလိုက်၏။ တစ်ချိန်တည်းမှာပင် သူက မတူညီသော လက်ဟန်ချိပ်စည်း ၆ခုကို လက်နှစ်ဖက်ဖြင့် ဆင့်ခေါ်ပြီး နောက်ဆုံးမှာ တောင်တစ်လုံးကဲ့သို့ မရွေ့လျားနိုင်သော ဓမ္မချိပ်စည်းတစ်ခုကို ဖြစ်ပေါ်လာစေ၏။
မြင့်မား၍ စွမ်းပကားကြီးမားသော ပုံရိပ်ယောင်တစ်ခုက သူ၏ နောက်ဘက်မှာပေါ်ထွက်လာပုံရပြီး မနှိုင်းယှဥ်သာအောင် နတ်ဘုရားဆန်သော ရောင်ဝါတစ်ခုကို ဖြာထုတ်ပေးလာ၏။
မိစ္ဆာဖိနှိမ်ချိပ်စည်း၊ သားရဲဖိနှိမ်ချိပ်စည်း၊ အင်မော်တယ်ထောင်ချောက်ချိပ်စည်း၊ မရွေ့လျားနိုင်သောအုတ်မြစ်ချိပ်စည်း၊ မဟာဝရဇိန်လှည်းဘီးချိပ်စည်းနှင့် မဟာမြင်းမိုရ်တောင်ချိတ်စည်း။
ဓမ္မချိပ်စည်း ၆ခုက တစ်ချိန်တည်းမှာ အသက်ဝင်လာပြီး အဆင့်မြင့်နတ်ဘုရားစွမ်းအား မရွေးလျားနိုင်သော မင်းဝမ်ချိပ်စည်းကို စုဖွဲ့လိုက်၏။
ဝုန်း... ဝုန်း...
တောင်ထွတ်က ကျယ်လောင်သောမြည်သံနှင့်အတူ မရွေ့လျားနိုင်သော မင်ဘုရင်အပေါ်ကို ပစ်တိုက်ချလိုက်၏။
မြင့်မားသောပုံရိပ်ယောင်က အမြစ်တွယ်ရပ်တည်နေသည့်အလား လုံးဝလှုပ်ရှားသွားခြင်း မရှိပေ။ တောင်ထွတ်တစ်ခုလုံးက ၎င်းပေါ်သို့ ပစ်တိုက်ကျဆင်းလာသောအခါ အက်ကွဲကြောင်းများပေါ်ထွက်လာပြီး ၎င်းက အဆက်မပြတ်ပြိုကျလာ၏။
ယွဲ့ဖုန်သည် ဆူဇီမိုကို အသက်ရှုခွင့် လုံးဝမပေးပေ။ သူက သူ၏ လက်ဖဝါးနှစ်ဖက်ကို အတူတကွယှက်ဖြာပြီး ဒုတိယမြောက် အဆင့်မြင့်နတ်ဘုရားစွမ်းအားတစ်ခုကို သူ၏ နောက်ဘက်ကနေ ထပ်ကြပ်မကွာထွက်ပေါ်လာစေ၏။
“တောင်ဖြိုဧရာမပုဆိန်”
ယွဲ့ဖုန်က ဟိန်းဟောက်လိုက်ပြီး အဆုံးမဲ့နတ်ဘုရားစွမ်းအားများက စုစည်းလာကာ လေဟာနယ်ထဲမှာ ဧရာမဂမ္ဘီရပုဆိန်တစ်လက်ကို ဖြစ်ပေါ်လာစေ၏။
ဝှစ်...
သူက ပုဆိန်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီး ခုတ်ပိုင်းချလိုက်၏။
ဝုန်း...
ဧရာမပုဆိန်က ကောင်းကင်ထက်ကနေ ဆင်းသက်လာသည့် ရွေ့လျားလာသော မင်ဘုရင်ကို ပြင်းထန်စွာထိခတ်သွား၏။
ဤတစ်ကြိမ်မှာတော့ မလှုပ်ရှားနိုင်သောမင်ဘုရင်က အနည်းငယ်လှုပ်ခါသွားပြီး သူ၏ ပုံရိပ်က သိသိသာသာမှိန်ဖျော့သွား၏။ အက်ကွဲကြောင်းများက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ပေါ်ထွက်လာပြီး သူက အချိန်မရွေးလဲပြိုကျဆင်းသွားနိုင်၏။