← Chapters

အနာကွန်ဒါရစ်ပတ်ခြင်း

Vol. 150 Ch. 2248

အနာကွန်ဒါရစ်ပတ်ခြင်း

Vol. 150 Ch. 2248

“ဒီတိုင်းဆက်သွားလို့ မဖြစ်တော့ဘူး”

ဆူဇီမို၏ စိတ်ထဲသို့ အတွေးတစ်ခုက ဖျတ်ခနဲဝင်ရောက်လာ၏။

သူသည် သူ့အ​မြုတေစိတ်ဝိညာဥ်၏ စွမ်းအား ၃၀ ရာခိုင်နှုန်းဝန်းကျင်ကိုသာ ပြန်လည်ရရှိသေး၏။

သူက ယွဲ့ဖုန်၏ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို ထိပ်တိုက်ရင်ဆိုင်မည်ဆိုလျှင် သူသည် နောက်ဆုံးမှာ အနိုင်ရရှိနိုင်လောက်သေး၏။

သို့သော်လည်း သူ့အမြုတေစိတ်ဝိညာဥ်၏ စွမ်းအားက များပြားစွာကုန်ဆုံးသွားပြီး အဲ့ဒါသည် နောက်ပိုင်း ဖုန်းယင်နှင့် သူရင်ဆိုင်ရသည့်အခါ သေချာပေါက်ကြီးမားသည့် ပြဿနာတစ်ရပ်ဖြစ်လာပေလိမ့်မည်။

​ဖျတ်ခနဲဆို ဆူဇီမိုက ယွဲ့ဖုန်ထံသို့ ပြေးဝင်သွား၏။

ဆူဇီမိုချဥ်းကပ်လာသည်ကို တွေ့မြင်သောအခါ ယွဲ့ဖုန်က တိုက်ပွဲကို ရှောင်လွှဲပြီး နောက်သို့ ဆုတ်ခွာသွား၏။

သူက သူတို့ကြားမှာ အကွာအဝေးတစ်ခုခြားပြီး အစိမ်းရောင်ကျောက်တုံး တိုက်ပွဲကွင်း၏ အစပ်မှာ လှည့်ပတ်၍ပြေးလွှားနေ၏။

ယွဲ့ဖုန်၏ အစီအစဥ်က ရိုးရှင်းလေသည်။ ဆူဇီမို၏ အားနည်းချက်ကို သူကသိရှိထား၏။

ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်စွမ်းအားကို ကုန်ဆုံးစေရန် နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို အဆက်မပြတ် အသုံးပြုနေသည်နှင့်အမျှ သူက အားသာချက်ရှိနေပေလိမ့်မည်။

ထိုအချိန်ကျလျှင် အနီးကပ်တိုက်ခိုက်ရည်မှာဖြစ်စေ... အဝေးတိုက်ခိုက်မှုမှာဖြစ်စေ သူသည် အနိုင်ရဖို့အတွက် ပကတိအခွင့်အရေးတစ်ရပ် ရရှိလာပေလိမ့်မည်။

“တည်ငြိမ်ပင်လယ်”

ဆူဇီမို၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး သူက သူ၏ လက်ဖဝါးကို ဆေဘာတစ်လက်ကဲ့သို့ မြှောက်ကာ ရုတ်တရက် ယွဲ့ဖုန်ရှိရာသို့ ခုတ်ပိုင်းချလိုက်၏။

အဲ့ဒါသည် ဆေဘာဧကရာဇ်၏ အမွေအနှစ်မှ တည်ငြိမ်ပင်လယ်လှုပ်ရှားကွက်ဖြစ်၏။

၎င်း၏ အကန့်အသတ်ထိ နားလည်ဆင်ခြင်မိသောအခါ ဤဆေဘာနည်းစနစ်သည် လေဟာနယ်ကို ချုပ်နှောင်နိုင်သည့် စွမ်းရည်တစ်ခုကိုထုတ်ဖော်ပြီး နတ်ဘုရားစွမ်းအားတစ်ခုအဖြစ် အသွင်ပြောင်းလဲနိုင်၏။

“ပျက်စမ်း”

ယွဲ့ဖုန်က ပေါ့ပေါ့ဆဆမလုပ်ရဲဘဲ သူ့ဂိုဏ်း၏ လျှို့ဝှက်အတတ်ကို အလောတကြီးထုတ်ဖော်လိုက်၏။

တောင်များပြိုကျပြီး မြေပြင်အက်ကွဲလာသောအသံက သူ၏ ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာပြီး သူက တည်ငြိမ်ပင်လယ်၏ စွမ်းအားကို ချေဖျက်နေ၏။

ဆူဇီမိုသည် တည်ငြိမ်ပင်လယ်ခုတ်ချက်ကို ထုတ်ဖော်ပြီးနောက် သူ၏ လက်နှစ်ဖက်က အဆက်မပြတ်လှုပ်ရှားပြီး အမြုတေချီကိုစုဖွဲ့ကာ လေထဲတွင် ‘ထောင်ချောက်’ ဟူသော ဧရာမစကားလုံးတစ်လုံးကို ရေးဆွဲလိုက်၏။

အဆင့်မြင့်နတ်ဘုရားစွမ်းအား.. ထောင်ချောက်စကားလုံးပညာရပ်... ။

တည်ငြိမ်ပင်လယ်တစ်ခုတည်းက ယွဲ့ဖုန်ကို မချုပ်နှောင်နိုင်ဘူးဆိုတာ ဆူဇီမိုက သိထား၏။

ထို့ကြောင့်တည်ငြိမ်ပင်လယ်ကို ထုတ်ဖော်ပြီးနောက် သူက ဒုတိယမြောက် အဆင့်မြင့်နတ်ဘုရားစွမ်းအား ထောင်ချောက်စကားလုံးပညာရပ်ကို ချက်ချင်းပင်ထုတ်ဖော်လိုက်၏။

စွမ်းအားကြီးမားသော နတ်ဘုရားစွမ်းအားတစ်ခုက ရုတ်တရက်လေထဲမှာပေါ်ထွက်လာပြီး ယွဲ့ဖုန်ကို ချုပ်နှောင်လိုက်၏။

ဘုန်း...

တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ယွဲ့ဖုန်က သူ၏ သွေးချီကို ၎င်း၏ အကန့်အသတ်ထိ လှည့်ပတ်ပြီး သူ၏ ခန္ဓာကိုယ်ထဲကနေ ဆူနာမီအသံကို ထွက်ပေါ်လာစေကာ ဘေးပတ်ဝန်းကျင်မှာရှိသော နတ်ဘုရားစွမ်းအားများကို ရိုက်ခတ်လိုက်၏။

ထိုနှောင့်နှေးကြန့်ကြာမှုနှင့်အတူ ဆူဇီမိုက ချဥ်းကပ်လာခဲ့ပြီဖြစ်ပြီး ယွဲ့ဖုန်က ပြေးစရာနေရာမရှိ​တော့ပေ။

“ကောင်းပြီလေ”

ယွဲ့ဖုန်က ဟိန်းဟောက်လိုက်၏။

“အနီးကပ်တိုက်ခိုက်ရည်မှာ မင်းဘယ်လောက်သန်မာသလဲ ကြည့်ရသေးတာပေါ့”

ယွဲ့ဖုန်၏ သွေးချီက ရူးသွပ်စွာလှည့်ပတ်လာပြီး နောက်ထပ်အဆင့်တစ်ခုထိမြင့်တက်လာခဲ့၏။ ရုတ်တရက် သူ၏ နောက်ဘက်မှာ ဧရာမတောင်တစ်လုံး၏ ပုံရိပ်ယောင်က ပေါ်ထွက်လာပြီး လောကကို ဗဟိုပြုထားသည့်အလား တိမ်စိုင်များကြားထိ ငွားငွားစွင့်စွင့် မြင့်မားနေ၏။

တောင်ထွတ်ပုံရိပ်ယောင်နှင့်ယှဥ်လျှင် ဆူဇီမိုက အရမ်းကို သေးငယ်သွားလေသည်။

လက်ရှိကောင်းကင်အင်မော်တယ်များ၊ ပကတိအင်မော်တယ်ရှဲ့လင်နှင့် ကြီးမားသော ယန်ယန်းနန်းတော်ပင်လျှင် ဧရာမတောင်ပုံရိပ်ယောင်ရှေ့မှာ အဆက်မပြတ် ကျုံ့ဝင်သွားပုံရ၏။

ယွဲ့ဖုန်က ထိန်ချန်ထားခြင်းမရှိဘဲ သူ၏ မျိုးဆက်သွေးနယ်မြေဖြစ်စဥ်ကို ချက်ချင်းပင်ထုတ်ဖော်လိုက်၏။

ထိုမျိုးဆက်သွေးနယ်မြေက အရမ်းကို ကြောက်စရာကောင်းလေသည်။

ပုံရိပ်ယောင်တစ်ခုသည် သက်ရှိများအားလုံးကို အထက်စီးကနေကြည့်နိုင်သည့် ဤကဲ့သို့ အင်အားကြီးမားသော စွမ်းပကားတစ်ခုကို ဖြာထုတ်ပေးနေနိုင်၏။

တစ်ချိန်တည်းမှာပင် ယွဲ့ဖုန်က တိုက်ခိုက်လိုက်ပြီဖြစ်ပြီး ဆူဇီမိုထံသို့ ပစ်ထိုးလိုက်၏။

မျိုးဆက်သွေးနယ်မြေ၏ ပေါ်ထွက်လာမှုနှင့်အတူ ထိုထိုးချက်က ကိုင်လှုပ်မရနိုင်သော စိတ်စွမ်းအားတစ်ခုနှင့် ဖျက်ဆီး၍မရနိုင်သော စွမ်းအားတစ်ခုကို ထုတ်ဖော်ထား၏။

အဲ့ဒါသည် တောင်များကဲ့သို့ ခံ့ညားထည်ဝါပြီး ပင်လယ်ရေလှိုင်းများကဲ့သို့ တလိပ်လိပ်ထိုးတက်လာ၏။

ထိုထိုးချက်က ယွဲ့ဖုန်ကို ထူးဆန်းသည့်ခံစားချက်တစ်ခုပေးနေ၏။

ဆူဇီမို၏ ဖိအားအောက်မှာ သူသည် သူစတင်ကျင့်ကြံခဲ့ကတည်းက သူထုတ်ဖော်ဖူးသမျှထဲ အသန်မာဆုံးနှင့် ပြီးပြည့်စုံသော ထိုးချက်တစ်ချက်ကို ထုတ်ဖော်လိုက်၏။ အဲ့ဒါက အလွန်တရာ စိတ်ကျေနပ်ဖွယ်ရာကောင်းလေသည်။

သူ၏ အမြုတေချီနှင့် စိတ်ဝိညာဥ်တို့က နောက်ထပ်အဆင့်တစ်ခုထိ မြင့်တက်လာခဲ့၏။

ဆူဇီမိုကလည်း နောက်ဆုတ်ခြင်းမရှိဘဲ သူ၏ အကြည့်က သိပ်သည်းကျစ်လစ်လာခဲ့၏။

သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက သူ၏ ကိုယ်ကာယအားအင်များစွာကို ပြန်လည်ရရှိနေပြီဖြစ်၏။

သူသည် သူ၏ လက်သီးကိုမြှောက်ပြီး ယွဲ့ဖုန်၏ လက်သီးကို ပစ်ထိုးလိုက်၏။

ဘန်း...

လက်သီးနှစ်လုံးက ထိတွေ့ရိုက်ခတ်ပြီး သူတို့၏ ​ခြေဖဝါးအောက်ရှိ ဧရာမအစိမ်းရောင်ကျောက်တုံးက တုန်ခါသွား၏။

သိပ်သည်းပြင်းထန်သော တုန်ခါလှိုင်းသည် ထိတွေ့ရိုက်ခတ်ရာကို ဗဟိုပြု၍ ပေါက်ကွဲထွက်ပေါ်လာပြီး အဘက်ဘက်သို့ ပြန့်ကျဲသွား၏။

ပွဲကြည့်ဧရိယာမှာ ကျင့်ကြံသူများစွာ၏ ဆံပင်ရှည်များက အနည်းငယ်လူးလွန့်သွားလေသည်။

သူတို့၏ လက်သီးများက ထိတွေ့ရိုက်ခတ်ပြီး မည်သူကမှ ​ခြေလှမ်းဝက်ပင် မဆုတ်ကြပေ။

ဆူဇီမို၏ မျက်လုံးက အထင်ကြီးသောအရိပ်အယောင်ဖြင့် ပြည့်နှက်သွား၏။

သူက စိုးရိမ်ပူပန်ရ၍ သူ၏ မျိုးဆက်သွေးချီကို အသုံးမပြု​ခဲ့သော်လည်း အနီးကပ်တိုက်ခိုက်ရည်မှာ အဆင့်-၁၀ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ စွမ်းအားအပြည့်အဝတိုက်ခိုက်မှုကို ခုခံနိုင်သည့်သူ များစွာမရှိပေ။

တစ်ဘက်မှာတော့ ယွဲ့ဖုန်က တုန်လှုပ်သွား၏။

ထိုထိုးချက်သည် သူ၏ အထွတ်အထိပ်ထိ ရောက်ရှိနေပြီဖြစ်ပြီး အဲ့ဒါက ထူးခြားအံ့မခန်း ထုတ်ဖော်မှုတစ်ရပ်ဖြစ်၏။ သူက အဲ့ဒါကို ပြန်လုပ်ရမည်ဆိုလျှင်တောင် သူသည် ဤကဲ့သို့ အထွတ်အထိပ်ခွန်အားကို ပြန်လည်ထုတ်ဖော်နိုင်ချင်မှ ထုတ်ဖော်နိုင်ပေလိမ့်မည်။

သို့သော်လည်း နောက်ဆုံးမှာတော့ ဆူဇီမိုသည် ခြေလှမ်းဝက်ပင် ဆုတ်မသွားခဲ့ပေ။

‘သူက သူ့ရဲ့ခန္ဓာကိုယ်ကို ဘယ်လိုတောင် ကျင့်ကြံထားတာလဲ’

ယွဲ့ဖုန်က ထိတ်လန့်သွား၏။

သို့သော်လည်း ဆူဇီမိုက သူ့ကို စဥ်းစားခွင့်မပေးပေ။ သူက ရှေ့သို့တက်လှမ်းပြီး သူ၏ ခြေထောက်များက မြေပြင်ကိုဖြတ်ကျော်လာသည့်အလား သူ၏ ဒူးနှစ်ဖက်ကို အနည်းငယ် ကွေးညွှတ်လိုက်၏။

ဘုန်း... ဘုန်း...

ချက်ချင်းပင် ဆူဇီမို၏ ခြေဖဝါးက မြေပြင်ပေါ်သို့ ဆင်းသက်သွားပြီး သူ၏ အော်ရာက တလိပ်လိပ်ထိုးတက်လာ၏။ သူသည် ယွဲ့ဖုန်၏ နောက်ဘက်မှာရှိသော ဧရာမတောင်၏ ပုံရိပ်ယောင်ကို နင်းချေကာ ချိုင့်ခွက်နှစ်ခုအဖြစ် ထွန်ယက်လိုက်သည့်အလားပင်။

သူ၏ လက်သီးနှစ်ဖက်ကိုဆုပ်ပြီး သူ၏ လက်ဆစ်များကို အနည်းငယ်ပြူထုတ်ထား၏။ သူ၏ ခန္ဓာကိုယ်ကို ရှေ့သို့စောင်းငဲ့ပြီး သူ၏ လက်နှစ်ဖက်ကို ပင့်ရိုက်လိုက်၏။

ယွဲ့ဖုန်၏ သူငယ်အိမ်နှစ်ဖက်က တဆတ်ဆတ်လှုပ်သွား၏။

ဟာ...

ပွဲကြည့်ဧရိယာ၏ တစ်ဖက်တစ်ချက်စီမှာ ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာပြီး ကျင့်ကြံသူများစွာကလည်း တုန်လှုပ်နေ၏။

လူတိုင်းအတွက်တော့ ဆူဇီမို၏ ပုံရိပ်က အစိမ်းရောင်ကျောက်တုံးတိုက်ပွဲကွင်းပေါ်ကနေ ပျောက်ကွယ်သွားသည့်အလားပင်။

ဆူဇီမို၏ နေရာမှာ ကြီးမား၍ ကြမ်းကြုတ်ခက်ထန်သော နွားရိုင်းသားရဲတစ်ကောင်က ပေါ်ထွက်လာ၏။

၎င်းက ထက်ရှသောဦးချိုတစ်စုံကိုမြှောက်ပြီး ယွဲ့ဖုန်ကို ပစ်ဆောင့်ချလိုက်၏။

ထိုဦးချိုတစ်စုံက အရာရာတိုင်းကို ထိုးဖောက်နိုင်ပုံရလေသည်။

ဘေးကနေရပ်ကြည့်နေသူများပင်လျှင် ချောက်ချားစရာကောင်းသောအော်ရာတစ်ခုကို အာရုံခံမိနိုင်ကြ၏။

တိုက်ပွဲမြေပြင်မှာရောက်ရှိနေသော ယွဲ့ဖုန်ကပို၍ပင် ကြီးမားသောဖိအားကို ခံစားနေရ၏။ သူက သူ၏လက်ကို ဆန့်ထုတ်ပြီး ဦးချိုတစ်စုံကို တင်းကျပ်စွာဆုပ်ကိုင်လိုက်၏။

သို့သော်လည်း နွားရိုင်းသားရဲ၏ ပြေးဝင်လာသောအရှိန်အဟုန်စွမ်းအားက အရမ်းကိုကြမ်းကြုတ်ခက်ထန်နေ၏။ သူက စွမ်းအားအများစုကို ချေဖျက်နိုင်လိုက်သော်လည်း ဦးချိုက သူ၏ ရင်ဘတ်ကို ထိခတ်သွားဆဲဖြစ်၏။

“အင်း...”

ယွဲ့ဖုန်က ခပ်သဲ့သဲ့ ညည်းတွားပြီး သူ့ဂိုဏ်း၏ လျှို့ဝှက်အတတ်ကို အလောတကြီး လှည့်ပတ်လိုက်၏။

သူ၏ အရေပြားနှင့် အသားက ကျောက်သားများကဲ့သို့ မနှိုင်းယှဥ်သာအောင် မာကြောလာခဲ့၏။

ဦးချိုက သူ၏ ရင်ဘတ်နှင့် ထိခတ်သောအခါ သတ္တုချင်းထိခတ်သံကထွက်ပေါ်လာပြီး မီးပွားများက စင်ထွက်သွား၏။

ယွဲ့ဖုန်သည် ထိုတိုက်ခိုက်မှုကို ခုခံလိုက်နိုင်ပုံရသော်လည်း သူ၏ ရင်ဘတ်က တဆစ်ဆစ်နာကျင်သွားပြီး သူကဒယီးဒယိုင်ဖြင့် ခြေတစ်လှမ်းဆုတ်ပေးလိုက်ရလေသည်။

ရုတ်တရက်ဆိုသလို...

ဆူဇီမို၏ ပုံရိပ်က နောက်တစ်ဖန်ပျောက်ကွယ်သွား၏။

ယွဲ့ဖုန်က ရင်တစ်ချက်ထိတ်သွားပြီး အေးစက်နေသောလေပြေတစ်ချက် သူ၏ နောက်ဘက်ကနေ တိုက်ခတ်လာသည်ဟု ရုတ်တရက်ခံစားရကာ သူက တစ်စုံတစ်ရာလွဲမှားနေသည်ကို နားလည်သဘောပေါက်လိုက်၏။

ဆူဇီမိုက သူ၏ ခန္ဓာကိုယ်ကို အနာကွန်ဒါတစ်ကောင်ကဲ့သို့ ဝပ်ချပြီး ရှေ့သို့လျှောထိုးကာ ယွဲ့ဖုန်၏ နောက်ဘက်သို့ တစ်ခဏချင်းမှာပင် ရောက်ရှိသွား၏။

ရုတ်တရက် ဆူဇီမို၏ ခန္ဓာကိုယ်က ယွဲ့ဖုန်၏ ခန္ဓာကိုယ်ကို နူးညံ့ညင်သာစွာဖြင့် ရစ်ပတ်လိုက်၏။

ကျင့်ကြံသူများစွာ၏ မျက်လုံးထဲမှာ ဆူဇီမိုကို ဆက်လက်၍ မတွေ့မြင်ရတော့ပေ။ သူတို့သည် ဧရာမအနာကွန်ဒါတစ်ကောင်က အစိမ်းရောင်ကြာပန်း တိုက်ပွဲကွင်းပေါ်မှာ ဧရာမတောင်၏ ပုံရိပ်ယောင်ကို တင်းကျပ်စွာရစ်ပတ်နေသည်ကိုသာ တွေ့မြင်ရတော့၏။

အနာကွန်ဒါ၏ ခန္ဓာကိုယ်က အဆက်မပြတ် ပြန့်ကားလာပြီး ဧရာမတောင်၏ ပုံရိပ်ယောင်က အဆက်မပြတ် ဖျစ်ညှစ်ခံရာက အက်ကွဲသံများက ထွက်ပေါ်လာ၏။

ယွဲ့ဖုန်သည် မွန်းကျပ်ဖွယ်ရာခံစားလာရပြီး သူ၏ အရိုးများက ကွဲထွက်ကုန်တော့မည်ဟုထင်ရ၏။

မွန်းကျပ်ဖွယ်ရာကောင်းသောခံစားချက်သည် သူ၏ ခန္ဓာကိုယ်ကနေသာ လာခြင်းမဟုတ်ပေ။ သူ၏ အမြုတေစိတ်ဝိညာဥ်ကလည်း အချိန်မရွေးသေဆုံးသွားနိုင်သည့်အလား ကြီးမားသည့်ဖိအားတစ်ရပ်ကို ခံစားနေရ၏။

အနာကွန်ဒါက ၎င်း၏ ဦးခေါင်းကိုမော့ပြီး ဟိန်းဟောက်လိုက်၏။ ၎င်း၏ ကြီးမားသော ပါးစပ်အပေါ်မှီခိုပြီး အဆုံးမဲ့အမြုတေချီနှင့် နေလအမြုတေကို စုပ်ယူဝါးမျိုလိုက်၏။ ၎င်း၏ ခန္ဓာကိုယ်က ပြန့်ကားလာပြီး နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲတော့မည့်အလား ၎င်း၏ ဦးခေါင်းက ပြူထွက်လာခဲ့၏။

ဘုန်း.. ဘုန်း... ဘုန်း...

နောက်ဆုံးမှာတော့ ဧရာမတောင်၏ ပုံရိပ်ယောင်က ဆက်လက်၍တောင့်မခံနိုင်တော့ပေ။

ယွဲ့ဖုန်၏ အမြုတေစိတ်ဝိညာဥ်ကလည်း သူ၏ အသိစိတ်ထဲကနေ လွတ်မြောက်လာခဲ့၏။

All Chapters