← Chapters

အပိုင်း (၂၂၅)

Vol. 16 Ch. 225

အပိုင်း (၂၂၅)

Vol. 16 Ch. 225

"ငရဲကိုးကောင် နတ်ဆိုးဂိုဏ်း ဟုတ်လား"

ရမ်ချင်းတု၏ မျက်လုံးများသည် လင်းလက်သွားခဲ့၏။ သူ၏ စိတ်အခြေအနေ တစ်ခုလုံးသည်လည်း ကြီးကြီးမားမား လှုပ်ရှားသွားခဲ့၏။ အပြင်ဖက်သို့ ထွက်ရန် ပြင်ဆင်နေသည့် သူ၏ခြေလှမ်းများသည်လည်း ရပ်တန့်သွားခဲ့၏။

တော်ဝင်ဓားဂိုဏ်းနှင့် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းတို့သည် ရန်သူများဟု သတ်မှတ်နိုင်၏။ တစ်ခုအား လမ်းမှန်ဂိုဏ်းဟု ရည်ညွှန်းကာ အခြားတစ်ခုအား အမှောင်ဂိုဏ်းဟု ရည်ညွှန်းနိုင်၏။ ၎င်းတို့ကြားတွင် ပဋိပက္ခများ တော်တော်များများ ဖြစ်တည်ခဲ့သည်။

အချိန်တော်တောများများ တော်ဝင်ဓားဂိုဏ်းသည် အထက်အစီးမှ နေခဲ့၏။ ၎င်းတို့သည ဓားကျင့်ကြံသူများ ဖြစ်သောကြောင့် အဆင့်တူတိုက်ခိုက်ခြင်းမျိုးတွင် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းသည် မည်သို့မှ မယှဉ်နိုင်ခဲ့ချေ။ ထို့ကြောင့် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်း၏ အားအင်အဆင့်သည် သူတို့နှင့် နှိုင်းယှဉ်၍ မရနိုင်ဟု တော်ဝင်ဓားဂိုဏ်းက ယုံကြည်ထားခဲ့၏။ သို့ပေမဲ့ အချိန်အတိုင်းအတာ တိုတစ်ခုအတွင်း မည်သူ ထင်မှတ်မိမည်နည်း။ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းသည် ချက်ချင်းဆိုသလိုပဲ တိုးတက်လာခဲ့၏။

ပထမဆုံး ၎င်းတို့၌ ကွာစီအင်ပါယာတစ်ယောက် ရှိနေသည် ဆိုသော သတင်း ပေါ်ပေါက်လာခဲ့၏။ ယခု ၎င်းတို့၌ အင်ပါရီယန် လက်နက်ကလည်း ပိုင်ဆိုင်လို့နေခဲ့သေး၏။ ထို့ကြောင့် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းနှင့် တော်ဝင်ဓားဂိုဏ်းတို့သည် ပြောင်းပြန် ဖြစ်တည်သွားခဲ့၏။ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းအနေဖြင့် ၎င်းတို့ကို ဖျက်ဆီရန်အတွက် လုံလောက်သည့် အားအင်ကို ပိုင်ဆိုင်နေပြီ ဖြစ်လေသည်။

ရမ်ချင်းတုသည် ဂိုဏ်း၏ ဘိုးဘေးဆီသို့ သတင်းပေးပို့လိုက်ပြီး ဘိုးဘေးဆီမှ စကားပြန်ကို ရရှိပြီးနောက် ် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်၏။ တော်ဝင်ဓားဂိုဏ်း၏ အနာဂတ်အတွက် သူ အားအင်စိုက်ထုတ်မှ ဖြစ်ပေလိမ့်မည်။

သူ့အနေဖြင့် လင်းရှောင်နှင့် မုန့်ရှင်းကျီတို့၏ တိုက်ပွဲသည် မည်ကဲ့သို့ အဆုံးသတ်မည်ကို ကြည့်ရှုရန်လည်း လိုအပ်နေသေး၏။ မုန့်ရှင်းကျီသည်သာ သေဆုံးခဲ့ပါက ငရဲကိုးကောင် နတ်ဆိုးဂိုဏ်း၌ ကွာစီအင်ပါယာတစ်ယောက် မရှိတော့ချေ။ တော်ဝင်ဓားဂိုဏ်း ခံယူနေရသည့် ဖိအားသည် အနည်းငယ် သက်သာသွားနိုင်သည်ဟု ဆိုရမည်။ ထိုသို့ဆိုလျှင် အင်ပါရီယန်လက်နက်နှင့် ပတ်သက်သည့် သတင်းအချက်အလက်ကို ဝယ်ယူရန်အတွက် မလိုအပ်သေးချေ။

မုန့်ရှင်းကျီသာ အသက်ရှင်နေသေးသည် ဆိုပါက တော်ဝင်ဓားဂိုဏ်းအနေဖြင့် အင်ပါရီယန်လက်နက်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ကျိန်းသေပေါက် ဝယ်ယူရပေတော့မည်။

"စီနီယာ …. လင်းရှောင်နှင့် မုန့်ရှင်းကျီတို့ရဲ့ ကြားမှာ ဖြစ်ပေါ်လာနိုင်တဲ့ ရလာဒ်က ဘယ်လိုဖြစ်မယ်လို့ ထင်လဲ" ရမ်ချင်းတုသည် အသာပင် မေးမြန်းလိုက်၏။

"ရလာဒ်ကို သိချင်လား။ သူတော်စင်အဆင့် ပစ္စည်းသုံးခု"

လီယွင်သည် အမှတ်မထင်ပဲ ပြန်လည်ကာ ပြောဆိုလိုက်၏။

ကွာစီအင်ပါယာနှစ်ယောက်၏ တိုက်ပွဲသည် များပြားလှသည့် ဂိုဏ်းအသီးသီးတို့၏ အာရုံစူးစိုက်ရာ ဖြစ်လာခဲ့၏။ ဤနေရာတွင် တစ်စုံတစ်ယောက် သေဆုံးခြင်းသည် ကြီးမားလှသည့် အပြာင်းအလဲကို ဖြစ်တည်စေနိုင်၏။ တော်စင်သူတော်စင်အဆင့် ပစ္စည်းသုံးခု ဆိုသည်မှာ စျေးကြီးလှသည်ဟု သတ်မှတ်၍ မရနိုင်ချေ။

ရမ်ချင်းတု၏ မျက်နှာပေါ်ရှိ ကြွက်သားများသည် တုန်ယင်သွားခဲ့၏။ လက်ဖြင့် ပါးစပ်ကို ပိတ်လုမတန်ပင် ဖြစ်သွားခဲ့၏။ သူ၏နှလုံးခုန်နှုန်းများသည် ပိုမိုကာ မြန်ဆန်လာခဲ့၏။ ခန္ဓာကိုယ်ထဲမှ နှလုံးသည် ပါးစပ်မှ ပြန်ထွက်ကျလုမတန်ပင် ဖြစ်သွားခဲ့၏။ အချိန်ခဏလောက် စောင့်လိုက်လျှင် ရလာဒ်ကို သိရှိနိုင်မည် ဖြစ်၏။ အဘယ့်ကြောင့် များပြားလွန်းသည့် အရင်းအမြစ်များကို ထုတ်ဖော်ကာ အသုံးပြုရမည်နည်း။

"တကယ်လို့ ကြိုတင်သိရှိတယ် ဆိုရင် တော်ဝင်ဓားဂိုဏ်းအနေနဲ့ စီစဉ်စရာရှိတာကို စီစဉ်နိုင်တယ်လေ။ " လီယွင်သည် အဆိုပြုလိုက်၏။

"မလိုဘူး မလိုဘူး"

ရမ်ချင်းတုသည် လက်ကို အထပ်ထပ်အခါခါ ယမ်းခါလိုက်၏။ သူသည် အနည်းငယ် စောင့်ဆိုင်းပြီးနောက် အင်ပါရီယန် လက်နက် နှင့် ပတ်သက်သော သတင်းအချက်အလက်ကို ဝယ်ယူကောင်း ဝယ်ယူမိပေလိမ့်မည်။

ကွာစီအင်ပါယာတစ်ယောက် ၏ တိုက်ပွဲကို ကြိုတင်သိရှိခြင်းမှာ သူ့အတွက် များများစားစား အသုံးဝင်လှသည့် အရာတစ်ခု မဟုတ်ချေ။ မုန့်ရှင်းကျီ သေဆုံးသွားလျှင်တောင်မှ တော်ဝင်ဓားဂိုဏ်းသည် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းနှင့် ရင်ဆိုင် တိုက်ခိုက်နိုင်ရန်အတွက် လုံလောက်သည့် အားအင် အဆင့်မရှိသေးချေ။ ထို့ကြောင့် တစ်ဖက်ဂိုဏ်းတစ်ခုလုံးအား တစ်ခါတည်း သုတ်သင်ရှင်းလင်းရန် ဆိုသည်မှာ မည်သို့မှ ဖြစ်နိုင်သည့် ကိစ္စ မဟုတ်ချေ။ အကယ်၍ လင်းရှောင်သေဆုံးသွားပါက ဝယ်ယူခဲ့သည့် သတင်းအချက်အလက်သည် ပိုမို၍ပင် အသုံးမဝင် ဖြစ်ပေလိမ့်မည်။

……..

အခြေအနေသည် ကုန်လွန်သွားခဲ့၏။ သုံးရက်ကြာပြီးသည့် နောက်မှာတော့ တလောကလုံးဆီသို့ ကြောက်မက်ဖွယ်ကောင်းသည့် သတင်းအချက်အလက်တစ်ခု ပျံ့လွင့်သွားခဲ့၏။ လင်းရှောင်သည် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်း၏ တောင်အကာအကွယ် အစီအရင်ကို တိုက်ခိုက်ခဲ့ပြီး တောင်ဂိတ်တံခါးပင် ကွဲကြေသွားစေခဲ့၏။ အလုံးစုံ ပျက်စီးသွားခဲ့သည် မဟုတ်တောင်မှ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းအနေဖြင့် ကြီးမားသည့် ကပ်ဘေးကို ရင်ဆိုင်ခဲ့ရ၏။

ထိုအချိန်မှာတော့ မုန့်ရှင်းကျီသည် အပြင်သို့ ထွက်လာခဲ့ပြီး လင်းရှောင်နှင့် တစ်ယောက်ချင်း တိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်သည့် အတောအတွင်း မုန့်ရှင်းကျီသည် ရောင်စဉ်အလင်းနတ်နယ်မြေမှ ရရှိခဲ့သည့် အင်ပါရီယန် လက်နက် ကို ထုတ်ဖော်ကာ အသုံးမပြုခဲ့ချေ။

ထိုလက်နက်ကို ကိုင်ဆောင်ခဲ့ဖူးသည့် ကွာစီအင်ပါယာတစ်ယောက်နှင့် တိုက်ခိုက်ခဲ့ခြင်းမှာ ကောင်းမွန်သည် မဟုတ်ချေ။ သူ လကနက်ကို ဆင့်ခေါ်လိုက်သည်နှင့် တစ်ပြိုင်နှက် တစ်ဖက်လူသည် ထိုအရာကို လွယ်လွယ်ကူက နှင့် ယူဆောင်သွားနိုင်၏။

၎င်းတို့နှစ်ယောက် သုံးရက်တိတိ အပြင်းအထန် တိုက်ခိုက်ခဲ့ပြီးသည့်နောက်မှာတော့ ကောင်းကင်ယံရှိ ဥက္ကာခဲများ ကြေကျကုန်သည်။ ကွာစီအင်ပါယာများ၏ တိုက်ခိုက်မှုသည် မိုင်သန်းနှင့်ချီသော အကွာအဝေးကိုပင် ထိခိုက်စေခဲ့သည်။

သက်ရှိသတ္တဝါ အားလုံးတို့သည် ခန္ဓာကိုယ်များ တုန်ယင်လျက် ရှိနေ၏။ တိုက်ပွဲနယ်မြေအတွင်း ရှိနေသည့် လူများသည် အသက်ရှုမဝသလိုပင် ဖြစ်လာကြ၏။ တိုက်ပွဲသည် အရမ်းကြမ်းတမ်းသည်ဟု ဆိုရပေလိမ့်မည်။ တည်နေရာကြီး တစ်ခုလုံးပင်လျှင် လှုပ်ခါလျက် ရှိနေ၏။ အဝေးတစ်နေရာဆီမှ လှမ်းကြည့်လိုက်လျှင်တောင်မှ ကွာစီအင်ပါယာ တစ်ယောက်၏ သွေးများ ကျဆင်းလာသည်ကို မြင်နိုင်၏။ ရေတွက်၍မရအောင် များပြားသည် တောင်ငယ်များသည် အစိတ်စိတ်အမွှာမွှာ ဖြစ်ကုန်ပြီး တည်နေရာကြီး တစ်ခုလုံးသည် ပျက်စီးခဲ့၏။

သုံးရက်ကြာ တိုက်ခိုက်ပြီးသည့်နောက်မှာတော့ မုန့်ရှင်းကျီသည် ငရဲကိုးကောင် နတ်ဆိုဂိုဏ်းဆီသို့ သွေးအလိမ်းလိမ်းဖြင့် အားပြတ်စွာ ပြန်လာခဲ့သည်။

သူတော်စင်တစ်ယောက် ဖြစ်သော ဝမ်းကျန်းရန်သည် မုန့်ရှင်းကျီ၌ ခြေထောက်တစ်ဖက်နှင့် လက်တစ်ဖက် မရှိတော့ကြောင့် မျက်စိဖြင့် တပ်အပ် မြင်ခဲ့ရ၏။ တကိုယ်လုံး သွေးအလိမ်းလိမ်းနှင့် ဖြစ်တည်လျက် ရှိနေပြီး အရိုးများပင် ပေါ်ထွက်လျက် ရှိနေ၏။

ကွာစီအင်ပါယာတစ်ယောက်၏ အားအင်အဆင့်နှင့်တောင်မှ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို အလုံးစုံ ပြန်ကောင်းရန် မပြုလုပ်နိုင်ခဲ့ချေ။ ဤတိုက်ပွဲ၏ သတင်းသည် နေရာအနှံ့သို့ ပျံ့နှံ့သွားပြီးသည့်နောက် လူများအားလုံးသည် ကြီးကြီးမားမား တုန်လှုပ်ကုန်ကြသည်။

လင်းရှောင်၏ တိုက်ပွဲသည် ကွာစီအင်ပါယာ တစ်ယောက်၏ အားအင်ကို လူသားများ နားလည်စေနိုင်သော ပထမဆုံး တိုက်ပွဲပင် ဖြစ်လေ၏။ ပထမဆုံး သူသည် ကြက်သွေးရောင် မီးတောက် ရှေးအင်ပါယာ စိတ်ဆန္ဒအမျှင်၏ တိုက်ခိုက်ချက်ကို ခံယူ၏။ အနိုင်ရအောင် တိုက်ခိုက်နိုင်ခဲ့ပြီးနောက် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းကို တဆက်တည်း ဖျက်ဆီးနိုင်ခဲ့၏။

မုန့်ရှင်းကျီကိုပင် ကြီးကြီးမားမား ဒဏ်ရာရအောင် ပြုလုပ်ခဲ့သေးသည်။ သမိုင်းတွင် ထိုကဲ့သို့သော အောင်မြင်မှုမျိုးကို မည်သည့်အင်ပါယာမှ မပြုလုပ်နိုင်ခဲ့ချေ။

"လင်းရှောင်က တော်ဝင်အင်ပါယာတစ်ယောက် ဖြစ်လာမှာလား"

"သူက အားလုံးရဲ့အထက်မှ တည်ရှိနေနိုင်တာပဲလေ။ "

ရီကလန်နှင့် တခြားကလန်များတွင် ရှိနေသော ကွာစီအင်ပါယာများသည် တုန်လှုပ်နေကြပြီး စိတ်ပျက်မှုကိုလည်း ခံစားနေမိကြသည်။ ထို့အတူ ချီးလည်း ချီးကျူးနေမိကြသည်။

သူတို့သာ ဆိုပါက ကြက်သွေးရောင် မီးတောက်နယ်မြေမှ တိုက်ခိုက်ချက်ကို ရင်ဆိုင်ပြီးသည့်နောက် တဆက်တည်း ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းကို တိုက်ခိုက်ရန် ဆိုသည်မှာ မဖြစ်နိုင်ချေ။ မုန့်ရှင်းကျီကို ဆိုးဆိုးရွားရွား ထိခိုက်အောင် ပြုလုပ်ရန်မှာ ဝေလာဝေးပင် ဖြစ်လေ၏။

မုန့်ရှင်းကျီ နှင့် တိုက်ပွဲမစခင်က ထူးထွေပြီး ချီးကျူးလောက်စရာ မဟုတ်ခဲ့သော်လည်း လက်ရှိ အချိန်မှာတော့ လင်းရှောင်သည် အားလုံး အံ့အားသင့်ရသောသူ ဖြစ်လာခဲ့သည်။ ထို့အပြင် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်း၏ ကွာစီအင်ပါယာ အဆင့် တောင်ကာကွယ်ခြင်း အစီအရင်ကိုလည်း ဖျက်ဆီးခဲ့သေး၏။ ဤမျှလောက်နှင့် မကသေးပေ။ မုန့်ရှင်းကျီ အား ဆိုးဆိုးရွားရွား အခြေအနေမျိုးရောက်အောင် တိုက်ခိုက်ပြီးနောက် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အားအင်ကို ပိုင်ဆိုင်သူဖြစ်ကြောင်း လင်း‌ရှောင်က သက်သေပြခဲ့သည်။

All Chapters