← Chapters

အပိုင်း (၂၂၉)

Vol. 16 Ch. 229

အပိုင်း (၂၂၉)

Vol. 16 Ch. 229

"စီနီယာ ဟုတ်လား"

ထိုစကားကို ကြားရသည့် အချိန်မှာတော့ သူ၏စိတ်ထဲတွင် ရှိနေသည့် မသေချာ၊ မရေရာမှုများသည် ပျောက်ကွယ်သွားခဲ့သည်။ စနစ်သည် အမှန်ပင် ယုံကြည်ရလွန်း၏။

"ခင်ဗျားကိုသတ်ဖို့ဆိုတာ ကျုပ်လက်ကို ပြောင်းပြန်လှန်ရသလိုပဲ အရမ်းကို လွယ်ကူတယ်" လီယွင်သည် မထူးခြားသလို ခပ်တည်တည်ဖြင့် ပြောလိုက်သည်။

ထိုစကားကို ကြားရသည့် အခါမှာတော့ လင်းရှောင်သည် နှလုံးသားတစ်ခုလုံး ကြောက်လန့်မှုများနှင့် ပြည့်နှက်သွားခဲ့၏။ စီနီယာပြောသည်မှာ အမှန်ပင် ဖြစ်တော့၏။ သူ့အား အားအင်စိုက်ထုတ်မှု တစ်ချက်ကလေးမှ မရှိဘဲနှင့် လွယ်လွယ်ကူကူ ဖိနှိပ်ခဲ့၏။ တော်ဝင်အင်ပါယာနှင့် ကွာစီအင်ပါယာ၏ ကြားတွင် အဆင့်တစ်ဆင့်သာ ကွာခြားသည် ဆိုသော်လည်း အားအင်ကွာခြားချက်မှာ ကြီးမားလွန်းလှ၏။

ရေတွက်၍မရသော ကျင့်ကြံသူများသည် သူတို့၏ တစ်ဘဝလုံး ကြိုးစားကာဖြင့် ထိုတံတားကို ကူးဖြတ်ရန် ကြိုးစားခဲ့ဖူးသည်။ သို့ပေမဲ့ ထိုအရာသည် ကူးဖြတ်နိုင်ရန် ခက်ခဲလှချေ၏။ ထို့ကြောင့် အင်ပါယာတစ်ယောက်ကို တိုက်ခိုက်ရန် ဆိုသည်မှာ သူ၏ အတွေးထဲတွင် လုံးဝမရှိသော အရာပင် ဖြစ်၏။ စီနီယာ၏ ညှာတာမှုကြောင့်သာ မဟုတ်ပါက လက်ရှိအချိန်၌ သူ သေဆုံးနေလောက်ပေမည်။

သူသည် အဘယ့်ကြောင့် တော်ဝင်သဲကန္တာရမြို့ဆီသို့ လာရောက်ကာ လက်စားချေရန် ကြိုးစားရသနည်း။ ရောင်စဉ်အလင်းတန်းနယ်မြေ၏ နတ်အရှင်ကြောင့်များလား။ သူ၏အစစ်အမှန် ရန်သူများသည် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင်နတ်ဆိုးနန်းတော်တို့ မဟုတ်ပါလား။ ယခု သူသေဆုံးသွားပါက ရောင်စဉ် အလင်းတန်းနယ်မြေအတွက် မည်သူ လက်စားချေပေးတော့မည်နည်း။

ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းသည် ဆိုးဆိုးရွားရွား ထိခိုက်ခဲ့သည် ဆိုသော်လည်း တည်ရှိလို့တော့ နေသေး၏။ အစစ်အမှန် လက်သည်ဖြစ်သည့် ကောင်းကင်နတ်ဆိုးနန်းတော်ကို တရားမျှမှု ရှာဖွေရန်အတွက် လိုအပ်နေသေး၏။ ထိုအရာကို တွေးမိသည့် နောက်မှာတော့ လင်းရှောင်သည် ချွေးစေးများပင် ပြန်လာခဲ့၏။

သူသည် အမှန်ပင် ခြေလှမ်းမှားခဲ့သည်။ ရောင်စဉ်အလင်း နတ်နယ်မြေအတွက် လက်စားမချေနိုင်ရုံသာမက သူ၏ ကျင့်ကြံခြင်းများပင်လျှင် ပျောက်ကွယ်သွားကြောင်း ခံစားမိလိုက်သည်။

"အသက် ချမ်းသာပေးတဲ့အတွက် စီနီယာကို ကျေးဇူးတင်ပါတယ်" လင်းရှောင်သည် လေးလေးစားစားဖြင့် သူ၏ သဘောထားကို ထုတ်ဖော် ပြသလိုက်၏။

“အင်း” လီယွင်က ခေါင်းညိတ်လိုက်သည်။ လင်းရှောင်၏ ကိုယ်ရေးအကျဉ်းသည် သူ၏ ရှေ့၌ ပေါ်ပေါက်လာ၏။ လီယွင်သည် စနစ်၏ လုပ်ဆောင်နိုင်မှုနှင့် အံ့အားမသင့်ဘဲ မနေနိုင်တော့ချေ။ လင်းရှောင်၏ ကောင်းကင်လျှို့ဝှက်နန်းဆောင်အပေါ်သို့ ထားရှိသည့်အမြင်များသည် တစ်ရာ့ရှစ်ဆယ် ဒီဂရီ ပြောင်းလဲသွားခဲ့၏။ လင်းရှောင်၏ အတွေးများသည် လုံးဝပြောင်းလဲ သွားရုံသာမက သူ့အပေါ် ထားရှိသည့် စိတ်နေစိတ်ထား အားလုံးသည်ပါ ပြောင်းလဲသွားခဲ့သည်။

"ကောင်းကင်လျှို့ဝှက် နန်းဆောင်ကို ယှဉ် ပြိုင်ပြီး တိုက်ခိုက်ရဲတယ်ဆိုတော့ ကျုပ်ပြောချင်တယ်။ ခင်ဗျားဆီမှာ ကြီးမားတဲ့ သတ္တိတွေ ရှိနေတာပဲ။ ကျုပ်က ခင်ဗျားရဲ့ အသက်ကို ချမ်းသာပေးလိုက်တယ် ဆိုပေမဲ့ ဒီကိစ္စကို လွယ်လွယ်ကူကူနဲ့ ဖြေရှင်းလို့ရမှာ မဟုတ်သေးဘူး။ " လီယွင်သည် ခမ်မာမာ ပြောဆိုလိုက်၏။

သူ၏အကြည့်များသည် စူးရှလျက် ရှိနေသေးသည်။ သူသည် လင်းရှောင်၏ စိတ်အခြေအနေ တစ်ခုလုံးကို ပြန်လည်ပြောင်းလဲခဲ့ပြီးပြီ ဖြစ်၏။ ဝိညာဉ်ကို ထိန်းချုပ်ထားသည် ဆိုလျှင်တောင်မှ လင်းရှောင်သည် စွမ်းအားမြင့် ကျင့်ကြံသူတော့ ဖြစ်နေသေးသည်။

"အမှန်ပါပဲ"

လင်းရှောင်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် တုန်ယင်သွားခဲ့၏။ သူသည် နာကျင်မှုကို ခံစားနေရ၏။ သူပြုလုပ်ခဲ့သည့် အရာအားလုံးအတွက ပြန်လည်ပေးအပ်ရန် ဆုံးဖြတ်ခဲ့ပြီးသား ဖြစ်၏။

"ဂျူနီယာ့အနေနဲ့ စီနီယာ ဘယ်လိုအပြစ်မျိုး ပေးမလဲဆိုတာ မသိပေမဲ့ ကျေကျေနပ်နပ်ကြီး လက်ခံမယ်လို့ စိတ်ကူးထားပါတယ်" လင်းရှောင်သည် လက်သီးကိုဆုပ်ကာ ပြောလိုက်သည်။

"အရမ်းကောင်းတယ်"

လီယွင်သည် မတ်တပ်ထရပ်ပြီးသည့်နောက် လင်းရှောင်ဆီသို့ လျှောက်လိုက်၏။ ပြီးနောက် တည်ငြိမ်စွာပင် ပြောလိုက်၏။ "ဒီနေ့ကစပြီး နှစ်တစ်သန်းအထိ ခင်ဗျားက လျို့ဝှက်ကောင်းကင်နန်းတော်အတွက် အလုပ်အကျွေး ပြုရမယ်။ ဒါကို မလိုက်နာဘူးဆိုရင် ခင်ဗျားရဲ့အသက်၊ ခင်ဗျားရဲ့ ဝိညာဉ် တစ်ခုလုံးကို ပျောက်ကွယ်သွားအောင် လုပ်ပစ်မယ်"

"နှစ်တစ်သန်း ဟုတ်လား"

လင်းရှောင်၏ မျက်လုံးမျသည် ပြူးကျယ်သွားခဲ့၏။ သူသည် ဇဝေဇဝါ အမူအရာဖြင့် လမ်းကာကြည့်ရှုလိုက်၏။ သူသည် ငြင်းပယ်လိုက်ချင်၏။ သိူ့ပေမဲ့ မည်ကဲ့သို့ ပြောရမည်ကိုပင် ကောင်းကောင်းမသိချေ။

"အင်း … နှစ်တစ်သန်း အတိအကျပဲ"

လီယွင်က ပြောဆိုလိုက်၏။ သူ၏အသံများသည် အေးစက်လျက် ရှိနေပြီး မည်သည့်နွေးထွေးမှုမှ မရှိပေ။ "ခင်ဗျား မှတ်မိပြီလား။ "

“ဂျူနီယာ သေသေချာချာ မှတ်ထားပါမယ်" လင်းရှောင်သည် ဦးညွှတ်ကာ ပြောဆိုလိုက်၏။

သို့ပေမဲ့ နှစ်တစ်သန်းဆိုသည်မှာ သူ၏လက်ရှိကျင့်ကြံခြင်းဖြင့် မသေချာ၊ မရေရာသော နှစ်ကာလပင် ဖြစ်၏။ သဘောတူညီမှုကို လက်ခံလိုက်လျှင်တောင်မှ သက်တမ်းမပြည့်မီ သေဆုံးသွားနိုင်သည်။

"စိတ်ချ ….. ခင်ဗျား ကောင်းကင်လျှို့ဝှက် နန်းဆောင်အတွက် နှစ်တစ်သန်းတိတိ အလုပ်အကျွေးပြုရမယ်လို့ ကျုပ်ပြောခဲ့ပြီးပြီ ဆိုမှတော့ အဲအချိန်မရောက်မချင်း ခင်ဗျားကို ကျုပ်သေခွင့်ပေးမှာ မဟုတ်ဘူး" လီယွင်သည် အမှတ်တမဲ့ ပြောဆိုလိုက်၏။

လင်းရှောင်၏ အားအင်အဆင့်သည် ပြောနေစရာပင် မလိုချေ။ ကြက်သွေးရောင် ရှေးအင်ပါယာ၏ စိတ်ဆန္ဒမျှင်တစ်ခုကိုပင် ရင်ဆိုင်နိုင်ခဲ့၏။ ထို့အပြင် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းကိုလည်း တဆက်တည်း ဝင်ရောက် မွေနှောက်ခဲ့သေး၏။ တော်ဝင်အင်ပါယာ၏ အဆင့်ဆီသို့ မကြာခင်ရောက်ရှိလိမ့်မည်ဖြစ်ကြောင်း အားလုံးက သိရှိပြီး ဖြစ်လိမ့်မည်။ မှန်ကန်သည့် လမ်းညွှန်မှုကိုသာ တစ်ခု၊ နှစ်ခုလောက်ကိုသာ ရရှိပါက လင်းရှောင်တစ်ယောက် တော်ဝင်အင်ပါယာ ဖြစ်လာမည်မှာ မလွဲဧကန်ပင်။

အနာဂတ်တွင် သူ၏ အမိန့်ပေးမှုအောက်၌ အင်ပါယာတစ်ယောက် ရှိနေခြင်းသည် ကောင်းမွန်သည့် အရာပင် ဖြစ်၏။ လင်းရှောင်ကိုသာ ပိုင်ဆိုင်ထားပါက သူမရောက်ရှိနိုင်သည့် နေရာအားလုံးကို လင်းရှောင်အား သွားရောက်ရန် စေခိုင်းနိုင်၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်တွင် အလွန်အားကောင်းလှသည့် စွမ်းအားမြင့်ကျင့်ကြံသူ တည်ရှိနေသည် ဆိုပါက ကောင်းမွန်သည့် အရာဖြစ်သည် မဟုတ်ပါလား။

နှစ်တစ်သန်း …. ထိုနှစ်တစ်သန်းအတွင်း လင်းရှောင်သည် သူ၏ ညာလက်ရုံးအဖြစ် တည်ရှိနေမည် ဖြစ်၏။ သူ့၌ ရန်သူများ ရှိနေပါက ကောင်းကင်လျှို့ဝှက် နန်းဆောင်တွင် ထိုင်၍ ငြိမ်ကြည့်နေစရာ မလိုတော့ချေ။

"စီနီယာရဲ့ ညှာတာမှုအတွက် ကျုပ် တကယ် ကျေးဇူးတင်မိပါတယ်။ နောက်နှစ်ပေါင်း တစ်သန်းအတွင်းမှာ ကျိန်းသေပေါက် မေးခွန်းမထုတ်ဘဲ စီနီယာရဲ့ အမိန့်ကို နာခံပါ့မယ်။ ဒါပေမဲ့ ….."

လင်းရှောင်သည် ခဏရပ်တန့်လိုက်၏။ ပြီးနောက် လီယွင်ကို လှမ်းကြည့်ကာ တီးတိုးပြောလိုက်၏။

"ဂျူနီယာဆီမှာ ရောင်စဉ်အလင်းနတ်နယ်မြေ ဖျက်စီးခံရခြင်းနဲ့ ပတ်သက်တဲ့ ရန်ငြိုးတွေ တည်ရှိနေပါသေးတယ်။ ဒါကြောင့် စီနီယာ့အနေနဲ့ …"

"လက်ခံတယ်" လီယွင်သည် လင်းရှောင်ပြော၍ မပြီးသေးခင်မှာဘဲ ဖြတ်ပြောလိုက်သည်။

"တော်ဝင်သဲကန္တာရမြို့ကို မရောက်လာခင်မှာ စီနီယာ့အကြောင်းကို ကြားခဲ့ပါတယ်။ ဂိုဏ်းတစ်ခုရဲ့ အကာအကွယ် အစီအရင်ကို ဖျက်ဆီးနိုင်စွမ်း စီနီယာ့ဆီမှာ ရှိတယ်တဲ့ ….” လင်းရှောင်းသည် တွန့်ဆုတ်တွန့်ဆုတ်နှင့် ထပ်မံကာ ပြောဆိုလိုက်၏။

"အင်း အမှန်ပဲ" လီယွင်သည် ခေါင်းညိတ်လိုက်၏။ လောကထဲတွင် ရှိနေသည့် အဓိကဂိုဏ်းအသီးသီးတို့သည် ငရဲကိုးကောင်ဂိုဏ်းအနေဖြင့် ရောင်စဉ်အလင်းနတ်နယ်မြေကို ဖျက်ဆီးခဲ့ကြောင်း သိရှိပြီးသား ဖြစ်ကြ၏။ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းအနေဖြင့် ကောင်းကင်လျှို့ဝှက် နန်းဆောင်၏ သတင်းအချက်အလက်ကို ရရှိသောကြောင့် ထိုကဲ့သို့ ပြုလုပ်နိုင်ခြင်း ဖြစ်သည်။

"ကောင်းကင်နတ်ဆိုးနန်းတော်ရဲ့ တောင်အကာအကွယ် အစီအရင်ဆိုရင်ကော ဘယ်လိုလဲ" လင်းရှောင်၏ မျက်လုံးများသည် လင်းလက်သွားခဲ့၏။ မူလအားဖြင့် ကောင်းကင်နတ်ဆိုးနန်းတော်အား သွေးကြွေးဆပ်မည်ဟု ဆုံးဖြတ်ပြီးသား ဖြစ်၏။ သို့ပေမဲ့ မဖြစ်နိုင်လုနီးပါး ဖြစ်သွားခဲ့၏။ တောင်အကာအကွယ် အစီအရင် ဆိုသည်မှာ မဖျက်ဆီးနိုင်သော အရာတစ်ခုပင် ဖြစ်၏။

"ဒါက ခင်ဗျားအနေနဲ့ ဘာကိုပေးမယ်ဆိုတဲ့ အပေါ်မှာ မူတည်နေတယ်" လီယွင်က ပြောဆိုလိုက်သည်။

"တန်ဖိုး ဟုတ်လား"

လင်းရှောင်က တွန့်ဆုတ်မနေခဲ့ချေ။ သူသည် ချက်ချင်းဆိုသလိုပဲ လက်ထဲတွင် ရှိနေသည့် ရှေးဆန်လှသော လက်စွပ်ကို ချွတ်ကာ လီယွင်ဆီသို့ ကမ်းပေးလိုက်၏။ "ဒီလက်စွပ်ထဲမှာ တကယ့်ကို ရှားပါးလှတဲ့ အရာတွေ ရှိပါတယ်။ ဒါက ရှုပ်ထွေးကြယ်ပင်လယ်မှာတုန်းက ကျုပ်ရခဲ့တဲ့ အရာတွေပါပဲ။ ဒါတွေနဲ့ ကောင်းကင်နတ်ဆိုးနန်းတော်ရဲ့ တောင်အကာအကွယ် အစီအရင်ကို ဖျက်စီးမဲ့ နည်းလမ်း ရနိုင်မလား။"

"မလုံလောက်သေးဘူး"

လီယွင်သည် ခေါင်းကိုခါယမ်းလိုက်၏။ သူသည် အစောကြီးကတည်းက စနစ်ဆီကို မေးမြန်းထားပြီးသား ဖြစ်၏။ လက်စွပ်ထဲတွင် ရှိသမျှ ပစ္စည်းအားလုံးသည် ကောင်းကင်လျှို့ဝှက်အမှတ် ငါးသိန်းနှစ်သောင်း တန်၏။ အတိတ်တုန်းက သူ့အနေဖြင့် ဤမျှသော ပမာဏနှင့်ဆိုလျှင် လင်းရှောင်အား လုံခြုံသည့် လမ်းစဉ် ကို ပေးကောင်းပေးနိုင်လိမ့်မည်။ သို့ပေမဲ့ ယခင်က ဆုံးရှုံးခဲ့သည့် ကောင်းကင်လျှို့ဝှက်အမှတ် သုံးသိန်းကို ထည့်တွက်ရမည် ဖြစ်သောကြောင့် ဤမျှသော ဈေးနှုန်းနှင့် မပေးနိုင်ခြင်း ဖြစ်သည်။

All Chapters