← Chapters

အပိုင်း (၂၃၀)

Vol. 16 Ch. 230

အပိုင်း (၂၃၀)

Vol. 16 Ch. 230

"မလုံလောက်သေးဘူး ဟုတ်လား"

လင်းရှောင်သည် နှစ်ခါပြန် တွေးမနေတော့ချေ။ သူသည် ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီသို့ ပထမဆုံး ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် သတင်းအချက်အလက်များ၏ တန်ဖိုးကို သေသေချာချာ မသုံးသပ်နိုင်ခဲ့ချေ။ သူ၏အမြင်အရဆိုလျှင် ကောင်းကင်နတ်ဆိုးနန်းတော် ဆိုသည်မှာ အဓိကဂိုဏ်းတစ်ခု ဖြစ်၏။ ၎င်းတို့၏ တောင်ကာကွယ်ခြင်း အစီအရင်ကို ဖျက်ဆီးခြင်း ဆိုသည်မှာ အကုန်အကျများသည်ကိုတော့ လက်ခံနိုင်စွမ်း ရှိနေ၏။

"အင်း …. လက်ရှိ အခြေအနေမှာ ကျုပ်က တစ်ယောက်တည်း။ ပြီးတော့ ဒီကွာစီအင်ပါယာ အဆင့် လက်နက် တစ်ခုတည်း ရှိတယ်။”

လင်းရှောင်သည် လက်ကို ဖြန့်လိုက်ပြီးသည့်နောက် လက်ဝါး၏ အလယ်တွင် ခရမ်းရောင်ရောင်စဉ်များ တောက်ပလျက် ရှိနေသော ကြေးအိုးကြီးက ပေါ်ပေါက်လာခဲ့၏။ ထိုအရာပေါ်၌ ရှုပ်ထွေးလှသော မျဉ်းကြောင်း များ ပေါ်ပေါက်လာခဲ့ပြီး ထိုမျဉ်းကြောင်းများသည် အသူရာ နဂါးကိုးကောင်ကဲ့သို့ ပြောင်းလဲကာဖြင့် ကြေးအိုးကြီးကို လှည့်ပတ်လျက် ရှိနေလေ၏။ သို့ပေမဲ့ ရောင်စဉ်အလင်းနတ်နယ်မြေ၏ အင်မော်တယ် လက်နက် နှင့် နှိုင်းယှဉ်၍တော့ မရချေ။

"အင်း … အခုလုံလောက်သွားပြီ" လီယွင်က ခေါင်းညိတ်လိုက်သည်။

"ကျုပ်" လင်းရှောင်သည် ဆွံ့အသွား၏။ သူ့အနေဖြင့် ဘာမှပေးစရာ မရှိတော့ကြောင်း ထုတ်ဖော်ပြသခြင်းသာ ဖြစ်၏။ သူ၏ တစ်ခုတည်းသော လက်နက်ကို ထုတ်ဖော်ကာဖြင့် သတင်းအချက်အလက်များကို ဝယ်ယူမည်ဟု ဆိုလိုခြင်း မဟုတ်ချေ။ သို့ပေမဲ့ စီနီယာသည် ယခုကဲ့သို့ ပြောဆိုခဲ့ပြီ ဖြစ်သောကြောင့် သူ့အနေဖြင့် ဘာဆက်ကာ ပြောရတော့မည်နည်း။ ပြန်တောင်းရမည်လား။

ထိုအတွေးသည် သူ၏စိတ်ထဲတွင် ရှိနေသည့် အတွေးတစ်ခုမျှသာ ဖြစ်၏။ အပြင်ကို ထုတ်ဖော် မပြောရဲခဲ့ချေ။ သူ၏တစ်ခုတည်းသော လက်နက် တစ်ဖက်လူ လက်ထဲ ပါသွားသည်ကို ကြည့်ရှုပြီးနောက် လင်းရှောင်သည် နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်မိသည်။ သူ၏နှလုံးသားများသည် သွေးစက်စက်ယိုလျက် ရှိနေလေ၏။ ကြည့်ရသည်မှာ ဤတစ်ကြိမ်တွင် သူ့၌ ဘာမှမကျန်တော့ချေ။ သိုလှောင်လက်စွပ်ပင်လျှင် မရှိတော့ချေ။

"ခင်ဗျားလိုချင်တဲ့ သတင်းအချက်အလက်က ဒီမှာပဲ"

လီယွင်သည် ကျောက်စိမ်းပြားတစ်ခုကို အသာလှမ်းကာ ပစ်ပေးလိုက်၏။ ထိုအရာသည် လင်းရှောင်၏ လက်ထဲသိ့ ကျဆင်းလာခဲ့၏။ ခဏလောက် တွေးတောပြီးနောက် လီယွင်က ဆက်ပြောလိုက်၏။

"ကောင်းကင်နတ်ဆိုးနန်းတော်ကို ဖျက်းဆီးပြီးသွားရင် သက်ဆိုင်ရာ တန်ကြေးတစ်ခုခုကို ပေးဖို့ စဉ်းစားထား။ ဒါဆိုရင် ကျုပ်က ခင်ဗျားကို အင်ပါယာတစ်ယောက် ဖြစ်လာနိုင်ဖို့ လမ်းညွှန်ပေးမယ်"

ကောင်းကင် နတ်ဆိုးနန်းတော်။ ဤအရာသည် တစ်ကယ့်ကို များပြားလှသည့် အမွေအနှစ်များကို ပိုင်ဆိုင်သော ဂိုဏ်းတစ်ခုသာ ဖြစ်၏။ လင်းရှောင်၏ လက်ထဲတွင် ထိုအမွေအနှစ်များသည် အသုံးဝင်လှမည် မဟုတ်ချေ။ ထို့ကြောင့် သူ့ကိုပေးလိုက်ခြင်းကသာလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ လင်းရှောင်သာ အင်ပါယာတစ်ယောက် ဖြစ်လာပါက လင်းရှောင်အပေါ် အသုံးပြုနိုင်မှုသည် ပိုမိုကာ တိုးတက်လာမှာ သေချာ၏။ လီယွင်အနေဖြင့် အကျိုးအမြတ် အများအပြား ရရှိမှာလည်း သေချာသည်။ ထိုအရာသည် ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင်ပစ်ခြင်းပင်။

"စီနီယာ ဆိုလိုတာက"

လင်းရှောင်သည် မယုံကြည်နိုင်လောက်အောင်ပင် စိတ်လှုပ်ရှားသွားမိ၏။ သူသည် ဆိုးရွားလှသည့် ကံတရားသည် ကောင်းချီးတရားအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ ရှုပ်ထွေးကြယ်ပင်လယ် ထဲ၌ နှစ်ပေါင်းများစွာ လျှောက်သွားခဲ့သော်လည်း အင်ပါယာတစ်ယောက် ဖြစ်မလာခဲ့ချေ။ ပြန်လာပြီးသည့်နောက်မှာတော့ သူသည် အင်ပါယာဖြစ်ရန် အခွင့်အရေးကို ရရှိတော့ပေမည်။

"သိပ်မှန်တာပေါ့"

လီယွင်သည် ခေါင်းညိတ်လိုက်၏။ လင်းရှောင်တစ်ယောက် မကြာခင် အင်ပါယာ ဖြစ်လာမည်ကို သူ ကိုယ်တိုင်လည်း အလိုရှိသည်။ ကွာစီအင်ပါယာတစ်ယောက်သည် လောကကြီးထဲတွင် လေးစားဖွယ်ရာ လူတစ်ယောက် ဖြစ်၏။ သို့ပေမဲ့ တခြားသော လောကထဲမှ လူတစ်ယောက် ဝင်လာပါက ဥပမာအားဖြင့် သွေးနတ်ဆိုးလောကကဲ့သို့ လောကထဲမှ လူများ ဝင်ရောက်လာပါက လင်းရှောင်သည် ကျိန်းသေပေါက် စတေးခံလူသား ဖြစ်သွားပေလိမ့်မည်။ ထို့ပြင် သွေးနတ်ဆိုးကလန်၏ တော်ဝင်အင်ပါယာ ရောက်ရှိလာသည် ဆိုပါက သူ့အနေဖြင့် ကောင်းကင်လျှို့ဝှက် အမှတ် မည်မျှကို အသုံးပြုရမည်နည်း။ ရှာဖွေထားသမျှ အမှတ်များသည် ထိုကဲ့သို့သော တိုက်ခိုက်ချက်များကို ဝယ်ယူရင်း ကုန်ဆုံးသွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူ့အတွက် အမြတ် ဘာကျန်တော့မည်နည်း။

"ဂျူနီယာ အရင်ဆုံး ထွက်သွားပါတော့မယ်"

လင်းရှောင်သည် လေးလေးနက်နက်ဖြင့် ဦးညွှတ်လိုက်၏။ ပြီးနောက် ခန္ဓာကိုယ်ကို လှည့်ကာ ကောင်းကင်လျို့ဝှက် နန်းဆောင်ဆီမှ လျှောက်ထွက်သွားခဲ့တော့၏။ အင်ပါယာတစ်ယောက် ဖြစ်လာနိုင်သည်ဟု ကြားသိပြီးသည့် အခါမှာတော့ သူ့အနေဖြင့် ဒဏ်ရာများကိုပင် ဂရုမစိုက်နိုင်တော့ချေ။ လက်ရှိအချိန်၌ သူသည် နောက်ထပ် တိုက်ပွဲတစ်ခုကို တိုက်ခိုက်ရန် လုံလောက်သည့် အားအင်ကို ပိုင်ဆိုင်နေခဲ့ပြီ ဖြစ်၏။ ထို့ပြင် အခွင့်အရေးကိုလည်း မလွဲချော်ချင်ပေ။ အခွင့်အရေးသည် လွဲချော်သွားသည်နှင့် ဘယ်တော့မှ ပြန်ရတော့မည် မဟုတ်ကြောင်းကို သူက ကောင်းကောင်း သိနေ၏။

တစ်ချိန်တည်းမှာပဲ ကောင်းကင်နတ်ဆိုးနန်းတော်၏ တောင်ထွတ် တစ်ခုပေါ်တွင် ကြီးမားလှသော အမဲရောင် အပ်ကွဲကြောင်းများသည် ဖြစ်တည်လျက် ရှိနေ၏။ တောင်တစ်ခုလုံးအား ထိုအက်ကွဲကြောင်းကြီးများက ဖုံးအုပ်နေ၏။ တောင်ပေါ်တွင် ကြီးမားလှသည့် ပန်းကြီးတစ်ပွင့်က ဖူးပွင့်နေပြီး လေနှင့်အတူ ယိမ်းယိုင်လျက် ရှိနေ၏။ ငရဲဆီမှ ပန်းတစ်ပွင့်ကဲ့သို့ပင် နတ်ဆိုးစွမ်းအင်များ ထုတ်ဖော်လျက် ရှိနေပြီး အမဲရောင် အလင်းတန်းများလည်း တောက်ပနေလေ၏။

ပန်း၏ ဘေးနားတွင်တော့ နှင်းကဲ့သို့ ဖြူနေသည့် အဖြူရောင်ဆံပင်နှင့် အဘိုးအိုတစ်ယောက် ထိုင်လျက် ရှိနေ၏။ ၎င်း၏ မျက်ခုံးများကြားတွင် စိုးရိမ်မှုများ ပြည့်နှက်လျက် ရှိနေပြီး ၎င်းသည် အဝေးတစ်နေရာရှိ ကောင်းကင်ကို ကြည့်ရှုနေသည်။

"နန်းတော်သခင်" ထိုအချိန်မှာတော့ အသံတစ်ခုက ထွက်ပေါ်လာခဲ့၏။

အဘိုးအိုသည် အသာလှည့်ကာဖြင့် မေးမြန်းလိုက်သည်။ "ဘယ်လိုလုပ်မလဲ။ လင်းရှောင်က တော်ဝင်သဲကန္တာရမြို့ဆီကို သွားခဲ့တယ်။ အသက်ရှင်လျက် ပြန်ထွက်လာနိုင်သေးလား။ နန်းဆောင်သခင် လက်ချက်နဲ့ သေပြီလား"

အသက်ရှုရှိုက်စာ ခနလေးအတွင်းမှာပဲ အဘိုးအိုသည် မေးခွန်းပေါင်းများစွာကို မေးမြန်းလိုက်၏။ အဘယ့်ကြောင့်ဆိုသော် လင်းရှောင်၏ အားအင်အဆင့်ကြောင့်သာ ဖြစ်၏။ ဤလူသည် အမှန်ပင် ကြမ်းတမ်းလွန်းလှ၏။

လင်းရှောင်နှင့် ရင်ဆိုင်ရမည်ဆိုလျှင် နတ်ဆိုးနန်းတော် တစ်ခုလုံးသည် စွမ်းအားကင်းမဲ့သလိုပင် ခံစားနေရ၏။ ပထမဆုံး လင်းရှောင်သည် ကြက်သွေးရောင် နတ်မီးနယ်မြေနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့၏။ ပြီးနောက် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းကို ထပ်မံကာ သွားရောက် တိုက်ခိုက်ခဲ့ပြန်သည်။ နောက်ဆုံးမှာတော့ ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီသို့ သွားရောက်ကာ တိုက်ခိုက်ခဲ့သေး၏။ ဤလူသည် လူသားပင် ဟုတ်ရဲ့လား။

မုန့်ရှင်းကျီနှင့် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲတွင် ဒဏ်ရာလေး တစ်ချက်တောင် မရခဲ့ဘူးလား။ မုန့်ရှင်းကျီ၏ ဆိုးရွားလှသည့် နည်းစနစ်များနှင့် တိုက်ခိုက်ရာတွင် ဒဏ်ရာမရဘူး ဆိုသည်မှာ မဖြစ်နိုင်ချေ။

"သူသေသွားပြီ။ လင်းရှောင် သေသွားပြီ "

နန်းတော်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီး တစ်ယောက်သည် ပျံသန်းကာ ရောက်ရှိလာ၏။ သူမ၏ မျက်နှာသည် မှုန်ကုတ်လျက် ရှိနေသည် ဆိုသော်လည်း သူမ၏ မျက်နှာတွင်တော့ စိတ်ကျေနပ်သည့် အရိပ်အယောင်များ ပေါ်ပေါက်လျက် ရှိနေ၏။ သူမက ပြောလိုက်၏။

"ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းကို ပြင်းပြင်းထန်ထန် ထိခိုက်အောင် လုပ်ပြီးတော့ တော်ဝင်သဲကန္တာရမြို့ဆီကို သွားခဲ့တယ်။ အဲဒီမှာ ကောင်းကင်လျို့ဝှက် နန်းဆောင်သခင်ရဲ့ အာရုံစူးစိုက်မှုကို ရရှိခဲ့တယ်။ တိုက်ခိုက်ချက် တစ်ခုတည်းနဲ့ နန်းဆောင်သခင်က သူ့ရဲ့ အင်ပါယာအဆင့် အားအင်ကို ထုတ်ဖော်ပြသခဲ့တယ်လေ။ လင်းရှောင်အနေနဲ့ အသက်ရှင်စရာ လမ်းကို မရှိတော့ဘူး”

“ကောင်းတယ် ။ ကောင်းတယ် ။ ကောင်းတယ်"

အဘိုးအိုသည် ‘ကောင်းတယ်’ ဟူသော စကားကို သုံးခါတိတိ ရွတ်ဆိုလိုက်မိ၏။ သူ၏စိတ်ထဲတွင် ရှိနေသည့် အစိုင်အခဲကြီးသည် နောက်ဆုံး၌ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းနှင့် ကောင်ကင်နတ်ဆိုးနန်းတော်ကြားတွင် ရှိနေသည့် ရန်ငြိုးများသည် မထင်မှတ်ပဲ ပျောက်ကွယ်သွားလေသည်။

အဆုံးသတ်တွင် ရယ်မောကာ ကျန်ရှိနေခဲ့သူသည် ကောင်းကင်နတ်ဆိုးနန်းတော်ပင် ဖြစ်တော့၏။ သူ့အနေဖြင့် ရောင်စဉ်အလင်းနတ်နယ်မြေမှ အင်ပါရီယာ ကျမ်းစာများကို မရရှိခဲ့ခြင်းမှာ အနည်းငယ် နှမြောစရာတော့ ကောင်းနေလေ၏။ သို့ပေမဲ့ ဤကဲ့သို့ အသက်ဘေးမှ လွတ်မြောက်နိုင်ခြင်းသည်လည်း ကံကောင်းခြင်း တစ်ခုသာလျှင် ဖြစ်၏။ တခြားသော အဖွဲ့အစည်းများတွင် တစ်ခုသည် သုတ်သင်ခြင်း ခံလိုက်ရပြီး နှစ်ခုသည် ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့၏။ ထိုအတောအတွင်း သူတို့ ကောင်းကင်နတ်ဆိုးနန်းတော်မှာတော့ ဘာတစ်ခုမှ မဖြစ်ခဲ့ချေ။ နောက်ကွယ်မှ ဖန်တီးပြုလုပ်ခဲ့သူများ အနေဖြင့် သူတို့အားအင်အဆင့်သည် ယခင်အတိုင်းပင် တည်ရှိနေသေး၏။ ပြောရမည်ဆိုလျှင် ကံတရားသည် သူတို့ဖက်တွင် ပါနေခဲ့၏။

"အခု လင်းရှောင်သေသွားပြီဆိုတော့ ကျုပ်တို့တောင်ကို စည်းခတ်ထားတာ ဖယ်လို့ရပြီပေါ့။ ဒါဆိုရင် တပည့်တွေကို ကျင့်ကြံခြင်းလောကဆီ ပြန်ဝင်စေပြီး အတွေ့အကြုံယူခိုင်းရမယ်"

အဘိုးအိုသည် စိတ်အားတက်ကြွစွာဖြင့် ပြောလိုက်သည်။ "ကောင်းကင်နတ်ဆိုးနန်းတော်က မကြာခင်မှာ ထွန်းတောက်လာတော့မယ်။ ကောင်းကင်နတ်ဆိုးနန်းတော်ဆိုတဲ့ စကားလုံးက လူပေါင်းများစွာတို့ရဲ့ ကြားမှာ ထင်ပေါ်လာတော့မယ်ဆိုတာ ကျုပ်ယုံကြည်နေမိပြီ"

All Chapters