← Chapters

အပိုင်း (၂၃၁)

Vol. 16 Ch. 231

အပိုင်း (၂၃၁)

Vol. 16 Ch. 231

"နန်းတော်သခင်"

နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးသည် တွန့်ဆုတ်တွန်ဆုတ်ဖြင့် စကားပြောရန် ပြင်လိုက်၏။

"ဘာလဲ"

ဆံပင်ဖြူနှင့် အဘိုးအိုသည် အမှတ်မထင်ပဲ လှမ်းကာ မေးမြန်းလိုက်သည်။

"ရောင်စဉ်အလင်းနတ်အရှင်က ကျုပ်တို့ကောင်းကင်နတ်ဆိုးနန်းတော်က အဖွဲ့ဝင်တစ်ယောက်လေ။ ပြီးတော့ ရောင်စဉ်အလင်းနတ်အရှင် တော်ဝင်သဲကန္တာရမြို့မှာ သတ်ဖြတ်ခြင်း အစီအရင်တစ်ခု ဖန်တီးတဲ့ အချိန်မှာပဲ ကျွန်မတို့ အကြီးအကဲတွေထဲက တစ်ယောက်ကလည်း ပျောက်ဆုံးနေခဲ့တယ်။ " နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးသည် တွေးတွေးဆဆဖြင့် လှမ်းကာ ပြောလိုက်၏။

"နန်းတော်သခင် … ရှင် ဘယ်လိုထင်လဲ"

မိုဟန်၏ ကျင့်ကြံခြင်းသည် သူတော်စင်အဆင့်တွင် ရှိ၏။ ၎င်း၏ တာဝန်သည် ရောင်စဉ်အလင်းနတ်အရှင်နှင့် ကောင်းကင်နတ်ဆိုးနန်းတော်တို့ကြားတွင် ကောင်းမွန်သည့် ဆက်ဆံရေးကို ထိန်းသိမ်းထားရန်ပင် ဖြစ်၏။ သို့ပေမဲ့ တော်ဝင်သဲကန္တာရမြို့တွင် အမှတ်မထင် ကိစ္စရပ်များ ပေါ်ပေါက်လာပြီးသည့်နောက် တစ်ယောက်သည် ပြင်းပြင်းထန်ထန် ဒဏ်ရာရှိသွားပြီး တစ်ယောက်မှာတော့ ပျောက်ကွယ်သွားခဲ့၏။ မည်သို့ပင်ကြည့်ကြည့် သာမန်ဖြစ်ပုံ မပေါ်ချေ။

"ရောင်စဉ်အလင်းနတ်အရှင်မှာ ကျုပ်တို့ရဲ့ ကျောက်စိမ်းပြားက ရှိနေရာပဲ။ အကြီးအကဲမိုဖန်းရဲ့ ကံကြမ္မာကို ကျုပ်တို့မသိနိုင်ဘူး။ ဖြစ်နိုင်တာက သူ အန္တရာယ်ကြီးကြီးမားမား ကျရောက်နေပြီ"

နန်းတွင်းဝတ်စုံနှင့် အမျိုးသမီးက ပြောလိုက်၏။

"ကောင်းကင်လျှို့ဝှက် နန်းဆောင်ရဲ့ နန်းဆောင်သခင်က ကောင်းကင်နတ်ဆိုးနန်းတော်နဲ့ ရန်ငြိုးကို ဖြေရှင်းတော့မယ်လို့ ဆိုလိုချင်တာလား" အဖြူရောင်ဆံပင်နှင့် အဘိုးအိုသည် စိုးရိမ်ပူပန်စွာဖြင့် မေးလိုက်သည်။

"အတိအကျပဲ"

နန်းတွင်းဝတ်စုံနှင့် အမျိုးသမီးက ခေါင်းညိတ်လိုက်၏။

"အများကြီးလည်း တွေးမနေပါနဲ့"

နန်းတော်သခင်သည် လက်ကို ယမ်းခါကာ ပြောလိုက်သည်။

"စီနီယာနန်းဆောင်သခင်သာ ကောင်းကင်နတ်ဆိုးနန်းတော်နဲ့ ပြဿနာ ဖြေရှင်းချင်ရင် ရှင်းပြီးတာ ကြာပြီပေါ့။ သူ မလုပ်တာက ကျုပ်တို့ကောင်းကင်နတ်ဆိုးနန်းတော်ကို သူ့စိတ် မထည့်လို့ပဲ"

အကယ်၍ ကောင်းကင်နတ်ဆိုးနန်းတော်သည်သာ အခြားသူများ၏ အထင်အမြင်သေးသည့် ကိစ္စရပ်များကို ပြုမူဆောင်ရွက်ခဲ့မည်ဆိုလျှင် ထိုသူတို့အားလုံးသည် သံသယရှိစရာ မလိုအောင်ပင် ဒေါသထွက်ပေလိမ့်မည်။ သို့ပေမဲ့ တော်ဝင်အင်ပါယာတစ်ယောက်၏ လစ်လျူရှုခြင်းကို ခံရသည်မှာ ဆိုးရွားလှသည် မဟုတ်ချေ။ ကောင်းမွန်လှသည်ဟုပင် ဆိုနိုင်၏။ ကြည့်ရသည်မှာ ဂိုဏ်းသည် ကြီးမားလှသည့် ကပ်ဘေးကြီးမှ လွတ်မြောက်ခဲ့သည်ဟုပင် ဆိုနိုင်၏။

"အင်း ကြက်သွေးရောင် မီးတောက်နတ်နယ်မြေက ကြီးကြီးမားမား ဆုံးရှုံးသွားတယ်လို့ ကျုပ်ကြားခဲ့တယ်။"

"သံသယဖြစ်စရာ မလိုဘူး ကျုပ်တို့ကောင်းကင် နတ်ဆိုးနန်းတော်အတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်လိမ့်မယ်"

အဘိုးအိုသည် အသာလှည့်ပြီးနောက် ကြက်သွေးရောင် မီးတောက် နတ်နယ်မြေ တည်ရှိရာ နေရာဆီသို့ လှမ်းကြည့်လိုက်၏။ သူ၏ မျက်နှာပေါ်တွင် ထူးမခြားနားသည့် အမူအရာများ တည်ရှိနေခဲ့၏။ အဘယ့်ကြောင့်ဆိုသော် ကြက်သွေးရောင် မီးတောက်နတ်နယ်မြေသည် လင်းရှောင်ကြောင့် ပျက်စီးခဲ့ရပြီ ဖြစ်၏။ ၎င်းတို့ ပြန်လည်ရှင်သန်ရန် ကြိုးစားဖို့ဆိုလျှင် တံခါးများကို ဖွင့်ကာဖြင့် တပည့်အသစ်များကို ခေါ်ယူရန် လိုအပ်နေ၏။ တပည့်အသစ်များကို ခေါ်ယူမည် ဆိုလျှင် သူတို့အနေဖြင့် အရာအားလုံးကို လွယ်လွယ်ကူကူနှင့် ဖြေရှင်းနိုင်မည် ဖြစ်၏။ ကောင်းကင်နတ်ဆိုးနန်းတော်အနေဖြင့် ရောင်စဉ်အလင်းနတ်နယ်မြေ ကို ပြုလုပ်ခဲ့သည့်အတိုင်း ပြန်လည်ပြုလုပ်ရန် စဉ်းစားထားခဲ့၏။ ကြက်သွေးရောင် မီးတောက် နတ်နယ်မြေတွင် အကြီးအကဲတစ်ယောက်ကို ပို့ထားနိုင်ပါက အကောင်းမွန်ဆုံးသော အရာများ ဖြစ်လာနိုင်သည်။

"နန်းတော်သခင် …. ကျွန်မထင်မိတာက"

နန်းတွင်းဝတ်စုံနှင့် အမျိုးသမီးသည် တုန်လှုပ်သွားမိ၏။

"ရောင်စဉ်အလင်းနတ်နယ်မြေနဲ့ ပြဿနာဖြစ်ပြီးတဲ့နောက်မှာ ကျွန်မတို့ ကောင်းကင်နတ်ဆိုးနန်းတော်က တခြားသော အဖွဲ့အစည်းတွေရဲ့ ဖိအားပေးမှုကို ကြောက်လာခဲ့တယ်လေ။ တကယ်လို့ တူညီတဲ့ နည်းလမ်းတွေကို ထပ်သုံးမယ်ဆိုရင် တခြားဂိုဏ်းတွေက ကျွန်မတို့ ကောင်းကင်နတ်ဆိုးနန်းတော်ကို ဘယ်လိုမှ သည်းခံမှာ မဟုတ်တော့ဘူး။ တခြားအဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေက ကျွန်မတို့ကို ကျိန်းသေပေါက် အမြစ်ဖြတ် သုတ်သင်လိမ့်မယ်လို့ထင်တယ်"

အဘိုးအိုသည် ညဏ်ပညာပုလဲလုံးကို ကိုင်ကာဖြင့် အသာကြည့်ရှုနေ၏။ သူ၏ ဆံနွယ်များသည်လည်း လေထဲတွင် လွင့်လျက် ရှိနေ၏။သူ၏ခန္ဓာကိုယ်တွင် နတ်ဆိုးစွမ်းအင်များသည် တရိပ်ရိပ်နှင့် လွှမ်းခြုံလျက် ရှိနေပြီး သေမျိုးလောကဆီသို့ လာရောက်ကာ သုံးသပ်နေသည့် နတ်ဆိုးအရှင် တစ်ပါးကဲ့သို့ပင်။

"ဒီတစ်ကြိမ်မှာတော့ ကျုပ်တို့တွေ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကို ရှောင်ရှားမှ ဖြစ်လိမ့်မယ်။ ပြီးတော့ ဒီလိုအရေးကြောင်း အခြေအနေမျိုးမှာ လှည့်ကွက်ဟောင်းကြီးအတိုင်း အသုံးပြုလိမ့်မယ်လို့ဘယ်သူက ထင်မှတ်ကြမှာလဲ။ ပြီးတော့ ကျုပ်တို့အနေနဲ့ ရှိသမျှ အပြစ်တွေ အကုန်လုံးကို ရောင်စဉ် အလင်းနတ်နယ်မြေဆီ ပုံချလိုက်လို့ ရတယ်မလား။"

"သူတို့ဘာသာ သူတို့ လုပ်ချင်တာကို လုပ်ခဲ့တာလေ။ ဒီလိုပြောလိုက်ရင် ကိစ္စမရှိဘူး။ ပြီးတော့ အခွင့်အရေးကို အရယူပြီး ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်နဲ့ ဆက်ဆံရေးကောင်းကို တည်ဆောက်ထားဖို့ လိုအပ်လိမ့်မယ်"

အဘိုးအိုသည် မျက်လုံးကို မိတ်လိုက်ဖွင့်လိုက် ပြုလုပ်ဖြင့် သေချာ စဉ်းစားတွေးခေါ်ကာ ပြောဆိုလိုက်လေ၏။ အချက်အလက်အားဖြင့် ကောင်းကင်နတ်ဆိုးနန်းတော်သည် ရောင်စဉ်အလင်းနတ်အရှင် ပြုလုပ်ခဲ့သည့် အရာအားလုံးကို သိရှိခဲ့သည် မဟုတ်ပေ။

"ပြီးတော့"

အဘိုးအိုသည် ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်၏။

"ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီကနေ သတင်းအချက်အလက်တွေ ဝယ်ခဲ့သူတွေက လမ်းမှန်ဂိုဏ်းဖြစ်ဖြစ်၊ နတ်ဆိုးဂိုဏ်းဖြစ်ဖြစ်၊ လူသားဖြစ်ဖြစ်၊ မွန်းစတားဖြစ်ဖြစ် ကိစ္စမရှိဘူး။ ဘယ်သူမဆို ဝယ်ယူလို့ရနိုင်တယ်။ ဒါကို အရင်တုန်းက သက်သေပြခဲ့ပြီးပြီ မဟုတ်လား။ ကျုပ်တို့သာ ကြက်သွေးရောင် မီးတောက် နတ်နယ်မြေရဲ့ အမွေအနှစ်တွေကို သွားသိမ်းနိုင်ရင် အကောင်းဆုံး ဖြစ်လိမ့်မယ်။ ကျုပ်တို့ ကောင်ကင် နတ်ဆိုးနန်းတော်က နောက်ထပ် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်း ဖြစ်လာနိုင်တယ်"

အဘိုးအိုက ဆက်ပြောလိုက်သည်။

"ဒီနေ့မှာ ရောင်စဉ်အလင်းနတ်နယ်မြေကို ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းက ဘယ်လိုဖျက်ဆီးခဲ့တယ်ဆိုတာ အားလုံး သိလိမ့်မယ်လို့ ထင်တယ်။ ဒါပေမဲ့ ဒီလိုကိစ္စမျိုးကို ဘယ်သူက သွားပြီး အပြစ်တင်ရဲလဲ။ နောက်ဆုံး သုံးသပ်ချက် အရဆိုရင် ဖျက်ဆီးခဲ့တာ အမှန်ပဲ ဆိုရင်တောင် တစ်စုံတစ်ယောက်ရဲ့ အားအင်က ကောင်းမွန်နေရင် ဘယ်သူမှ မပြောရဲကြဘူး။ ဒါက လောကရဲ့ သဘာဝပဲ"

နန်းတွင်းဝတ်စုံနှင့် အမျိုးသမီးသည် ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်သွားခဲ့၏။ အခုလက်ရှိမှာတော့ သူမအနေဖြင့် ခေါင်းဆောင်ကို ငြင်းပယ်ရန် အကြောင်းပြချက် ရှာမတွေ့ခဲ့ချေ။ နန်းတော်သခင်က ထိုကဲ့သို့ ပြုလုပ်လျှင် အောင်မြင်သည်ဟု ယုံကြည်ချက်အပြည့်ဖြင့် ညွှန်ကြားပါက သူမအနေဖြင့် လိုက်ပါရပေလိမ့်မည်။

ကြက်သွေးရောင် မီးတောက်နယ်မြေ၏ အင်ပါရီယန်လက်နက်နှင့် အင်ပါရီယန် ကျမ်းစာများသည် ရောင်စဉ်အလင်းနတ်နယ်မြေနှင့် ကွာခြားလှသည် မဟုတ်ပေ။ ဤကဲ့သို့သော အရေးကြောင်း အခြေအနေအမျိုးတွင် ကြက်သွေးရောင် မီးတောက် နတ်နယ်မြေ၌ ကွာစီအင်ပါယာတစ်ယောက် လစ်ဟင်းလျက် ရှိနေ၏။ တစ်ယောက်လောက်သာ ရှိသည် ဆိုပါက လင်းရှောင်ရောက်သည်နှင့် ထွက်ကာ တိုက်ခိုက်မှာ သေချာ၏။ သို့ပေမဲ့ အစမှ အဆုံးအထိ တစ်ယောက်မှ ပေါ်မလာခဲ့ချေ။ ထို့ကြောင့် ၎င်းတို့တွင် ကွာစီအင်ပါယာ မရှိသည်မှာ ထင်ရှားလှ၏။

"ကြက်သွေးရောင် မီးတောက်နယ်မြေနဲ့ ရင်ဆိုင်ရမဲ့ အခက်အခဲက တဖြည်းဖြည်းနဲ့ လျော့ကျလာတယ်လေ။ သူတို့ရဲ့ အင်ပါရီယန် လက်နက်နဲ့ အင်ပါရီယန် ကျမ်းစာတွေကို ယူဖို့ဆိုတာ လွယ်ကူလှတယ်"

ကြက်သွေးရောင်မီးတောက် နတ်နယ်မြေ အားအင်ယုတ်လျော့နေသော အခြေအနေမျိုးတွင် သူတို့သည်သာ လိုအပ်သော သတင်းအချက်ကို ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ ရရှိပါက အတိုင်းအထက်အလွန်ပင်။ အရာအားလုံးသည် သူတို့၏ လက်ထဲသို့ ရောက်ရှိလာပေလိမ့်မည်။

All Chapters