← Chapters

အပိုင်း (၂၃၃)

Vol. 16 Ch. 233

အပိုင်း (၂၃၃)

Vol. 16 Ch. 233

ဟာရီကိန်း မုန်တိုင်းကဲ့သို့သော အရာတစ်ခုသည် ကုန်းမြေတစ်ခုလုံးကို ဖြတ်သန်း တိုက်ခတ်သွား၏။ ကောင်းကင်နတ်ဆိုးနန်းတော် တစ်ခုလုံးသည် ပျက်စီး ပျောက်ကွယ်သွားခဲ့လေ၏။ လောကသုံးပါး အတွင်းတွင် ရှိနေကြသည့် အသင်္ချေ များပြားလျသည့် ကျင့်ကြံသူများ၏ နှလုံးသားများသည် တုန်ယင်လျက် ရှိနေလေ၏။ ဂိုဏ်းဂဏ အသီးသီးတို့၏ ခေါင်းဆောင်များ၏ မျက်နှာပေါ်တွင် တုန်လှုပ်ခြောက်ခြားမှုများ ပေါ်ပေါက်လာခဲ့ကြ၏။

ထိပ်တန်းစွမ်းအားမြင့် ကျင့်ကြံသူများ၏ မျက်လုံးထဲတွင် ကောင်းကင်နတ်ဆိုးနန်းတော် ဆိုသည်မှာ ဘာမှ မဟုတ်ချေ။ ထိုအရာကို ဖျက်ဆီးဖို့ ဆိုသည်မှာ ခက်ခဲလှသည် မဟုတ်ပေ။ အင်ပါရီယာ လက်နက်တစ်ခုကို ကိုင်ဆောင်သွားပြီး ၎င်းတို့၏ တောင်အကာအကွယ် အစီအရင်ကို ဖျက်ဆီး ချိုးဖြတ်လိုက်သည် ဆိုသည်နှင့် ပြီးမြောက်သွားသည့် ကိစ္စဖြစ်သည်။

သူတို့ကို တုန်လှုပ်စေသည်မှာ ယခု တိုက်ခိုက်ခဲ့သည့်လူသည် လင်းရှောင် ဖြစ်နေသောကြောင့်ပင်။ ထိုသူသည် အစောကြီး ကတည်းက သေဆုံးသွားခဲ့ပြီဟု ပြောဆိုခဲ့သည် လူတစ်ယောက် ဖြစ်၏။ အဘယ်ကြောင့် ရုတ်တရက် အသက်ပြန်ရှင်လာရသနည်း။ ဤနေရာတွင် လျှို့ဝှက်ချက်တစ်ခု တည်ရှိနိုင်၏။

ရေတွက်လို့ မရအောင် များပြားလှသည့် လူများသည် လင်းရှောင်နှင့် ကောင်းကင်လျှို့ဝှက်နန်းဆောင် အကြားတွင် တည်ရှိနေသည့် သဘောတူညီမှုများ အကြောင်းကို စတင်ကာ စဉ်းစားမိလိုက်ကြသည်။

အဖြစ်နိုင်ဆုံး ကိစ္စရပ်မှာ လင်းရှောင်သည် ရောင်စဉ်အလင်း နတ်နယ်မြေ၏ အင်ပါရီယာ ကျမ်းစာကို ကမ်းပေးလိုက်ခြင်းသာ ဖြစ်ပေလိမ့်မည်။ ထိုအရာ တစ်ခုတည်းကသာလျှင် ကွာစီအင်ပါယာ တစ်ဦး၏ အသက်ကို ကယ်တင်နိုင်သည့်အရာ ဖြစ်ပေလိမ့်မည်။ ထို့အပြင် ရောင်စဉ်အလင်း နတ်နယ်မြေ ဖျက်ဆီး ခံရပြီးသည့်နောက် လင်းရှောင် ပိုင်ဆိုင်သည့် တန်ဖိုးအကြီးမားဆုံး အရာသည် ထိုကျမ်းစာတစ်ခုသာလျှင် ဖြစ်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်နှင့် လင်းရှောင်တို့သာလျှင် မည်သို့ဖြစ်သွားကြောင်းကို ကောင်းကောင်း သိရှိပေလိမ့်မည်။

………

ရွှေကျီးကန်းကလန် …….။

ရွှေကျီးကန်ကလန်၏ လက်ရှိ ကလန်ခေါင်းဆောင်သည် အလွန်တရာ ဟိတ်ဟန်များလှသည့် အမူအရာမျိုးနှင့် တည်ရှိနေခဲ့၏။ သူသည် ကောင်းကင်နတ်ဆိုးနန်းတော် တည်ရှိရာ နေရာဆီသို့ လှမ်းကာ ကြည့်ရှုရင်း မျက်လုံးထဲတွင် ဘာမှန်းမသိသည့် အဓိပ္ပာယ်များ ထင်ပေါ်နေသည်။

"အင်း… တူညီတဲ့အရာ ဖြစ်တာပဲ" ရွှေကျီးကန်းကလန်၏ ခေါင်းဆောင်က တီးတိုးရေရွတ်လိုက်၏။

"တူညီတဲ့အရာဆိုတာ ဘာကို ဆိုလိုတာလဲ အဖေ" ရွှေကျီးကန်းကလန်၏ အိမ်ရှေ့စံမင်းသားသည် ရုတ်တရက် ရောက်ရှိလာပြီး မေးမြန်းလိုက်၏။ ၎င်းသည် ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရွှေရောင် အလင်းတန်းများ ထွန်းတောက်လျက် ရှိ၏။ ၎င်း၏ အားအင်အဆင့်သည် ထိပ်ဆုံးအဆင့်သို့ ပြန်လည်ကာ ရောက်ရှိနေသည်။

"ကောင်းကင်နတ်ဆိုးနန်းတော်နဲ့ ရောင်စဉ်အလင်း နတ်နယ်မြေတို့ ဖျက်ဆီးခံရခြင်းလေ။ ဘယ်လောက် တူညီလိုက်လဲ" ရွှေကျီးကန်းကလန်၏ ခေါင်းဆောင်က ပြန်ဖြေလိုက်၏။

"အဖေ ဆိုလိုတာ လင်းရှောင်က ကြီးကြီးမားမား ပေးဆပ်ခဲ့ရတယ်။ ဒါက သူ့ရဲ့ အသက်ကို ကယ်တင်ရုံတင် မကဘူး။ ကောင်းကင်နတ်ဆိုးနန်းတော်ရဲ့ တောင်အကာအကွယ် အစီအရင်ကို ချိုးဖြတ်နိုင်တဲ့ နည်းလမ်းကိုပါ ရရှိခဲ့တယ်ဆိုတဲ့ အဓိပ္ပာယ်လား" ရွှေကျီးကန်းကလန်၏ အိမ်ရှေ့စံမင်းသားက ထပ်မံကာ မေးမြန်းလိုက်သည်။

"အတိအကျပဲ"

ရွှေကျီးကန်းကလန်၏ ခေါင်းဆောင်သည် အသာလှည့်ကာဖြင့် ကောင်းကင်ကို မော့ကြည့် လိုက်၏။ ပြီးနောက် ပြောဆိုလိုက်၏။ "ဂိုဏ်းရဲ့ တောင်အကာအကွယ် အစီအရင်ကို ချိုးဖြတ်နိုင်တဲ့ နည်းလမ်းဆိုတာ အရမ်းကို ဆန်းကြယ်လွန်းတယ်လေ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ သခင်ကသာ ဒီအရာကို လွယ်လွယ်ကူကူနဲ့ တွက်ချက်နိုင်စွမ်း ရှိလိမ့်မယ်"

"ရွှေကျီးကန်းကလန်ရဲ့ အင်ပါယာအဆင့် အစီအရင်က သူ့ရဲ့ တွက်ချက်မှုကို တားဆီးနိုင်လား။ ကျုပ် စိုးရိမ်တာက" ရွှေကျီးကန်းကလန် အိမ်ရှေ့စံမင်းသား၏ နှုတ်ခမ်းများသည် တင်းတင်းစေ့သွားခဲ့၏။ သူ ဘာကို ဆက်ပြောရမှန်းပင် မသိတော့ချေ။

ရောင်စဉ်အလင်း နတ်နယ်မြေသည် အတိတ်တုန်းက တော်ဝင်အင်ပါယာ တစ်ယောက်ကို ပျိုးထောင် ပေးနိုင်ခဲ့၏။ ၎င်းတို့၏ အစီအရင်သည် အင်ပါယာအဆင့်နှင့် တူညီလှ၏။ သို့ပေမဲ့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ မုန့်ရှင်းကျီ အထဲသို့ ဝင်ရောက်မှုကို မတားဆီးနိုင်ခဲ့ကြချေ။ ဆိုလိုသည်မှာ ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်၏ မျက်လုံးထဲတွင် အင်ပါယာအဆင့် အစီအရင်ဆိုသည်မှာ ဘာမှဟုတ်မနေခြင်းပင်။

"ကောင်းကင်လျှို့ဝှက်နန်းဆောင်" ရွှေကျီးကန်းကလန်၏ ခေါင်းဆောင်သည် ထိုစကားစုကို ရေရွတ်လိုက်၏။ သူ၏ လေသံထဲတွင် လေးစားမှု၊ ကြောက်ရွံ့မှုများနှင့် ပြည့်နှက်လျက် ရှိနေလေ၏။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်လျှို့ဝှက်နန်းဆောင်သည် ဤလောကကြီးထဲတွင် သူသိရှိသည့် တစ်ဦးတည်းသော တော်ဝင် အင်ပါယာတစ်ယောက် ဖြစ်နေသောကြောင့်ပင်။

သွေးနတ်ဆိုးကလန်မှ အင်ပါယာ လာသည်ဆိုလျှင်တောင်မှ မည်သူမှသည် စိုးရွံ့လိမ့်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ အကြီးမားဆုံး ဝှက်ဖဲကြီးသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ လက်ထဲတွင် ရှိနေသောကြောင့်ပင်။ ကွာစီအင်ပါယာတစ်ယောက် သူတို့၏ ဂိုဏ်းအထက်တွင် ပေါ်ပေါက် လာမည်ကို သူတို့ အရင်တုန်းက ကြောက်လန့်လိမ့်မည် မဟုတ်ချေ။ လက်ရှိအခြေအနေမှာတော့ ထိုကဲ့သို့သော ကိစ္စရပ်မျိုးသည် ဖြစ်ပျက်သွားနိုင်၏။ ကွာစီအင်ပါယာ မဟုတ်ဘဲ တော်ဝင်အင်ပါယာ ရောက်ရှိလာလျှင်ကော။

ရွှေကျီးကန်းကလန်ကဲ့သို့ စွမ်းအားမြင့် မျိုးနွယ်တစ်ခုကပင်လျှင် ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို ကြောက်လန့်လျက် ရှိနေလေ၏။ လက်ရှိ ကောင်းကင်လျှို့ဝှက်နန်းဆောင်သည် ရှိရှိသမျှသော ဂိုဏ်းဂဏအကုန်ကို ဖိနှိပ်ထားနိုင်သည်ဟု ပြောဆိုရပေလိမ့်မည်။ တော်ဝင်အင်ပါယာဆိုသည့် အဟန့်အတား တစ်ခုကပင်လျှင် အားလုံးသော သူတို့ကို အထင်အမြင် မသေးရဲစေချေ။

"ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲမှာ ရှိနေတဲ့ သတင်းအချက်အလက်တွေက တန်ဖိုးကြီးမားတယ်လေ။ ကြည့်ရတာ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ဘယ်ဂိုဏ်းရဲ့ အစီအရင် ချိုးဖြတ်ခြင်းကိုမှ လွယ်လွယ် ကူကူနဲ့ ထုတ်ဖော်ပြသမှာ မဟုတ်ဘူး" ရွှေကျီးကန်းကလန်၏ အိမ်ရှေ့စံမင်းသားသည် ဆက်လက်ကာ ပြောဆိုလိုက်၏။

"ကျုပ်ရဲ့အထင်အရဆိုရင် ဂိုဏ်းတစ်ခုရဲ့ အစီအရင် ချိုးဖြတ်နိုင်တဲ့ နည်းလမ်းကို တစ်စုံတစ်ယောက်က ဝယ်ယူချင်တယ်ဆိုရင် ထိုက်တန်တဲ့ပစ္စည်း တစ်ခုခုကိုတော့ ပေးရလိမ့်မယ်"

"အင်း… ဒါကို သတိပြုမိတယ်"

ရွှေကျီးကန်းကလန်၏ ခေါင်းဆောင်သည် ခေါင်းကို ခါယမ်းကာဖြင့် ပြောလိုက်၏။ "ဒါပေမဲ့ တတ်နိုင်တဲ့လူ တစ်ယောက်ယောက်ဆိုတာ အမြဲတမ်း ရှိနေမှာပဲလေ။ ပြီးတော့"

ရွှေကျီးကန်းကလန်၏ ခေါင်းဆောင်က ဆက်ပြောလိုက်သည်။

"နှစ်ပေါင်းများစွာ အတွင်းမှာ ငါတို့ ရွှေကျီးကန်းကလန်က များပြားတဲ့ ရန်သူတွေကို ဖန်တီးခဲ့တယ်လေ။ တစ်စုံတစ်ယောက်က မတူညီတဲ့ ရည်မှန်းချက်မျိုး ရှိနေမှာ သေချာတယ်။ ဘယ်သူ့ကိုမှ ယုံကြည်ထားလို့ မရဘူး။ လူသားမျိုးနွယ်က အင်ပါရီယာ ရီကလန်တောင်မှ ပါရင် ပါနိုင်သေးတယ်"

"ဒါဆိုရင် အဖေ ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ဖို့ စီစဉ်ထားသလဲ" ရွှေကျီးကန်းကလန်၏ အိမ်ရှေ့စံမင်းသားက မေးမြန်းလိုက်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်နှင့် ပတ်သက်၍ ဖြေရှင်းရမည့် ကိစ္စရပ်မျိုးတွင် မည်ကဲ့သို့ ပြုလုပ်ရမည်ဆိုသည်ကို မည်သူကမှ ကောင်းကောင်း မသိရှိချေ။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ သူတို့ လှုပ်ရှားမှု မပြုလုပ်ခင်တွင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သည် အဝေးမှ လှမ်းကာ လှုပ်ရှားမှုကို ပြုလုပ်နိုင်စွမ်း ရှိနေသည့် လူတစ်ယောက်လည်း ဖြစ်နေသည် မဟုတ်ပါလား။ တော်ဝင်အင်ပါယာတစ်ယောက်သာ တကယ်တမ်း ရောက်ရှိလာကာ တိုက်ခိုက်သည်ဆိုပါက မည်သူမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။

"တော်ဝင်သူတော်စင် ဘိုးဘေးကြီးကို တော်ဝင်သဲကန္တာရမြို့ဆီကို သွားပြီးတော့ ဒီကိစ္စတွေ ဆွေးနွေးဖို့ လွှတ်ရမယ်" ရွှေကျီးကန်းကလန်၏ ခေါင်းဆောင်သည် အသာသက်ပြင်းချကာဖြင့် ပြောလိုက်၏။

ယခုခေတ်တွင် လူပေါင်းများစွာတို့သည် ပိုမိုကာ လိမ္မာလာခဲ့ကြ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ မဝင်ခင်တွင် ၎င်းတို့အားလုံးသည် နတ်ဘုရားရောင်စဉ်များနှင့် ဖုံးကွယ်ကာ ၎င်းတို့၏ မူလ အသွင်အပြင်များကို ကာကွယ်ထားခဲ့ကြ၏။ ပြင်ပလူများ မမြင်နိုင်စေရန် ဖန်တီးပြုလုပ်ပြီးမှ ကောင်းကင် လျှို့ဝှက်နန်းဆောင်ထဲသို့ ဝင်ရောက်ကြသည်။ အဘယ်ကြောင့်ဆိုသော် တခြား စောင့်ကြည့်‌နေကြသည့် သူလျှိုများ မည်သူဝင်သွားသည်ကို သိရှိမှာ စိုးရိမ်သောကြောင့်ပင်။

ထို့ကြောင့် ရွှေကျီးကန်းကလန်ဆီမှ တော်ဝင်သူတော်စင် ဘိုးဘေးကြီးကို စေလွှတ်မှသာလျှင် စိတ်ချရပေ လိမ့်မည်။ ဤနည်းလမ်းနှင့်ဆိုလျှင် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ မည်သူ ဝင်သည်ဆိုဆို ကိစ္စ မရှိချေ။ ထို့အပြင် ၎င်းတို့ မည်သူဖြစ်သည်ကို သိရှိသွားသည် ဆိုလျှင်တောင်မှ ရဲရဲရင့်ရင့်နှင့် ရင်ဆိုင်နိုင်စွမ်း ရှိနေ၏။ တော်ဝင်သူတော်စင်တစ်ယောက်ကို မည်သူကမှ လုယက်တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။

"အင်း… ဒီလိုဆိုရင် တော်ဝင်သဲကန္တာရမြို့က ဒီလောကကြီးထဲမှာ ကြောက်စရာအကောင်းဆုံး မြို့တစ်ခု ဖြစ်လာနိုင်တယ်" ရွှေကျီးကန်းကလန်၏ အိမ်ရှေ့စံမင်းသားက တီးတိုးရေရွတ်လိုက်၏။

"ဖြစ်နေတာ ကြာပြီပေါ့" ရွှေကျီးကန်းကလန်၏ ခေါင်းဆောင်က ခွန်းတုံ့ပြန်လိုက်မိသည်။

ရွှေကျီးကန်းကလန် လှုပ်ရှားလျက် ရှိနေတုန်းမှာပဲ တခြားသော အဓိက ဂိုဏ်းအသီးသီးတို့သည်လည်း အလုပ်များလျက် ရှိနေကြ၏။ သူတို့အနေနှင့် ဘာလုပ်ရမည်ဆိုသည်ကို အကြိတ်အနယ် ဆွေးနွေးလျက် ရှိနေကြ၏။

စဦးတုန်းက လင်းရှောင်သည် ကောင်းကင်နတ်ဆိုးနန်းတော်၏ အကာအကွယ် အစီအရင်ကို ချိုးဖြတ်နိုင်သည့် နည်းလမ်းကို ဝယ်ယူခဲ့၏။ ထိုအရာသည် လူပေါင်းများစွာတို့ကို ဒေါသထွက်စေခဲ့ပြီးဖြစ်၏။ သို့ပေမဲ့ သေသေချာချာ တွေးတောပြီးသည့်နောက် လင်းရှောင်အနေနှင့် လက်စားချေချင်သောကြောင့် ဖြစ်ကြောင်း သိရှိခဲ့ရ၏။ ထိုအရာသည် ကျိုးကြောင်းဆီလျော်လွန်းလှသည်။

ဤကဲ့သို့သော ကိစ္စရပ်မျိုးကို မည်သူကမှ သွားရောက်ကာ စောဒကတက်နေ၍ မဖြစ်နိုင်ချေ။ ထို့အပြင် လင်းရှောင်သည် ကွာစီအင်ပါယာ တစ်ယောက်ဖြစ်၏။ တစ်စုံတစ်ယောက်သည် တူညီသည့် ကစားကွက် တစ်ခုကို ကစားချင်သည် ဆိုလျှင်တောင်မှ ထိုကဲ့သို့သော အားအင်အဆင့်မျိုး ရှိဖို့လိုအပ်၏။ ထို့အပြင် ကြီးမားလှသည့် နောက်ခံကို ပိုင်ဆိုင်ဖို့လည်း လိုအပ်နေချေ၏။

All Chapters