အပိုင်း (၂၃၄)
Vol. 16 Ch. 234
တော်ဝင်သဲကန္တာရမြို့
လီယွင် သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲတွင် ထိုင်လျက် ရှိနေလေ၏။ ၎င်းသည် အပြင်ဘက်တွင် ရှိနေသည့် မြင်ကွင်းများကို ကြည့်ရှုနေ၏။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း မြို့ထဲသို့ များပြားလှသည့် စွမ်းအားမြင့် ကျင့်ကြံသူများ ရုတ်တရက် ရောက်ရှိလာခဲ့၏။
ထိုအထဲတွင် တော်ဝင်သူတော်စင်နှင့် သူတော်စင်ဘုရင်များပင် ပါဝင်လျက် ရှိနေ၏။ ၎င်းအော်ရာများ၏ ပိုင်ရှင်တစ်ယောက်ချင်းစီတိုင်းသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို ကြီးမားသည့် လေးစားသမှုကို ပြသလျက်ရှိ၏။ သို့ပေမဲ့ ၎င်းတို့သည် တစ်ယောက်နှင့် တစ်ယောက် ရန်ဆောင်လျက် ရှိနေကြသည်။
နန်းဆောင်၏ ဂုဏ်သိက္ခာကို ကြောက်လန့်သောကြောင့် အားလုံးသော သူတို့သည် ၎င်းတို့၏ နေထိုင် ပြုမူမှုများ အားလုံးကို ထိန်းသိမ်းထားခဲ့ကြ၏။ အမှုမဲ့ အမှတ်မဲ့ဖြင့် ရမ်းကားသည့် ကိစ္စရပ်များကို မပြုလုပ်ရဲ ကြချေ။ တော်ဝင်အင်ပါယာ တစ်ယောက်၏ နှာခေါင်းပေါက်အောက်တွင် လှည့်ကွက် ပြုလုပ်နိုင်သည် ဆိုခြင်းမှာ ရှိလိမ့်မည် မဟုတ်ချေ။
“အင်း... ဒါ လင်းရှောင်ကြောင့် ဖြစ်လာတဲ့ ပြဿနာပဲ” လီယွင်က အသာပြောလိုက်၏။ ကြီးမားလှသည့် နတ်နယ်မြေကြီး နှစ်ခုသည် တရစပ်တည်း သုတ်သင် ရှင်းလင်းခြင်းကို ခံလိုက်ရ၏။ သူသည် ထိုကိစ္စကြီး၏ အနောက်ဘက်တွင် တည်ရှိနေသည့် လူတစ်ယောက်လည်း ဖြစ်နေလေ၏။ ထို့ကြောင့် ဤလူများ ဤကဲ့သို့ စိတ်လှုပ်ရှားမှုများ မဖြစ်သည်ဆိုပါက ထူးဆန်းနေပေလိမ့်မည်။ များပြားလှသည့် စွမ်းအားမြင့် ကျင့်ကြံသူ များသည် တော်ဝင်သဲကန္တာရမြို့တွင် စုဝေးလျက် ရှိနေကြ၏။
“အရင်တုန်းက သူတော်စင်အဆင့်တွေ၊ နတ်အရှင်အဆင့်တွေဆိုတာ မြင်ရခဲတဲ့ လူတွေလေ။ အခု အချိန်မှာတော့ တော်ဝင်သဲကန္တာရမြို့ထဲမှာ တော်ဝင်သူတော်စင်တွေ၊ သူတော်စင်ဘုရင်တွေ ခွေးထက်ပိုပြီး များနေပြီ”
လီယွင်က တီးတိုးရေရွတ်လိုက်သည်။ “ငါ့အနေနဲ့ နောက်ထပ် ဘယ်လို စာရင်းအမျိုးအစားမျိုး ထုတ်ဖော်ရင် ကောင်းမယ်လို့ ထင်လဲ”
လီယွင်သည် အသာလှည့်ပြီးသည့်နောက် နန်းဆောင်၏ အတွင်းပိုင်းသို့ လျှောက်ဝင်လိုက်သည်။ သူသည် ထိုင်ချပြီးသည့်နောက် ရေခွက်ကို အသာမော့ကာ သောက်လိုက်၏။
ထိုအချိန်မှာပဲ အပြင်ဘက်ဆီမှ လူနှစ်ယောက်က လျှောက်ဝင်လာသည်။
“တော်ဝင်ဓားဂိုဏ်း လုချန်းဂီနဲ့ ရမ်ချင်းတုတို့က နန်းဆောင်သခင်ကို ဂါရဝပြုပါတယ်” ထိုလူနှစ်ယောက်သည် အရှေ့မှတစ်ယောက်၊ အနောက်မှတစ်ယောက် တပြိုင်နက်တည်း လျှောက်ဝင်လာခဲ့ကြ၏။
“လုချန်းဂီ”
လီယွင်သည် မျက်ခုံးကို အသာပင့်ကာဖြင့် အသစ်ဝင်ရောက်လာသည့်လူကို ကြည့်လိုက်၏။ သူတော်စင်ဘုရင် ဖြစ်ခဲ့ဖူးသည် လုချန်းဂီသည် လက်ရှိအချိန်မှာတော့ တော်ဝင်သူတော်စင် ဖြစ်လို့သွားခဲ့ပြီ ဖြစ်၏။ ၎င်း၏ ကျင့်ကြံခြင်းအဆင့်သည် တော်ဝင်သဲကန္တာရမြို့သို့ ရောက်သည့်အချိန်မှာပဲ အသားကျသွားခဲ့ပုံ ပေါ်သည်။
ရမ်ချင်းတု အနေနှင့် တော်ဝင်သဲကန္တာရမြို့ထဲမှာ နေထိုင်နေပြီး ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ မလာသည်မှာ ဤအရာကြောင့် ဖြစ်လိမ့်မည်ဟု လီယွင်က တွေးတောလိုက်၏။ မထင်မှတ်ထားစွာဘဲ ရမ်ချင်းတုသည် လုချန်းဂီကို စောင့်စားနေခြင်းဖြစ်၏။
တော်ဝင်သဲကန္တာရမြို့တွင် တော်ဝင်သူတော်စင် တစ်ယောက် ပေါ်ပေါက်လာခဲ့ပြီဖြစ်၏။ ဤတစ်ကြိမ်တွင် ဝယ်ယူမည့် သတင်းအချက်အလက်သည် တကယ်ပင် တန်ဖိုးကြီးမားပေလိမ့်မည်။
အကျိုးအမြတ်ကို လှမ်းမျှော်ကြည့်ရှုပြီးသည့်နောက် လီယွင်သည် ပြုံးလိုက်၏။ သူထင်မှတ်ထားသည့်အတိုင်းပင် တော်ဝင်ဓားဂိုဏ်းသည် တကယ်ကို ကြီးမားလှသည့် အလောင်းအစားကြီးကို ပြုလုပ်ပေတော့မည်။
“ကျေးဇူးပြုပြီး ထိုင်ပါအုံး” လီယွင်သည် အနီးအနားတွင် ရှိနေသည့် ထိုင်ခုံကို လက်ကမ်းပြကာဖြင့် ပြောလိုက်၏။
“ကျေးဇူးပါပဲ စီနီယာ”
၎င်းတို့နှစ်ယောက်သည် ရောက်ရှိလာလာချင်းမှာပဲ ထိုင်ခုံများ၌ အသာထိုင်လိုက် ကြ၏။ သို့ပေမဲ့ သက်တောင့်သက်သာတော့ မရှိကြချေ။ တော်ဝင်အင်ပါယာ တစ်ယောက်နှင့် မျက်နှာချင်းဆိုင် နေရသည့် အချိန်တွင် သူတို့ကဲ့သို့ ကျင့်ကြံသူများပင်လျှင် မသက်မသာ ခံစားရသည်မှာ သဘာဝပင် ဖြစ်၏။
ရောက်ရှိမလာခင်က လုချန်းဂီသည် ၎င်းဂိုဏ်း၏ မှတ်တမ်းမှတ်ရာများကို ရှာဖွေကြည့်ခဲ့သေးသည်။ သို့သော်ငြား ကောင်းကင် လျှို့ဝှက်နန်းဆောင်သခင်၏ သတင်းအချက်အလက် ဘာတစ်ခုကိုမှ ရှာဖွေ မတွေ့ရှိခဲ့ချေ။ ထို့ကြောင့် သူသည် သံသယဖြစ်လို့နေခဲ့သည်။
စီနီယာ နန်းဆောင်သခင်သည် ယခု တည်ရှိနေသည်ထက် ပိုမိုကာ အားကောင်းလှသည့် အားအင်အဆင့်ကို ပိုင်ဆိုင်သည်လည်း ဖြစ်နိုင်၏။ ထို့အပြင် တော်ဝင်အင်ပါယာအဆင့် တိုက်ကွက်ကိုလည်း ထုတ်ဖော်ပြသခဲ့ပြီး ဖြစ်၏။ တော်ဝင်အင်ပါယာတစ်ယောက်ထက် ပိုမိုကာ အားကောင်းလှသည့် ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင် နေသည်လည်း ဖြစ်လျှင် ဖြစ်နေနိုင်သေး၏။
“အင်း... အဲလောက်ကြီး မလိုပါဘူး။ ကောင်းကင်လျှို့ဝှက်နန်းဆောင်က နှစ်ခုပဲ။ ကောင်းကင်ရဲ့ လျှို့ဝှက်ချက်၊ ပြီးတော့ ကျုပ် လီယွင် ဒါပဲ။ ဘယ်သူမဆို လွယ်လွယ်ကူကူနဲ့ ကျုပ်ကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး” လီယွင်သည် ခပ်တည်တည်နှင့် ပြောဆိုလိုက်သည်။
“စီနီယာပြောတာ အမှန်ပါပဲ” လုချန်းဂီသည် ဘေးတစ်ဖက်မှ မြှောက်ပင့်ကာ ပြောဆိုလိုက်၏။ စိတ်သက်တောင့်သက်သာ ဖြစ်သွားပြီးသည့်နောက် သူသည် သက်ပြင်းရှည်ကြီးကို ချလိုက်မိ၏။
စီနီယာ ပြောဆိုသည်မှာ အမှန်ပင်ဖြစ်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို ဝင်ရောက်တိုက်ခိုက်ရန် ဆိုသည်မှာ မဖြစ်နိုင်ချေ။ စီနီယာကို ရန်စသည့် လူများသည် နောင်ဖြစ်လာမည့် အကျိုးဆက်ကို ခန့်မှန်းနိုင်လိမ့်မည် မဟုတ်ချေ။
“အင်း... ခင်ဗျားရဲ့ ရည်ရွယ်ချက်ကို ကျုပ် အစောကြီးကတည်းက နားလည်ပါတယ်။ ပြော.. တော်ဝင်ဓားဂိုဏ်း အနေနဲ့ ဘယ်လောက်များ ပေးချင်လဲ” လီယွင်သည် လက်ဖက်ရည်ခွက်ကို အသာမော့ကာဖြင့် မေးမြန်းလိုက်သည်။
“အင်း..”
လုချန်းဂီသည် ကြောင်အအဖြင့် ရယ်သွမ်းသွေးလိုက်၏။ သူသည် ချက်ချင်း အလျင်စလိုဖြင့် မတုံ့ပြန် ခဲ့ချေ။ ထိုအစား သူ၏ လက်များကို ပွတ်သပ်ကာဖြင့် မေးမြန်းလိုက်၏။ “စီနီယာ... ကျုပ် မေးချင်တာ တစ်ခု ရှိပါတယ်။ တကယ်လို့ စီနီယာ မဖြေချင်ဘူး ဆိုရင်လည်း”
“ဪ”
လီယွင်သည် ခေါင်းကို အသာမော့ကာဖြင့် လုချန်းဂီကို ကြည့်ရှုလိုက်၏။ ပြီးနောက် ဂရုမစိုက်သလို ပြုံးလိုက်လေ၏။ “ရောင်စဉ်အလင်း နတ်နယ်မြေနဲ့ ကောင်းကင်နတ်ဆိုးနန်းတော် အကြောင်းတွေကို ခင်ဗျား မေးချင်တာလား။ ခင်ဗျား စိတ်ထဲမှာ အဖြေရှိပြီးသားပဲ မဟုတ်လား”
လုချန်းဂီ၏ အမူအရာသည် မပြောင်းလဲချေ။ သို့ပေမဲ့ စိတ်ထဲမှာတော့ စိုးရွံ့သွားမိ၏။ စီနီယာ နန်းဆောင် သခင်သည် တကယ်ပဲ များပြားလှသည့် ဂိုဏ်းအသီးသီးတို့၏ အကာအကွယ် အစီအရင်ကို ချိုးဖြတ်ပစ်နိုင်သည့် အရာကို ပိုင်ဆိုင်နေသည်လား။ ထိုသို့ဆိုလျှင် စီနီယာ၏ မျက်လုံးထဲတွင် အားလုံးသော သူတို့သည် အခုခံ အကာအကွယ်မဲ့သည့် အခြေအနေသို့ ရောက်ရှိနေပေလိမ့်မည်။ ၎င်းသည်သာ သွားချင်သည် ဆိုပါက မည်သူမှသည် တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။
လုချန်းဂီသည် သူ့ကိုယ်သူ ထိန်းသိမ်းပြီးသည့်နောက် အသာဦးညွတ်ကာ ပြောဆိုလိုက်၏။ “ဘာပဲပြောပြော ဂျူနီယာ စုံစမ်းချင်ပါတယ်။ တကယ်ကို ကျုပ်တို့ တော်ဝင်ဓားဂိုဏ်းရဲ့ တောင်အကာအကွယ် အစီအရင်ကို ချိုးဖြတ်နိုင်တဲ့ နည်းလမ်းကို ဝယ်ယူချင်တယ်ဆိုရင် ဘယ်လောက် ကုန်လိမ့်မလဲ”
ဤစကားစုကို နားထောင်လိုက်သည်နှင့် လုချန်းဂီသည် ဝယ်ယူရန် ရည်ရွယ်ချက် ရှိသောကြောင့် မဟုတ်ပေ။ သူ့အနေနှင့် သူတို့ဂိုဏ်း၏ တန်ဖိုးကို အကြမ်းဖျင်း စုံစမ်းစစ်ဆေးခြင်းသာ ဖြစ်လိမ့်မည်ဟု လီယွင်က ကောင်းကောင်းနားလည်၏။
“အင်း... ဒီသတင်းအချက်အလက်က လျှို့ဝှက်ချက် အများကြီး မဟုတ်ပါဘူး။ ခင်ဗျားကို မျှဝေပေးလို့လည်း ပြဿနာ မရှိဘူး”
လီယွင်သည် လက်ဖက်ရည်ခွက်ကို အသာချပြီးသည့်နောက် ဖြည်းညှင်းစွာ ရှင်းပြလိုက်၏။ “ဘယ်ဂိုဏ်းရဲ့ တောင်အကာအကွယ် အစီအရင်ကို ချိုးဖြတ်ဖို့ပဲဖြစ်ဖြစ် သူနဲ့ တူညီတဲ့ ပစ္စည်းတစ်ခုကို လိုအပ်တယ်လေ”
လင်းရှောင်နှင့် မုန့်ရှင်းကျီတို့ အပါအဝင် အားလုံးသော သူတို့သည် သတင်း အချက်အလက်များကို ဝယ်ယူခဲ့၏။ ထို့ကြောင့် ဤအရာသည် ကြာကြာ ဖုံးကွယ်ထားနိုင်သည့်အရာမျိုး မဟုတ်ချေ။ ထို့ကြောင့် တော်ဝင်ဓားဂိုဏ်းအနေနှင့် ဈေးနှုန်းကို သိရှိသွားမည်ဆိုလျှင်လည်း ပြဿနာ မရှိချေ။
“တူညီတဲ့အဆင့် ဟုတ်လား” လုချန်းဂီနှင့် ရမ်ချင်းတုတို့သည့် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ ၎င်းတို့၏ နှလုံးသားထဲတွင် ပျော်ရွှင်မှုများ ပြည့်နှက်သွားခဲ့၏။ အစစ်အမှန်ပင် ၎င်းတို့သည် ထိုကဲ့သို့ တွေးတောထားပြီးသား ဖြစ်၏။
တော်ဝင်ဓားဂိုဏ်း၏ အစီအရင်သည် ကွာစီအင်ပါယာအဆင့်ဖြစ်၏။ ထို့ကြောင့် ၎င်းတို့၏ အစီအရင်ကို ချိုးဖြတ်နိုင်ရန်အတွက် တစ်ဖက်လူသည် တူညီသည့်ပစ္စည်းတစ်ခုကို ပေးအပ်ရန် လိုအပ်လျက် ရှိနေ၏။ ကွာစီအင်ပါယာအဆင့် ပစ္စည်းတစ်ခုခုဆိုသည်မှာ ဈေးကြီးလွန်းလှချေသည်။
“စီနီယာ... ကျုပ် သိသလောက်ဆိုရင် ကြည့်ရတာ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းအနေနဲ့ အရင်တုန်းက အင်ပါယာအဆင့် ပစ္စည်းတစ်ခုမှ မရှိခဲ့ပါဘူး။ ဘယ်လိုဖြစ်ပြီးတော့ ရောင်စဉ်အလင်း နတ်နယ်မြေရဲ့ အကာအကွယ် အစီအရင်ကို ချိုးဖြတ်နိုင်မယ့် နည်းလမ်းကို ဝယ်ယူနိုင်ခဲ့တာလဲ” ရမ်ချင်းတုသည် မျက်မှောင် ကုတ်ကာဖြင့် ဇဝေဇဝါ ဖြစ်လို့နေလေ၏။
အင်ပါယာအဆင့် ပစ္စည်းဆိုသည်မှာ ကျိန်းသေပေါက် တန်ဖိုးကြီးမားလွန်းလှ၏။ အင်ပါယာလက်နက်ကို ဖန်တီးနိုင်သည့် ပစ္စည်းတစ်ခုပင်လျှင် တန်ဖိုး မသေးလှချေ။ အနည်းဆုံး အင်ပါယာအဆင့် ပစ္စည်းဆိုသည်နှင့် ကြောက်မက်ဖွယ်ရာ ကောင်းနေပြီဖြစ်၏။ သို့မဟုတ် အင်ပါရီယာကျမ်းစာလည်း ဖြစ်နိုင်သေးသည်။ အင်ပါရီယာအဆင့် စိတ်ဝိညာဉ်ဆေးပင်များလည်း ဖြစ်နေနိုင်သည်။
“သိချင်တာလား”
လီယွင်သည် ခပ်တည်တည်နှင့် တည်ရှိနေ၏။ သူသည် လက်ကို အသာဆန့်တန်းကာ ပြောလိုက်၏။ “ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း ပေးခဲ့တဲ့ တန်ကြေးက ခင်ဗျားတို့ စိတ်ကူးထားတာထက် ပိုပြီး ဈေးကြီးတယ်။ အသေးစိတ် သတင်းအချက်အလက်ကို သိချင်တယ်ဆိုရင် တော်ဝင်သူတော်စင်အဆင့် ပစ္စည်းတစ်ခု ကျုပ်ကို အခုပေးလိုက်”
ရမ်ချင်းတု “...”
လုချန်းဂီ “...”