အပိုင်း (၂၃၈)
Vol. 16 Ch. 238
စစ်တုရင်အရုပ်အဖြစ် အသုံးပြုမည်ဖြစ်သောကြောင့် လိုအပ်သည့် သတင်းအချက်အလက်များကို ဝယ်ယူသည့်နေရာတွင် လီယွင်သည် သူ၏အိတ်ထဲမှ စိုက်ထုတ်ပေးရလိမ့်မည်။ သို့ပေမဲ့ လီယွင်သည် လောကကြီးတစ်ခုလုံးကို လွှမ်းမိုးရန် ရည်ရွယ်ချက် မရှိသလို သူ၏ကိုယ်ပိုင်လမ်းကို တည်ဆောက်ရန် လိုအပ်သည့်လူလည်း မဟုတ်ပေ။
ထို့ကြောင့် တစ်စုံတစ်ယောက်၏ အားအင်အဆင့် တိုးတက်လာစေရန်အတွက် သူ၏ အိတ်ထဲရှိ အရာများကို ဘယ်တော့မှ ထုတ်ယူ အသုံးပြုလိမ့်မည် မဟုတ်ချေ။ ထို့အပြင် လက်ရှိအချိန်၌ ကောင်းကင်လျှို့ဝှက် အမှတ်များ သူကိုယ်တိုင် လိုအပ်လျက် ရှိနေသေး၏။
"အင်း.. ဘယ်လောက်ဆိုရင် လုံလောက်မလဲဆိုတာ ကျုပ်မသိပါဘူး" လင်းရှောင်က ပြောလိုက်သည်။ သူသည် လက်ကိုအသာမြှောက်ပြီးသည့်နောက် လက်နှစ်ဖက်တွင် သိုလှောင်လက်စွပ်ဆယ်ကွင်း ထွက်ပေါ် လာ၏။ ထိုအရာများသည် တကယ့်ကို များပြားပြီး ကောင်းမွန်လှသည့် အငွေ့အသက်များ ထွက်ပေါ်လျက် ရှိနေလေသည်။
လက်ဆယ်ချောင်းတွင် ရှိနေသည့် သိုလှောင်လက်စွပ် ဆယ်ကွင်းထဲ၌ တကယ့်ကို များပြားလှသည့် ပစ္စည်းများ တည်ရှိနေ၏။ ထိုအရာများသည် နှစ်သန်းပေါင်းများစွာအတွင်း ကောင်းကင်နတ်ဆိုးနန်းတော် စုစည်းထားသည့် ပစ္စည်းများဖြင့် ပြည့်နှက်လျက်ရှိ၏။ နတ်ဘုရားအဆင့် ပစ္စည်းများ၊ စိတ်ဝိညာဉ် ကျောက်တုံးများ၊ ဆေးရည်များ၊ နတ်ဘုရားအတတ်ပညာကျမ်းများ၊ ရေတွက်လို့ မရအောင်ပင် များပြားလွန်း လှ၏။
နောက်ဆုံးမှာတော့ လင်းရှောင်သည် ကွာစီအင်ပါယာအဆင့် လက်နက်တစ်ခုကို ထုတ်ယူပြီး လီယွင်ရှေ့ ချကာ ပြောလိုက်သည်။ "ဒါက ကောင်းကင်နတ်ဆိုး နန်းတော် ဘိုးဘေးအိုကြီးတစ်ယောက် ချန်ထားခဲ့တာလေ။ သူ့ရဲ့ အားအင်အဆင့်က မသေးကွေးဘူး။ စီနီယာ မျက်လုံးထဲမှာ ဘယ်လောက်ထိုက်တန်လဲဆိုတာ ကျုပ်သိချင်ပါတယ်။ ဒါနဲ့"
လင်းရှောင်သည် တစ်စုံတစ်ခုကို သတိရသွားမိ၏။ ထို့ကြောင့် နောက်ထပ် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ ပြောလိုက်၏။ "ဒါက ကောင်းကင်နတ်ဆိုးနန်းတော်ရဲ့ ကျင့်ကြံခြင်းနည်းစနစ်ပဲ။ ကွာစီ အင်ပါယာ ထိပ်ဆုံးအထိတောင် ကျင့်ကြံလို့ရတယ်"
"စနစ်… ဒီပစ္စည်းတွေ အကုန်လုံးရဲ့ တန်ကြေးက ဘယ်လောက်ရှိလဲ" လီယွင်သည် စိတ်ထဲမှာ မေးမြန်းလိုက်သည်။
[ဒင်… စနစ်သည် တွက်ချက်ပြီးသည့်နောက် ပစ္စည်းအားလုံး၏ တန်ကြေးသည် ဆယ့်လေးသိန်းကိုးသောင်း ငါးထောင် ကောင်းကင်လျှို့ဝှက်အမှတ် ရရှိ၏]
"ဆယ့်လေးသိန်းကိုးသောင်းငါးထောင်…. ဆယ့်လေးသိန်းကိုးသောင်းငါးထောင် ဟုတ်လား" လီယွင်သည် အံ့အားသင့်သွားမိ၏။ ဤအရာသည် များပြားလှသည့် ပမာဏပင်ဖြစ်၏။ သို့ပေမဲ့ ကံဆိုးစွာဖြင့် ကောင်းကင် နတ်ဆိုးနန်းတော်၏ အကာအကွယ် အစီအရင်သည် ပါမလာခဲ့ချေ။ ထိုအစီအရင်သာ ပါလာမည်ဆိုပါက ပိုမိုကာ များပြားမှာ သေချာသည်။
"စနစ်… လင်းရှောင်တစ်ယောက် အင်ပါယာဖြစ်ဖို့ အခွင့်အလမ်းတွေကို စစ်ဆေးကြည့်လိုက်" လီယွင်က ထပ်မံကာ မေးမြန်းလိုက်၏။
[အင်မော်တယ်ကျွန်း - ကောင်းကင်လျှို့ဝှက်အမှတ် ရှစ်သိန်းကုန်ကျမည်။ တိကျသည့် တည်နေရာကို သိရှိရန် အသေးစိတ်ကို နှိပ်ပါ]
[ထာဝရမြို့ - ကောင်းကင်လျှို့ဝှက်အမှတ် ရှစ်သိန်းကုန်ကျမည်။ တိကျသည့် တည်နေရာကို သိရှိရန် အသေးစိတ်ကို နှိပ်ပါ]
[တော်ဝင်အင်ပါယာ ကျန်းဖန်၏ ဉာဏ်အလင်း ရရှိရာ တည်နေရာ - ကောင်းကင်လျှို့ဝှက်အမှတ် ဆယ့်သုံးသိန်းကုန်ကျမည်။ တိကျသည့် တည်နေရာကို သိရှိရန် အသေးစိတ်ကို နှိပ်ပါ]
"စနစ်… သုံးခုတည်းလား" လီယွင်သည် သေသေချာချာ စစ်ဆေးကြည့်ရှုလိုက်၏။ ထပ်မံပေါ်ပေါက် မလာသည်ကို သိရှိပြီးသည့်နောက် အနည်းငယ် မယုံကြည်နိုင်သလို ဖြစ်မိနေ၏။ အတိတ်တုန်းက စနစ် အနေနှင့် သတင်းအချက်အလက်များကို ရှာဖွေခိုင်းလိုက်သည် ဆိုသည်နှင့် များပြားလှသည့် သတင်း အချက်အလက်များကို တစ်ခုချင်းစီ ထုတ်ဖော်ပြသခဲ့၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ သတင်း အချက်အလက်များသည် သုံးခုတည်းသာလျှင် ပါဝင်နေ၏။ စနစ်သည် ထပ်မံကာ ရှာဖွေ မတွေ့ရှိနိုင်တော့ ဘူးလား။
[ဒင်… ဤအရာသည် အင်ပါယာအဆင့်ဖြစ်၏။ လင်းရှောင်၏ အခြေအနေနှင့် အင်ပါယာ ဖြစ်လာရန် ကိုက်ညီသည့် တည်နေရာ သုံးခုတည်းသာလျှင် ရှိ၏။ လက်ခံသူအနေနှင့် ဤနေရာမှာ မဟုတ်ဘဲ တခြားသော လောကတည်နေရာများတွင်ရှိသော အခွင့်အရေးများကို လိုက်လံကာ ရှာဖွေချင်သည်လား။ ရှာမည် - မရှာဘူး]
"အင်း.. မရှာနဲ့အုံး"
လီယွင်က ရွေးချယ်လိုက်သည်။ တခြားသော လောကများဆိုသည်မှာ ကြီးမား ကျယ်ပြောလွန်းလှ၏။ လင်းရှောင်အနေနှင့် ဤလောကကြီးထဲတွင် အလွန်အားကောင်းလှသည့်လူတစ်ယောက် ဖြစ်သည် ဆိုလျှင်တောင်မှ တခြားသော လောကကြီးတွင် ဟုတ်ချင်မှ ဟုတ်ပေလိမ့်မည်။ တခြားသော လောကများတွင် ကွာစီအင်ပါယာဆိုသည်မှာ စဦးကျင့်ကြံသူတစ်ယောက် ဖြစ်မည်ဆိုလျှင် မည်သို့လုပ်မည်နည်း။
အင်မော်တယ်အင်ပါယာများ၊ အင်မော်တယ်ဘုရင်များ ပြည့်နှက်နေသည့် လောကထဲသို့ ရောက်သွားသည် ဆိုပါက အလွန်တရာ အန္တရာယ် များပေလိမ့်မည်။ လင်းရှောင် ထိုနေရာဆီသို့ ရောက်နေသည်ဆိုပါက ကျိန်းသေပေါက် သံသယရှိစရာမလိုဘဲ သေဆုံးသွားမှာ သေချာ၏။
တခြားသော လောကများသည် ကျူးကျော်ဝင်ရောက်လာသည့် လူများအား ယဉ်ယဉ်ကျေးကျေးနှင့် ဆက်ဆံနေလိမ့်မည် မဟုတ်ချေ။ လက်ရှိ သူတို့လောက၌လည်း သွေးနတ်ဆိုးလောကမှ လူများအား တိုက်ခိုက် ခဲ့သည် မဟုတ်ပါလား။ လောကကမ္ဘာအသီးသီးတွင် ရှိနေသည့် သတင်းအချက်အလက်များကို စုံစမ်းရန် မလိုအပ်သေးချေ။ အချိန်ရောက်လာသည်ဆိုပါက လိုအပ်သည့်အချိန်တွင် သူရှာဖွေပေလိမ့်မည်။
"တော်ဝင်အင်ပါယာကျန်းဖန် ဉာဏ်အလင်း ရရှိရာနေရာ"
လီယွင်သည် ခဏလောက် စဉ်းစားလိုက်မိ၏။ ဤအရာ၏ သတင်း အချက်အလက်သည် တကယ်ပဲ ဈေးကြီးလွန်းလှ၏။ တခြားသော ပစ္စည်းများ တစ်ခုချင်းစီတိုင်းသည် ကောင်းကင်လျှို့ဝှက်အမှတ် ရှစ်သိန်းနီးပါးခန့်သာ ရှိသော်လည်း ဤတစ်ခုမှာတော့ တစ်ဆယ်ပင်ကျော်လျက် ရှိနေ၏။
"အင်း… ဒီအခွင့်အရေးနဲ့ဆိုရင် အများကြီး အမြတ်ကျန်မှာ မဟုတ်ဘူး"
လီယွင်သည် ခေါင်းကို အသာခါယမ်းကာဖြင့် လင်းရှောင်ကို လှမ်းကြည့်လိုက်၏။ "အင်ပါယာတစ်ယောက် ဖြစ်လာဖို့ အခွင့်အရေး ဆိုတာ သာမန်ထက် ပိုတယ်လေ။ တော်ဝင်အင်ပါယာဆိုတဲ့ စကားလုံးကို ခင်ဗျား ကောင်းကောင်း နားလည်မှာပေါ့"
"တော်ဝင်အင်ပါယာဆိုတာ သက်တမ်းတလျှောက်လုံးမှာ ပြိုင်ဘက်ကင်းပဲ။ လောကသုံးပါးလုံးကို လွှမ်းမိုးနိုင်စွမ်း ရှိတယ်။ နှစ်ပေါင်းများစွာ အတွင်းမှာ အင်ပါယာအဆင့်ကို ရောက်တဲ့လူတွေ အကုန်လုံးက သူတို့ရဲ့ နာမည်ကို ရေးထိုးနိုင်တဲ့ လူတွေကြီးပဲ။ ကောင်းကင်နတ်ဆိုးနန်းတော်ရဲ့ အခြေခံက လက်ရှိအချိန်မှာ အင်မော်တယ် တစ်ယောက်ဖြစ်ဖို့ အခွင့်အရေးနဲ့ နှိုင်းယှဉ်ရင် အနည်းငယ် လိုအပ်ချက်တွေ ရှိနေသေးတယ်"
"ဒါက"
လင်းရှောင်သည် အနည်းငယ် ဆွံ့အသွားမိ၏။ အင်ပါယာတစ်ယောက် ဖြစ်လာရန် အခွင့်အရေး ဆိုသည်မှာ ကျိန်းသေပေါက် မယုံကြည်နိုင်လောက်အောင် ဈေးကြီးမည်ဖြစ်ကြောင်း သူက သိရှိ၏။ သို့ပေမဲ့ ဤမျှလောက် ဈေးကြီးလိမ့်မည်ဟု သူက မထင်မှတ်ခဲ့ချေ။ အဓိက ဂိုဏ်းတစ်ခုလုံး၏ ပိုင်ဆိုင်မှုများ အားလုံးကို စီနီယာအား ပေးအပ်ပြီးပြီ ဆိုလျှင်တောင်မှ မလုံလောက်သေးချေ။
အင်ပါယာတစ်ယောက် ဖြစ်လာရန်အတွက် ပေးအပ်ရမည့် တန်ကြေးသည် မည်မျှ ကြီးမားလိုက်သနည်း။
"ကောင်းကင်နတ်ဆိုးနန်းတော်၏ သမိုင်းတလျှောက်မှာ အင်ပါယာတစ်ယောက်တောင်မှ ပေါ်ထွက် မလာခဲ့ဘူး။ သူတို့ရဲ့ အမွေအနှစ်တွေက တခြားအင်ပါယာကလန်တွေနဲ့ နှိုင်းယှဉ်ရင် လိုအပ်ချက်တွေ ရှိနေသေးတယ်လေ။ ဒါပေမဲ့ မမေ့နဲ့အုံး။ အင်ပါယာ တစ်ယောက်ဖြစ်လာပြီဆိုရင် အင်ပါရီယာ ကျမ်းစာတွေ၊ အင်ပါရီယာ လက်နက်တွေက လက်ထဲကို ရောက်လာလိမ့်မယ်။ ဒါဆိုရင် ရောင်စဉ်အလင်း နတ်နယ်မြေကို ခင်ဗျား ပြန်လည် တည်ဆောက်လို့တောင် ရနိုင်တယ်" လီယွင်သည် အဓိပ္ပာယ်ပါပါဖြင့် ပြောဆိုလိုက်၏။
"ဟမ်"
ထိုစကားကို ကြားရသည့်အချိန်မှာတော့ လင်းရှောင်၏ မျက်လုံးများသည် လင်းလက်သွားသည်။ "အင်ပါရီယာကျမ်းစာတွေ၊ လက်နက်တွေ ဟုတ်လား"
ရောင်စဉ်အလင်း နတ်နယ်မြေ၏ အင်ပါရီယာ လက်နက်သည် မရှိတော့ချေ။ သို့ပေမဲ့ သူ့၌ ရောင်စဉ်အလင်း အင်ပါရီယာကျမ်းစာ လက်ရေးမူတော့ တည်ရှိလို့ နေသေး၏။ ရောင်စဉ်အလင်း နတ်နယ်မြေ၏ အင်ပါရီယာကျမ်းစာကို တခြားသောသူများအား ပေးအပ်လိုက်ခြင်းမှာ မိမိ၏ ကိုယ်ပိုင်ဂိုဏ်းကို ဖျက်ဆီးလိုက်ခြင်းနှင့် ဆင်တူ၏။
အင်ပါယာတစ်ယောက်ဖြစ်ပြီး ရောင်စဉ်အလင်း နတ်နယ်မြေအသစ်ကို တည်ထောင်နိုင်သည် ဆိုပါက အင်ပါရီယာကျမ်းစာနှစ်ခုကို သူပိုင်ဆိုင်ရမည်လား။ ထိုသို့ဆိုလျှင် အင်ပါရီယာ ကျမ်းစာကို စီနီယာအား ပေးအပ်ဖို့ ဆိုသည်မှာ တွန့်ဆုတ်စရာ ကိစ္စရပ်မျိုး မဟုတ်တော့ချေ။ ထိုတင်ကသေးချေ။ သူ့အတွက် ပေးအပ်လိုက်ရသည်ဆိုသော အရာသာရှိ၏။ စီနီယာ့ကဲသို့ ကြောက်မက်ဖွယ်ရာ အားအင်အဆင့်ကို ပိုင်ဆိုင်သူ တစ်ယောက်အတွက် သူတို့၏ အင်ပါရီယာကျမ်းစာသည် ဘာများ အသုံးဝင်မည်နည်း။
လင်းရှောင်သည် ရောင်စဉ်အလင်း နတ်နယ်မြေ၏ သမိုင်းတွင် အထင်ကရ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာတော့မည့် အကြောင်းကို တွေးကြည့်ရင်း ပျော်ရွှင်လို့ သွားခဲ့၏။