← Chapters

အခန်း (၆၆၁-၆၆၃)

Vol. 45 Ch. 661-663

အခန်း (၆၆၁-၆၆၃)

Vol. 45 Ch. 661-663

အခန်း(၆၆၁)

"ကောင်လေး မင်းဘာလို့ ငါတို့ ဒုခေါင်းဆောင်ကို ဒီလို မဖြစ်နိုင်တာတွေ တောင်းဆိုရတာလဲ.. ငါတို့ ဒုခေါင်းဆောင်က မင်းကို တစ်လ စန်းလန်ဒင်္ဂါး တစ်ထောင်ပေးတာနဲ့ နည်းတယ်လို့များထင်နေတာလား.. ဒုခေါင်းဆောင် ဒီကောင်လေးက ဝိုင်ကောင်းကို မသောက်ချင်ဘူးလို့ ကျွန်တော်ထင်တယ်.. သူ့ကိုသင်ခန်းစာပေးလိုက်ပါလား "

"........"

ကျန်းချန်၏ မောက်မာသော ဟန်အမူအရာက ဒုခေါင်းဆောင်ပိုင်မင်၏ နောက်မှ လူငယ်အုပ်စုကို ဒေါသများ ထွက်လာစေခဲ့သည်။

စန်းလန်အဖွဲ့အစည်းတွင် စန်းလန်ဒင်္ဂါးများကို ရရှိရန်မှာ မလွယ်ကူပေ။

စန်းလန်အဖွဲ့အစည်း၏ တပည့်အဖွဲ့များထဲတွင် သူတို့ ယွင်မုန့်အဖွဲ့သည် အင်အားမကောင်းချေ။

ယွင်မုန့်အဖွဲ့၏ သာမန်အဖွဲ့ဝင်များသည် တစ်လလျှင် စန်းလန်ဒင်္ဂါး တစ်ရာ နှစ်ရာလောက်သာ ရနိုင်၏။

ယွင်မုန့်အဖွဲ့၏ ထိပ်တန်းအဖွဲ့ဝင်များပင် တစ်လကို စန်းလန်ဒင်္ဂါး ငါးရာသာ ရရှိသည်။

သူတို့၏ ရှုထောင့်ကကြည့်လျှင် ပိုင်မင်က ကျန်းချန်ကို တစ်လ စန်းလန်ဒင်္ဂါး တစ်ထောင်ပေးသည်မှာ ကျန်းချန်ကို အတော်လေး မျက်နှာသာပေးထားခြင်း ဖြစ်၏။

"ဒီကျန်းချန်ဆိုတဲ့ကောင်က အကောင်းအဆိုးကို နားမလည်ဘူး...ဒီကောင်က ကိုယ့်သေတွင်း ကိုယ်တူးနေတဲ့ကောင်ပဲ "

ကျန်းချန်က ပိုင်မင်၏ အနောက်မှ လူငယ်အုပ်စု၏ အော်ဟစ်သံများကို ဂရုမစိုက်ခဲ့ပေ။

သူက မဲ့ပြုံးပြုံးကာ ပိုင်မင်ကို ပြောလိုက်သည်။

"ငါမင်းနဲ့ အချိန်ဖြုန်းဖို့ စိတ်မ၀င်စားဘူး...မင်းတို့ ယွင်မုန့်အဖွဲ့က စန်းလန်ဒင်္ဂါးတစ်ထောင်ထဲနဲ့ ငါ့ကို လိုချင်တာလား.. ငါအဲဒီလောက်ထိ စျေးမပေါသေးဘူး"

ထိုစကားကိုကြားလျှင် ပိုင်မင်၏ မျက်လုံးများသည် အနည်းငယ် အေးစက်သွားခဲ့၏။

"ကျန်းချန် ငါမင်းကို အခွင့်အရေးတစ်ခု ပေးခဲ့ပြီးပြီ...မင်းနောက်မှ နောင်တမရနဲ့ "

"မစိုးရိမ်ပါနဲ့.. ငါ ကျန်းချန်ရဲ့ အဘိဓာန်ထဲမှာ နောင်တ ဆိုတဲ့စကား ဘယ်တုန်း ကမှမရှိခဲ့ဖူးဘူး "

ကျန်းချန်က ခနဲ့တဲ့တဲ့ပြုံးလိုက်ပြီး ပိုင်မင်ကို ခဏစိုက်ကြည့်လိုက်သည်။

ထို့နောက်တွင် သူ၏ ပျင်းရိလေးတွဲ့သော လေသံသည် လေထဲတွင် ဖြည်းညင်းစွာ ပဲ့တင်ထပ်လာခဲ့၏။

"ပိုင်မင်.. မင်းငါ့ကို ယွင်မုန့်အဖွဲ့ဆီ ဝင်စေချင်ရင် ငါမင်းကို အခွင့်အရေးတစ်ခုပေးမယ်.. ငါတို့တွေ လောင်းကြေးထပ်ကြရအောင်.. မင်းရှုံးရင် စန်းလန်ဒင်္ဂါးတစ်သောင်း ငါ့ကိုပေးရမယ်.. မင်းနိုင်ရင် ငါ မင်းတို့ယွင်မုန့် အဖွဲ့ထဲကို အခမဲ့ဝင်မယ်"

ထိုအလောင်းအစားကို ကြားလျှင် ပိုင်မင်၏ မျက်လုံးများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

"ကောင်းပြီလေ မင်းက ဘယ်လိုမျိုး ယှဥ်ပြိုင်ချင်လဲ "

"အရမ်းကို ရိုးရှင်းပါတယ် မင်းနဲ့ငါ တစ်ပွဲတိုက်ကြမယ်.. အင်အားကို အသုံးပြုပြီးပဲ အဆုံးအဖြတ်ခံယူလိုက်ကြတာပေါ့ "

ကျန်းချန်က ပိုင်မင်ကို မျက်ခုံးပင့်ကာ ကြည့်၍ မေးလိုက်သည်။

"ဘယ်လိုလဲ မင်းသတ္တိရှိရဲ့လား "

"ဟားဟား ငါနားကြားမှားတာတော့ မဟုတ်ပါဘူးနော်.. ဒီကောင်လေးက ငါတို့ရဲ့ ဒုခေါင်းဆောင် ပိုင်မင်ကိုတောင် စိန်ခေါ်နေတယ်ဟ "

"......."

ကျန်းချန်က သူတို့ခေါင်းတောင် ပိုင်မင်အား စိန်ခေါ်နေသည်ကို မြင်လျှင် ယွင်မုန့် အဖွဲ့၀င်များသည် ကျန်းချန်ကို လှောင်ရယ်လိုက်ကြသည်။

" ကျန်းချန် မင်းငါ့ကို စိန်ခေါ်ချင်တာ သေချာရဲ့လား "

ပိုင်မင်ကလဲ ကျန်းချန်ရဲ့ စကားကြောင့် အံ့အားသင့်နေခဲ့သည်။

ထို့နောက်တွင် သူ၏ နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခု ပေါ်လာခဲ့သည်။

"မင်းနဲ့ဒီမှာ ဟာသလုပ်နေဖို့ အချိန်မရှိဘူး "

ကျန်းချန်က စိတ်မရှည်သလို ကြည့်ကာ ပြောလိုက်၏။

"အပိုစကားတွေပြောမနေနဲ့.. လောင်းကြေးမထပ်ရဲရင် ငါ့ရှေ့ကနေ ထွက်သွားလိုက်တော့.. င့ါရဲ့အချိန်တွေကို လာမဖြုန်းတီးနဲ့ "

"ငါက ဘာလို့ လောင်းကြေးမထပ်ရဲရမှာလဲ..ကောင်းပြီလေ.. မင်းက လောင်းကြေးထပ်ချင်တယ် ဆိုမှတော့ ငါက မင်းဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့ "

ပိုင်မင်က မထီမဲ့မြင် အမူအရာဖြင့် ရယ်မောကာ ပြောလိုက်၏။

သူ့ရှေ့မှ ကျန်းချန်သည် ဒဏ္ဍာရီလာ ကြယ်တစ်ရာဘုရင် ဖြစ်သော်လည်း စန်းလန်အဖွဲ့အစည်းကို ယခုမှ ဝင်ရောက်လာသည့် လူသစ်တစ်ယောက်သာ ဖြစ်သည်။

သူ၏ အမြင်အရ ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် စွမ်းအင်သိပ်သည်းခြင်း ပထမအဆင့်တွင်သာ ရှိနေသေး၏။

သူက စွမ်းအင်သိပ်သည်းခြင်း တတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး စတုတ္ထအဆင့်ကို ရောက်ရှိရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့၏။

ကျန်းချန်က ကြယ်တစ်ရာဘုရင် ဖြစ်နေလျှင်ပင် ဤကောင်လေးသည် နယ်ပယ်အဆင့် နှစ်ဆင့်ကိုကျော်ဖြတ်ပြီး စွမ်းအင်သိပ်သည်းခြင်း တတိယအဆင့် အထွတ်အထိပ် ကျင့်ကြံသူဖြစ်သည့် ရွှေရောင်အဆင့် တပည့်ကို အနိုင်ယူနိုင်မည်ဟု ပိုင်မင် မယုံကြည်ပေ။

"မင်းသဘောတူပြီ ဆိုတော့ စလိုက်ကြရအောင် "

ငါးက ငါးစာကို လာဟပ်သည်ကို မြင်လျှင် ကျန်းချန်သည် မဲ့ပြုံးပြုံးလိုက်သည်။

သူက ပိုင်မင်ကို လက်ယပ်ပြကာ ပြောလိုက်သည်။

"မင်းကို အရင်လှုပ်ရှားဖို့ အခွင့်အရေးပေးမယ်.. ဒီလိုမှ မဟုတ်ရင် မင်းမှာ ငါ့ကို တိုက်ခိုက်ဖို့ အခွင့်အရေးရှိမှာ မဟုတ်ဘူး "

အခန်း (၆၆၁)ပြီး၏။

အခန်း(၆၆၂)

"ကျန်းချန် မင်းက တော်တော်လေး မောက်မာတဲ့ကောင်ဘဲ ကြယ်တစ်ရာဘုရင်က တကယ်ကို ထူးခြားတဲ့ ပါရမီရှင်ဆိုတာ ငါလက်ခံတယ်.. တစ်နှစ် နှစ်နှစ်လောက် အချိန်ပေးလိုက်ရင် ငါက မင်းရဲ့ပြိုင်ဘက် မဖြစ်နိုင်တော့ဘူး.. ဒါပေမယ့် အနည်းဆုံး အခုအချိန်မှာတော့ မင်းမှာ ရမ်းကားနိုင်တဲ့ အဆင့် မရှိသေးဘူး "

ပိုင်မင်က အားပါးတရ ရယ်မော၍ ပြောလိုက်ပြီး နောက်တွင် စွမ်းအင်သိပ်သည်းခြင်း တတိယအဆင့် အရှိန်အ၀ါကို ထုတ်ဖော်လိုက်သည်။

သူက လက်တစ်ဖက်ကို လှုပ်ရှားလိုက်ရာ အနီးနားရှိ ပေအနည်းငယ် အတွင်းမှ ကောင်းကင်နှင့်မြေကြီး၏ အသက်စွမ်းအင်များသည် အနက်ရောင် ဧရာမမြွေကြီး အဖြစ်သို့ ပြောင်းလဲသွားပြီး ကျန်းချန်ဆီသို့ ဦးတည်လာခဲ့သည်။

"လာစမ်းပါ စန်းလန်အဖွဲ့အစည်းရဲ့ စွမ်းအင်သိပ်သည်းခြင်းတတိယအဆင့် ရွှေရောင်တပည့်က ဘယ်လောက် အစွမ်းထက်လဲ ကြည့်ရသေးတာပေါ့ "

ကျန်းချန်က ပိုင်မင်ကို ကြုံး၀ါးလိုက်ပြီး တစ်ခဏအတွင်းမှာပင် နဂါးမီးတောက် အရှင်သခင်၏ အားကောင်းသော သွေးစွမ်းအင်သည် ချက်ချင်းပင် သူ၏ ကိုယ်ခန္ဓာမှ ပေါက်ကွဲထွက်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် သူက ထိုက်ရှတိုက်ခိုက်ရေး ခန္ဓာကိုယ် ကျင့်စဥ်ကို ထုတ်ဖော်လိုက်ရာ သူ၏ ခန္ဓာကိုယ်က ရွှေရောင်ခန္ဓာကိုယ် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"တောင်တန်းနဲ့ မြစ်များ လှုပ်ခါစေ "

ရွှေရောင်စစ်နတ်ဘုရားတစ်ပါး အဖြစ်သို့ ပြောင်းလဲသွားသော ကျန်းချန်သည် အနက်ရောင် ဧရာမမြွေကြီးကို လက်သီးဖြင့် ထိုးချလိုက်သည်။

ချက်ချင်းဆိုသလိုပင် အနက်ရောင် ဧရာမမြွေကြီးက တုန်ခါသွားပြီး မမျှော်လင့်ဘဲ ပေါက်ကွဲထွက်သွားခဲ့သည်။

"ဝုန်း"

အနက်ရောင်ဧရာမမြွေကြီး ပေါက်ကွဲသွားသည်နှင့် အမျှ ပိုင်မင်သည် ကျန်းချန်ဆီမှ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများကြောင့် ခြေလှမ်းအနည်းငယ် အနောက်သို့ ဆုတ်လိုက်ရသည်။

အံ့အားသင့် မှင်တက်နေသော ပိုင်မင်ကို ကျန်းချန်သည် အသက်ရှူရန်ပင် အချိန်မပေးခဲ့ပေ။

သူက လေဆန္ဒ၏ ဒုတိယအဆင့်ခွန်အားကို မဆိုင်းမတွထုတ်ဖော်လိုက်ရာ သူ၏ ခန္ဓာကိုယ်သည် ချက်ချင်းဆိုသလိုပင် ရွှေရောင်အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး ပိုင်မင်၏ ရှေ့ကို ရောက်လာခဲ့သည်။

"ထိုက်ရှတိုက်ခိုက်ရေး ခန္ဓာကိုယ်ကျင့်စဥ် ဒုတိယတိုက်ကွက်.. ဟင်းလင်းပြင်ပိုင်းဖြတ်"

ရွှေရောင်တောက်ပနေသော သူ၏ လက်သီးက ကြောက်မက်ဖွယ်ကောင်းသော အင်အားကို ယူဆောင်ကာ ပိုင်မင်ဆီသို့ ရောက်ရှိလာခဲ့သည်။

အစောပိုင်းကထက် အဆပေါင်းများစွာ ကြောက်မက်ဖွယ်ကောင်းသော ကျန်းချန်၏ လက်သီးကို ရင်ဆိုင်ရလျှင် ပိုင်မင်၏ အမူအရာသည် အဆုံးသတ်တွင် ပြင်းပြင်းထန်ထန်ပြောင်းလဲသွားတော့သည်။

သူက တွေဝေမနေနိုင်တော့ဘဲ ခန္ဓာကိုယ်ထဲရှိ အသက်စွမ်းအားများကို အစွမ်းကုန် အသုံးပြုကာ ကောင်းကင်အဆင့် တစ္ဆေလက်ဝါးသိုင်းဖြင့် ကျန်းချန်၏ ကြောက်မက်ဖွယ်ကောင်းသော လက်သီးကို ရင်ဆိုင်လိုက်၏။

" ဝုန်း "

ကြောက်မက်ဖွယ်ကောင်းသော အင်အားသည် လေထုတဲတွင် ထိပ်တိုက်ဆုံမိသွားပြီး ချက်ချင်းဆိုသလိုပင် ကျယ်လောင်သော ပေါက်ကွဲသံက ထွက်ပေါ်လာခဲ့သည်။

ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းများကလဲ ခြံ၀င်းတစ်ခုလုံးကို လွှမ်းမိုးသွား၏။

ပိုင်ချွမ်နှင့် ယွင်မုန့်အဖွဲ့မှ အဖွဲ့၀င်များပင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများကြောင့် အံ့အားသင့်သွားခဲ့သည်။

ထိုသို့ ပိုင်ချွမ်နှင့် တခြားသူများ စွမ်းအင်လှိုင်းများကြောင့် အနောက်သို့ ဆုတ်လိုက်ကြသည့် အချိန်တွင် ကျန်းချန်နှင့်တိုက်ခိုက်နေသော ပိုင်မင်၏ ပုံရိပ်သည် ရုတ်တရက် တုန်ယင်သွားပြီး မီတာအနည်းငယ် အကွာသို့ ပြောင်းပြန် လွင့်စင်သွားခဲ့သည်။

ထို့နောက်တွင် ပိုင်မင်၏ နှုတ်ခမ်းထောင့်မှ နီရဲသော သွေးများ ဆက်တိုက် စီးကျလာသည်ကို အားလုံးက မြင်လိုက်ရ၏။

"ဒါ.. ဒါက ကြယ်တစ်ရာဘုရင်ရဲ့ အင်အားလား "

ပိုင်မင်က သူ၏ လက်ခုံဖြင့် နှုတ်ခမ်းမှသွေးများကို သုတ်လိုက်သည်။

တစ်ဖက်မှ ကျန်းချန်ကို ကြည့်ကာ သူ၏ မျက်လုံးထဲတွင် ကြောက်ရွံ့သော အရိပ်အယောင်များက ဖုံးဖိမရစွာ ပေါ်လာခဲ့၏။

စန်းလန်အဖွဲ့အစည်း၏ ရွှေရောင်တပည့် တစ်ယောက် အနေဖြင့် ပိုင်မင်သည် သာမန်ကျင့်ကြံသူ တစ်ဦး မဟုတ်ပေ။

သာမန်စွမ်းအင်သိပ်သည်းခြင်း ကျင့်ကြံသူတစ်ဦးပင် သူ၏ ပြိုင်ဘက် မဖြစ်နိုင်ချေ။

သို့သော်လည်း စွမ်းအင်သိပ်သည်းခြင်း ပထမအဆင့်သာ ရှိသေးသည့် ဤကောင်လေးသည် ကြောက်မက်ဖွယ်ကောင်းသော သွေးစွမ်းအားနှင့် ကောင်းကင်အဆင့် ကျင့်စဥ်ကို အသုံးပြုကာ သူ့ကို ဒဏ်ရာရအောင် လုပ်ဆောင်သွားခဲ့သည်။

ကြယ်တစ်ရာဘုရင်၏ တိုက်ခိုက်ရေး စွမ်းအားက ထူးခြားမှန်းသူသိသော်လည်း ကျန်းချန်၏ တိုက်ခိုက်ရေး စွမ်းအားသည် ဤမျှလောက် ကြောက်စရာကောင်းသော အဆင့်သို့ ရောက်ရှိနေမည်ဟု သူ မထင်ထားခဲ့ပေ။

"ဒါ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ.. ဒီကောင်လေးမှာ ဒုခေါင်းဆောင်ပိုင်မင်ကို အနိုင်ယူနိုင်တဲ့ အင်အားမျိုး ဘယ်လိုလုပ်ပြီး ရှိနေတာလဲ "

"............."

သူတို့ ရှေ့မှာ အံ့သြစရာကောင်းသော မြင်ကွင်းကို မြင်လိုက်ရလျှင် ယွင်မုန့်အဖွဲ့ဝင် အားလုံးသည် မယုံကြည်နိုင်သော အကြည့်များဖြင့် ကြည့်နေခဲ့ကြသည်။

သို့သော် လူတိုင်းက ကျန်းချန်၏ ကြောက်မက်ဖွယ်ကောင်းသော အင်အားကြောင့် မှင်သက်နေသော အချိန်မှာပင် ကျန်းချန်၏ အသံသည် ခြံ၀င်းထဲတွင် ပဲ့တင်ထပ်လာခဲ့၏။

"ဒုခေါင်းဆောင် ပိုင်မင်.. မင်းရှုံးနိမ့်သွားပြီ.. စန်းလန်ဒင်္ဂါးတစ်သောင်းကို လောင်းကြေးအတွက် ငါ့ကိုပေးဖို့ ပြင်ထားပေတော့"

အခန်း(၆၆၂)ပြီး၏။

အခန်း(၆၆၃)

"ကျန်းချန် မင်းက ဒဏ္ဍာရီလာ ကြယ်တစ်ရာဘုရင် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါတယ်.. မင်းရဲ့တိုက်ခိုက်ရေးစွမ်းအားက ငါ့ထက် ပိုပြီး အားကောင်းနေတာအမှန်ပဲ "

ပိုင်မင်က အသက်ကို ခပ်ဖြည်းဖြည်း ရှူရှိုက်ရင်း ပြောလိုက်သည်။

"ဒါပေမဲ့ ငါ့ကို အနိုင်ယူချင်ရင်တော့ ဒိီလောက်ထိ မလွယ်သေးဘူး "

သူက ကျန်းချန်ကို ခပ်တင်းတင်း စိုက်ကြည့်ကာ ပြောလိုက်၏။

"ကောင်းပြီလေ.. မင်း အရှုံးကို လက်ခံနိုင်ဖို့ အတွက် ငါနောက်ထပ် အခွင့်အရေးတစ်ခု ထပ်ပေးမယ်.. မင်းရဲ့ အစွမ်းအစကို အကုန်ထုတ်သုံးလိုက် "

"ကောင်းပြီလေ မင်းရဲ့ဆန္ဒအတိုင်းပဲ"

"တစ္ဆေလျှို့ဝှက်နည်းစနစ် "

ပိုင်မင်၏ အမူအရာက ချက်ချင်းဆိုသလ်ို ပြောင်းလဲသွားခဲ့သည်။

သူက လက်နှစ်ဖက်ကို ရင်ဘတ်နားတွင် ကပ်ကာ ဆန်းကြယ်သော လက်ဟန်များကို ပြုလုပ်လိုက်၏။

ထိုတစ်ခဏမှာပင် ပိုင်မင်၏ ခန္ဓာကိုယ်မှ အရှိန်အဝါသည် ရုတ်ခြည်း ဆိုသလို တိုးတက်လာခဲ့ပြီး စွမ်းအင်သိပ်သည်းခြင်း တတိယ အဆင့်ကို တိုက်ရိုက်ကျော်ဖြတ်ကာ စတုတ္ထအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

"ကျန်းချန် မင်းမှာ ငါ့ကို အနိုင်ယူဖို့အတွက် အရည်အချင်းမရှိသေးဘူးလို့ ငါပြောခဲ့သားပဲ.. ဒါကြောင့် မင်း ယွင်မုန့်အဖွဲ့ကို နာခံမှုရှိရှိ ဝင်လိုက်တာ ပိုပြီးကောင်းမယ် "

ပိုင်မင်က သူ၏ ကျင့်ကြံခြင်းအဆင့်ကို လျှို့ဝှက်နည်းစနစ်ဖြင့် မြှင့်တင်နေရင်း ကျန်းချန်ကို စိုက်ကြည့်ကာ အေးစက်စက်ပြောလိုက်သည်။

"ဟားဟား ဒုခေါင်းဆောင် ပိုင်မင်.. မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ.. မင်းက လျှို့ဝှက်နည်းစနစ်နဲ့ နယ်ပယ် အဆင့်တစ်ခု မြှင့်တင်လိုက်ရုံနဲ့ တိုက်ပွဲရလဒ်ကို ပြောင်းလဲနိုင်မယ်လို့ ထင်နေတာလား "

ကျန်းချန်က ခပ်ထေ့ထေ့ ရေရွတ်လိုက်ပြီးနောက်တွင် လက်နှစ်ဖက်ကို လှုပ်ရှားလိုက်ကာ ဘုရင်အဆင့် လျှို့ဝှက်နည်းစနစ်ဖြစ်သည့် တိမ်တိုက်ဝါးမျိုနည်းစနစ်ကို ချက်ချင်း ထုတ်ဖော်လိုက်သည်။

တစ်ခဏချင်းမှာတွင် မီတာအနည်းငယ် အတွင်းမှကောင်းကင်နှင့် မြေကြီး၏ အသက်စွမ်းအင်များသည် ချက်ချင်းပင် ကျန်းချန်၏ ကိုယ်ပေါ်သို့ စုဝေးလာခဲ့ပြီး မရေမတွက်နိုင်သော ထူးဆန်းသော စွမ်းအင်များ အဖြစ် ပြောင်းလဲသွားခဲ့သည်။

ထို့နောက်တွင် ကျန်းချန်၏ ခန္ဓာကိုယ်မှ အရှိန်အဝါသည် ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် တိုးမြှင့်လာခဲ့၏။

စွမ်းအင်သိပ်သည်းခြင်း ဒုတိယအဆင့်။

စွမ်းအင်သိပ်သည်းခြင်း တတိယအဆင့်။

စွမ်းအင်သိပ်သည်းခြင်း စတုတ္ထအဆင့်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ကျန်းချန်၏ ခန္ဓာကိုယ်အရှိန်အဝါသည် နယ်ပယ်အဆင့် သုံးဆင့်အထိ တိုးတက်လာပြီး ပိုင်မင်နှင့် တန်းတူအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

[ဘုရင်အဆင့် လျှို့ဝှက်နည်းစနစ်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါတယ်.. တကယ်ကို လက်ဖျားခါလောက်စရာပဲ]

သူ၏ ကျင့်ကြံခြင်းအဆင့်က နယ်ပယ်အဆင့် သုံးဆင့်လောက် အထိ တစ်ခဏအတွင်း တိုးတက်လာပြီး နောက်တွင် အားကောင်းသော အင်အားကို ခံစားမိပြီး ကျန်းချန်သည် တိမ်တိုက်ဝါးမျို နည်းစနစ်ကို အံ့အားသင့်သွားခဲ့သည်။

ဤဘုရင်အဆင့် လျှို့ဝှက်နည်းစနစ်တွင် ဝါးမျိုနိုင်သော အင်အားသုံးမျိုး ရှိသည်။

သူယခု ကျွမ်းကျင်ထားသည်မှာ ပထမအဆင့်သာ ရှိသေးသည်။

သို့သော် ဤပထမအဆင့်ကပင် နယ်ပယ်အဆင့် သုံးဆင့်ကို တိုက်ရိုက် တိုးမြှင့်စေနိုင်၏။

အကယ်၍သာ တိမ်တိုက်ဝါးမျိုနည်းစနစ်၏ ဝါးမျိုခြင်းစွမ်းအင်ကို အပြည့်အ၀ ကျွမ်းကျင်ခဲ့လျှင် စွမ်းအင်သွေဖယ်ခြင်း ပဥ္စမအဆင့်အထိ သူ၏တိုက်ခိုက်ရေးစွမ်းအားကို တိုးမြှင့်နိုင်မည်ဟု သူထင်ခဲ့သည်။

"ဒုခေါင်းဆောင်ပိုင်မင်.. စိတ်မကောင်းပါဘူး.. ဒီကမ္ဘာမှာ လျှို့ဝှက်နည်းစနစ်ကို သိတဲ့သူက မင်းတစ်ယောက်ထဲ မဟုတ်ဘူး "

ကျန်းချန်က တိမ်တိုက်ဝါးမျို နည်းစနစ်ဖြင့် သူ့အင်အားကို နယ်ပယ်အဆင့် သုံးဆင့်အထိ တိုးမြှင့်လိုက်ပြီး နောက်တွင် ပိုင်မင်ကို ပြုံးရွှင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

"မင်း.. မင်းရဲ့ လျှို့ဝှက်နည်းစနစ်က ဘာနည်းစနစ်လဲ "

ပိုင်မင်က ကျန်းချန်ကို ထိတ်လန့်တကြား ကြည့်ကာ စကားလုံးများပင် ထစ်ငေါ့လာခဲ့သည်။

သိထားရမည်မှာ သူ၏ မြေကြီးအဆင့် လျှို့ဝှက်နည်းစနစ် ဖြစ်သည့် တစ္ဆေလျှို့ဝှက်နည်းစနစ်သည် သူ၏ အင်အားကို နယ်ပယ်အဆင့် တစ်ဆင့်သာ မြှင့်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း သူ၏ရှေ့မှ လူငယ် အသုံးပြုခဲ့သည့် လျှို့ဝှက်နည်းစနစ်သည် အမှန်တကယ်ပင် နယ်ပယ်အဆင့် သုံးဆင့်အထိ တိုးမြှင့်စေနိုင်၏။

"ငါဘယ်လို လျှို့ဝှက်နည်းစနစ်ကို အသုံးပြုလဲဆိုတာ အရေးမကြီးဘူး "

ကျန်းချန်က ပိုင်မင်ကို လှမ်းကြည့်လိုက်ပြီး နှုတ်ခမ်းကိုအနည်းငယ် ကွေးညွှတ်ကာ မေးခွန်းထုတ်လိုက်သည်။

"အရေးကြီးတာက မင်းအခု လက်လျှော့လိုက်တော့မလား ဆက်ပြီး ငါနဲ့တိုက်ခိုက်မှာလား "

"ငါမင်းကို အရှုံးပေးပါတယ် "

ပိုင်မင်က ခါးသီးစွာပြုံးလိုက်ပြီး ချက်ချင်းဆိုသလို သူ၏ အမှတ်အသား တံဆိပ်ပြားကို ထုတ်ယူကာ ကျန်းချန် ဆီသို့ စန်းလန် ဒင်္ဂါးတစ်သောင်းကို လွှဲပေးလိုက်သည်။

ဤကောင်လေး၏ တိုက်ခိုက်ရေးစွမ်းအားသည် သူ့ထက်အဆများစွာ သာလွန်ပြီး ယခုအခါတွင် ကြောက်မက်ဖွယ်ကောင်းသော လျှို့ဝှက်နည်းစနစ်ကို အသုံးပြုကာ ကျင့်ကြံခြင်းအဆင့်ကို သူနဲ့တန်းတူ အဆင့်ထိ မြှင့်တင်နိုင်ခဲ့သည်။

ဆိုရလျှင် သူ့အတွက် အနိုင်ရဖို့ အခွင့်အရေး လုံး၀မရှိတော့ပေ။

သူ့ရှေ့မှ ကောင်လေးသည် လက်ရှိအချိန်တွင် ကြယ်တစ်ရာဘုရင်ပါရမီရှင်သာ ဖြစ်သော်လည်း ဤအလားအလာဖြင့်ဆိုလျှင် စန်းလန်အဖွဲ့အစည်း၏ ဘုရင်အဆင့်တပည့် ဖြစ်မလာနိုင်ဟုပင် ဆို၍မရပေ။

အခန်း(၆၆၃)ပြီး၏။

All Chapters