အခန်း (၆၆၄-၆၆၆)
Vol. 45 Ch. 664-666
အခန်း(၆၆၄)
ပိုင်မင်က ကျန်းချန်ကို စန်းလန် ဒင်္ဂါးတစ်သောင်း လွှဲပြောင်းပေးပြီးနောက်တွင် သူ့အဖွဲ့ကို ဦးဆောင်ကာ စိတ်ဓာတ်ကျစွာဖြင့် ကျန်းချန်၏ ခြံဝင်းထဲကနေ ထွက်ခွာသွားခဲ့သည်။
"ပိုင်ချွမ်.. ဒီကျန်းချန် ဆိုတဲ့ကောင်က အရမ်းကြောက်ဖို့ကောင်းတယ်.. ငါတို့ ယွင်မုန့်အဖွဲ့ရဲ့ ခေါင်းဆောင်တောင် သူ့ရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူးလို့ ငါထင်တယ်.. အနာဂတ်မှာ မင်း သူ့ကို စိန်မခေါ်မိရင် အကောင်းဆုံးပဲ"
ခြံတံခါးကနေ ထွက်လာပြီးနောက်တွင် ပိုင်မင်က ပိုင်ချွမ်ကို လေးလေးနက်နက် သတိပေးလိုက်သည်။
"အကိုမင် ကျွန်တော်နားလည်ပါတယ်"
ပိုင်မင်၏ စကားကိုကြားလျှင် ပိုင်ချွမ်၏ မျက်နှာသည် ချက်ချင်းဆိုသလို မသာမယာ ဖြစ်သွားခဲ့၏။
"မင်းနှလုံးသားထဲမှာ နာကျင်စရာတွေ ရှိတယ်ဆိုတာ ငါသိတယ်.. ဒါပေမယ့် ဒီစန်းလန်အဖွဲ့အစည်းရဲ့ နေရာမှာတော့ နာကျင်စရာတွေ ရှိနေရင်တောင် တစ်ခါတစ်ရံမှာ ထိန်းချုပ်ထားရလိမ့်မယ်.. ကျန်းချန်က ဘုရင်အဆင့်တပည့် မဟုတ်ဘူးဆိုရင်တောင်.. ရွှေရောင်တပည့်တွေထဲမှာ အထွတ်အထိပ် နေရာမှာရှိတယ်.. မင်းအနေနဲ့ သူ့ရဲ့ရန်သူအဖြစ် ရွေးချယ်မိရင် နောင်တရရုံပဲ ရှိလိမ့်မယ်"
ပိုင်မင်က ပိုင်ချွမ်ကို ကြည့်၍ လေသံအေးအေးဖြင့် သတိပေးလိုက်သည်။
မကြာခင်မှာပင် သူသည် သူ၏ အနောက်မှ ယွင်မုန့်အဖွဲ့ဝင်များကို လှည့်ကြည့်လိုက်ပြီး ချက်ချင်းပင် အမိန့်ပေးလိုက်သည်။
"ယွင်မုန့် အဖွဲ့ဝင်တွေအားလုံး နားထောင်ကြ.. အနာဂတ်မှာ စန်းလန် အဖွဲ့အစည်းရဲ့ တပည့်တွေကို လွယ်လွယ်နဲ့ အနိုင်မကျင့်မိစေနဲ့"
စန်းဟိုင်ကျွန်း၏ ဘက်တွင် ယခုအခါ၌ ကျန်းချန်ကဲ့သို့ နတ်ဆိုးဆန်လွန်းသည့် ကြယ်တစ်ရာဘုရင် ရှိနေပြီဖြစ်၍ စန်းဟိုင်ကျွန်း၏ တိုးတက်မှုကို တားဆီး၍ မရနိုင်တော့ပေ။
ဆိုရလျှင် ယခုအချိန်ကစပြီး စန်းလန်အဖွဲ့အစည်းထဲရှိ စန်းဟိုင်ကျွန်းမှ တပည့်များသည် အနိုင်ကျင့်ခံရမည့်သူများ မဟုတ်တော့ချေ။
ပိုင်မင်နှင့် အခြားသူများ ထွက်သွားပြီးနောက်တွင် ကျန်းချန်သည် တစ်နာရီခန့် အနားယူနေခဲ့သည်။
ဘုရင်အဆင့် လျှိုဝှက်နည်းစနစ်ဖြစ်သည့် တိမ်တိုက်ဝါးမျို နည်းစနစ်သည် အင်အား အလွန်ကောင်းသော်လည်း အသုံးပြုပြီးနောက်တွင် အချိန်တစ်ခဏမျှ အနားယူရ၏။
သူ၏ အင်အားများ ပြန်လည် ပြည့်ဝလာသောအခါတွင် သူက မစ်ရှင်ခန်းမသို့ သွားပြီး မစ်ရှင်တစ်ခုခု လုပ်ဆောင်မလား စဥ်းစားနေသော အချိန်မှာပင် သူ၏ အမှတ်သားတံဆိပ်ပြားပေါ်၌ သတင်းစကားတစ်ခု ပေါ်လာခဲ့သည်။
"အစ်ကိုကျန်း.. ကြေးအဆင့်တပည့်တွေရဲ့ နေရာကို အမြန်ဆုံးလာခဲ့ပေးပါ"
တံဆိပ်ပြားပေါ်မှ သတင်းစကားကို ရရှိပြီးနောက်တွင် မျက်မှောင်ကြုတ်သွားခဲ့သည်။
"လျှိုလင်ကျူး ဆီက သတင်းစကားကို ကြည့်ရတာ ကြေးအဆင့်တွေ နေထိုင်တဲ့နေရာမှာ အခက်ခဲတစ်ခုခုနဲ့ ကြုံတွေ့နေရတာ ဖြစ်နိုင်တယ်"
ထိုသို့ တွေးပြီးသည်နှင့် ကျန်းချန်သည် အရိပ်တစ်ခုကဲ့သို့ လျှပ်တပြက် ပျောက်ကွယ်သွားခဲ့သည်။
ကြေးအဆင့်တပည့်များ၏ နေထိုင်သော နေရာတွင် ကျယ်ပြောသော လွင်ပြင်တစ်ခု ရှိသည်။
ယခုအခါတွင် လူအုပ်ကြီးသည် လွင်ပြင်တွင် စုရုံးနေခဲ့သည်။
အသေအချာ အကဲခတ်ကြည့်လျှင် ထိုလူအုပ်ကြီးမှာ အဖွဲ့နှစ်ဖွဲ့ဖြစ်ပြီး တစ်ဖက်နှင့် တစ်ဖက် မျက်နှာချင်းဆိုင် ရပ်နေကြ၏။
တစ်ဖက်အဖွဲ့မှာ လူဆယ်ယောက်ကျော်ရှိပြီး လျှိုလင်ကျူးနှင် လျှိုယွင်တို့ ဦးဆောင်သော စန်းဟိုင်ကျွန်းမှ တပည့်များ ဖြစ်သည်။
"လျှိုလင်ကျူး.. မင်းက ကိုယ့်ကိုကိုယ် မာန်တက်နေတာလား.. စန်းဟိုင်ကျွန်းက တပည့်တွေက ဘယ်လောက်နိမ့်ကျသလဲ ဆိုတာ မင်းမသိဘူးလား.. မင်းကများ စန်းလန် အဖွဲ့အစည်းမှာ စန်းဟိုင်ကျွန်းက တပည့်တွေနဲ့ အဖွဲ့တစ်ဖွဲ့ တည်ထောင်ချင်တယ် ဟုတ်လား...ဒါက လုံးဝ မဖြစ်နိုင်ဘူး"
ထိုစကားကို ပြောလိုက်သူမှာ လျှိုလင်ကျူးတို့ အဖွဲ့နှင့် ဆန့်ကျင်ဘက်အဖွဲ့ထဲတွင် ရှိနေသော တင်းမိသားစုမှ တင်းဟုန် ဖြစ်သည်။
ယခုအခါတွင် သူသည် လျှိုလင်ကျူးတို့ လူစုကို မထီမဲ့မြင်အမူအရာဖြင့် ကြည့်နေခဲ့၏။
"တင်းဟုန်.. စန်းဟိုင်ကျွန်းက တပည့်တွေနဲ့ အဖွဲ့ ဖွဲ့တာက ငါတို့ရဲ့ ကိစ္စပဲ.. နင်ဘာမှ ဝင်ပြီး စွက်ဖက်စရာမလိုဘူး "
လျှိုလင်ကျူးက နှာခေါင်းရှုံလိုက်ပြီး အေးစက်စက် ပြောလိုက်သည်။
"နင့်မှာ တခြားကိစ္စမရှိဘူးဆိုရင် ကျေးဇူးပြုပြီး ဒီနေရာက ထွက်သွားပေးပါ.. ငါတို့ မင်းကို မကြိုဆိုဘူး"
"ဟက်.. မိန်းကလေးနှစ်ယောက်ကများ အဖွဲ့ဖွဲ့ချင်နေကြသေးတယ်.. ဒါ့အပြင် မင်းတို့က ငါတို့ ဝမ်ယွမ်အဖွဲ့ရဲ့ လူကိုပါ ခေါ်ဖို့ ကြံစည်နေတယ်ပေါ့လေ"
ထိုအချိန်တွင် တင်းဟုန်ဘေးမှ ဆံပင်အတိုနှင့် လူငယ်က နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စက် ရေရွတ်လိုက်သည်။
သူက လျှိုလင်ကျူးတို့၏ လှပသောခန္ဓာကိုယ်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် သူ၏ စူးရှသော အကြည့်သည် သူမတို့ နံဘေးရှိ အရပ်ရှည်ရှည်နှင့် လူငယ် တစ်ယောက် ပေါ်သို့ တိုက်ရိုက် ကျရောက်သွားခဲ့သည်။
"လျှိုရှို့.. မင်းက တော်တော်လေး အရှက်မရှိတာပဲ.. ငါတို့ ဝမ်ယွမ် အဖွဲ့ကနေတောင် ထွက်ခွာရဲတယ်.. ငါမင်းကို နောက်ဆုံးအခွင့်အရေး တစ်ခုပေးမယ်.. မင်းကိုယ်တိုင် သူတို့ကို ဝမ်ယွမ်အဖွဲ့ထဲ ဝင်ဖို့ စည်းရုံးလိုက်.. ဒါဆိုရင် ငါမင်းအပြစ်ကို မေ့ပေးလိုက်မယ်.. မဟုတ်ရင်တော့ ငါကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့"
အခန်း(၆၆၄)ပြီး၏။
အခန်း(၆၆၅)
"ဟန်တုံ လွန်ခဲ့တဲ့တစ်နှစ်က မင်းတို့ဝမ်ယွမ်အဖွဲ့ကို ဝင်ကတည်းက မင်းနဲ့ငါ သဘောတူပြီးသားပဲ.. ငါတို့ သခင်မလေး စန်းလန်အဖွဲ့အစည်းထဲကို ဝင်လာခဲ့ရင် ငါတို့သခင်မလေးရဲ့ အမိန့်ကိုပဲ နာခံမယ်လို့ ငါပြောပြီးသားပဲလေ.. အခုမှ မင်းက ငါ့ကို သစ္စာဖောက်လို့ စွပ်စွဲနေတာလား မင်းမရှက်ဘူးလား "
လျှိုရှို့က သူ့ရှေ့မှ ဆံပင်တိုနှင့် လူငယ်ကို စူးစိုက်ကြည့်လိုက်သည်။
သူ၏မျက်နှာက အနည်းငယ် မကြည်မလင် ဖြစ်လာခဲ့သည်။
"ဟားဟား မင်းက ငါတို့ ၀မ်ယွမ်အဖွဲ့ကို ဘယ်လိုများ ထင်နေတာလဲ.. ဝင်ချင်သလိုဝင်ပြီး ထွက်ချင်သလို ထွက်သွားလို့ရမယ် ထင်နေတာလား...မင်းမှာ အခုရွေးချယ်စရာ တစ်ခုပဲ ရှိတယ်.. အဲဒါက မင်းရဲ့ သခင်မလေးကို ဝမ်ယွမ်အဖွဲ့ဆီ မင်းကိုယ်တိုင် ခေါ်လာခဲ့ဖို့ပဲ "
ဟန်တုံက အေးစက်စက်ပြုံးကာ ပြောလိုက်သည်။
"ဒီလိုမှ မဟုတ်ရင်တော့ စန်းလန်အဖွဲ့အစည်းမှာ မင်းအတွက် လုံးဝ နေရာမရှိစေရဘူး "
"ဟန်တုံ ငါ့ကိုခြိမ်းခြောက်ဖို့ မစဥ်းစားနဲ့.. မင်းသတ္တိရှိရင် စမ်းကြည့်လိုက်"
လျှိုရှို့က ဟန်တုံကို ဒေါသတကြီး ကြည့်နေခဲ့သည်။
သူ၏မျက်လုံးများက မီးတောက်လုမတတ်ပင် ဖြစ်နေခဲ့၏။
"မင်းက ဝိုင်ကောင်းကို မသောက်ချင်ဘူးကိုး.. မင်းတို့တွေက စန်းဟိုင်ကျွန်းက အမှိုက်တွေပဲ.. ငါမင်းတို့ကို ခြိမ်းခြောက်တော့ရော မင်းတို့က ဘာလုပ်နိုင်မှာမို့လဲ "
ဟန်တုံက မထီမဲ့မြင် အမူအရာဖြင့် လှောင်ရယ်လိုက်သည်။
ထို့နောက်တွင် သူက လက်သီးကို ရုတ်တရက် ဆုပ်လိုက်ပြိီး ကြောက်မက်ဖွယ်အင်အားများ ပါဝင်နေသည့် လက်သီးချက်ဖြင့် လျှိုရှို့ကို ပြင်းထန်စွာ ထိုးနှက်လိုက်သည်။
ဟန်တုံ၏ လက်သီးချက် နှင့် ရင်ဆိုင်ရလျှင် လျှိုရှို့၏ အမူအရာသည် ပြောင်းလဲသွားခဲ့သည်။
သူက ခန္ဓာကိုယ်မှ အသက်စွမ်းအားကို အသုံးပြုကာ သူ၏လက်၀ါးဖြင့် ဟန်တုံ၏ လက်သီးချက်ကို အစွမ်းကုန်ရင်ဆိုင်လိုက်သည်။
"ဝုန်း"
အင်အားနှစ်ခုက လေထုထဲတွင် ထိပ်တိုက်ဆုံမိသွားပြီး ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့သည်။
လျှိုရှို့၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားခဲ့ပြီး ချက်ချင်းဆိုသလို ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားခဲ့ရသည်။
မျက်နှာတွင်လည်း ဖြူဖျော့သော အမူအရာများ ပေါ်လာခဲ၏။
"လျှိုရှို့ မင်းရဲ့ခွန်အားလေးနဲ့ မင်းနောက်က အမှိုက်တွေကို ကာကွယ်ချင်နေတာလား...ငါမင်းကို အခွင့်အရေးတစ်ခု ပေးခဲ့ပြီးပြီ...ဒါပေမဲ့ မင်းက တန်ဖိုးကို နားမလည်ခဲ့ဘူး...ဒီလိုဆိုမှတော့ ငါတို့ ၀မ်ယွမ်အဖွဲ့ကို သစ္စာဖောက်ရတဲ့ အကျိုးဆက်က ဘယ်လောက်ဆိုးရွားသလဲ ဆိုတာ မင်းကို သိစေရသေးတာပေါ့ "
ဟန်တုံက အေးစက်စက် ပြုံးလိုက်ပြီး ချက်ချင်းဆိုသလို ခြေထောက်ကို မြေကြီးပေါ်တွင် တစ်ချက်ဆောင့်ကာ လျှိုရှို့ဆီသို့ ဝင်ရောက်သွားခဲ့ပြီး လျှပ်စီးလက်သကဲ့သို့ လျှင်မြန်သော လက်သီးချက်ဖြင့် ထိုးနှက်လိုက်သည်။
"လျှိုရှို့ သတိထား "
ဟန်တုံ၏ လျှင်မြန်သော တိုက်ခိုက်မှုကို မြင်လျှင် လျှိုလင်ကျူးတို့ နှစ်ယောက်က မနေနိုင်တော့ဘဲ အော်ဟစ်သတိပေးလိုက်သည်။
လျှိရှို့က သွားများကို အံကြိတ်ကာ ဟန်တုံ၏ လက်သီးချက်ကို ခုခံရန်အတွက် လျှို့ဝှက်နည်းစနစ်ကို အသုံးပြုတော့မည့်အချိန်တွင် အနက်ရောင်အရိပ် တစ်ရိပ်သည် ကောင်းကင်ကနေ သူ၏ရှေ့သို့ မျက်စိတစ်မှိတ်အတွင်း ပေါ်လာခဲ့သည်။
ထိုအနက်ရောင် အရိပ်က လက်ဝါးတစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ဟန်တုံ၏ လက်သီးချက်ကို လေထဲမှာပင် ရင်ဆိုင်လိုက်သည်။
သူ၏အရှေ့တွင် ရုတ်တရက်ပေါ်လာသည့် အနက်ရောင်အရိပ်ကို ကြည့်ပြီး ဟန်တုံ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
ထိုခဏတွင် လက်၀ါးရိုက်ချက် အင်အားကြောင့် သူ၏ ခန္ဓာကိုယ်မှ အသက်စွမ်းအားများသည် ဖရိုဖရဲ ဖြစ်သွားခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးသည် မီတာအနည်းငယ် အကွာသို့ လွင့်စင်သွားခဲ့သည်။
"အစ်ကိုကျန်း.. ရှင်ရောက်လာပြီကိုး "
လျှိုလင်ကျူးက ရုတ်တရက် ပေါ်လာသော ကျန်းချန်ကို လှမ်းကြည့်လိုက်ပြီး သူမ၏ လှပသော မျက်ဝန်းလေးထဲတွင် ပျော်ရွှင်သော အမူအရာတစ်ခု ဖျပ်ကနဲ ပေါ်လာခဲ့၏။
ကျန်းချန်က လျှိုလင်ကျူးကို ခေါင်းညိမ့်ပြလိုက်သည်။
သူ စကားမပြောခင်မှာပင် ဟန်တုံ၏ အေးစက်စက်အသံသည် သူ၏ နားထဲတွင် ပဲ့တင်ထပ်လာခဲ့၏။
"ကောင်လေး.. မင်း ဘယ်သူလဲ.. ငါတို့ ၀မ်ယွမ်အဖွဲ့ရဲ့ ကိစ္စထဲကို ဝင်ရှုပ်ရဲတယ်လား "
"မင်းတို့ ၀မ်ယွမ်အဖွဲ့က ဘာမို့လို့လဲ.. စန်းဟိုင်ကျွန်းက လူတွေကို မင်းတို့ စိတ်ထင်တိုင်း အနိုင်ကျင့်လို့ရမယ်လို့ ထင်နေလား"
ကျန်းချန်က ဟန်တုံကို စေ့စေ့ကြည့်ကာ ခပ်မာမာ ပြောလိုက်သည်။
"စီနီယာအကိုဟန်.. သူက စန်းဟိုင်ကျွန်းရဲ့ ရွှေရောင်တပည့်အသစ် ကျန်းချန်ပဲ "
ထိုအချိန်တွင် ဟန်တုံ၏ နံဘေးတွင်ရှိ တင်းဟုန်က တိတ်တဆိတ် သတိပေးလိုက်၏။
"တင်းဟုန်.. မင်းက ချင်းလွမ်ရဲ့ နံပါတ်တစ်ပါရမီရှင် တပည့်ဖြစ်ပြီး စန်းလန်အဖွဲ့အစည်းကို ဝင်လိုက်တာနဲ့ တစ်ခြားသူတွေ မွေးထားတဲ့ခွေး ဖြစ်သွားတာပဲကိုး "
ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်က တင်းဟုန်ကို အထင်သေးစွာ လှမ်းကြည့်၍ ပြောလိုက်သည်။
"ငါတို့ စန်းဟိုင်ကျွန်းရဲ့ ဂုဏ်သိက္ခာက မင်းကြောင့် လုံး၀ ပျက်စီးသွားခဲ့ရပြီ "
အခန်း(၆၆၅)ပြီး၏။
အခန်း(၆၆၆)
"ဒီနေရာမှာ စန်းဟိုင်ကျွန်းကို ကိုယ်စားပြုတဲ့ အဖွဲ့တစ်ဖွဲ့တည်ထောင်ဖို့ ဘာလို့မဖြစ်နိုင်ရမှာလဲ"
ကျန်းချန်၏ စကားကိုကြားလျှင် တင်းဟုန်၏ မျက်နှာက ချက်ချင်းပင် အေးစက်သွားခဲ့သည်။
"ကျန်းချန် မင်းက အခြေအနေကို နားမလည်သေးဘူးကိုး.. ငါတို့၀မ်ယွမ်အဖွဲ့ကို လက်နက်ချလိုက်ပါ.. ဒါက မင်းရဲ့တစ်ခုတည်းသော ရွေးချယ်မှုပဲ.. မဟုတ်ရင်တော့ မင်းအသေဆိုးနဲ့သေရလိမ့်မယ်လ်ို့ ငါပြောရဲတယ် "
"မင်းကများ ငါ့ကို အသေဆိုးနဲ့ သေရမယ်လို့ ပြောရဲတယ်လား ဒီဘ၀မပြောနဲ့ နောက်ဘ၀မှာတောင် မင်းမှာ အဲဒီလို စွမ်းရည်မျိုး ရှိမှာမဟုတ်ဘူး "
ကျန်းချန်က ခနဲ့တဲ့တဲ့ပြောကာ တုန့်ပြန်လိုက်သည်။
ထိုစကားကိုကြားလျှင် တင်းဟုန်က ဒေါသအိုး ပေါက်ကွဲသွားခဲ့သည်။
"ကျန်းချန် မင်းက မောက်မာတဲ့ကောင်ပဲ"
"လုံလောက်ပြီ "
ထိုအချိန်တွင် တင်းဟုန်၏ နံဘေးမှ ဟန်တုံက လက်၀ါးဖြင့် တင်းဟုန်ကို ဟန့်တားလိုက်ပြီး တင်းဟုန်၏ စကားကို ချက်ချင်း ဖြတ်တောက်လိုက်သည်။
သူက ကျန်းချန်ကို စေ့စေ့ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။
မင်းက စန်းဟိုင်ကျွန်းကနေ ဒီတစ်ခေါက် ရွေးချယ်ခံရတဲ့ ရွှေရောင်တပည့်အသစ်လား "
"ဟုတ်တော့ရော ဘာဖြစ်လဲ "
ကျန်းချန်က လက်ပိုက်ကာ ဟန်တုံကို ခနဲ့တဲ့တဲ့ လှမ်းကြည့်လိုက်သည်။
"ကောင်လေး မင်းလို ရွှေရောင်တပည့်အသစ် တစ်ယောက်က စန်းဟိုင်ကျွန်းကို ကိုယ်စားပြုတဲ့ အဖွဲ့တစ်ဖွဲ့ တည်ထောင်ချင်တယ်တဲ့လား.. ဒါက စိတ်ကူးယဥ်လွန်းနေတာပဲ...နောက်ဆုံးတစ်ခေါက် ငါမေးမယ်.. မင်း ငါတို့ ၀မ်ယွမ်အဖွဲ့ကို ဝင်ဖို့ ဆန္ဒရှိလား "
ဟန်တုံက ကျန်းချန်ကို လှောင်ရယ်ကာ မေးခွန်းထုတ်လိုက်သည်။
"စိတ်မကောင်းပါဘူး...ငါမင်းတို့ ၀မ်ယွမ်အဖွဲ့ကို ဝင်ဖို့ စိတ်ကူးမရှိဘူး.. ဒါ့ကြောင့် မင်းတို့လဲ ဒီကနေ ထွက်သွားလိုက်ရင် အကောင်းဆုံးပဲ "
ကျန်းချန်က စကားဆုံးသည်နှင့် ဟန်တုံ ရှေ့တွင် လျှပ်တပြက်ပေါ်လာခဲ့ပြီး ဟန်တုံ၏ ရင်ဘက်ကို လက်သီးဖြင့် တိုက်ရိုက် ထိုးချလိုက်သည်။
"ဝုန်း "
ကျန်းချန်၏ အားပြင်းသော လက်သီးနှင့် ရင်ဆိုင်လိုက်ရသောအခါ ဟန်တုံ၏ တစ်ကိုယ်လုံးသည် ခြေလှမ်း အနည်းငယ် နောက်ဆုတ်သွားခဲ့ရသည်။
"ကျန်းချန် မင်းသေချင်နေတာလား "
ကျန်းချန်က သူ့ကို အရင်လက်ဦးမှုယူ၍ တိုက်ခိုက်ရဲသည်ကို မြင်လျှင် သူ၏ မျက်နှာထက်၌ ဒေါသထွက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သို့သော် သူ မလှုပ်ရှားနိုင်ခင်မှာပင် ကြောက်မက်ဖွယ်ကောင်းသော ဓားအင်အား တစ်ခုသည် ကောင်းကင်ပေါ်ကနေ ဟန်တုံကို ချက်ချင်းဆိုသလို ဖိနှိပ်လိုက်၏။
ဓားဆန္ဒ၏ ဖိနှိပ်မှုကြောင့် ဟန်တုံက ခေတ္တမျှ မိန်းမောသွားခဲ့သည်။
ထိုခဏမျှ မိန်းမောနေသော အချိန်မှာပင် ကျန်းချန်၏ ပုံရိပ်သည် တည်နေရာရွှေ့ပြောင်းလိုက်သကဲ့သို့ ဟန်တုံ၏ နံဘေး၌ ပေါ်လာခဲ့ပြီး ရွှေရောင်လက်သီးချက်ဖြင့် ဟန်တုံ၏ ဦးခေါင်းကို ထိုးချလိုက်သည်။
"ဝုန်း"
လေထဲတွင် ကျယ်လောင်သော အသံက ပဲ့တင်ထပ်လာခဲ့၏။
ဟန်တုံက နာကျင်စွာ အော်ဟစ်လိုက်ပြီး မီတာ အနည်းငယ်အကွာသို့ လွင့်စင်ကာ မြေကြီးပေါ် ဘောလုံးကဲ့သို့ လိမ့်သွားပြီး ခွေခွေလေး ဖြစ်နေခဲ့၏။
ကျန်းချန်၏ လက်သီးချက်က ဟန်တုံကို သေလုနီးပါး ဖြစ်စေခဲ့သည်ကို မြင်လျှင် ပတ်၀န်းကျင်မှ လူတိုင်းသည် ဤအချိန်တွင် တိတ်ဆိတ်သွားခဲ့သည်။
လူတိုင်းက ကျန်းချန်ကို မျက်လုံးပြူး မျက်ဆံပြူးဖြင့် ကြည့်နေခဲ့ကြပြီး သူတို့၏ မျက်၀န်းထဲတွင် ကြောက်ရွံ့သောအရိပ်အယောင်များသည် ဖုံးဖိမရစွာ ထွက်ပေါ်လာခဲ့သည်။
"မဖြစ်နိုင်ဘူး ဒီကောင်လေးက ဘာလို့ ဒီလောက်တောင် သန်မာနေရတာလဲ "
တင်းဟုန်က မျက်လုံးများ ပြူးကျယ်သွားပြီး စိတ်ထဲကနေ မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်သည်။
ဟန်တုံသည် စန်းလန်အဖွဲ့အစည်း၏ အတွေ့အကြုံရင့် ငွေရောင်တပည့်တစ်ယောက် ဖြစ်သည်။
သူ၏ ကျင့်ကြံခြင်းအဆင့်သည် စွမ်းအင်သိပ်သည်းခြင်း တတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။
ဆိုရလျှင် ဟန်တုံသည် စန်းလန် အဖွဲ့အစည်း၏ ငွေရောင်တပည့်များထဲတွင် အဆင့်သုံးဆယ် အတွင်း ၀င်ရောက်နိုင်သည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။
စန်းလန်အဖွဲ့အစည်းတစ်ခုလုံးဖြင့် ဆိုလျှင် အဆင့်တစ်ရာစာရင်းဝင် တပည့်တစ်ဦး ဖြစ်သည်။
သို့သော်လည်း ထိုကဲ့သို့ ငွေရောင်အဆင့် တပည့်တစ်ယောက်သည် စန်းလန်အဖွဲ့အစည်းကို ယခုမှသာ ဝင်ရောက်လာသော အသစ် တစ်ယောက်ကို အရှက်တကွဲ ရှုံးနိမ့်သွားခဲ့သည်။
ဤကောင်လေးက ပါရမီထူးသော ရွှေရောင်တပည့် တစ်ယောက် ဖြစ်နေလျှင်ပင် ဤကဲ့သို့ တိုက်ပွဲ၀င် စွမ်းရည်သည် အလွန်ပင် အံ့သြစရာကောင်းလှ၏။
ကျန်းချန်က ဟန်တုံကို လက်သီးနှစ်ချက်ဖြင့်ပင် အသာ အယာ အနိုင်ယူခဲ့ပြီးနောက် ဓားသွားကဲ့သို့ ထက်မြသော အကြည့်ဖြင့် တင်းဟုန်နှင့် အခြားသူများကို တိုက်ရိုက် ကြည့်လိုက်သည်။
သူ၏ အေးစက်စက်အသံက လေထုထဲတွင် ချက်ချင်းပဲ့တင်ထပ်လာခဲ့၏။
"တင်းဟုန်...၀မ်ယွမ်အဖွဲ့လူတွေကို ခေါ်ပြီး ငါ့ရှေ့ကနေချက်ချင်းထွက်သွားစမ်း.. နောက်ပြီး မင်းတို့ ၀မ်ယွမ်အဖွဲ့ရဲ့ခေါင်းဆောင်ကို ပြောလိုက်.. ငါ ကျန်းချန်က စန်းဟိုင်အဖွဲ့ကို ကိုယ်စားပြုတဲ့ အဖွဲ့တစ်ဖွဲ့ကို အခုချိန်ကစပြီး တရား၀င်တည်ထောင်လိုက်ပြိီ.. ငါတို့ စန်းဟိုင်အဖွဲ့ရဲ့ တပည့်တွေကို နောက်ထပ် ထိရဲရင် မင်းတို့ ၀မ်ယွမ်အဖွဲ့ကို ပျောက်ကွယ်သွားအောင် လုပ်ပစ်မယ်"
အခန်း(၆၆၆)ပြီး၏။