← Chapters

အခန်း (၆၆၇-၆၆၉)

Vol. 45 Ch. 667-669

အခန်း (၆၆၇-၆၆၉)

Vol. 45 Ch. 667-669

အခန်း(၆၆၇)

"ငါ.. ငါတို့ သွားကြစို့"

ကျန်းချန်၏ ပြင်းထန်သော အကြည့်ကို ခံစားလိုက်ရလျှင် တင်းဟုန်သည် သူ၏တစ်ကိုယ်လုံးကို လွှမ်းခြုံနေသည့် ဖော်မပြနိုင်သော အေးစက်မှုတစ်ခုကို ခံစားလိုက်ရသည်။

သူက စက္ကန့်ဝက်ပင် မနေရဲတော့ဘဲ ချက်ချင်းဆိုသလို အလျှင်အမြန် ထွက်ခွာသွားခဲ့သည်။

ထို့နောက်တွင် သူ၏နောက်မှ ဝမ်ယွမ်အဖွဲ့၏ ဝမ်ယွမ်အဖွဲ့ဝင်အချို့တို့သည် မြေပြင်ပေါ်တွင် ခွေးသေကောင် တစ်ကောင်ကဲ့သို့ ခွေခွေလေး လဲနေသော ဟန်တုံကို ပွေ့ချီကာ ကျန်းချန်တို့၏ မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားခဲ့သည်။

"အစ်ကိုကျန်းချန်.. ကျေးဇူးတင်ပါတယ်"

တင်းဟုန်နှင့် အခြားသူများ ထွက်ခွာသွားသည်ကို မြင်လျှင် လျှိုလင်ကျူးသည် ကျန်းချန်ကို ကျေးဇူးတင်စကား ပြောလိုက်သည်။

"ဟားဟား အားမနာပါနဲ့ ငါလဲ လျှိုမိသားစုရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲလေ"

ကျန်းချန်က သူ၏လက်ကို ဝှေ့ရမ်းလိုက်ပြီး လျှိုလင်ကျူးကို ပြုံးကာ ပြောလိုက်သည်။

"သခင်မလေးက တော်တော်သတ္တိရှိတာပဲ စန်းလန်ကျွန်းကအဖွဲ့တွေနဲ့ ဒီနေရာမှာ အဖွဲ့တစ်ဖွဲ့ကို တကယ်ပဲ တည်ထောင်ချင်တဲ့ဆန္ဒ ရှိနေတာလား"

"ဟိုအရင်ကတည်းက ငါတို့ စန်းဟိုင်ကျွန်းရဲ့ အဖွဲ့တွေမှာ ကိုယ်ပိုင်အဖွဲ့အစည်း မရှိခဲ့ဘူး.. ဒါ့အပြင် စန်းလန် အဖွဲ့အစည်းမှာ သူတို့အဆင့်အတန်းက နိမ့်ကျတဲ့အတွက် အမြဲတစေ အနိုင်ကျင့်ခံခဲ့ရတယ်.. အစ်ကိုကျန်းက ကူညီပြီး စန်းလန်အဖွဲ့အစည်းထဲက ငါတို့စန်းဟိုင်ကျွန်း တပည့်တွေရဲ့အခြေအနေကို ပြောင်းလဲပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"

လျှိုလင်ကျူးက ကျန်းချန်ကို ကြည့်လိုက်သည် သူမ၏ လှပသော မျက်နှာထက်တွင် မျှော်လင့်ချက် အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့၏။

ယခုအခါတွင် စန်းဟိုင်ကျွန်းသည် ကျန်းချန်ကဲ့သို့ ကြယ်တစ်ရာဘုရင်တစ်ပါး ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

ယင်းက စန်းဟိုင်ကျွန်း၏ တပည့်များ တိုးတက်ရန် အတွက် အခွင့်အရေးပင် မဟုတ်ပါလား။

သူတို့က ကျန်းချန်၏ အကူအညီကိုယူကာ စန်းဟိုင်ကျွန်းနှင့်ပတ်သက်သည့် အဖွဲ့တစ်ဖွဲ့ကို တည်ထောင်နိုင်ခဲ့လျှင် သူတို့စန်းဟိုင်ကျွန်း၏ တပည့်များသည် နောင်တစ်ချိန်တွင် စန်းလန် အဖွဲ့အစည်း၌ အခြေခံအုတ်မြစ် ရှိလာလိမ့်မည် ဖြစ်သည်။

"ငါမင်းကို ကူညီချင်လို့ပဲ အစောပိုင်းတုန်းက စန်းဟိုင်ကျွန်းနဲ့ပတ်သက်တဲ့အဖွဲ့ကို တည်ထောင်လိုက်ပြီလို့ာပြောလိုက်တာပေါ့"

ကျန်းချန်က ခပ်ယဲ့ယဲ့ပြောကာ ပြောလိုက်သည်။

"သခင်မလေး မင်းအနေနဲ့ စန်းဟိုင်ကျွန်းက တပည့်တွေကို စုစည်းဖို့ ကြိုးစားကြည့်ပါ.. ငါမင်းကို အကူအညီပေးပါ့မယ်"

စန်းလန်အဖွဲ့အစည်းသည် ကျန်းချန်၏ အဆုံးသတ်နေရာ မဟုတ်၍ လျှိုလင်ကျူး နှင့် အခြားသူများကို သူက တစ်ချိန်လုံး ကာကွယ်ရန်မှာ မဖြစ်နိုင်ပေ ။

အကယ်၍သာ စန်းဟိုင်ကျွန်းမှ တပည့်များကို စုစည်း၍ အင်အားကြီးမားသော အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့လျှင် သူ စန်းလန်အဖွဲ့အစည်းက ထွက်သွားခဲ့သည့်တိုင် လျိုလင်ကျူးနှင့် အခြားသူများသည် စန်းလန်အဖွဲ့အစည်းတွင် နေရာတစ်ခု ရယူနိုင်လိမ့်မည် ဖြစ်သည်။

"စန်းဟိုင်ကျွန်းရဲ့ တပည့်တွေက အခု အဖွဲ့အများအပြားမှာ ပြန့်ကျဲနေပြီ.. သူတို့ကို စုစည်းဖို့က မလွယ်ဘူး.. ဒါ့အပြင် မင်းခုနက ဟန်တုံကို အနိုင်ယူခဲ့ပေမယ့် ဝမ်ယွမ်အဖွဲ့က နောက်တစ်ခေါက် ပြန်လာမှာ သေချာသလောက်ပဲ.. လက်ရှိအချိန်မှာ စန်းဟိုင်အဖွဲ့အစည်းက စန်းဟိုင်ကျွန်းက လူတွေကို စုစည်းမယ်ဆိုရင်တောင် ဘယ်သူ့မှ တုံ့ပြန်မှာမဟုတ်ဘူးလို့ ငါထင်တယ်...မင်းက ဝမ်ယွမ်အဖွဲ့ကို အမှန်တကယ် အနိုင်ယူပြီးမှပဲ စန်းဟိုင်အဖွဲ့က စန်းလန်အဖွဲ့အစည်းမှာ ရှင်သန်နိုင်လိမ့်မယ်"

နံဘေးတွင်ရှိနေသည့် လျှိုရှို့က ရုတ်တရက် ဝင်ပြောလိုက်သည်။

"အစ်ကိုကျန်း.. ဒါက ကျွန်မတို့ လျှိုမိသားစုရဲ့ နံပါတ်တစ် ပါရမီရှင် လျှိုရှို့ပဲ.. စန်းလန်အဖွဲ့အစည်းကို လွန်ခဲ့တဲ့နှစ်က ဝင်ရောက်ခဲ့ပြီး ငွေရောင်တပည့်အဖြစ် အဆင့်သတ်မှတ်ခံခဲ့ရတယ်"

လျှိုလင်ကျူးက လျှိုရှို့နှင့် ကျန်းချန်ကို အလျှင်အမြန် မိတ်ဆက်ပေးလိုက်သည်။

ကျန်းချန်က ခေါင်းညိမ့်၍ အသိမှတ်ပြုလိုက်ပြီး လျှိုရှို့ကိုလှမ်းကြည့်ကာ မေးခွန်းထုတ်လိုက်သည်။

"ဝမ်ယွမ်အဖွဲ့အစည်းရဲ့ အင်အားက ဘယ်လောက်ရှိလဲ "

"စန်းလန်အဖွဲ့အစည်းရဲ့ အဖွဲ့အများအပြားထဲမှာ ဝမ်ယွမ်အဖွဲ့ အင်အားကို အလယ်အလတ်အဆင့်ပဲ သတ်မှတ်နိုင်တယ်.. ဒါပေမယ့် ငါတို့စန်းဟိုင် အဖွဲ့အတွက် ဆိုရင်တော့ ဝမ်ယွမ်အဖွဲ့ရဲ့အင်အားက သံသယဖြစ်စရာ မရှိလောက်အောင်ကို ကြီးမားလွန်းတယ်.. ဝမ်ယွမ်အဖွဲ့မှာ စုစုပေါင်း ရွှေရောင်အဆင့် တပည့် သုံးယောက်ရှိကြတယ်.. အထူးသဖြင့် သူတို့ ခေါင်းဆောင် ဝူယွဲ့ရဲ့ ကျင့်ကြံခြင်းအဆင့်က စွမ်းအင်သိပ်သည်ခြင်း ပဥ္စမအဆင့်ကိုတောင် ရောက်ရှိနေခဲ့ပြီ.. သူရဲ့ အလုံးစုံအင်အားက စန်းလန်အဖွဲ့အစည်းရဲ့ တပည့်တွေထဲမှာတောင် အဆင့်၃၂ နေရာမှာ ရှိတယ်"

လျှိုရှို့က အနည်းငယ်မျှပင် ဖုံးကွယ်မထားဘဲ ဝမ်ယွမ်အဖွဲ့၏ အင်အားကို ပြောပြလိုက်သည်။

"သူတို့ရဲ့ ခေါင်းဆောင်ဝူယွဲ့က စွမ်းအင်သိပ်သည်ခြင်း ပဥ္စမအဆင့် ကျင့်ကြံသူလား"

ဝမ်ယွမ်အဖွဲ့၏ အင်အားကို လျှိုရှို့ထံမှ ကြားလျှင် လျှိုလင်ကျူးနှင့် လျှိုယွင်တို့သည် စကားပင်မပြောနိုင်အောင် ဖြစ်သွားကြသည်။

သူတို့ စန်းဟိုင်အဖွဲ့ နှင့်ယှဥ်လျှင် ဝမ်ယွမ်အဖွဲ့၏ အင်အားသည် တကယ်ကို နှိုင်းယှဥ်၍ မရလောက်အောင် အားကောင်းလွန်း၏။

ဝမ်ယွမ်အဖွဲ့၏ အခြေခံအုတ်မြစ်ဖြစ်သည့် ဝမ်ယွမ်ကျွန်းသည် စန်းလန်အဖွဲ့အစည်း၏ လက်အောက်မှ ကျွန်းသုံးကျွန်းထဲတွင် အင်အားအကြီးဆုံး ဖြစ်နေသည်မှာ အံ့သြစရာမရှိတော့ပေ။

ဆိုရလျှင် သူမတို့ စန်းဟိုင်အဖွဲ့၏ တပည့်များသည် ဝမ်ယွမ်အဖွဲ့မှ တပည့်များ၏ အင်အားကို လုံးဝ မယှဥ်နိုင်ချေ။

အခန်း(၆၆၇)ပြီး၏။

အခန်း(၆၆၈)

"အစ်ကိုကျန်း.. ၀မ်ယွမ်အဖွဲ့က အရမ်းအင်အားကြီးတယ်.. ကျွန်မတို့အခု ဘာဆက်လုပ်ကြမလဲ "

လျှိုလင်ကျူး၏ လှပသော မျက်လုံးထဲတွင် ခါးသီးသော အပြုံးရိပ်တစ်ခု ပေါ်လာခဲ့သည်။

အစက သူမ ထင်ထားသည်မှာ ကျန်းချန်ကဲ့သို့ ကြယ်တစ်ရာဘုရင်၏ အကူအညီကိုရလျှင် စန်းဟိုင်ကျွန်းကို ကိုယ်စားပြုသည့် အဖွဲ့ကို ဖွဲ့စည်းရန် မခက်ခဲဟု ထင်မြင်ခဲ့သည်။

သို့သော် လျှိုရှို့၏ စကားကို ကြားပြီးနောက်တွင် သူမတို့ စန်းဟိုင်အဖွဲ့က မည်မျှအားနည်းမှန်း နားလည်သွားခဲ့သည်။

ဝမ်ယွမ်အဖွဲ့၏ အင်အားသည် ကျန်းချန်ပင် ရင်ဆိုင်ဖို့ ခက်ခဲလောက်သော အနေအထား ဖြစ်နေသည် မဟုတ်ပါလော။

"သခင်မလေး အခု အကောင်းဆုံးနည်းလမ်းက ခဏလောက်သည်းခံဖို့ပဲ "

"အကိုကျန်းက ကြယ်တစ်ရာဘုရင် ဆိုတော့ ဘုရင်အဆင့်တပည့်တွေနဲ့ ယှဥ်နိုင်လောက်တဲ့ ပါရမီအဆင့်ပဲ.. အကိုကျန်းရဲ့ ပါရမီနဲ့ဆိုရင် မကြာမီ အချိန်အတွင်းမှာ ၀မ်ယွမ်အဖွဲ့ရဲ့ ခေါင်းဆောင် ဝူယွဲ့ကို ယှဥ်ပြိုင်နိုင်တဲ့ အခြေအနေအထိ ကြီးထွားလာမယ်လို့ ကျွန်မ ယုံကြည်တယ် "

လျှိုယင်က တည်ငြိမ်သော အမူအရာဖြင့် ပြောလိုက်သည်။

ဝမ်ယွမ်အဖွဲ့ရဲ့ အင်အားသည် တကယ်ကို ကြီးမား၏။

ကျန်းချန်က ပါရမီထူးကဲပြီး ကြယ်တစ်ရာဘုရင် ဖြစ်သော်လည်း အဆုံးသတ်တွင် ရွှေရောင်တပည့် အသစ်တစ်ယောက်သာ ဖြစ်သည်။

ကျန်းချန် တစ်ယောက်ထဲသာ ဝမ်ယွမ်အဖွဲ့ကို ယှဥ်ပြိုင်ရန်မှာ အမှန်တစ်ကယ်ပင် ခက်ခဲသောအလုပ် ဖြစ်သည် မဟုတ်ပါလော။

"အသုံးမ၀င်ဘူး.. ဝမ်ယွမ်အဖွဲ့ခေါင်းဆောင် ဝူယွဲ့က ရက်စက်ပြီး ပြတ်သားတယ်....သူက ကြယ်တစ်ရာဘုရင်ရဲ့အလားအလာကို မင်းတို့ထက်ပိုပြီး ကောင်းကောင်းသိတယ်.. ညီနောင်ကျန်းချန်ကို ဘယ်လိုမှ ကြီးထွားခွင့်ပေးမှာ မဟုတ်ဘူး.. ငါ့အထင်မမှားရင် သုံးရက်အတွင်းမှာ ဝမ်ယွမ်အဖွဲ့က ငါတို့ဆီ နောက်ထပ် ပြန်လာလိမ့်မယ် "

လျှိုရှို့က ခေါင်းခါရမ်း၍ ပြောလိုက်သည်။

သူ၏ စကားကိုကြားလျှင် လျှိုလင်ကျူးတို့ မိန်းကလေးနှစ်ယောက်သည် မျက်နှာသည် မသာမယာ ဖြစ်သွားခဲ့သည်။

လျှိုယင်က ဒေါသတကြီး အမူအရာနှင့် ပြောလိုက်သည်။

"ဒီစန်းလန်အဖွဲ့အစည်းက နှစ်တိုင်းနှစ်တိုင်း ငါတို့စန်းဟိုင်ကျွန်းမှာ တပည့်တွေ စုဆောင်းပြီးတော့ အဖွဲ့အစည်းထဲကို ရောက်တာနဲ့ ငါတို့ကို အနိုင်ကျင့်ခွင့်ပေးတာက အရမ်းလွန်လွန်းမနေဘူးလား "

"ဘာမှမလွန်ပါဘူး.. ကမ္ဘာကြီးရဲ့ဥပဒေကိုက အားနည်းသူကို အားကြီးသူက စားစတမ်းပဲ.. ဒါ့အပြင် စန်းလန်အဖွဲ့အစည်းက ဒီနည်းနဲ့ တပည့်တွေကို လေ့ကျင့်ပေးနေတာပဲ.. အတိအကျပြောရရင် စန်းလန်အဖွဲ့အစည်းက သူတို့ရဲ့ တပည့်တွေကို ကမ္ဘာကြီးရဲ့ ရက်စက်မှုတွေကို ကြိုတင်ခံစားနိုင်အောင် ပြုလုပ်ပေးနေတာပဲ.. ယေဘုယျအားဖြင့်တော့ အသက်ဆုံးရှုံးမှု မရှိသ၍ စန်းလန်အဖွဲ့အစည်းက တပည့်တွေ ကြားထဲက ပြဿနာတွေကို ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူး "

လျှိုရှို့က တည်ငြိမ်သော အမူအရာဖြင့် ရှင်းပြလိုက်၏။

စန်းလန်အဖွဲ့အစည်းတွင် တစ်နှစ်ကြာ ရှင်သန်ခဲ့သည့် စီနီယာတစ်ယောက် အတွက် ဤအတွေ့အကြုံသည် လျှိုရှို့ အတွက် အံ့အားသင့်စရာ မဟုတ်တော့ပေ။

"ဒါဆိုအခု ကျွန်မတို့ ဘာလုပ်ရမလဲ.. ဝမ်ယွမ် အဖွဲ့အစည်းက လူတွေ အနိုင်ကျင့်တာကို ဒီလိုပဲ ခွင့်ပြုနေရမှာလား "

လျှိုလင်ကျူးက မကျေမနပ် ရေရွတ်လိုက်သည်။

"ဟားဟား ဝမ်ယွမ်အဖွဲ့ဆိုတာ အသေးအဖွဲပါ.. မင်းစိတ်အေးအေးထားပြီး စန်းဟိုင်အဖွဲ့ကို ဖွဲ့စည်းပါ...ဘယ်သူပဲ ငါတို့ရှန်းဟိုင်အဖွဲ့ကို လာရှုပ်ပါစေ...ငါကိုင်တွယ်လိုက်မယ် "

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။

ထို့နောက် သူက သားရဲယဥ်ပါးခြင်းအိတ်ကို တစ်ချက်ပုတ်လိုက်ပြိီး မီးလျှံသားရဲကို ခေါ်ထုတ်လိုက်သည်။

နောက်ဆုံးအကြိမ်က သွေးစွမ်းအား နိုးထလာပြီးကတည်းက ပင် မီးလျှံသားရဲ၏ ခွန်အားသည် ကြောက်မက်ဖွယ် အရှိန်အဝါဖြင့် တိုးတက်လာခဲ့သည်။

ယခုအခါတွင် မီးလျှံသားရဲသည် ပဥ္စမအဆင့် အလယ် အလတ်ကို ရောက်ရှိနေပြီ ဖြစ်ပြီး စွမ်းအင်သိပ်သည်းခြင်း စတုတ္ထအဆင့် ကျင့်ကြံသူထက် မနိမ့်သည့် ခွန်အားမျိုးကို ပိုင်ဆိုင်ထားခဲ့သည်။

"လင်ကျူး ငါ့ရဲ့ မီးလျှံသားရဲက စွမ်းအင်သိပ်သည်းခြင်း စတုတ္ထအဆင့် ကျင့်ကြံသူနဲ့ ယှဥ်နိုင်လောက်တဲ့ ခွန်အားမျိုးရှိတယ်.. ဝမ်ယွမ်အဖွဲ့ခေါင်းဆောင် ဝူယွဲ့က လွဲရင် သူ့ကို ဘယ်သူမှ အနိုင်ယူနိုင်မှာ မဟုတ်ဘူး "

ကျန်းချန်က ပြုံးပြီး လျှိုလင်ကျူးကို ကြည့်ကာ ပြောလိုက်၏။

"အခုကစပြီး ငါ မီးလျှံသားရဲကို မင်းအနားမှာထားခဲ့မယ်.. သူရှိနေသရွေ့တော့ မင်းအနေနဲ့ စန်းဟိုင်အဖွဲ့ကို စိတ်ချလက်ချဖွဲ့စည်းနိုင်ပါတယ် "

ကျန်းချန် ဆင့်ခေါ်လိုက်သည့် မီးလျှံသားရဲကို ကြည့်ပြီး လျှိုလင်ကျူး၏ လှပသော မျက်လုံးထဲတွင် မျှော်လင့်ချက် ရောင်ခြည်တစ်ခု ဖြတ်သန်းသွားခဲ့သည်။

"တကယ်လို့ ၀မ်ယွမ်အဖွဲ့ရဲ့ ခေါင်းဆောင် ဝူယွဲ့ကိုယ်တိုင် ရောက်လာရင်် ဘယ်လိုလုပ်မှာလဲ"

လျှိုလင်ကျူးက စိုးရိမ်သော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်၏။

ကျန်းချန်၏ မီးလျှံသားရဲက အလွန် အင်အားကြီးမားသော်လည်း ဝမ်ယွမ်အဖွဲ့ ခေါင်းဆောင်နှင့် မယှဥ်နိုင်သောကြောင့် သူမ အနည်းငယ် စိတ်မအေး ဖြစ်နေခဲ့သည်။

"စိတ်အေးအေးသာထားပါ "

ကျန်းချန်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးကာ ပြောလိုက်၏။

သူ၏အသံက လျှိုလင်ကျူး၏ နားထဲတွင် တိုက်ရိုက် ပဲ့တင်ထပ်လာခဲ့၏။

အခန်း(၆၆၈)ပြီး၏။

အခန်း(၆၆၉)

ကျန်းချန်က လျှိုလင်ကျူးနှင့် စကားအနည်းငယ်ပြောပြီးနောက်တွင် မီးလျှံသားရဲကို လျှိုလင်ကျူးဆီ ချန်ထားခဲ့ပြီး ထိုနေရာမှ လှည့်ထွက်လာခဲ့သည်။

ကြေးအဆင့်တပည့်များ နေထိုင်သောနေရာမှ ထွက်လာပြီးနောက်တွင် ကျန်းချန်သည် သူ၏ နေထိုင်ရာသို့ မပြန်သေးဘဲ ဝိညာဥ်စုစည်းခြင်း ခန်းမဆီသို့ တိုက်ရိုက် သွားရောက်ခဲ့သည်။

သူက အစောပိုင်းတွင် လျှိုလင်ကျူးနှင့် အခြားသူများ၏ ရှေ့၌ ယုံကြည်မှုအပြည့် ရှိနေခဲ့သော်လည်း အားလုံးကို ခြုံငုံ၍ ပြောရလျှင် ဝမ်ယွမ်အဖွဲ့၏ ခေါင်းဆောင် ဝူယွဲ့သည် စွမ်းအင်သိပ်သည်းခြင်း ပဥ္စမအဆင့် တပည့်တစ်ယောက် ဖြစ်သည်။

ထိုလူ၏ တိုက်ပွဲဝင်စွမ်းအင်သည် သာမန် စွမ်းအင်သိပ်သည်းခြင်း သတ္တမအဆင့် ကျင့်ကြံသူထက် မနိိမ့်လောက်ပေ။

သူ့တွင် ဝှက်ဖဲအများအပြား ရှိလျှင်ပင် လက်ရှိတွင် ၀ူယွဲ့ကို အနိုင်ယူရန် မလွယ်ကူချေ။

ဝိညာဥ်စုစည်းခြင်းခန်းမသည် စန်းလန်အဖွဲ့အစည်း၏ တပည့်များ လေ့ကျင့်မှုအတွက် ဖန်တီးပေးထားသော သီးသန့်ခန်းမတစ်ခုဖြစ်သည်။

ခန်းမတစ်ခုလုံးကို သတ္တမအဆင့် ဝိညာဥ်စုစည်းခြင်း အစီအရင်ဖြင့် လွှမ်းခြုံထား၏။

ဝိညာဥ်စုစည်းခြင်း အစီအရင်ရှိနေသောကြောင့် ဝိညာဥ်စုစည်းခြင်း ခန်းမထဲမှ အသက်စွမ်းအင်သည် အပြင်ဘက်ထက် ဆယ်ဆနီးပါး ကြွယ်ဝ၏။

ဤနေရာက တပည့်အားလုံး၏ အိပ်မက်ထဲမှ လေ့ကျင်ရာနေရာ ဖြစ်သော်လည်း လေ့ကျင့်ရန် ဝင်ရောက်ဖို့ မလွယ်ကူပေ။

အကြောင်းရင်းမှာ ဝိညာဥ်စုစည်းခြင်း ခန်းမတွင် လေ့ကျင့်လိုသူသည် အနည်းဆုံး စန်းလန်ဒင်္ဂါး တစ်ရာကို သုံးစွဲရသောကြောင့်ပင်။

ဤသည်က လစဥ် စန်းလန်ဒင်္ဂါးအနည်းငယ်သာ ရနိုင်သည့် သာမာန်တပည့် အများစုအတွက် မဖြစ်နိုင်သော အသုံးစရိတ်ပင် ဖြစ်၏။

ဝိညဥ်စုစည်းခြင်းခန်းမထဲကို တစ်ရက်လေ့ကျင့်ရန် ဝင်ရောက်နိုင်လျှင်ပင် အလွန်ပင် ကောင်းမွန်သောအရာ ဖြစ်သည်။

ဆိုရလျှင် ဝိညာဥ်စုစည်းခြင်းခန်းမသည် ထိုက်ရှဂိုဏ်း၏ ထျန်းဝူကျောင်းဆောင်နှင့် အနည်းငယ် ဆင်တူပြီး အမှတ်အသား တံဆိပ်ပြားတွင် စန်းလန်ဒင်္ဂါး အလုံအလောက်ရှိနေသ၍ ဝင်ရောက်၍ ရသည်။

ထို့ကြောင့် ကျန်းချန်က ဝိညာဥ်စုစည်းခြင်းခန်းမ၏ တံခါး ၀သို့ ရောက်လာပြီးနောက်တွင် မည်သည့် အတားအဆီးမှ မရှိဘဲ ဝင်ရောက်နိုင်ခဲ့သည်။

စန်းလန်အဖွဲ့အစည်း၏ ဝိညာဥ်စုစည်းခြင်းခန်းမတွင် စုစုပေါင်း အထပ်လေးထပ်ရှိပြီး အထပ်တစ်ခုစီ၏ ကျင့်ကြံခြင်းအကျိုးသက်ရောက်မှုသည် နှစ်ဆနီးပါး တိုးမြှင့်လာမည် ဖြစ်သည်။

ပထမထပ်သည် တပည့်အားလုံး ၀င်ရောက်၍ရသော အထပ်ဖြစ်ပြီး တစ်ရက်လျှင် စန်းလန်ဒင်္ဂါးတစ်ရာ ကုန်ကျ၏။

ဒုတိယထပ်ကမူ ငွေရောင်အဆင့် တပည့်နှင့် ထိုအဆင့်အထက်မှ တပည့်များသာ ဝင်ရောက်၍ရပြီး တစ်ရက်ကို စန်းလန်ဒင်္ဂါးနှစ်ရာ ကုန်ကျ၏။

တတိယအဆင့်တွင်မူ အနည်းဆုံး ရွှေရောင်အဆင့် တပည့်များသာ ဝင်ရောက်ခွင့်ရှိပြီး တစ်ရက်လျှင် စန်းလန်ဒင်္ဂါး ငါးရာ ကုန်ကျ၏။

နောက်ဆုံးအထပ်ဖြစ်သည့် စတုတ္ထထပ်ကိုမူ ဘုရင်အဆင့် တပည့်များသာ ဝင်ရောက်၍ ရသည်။

ထို့အပြင် ဘုရင်အဆင့် တပည့်များတွင် သီးသန့် အခွင့်အရေးများလည်းရှိပြီး ဝိညာဥ်စုစည်းခြင်းခန်းမတွင် စန်းလန်ဒင်္ဂါးကုန်ကျစရာ မလိုအပ်ပေ။

ဝိညာဥ်စုစည်းခြင်းခန်းမ၏ ပထမထပ်ကို ရောက်လာပြီးနောက်တွင် ကျန်းချန်သည် သူ့မျက်နှာကို တိုက်ရိုက် တိုးဝင်လာသည့် အားကောင်းသော အသက်စွမ်းအင်ကို ခံစားလိုက်ရသည်။

သူက ခန်းမကို အနည်းငယ် အကဲခတ်လိုက်ရာ အလွန်ကျယ်ဝန်းသော ခန်းမထဲတွင် စက်ဝိုင်းပုံသဏ္ဍာန် ကျောက်တုံးစင်မြင့် ရာနှင့်ချီပြီး ရှိနေသည်ကို တွေ့လိုက်ရသည်။

ထိုစင်မြင့်ပေါ်တွင် ပုံရိပ်အများအပြားသည် မျက်လုံးများမှိတ်ကာ တပလ္လင်ခွေထိုင်၍ ကျင့်ကြံနေကြ၏။

၎င်းတို့လေ့ကျင့်နေသည့် ကျောက်တုံးစင်မြင့်၏ ပတ်ပတ်လည်တွင် ထူးဆန်းသော စွမ်းအင် အကာအကွယ် တစ်ခုရှိပြီး ၎င်းတို့ကို ပြင်ပကမ္ဘာနှင့် ကန့်သတ်ထားခဲ့သည်။

သူက ကျောက်တုံးစင်မြင့်ပေါ်တွင် ကျင့်ကြံနေကြသူများကို ခဏမျှ အကဲခတ်လိုက်ပြီး ထို့နောက်တွင် ကျန်းချန်သည် ပထမထပ်ကနေ ဒုတိယထပ်ကို တိုက်ရိုက် လျှောက်သွားလိုက်၏။

ကျယ်ဝန်းသော ပထမထပ်နှင့် နှိုင်းစာလျှင် ဒုတိယထပ်၏ ဧရိယာသည် သိသိသာသာပင် ကျဥ်း၏။

ခန်းမထဲရှိ ကျောက်တုံးစင်မြင့်သည်လည်း ပထမထပ်၏ တစ်ဝက်လောက်သာ ရှိ၏။

သို့သော်လည်း ကျန်းချန်က ဒုတိယထပ်တွင် ရပ်မနေဘဲ တတိယထပ်ကို တိုက်ရိုက် လျှောက်ဝင်သွားခဲ့သည်။

တတိယထပ်၏ အခန်းအရွယ်အစားသည် ဒုတိယထပ်နှင့် အရွယ်အစား အတူတူလောက် ရှိ၏။

ဤနေရာတွင် ကျောက်တုံးစင်မြင့် အရေအတွက်သည် နည်းပါးပြီး ခန်းမအတွင်းထဲတွင် နှစ်ဆယ်ကျော်မျှသာ ရှိ၏။

ကျန်းချန်၏ အကြည့်က ချက်ချင်းဆိုသလိုပင် သူနှင့်အနီးဆုံးနေရာရှိ ကျောက်တုံးစင်မြင့်ပေါ်သို့ ကျရောက်သွားခဲ့သည်။

ပတ်ဝန်းကျင်တွင် ရုတ်တရက်ပေါ်လာသည့် ကျန်းချန်ကို မြင်လျှင် ကျင့်ကြံနေသော ရွှေရောင်တပည့်အချို့သည် အံ့အားသင့်သွားခဲ့ကြသည်။

သိပ်မကြာခင်မှာပင် ကျန်းချန်ကို လှမ်းကြည့်နေသည့် သူတို့၏ အကြည့်တွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့၏။

အခန်း(၆၆၉)ပြီး၏။

All Chapters