အခန်း (၆၇၀-၆၇၂)
Vol. 45 Ch. 670-672
အခန်း(၆၇၀)
ဝိညာဥ်စုစည်းခြင်း ခန်းမ၏ တတိယအထပ်သည် ရွှေရောင်အဆင့်တပည့်များ လေ့ကျင့်သောနေရာ ဖြစ်၍ ထိုနေရာတွင် လေ့ကျင့်ခွင့်ရရန်အတွက် ယှဥ်ပြိုင်မှုသည် သံသယဖြစ်စရာ မရှိလောက်အောင်ပင် ကြီးမားသည်။
အကြောင်းအရင်းမှာ တတိယအထပ်တွင် ကျင့်ကြံရန်အတွက် ကျောက်တုံးစင်မြင့် အရေအတွက်သည် အကန့်အသတ်သာ ရှိသောကြောင့်ပင်။
စန်းလန်အဖွဲ့အစည်းတွင် ရွှေရောင်အဆင့် တပည့်များ ဖြစ်လာသူများသည် ပါရမီထူးကဲသောသူများသာ ဖြစ်ကြသည်။
ထို့ကြောင့် သူတို့အတွက် စန်းလန်ဒင်္ဂါးများ ရှာဖွေရန်မှာ သာမန်တပည့်များလောက် မခက်ခဲတော့ပေ။
တစ်ချို့ရွှေရောင်တပည့်အသစ်တွေက လွဲလျှင် ရွှေရောင်တပည့်အများစုသည် တတိယထပ်မှ ဝိညာဥ်စုစည်းခြင်းခန်းမ၏ ကုန်ကျစရိတ်ကို အပြည့်အ၀ အကုန်အကျ ခံနိုင်၏။
တတိယထပ်မှ ကျောက်တုံးစင်မြင့်များကို စန်းလန်အဖွဲ့အစည်း၏ ထိပ်တန်း ရွှေရောင်တပည့်များက သိမ်းပိုက်ထားခဲ့ကြသည်။
ဆိုရလျှင် တတိယထပ်ရှိ ကျောက်တုံးစင်မြင့်များသည် ပိုင်ရှင်ကိုယ်စီ ရှိကြ၏။
ကျောက်တုံးစင်မြင့်ပေါ်တွင် ကျင်ကြံနေသည့်သူ မရှိလျှင်ပင် တခြားသော ရွှေရောင်တပည့်များသည် ပိုင်ရှင်၏ ခွင့်ပြုချက်မရဘဲ အလွယ်တကူ အသုံးမပြုရဲကြပေ။
သို့သော်လည်း သူတို့ရှေ့မှ ကောင်လေးသည် ကျောက်တုံးစင်မြင့် အလွတ်ပေါ်တွင် ခပ်တည်တည်ဖြင့် ကျင့်ကြံနေခဲ့သည်။
ဆိုရလျှင် ဤကောင်လေး အပြုအမူသည် ကိုယ့်သေတွင်း ကိုယ်တူးနေသည်နှင့် မခြားပေ။
ပတ်၀န်းကျင်မှ ရွှေရောင်တပည့် အများအပြား၏ အကြည့်အောက်မှာပင် ကျန်းချန်သည် ကျောက်တုံးစင်မြင့်ပေါ်တွင် တင်ပျဥ်ခွေထိုင်၍ ကျင့်ကြံနေခဲ့သည်။
"ဒင်.. သင်က တစ်မိနစ် လေ့ကျင့်ပြီးနောက်မှာ အတွေ့အကြုံရမှတ် ၄၀၀၀ကို အဆ၁၀၀ ရရှိပါတယ် "
သူ၏စိတ်ထဲမှ အချက်ပေးသံက်ိုကြားလျှင် ကျန်းချန်သည် နက်နက်ရှိုင်းရှိုင်းပင် အံ့အားသင့်သွားခဲ့သည်။
သူ တစ်မိနစ်မျှ လေ့ကျင့်၍ ရရှိခဲ့သော အတွေ့အကြုံရမှတ်သည် စတုတ္ထအဆင့် ဆေးလုံးတစ်လုံးကို စားလိုက်ရသည်ည်နှင့် အတူတူပင်ဖြစ်နေသည် မဟုတ်ပါလော။
တတိယထပ်တွင် လေ့ကျင့်သည့် အကျိုးကျေးဇူးကို သူ၏ အဆတစ်ရာစနစ်ဖြင့် ထောက်ပံ့လိုက်ရာ ရလဒ်သည် အလွန်ပင် အံ့သြစရာကောင်းလှ၏။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး စိတ်နှစ်မြှုပ်ကာ စိတ်အားထက်သန်စွာ စတင်လေ့ကျင့်ခဲ့သည်။
ဤသို့ဖြင့် နှစ်နာရီမျှ လေ့ကျင့်ပြီးနောက်တွင် စွမ်းအင်သိပ်သည်းခြင်း ပထမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသည့် ကျန်းချန်သည် အတွေ့အကြုံရမှတ် ပြီးပြည့်စုံသွားခဲ့ပြီး ဒုတိယအဆင့်သို့ တိုက်ရိုက် တိုးတက်သွားခဲ့သည်။
ထိုသို့အဆင့် တက်သွားသော်လည်း ကျန်းချန်သည် သူ၏ ကျင့်ကြံမှုကို မရပ်တန့်ခဲ့ပေ။
သူက ဝိညာဥ်စုစည်းခြင်းခန်းမ၏ အကျိုးသက်ရောက်မှုနှင့် သူ၏ အဆတစ်ရာစနစ် ထောက်ပံမှုများကို အသုံးပြုကာ အတွေ့အကြုံ ရမှတ်များကို ရူးသွပ်စွာ ရယူနေခဲ့၏။
လေ့ကျင့်နေရင်းဖြင့်ပင် အချိန်များသည် တဖြည်းဖြည်း ကုန်လွန်သွားခဲ့သည်။
ကျန်းချန်က ဝိညာဥ်စုစည်းခြင်းခန်းမ၏ တတိယထပ်တွင် နှစ်ရက်ကြာ လေ့ကျင့်နေခဲ့သည်။
ဤနှစ်ရက်အတွင်း ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် ဒုန်းပျံစီးသကဲ့သို့ တစ်ဟုန်ထိုး တိုးတက်သွားခဲ့၏။
သူက စွမ်းအင်သိပ်သည်းခြင်းနယ်ပယ်၏ ဒုတိယအဆင့်အစောပိုင်းကနေ ဒုတိယအဆင့် အထွတ်အထိပ်သို့ တိုက်ရိုက်ရောက်ရှိသွားခဲ့သည်။
နောက်ထပ် နေ့ဝက်လောက် ကြာပြီးလောက်တွင် ကျန်းချန်၏ စိတ်ထဲ၌ စနစ်၏ သာယာသော အချက်ပေးသံက တိုက်ရိုက် ပဲ့တင်ထပ်လာခဲ့၏။
"ဒင်..သင်က စွမ်းအင်သိပ်သည်းခြင်း ဒုတိယအဆင့် အထွတ်အထိပ်ရဲ့ အတွေ့အကြုံရမှတ် ပြီးပြည့်စုံသွားတဲ့အတွက် စွမ်းအင်သိပ်သည်းခြင်း တတိယအဆင့်ကို အောင်မြင်စွာ ထိုးဖောက်သွားပါပြီ "
သူ၏ ကျင့်ကြံခြင်းအဆင့်က တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာခဲ့သော်လည်း ကျန်းချန်သည် သူ၏ လေ့ကျင့်မှုကို အဆုံးသတ်ပစ်ရန် စိတ်ကူးမရှိခဲ့ပေ။
သူ၏ ကျင့်ကြံခြင်းအဆင့်က ဆက်တိုက် ဆိုသလို တိုးတက်လာခဲ့၍ ဤအချိန်တွင် ကျန်းချန်သည် ကျင့်ကြံရခြင်းကို လုံး၀ ပျော်ရွှင်နေခဲ့၏။
သို့သော် ကျန်းချန်က ကျင့်ကြံခြင်းကို ရပ်တန့်ချင်စိတ် မရှိသော်လည်း ကျောက်တုံးစင်မြင့်၏ အကာအကွယ်က ရုတ်တရက် ပြင်းထန်သည့် တုန်ခါမှုသည် သူ၏ ကျင့်ကြံနေမှုကို ဆက်လက် လုပ်ဆောင်မည့် အကြံအစည်အား လုံး၀ ချိုးဖျက်ပစ်လိုက်သည်။
သူ၏ လေ့ကျင့်မှုကို တစ်စုံတစ်ယောက်က နှောင့်ယှက်နေသည်ကို မြင်လျှင် ကျန်းချန်သည် အလွန်တရာ ဒေါသထွက်သွားခဲ့၏။
သူက မျက်လုံးကို ရုတ်တရက် ဖွင့်ကြည့်လိုက်ရာ အနီရောင်၀တ်စုံကို ဝတ်ဆင်ထားပြီး ဒေါင်းမလေး တစ်ကောင်လို လှပကျော့ရှင်းသည့် အမျိုးသမီးတစ်ယောက်က သူ၏ရှေ့တွင် ရပ်နေသည်ကို မြင်လိုက်ရသည်။
အနီရောင်၀တ်စုံဝတ် အမျိုးသမိီးက ကျောက်တုံးစင်မြင့်ပေါ်က ကျန်းချန်ကို လှမ်းကြည့်ကာ အေးစက်စက် ပြောလိုက်၏။
"ကောင်လေး...မင်းက ရွှေရောင်တပည့်အသစ် တစ်ယောက် မဟုတ်လား.. ဝိညာဥ်သိပ်သည်းခြင်း ခန်းမရဲ့ တတိယထပ်က စည်းမျဥ်းတွေကိုရော သိပြီးပြီလား "
"ဝိညာဥ်သိပ်သည်းခြင်းခန်းမရဲ့ တတိယထပ်မှာ ဘယ်လိုစည်းမျဥ်းတွေ ရှိလဲ ငါမသိဘူး.. ငါအခု သိတာက အစောပိုင်းတုန်းက ငါ့ရဲ့လေ့ကျင့်မှုကို မင်းနှောင့်ယှက်လိုက်တာပဲ "
ကျန်းချန်က သူ၏ရှေ့မှ အနီရောင်ဝတ်စုံ၀တ် အမျိုးသမီးကို စူးစိုက်၍ ကြည့်လိုက်သည်။
သူ၏ အေးစက်စက်အသံသည် အနီရောင်ဝတ်စုံဝတ် အမျိုးသမီး၏ နားထဲသို့ တိုက်ရိုက် ပဲ့တင်ထပ်လာခဲ့၏။
"ငါတစ်ခွန်းပဲပြောမယ်...ငါ့ရဲ့လေ့ကျင့်မှုကို အနှောင့်အယှက်လာမပေးနဲ့.. ငါက အမျိုးသမီးတစ်ယောက်ကို မရိုက်နှက်ချင်ဘူး.. ဒါ့ကြောင့် ငါ့ကို ဖိအားပေးဖို့မကြိုးစားနဲ့ "
အခန်း(၆၇၀)ပြီး၏။
အခန်း(၆၇၁)
ကျန်းချန်နှင့် အနီရောင်ဝတ် အမျိုးသမီးတို့၏ ပဋိပက္ခသည် ပတ်ဝန်းကျင်မှ ရွှေအဆင့်တပည့်များ၏ အာရုံကို လျင်မြန်စွာ ဆွဲဆောင်သွားခဲ့သည်။
သူတို့က ကျောက်တုံးစင်မြင့်ကနေ ကျန်းချန်ကို လှမ်းကြည့်နေကြ၏။
သူတို့၏ မျက်လုံးထဲတွင် ဝမ်းမြောက်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်နေ၏။
ကျန်းချန် သိမ်းပိုက်ထားသည့် ကျောက်တုံးစင်မြင့်၏ ပိုင်ရှင်သည် နတ်ဆေးအဖွဲ့ခေါင်းဆောင် ရှန့်ကွမ်းလဲ့ ဖြစ်သည်။
ရှန့်ကွမ်းလဲ့၏ တိုက်ခိုက်ရေးစွမ်းအားသည် စန်းလန်အဖွဲ့အစည်း၏ ထိပ်တန်း တပည့် ၃၀ အတွင်း အဆင့်သတ်မှတ်ခံထားရသည်။
ထို့အပြင် ဆဋ္ဌမအဆင့်ကို ရောက်ရှိနေသည့် အဂ္ဂိရတ်သခင် တစ်ဦးလည်း ဖြစ်၏။
ရှန့်ကွမ်းလဲ့၏ ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင် ဟူသော ဂုဏ်ပုဒ်ကြောင့် နတ်ဆေးအဖွဲ့သည် စန်းလန်အဖွဲ့အစည်း၏ တပည့်အဖွဲ့ အများအပြားထဲတွင် အလယ်အလတ် အဖွဲ့အစည်းတစ်ခုသာ ဖြစ်သော်လည်း ကျော်ကြားမှုတွင်မူ ပထမတန်းစားအဖွဲ့များထက် လုံးဝမနိမ့်ပေ။
စန်းလန်အဖွဲ့အစည်း၏ ထိပ်တန်းပါရမီရှင်များသည် ရှန့်ကွမ်းလဲ့ကို မျက်နှာသာပေးကြသည်။
ယေဘုယျအားဖြင့် ရှန့်ကွမ်းလဲ့၏ ခွင့်ပြုချက်ရထားသည့် ရွှေအဆင့် တပည့်တွေကလွဲလျှင် တတိယထပ်ရှိ ကျောက်တုံးစင်မြင့်အတွက် မည်သူမှ ရှန့်ကွမ်းလဲ့ကို စော်ကားမည် မဟုတ်ချေ။
ထို့အပြင် ယခု ကျန်းချန်နှင့် ပဋိပက္ခဖြစ်နေသော အနီရောင်ဝတ်စုံဝတ် အမျိုးသမီး။
ရွှေအဆင့် တပည့်အများအပြားသည် သူမနှင့် မစိမ်းကြပေ။
အကြောင်းရင်းမှာ သူမသည် နတ်ဆေးအဖွဲ့ခေါင်းဆောင် ရှန့်ကွမ်းလဲ့၏ ညီမဖြစ်သူ ရှန့်ကွမ်းဖုန်း ဖြစ်သောကြောင့်ပင်။
နတ်ဆေးအဖွဲ့ခေါင်းဆောင် ရှန့်ကွမ်းလဲ့၏ ညီမဖြစ်သူ ရှန့်ကွမ်းဖုန်း။
သူမသည် အကိုဖြစ်သူ၏ ဂုဏ်ပုဒ်ကို အားကိုးပြီး စန်းလန်အဖွဲ့အစည်း၏ တပည့်များကြားတွင် အမြဲတမ်းလိုလို မောက်မာပြီး အာဏာရှင်ဆန်ခဲ့သည်။
ရှန့်ကွမ်းဖုန်းကို စော်ကားခဲ့သည့် လူအများအပြားသည် အလွန်ဆိုးရွားသော အဆုံးသတ်နှင့် ရင်ဆိုင်ရလေ့ရှိ၏။
"ဟွန့်.. ငါ့ရဲ့ ကျောက်တုံးစင်မြင့်ကို သိမ်းပိုက်ပြီး ဒီလောက်တောင် မောက်မာရဲတယ်လား"
"ငါတို့ နတ်ဆေးအဖွဲ့ရဲ့ ရွှေအဆင့် တပည့်တွေကလွဲရင် ဒီ ကျောက်တုံးစင်မြင့်ကို ဘယ်သူမှ အသုံးပြုလို့ မရဘူးဆိုတာ မင်း မသိဘူးလား"
ကျန်းချန်၏ ရိုသေမှု မရှိသည့် အသံကို ကြားလျှင် ရှန့်ကွမ်းဖုန်း၏ လှပသော မျက်နှာလေးသည် ပို၍ပင် အေးစက်လာခဲ့သည်။
"ပထမအချက်၊ ဒီကျောက်တုံးစင်မြင့်မှာ မင်းတို့ နတ်ဆေးအဖွဲ့နာမည် မရေးထားဘူး"
"ဒုတိယအချက်၊ စန်းလန်အဖွဲ့အစည်းက မင်းတို့ နတ်ဆေးအဖွဲ့ကပဲ ဒီကျောက်တုံးစင်မြင့်ကို အသုံးပြုနိုင်တယ်ဆိုတဲ့ စည်းမျဉ်းမျိုး ဘယ်တုန်းကမှ ထုတ်ခဲ့ပုံ မရဘူး"
ကျန်းချန်က ရှန့်ကွမ်းဖုန်းကို လှမ်းကြည့်ကာ လေသံအေးအေးဖြင့် ပြောလိုက်သည်။
"မင်းမှာ တခြား ဘာကိစ္စမှ မရှိရင် ကျေးဇူးပြုပြီး ထွက်သွားပေးပါ... ငါကျင့်ကြံနေတာကို မနှောင့်ယှက်ပါနဲ့"
"ကောင်းတယ် သိပ်ကောင်းတယ်"
ရှန့်ကွမ်းဖုန်းက ဒေါသတကြီး အမူအရာဖြင့် ပြောလိုက်သည်။
"ရှင့်ကို ကြည့်ရတာ ကျွန်မတို့ နတ်ဆေးအဖွဲ့ရဲ့ ကျောက်တုံးစင်မြင့်ကို သိမ်းပိုက်ဖို့ ဆုံးဖြတ်ထားပုံပဲ"
"မင်းတို့ နတ်ဆေးအဖွဲ့က တကယ်ကို အံ့ဩစရာပဲ.. မသိရင် စန်းလန်အဖွဲ့အစည်းက မင်းတို့အတွက် ကျောက်တုံးစင်မြင့်ကို သီးသန့် တည်ဆောက်ပေးထားတာ ကျနေတာပဲ"
ကျန်းချန်က မဲ့ပြုံးပြုံး၍ ရှန့်ကွမ်းဖုန်းကို ကြည့်ကာ ရေရွတ်လိုက်သည်။
"ကျောက်တုံးစင်မြင့်က မင်းတို့ နတ်ဆေးအဖွဲ့အပိုင်လို့ ပြောချင်ရင် ငါ့ကို သက်သေပြပါ.. သက်သေမရှိရင်တော့ ငါ့ရှေ့က ချက်ချင်း ထွက်သွားလိုက်"
ကျန်းချန်၏ မောက်မာသော စကားများက ရှန့်ကွမ်းဖုန်း၏ မျက်နှာကို အလွန်ပင် အေးစက်သွားစေ၏။
ဝိညာဉ်စုစည်းခြင်း ခန်းမ၏ တတိယထပ်မှ ကျောက်တုံးစင်မြင့်ကို စန်းလန်အဖွဲ့အစည်း၏ ထိပ်တန်း ရွှေအဆင့် တပည့်များက ခွဲဝေယူထားကြသည်။
ဤသည်မှာ အချင်းချင်း နားလည်မှုဖြင့် သဘောတူထားသည့် စည်းမျဉ်းတစ်ခုသာ ဖြစ်၏။
သူမတို့ နတ်ဆေးအဖွဲ့အတွက် ဤကျောက်တုံးစင်မြင့်က သီးသန့်ဖြစ်သည်ဟု သူမ မည်ကဲ့သို့ သက်သေပြနိုင်ပါမည်နည်း။
"ကောင်စုတ်.. ငါ နင်နဲ့ ဒီမှာ အချင်းမများချင်ဘူး"
"နင့်ကို ဆယ်စက္ကန့် အချိန်ပေးမယ်.. ချက်ချင်း ကျောက်တုံးစင်မြင့်ကနေ ထွက်သွားစမ်း"
"မဟုတ်ရင် အလွန်ဆိုးရွားတဲ့ အဆုံးသတ်နဲ့ ကြုံစေရမယ်လို့ ငါ ကတိပေးတယ်"
ရှန့်ကွမ်းဖုန်းက ကျန်းချန်ကို ခပ်တင်းတင်း စိုက်ကြည့်လိုက်၏။
သူမ တစ်ကိုယ်လုံးကနေ အေးစက်စက် လူသတ်ငွေ့များပင် ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က ရှန့်ကွမ်းဖုန်းကို ဂရုစိုက်ဖို့ ပျင်းရိလွန်း၍ သူမရဲ့ တည်ရှိမှုကို လျစ်လျူရှုကာ မျက်လုံးကို မှိတ်၍ ဆက်လက် ကျင့်ကြံနေလိုက်သည်။
ကျန်းချန်၏ မထီမဲ့မြင် အပြုအမူကို မြင်လျှင် ရှန့်ကွမ်းဖုန်း၏ လှပသော မျက်နှာလေးသည် ရုတ်တရက် အေးစက်သွားခဲ့၏။
သူမက ရွှေအဆင့်တပည့်များထဲတွင် အဆင့်မမြင့်မားသော်လည်း ဆဋ္ဌမအဆင့် အဂ္ဂိရတ် ပါရမီရှင် ရှန့်ကွမ်းလဲ့၏ ညီမလေးဖြစ်၍ ကြယ်တစ်ရာဘုရင်များပင် သူမကို မလေးမခန့် မဆက်ဆံရဲပေ။
ထိုခဏတွင် သူမက လက်တစ်ဖက်ကို လှုပ်ရှားလိုက်ရာ လေထဲကနေ တောက်ပသော အနီရောင် ဓားရှည်တစ်လက်သည် လျှပ်တစ်ပြက် ထွက်ပေါ်လာခဲ့ပြီး သူမ လက်ထဲသို့ ရောက်ရှိလာခဲ့၏။
"ဒီကနေ ထွက်သွားစမ်း"
ရှန့်ကွမ်းဖုန်းက ဒေါသတကြီး ကြုံးဝါးလိုက်ပြီး တောက်ပသော အနီရောင်ဓားရှည်ကို ဝှေ့ရမ်းလိုက်ရာ ထက်မြသော ဓားစွမ်းအင်သည် လေထုကို ဖြတ်သန်းပြီး ကျန်းချန်၏ ကျောက်တုံးစင်မြင့်ကို ခုတ်ချလိုက်သည်။
အခန်း(၆၇၁) ပြီး၏
အခန်း(၆၇၂)
"ဝုန်း"
တောက်ပသော အနီရောင်ဓားစွမ်းအင်သည် ကျောက်တုံးစင်မြင့်၏ အကာအကွယ်ပေါ် ချက်ချင်း ကျရောက်သွားပြီးအသံကျယ်လောင်စွာ ပေါက်ကွဲထွက်လာ၏။
ဓားချက် တစ်ချက် ထုတ်ဖော်ပြီးနောက်တွင် ရှန့်ကွမ်းဖုန်းသည် ကျောက်တုံးစင်မြင့် ပေါ်တွင် တည်ငြိမ်စွာ ထိုင်နေဆဲဖြစ်သည့် ကျန်းချန်ကို လှမ်းကြည့်ကာ ဓားချက် ဆယ်ချက်ကျော်ကို ဆက်တိုက် ထုတ်ဖော်လိုက်သည်။
"ဝုန်း ဝုန်း ဝုန်း"
အကာအကွယ်ပေါ်တွင် ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာသောကြောင့် ကျန်းချန်က မျက်လုံးကို ဖွင့်လိုက်သည်။
ထို့နောက် သူက ရှန့်ကွမ်းဖုန်းကို အေးစက်စက် လှမ်းကြည့်လိုက်၏။
ဝိညာဉ်စုစည်းခြင်းခန်းမ၏ ကျောက်တုံးစင်မြင့်ကို တစ်စုံတစ်ဦးက ဝင်ပြီး လေ့ကျင့်သည်နှင့် စင်မြင့်၏ အကာအကွယ်က ထွက်ပေါ်လာမည် ဖြစ်သည်။
ထိုအကာအကွယ်၏ ခံနိုင်ရည်အားသည် အလွန် အားကောင်းပြီး သိုင်းသခင် နယ်ပယ် အထက်မှ ကျင့်ကြံသူများသာ ချိုးဖျက်နိုင်၏။
အကာအကွယ်က ရှန့်ကွမ်းဖုန်း၏ တိုက်ခိုက်မှုကို ခုခံနိုင်သော်လည်း ရှန့်ကွမ်းဖုန်းက ထိုကဲ့သို့ အနှောင့်အယှက်ပေးနေသဖြင့် ကျန်းချန်သည် အေးအေးဆေးဆေး လေ့ကျင့်ချင်လျှင်ပင် မဖြစ်နိုင်တော့ပေ။
"မင်းတို့ နတ်ဆေးအဖွဲ့ ပိုင်ဆိုင်ကြောင်း သက်သေပြစရာ မရှိရင် ထွက်သွားလို့ ငါပြောခဲ့ပြီးသားပဲ.. မင်း လူ့စကား နားမလည်ဘူးလား.. မင်း ငါ့ကို တစ်ခုခုလုပ်အောင် ဖိအားလာပေးမှတော့ မင်းဆန္ဒကို ငါ ဖြည့်ဆည်းပေးမယ်"
စကားဆုံးသည်နှင့် ကျန်းချန်က ချက်ချင်းဆိုသလို ကျောက်တုံးစင်မြင့်ကနေ ထရပ်ကာ လျှပ်တစ်ပြက်အတွင်း နေရာမှ ပျောက်ကွယ်သွားခဲ့၏။
သူမ ရှေ့ကနေ ရုတ်ခြည်း ပျောက်ကွယ်သွားသည့် ကျန်းချန်ကို လှမ်းကြည့်ပြီး ရှန့်ကွမ်းဖုန်းသည် ဖော်မပြနိုင်သည့် အအေးဓာတ် တစ်ခုကို ခံစားလိုက်ရသည်။
ရှန့်ကွမ်းဖုန်း မတုံ့ပြန်နိုင်ခင်မှာပင် ကျန်းချန်က တစ္ဆေကဲ့သို့ ရှန့်ကွမ်းဖုန်း၏ နောက်တွင် ရိပ်ခနဲ ပေါ်လာခဲ့ပြီး သန်မာသောလက်များဖြင့် ရှန့်ကွမ်းဖုန်း၏ ပခုံးကို ဆုပ်ကိုင်လိုက်၏။
ရှန့်ကွမ်းဖုန်းက ထိတ်လန့်သွားပြီး ခုခံဖို့ လုပ်နေစဥ်မှာပင် သူမ ပခုံးကို ဆုပ်ကိုင်ထားသည့် သန်မာသောလက်ကနေ ကြီးမားသောအင်အားတစ်ခု ထွက်ပေါ်လာသည်။
မကြာခင်မှာပင် ရှန့်ကွမ်းဖုန်းသည် ကောင်းကင်နှင့် မြေကြီးက အိုးထိန်းစက်လို ချာချာလည်နေသည်ဟု ခံစားလိုက်ရပြီး တစ်ကိုယ်လုံးသည် သဲအိတ်တစ်ခုလို ကျန်းချန်၏ ကိုင်ပေါက်လွှင့်ပစ်ခြင်းကို ခံလိုက်ရသည်။
ဝိညာဥ်စုဆောင်းခြင်း ခန်းမတွင် နှစ်ရက်ကြာ လေ့ကျင့်မှုအတွင်း ကျန်းချန်၏ ကျင့်ကြံခြင်း အဆင့်သည် စွမ်းအင်သိပ်သည်းခြင်း ပထမအဆင့်ကနေ တတိယအဆင့်အထိ တိုက်ရိုက် မြင့်တက်သွားခဲ့၏။
ထို့အပြင် လက်ရှိ ရှန့်ကွမ်းဖုန်း၏ ကျင့်ကြံခြင်း အဆင့်သည် စွမ်းအင်သိပ်သည်းခြင်း တတိယအဆင့်ထက် မပိုပေ။
သူမ၏ အင်အားသည် ဝမ်ယွမ်အဖွဲ့၏ ငွေအဆင့် တပည့် ဟန်တုံနဲ့ တန်းတူနီးပါးပင်။
ထိုကဲ့သို့ အင်အားကို စွမ်းအင်သိပ်သည်းခြင်း ပထမအဆင့်မှာ ရှိနေစဥ်ကပင် ကျန်းချန် ဂရုမစိုက်ခဲ့ပေ။
ယခု သူက စွမ်းအင်သိပ်သည်းခြင်း တတိယအဆင့်ထိ ထိုးဖောက်ပြီးပြီ ဖြစ်ရာ ရှန့်ကွမ်းဖုန်းလို စွမ်းအင်သိပ်သည်းခြင်းတတိယအဆင့် ကျင့်ကြံသူများသည် သူ့ရှေ့တွင် လုံးဝ အားနည်းနေခဲ့၏။
သူတိူ့ရှေ့မှ မြင်ကွင်းကို မြင်လျှင် ကျောက်တုံးစင်မြင့်ပေါ်မှ ရွှေအဆင့် တပည့်များသည် မှင်တက်ရာကနေ ပြန်လည်အသိဝင်လာရန် အချိန်အတော်ကြာ လိုအပ်ခဲ့သည်။
ရှန့်ကွမ်းဖုန်းသည် လွန်ခဲ့သည့်နှစ်က စန်းလန် အဖွဲ့အစည်းကို ဝင်ခဲ့သည့် ရွှေအဆင့် တပည့်တစ်ယောက် ဖြစ်၏။
သူမ၏ အင်အားက စန်းလန်အဖွဲ့အစည်း၏ ရွှေအဆင့်တပည့်များထဲတွင် အနိမ့်ဆုံးသာ ရှိသော်လည်း စွမ်းအင်သိပ်သည်းခြင်း တတိယအဆင့် ကျင့်ကြံသူ ဖြစ်သည်။
သို့သော် သူတို့ရှေ့မှ ကောင်လေးသည် ရှန့်ကွမ်းဖုံးကို သဲအိတ်တစ်လုံးလို ပေအနည်းငယ်အကွာထိ အသာအယာပင် လွှင့်ပစ်လိုက်၏။
ဟုတ်ပါသည်၊ အရေးအကြီးဆုံးအချက်မှာ ရှန့်ကွမ်းဖုန်းသည် နတ်ဆေးအဖွဲ့ခေါင်းဆောင် ရှန့်ကွမ်းလဲ့၏ ညီမလေး ဖြစ်သည်။
ထိုအကောင်က ရှန့်ကွမ်းလဲ့၏ ကျောက်တုံးစင်မြင်ကို သိမ်းပိုက်ရုံသာမက ရှန့်ကွမ်းလဲ့၏ ညီမကိုပါ ရက်စက်စွာ လွှင့်ပစ်လိုက်သည်။
ယခုမှ ရွှေအဆင့် တပည့်အဖြစ် တိုးမြှင့်ခံထားရသော ကောင်လေးသည် နတ်ဆေးအဖွဲ့နှင့် ရှန့်ကွမ်းလဲ့ကို မျက်စိထဲပင် ထည့်ပုံမရပေ။
"ဒီကောင်လေးက အရမ်း ရန်လိုလွန်းတယ်"
"ကောင်စုတ်.. ရှင် ကျွန်မကို စော်ကားရဲမှတော့ သတ္တိရှိရင် ရှင့်နာမည်ကို ပြောစမ်း"
ရှန့်ကွမ်းဖုန်းက သူမ၏ ခန္ဓာကိုယ်ကို တည်ငြိမ်စေပြီးနောက် သူမ၏ မျက်ဝန်းများဖြင့် ကျန်းချန်ကို မုန်းတီးစွာ စိုက်ကြည့်ကာ ပြောလိုက်သည်။
ကျန်းချန်က တစ်စုံတရာပြောရန် ပြင်နေစဥ်မှာပင် ရုတ်တရက် သူ့စိတ်ထဲတွင် တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။
ချက်ချင်းဆိုသလိုပင် သူက ဝိညာဉ်စုစည်းခြင်း ခန်းမ၏ တတိယထပ်ကနေ ဘာအရိပ်အယောင်မှ မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့၏။
ထိုခဏတွင် ရှန့်ကွမ်းဖုန်း၏ နားထဲ၌ အသံတစ်သံက ပဲ့တင်ထပ်လာခဲ့သည်။
"ငါက စန်းဟိုင်အဖွဲ့ရဲ့ခေါင်းဆောင် ကျန်းချန်ပဲ.. မင်း ငါ့ကို ဒုက္ခပေးချင်ရင် ကြိုက်သလိုသာလုပ်ပါ"
အခန်း(၆၇၂) ပြီး၏