← Chapters

ရန်သူနှင့် ပြန်တွေ့ဆုံခြင်း

Vol. 105 Ch. 1608

ရန်သူနှင့် ပြန်တွေ့ဆုံခြင်း

Vol. 105 Ch. 1608

အင်မော်တယ်ကျဆုံးလွင်ပြင်ပေါ်မှ ဝိညာဉ်စွမ်းအင်က တဖြည်းဖြည်း ထူထဲလာသည်။

ဝိညာဉ်စွမ်းအင်က ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားသည့်အခါ လှိုင်းဂယက်များအဖြစ် အသွင်ပြောင်းလဲသွားသည်။ ထိုအခါ ကောင်းကင်ပေါ်မှာ စီးဆင်းနေသော မိုးသောက်အလင်းက လွင်ပြင်ပေါ်မှ ဝိညာဉ်စွမ်းအင်နှင့်အတူ ပေါင်းစပ်သွားသည်။

ထိုသို့ပေါင်းစပ်မှုက တခြားအရောင်များကို ထုတ်လွှတ်ပေးသည်။

ယင်းတို့က ထွန်းလင်းတောက်ပသော သက်တံ့ရောင်စဉ်အဖြစ် အတူတကွ ရောယှက်သွားကြသည်။

ဝိညာဉ်စွမ်းအင်၏ တမူထူးခြားသော သဘာဝက ထိုရောယှက်မှုကို သိသာထင်ရှားစေသည်။ မကြာမီ အရောင်ခုနစ်ရောင်မိုးသောက်အလင်းက အင်မော်တယ်ကျဆုံးလွင်ပြင်၏ ကောင်းကင်ထက်မှာ ထွက်ပေါ်လာသည်။

ထိုသက်တံ့ရောင်စဉ်က အလွန်ခမ်းနားထည်ဝါပြီး ကျက်သရေရှိသည်။ ထို့ပြင် ယင်းက အစဉ်မပြတ် ပြောင်းလဲနေသည်။

ဤသည်မှာ အလွန်ကျယ်ပြောသော အသိစိတ်တချို့က နိုးထလာနေသည့်အလားပင်။

ထိုသို့ ပြန်နိုးထသော လုပ်ငန်းစဉ်က လွင်ပြင်၏ အလယ်ဗဟိုမှ ကျောက်ပြားအပေါ် သက်ရောက်မှုရှိသည်။ ရွှီချင်းက စိုက်ကြည့်နေစဉ် ကျောက်ပြားက ဖြည်းညင်းစွာ ထွန်းလင်းတောက်ပလာသည်။

ကျောက်ပြားပေါ်မှ မှော်သင်္ကေတများသည်လည်း စတင်ရွေ့လျားလာကြသည်။

“ ဂိတ်တံခါးအစောင့်ကျောက်ပြား… ”

ရွှီချင်းက နှုတ်ဆိတ်သွားသည်။

သူက အာဏာစက်ကို အသုံးပြုလိုက်ပြီး အရောင်ခုနစ်ရောင်မိုးသောက်အလင်း၏ ဖွဲ့စည်းမှုနှင့် ပြန်နိုးထလာသော အသိစိတ်ကို အာရုံခံကြည့်လိုက်သည်။

မြေဝိညာဉ်ဘိုးဘေးက စကားအနည်းငယ်မျှသာ ပြောခဲ့သော်လည်း ယင်းတို့က ရွှီချင်း၏ လက်ရှိနားလည်မှုနှင့် ပေါင်းစပ်သွားသည့်အခါ သတင်းအချက်အလက်အများကြီး ဖြစ်သွားသည်။

အစက ရွှီချင်းသိထားသည်မှာ ဤနေရာသည် အင်မော်တယ်ဘုရင်၏ အသတ်ခံခဲ့ရသော မိုးသောက်အင်မော်တယ်အရှင်သခင်၏ ဝိညာဉ် ကျဆင်းသွားခဲ့သောနေရာ ဖြစ်သည်။ သို့သော်လည်း ယခု သူသိလိုက်ရသည်မှာ ဤနေရာက မိုးသောက်အင်မော်တယ်နန်းတော် ပြိုကွဲပျက်စီးသွားခဲ့သော နေရာလည်း ဖြစ်သည်။

“ ဒါဆိုရင် အဲ့ဒီအင်မော်တယ်အရှင်သခင်က… အပြည့်အဝ မသေသေးတာလား ”

ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်သည်။

အစစ်အမှန်နတ်ဘုရားတစ်ပါးက လုံးဝဖျက်ဆီးမခံရကြောင်း ယုလျှိုချန်းက သူ့ကို ပြောခဲ့ဖူးသည်။ ၎င်းတို့၏ အစစ်အမှန်နာမည်က တည်ရှိနေသေးသရွေ့ ၎င်းတို့က ပြန်လာနိုင်ကြသည်။

သို့သော်လည်း ပြန်ရောက်လာသူက ယခင်က ၎င်းတို့နှင့် တူညီနေလိမ့်မည်ဟု သေချာမပြောနိုင်ပေ။

မည်သို့ဖြစ်ပါစေ ဇစ်မြစ်သည်တော့ အတူတူဖြစ်သည်။

“ အစစ်အမှန်နတ်ဘုရားတစ်ပါးက အဲ့လိုလုပ်နိုင်တယ်ဆိုမှတော့ နတ်ဘုရားအရှင်သခင်နဲ့ နှိုင်းယှဉ်နိုင်တဲ့ အင်မော်တယ်အရှင်သခင်ကလည်း အဲ့လိုလုပ်နိုင်လောက်တယ် ”

ရွှီချင်းက နက်နဲစွာ တွေးတောလိုက်သည်။

ထိုစဉ် မြေဝိညာဉ်ဘိုးဘေး၏ အသံက ဆက်ပြီး ထွက်ပေါ်လာသည်။

“ဒါကြောင့် အင်မော်တယ်ကျဆုံးလွင်ပြင်ကို ဖွင့်လှစ်တဲ့အခါတိုင်း အခွင့်အရေးတွေကို နှစ်မျိုးခွဲခြားနိုင်တယ် ”

“ ပထမတစ်မျိုးက မိုးသောက်အင်မော်တယ်အရှင်သခင်ရဲ့ ဝိညာဉ်စွမ်းအင်အနှစ်သာရပဲ… အဲ့ဒီထဲမှာ သူ့ရဲ့ တာအိုနဲ့ ဉာဏ်အလင်းတွေ ပါဝင်တယ်… အတိတ်တုန်းက နံပါတ်တစ်အင်မော်တယ်အရှင်သခင်ဖြစ်ခဲ့တဲ့အလျောက် တာအိုအပေါ် သူ့ရဲ့ နားလည်သဘောပေါက်မှုက ငါတို့လို ကျင့်ကြံသူတွေအတွက် အရမ်းတန်ဖိုးကြီးမားတယ် ”

“ တချို့က ဒီနေရာမှာ အာဏာစက်ကို ဖမ်းဆုပ်နိုင်ကြတယ်… တချို့ကတော့ သူတို့ရဲ့ အာဏာစက်ကို ပိုပြီးနက်ရှိုင်းစွာ ဆင်ခြင်နားလည်နိုင်ကြတယ် ”

“ ဒီလိုအခွင့်အရေးက နွေဦးအင်မော်တယ်တွေကိုတောင် သွေးဆောင်နိုင်တယ်… ဒါပေမဲ့ အကြောင်းအရင်းတချို့ကြောင့် နွေဦးအင်မော်တယ်တွေက မဝင်ရောက်နိုင်ကြဘူး ”

“ ဒါပေမဲ့ အင်မော်တယ်ကျဆုံးလွင်ပြင်ကို ဖွင့်လှစ်တဲ့အခါတိုင်း ခြေလှမ်းဝက်အင်မော်တယ်တွေက ဝင်ရောက်လာပြီး အင်မော်တယ်အဆင့်ကို တတ်လှမ်းနိုင်ဖို့ အခွင့်အရေး ရှာဖွေကြလိမ့်မယ် ”

“ ဒုတိယတစ်မျိုးကတော့ အင်မော်တယ်နန်းတော်ထဲမှာ ချန်ရစ်ထားခဲ့တဲ့ ရတနာတွေပဲ ”

“ ဒီနေရာကို အကြိမ်ပေါင်းများစွာ ဖွင့်လှစ်ခဲ့ပေမဲ့ အင်မော်တယ်နန်းတော်က အကန့်အသတ်မဲ့တဲ့ နယ်မြေတစ်ခုပဲ… အဲ့ဒါကို ဖွင့်လှစ်တဲ့အခါတိုင်း မတူညီတဲ့ ဒေသကြီးတွေ ထွက်ပေါ်လာလိမ့်မယ် ”

“ နန်းတော်အတွင်းမှာ တကယ်လို့ တစ်ယောက်ယောက်က ကံစပ်မယ်ဆိုရင် အထွတ်အမြတ်ရတနာတစ်ခုကို ရရှိနိုင်လိမ့်မယ်… အတိတ်မှာ အာဏာစက်ပါဝင်တဲ့ ဓမ္မရတနာတွေကို ရှာတွေ့ခဲ့တဲ့ လူတွေတောင် ရှိခဲ့တယ် ”

“ ဒါကြောင့် အင်မော်တယ်ကျဆုံးလွင်ပြင်ကို ဖွင့်လှစ်တဲ့အခါတိုင်း ကျင့်ကြံသူအများကြီးက ဒီနေရာကို စုဝေးရောက်လာကြလိမ့်မယ်… သူတို့မှာ အင်မော်တယ်မြို့တော် အရည်အချင်းပြည့်မီတုံကင်ရှိတာ မရှိတာက အရေးမကြီးဘူး… သူတို့က ဘယ်ဒေသကြီးကပဲဖြစ်ဖြစ် ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် ကိစ္စမရှိဘူး ”

“ တစ်ခုတည်းသော လိုအပ်ချက်က လျှို့ဝှက်သော့ပဲ ”

“ သော့က (၄၉)ချောင်းရှိပြီး ဝင်ခွင့်အရေအတွက်က (၉၈)နေရာစာပဲ ”

ထိုနေရာသို့ ရောက်သည့်အခါ မြေဝိညာဉ်ဘိုးဘေးက သူ၏ စကားကို ရပ်လိုက်ပြီး ရွှီချင်းကို ဂရုတစိုက် ကြည့်လိုက်သည်။

ရွှီချင်းက ခေါင်းညိတ်လိုက်သည်။ သူက လက်ဝှေ့ယမ်းလိုက်ပြီး သော့ပါဝင်သော ကျောက်စိမ်းပုလင်းကို ပြန်ပေးလိုက်သည်။

ကျောက်စိမ်းပုလင်းကို ဆုပ်ကိုင်ထားနေရင်း မြေဝိညာဉ်ဘိုးဘေးက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူ့အရှေ့မှ ပုဂ္ဂိုလ်က သော့ကို သူနှင့်အတူ မျှဝေသုံးရန် စိတ်မကွက်ကြောင်း သူသိလိုက်သည်။

သို့ဖြစ်၍ တစ်ခဏကြာ တွေးတောပြီးနောက် သူက လေသံတိုးတိုးဖြင့် ပြောသည်။

“ တာအိုရောင်းရင်း… အင်မော်တယ်ကျဆုံးလွင်ပြင်နဲ့ပတ်သက်ပြီး အရေးကြီးတဲ့ တခြားသတင်းအချက်အလက်တစ်ခု ရှိပါသေးတယ် ”

“ အင်မော်တယ်ကျဆုံးလွင်ပြင်ကို ဖွင့်လှစ်တဲ့အခါ အထဲက လောကက အလွှာရှစ်လွှာအဖြစ် ခွဲခြားသွားတယ်လို့ ပြောကြပါတယ် ”

“ အလွှာတစ်ခုစီရဲ့ အချိန်စီးဆင်းမှုက မတူညီပါဘူး ”

မြေဝိညာဉ်ဘိုးဘေး၏ အမူအရာက တည်ကြည်လေးနက်သွားသည်။

“ ဒီသတင်းအချက်အလက်က ငါ့အတွက် အသုံးမဝင်ပါဘူး… ဘာဖြစ်လို့လဲဆိုတော့ ပထမအလွှာနဲ့ ဒုတိယအလွှာက ငါ့အတွက်တော့ ဒဏ္ဍာရီသဖွယ် တည်ရှိမှုတွေပါ… လူအနည်းငယ်ပဲ ပြန်ထွက်လာနိုင်ကြပါတယ်… အထူးသဖြင့် ပထမအလွှာက သေဆုံးနိုင်ခြေအမြင့်ဆုံးပါ ”

“ ဒါကြောင့် ဒီကို ရောက်လာတဲ့ ကျင့်ကြံသူအားလုံးနီးပါးက တတိယအလွှာကနေ စတင်ကြပါတယ်… ပြီးတော့ အများစုက တတိယအလွှာမှာ ရပ်တန့်သွားကြပါတယ် ”

“ အာဏာစက်ရှိတဲ့ လူတွေပဲ စတုတ္ထအလွှာကို ဝင်ရောက်နိုင်ကြပါတယ် ”

ထိုနေရာသို့ ရောက်သည့်အခါ မြေဝိညာဉ်ဘိုးဘေး၏ အသံက ပိုပြီးတိုးညင်းသွားသည်။

“ ဒီသတင်းအချက်လက်က ငါ့အတွက် အသုံးမဝင်ပေမဲ့ တာအိုရောင်းရင်းအတွက်တော့ အဲ့ဒါက အသုံးဝင်နိုင်ပါတယ် ”

ယင်းကို ရွှီချင်းကြားသောအခါ မြေဝိညာဉ်ဘိုးဘေးက သူ၏ ကောင်းမွန်သော ဆန္ဒကို ဖော်ပြချင်နေကြောင်း သူသိလိုက်သည်။ သို့ဖြစ်၍ သူက ခေါင်းညိတ်လိုက်ပြီး တစ်ဖက်လူကို ဆက်ပြောရန် အချက်ပြလိုက်သည်။

ရွှီချင်း၏ ခေါင်းညိတ်မှုကို သတိထားမိသောအခါ တစ်ဖက်လူက သူ၏ ကောင်းမွန်သော ဆန္ဒကို မြင်တွေ့သွားကြောင်း မြေဝိညာဉ်ဘိုးဘေး နားလည်လိုက်သည်။ သို့ဖြစ်၍ သူက စိတ်အေးသွားသည်။ ယင်းက သူ၏ ရည်ရွယ်ချက်ဖြစ်သည်။

သူက ချက်ချင်း ပြောသည်။

“ ပထမအလွှာနှစ်ခုက မသေချာပါဘူး… ဒါပေမဲ့ တတိယအလွှာမှာတော့ အပြင်လောကမှာ တစ်ရက်ကုန်ဆုံးသွားတာက အထဲမှာ ရက်ပေါင်းငါးဆယ်ကုန်ဆုံးသွားတာနဲ့ ညီမျှပါတယ် ”

“ စတုတ္ထအလွှာမှာဆိုရင် အပြင်လောကရဲ့ တစ်ရက်က အဲ့ဒီမှာ ရက်ပေါင်းနှစ်ရာ့ငါးဆယ်နဲ့ ညီမျှတယ်လို့ ပြောကြပါတယ်… ပဉ္စမအလွှာနဲ့ နောက်ထပ်အလွှာတွေကိုတော့ ခြေလှမ်းဝက်အင်မော်တယ်တွေပဲ ဝင်ရောက်နိုင်ပါတယ်… ဒါကြောင့် အဲ့ဒီအလွှာတွေရဲ့ အချိန်စီးဆင်းမှုကို ငါမသိပါဘူး ”

“ ဒါပေမဲ့ တတိယအလွှာနဲ့ စတုတ္ထအလွှာရဲ့ အချိန်စီးဆင်းမှုကို အခြေခံပြီး သုံးသပ်ရမယ်ဆိုရင်… ”

“ ပဉ္စမအလွှာထဲမှာ အပြင်လောကရဲ့ တစ်ရက်က ရက်ပေါင်း(၁၂၅၀)နဲ့ ညီမျှနိုင်ပါတယ်… ဆဌမအလွှာက ရက်ပေါင်းခြောက်ထောင်ကျော်နိုင်ပြီး သတ္တမအလွှာကတော့ ရက်ပေါင်းသုံးသောင်းကျော်နိုင်ပါတယ်… နောက်ဆုံးအလွှာဖြစ်တဲ့ အဌမအလွှာကတော့ ရက်ပေါင်းတစ်သိန်းခြောက်သောင်းနီးပါး ဖြစ်နိုင်ပါတယ် ”

“ တကယ်လို့ အဲ့ဒီတွက်ချက်မှုက အမှန်ဖြစ်မယ်ဆိုရင် နောက်ပြန်စဉ်းစားကြည့်တဲ့အခါ လူအနည်းစုပဲ ပြန်ထွက်လာနိုင်ကြတဲ့ ဒုတိယအလွှာထဲမှာ အပြင်လောကရဲ့ တစ်ရက်က ဆယ်ရက်နဲ့ ညီမျှနိုင်ပါတယ်… ဘယ်သူမှ ပြန်မရောက်လာကြတဲ့ ပထမအလွှာကတော့ နှစ်ရက်ဖြစ်ပါတယ် ”

အနက်ရောင်အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ မတူညီသော အချိန်စီးဆင်းမှုနှင့် လောကကို အလွှာရှစ်လွှာအဖြစ် ခွဲခြားထားခြင်းက သူ့ကို ပိုပြီးအတွေးနက်သွားစေသည်။

“ အဲ့ဒီအင်မော်တယ်အရှင်သခင်က အသက်ရှင်ခဲ့ချိန်မှာ အချိန်စွမ်းအားကို ပိုင်ဆိုင်ခဲ့တာလား… ဒီလိုဆိုရင် ဘာလို့ သူ့ရဲ့ အာဏာစက်အလင်းက… ”

ရွှီချင်းက နှုတ်ဆိတ်သွားသည်။ မိုးသောက်အင်မော်တယ်အရှင်သခင်၏ ဝိညာဉ် ကျဆင်းသွားခဲ့သော ဤနေရာကို သူပိုပြီးစိတ်ဝင်စားလာသည်။

ဘေးမှ မြေဝိညာဉ်ဘိုးဘေးသည် ရွှီချင်း၏ ဆင်ခြင်သုံးသပ်နေသော အမူအရာကို သတိထားမိသောအခါ နောက်ထပ် ဘာမှမပြောတော့ပေ။ ဤအခိုက်အတန့်မှာ ကောင်းကင်ပေါ်တွင် လှိုင်းဂယက်များ ထွက်ပေါ်လာကြပြီး ပိုမိုများပြားသော ကျင့်ကြံသူများက ရောက်ရှိလာကြသည်။

လျှို့ဝှက်သော့ကို ရရှိထားသော လူတိုင်းက သာလွန်ထူးခြားကြသည်။ သို့ဖြစ်၍ ဤနေရာသို့ ရောက်ရှိလာသူများသည် ထုံးစံအားဖြင့် ပညာရှင်ကျင့်ကြံသူများ ဖြစ်ကြသည်။

သူတို့က အနိမ့်ဆုံး အုပ်ချုပ်သူအဆင့်မှာ ရှိကြသည်။

ထို့ပြင် ယင်းက အနောက်ပိုင်းကြယ်စင်စုတစ်ခုတည်း မဟုတ်ပေ။

အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းမှ ကျင့်ကြံသူများသည်လည်း ရောက်ရှိလာကြသည်။

သူတို့၏ ရောက်ရှိလာမှုက လောကကို တုန်ယင်သွားစေပြီး မိုးသောက်အလင်းကို ပိုပြီးထွန်းလင်းတောက်ပသွားစေသည်။

သူတို့ထဲမှ တချို့သည် ရောက်လာသည်နှင့်ချက်ချင်း လူအများ၏ အာရုံစိုက်မှုကို ရရှိသွားကြသည်။

ထိုသို့ဖြစ်ရသည့် အကြောင်းအရင်းတစ်ခုမှာ အင်မော်တယ်မြို့တော် အရည်အချင်းပြည့်မီတုံကင်များ၏ ပဲ့တင်ပြန်မှုကြောင့် ဖြစ်သည်။ အခြားအကြောင်းအရင်းမှာ သူတို့ထံမှ ထုတ်လွှတ်နေသော အရှိန်အဝါကြောင့် ဖြစ်သည်။ ယင်းက အလွန်လွှမ်းမိုးဖိနှိပ်သော အင်အားကို ဖြစ်ပေါ်စေသည်။

သို့ဖြစ်၍ သူတို့က သီးခြားလောကထဲမှာ တည်ရှိနေကြဟန် ရ၏။ သူတို့၏ ခန္ဓာကိုယ်တစ်ဝိုက်၌ ရစ်ဝဲနေသော ကြောက်မက်ဖွယ်ရာ အရှိန်အဝါကြောင့် တခြားလူများက အနားမကပ်ဝံ့ကြချေ။ ထိုအကြောက်တရားက သူတို့နားလည်နိုင်သောအရာ မဟုတ်ပေ။

နက်နဲစွာ တွေးတောနေသော ရွှီချင်းသည်ပင် သူတို့၏ တည်ရှိမှုကြောင့် ပြန်နိုးလာသည်။ သူက ခေါင်းမော့လိုက်ပြီး သူတို့ကို ကြည့်လိုက်သည်။

ပထမဆုံး သူမြင်လိုက်ရသည်မှာ တောင်ပိုင်းကြယ်စင်စုမှ ရောက်ရှိလာသော တာအိုဝတ်စုံဖြူဝတ် လူငယ်တစ်ယောက် ဖြစ်သည်။

ထိုလူငယ်က ချောမောခန့်ညားပြီး သူ၏ မျက်လုံးများက ကြယ်များသဖွယ် လင်းလက်တောက်ပသည်။ သို့သော်လည်း သူ၏ အထူးခြားဆုံး အသွင်လက္ခဏာမှာ သူ၏ နားရွက်များ ဖြစ်ကြသည်။ ယင်းက သာမန်လူများ၏ နားရွက်ထက် အတော်လေး ပိုကြီးမားသည်။

“ သူက ကျန်းဖန်… မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်မော်တယ်မြို့တော်ရဲ့ ဒုတိယအဆင့် အမဲလိုက်ပွဲတော်ရဲ့ အမွေအနှစ်ဆက်ခံခြင်းအပိုင်းမှာ အမွေအနှစ်နဲ့ အာဏာစက်ကို သူရရှိခဲ့တယ်လို့ ငါသတင်းကြားတယ်… ”

မြေဝိညာဉ်ဘိုးဘေးက တိုးညင်းစွာ ပြောသည်။

ရွှီချင်းက ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ သူက ကျန်းဖန်ကို ယခင်က တစ်ခါမှ မမြင်ဖူးသော်လည်း တစ်ဖက်လူ၏ ပုံတူပန်းချီကို ကြယ်မြေပုံထဲမှာ မြင်ဖူးသည်။

ကျန်းဖန်၏ ဆရာက တောင်ပိုင်းကြယ်စင်စုမှ မဟာအင်မော်တယ်တောင်၏ ခြေလှမ်းဝက်အင်မော်တယ်တစ်ပါးဖြစ်သော လန်ယွင် ဖြစ်သည်။

သူ၏ ကျင့်ကြံသည့်အချိန်က အနှစ်ငါးရာမပြည့်သေးသော်လည်း သူက အစောပိုင်းအုပ်ချုပ်သူအဆင့်သို့ တတ်လှမ်းနိုင်ခဲ့ပြီး အခွင့်အာဏာ(၇)ခုကို ဖမ်းဆုပ်နိုင်ခဲ့သည်။

သူက အတိတ်မှာ အထွတ်အထိပ်အဆင့် အုပ်ချုပ်သူတစ်ပါးနှင့် တိုက်ခိုက်ခဲ့ဖူးသည်။ ထိုတိုက်ပွဲမှာ သူက ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သော်လည်း တစ်ဖက်လူကို သတ်ပစ်နိုင်ခဲ့သည်။

ထိုတိုက်ပွဲပြီးနောက် သူက တောင်ပိုင်းကြယ်စင်စု၏ လက်ရှိမျိုးဆက်တွင် နံပါတ်တစ်ကောင်းကင်အရွေးချယ်ခံအဖြစ် သတ်မှတ်ခံလိုက်ရသည်။

ရွှီချင်းက လှမ်းကြည့်လိုက်သည့်အခိုက် မိုးကုပ်စက်ဝိုင်းပေါ်မှာ ထွက်ပေါ်လာသော ကျန်းဖန်က လမ်းလျှောက်နေရင်း သူ၏ ဘေးမှ အမျိုးသမီးကို စကားပြောနေသည်။ သူတို့နှစ်ယောက်က ရယ်မောစွာ စကားပြောနေရင်း လမ်းလျှောက်နေကြသည်။

နောက်အခိုက်အတန့်မှာ သူက တစ်စုံတစ်ခုကို အာရုံခံမိသွားသည့်အလား ခေါင်းလှည့်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။

ကျန်းဖန်၏ အကြည့်က ရွှီချင်းနှင့် တွေ့ဆုံသွားသည့်အခိုက် သူ၏ မျက်လုံးက ချက်ချင်း မှေးကျဉ်းသွားသည်။ ထို့နောက် သူ၏ မျက်နှာပေါ်မှာ အပြုံးတစ်ခု ထွက်ပေါ်လာပြီး သူက ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။

တစ်ချိန်တည်းမှာ သူ၏ ဘေးမှ အမျိုးသမီးသည်လည်း ယင်းကို အာရုံခံမိသွားပြီး ရွှီချင်းကို ကြည့်လိုက်သည်။

အမျိုးသမီးက အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ မျက်နှာက သိမ်မွေ့နူးညံ့သည်။ သို့သော်လည်း သူလှမ်းကြည့်လိုက်သည့်အခိုက် တောင်တန်းများက သူ၏ မျက်လုံးအတွင်းမှာ မြှောက်တတ်လာသည့်အလား ကြီးမားသော ဖိအားနှင့် အလေးချိန်က သူ၏ အကြည့်ထဲမှာ ထွက်ပေါ်လာသည်။

ယင်းက အာဏာစက်၏ ဒြပ်ထည်ဖွဲ့စည်းမှု ဖြစ်သည်။

ရွှီချင်း၏ အမူအရာက တည်ငြိမ်သည်။ ထိုအမျိုးသမီးနှင့်ပတ်သက်ပြီး မြေဝိညာဉ်ဘိုးဘေးက သူ့အား မိတ်ဆက်ပေးရန် မလိုပေ။ တစ်ဖက်လူ၏ သရုပ်ကို အစောကြီးကတည်းက သူသိထားသည်။

ထိုအမျိုးသမီးက ယွင်ရှန်းစုဖြစ်သည်။

သူက အပြာရောင်ဝတ်စုံကို နှစ်သက်သဘောကျသောကြောင့် သူ့ကို နတ်သမီးချင်းစုဟု ခေါ်ကြသည်။

သူက တောင်ပိုင်းကြယ်စင်စု၏ အခြားကြယ်တစ်ပွင့်ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံက ကျန်းဖန်ထက် ပိုမြင့်ပြီး သူက အလယ်အလတ်အဆင့် အုပ်ချုပ်သူဖြစ်သည်။

သို့သော်လည်း မြေပုံထဲမှ သတင်းအချက်အလက်များအရ သူ့မှာ အခွင့်အာဏာလေးခုတည်းသာ ရှိသည်။

ထိုသတင်းအချက်အလက်က ရွှီချင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာပြီးနောက် သူက အကြည့်ပြန်ရုပ်လိုက်ပြီး မြောက်ပိုင်းဆီသို့ ကြည့်လိုက်သည်။

မြောက်ပိုင်း၏ မိုးကုပ်စက်ဝိုင်းပေါ်တွင် ရုပ်ချင်းဆင်တူသော လူငယ်ကျင့်ကြံသူနှစ်ယောက်က ထွက်လျှောက်လာကြသည်။

သူတို့ထွက်လျှောက်လာသည်နှင့်ချက်ချင်း သူတို့၏ အရှိန်အဝါများက အတူတကွ ပေါင်းစပ်သွားပြီး အလွန်ပြင်းထန်သော အအေးဓာတ်ကို ထုတ်လွှတ်လိုက်သည်။ အနီးနားဝန်းကျင်မှ ကျင့်ကြံသူများသည် ထိုအအေးဓာတ်ကို ခံစားမိသွားကြသောအခါ နှလုံးတုန်ယင်သွားကြသည်။

“ ချမ်ကျွင်း… ပိုင်ရီ… ”

မြေဝိညာဉ်ဘိုးဘေးက တိုးညင်းစွာ ပြောသည်။

သူတို့နှစ်ယောက်သည် အင်မော်တယ်ဓားဂိုဏ်းမှ ထွက်ပေါ်လာသော အနောက်ပိုင်းကြယ်စင်စု၏ ကြယ်နှစ်ပွင့် ဖြစ်ကြသည်။

ရွှီချင်း၏ အမူအရာက တည်ငြိမ်သည်။ မြေပုံထဲမှာ ဖော်ပြထားသော သူတို့၏ သတင်းအချက်အလက်များက သူ၏ စိတ်ထဲမှာ ပြန်ပေါ်လာကြသည်။ သူတို့မွေးဖွားလာသည့်အချိန်၌ ဓားနှင့်ဆက်စပ်သော သဘာဝလွန် ကောင်းချီးပုံရိပ်များ ထွက်ပေါ်လာခဲ့သည်ဟု ဆိုကြသည်။ ထို့နောက် သူတို့သည် အင်မော်တယ်ဓားဂိုဏ်း၏ လက်ရှိကောင်းကင်စောင့်ရှောက်သူ၏ တပည့်များအဖြစ် ရွေးချယ်ခံခဲ့ရသည်။

သူတို့နှစ်ယောက်သည် စတင်ကျင့်ကြံကတည်းက မြောက်ပိုင်းကြယ်စင်စု၏ လက်ရှိမျိုးဆက်ကို ဖိနှိပ်ထားခဲ့ပြီး အလွန်နာမည်ကျော်ကြားကြသည်။

အမွေအနှစ်ဆက်ခံခြင်းအပိုင်း ပြီးဆုံးပြီးနောက် သူတို့က ယခင်ကထက် ပိုပြီးသန်မာလာကြောင်း ထင်ရှားသည်။

ဤအခိုက်အတန့်မှာ သူတို့ထွက်လျှောက်လာသည်နှင့်ချက်ချင်း သူတို့ထုတ်လွှတ်ထားသော အအေးဓာတ်က အလွန်ပြင်းထန်သော ဖိအားကို ပေးသည်။ အပြင်လူများသည်တော့ ယင်းကို ရှင်းလင်းစွာ မမြင်နိုင်ပေ။ သို့သော်လည်း ရွှီချင်း၏ စိတ်က အချိန်လေဟာနယ်ထဲသို့ ဝင်ရောက်သွားသည့်အခါ ယင်းကို ရှင်းလင်းစွာ သူမြင်နိုင်သွားသည်။

သူတို့နှစ်ယောက်၏ အနောက်တွင် အရွယ်အစားကြီးမားသော ရှေးဟောင်းဓားတစ်လက်က မျောလွင့်နေသည်။

ထိုဓားက ခမ်းနားထည်ဝါပြီး ဓားတစ်သောင်း၏ ဥသျှောင်ဖြစ်ဟန် ရ၏။ ဓားက ဂုဏ်သိက္ခာကြီးမြတ်ပြီး အစွမ်းကြီးမားသည်။ ယင်းက သာမန်ကျင့်ကြံသူများ မမြင်နိုင်သော နည်းလမ်းနှင့်အတူ သူတို့နှစ်ယောက်၏ အနောက်မှာ မျောလွင့်နေသည်။

ထိုဓားက အာဏာစက်၏ ဒြပ်ထည်ပုံစံဖြစ်သည်။

ယင်းကို သူမြင်လိုက်သည့်အခိုက် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ဧကရာဇ်ဓားက စူးရှသော ဓားဟိန်းသံကို ထုတ်လွှတ်လိုက်သည်။

ဓားက အပြင်သို့ ထွက်လာချင်နေဟန် ရ၏။

ရွှီချင်းက ဧကရာဇ်ဓားကို ချော့မြူလိုက်သည်။ သူ၏ ဘေးမှ မြေဝိညာဉ်ဘိုးဘေးက တိုးညင်းစွာ ပြောသည်။

“ ကြယ်ရှစ်ပွင့်ထဲက ကြယ်လေးပွင့်က ဒီရောက်လာကြပြီ… အရှေ့ပိုင်းကြယ်စင်စုရဲ့ ကြယ်သုံးပွင့်က မကြာခင် ဆင်းသက်လာကြလိမ့်မယ်… နောက်ဆုံးကြယ်ပွင့်က ငါ့ရဲ့ အနောက်ပိုင်းကြယ်စင်စုက လီမုန့်တုပဲ… ”

မြေဝိညာဉ်ဘိုးဘေးက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူက ထိုကြယ်ရှစ်ပွင့်ကို ချီးကျူးလေးစားသည်။ သူ၏ စကားဆုံးသွားသည်နှင့်ချက်ချင်း နောက်တစ်ယောက်က မိုးကုပ်စက်ဝိုင်းထဲမှ ထွက်ပေါ်လာသည်။

ထိုလူက ဝတ်စုံနက်ကို ဝတ်ဆင်ထားပြီး သူ့မှာ ရှည်လျားသော အနက်ရောင်ဆံပင် ရှိသည်။ သူ၏ မျက်နှာက အေးစက်နေသော်လည်း သူ၏ နဖူးပေါ်မှ ပွင့်ချပ်ဆယ့်နှစ်ခုက မိစ္ဆာဆန်သော ဆွဲဆောင်မှုတစ်မျိုးကို ထုတ်လွှတ်နေသည်။

ထိုလူက လီမုန့်တုမှလွဲ၍ တခြားလူမဟုတ်ချေ။

သူထွက်ပေါ်လာသည့်အခိုက် ဤနေရာက အမှောင်ထုထဲသို့ ချက်ချင်း ကျရောက်သွားဟန် ရ၏။

ယင်းက သူ၏ အာဏာစက်ဖြစ်သည်။

သူ၏ ထွက်ပေါ်လာမှုက ကျန်းဖန်နှင့် တခြားလူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားသည်။

“ လာပြီ… ငါ့ရဲ့ အနောက်ပိုင်းကြယ်ပွင့် လီမုန့်တု ”

မြေဝိညာဉ်ဘိုးဘေးက အနောက်ပိုင်းကြယ်စင်စုတွင် မွေးဖွားခဲ့လေရာ ထုံးစံအားဖြင့် သူက အနောက်ပိုင်းကြယ်စင်စုအပေါ် ချစ်ခင်မြတ်နိုးသည်။ သို့ဖြစ်၍ လီမုန့်တုရောက်လာသည့်အခါ သူ၏ လေသံသည်ပင် ပြောင်းလဲသွားသည်။

သို့သော်လည်း သူ၏ စကားဆုံးသွားသည်နှင့်ချက်ချင်း မြေဝိညာဉ်ဘိုးဘေးက ရုတ်တရက် နှလုံးတုန်သွားသည်။ အဘယ့်ကြောင့်ဆိုသော် အဝေးမှ လီမုန့်တုက သူ့ကို ကြည့်နေကြောင်း သူမြင်သွားသောကြောင့် ဖြစ်သည်။

ထို့နောက် လီမုန့်တုက သူ့ဆီသို့ တကယ်ကြီး လျှောက်လှမ်းလာသည်။

နောက်ဆုံးမှာတော့ မြေဝိညာဉ်ဘိုးဘေးက နှလုံးတုန်ယင်နေစဉ် လီမုန့်တုက ရွှီချင်း၏ ဘေးသို့ ရောက်ရှိသွားသည်။ သူက မြေပြင်ပေါ်မှာ မထိုင်ခင် ရွှီချင်းကို ဦးစွာအရိုအသေပေးလိုက်သည်။

“ မင်းကို ဒီမှာ တွေ့ရလိမ့်မယ်လို့ ငါမျှော်လင့်ထားပြီးသားပါ ”

လီမုန့်တုက ရွှီချင်းကို ကြည့်လိုက်သည်။

ရွှီချင်းက ခေါင်းညိတ်လိုက်ပြီး စကားပြောရန် ပြင်လိုက်သည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ မိုးကုပ်စက်ဝိုင်းဆီသို့ သူလှမ်းကြည့်လိုက်သည့်အခါ အေးစက်စက်အလင်းက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။

မီးတောက်မိုးတိမ်များက မိုးကုပ်စက်ဝိုင်းထံမှ ရွေ့လျားလာနေကြသည်။ ယင်းတို့က အနားသို့ ချဉ်းကပ်လာသည့်အခိုက် ဆံပင်အနီနှင့် လူငယ်တစ်ယောက်အဖြစ် အသွင်ပြောင်းလဲသွားသည်။

ထိုလူငယ်သည် အတိတ်တွင် ရွှီချင်းကို တောင်ပိုင်းကြယ်စင်စုထဲမှ အသက်လုထွက်ပြေးရအောင် တွန်းအားပေးခဲ့သူ ဖြစ်သည်။ နောက်ဆုံးမှာတော့ ရွှီချင်းက သေခြင်းရှင်ခြင်းကပ်ဘေးကို ရှောင်လွှဲရန် ကူးတို့လှေသမားအပေါ် မှီခိုအားထားခဲ့ရသည်။

ဆံပင်အနီနှင့် လူငယ်က ကျန်းဖန်ထံသို့ လျှောက်သွားနေစဉ် သူ၏ အကြည့်က လူတိုင်းပေါ်သို့ ကျရောက်သွားသည်။

သို့သော်လည်း သူ၏ အကြည့်က ရွှီချင်းပေါ်သို့ ကျရောက်သွားသည့်အခါ သူ၏ ခြေလှမ်းက ရုတ်တရက် ရပ်တန့်သွားသည်။

All Chapters