← Chapters

ငါစကားဆုံးအောင် ပြောပါရစေဦး

Vol. 105 Ch. 1615

ငါစကားဆုံးအောင် ပြောပါရစေဦး

Vol. 105 Ch. 1615

ရွှီချင်းက တည်ငြိမ်သည်။

ကျောက်စိမ်းပြားထံမှ အသံထဲမှာ ဉာဏ်များမှု၊ သရော်လှောင်ပြောင်မှုဖြင့် ပြည့်နှက်နေသည်။ ယင်းက လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်တစ်ခုကို သယ်ဆောင်ထားဟန် ရ၏။

ထို့ကြောင့် အသံထွက်ပေါ်လာသည့်အခိုက် မြင်ကွင်းတစ်ခုက ရွှီချင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

ထိုမြင်ကွင်းထဲတွင် နဖူးပေါ်မှာ စာရေးထားသော ကောင်လေးက မောက်မာထောင်လွှားစွာ ပြုံးနေသည်။

“ စီနီယာ… မင်းက ဒုတိယအလွှာကနေ ထွက်လာဖို့ ငါ့ကို ကြားခံနယ်အဖြစ် အသုံးပြုခဲ့ပါတယ်… ဒီကို မင်းလိုက်လာတာက ငါ့ကို သရော်လှောင်ပြောင်ဖို့ သက်သက်ပဲ မဟုတ်နိုင်ပါဘူး ”

ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။

ကျောက်စိမ်းပြားက မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။

ကောင်လေး၏ ချောင်းဟန့်သံက ကျောက်စိမ်းပြားထဲမှ ပျံ့လွင့်လာကြောင်း သူကြားနိုင်သည်။

“ ဟူး… ဘာလို့ မင်းက စိတ်ဆိုးနေတာလဲ ”

“ ငါက မိုးသောက်အင်မော်တယ်အရှင်သခင် မသေဆုံးခင် နောက်ဆုံးကျန်ရစ်နေခဲ့တဲ့ အသိစိတ်အမျှင်တန်းလေးပါ… အတိအကျပြောရမယ်ဆိုရင် ငါက တဒင်္ဂအတွေးတစ်ခုပါ… ငါက ဒီမတိုင်ခင် ဒုတိယအလွှာထဲမှာ လွင့်မျောနေခဲ့တယ်… မင်းဆီကနေတဆင့်ပဲ လက်ရှိပစ္စုပ္ပန်မှာ ငါထွက်ပေါ်လာနိုင်တယ်… ဒါကြောင့် ငါ့ရဲ့ အချိန်က အကန့်အသတ်ရှိတယ်… ပြီးတော့ ငါ့မှာ လုပ်ရမယ့်အရာတွေ အများကြီးပဲ ”

“ ဒီတော့ ငါ့မှာ မင်းကို စနောက်ဖို့ ဘယ်လိုလုပ် အချိန်ရှိမှာလဲ ”

“ ဘာမှမစိုးရိမ်ပါနဲ့ သားလေး ”

“ မင်းရဲ့ ခွန်အားကို အလကား ငါမယူသုံးပါဘူး… ကြည့်လေ… တကယ်လို့ ငါ့ကြောင့်သာမဟုတ်ရင် မင်းက ဘယ်လိုလုပ် ဒုတိယအလွှာကနေ ထွက်လာနိုင်မှာလဲ ”

“ ပြီးတော့… မင်းရဲ့ သံသယတွေထဲက တစ်ခုကို ငါဖြေရှင်းပေးမယ်… အဲ့ဒါကို ငါ့ကို အပြင်ထုတ်ပေးတဲ့ အဖိုးအခလို့ သဘောထားလိုက်ပါ ”

“ လက်ရှိ မင်းအစိုးရိမ်ဆုံးအရာက မင်းရဲ့ အာဏာစက်မဟုတ်လား… မင်းရဲ့ သံသယတွေကို ငါဖြေရှင်းပေးမယ်… အင်း… မင်းရဲ့ အချိန်လေဟာနယ်အာဏာစက်ကို အရင်က ငါဆင်ခြင်နားလည်ခဲ့ဖူးတယ်… ဒါပေမဲ့ လမ်းတစ်ဝက်ထိပဲ ငါလျှောက်လှမ်းနိုင်ခဲ့တယ်… အဲ့ဒီလမ်းစဉ်က အရှေ့ဆက်ဖို့ အရမ်းခက်ခဲတယ်… ပြီးတော့ အဲ့ဒီလမ်းစဉ်ကို ငါဆက်မလျှောက်နိုင်ခဲ့ဘူး ”

“ ငါမင်းကို ဘာလို့ အဲ့ဒီအကြောင်း ပြောပြတာလဲဆိုတော့ အဲ့ဒီလမ်းစဉ်ကို မင်းဆက်လျှောက်နိုင်မယ်လို့ ငါမျှော်လင့်ထားလို့ပဲ… အဲ့ဒါအကုန်ပဲ… နှုတ်ဆက်ပါတယ် ငါ့သား ”

ထိုသို့ပြောပြီးနောက် အက်ကွဲကြောင်းများက ကျောက်စိမ်းပြားပေါ်မှာ ထွက်ပေါ်လာကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာ ပိုမိုများပြားသော အက်ကွဲကြောင်းများက ကျောက်စိမ်းပြားတစ်ခုလုံးကို ဖုံးလွှမ်းသွားကြသည်။

နောက်ဆုံးမှာတော့ ရွှီချင်း၏ အကြည့်အောက်မှာ ထိုကျောက်စိမ်းပြားက ပြိုကွဲသွားသည်။ ယင်းက အပိုင်းပိုင်းအစစ အက်ကွဲသွားပြီးနောက် ဖုန်မှုန့်ဖြစ်သွားသည်။

ဤသည်မှာ လက်ရှိလောကက ၎င်း၏ တည်ရှိမှုကို ခွင့်မပြုသည့်အလားပင်။

ရွှီချင်းက မျက်မှောင်ကြုတ်လိုက်သည်။ ပြင်းထန်သော ဖယ်ရှားခြင်းခံစားမှုက ထိုစကားလုံးများထံမှ ထွက်ပေါ်လာသည်။

ကျောက်စိမ်းပြား၏ ပျောက်ကွယ်မှုသည်တော့…

ရွှီချင်းက သူ၏ ဘေးပတ်ဝန်းကျင်ကို ဂရုတစိုက် အာရုံခံလိုက်သည်။ သို့သော်လည်း မည်သည့်မူမမှန်မှုကိုမှ သူအာရုံမခံမိပေ။ ကျောက်စိမ်းပြား အက်ကွဲသွားခြင်းသည် သူ့ကြောင့် မဟုတ်ပေ။

“ ဒီတော့ သူ့ရဲ့ ရည်ရွယ်ချက်က ဘာလဲ ”

ရွှီချင်း၏ အကြည့်က သူ၏ ဘေးပတ်ဝန်းကျင်ဆီသို့ ဖြတ်သန်းသွားသည်။ ထိုအခိုက်အတန့်မှာ သူ၏ စိတ်က ရုတ်တရက် လှုပ်ခါသွားသည်။ ရွှီချင်းက သူ၏ လက်ဖဝါးကို ငုံ့ကြည့်လိုက်သည်။

ထိုအခါ သူမြင်လိုက်ရသည်မှာ အစောနက ပျောက်ကွယ်သွားခဲ့သော ကျောက်စိမ်းပြားက သူ၏ လက်ဖဝါးပေါ်မှာ တိတ်တဆိတ် ပြန်စုဝေးသွားနေခြင်း ဖြစ်သည်။

ကျောက်စိမ်းပြား ဖွဲ့စည်းသွားသည်နှင့် ကောင်လေး၏ အထင်သေးရှုံ့ချသော အသံက ထပ်မံ ထွက်ပေါ်လာသည်။

“ ဟား ဟား ဟား… မင်းစိတ်ပျက်သွားတယ်မလား… မင်းငါ့ကို စိတ်ထဲမှာ ကျိန်ဆဲနေတယ်မလား… ငါက မင်းကို လျစ်လျူရှုလိုက်တယ်လို့ မင်းထင်သွားတယ်မလား… မင်းက အခက်အခဲတွေ အများကြီး ကျော်ဖြတ်ခဲ့ရပေမဲ့ ငါ့ဆီကနေ စာကြောင်းတစ်ကြောင်းပဲ ပြန်ရလိုက်တယ်ဆိုတော့ မင်းအရမ်း စိတ်ပျက်သွားတယ်မလား ”

ရွှီချင်းက မည်သည့်စကားမှ ပြန်မပြောပေ။

“ ဘာမှပြန်မပြောဘူးလား… ငါ့အထင်က တကယ်မှန်နေတာပဲ… ဟား ဟား ဟား ”

“ ပြီးတော့ ငါထပ်မှန်းလိုက်မယ်… အခု ငါက နောက်တစ်ကြိမ် ပြန်ပေါ်လာပြီး ဒီစကားတွေ ပြောနေတယ်ဆိုတော့ ငါက မင်းကို ထူးခြားတဲ့ အမွေအနှစ်တချို့ ဒါမှမဟုတ် လျှို့ဝှက်ချက်တချို့ ပေးတော့မယ်လို့ မင်းထင်သွားတယ်မလား ”

“ အဟန့်… ငါမင်းကို ပြောပြမယ်… မင်းအထင်က မှားတယ် ”

“ တကယ်တော့… ဘာမှမရှိဘူး… ဟား ဟား ဟား… နှုတ်ဆက်ပါတယ် ငါ့သားလေး ”

ထို့နောက် ကျောက်စိမ်းပြားက နောက်တစ်ကြိမ် အက်ကွဲသွားပြီး မည်သည့်သဲလွန်စမှမကျန်ဘဲ ပျောက်ကွယ်သွားသည်။

ယင်းကို ကြားသောအခါ ရွှီချင်းက မျက်မှောင်ကြုတ်ထားခြင်းကို ဖြေလျှော့လိုက်သည်။

ဤမိုးသောက်အင်မော်တယ်အရှင်သခင်က စိတ်မမှန်ကြောင်း အစကတည်းက သူခန့်မှန်းထားခဲ့သည်။

အင်မော်တယ်ဘုရင် သူ့ကို သတ်ခဲ့ခြင်းက မမှားယွင်းပေ။

သို့ဖြစ်၍ ရွှီချင်းက တစ်ဖက်လူကို လျစ်လျူရှုထားလိုက်ပြီး သူ၏ အရှေ့မှ ခန်းမတစ်ခုကို ကြည့်လိုက်သည်။

အပြင်ဘက်မှ သူမြင်တွေ့ခဲ့ရသည်မှာ အင်မော်တယ်နန်းတော်က ငြိမ်းချမ်းသာယာပြီး ကောင်းကင်ဘုံတေးသံက လေထဲမှာ ပြည့်နှက်နေသည်။ ကောင်းချီးနိမိတ်များက နေရာတိုင်းမှာ တည်ရှိကြသည်။

သို့သော်လည်း ယခု သူက အင်မော်တယ်နန်းတော်ထဲသို့ ရောက်ရှိသွားသည့်အခါ သူမြင်လိုက်ရသောအရာက ခြားနားသွားသည်။

ခန်းမက အပျက်အစီးပုံအဖြစ် ပြောင်းလဲနေပြီး စွန့်ပစ်ခံထားရသည်။ အချိန်၏ ရှည်လျားကြာညောင်းသော တိုက်စားမှုက နေရာတိုင်းမှာ ရစ်ဝဲနေသည်။

တချို့ဧရိယာများဆိုလျှင် လုံးဝ ဖျက်ဆီးခံထားရသည်။

“ အင်မော်တယ်နန်းတော်ကို အကြိမ်ပေါင်းများစွာ ဖွင့်လှစ်ခဲ့ပြီး ကျင့်ကြံသူတွေ တစ်သုတ်ပြီးတစ်သုတ်က အထဲဝင်ရောက်ခဲ့ကြတယ်… ကျင့်ကြံသူအများစုက ဒီတတိယအလွှာကနေ စတင်ကြတယ်… ဒီတော့ ဒီနေရာရဲ့ ရတနာတွေနဲ့ အမွေအနှစ်အများစုက ယူဆောင်သွားခြင်းခံရလောက်ပြီ… ”

“ ဒါပေမဲ့ အင်မော်တယ်နန်းတော်က အရမ်းကျယ်ပြောပြီး ဖွင့်လှစ်တဲ့အခါတိုင်း ကျင့်ကြံသူတွေက မတူညီတဲ့ နေရာဒေသတွေမှာ ထွက်ပေါ်လာလိမ့်မယ်… အဲ့ဒါကြောင့် ဒီနေရာမှာ ဘယ်သူမှ ရှာမတွေ့သေးတဲ့ အခွင့်အလမ်းတချို့ ကျန်ရှိနေသေးတယ်… အဲ့ဒါက ကျင့်ကြံသူအများအပြားကို သွေးဆောင်ထားနိုင်တုန်းပဲ ”

“ ဒါပေမဲ့ ငါ့အတွက်တော့ တတိယအလွှာက သိပ်အရေးမပါဘူး… တကယ်အရေးပါတာက အာဏာစက်ရှိတဲ့ လူတွေပဲ တတ်လှမ်းနိုင်တဲ့… စတုတ္ထအလွှာပဲ ”

ရွှီချင်းက အရှေ့သို့ တိတ်တဆိတ် လျှောက်သွားသည်။

သူက တတိယအလွှာကို စူးစမ်းလေ့လာချင်ပြီး စတုတ္ထအလွှာဆီသို့ ဝင်ပေါက်ကို ရှာဖွေချင်သည်။

ကျောက်စိမ်းပြား၏ ပျောက်ကွယ်သွားမှုကိုတော့ သူက လျစ်လျူရှုထားသည်။

ထိုကျောက်စိမ်းပြားက ရတနာဖြစ်နိုင်သည်ဟူသော အချက်ကို သူက မေ့ထားသည်။ သို့သော်လည်း ခြေဆယ်လှမ်းပြည့်အောင် သူမလှမ်းနိုင်မီ သူ၏ လက်ဖဝါးက အေးစက်လာသည်။ ပျောက်ကွယ်သွားခဲ့သော ကျောက်စိမ်းပြားက ပြန်ရောက်လာသည်။

တစ်ချိန်တည်းမှာ ကျောက်စိမ်းပြားထဲမှ အသံက ပျံ့လွင့်လာသည်။

“ ဟား ဟား… ငါတို့ ထပ်တွေ့ကြပြန်ပြီ… မင်းက ငါ့ကို စိတ်မမှန်ဘူးလို့ စိတ်ထဲမှာ ပြောနေတယ်မလား… ပြီးတော့ ငါက အပေါက်ဆိုးတယ်… ငါ့ကို အင်မော်တယ်ဘုရင် သတ်လိုက်တာက ကောင်းတယ်လို့ မင်းတွေးနေတယ်မလား… ငါ… ”

ရွှီချင်းက ကျောက်စိမ်းပြားကို သူ၏ ညာလက်ဖြင့် အကြမ်းပတမ်း ဖျစ်ညှစ်လိုက်သည်။

အက်ကွဲသံနှင့်အတူ ကျောက်စိမ်းပြားက ဖုန်မှုန့်ဖြစ်သွားသောအခါ အထဲမှ အသံက တစ်ဝက်တစ်ပျက်မှာ ပျောက်ကွယ်သွားသည်။

ရွှီချင်းက အရှေ့သို့ ဆက်လျှောက်သွားပြီး ခန်းမကို ဖြတ်ကျော်သွားသည်။ ထို့နောက် သူက အဝေးသို့ လှမ်းကြည့်လိုက်သည်။

ထိုစဉ် ကျောက်စိမ်းပြားက သူ၏ လက်ဖဝါးပေါ်မှာ နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။

ဤတစ်ကြိမ်တွင် ရွှီချင်းက ကောင်လေး ဘာမှမပြောနိုင်ခင် ကျောက်စိမ်းပြားကို ချေမွဖျက်ဆီးပစ်လိုက်သည်။

ထို့နောက် သူက လေထဲသို့ ပျံသန်းသွားပြီး ဘေးပတ်ဝန်းကျင်ကို အာရုံခံလိုက်သည်။

ဤနေရာက အင်မော်တယ်နန်းတော်၏ တစ်စိတ်တစ်ပိုင်းမျှသာဖြစ်သော်လည်း ဧရိယာက အလွန်ကျယ်ပြောဆဲပင်။ ယင်းက လောကကြီးတစ်ခုနှင့် မနှိုင်းယှဉ်နိုင်လျှင်ပင် ကမ္ဘာငယ်တစ်ခုနှင့် နှိုင်းယှဉ်နိုင်ပေသည်။

ရွှီချင်းက သူ၏ စိတ်အာရုံထဲတွင် မရေမတွက်နိုင်သော ခန်းမများ၊ နန်းဆောင်များနှင့် ဝိညာဉ်ဥယျာဉ်များကို မြင်တွေ့သွားသည်။

ဤနေရာမှာ တောင်တန်းများနှင့် မြစ်ချောင်းများလည်း ရှိသည်။

သို့သော်လည်း ဤနေရာမှ အဆောက်အဦးအများစုက ယိုယွင်းပျက်စီးနေပြီး အတားအဆီးများနှင့် အကန့်အသတ်များက နေရာတိုင်းမှာ ပြန့်ကျဲနေကြသည်။

တောင်တန်းများက ပြိုကျပျက်စီးနေပြီး မြစ်ချောင်းများက ခမ်းခြောက်နေကြသည်။

သို့သော်လည်း တချို့နေရာများက ထိခိုက်ပျက်စီးမှု မရှိပေ။

သို့သော်လည်း ထိုနေရာများတွင် အလွန်အားကောင်းသော အတားအဆီးများ ရှိကြသည်။ ထို့ပြင် ကောင်းကင်နှင့် မြေပြင်ကြားမှ ဟင်းလင်းပြင်ထဲတွင် အနက်ရောင်ချည်မျှင်များက ရံဖန်ရံခါ ထွက်ပေါ်လာတတ်သည်။ ယင်းတို့က ခန့်မှန်းရခက်ခဲပြီး မူမမှန်ပေ။ ယင်းတို့က မြန်ဆန်စွာ ထွက်ပေါ်လာပြီးနောက် မြန်ဆန်စွာ ပျောက်ကွယ်သွားလေ့ ရှိသည်။

ထိုချည်မျှင်များက ယင်းတို့၏ လမ်းကြောင်းရှေ့မှာရှိသော အရာအားလုံးကို ဖြတ်တောက်ပစ်နိုင်ကြသည်။

ထို့ပြင် ဤနေရာမှ ရာသီဥတုကလည်း ပုံမှန်မဟုတ်ပေ။ တချို့နေရာများတွင် မိုးရွာသွန်းပြီး တချို့နေရာများတွင် ငလျှင်လှုပ်သည်။ တချို့နေရာတွင် လျှပ်စီးက အမြဲတမ်း ဝင်းလက်နေပြီး မုန်တိုင်းက အလွန်အားကောင်းသည်။

တစ်ခါတစ်ရံမှာ လေဟာနယ်အပိုင်းအစများက ရုတ်တရက် ပျောက်ကွယ်သွားပြီး တစ်ခါတစ်ရံ ရုတ်တရက် ပြန်ပေါ်လာလေ့ ရှိသည်။

ထိုဖရိုဖရဲစွမ်းအင်များက အပြန်အလှန် ထပ်ဆင့်လွှမ်းခြုံသွားပြီး ရောယှက်သွားသည့်အခါ ပိုပြီးကြီးမားသော ပုံပျက်တွန့်လိမ်မှုက ထွက်ပေါ်လာသည်။

ဥပမာ တစ်စုံတစ်ယောက်က မလှုပ်ရှားဘဲ နေရာမှာ ရပ်နေမည်ဆိုလျှင်ပင် နောက်အခိုက်အတန့်မှာ သူက တခြားတစ်နေရာသို့ အလိုအလျောက် ရွှေ့ပြောင်းသွားလိမ့်မည်။

အလုံးစုံခြုံပြောရလျှင် ဤနေရာက အမြဲတမ်း ပြောင်းလဲနေသည်။

ရွှီချင်းက ကျင့်ကြံသူတချို့ကိုလည်း မြင်တွေ့သွားသည်။

တချို့က တစ်ယောက်တည်း ရှိနေကြပြီး တချို့က အုပ်စုဖွဲ့၍ ရွေ့လျားနေကြသည်။ သူတို့က ဤကျယ်ပြောသော အရှေ့ပိုင်းဧရိယာထဲမှာ ပြန့်ကျဲနေကြပြီး အခွင့်အလမ်းများကို လိုက်ရှာဖွေနေကြသည်။

သို့သော်လည်း ရွှီချင်းက လီမုန့်တုအပါအဝင် တခြားကြယ်ပွင့်များကို ရှာမတွေ့ပေ။

ဤနေရာမှာရှိသော လူများသည် အခြေခံအားဖြင့် အာဏာစက် မရှိကြပေ။

“ ဒီက လူအရေအတွက်နဲ့ ပတ်သက်ပြီး တစ်ခုခုလွဲမှားနေတယ်… အဲ့ဒါက အများကြီး ပိုနည်းသွားတယ်… ”

ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်သည်။ သူက ထိုလူများထဲတွင် မြေဝိညာဉ်ဘိုးဘေး၏ အရှိန်အဝါကိုလည်း အာရုံမခံမိပေ။

သို့ဖြစ်၍ သူက အဝေးသို့ လှမ်းကြည့်လိုက်သည်။

“ ဒါဆိုရင်… ဒီကို ငါမရောက်လာခင် ဒီနေရာမှာ ပြင်းထန်တဲ့ တိုက်ပွဲတွေနဲ့ သတ်ဖြတ်ခြင်းတွေ ဖြစ်သွားခဲ့တဲ့ပုံပဲ… ”

“ ဒါမှမဟုတ် သူတို့ဆီမှာ တခြားဧရိယာတွေဆီ သွားရောက်နိုင်တဲ့ နည်းလမ်းတစ်ခုခု ရှိတာများလား… ဘာပဲပြောပြော အင်မော်တယ်နန်းတော်ကို အကြိမ်ပေါင်းများစွာ ဖွင့်လှစ်ခဲ့ပြီးပြီ… ဒီတော့ သူတို့ဆီမှာ မရှာဖွေခံရသေးတဲ့ တခြားဧရိယာတွေဆီ သွားရောက်နိုင်တဲ့ နည်းလမ်းတစ်ခုရှိတာက ဖြစ်သင့်ပါတယ် ”

“ ကြယ်ရှစ်ပွင့်ကတော့ စတုတ္ထအလွှာဆီ သွားကြပြီနဲ့ တူတယ် ”

တစ်ချိန်တည်းမှာ ရွှီချင်းက အကောင်းတိုင်း ကျန်ရှိနေသေးသော အဆောက်အဦးများကို အသေးစိတ် စစ်ဆေးကြည့်လိုက်ပြီး အပြင်ဘက်၌ သူမြင်တွေ့ခဲ့သော အင်မော်တယ်နန်းတော်၏ ပုံစံဖြင့် ယှဉ်တွဲစဉ်းစားလိုက်သည်။

ထိုနည်းဖြင့် သူက လက်ရှိ သူရောက်နေသော နေရာကို အတည်ပြုနိုင်သွားသည်။ ယင်းက အင်မော်တယ်နန်းတော်၏ အရှေ့ပိုင်းဧရိယာ ဖြစ်သည်။

“ အဲ့ဒီအချိန်တုန်းက အင်မော်တယ်နန်းတော်ရဲ့ အရှေ့ပိုင်းဧရိယာထဲမှာ တာအိုဟောပြောတဲ့ နေရာတစ်နေရာကို ငါမြင်တွေ့ခဲ့တယ် ”

ရွှီချင်းက တွေးတောနေရင်း သူ၏ ညာလက်ကို ဖျစ်ညှစ်လိုက်ပြီး ကျောက်စိမ်းပြားကို ချေမွဖျက်ဆီးလိုက်သည်။ ထို့နောက် သူက ခန္ဓာကိုယ်ကို ရွေ့လျားလိုက်ပြီး အရှေ့သို့ ပျံသန်းသွားသည်။

လမ်းတစ်လျှောက်တွင် ကျောက်စိမ်းပြားက အလွန်အမင်း ဇွဲကောင်းသည်။ ထို့အတူ ရွှီချင်းကလည်း ယင်းကို ထပ်ခါထပ်ခါ ဖျက်ဆီးပစ်ခဲ့သည်။

သို့ဖြစ်၍ ရလဒ်အနေဖြင့် ကောင်လေး၏ စကားများက ပြတ်တောင်းပြတ်တောင်း ဖြစ်နေသည်။

“ မင်းအရမ်းလွန်သွားပြီ… ငါ့သား မင်း… ”

ခရက်

“ အာ… ငါ့ကို တစ်ခုခုပြောခွင့်ပေးပါဦး… ငါ… ”

ခရက်

“ အား… ငါစကားဆုံးအောင် ပြောပါရစေဦး… ”

ခရက်

နှစ်နာရီကြာပြီးနောက် ရွှီချင်းက ဤနေရာကို စစ်ဆေးနေစဉ် ကျောက်စိမ်းပြားက နောက်တစ်ကြိမ် ဖွဲ့စည်းသွားပြန်သည်။

ဤတစ်ကြိမ်တွင် ရွှီချင်းက ဖြည်းညင်းစွာ ဖျစ်ညှစ်လိုက်သည်။

ထိုအခါ ကောင်လေး၏ အော်သံက ကျောက်စိမ်းပြားထဲမှ မြန်ဆန်စွာ ထွက်ပေါ်လာသည်။

“ ဖျစ်ညှစ်နေတာ ရပ်လိုက်တော့… ဖျစ်ညှစ်နေတာ ရပ်လိုက်တော့… တကယ်လို့ မင်းဆက်ပြီး ဖျစ်ညှစ်နေမယ်ဆိုရင် ငါသေသွားလိမ့်မယ်… အကြံဉာဏ်အတွက် ငါမင်းကို အခွင့်အရေးတစ်ခုပေးမယ်… ဘယ်လိုလဲ… ဒီလျှို့ဝှက်နယ်မြေထဲမှာ ဘယ်အချိန်ပဲဖြစ်ဖြစ် ငါ့ကို ‘ဖေဖေမိုးသောက်’လို့ ခေါ်လိုက်တာနဲ့ မင်းကို အာဏာစက်နဲ့ပတ်သက်တဲ့ အကြံဉာဏ်တစ်ခု ငါပေးမယ် ”

ရွှီချင်းက အမူအရာကင်းမဲ့သွားပြီး ကျောက်စိမ်းပြားကို လုံးဝ ချေမွဖျက်ဆီးရန် ပြင်လိုက်သည်။

“ စီနီယာ… ကောင်းပြီ… ငါ့ကို စီနီယာလို့ပဲ ခေါ်ပါ… အဲ့ဒါဆိုရင် အဆင်ပြေတယ်မလား ”

ရွှီချင်းက တစ်ခဏ တွေးတောပြီးနောက် ညင်သာစွာ ခေါင်းညိတ်လိုက်သည်။

“ သဘောတူတယ် ”

ထို့နောက် စိတ်သက်သာရာရသွားသော သက်ပြင်းချသံက ကျောက်စိမ်းပြားထဲမှ ထွက်ပေါ်လာပြီး ကောင်လေးက မကျေနပ်စွာ ပြောသည်။

“ ဒါပေမဲ့ မင်းငါ့ကို နောက်ထပ် မဖျစ်ညှစ်တော့ဘူးလို့ ကတိပေးရမယ်… ငါတကယ်ပြောတာ… မင်းလုပ်လို့ အခု ငါ့ဦးခေါင်းက ရောင်ကိုင်းနေပြီ… မင်း… မင်းက ဒီလိုလုပ်တဲ့နေရာမှာ အရမ်းတော်တာပဲ… ကြည့်ရတာ အရင်ကလည်း အဲ့လို မင်းလုပ်ခဲ့ဖူးတဲ့ပုံပဲ ”

ရွှီချင်းက ကောင်လေးကို လျစ်လျူရှုထားလိုက်သည်။ ဤအခိုက်အတန့်မှာ သူက အပျက်အစီးနယ်မြေများကို ဖြတ်ကျော်ပြီးနောက် ယခင်က သူမြင်တွေ့ခဲ့သော တာအိုဟောပြောဆောင်ကို ရှာတွေ့သွားသည်။

ကံမကောင်းစွာဖြင့် ဤနေရာက ယိုယွင်းပျက်စီးနေပြီး ဘာမှမကျန်ရှိတော့ပေ။

သို့သော်လည်း ယင်းက စိတ်မကောင်းစရာတော့ မဟုတ်ပေ။

တာအိုဟောပြောဆောင်၏ ပျက်စီးမှုက ရွှီချင်း၏ မျှော်လင့်ထားမှုအတွင်းမှာသာ ရှိ၏။ သို့ဖြစ်၍ ယင်းကို လှည့်ပတ်စစ်ဆေးကြည့်ပြီးနောက် ရွှီချင်းက စတုတ္ထအလွှာအကြောင်း မေးမြန်းရန် တစ်စုံတစ်ယောက်ကို ရှာဖွေလိုက်သည်။

သို့သော်လည်း သူက လူရှာဖွေတော့မည့်အချိန် ကျောက်စိမ်းပြားထဲမှ ကောင်လေးက အထင်သေးရှုံ့ချစွာ နှာခေါင်းရှုံ့လိုက်သည်။

“ ဘာလို့ အဲ့ဒီလိုလိုက်ရှာနေတာလဲ… မင်းက ဒီတတိယအလွှာရဲ့ အဓိပ္ပာယ်ကိုတောင် မသိသေးဘူး ”

ပထမစာကြောင်းကို ကြားသောအခါ ရွှီချင်းက ကျောက်စိမ်းပြားကို ဖျစ်ညှစ်ရန် တွေးတောလိုက်သည်။ သို့သော်လည်း ဒုတိယစာကြောင်းက ကျောက်စိမ်းပြား၏ အသက်ကို ကယ်တင်သွားသည်။

“ အို… ဒီနေရာရဲ့ အဓိပ္ပာယ်က ဘာလဲ ”

ရွှီချင်းက မေးသည်။

ကျောက်စိမ်းပြားထဲမှ ကောင်လေးက မောက်မာထောင်လွှားစွာ ပြောသည်။

“ မင်းငါ့ကို အသနားခံမယ်ဆိုရင် ငါပြောပြမယ် ”

ရွှီချင်းက တုံ့ဆိုင်းမနေဘဲ တည်ငြိမ်စွာ ပြောသည်။

“ စီနီယာ… ကျေးဇူးပြုပြီး ငါ့ကို ပြောပြပါ ”

“ ဘာ ”

ကောင်လေးက ဆွံ့အသွားသည်။

“ မင်း… မင်း… မင်း… ယောင်္ကျားမဟုတ်ဘူးလား… မင်းမှာ ဂုဏ်သိက္ခာတွေ အရှက်သိက္ခာတွေ မရှိဘူးလား… ဘာလို့ လွယ်လွယ် လက်လျော့လိုက်တာလဲ ”

ရွှီချင်းက ကျောက်စိမ်းပြားကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

ဤကောင်လေး၏ ထူးဆန်းသော တွေးခေါ်ပုံကို သူကျင့်သားရနေပြီ ဖြစ်သည်။

စီနီယာအကိုကြီးကို ရင်ဆိုင်ရန် သူအသုံးပြုခဲ့သော နည်းလမ်းများက ဤကောင်လေးအတွက် လုံလောက်သည်ထက် ပိုသည်။

သို့ဖြစ်၍ သူက တည်ငြိမ်စွာ ပြောသည်။

“ စီနီယာ… မင်းက ယောင်္ကျားဆိုရင် ပြောတဲ့စကားကို ကတိတည်ရပါမယ် ”

သူက စကားပြောပြီးနောက် ကျောက်စိမ်းပြားကို ဖျစ်ညှစ်လိုက်သည်။

ကျောက်စိမ်းပြားထဲမှ ကောင်လေးက နှုတ်ခမ်းဆူလိုက်သည်။

“ ကောင်းပြီ… ငါမင်းကို ပြောပြမယ် ”

“ အာဏာစက်မရှိတဲ့ ကျင့်ကြံသူတွေအတွက်တော့ ဒီတတိယအလွှာက ကံကြမ္မာကောင်းတွေ အခွင့်အလမ်းတွေနဲ့ ပြည့်နှက်နေတဲ့ နေရာပဲ… ဒါပေမဲ့ အဲ့ဒါက အပေါ်ယံပဲ ”

“ တကယ့်ပစ္စည်းကောင်းတွေနဲ့ အခွင့်အလမ်းတွေက နောက်ပိုင်းအလွှာတွေဆီမှာပဲ ရှိတယ်… အနိမ့်ဆုံး မင်းက စတုတ္ထအလွှာဆီ ရောက်ရမယ် ”

“ ဒါပေမဲ့ အာဏာစက်ရှိတဲ့ လူတွေပဲ စတုတ္ထအလွှာဆီ ဝင်ရောက်နိုင်တယ်… စတုတ္ထအလွှာဆီ ဝင်ရောက်ချင်တဲ့ လူတွေအတွက်တော့ ဒီတတိယအလွှာထဲမှာ သူတို့အတွက် အသုံးဝင်မယ့် တစ်စုံတစ်ခုရှိတယ် ”

“ သူတို့က ဒီတတိယအလွှာထဲမှာ သရုပ်တစ်ခုကို ရှာဖွေရလိမ့်မယ် ”

“ ဘာကြောင့်လဲဆိုတော့ စတုတ္ထအလွှာက အချိန်လေဟာနယ်တစ်ခုပဲ… အဲ့ဒါက အတိတ်မှာ အေးခဲခံထားရတယ် ”

“ တတိယအလွှာမှာ မင်းရရှိခဲ့တဲ့ သရုပ်က စတုတ္ထအလွှာဆီ မင်းဝင်ရောက်တဲ့အခါ မင်းရဲ့ သရုပ်ဖြစ်လာလိမ့်မယ် ”

“ အရိုးရှင်းဆုံးပြောရရင် စတုတ္ထအလွှာဆီ မင်းဝင်ရောက်တဲ့အခါ မင်းက အတိတ်တုန်းက မိုးသောက်အင်မော်တယ်နန်းတော်ဆီ ပြန်ရောက်သွားလိမ့်မယ်… အဲ့ဒီမှာ မင်းက အခွင့်အလမ်းတွေကို တိုက်ရိုက် ရှာဖွေနိုင်လိမ့်မယ် ”

“ ဒါကြောင့် သရုပ်က အရမ်းအရေးကြီးတယ် ”

ယင်းကို ရွှီချင်းကြားသောအခါ သူက နှလုံးတုန်သွားသည်။

“ သရုပ်တစ်ခုရအောင် ငါဘယ်လိုလုပ်ရမလဲ ”

ကောင်လေးက ဘဝမြင့်သွားပြီး မောက်မာထောင်လွှားစွာ ပြောသည်။

“ ငါမင်းကို မပြောပြဘူး ”

All Chapters