← Chapters

စတုတ္ထအလွှာထဲမှ သရုပ်

Vol. 105 Ch. 1617

စတုတ္ထအလွှာထဲမှ သရုပ်

Vol. 105 Ch. 1617

ရွှီချင်း၏ အရှေ့တွင် အဆုံးမဲ့သော တိမ်တိုက်များဖြင့် ပြည့်နှက်နေပြီး သူ၏ အမြင်အာရုံကို လုံးဝ ဖုံးကွယ်ထားသည်။

မြူခိုးက အာရုံခံစားမှုကို ဝေဝါးစေသည်။ သို့ဖြစ်၍ သူက ဦးတည်ရာကို ရှာဖွေရန် အခက်တွေ့လာသည်။ မှန်ကန်သော လမ်းကြောင်းကို ရွေးချယ်နိုင်ရန် မလွယ်ကူပေ။

ယင်းက ဆေးပန်းချီထဲမှ လောကဖြစ်သည်။

သို့သော်လည်း ရွှီချင်းက တည်ငြိမ်သည်။ သူက ဆေးပန်းချီထဲသို့ ဝင်ရောက်ပြီး မြူခိုးထဲမှာ ထွက်ပေါ်လာသော်လည်း ယင်းက သူမရင်းနှီးသောအရာ မဟုတ်ပေ။

“ အဲ့ဒါက ဒုတိယအလွှာနဲ့ ဆင်တူပေမဲ့ တတိယအလွှာရဲ့ ဝိသေသလက္ခဏာတချို့လည်း ရှိတယ်… အတိအကျပြောရရင်… ဒီနေရာက ဒုတိယအလွှာနဲ့ တတိယအလွှာကြားက နေရာပဲ… ဒီနေရာက ကောင်းကင်ဘုံထဲက ကိုယ်ပိုင်ကောင်းကင်ဘုံဖြစ်သလို နယ်မြေထဲက နယ်မြေတစ်ခုလည်း ဖြစ်တယ် ”

ရွှီချင်းက ခေါင်းငုံ့လိုက်ပြီး ကြည့်လိုက်သည်။ သူ၏ အဌမမြောက် အန္တိမတာအိုဖြစ်သော အချိန်လေဟာနယ်အာဏာစက်ကို အသက်သွင်းလိုက်သည့်အခါ သူ၏ အတွေးများက မြင့်မားသော အဆင့်သို့ တတ်လှမ်းသွားပြီး ရုပ်ခန္ဓာကိုယ်မှ ခွဲထွက်သွားသည်။

သူက မြူခိုးထဲမှာ ရွေ့လျားနေစဉ် အမည်အသိ အချိန်ကာလတစ်ခု ကြာမြင့်သွားသည်။ နောက်ဆုံးမှာတော့ မြူခိုးက တဖြည်းဖြည်း ပါးလွှာသွားသည့်အခါ သူ၏ အမြင်အာရုံက ပြန်ရောက်လာသည်။

ထို့နောက် ထိတ်လန့်ဖွယ်ကောင်းသော ဧရာမတောင်တစ်လုံးက ရွှီချင်း၏ အရှေ့မှာ ထွက်ပေါ်လာသည်။

သို့သော်လည်း တားမြစ်အစီအရင်များက ထိုတောင်ပေါ်မှာ ပုန်းအောင်းနေကြသည်။ စွမ်းအင်လှိုင်းဂယက်များက ထိုတားမြစ်အစီအရင်များထံမှ ပျံ့လွင့်နေကြသည်။ ရွှီချင်းက ပိုအဆင့်မြင့်သော သူ၏ စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ ထိုသို့အတားအဆီးများက အဆုံးမရှိသည့်အလား အလွန်များပြားကြောင်း အာရုံခံမိသွားသည်။

ထို့ပြင် ထိုအတားအဆီးများက အလွန်အားကောင်းသည်။ အကယ်၍ တစ်စုံတစ်ယောက်မှာ အာဏာစက်မရှိလျှင် ဤတောင်ပေါ်သို့ ဘေးကင်းလုံခြုံစွာ တတ်ရန် အလွန်ခက်ခဲလိမ့်မည်။

“ အဲ့ဒီမှာ… အဲ့ဒီမှာ ”

“ သားလေး… မြန်မြန်… ငါ့ရတနာက တောင်ထိပ်ပေါ်မှာ ”

ကောင်လေးက စိတ်လှုပ်ရှားစွာ ပြောသည်။ ၎င်း၏ လေသံထဲမှာ အလျင်လိုမှုဖြင့် ပြည့်နှက်နေသည်။

ကောင်လေး၏ စကားပြောပုံကို ပြောင်းလဲပစ်ရန် အလွန်ခက်ခဲကြောင်း ရွှီချင်း သတိထားမိသည်။ မည်သို့ဖြစ်ပါစေ သူက ကျောက်စိမ်းပြားကို အကြိမ်တစ်ရာထက်မနည်း ချေမွဖျက်ဆီးပစ်ပြီးပြီ မဟုတ်ပါလော။ အများဆုံး ၎င်းက မိနစ်အနည်းငယ်မျှသာ သူ၏ စကားကို နားထောင်လိမ့်မည်။ ထို့နောက် ၎င်းက ပုံမှန်အမူအကျင့်အတိုင်း ပြန်ပြောင်းလဲသွားလိမ့်မည်။

သို့ဖြစ်၍ ရွှီချင်းက မျက်မှောင်သာ ကြုတ်လိုက်ပြီး တစ်ဖက်လူနှင့် ပြိုင်မငြင်းတော့ပေ။

ဤအခိုက်အတန့်မှာ သူက အရှေ့သို့ ဂရုတစိုက် ခြေတစ်လှမ်း လှမ်းလိုက်သည်။ သူက အကွာအဝေးကို ချက်ချင်း ဖြတ်ကျော်သွားပြီး တောင်ခြေမှာ ပြန်ပေါ်လာသည်။

“ ဟမ် ”

တောင်ခြေသို့ ရောက်ရှိသွားသည့်အခိုက် အနက်ရောင်အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။

အမှန်မှာ အစောနက သူ၏ ခြေလှမ်းက တောင်ခြေသို့ မရည်ရွယ်ပေ။ ယင်းအစား တောင်ထိပ်ဆီသို့ ဖြစ်သည်။ သို့သော်လည်း သဏ္ဍာန်မဲ့သော အင်အားတစ်ခုက သူ့ကို တားဆီးလိုက်သောကြောင့် သူက တောင်ခြေမှာသာ ပြန်ပေါ်လာခဲ့သည်။

“ ဒီတောင်က စိတ်ဝင်စားစရာပဲ ”

ရွှီချင်းက စိတ်ထဲမှာ တွေးတောလိုက်သည်။

ကောင်လေးက နှာခေါင်းရှုံ့လိုက်သည်။

“ ဒီတောင်က ငါ့ရဲ့ လျှို့ဝှက်နေရာပဲ… အတိတ်မှာ ငါချန်ထားခဲ့တဲ့ အတားအဆီးတွေက နှစ်ပေါင်းမြောက်များစွာကြာပြီးနောက် အားနည်းသွားပြီဆိုပေမဲ့ တောင်ထိပ်ကိုတော့ ခြေတစ်လှမ်းတည်းနဲ့ မင်းရောက်နိုင်မှာ မဟုတ်ဘူး ”

“ မြန်မြန် တတ်စမ်းပါကွာ… မင်းရဲ့ အချိန်လေဟာနယ်အာဏာစက်နဲ့ဆိုရင် တောင်ထိပ်ကို ခြေတစ်လှမ်းတည်းနဲ့ မရောက်နိုင်ရင်တောင် လမ်းတစ်လျှောက်မှာ ဘာအခက်အခဲမှ တွေ့ရမှာမဟုတ်ဘူး ”

ရွှီချင်းက ကောင်လေးကို လျစ်လျူရှုထားသည်။ တောင်ခြေတွင် အရင်ဆုံး သူက ဘေးပတ်ဝန်းကျင်ကို ဂရုတစိုက် အကဲခတ်ကြည့်လိုက်သည်။ ဤနေရာမှ အတားအဆီးအားလုံးကို သူ၏ အချိန်လေဟာနယ်အာဏာစက်ဖြင့် ထွင်းဖောက်မြင်သွားပြီးမှသာ သူက တောင်ပေါ်သို့ လျှောက်သွားသည်။

သူက တောင်ပေါ်သို့ ခြေချလိုက်သည်။

သူ၏ ခြေဖဝါးက ကျောက်တုံးဖြင့် ထိတွေ့သွားသည်နှင့်ချက်ချင်း လှိုင်းတစ်ခုက သူ၏ ခြေဖဝါးအောက်မှ ပျံ့နှံ့သွားသည်။ ထိုအခါ တောင်တစ်ခုလုံး တုန်ယင်သွားသည်။ အတားအဆီးများက မြှောက်တတ်လာကြသည့်အခါ ကောင်းကင်ဘုံမီးတောက်က ရွှီချင်းထံသို့ ဦးတည်သွားသည်။

သို့သော်လည်း မီးတောက်က ရွှီချင်းအပေါ်သို့ ကျရောက်လာသည့်အခါ ယင်းက သူ၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားသည်။ ဤသည်မှာ ရွှီချင်းက တကယ်မတည်ရှိသည့်အလားပင်။

ရွှီချင်းက ယင်းကို အာရုံခံပြီးနောက် အရှေ့သို့ ဆက်လျှောက်သွားသည်။

သူက တစ်လှမ်းချင်း လမ်းလျှောက်နေစဉ် တောင်က ပိုပြီးပြင်းထန်စွာ တုန်ခါလာသည်။ သို့သော်လည်း အဆင့်ကွာခြားမှုကြောင့် တောင်ပေါ်မှ အစီအရင်များက မည်မျှအားကောင်းပါစေ ရွှီချင်းအပေါ် သက်ရောက်မှုမရှိပေ။

သို့ဖြစ်၍ ရွှီချင်းက အရှိန်မြှင့်တင်လိုက်လေရာ သူ၏ ခြေလှမ်းများက မြန်သထက် ပိုမြန်လာသည်။

သူက အရှိန်မြှင့်တင်လိုက်သည်နှင့် တောင်က ပိုပြီးတုန်ယင်သွားပြီး မရေမတွက်နိုင်သော အားလှိုင်းဂယက်များက ပေါက်ကွဲထွက်လာကြသည်။ ယင်းတို့က လေမုန်တိုင်းများ၊ မီးတောက်ပင်လယ်များနှင့် ဟင်းလင်းပြင်ဓားများအဖြစ် ပြောင်းလဲသွားကြပြီး ရွှီချင်းကို တိုက်ခိုက်လိုက်ကြသည်။

ထို့ပြင် အချိန်၏ ဖရိုဖရဲစွမ်းအင်တချို့လည်း လိုက်ပါလာသည်။

ထိုအတားအဆီးများက တစ်ပြိုင်နက် စုပြုံကျရောက်လာကြသည်။

ရွှီချင်းက တည်ငြိမ်စွာ ရွေ့လျားနေသည်။ ဤသည်မှာ သူက ပန်းခြံထဲမှာ လမ်းလျှောက်နေသည့်အလားပင်။

ပြင်းထန်သော အားလှိုင်းဂယက်များ၏ ထွက်ပေါ်လာမှုက တောင်ထိပ်ဆီသို့ ရောက်ခါနီးနေသော ဝတ်စုံနက်အမျိုးသား၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။

အကြည့်တစ်ချက်ဖြင့် ဝတ်စုံနက်အမျိုးသား၏ အမူအရာက သိသိသာသာ ပျက်ယွင်းသွားသည်။

သူက ရွှီချင်းကို ရှင်းလင်းစွာ မမြင်နိုင်ပေ။ အတားအဆီးများမှ ထွက်ပေါ်လာသော ဖရိုဖရဲစွမ်းအင်အမျိုးမျိုးက တောင်အောက်တွင် ဆက်တိုက် ပေါက်ကွဲသွားနေကြောင်းကိုသာ သူမြင်နိုင်သည်။ သို့သော်လည်း ထိုမြင်ကွင်းက သူ့ကို မျက်မှောင်ကြုတ်သွားစေပြီး သူ၏ စိတ်ကို ပရမ်းပတာ တုန်လှုပ်သွားစေသည်။

သူ၏ နှလုံးသားထဲမှာ စိုးရိမ်ကြောက်လန့်မှုဖြင့် ပြည့်နှက်သွားသည်။

“ တစ်ယောက်ယောက်က ဒီနေရာကို ဝင်ရောက်လာပြီး အဲ့လောက်ကြီးမားတဲ့ ဆူပူအုံကြွမှုကို ဖြစ်ပေါ်စေတယ်လား… ”

“ ဘယ်ကြယ်ပွင့်လဲ ”

ဝတ်စုံနက်သက်လတ်ပိုင်းအမျိုးသား၏ အသက်ရှူသံက မြန်ဆန်လာသည်။ သူ၏ အာဏာစက်ဓမ္မရတနာမှတဆင့် အောက်ဘက်မှ ပေါက်ကွဲမှုထဲတွင် ကြောက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုက တောင်ထိပ်ပေါ်သို့ မြန်ဆန်စွာ ချဉ်းကပ်လာနေကြောင်း သူအာရုံခံနိုင်သည်။

သို့ဖြစ်၍ သူ့မှာ စဉ်းစားရန် အချိန်မရှိပေ။ ဝတ်စုံနက်သက်လတ်ပိုင်းအမျိုးသားက သူ၏ လက်ထဲမှ သံလိုက်အိမ်မြှောင်ကို ထိန်းချုပ်လိုက်သည်။

ထို့နောက် သူက မြေဝိညာဉ်ဘိုးဘေးနှင့် တခြားနှစ်ယောက်၏ ခန္ဓာကိုယ်ကို အတင်းအဓမ္မ ထိန်းချုပ်လိုက်ပြီး ကင်းထောက်ခြင်းကို အရှိန်မြှင့်တင်စေသည်။

ထို့ပြင် သူက အာဏာစက်ဓမ္မရတနာကို အသုံးပြု၍ အနက်ရောင်ချည်မျှင်တစ်မျှင်ကို ဖန်တီးလိုက်ပြီး ယင်းကို အောက်ဘက်မှ အတားအဆီးများပေါ်သို့ ပို့လွှတ်လိုက်သည်။

တစ်ချိန်တည်းမှာ မြေဝိညာဉ်ဘိုးဘေးနှင့် တခြားနှစ်ယောက်သည် တောင်အောက်မှ အတားအဆီးများ၏ အားလှိုင်းများကို အာရုံခံမိသွားကြသည်။ သို့သော်လည်း သူတို့မှာ အာဏာစက်ဓမ္မရတနာမရှိသောကြောင့် ထိုအားလှိုင်းများကြားထဲမှ ချဉ်းကပ်လာနေသော ပုံရိပ်ကို မမြင်နိုင်သလို မကြားနိုင်ကြပေ။

အမှန်မှာ ယင်းကို အာရုံခံနိုင်စရာ မလိုပေ။ ထိုမြင်ကွင်း၏ နောက်ကွယ်မှ အကြောင်းအရင်းကို သူတို့သုံးယောက်က ချက်ချင်း ခန့်မှန်းနိုင်ကြသည်။

“ တစ်ယောက်ယောက် ရောက်လာပြီ ”

“ တာအိုပညာရှင်ဖေးဇီရဲ့ အမူအရာနဲ့ လုပ်ဆောင်မှုကို ကြည့်ပြီး ပြောရရင် အဲ့ဒီလူက အရမ်းသန်မာတယ် ”

“ အသက်ရှင်နိုင်မယ့် အခွင့်အရေး ပေါ်လာပြီ ”

သူတို့သုံးယောက်က ဒဏ်ရာရရှိထားသော်လည်း စိတ်လှုပ်ရှားသွားကြသည်။ ထိုလူက မည်သူဖြစ်ပါစေ သို့မဟုတ် ရလဒ်က မည်သို့ဖြစ်ပါစေ ကိစ္စမရှိပေ။ အနည်းဆုံးတော့ မတော်တဆမှုတစ်ခုက ဖြစ်နိုင်ခြေအမျိုးမျိုးကို ဖြစ်ပေါ်စေနိုင်သည်။

သေမိန့်ကျခံထားရသော သူတို့အတွက်တော့ ထိုဖြစ်နိုင်ခြေက တစ်ခုတည်းသော‌ မျှော်လင့်ချက် ဖြစ်သည်။

မျှော်လင့်ချက်က သူတို့သုံးယောက်၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဝတ်စုံနက်သက်လတ်ပိုင်းအမျိုးသား၏ သံလိုက်အိမ်မြှောင်ထဲမှ အနက်ရောင်ချည်မျှင်က တောင်အောက်သို့ ပျံသန်းသွားသည်။ ချည်မျှင်က အလွန်မြန်ဆန်သော အလျင်နှင့်အတူ အတားအဆီးဧရိယာပေါ်သို့ ကျဆင်းသွားသည်။

ထိုအနက်ရောင်ချည်မျှင်က သူ၏ အာဏာစက်ဓမ္မရတနာထံမှ ဆင်းသက်လာခြင်း ဖြစ်သည်။

သို့ဖြစ်၍ ချည်မျှင်က သာမန်ဖြစ်ဟန်ရသော်လည်း ယင်းထဲမှာ ကိန်းအောင်းနေသော စွမ်းအားက အလွန်ကြောက်စရာကောင်းသည်။

အာဏာစက်ကို အာဏာစက်ကသာ ခုခံတွန်းလှန်နိုင်သည်။

သို့ဖြစ်၍ အာဏာစက်ဓမ္မရတနာ၏ အဆင့်က အလွန်အရေးကြီးသည်။

သို့သော်လည်း နောက်အခိုက်အတန့်မှာ ဝတ်စုံနက်သက်လတ်ပိုင်းအမျိုးသားကို ချောက်ချားသွားစေမည့် မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။

အက်ကွဲသံက ပရမ်းပတာဖြစ်‌နေသော အတားအဆီးဧရိယာ၏ ဘေးပတ်ဝန်းကျင်မှာ ရုတ်တရက် ပဲ့တင်ထပ်သွားသည်။

ထိုအသံ၏ ထွက်ပေါ်လာမှုက မြေဝိညာဉ်ဘိုးဘေးနှင့် တခြားလူနှစ်ယောက်ကို တုန်ယင်သွားစေသည်။ သူတို့၏ ဝိညာဉ်ကို ထိန်းချုပ်ထားသော ဝတ်စုံနက်သက်လတ်ပိုင်းအမျိုးသား၏ နည်းလမ်းမှာ ပြစ်ချက်တစ်ခု ထွက်ပေါ်လာသည်။ သူတို့သုံးယောက်က ထိုအခွင့်အရေးကို အသုံးချ၍ အချုပ်အနှောင်မှ ချက်ချင်း ရုန်းထွက်လိုက်ကြသည်။

တန်ပြန်ဆိုးကျိုးကြောင့် ဝတ်စုံနက်သက်လတ်ပိုင်းအမျိုးသားက သွေးတစ်ပွက် အန်လိုက်ရသည်။ သူ၏ အမူအရာမှာ ချောက်ချားမှုဖြင့် ပြည့်နှက်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုက ဤနေရာသို့ မြန်ဆန်စွာ ချဉ်းကပ်လာနေကြောင်း သူအာရုံခံမိသည်။

သူ့မှာ တခြားရွေးချယ်စရာမရှိပေ။

သူက အညံ့ခံရန် ရွေးချယ်နိုင်သည်။ သို့သော်လည်း ထိုသို့ သူလုပ်လိုက်မည်ဆိုလျှင် အသက်ရှင်နိုင်လိမ့်မည် မဟုတ်ချေ။ သူက ဤခရီးအတွက် နှစ်ပေါင်းများစွာကြာအောင် ပြင်ဆင်ထားခဲ့လေရာ လက်မလျော့ချင်ပေ။

သို့ဖြစ်၍ သူကြိုးစားကြည့်သင့်သည်။

ရူးသွပ်မှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ကင်းထောက်သုံးယောက်၏ လွတ်မြောက်မှုကို သူက အရေးမစိုက်နိုင်တော့ပေ။ သူက ရုတ်တရက် အနောက်လှည့်လိုက်ပြီး ခွန်အားအကုန်သုံး၍ တောင်ထိပ်ပေါ်သို့ ပြေးသွားသည်။

“ ဒုတိယမြောက် အာဏာစက်ဓမ္မရတနာကို ထိန်းချုပ်ခြင်းက ငါ့အတွက် တစ်ခုတည်းသော မျှော်လင့်ချက်ပဲ ”

“ အာဏာစက်ဓမ္မရတနာနှစ်ခုနဲ့ဆိုရင် တကယ်လို့ ကြယ်ပွင့်တွေနဲ့ ငါရင်ဆိုင်ရမယ်ဆိုရင်တောင် လွတ်မြောက်ဖို့ အခွင့်အရေး ရှိသေးတယ် ”

ထိုသို့တွေးမိသောအခါ သူ၏ အလျင်က အလွန်မြန်ဆန်သွားသည်။ သူက တောင်ထိပ်ဆီသို့ ချဉ်းကပ်သွားနေစဉ် သူ၏ အနောက်မှာ ကြွင်းကျန်ပုံရိပ်များ ကျန်နေခဲ့သည်။

သို့သော်လည်း အချိန်လေဟာနယ်နှင့်တကွ ရွေ့လျားနေသော ရွှီချင်းက သူ့ထက် ပိုမြန်သည်။

သို့ဖြစ်၍ တောင်ပေါ်မှ အတားအဆီးများက ဆက်တိုက် ပေါ်ထွက်လာနေစဉ် ရွှီချင်း၏ ပုံရိပ်က မရေမတွက်နိုင်သော အတားအဆီးများကို တိုက်ရိုက် ဖြတ်ကျော်သွားသည်။

ယင်းတို့က ဗလာနတ္ထိထဲမှာ ပေါက်ကွဲသွားကြသည်။

သူက မြေဝိညာဉ်ဘိုးဘေးနှင့် တခြားနှစ်ယောက်ကို ဖြတ်ကျော်သွားပြီးနောက် ဝတ်စုံနက်သက်လတ်ပိုင်းအမျိုးသား၏ အရှေ့မှာ ထွက်ပေါ်လာသည်။

သူက ခြေတစ်လှမ်းဖြင့် တောင်ထိပ်ပေါ်သို့ ရောက်ရှိသွားသည်။

ထိုမြင်ကွင်းကို တခြားလူများက မမြင်နိုင်ကြချေ။

အာဏာစက်ဓမ္မရတနာကို ပိုင်ဆိုင်ထားသော ဝတ်စုံနက်သက်လတ်ပိုင်းအမျိုးသားသည်သာ သူ့ကို မြင်နိုင်သည်။

ဝတ်စုံနက်သက်လတ်ပိုင်းအမျိုးသား၏ အသက်ရှူသံက မြန်ဆန်လာပြီး သူ၏ မျက်လုံးက ချက်ချင်း သွေးရောင်လွှမ်းသွားသည်။ နှစ်ပေါင်းများစွာကြာအောင် ဒုက္ခမျိုးစုံခံ၍ ပြင်ဆင်ထားခဲ့သော ဤပန်းတိုင်က ရောက်ခါနီး လက်တစ်ကမ်းအလိုမှာ တခြားလူ၏ လုယက်ခံလိုက်ရသည်။ ထိုခံစားမှုက သူ့အား အကြီးအကျယ် စိတ်ဓာတ်ကျစေသည်။ သူက အရာအားလုံးကို စတေးရန်ပင် စိတ်ဆုံးဖြတ်ထားသည်။

သို့ဖြစ်၍ သူက လက်တစ်ဖက်၌ သံလိုက်အိမ်မြှောင်ကို ကိုင်ထားစဉ် အခြားလက်တစ်ဖက်ဖြင့် ချိပ်တံဆိပ်လက်သင်္ကေတများကို ဖွဲ့စည်းလိုက်ကာ ရွှီချင်းထံသို့ လက်ညှိုးညွှန်လိုက်သည်။

ချက်ချင်းဆိုသလို အနက်ရောင်ချည်မျှင်ငါးမျှင်က သံလိုက်အိမ်မြှောင်ထဲမှ ထွက်ပေါ်လာကြသည်။ ချည်မျှင်တစ်မျှင်စီက လက်တစ်ချောင်းအရွယ်ခန့် ထူထဲကြသည်။ ယင်းတို့က ထွက်ပေါ်လာသည်နှင့်ချက်ချင်း အနက်ရောင်မြွေများအလား ပျံသန်းသွားကြသည်။

ယင်းတို့၏ ရွေ့လျားမှုက ဘေးပတ်ဝန်းကျင်ကို ပုံပျက်တွန့်လိမ်စေသည်။ ယင်းတို့က ဤလောကမှမဟုတ်ဘဲ တခြားလောကမှ ဆင်းသက်လာကြသည်ဟူသော ခံစားမှုကို ပေးသည်။ ထို့နောက် ယင်းတို့က ရွှီချင်းထံသို့ တန်းမတ်စွာ ပျံသန်းသွားကြသည်။

ရွှီချင်းက ခေါင်းလှည့်လိုက်ပြီး အေးစက်စွာ စိုက်ကြည့်လိုက်သည်။

အချိန်လေဟာနယ်အာဏာစက်က ပေါ်လျှိုးလာသည်။

အချိန်က ပရမ်းပတာဖြစ်သွားပြီး အနက်ရောင်ချည်မျှင်ငါးမျှင်ကို ခွဲခြားလိုက်သည်။

လေဟာနယ်သည်လည်း တွန့်လိမ်သွားပြီး ယင်းတို့ကို အကျဉ်းချလိုက်သည်။

အကယ်၍ သံလိုက်အိမ်မြှောင်မှ ထွက်ပေါ်လာသော အနက်ရောင်ချည်မျှင်ငါးမျှင်ကို စမ်းချောင်းဟု သဘောထားမည်ဆိုလျှင် ဤအခိုက်အတန့်မှာ ယင်းတို့ကို တားဆီးထားသော အချိန်လေဟာနယ်အာဏာစက်က မြစ်ကြီးတစ်စင်း ဖြစ်သည်။

မြစ်၏ အင်အားကို စမ်းချောင်းက မည်သို့ခုခံနိုင်မည်နည်း။

သို့ဖြစ်၍ မကြာမီ အချိန်လေဟာနယ်၏ ကျယ်ပြောသော စွမ်းအားအောက်မှာ စမ်းချောင်းက ဝါးမျိုခံလိုက်ရသည်။

အနက်ရောင်ချည်မျှင်ငါးမျှင်က မည်သည့်သဲလွန်စမှ မကျန်ဘဲ ပျောက်ကွယ်သွားကြသည်။

အက်ကွဲကြောင်းတစ်ခုက သံလိုက်အိမ်မြှောင်ပေါ်မှာ ထွက်ပေါ်လာသည်။

ဝတ်စုံနက်သက်လတ်ပိုင်းအမျိုးသား၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်သွားပြီး သွေးက သူ၏ ဒွါရခုနစ်ပေါက်မှ ယိုစီးကျလာသည်။ သူက အနောက်သို့ ဒယိမ်းဒယိုင် ဆုတ်သွားသည်။

သူက နောက်တစ်ကြိမ် တိုက်ခိုက်တော့မည့်ဟန် ရ၏။ သို့သော်လည်း နောက်အခိုက်အတန့်မှာ အနက်ရောင်အလင်းတန်းတစ်ခုက သံလိုက်အိမ်မြှောင်ထဲမှ ရုတ်တရက် ထွက်ပေါ်လာပြီး ဧရာမလူ့မျက်နှာတစ်ခုကို ဖွဲ့စည်းသွားသည်။ ၎င်းက ရွှီချင်းကို စူးစိုက်ကြည့်လိုက်ပြီးနောက် ရုတ်တရက် ခေါင်းလှည့်လိုက်ပြီး ဝတ်စုံနက်သက်လတ်ပိုင်းအမျိုးသားကို တစ်လုပ်တည်းဖြင့် ဝါးမျိုလိုက်သည်။

ထိုအခါ သွေးပျက်ဖွယ်ကောင်းသော အော်ဟစ်ညည်းညူသံများက အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပျံ့လွင့်သွားသည်။

ဝတ်စုံနက်သက်လတ်ပိုင်းအမျိုးသားကို ဝါးမျိုပြီးနောက် အနက်ရောင်မျက်နှာက ပျောက်ကွယ်သွားသည်။

တစ်ချိန်တည်းမှာ သံလိုက်အိမ်မြှောင်၏ မျက်နှာပြင်ပေါ်မှ အက်ကွဲကြောင်းက ချက်ချင်း ပြန်ကောင်းမွန်သွားသည်။ ထို့နောက် ယင်းက မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး လှုပ်ရှားမှုကင်းမဲ့သွားသည်။

စာကြောင်းတစ်ကြောင်းသည်သာ ဟင်းလင်းပြင်ထဲမှ ပျံ့လွင့်လာပြီး ရွှီချင်း၏ အချိန်လေဟာနယ်ထဲမှာ ပဲ့တင်ထပ်သွားသည်။

“ ဒီသံလိုက်အိမ်မြှောင်ကို စတုတ္ထအလွှာဆီ ယူလာခဲ့ပါ… အဲ့ဒါကို ငါကိုယ်တိုင် လာပြန်ယူမယ် ”

ထိုစကားထဲမှာ ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခု ကိန်းအောင်းနေသည့်အလား ယင်းကို အပြင်လူများက မကြားနိုင်ပေ။ သို့သော်လည်း ရွှီချင်း၏ စိတ်ထဲမှာတော့ ယင်းက ခေါင်းလောင်းမြည်သံပမာ မြည်ဟိန်းသွားသည်။

သူ၏ ပုံရိပ်က အချိန်လေဟာနယ်အာဏာစက်ထဲမှ ထွက်ပေါ်လာသည်။ သူက ခေါင်းမော့လိုက်ပြီး တောင်ထိပ်ကို ကြည့်လိုက်သည်။ ထို့နောက် သူက ကောင်းကင်ကို မော့ကြည့်လိုက်သည်။

တစ်ချိန်တည်းမှာ ရွှီချင်း၏ ပုံရိပ်က အပြင်မှာ ပြန်ထွက်ပေါ်လာသည်နှင့် စိတ်လှုပ်ရှားသော အသံက အောက်ဘက်မှ ထွက်ပေါ်လာသည်။

“ အရှင်သခင် ”

မြေဝိညာဉ်ဘိုးဘေးက ရွှီချင်းကို မှတ်မိသွားပြီးနောက် အလွန်စိတ်လှုပ်ရှားသွားသည်။

ယင်းကို ရွှီချင်းကြားသောအခါ သူက ကောင်းကင်ထံမှ အကြည့်ပြန်ရုပ်လိုက်ပြီး မြေဝိညာဉ်ဘိုးဘေးကို ကြည့်လိုက်သည်။ ထို့နောက် သူက လက်မြှောက်လိုက်ပြီး သိမ်မွေ့ညင်သာသော အင်အားကို မြေဝိညာဉ်ဘိုးဘေးထံသို့ ပို့လွှတ်လိုက်သည်။

ထို့နောက် သူက ခေါင်းလှည့်လိုက်ပြီး တောင်ထိပ်ကို ကြည့်လိုက်သည်။ တောင်ထိပ်ပေါ်မှ ရေကန်ထဲ၌ စက္ကူလှေတစ်စင်းကို သူမြင်သွားသည်။

ထိုစက္ကူလှေက အဖြူရောင်ဖြစ်ပြီး ရေကန်ထဲမှာ တိတ်တဆိတ် မျောလွင့်နေသည်။

“ အဲ့ဒါကို ငါဘယ်လို ယူရမလဲ ”

ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။

“ ဟဲ ဟဲ… မင်းက အရမ်းသတိကြီးတာပဲ… မင်းက အဲ့ဒါကို လက်နှစ်ဖက်နဲ့ ချက်ချင်း ဆယ်ယူလိမ့်မယ်လို့ ငါထင်ထားတာ ”

ကောင်လေးက ချောင်းဟန့်လိုက်သည်။ နောက်အခိုက်အတန့်မှာ ကျောက်စိမ်းပြားက လေထဲမှာ လွင့်မျောသွားပြီး ပျောက်ကွယ်သွားသည်။ ယင်းက ပြန်ပေါ်လာသည့်အခါ စက္ကူလှေပေါ်သို့ ရောက်ရှိသွားသည်။

ထို့နောက် ကျောက်စိမ်းပြားက လင်းလက်သွားသည်။

စက္ကူလှေက အနည်းငယ် တုန်ယင်သွားပြီး သာမန်မျက်စိဖြင့် မြင်နိုင်သော အလျင်နှင့်အတူ ဝေဝါးသွားသည်။ နောက်ဆုံးမှာတော့ စက္ကူလှေက မျဉ်းကြောင်းများအဖြစ် ပြောင်းလဲသွားပြီး ကျောက်စိမ်းပြားထဲသို့ ပေါင်းစပ်သွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာ ကျောက်စိမ်းပြားက ပြန်ရောက်လာပြီး ရွှီချင်း၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။ ကျောက်စိမ်းပြားထဲမှ ကောင်လေးက စိတ်ကျေနပ်သော အသံဖြင့် ပြောသည်။

“ မဆိုးဘူး… မဆိုးဘူး… ဒီလောက်နှစ်တွေ ကြာသွားတာတောင် ဒီအရုပ်က မပျက်စီးသေးဘူး… အဲ့ဒါကို အသုံးပြုလို့ ရသေးတယ် ”

“ အခု မင်းလိုချင်တဲ့ ပစ္စည်းကို ရသွားပြီဆိုတော့ စတုတ္ထအလွှာမှာ သရုပ်တစ်ခုရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ငါ့ကို ပြောပြပါ ”

ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။

ဤစက္ကူလှေက သာမန်အာဏာစက်ဓမ္မရတနာတစ်ခု မဟုတ်သော်လည်း ရွှီချင်းက လောဘမကြီးပေ။ ရွှီချင်းအတွက်တော့ အချိန်လေဟာနယ်အာဏာစက်က သူ၏ တာအိုဖြစ်သည်။

ယင်းကို ကောင်လေးကြားသောအခါ သူက ချောင်းဟန့်လိုက်ပြီး ကျောက်စိမ်းပြားပေါ်တွင် ပုံရိပ်တစ်ခုအဖြစ် ဖွဲ့စည်းလိုက်သည်။ ပုံရိပ်က လက်နှစ်ဖက်ဖြင့် ခါးထောက်လိုက်ပြီး အထင်သေးရှုံ့ချစွာ ပြောသည်။

“ မင်းကို စတွေ့ကတည်းက ငါပြောခဲ့တယ် မဟုတ်ဘူးလား ”

“ မင်းရဲ့ သရုပ်က ငါ့သားပါဆို ”

All Chapters