← Chapters

ကောင်းကင်ဝိဉာည်သွေးကြာပန်း

Vol. 55 Ch. 762

ကောင်းကင်ဝိဉာည်သွေးကြာပန်း

Vol. 55 Ch. 762

ဤကဲ့သို့ထူးခြားသောအခြေအနေသည် ဝမ်ဖုန်းတို့ကိုစိတ်သက်သာရာရသွားစေရုံသာမက ပို၍လည်း လေးနက်တည်ကြည်လာစေခဲ့သည်။

ပထမအလွှာပင်ဖြစ်စေ၊ဒုတိယအလွှာပင်ဖြစ်စေ အင်မတန်အန္တရာယ်ကြီးမားခဲ့သည်။သာမာန်ပါရမီရှင်တစ်ယောက်က တားဆီးနိုင်မှာမဟုတ်ပါ။

ယခုငြိမ်သက်နေရသည့် အတွက် တစ်ခုတည်းသောဖြေရှင်းချက်မှာပိုမိုကြီးမားသော အန္တရာယ်များရောက်ရှိလာရန်ပြင်ဆင်နေခြင်းကြောင့် ဖြစ်နိုင်သည်။

ဘယ်အန္တရာယ်ကိုမှ မကြုံတွေ့ခဲ့ရတာကြောင့် ဝမ်ဖုန်းတို့အုပ်စုက ပို၍လျှင်မြန်စွာလမ်းလျှောက်သွားခဲ့ကြသည်။သူတို့ဟာသွေးမျှော်စင်၏တတိယအလွှာ အနက်ဆုံးအပိုင်းအထိ တစ်ဆက်ထဲလျှောက်လှမ်းလာခဲ့သည်။အဆုံးအစမဲ့သောကျောက်စိမ်းလှေကားထစ်များကိုစိုက်ကြည့်လိုက်ပြီးနောက် ဝမ်ဖုန်းတို့က တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်ခဲ့ကြသည်။ယင်းနောက် တုန့်ဆိုင်းနေခြင်းမရှိခဲ့ပဲ သွေးမျှော်စင်၏ စတုတ္ထအလွှာဆီကို လှေကားထစ်များ တစ်လျှောက်  တက်လှမ်းသွားခဲ့သည်။

ပထမဆုံးအကြိမ်အဖြင့် ဝမ်ဖုန်းတို့နဲ့အတူ သွေးမျှော်စင်သို့လိုက်ပါလာခဲ့သော ကုချိုးသည် သက်ပြင်းချလိုက်မီသည်။သူဟာ ကောင်းကင်နတ်ဆီုးခေါင်းလောင်းကိုရရှိခဲ့ပြီး‌နောက်စွမ်းအားထုတ်ဖော်ပြသရန် အခွင့်အရေးရှာနေခဲ့သည်။ဒါပေမယ့် သူမှာအခွင့်အရေးမရှိပါလားကွာ။

သူသည် ဧကရာဇ်ဘိုးဘေးအထွတ်အထိပ်မျှသာ ရှိသော်လည်း သူ၏တိုက်ပွဲဝင်စွမ်းအားသည် ကောင်းကင်ဘုံအဆင့်စွမ်းအားရှင်များဖြင့်‌ေတာင်ရင်ဆိုင်တိုက်ခိုက်နိုင်သည်။ဒါအပြင် ကောင်းကင်နတ်ဆီုးခေါင်းလောင်းနဲ့ကြုံတွေ့ရသည်အခါ လူအနည်းစုကသာ ရှင်သန်နိုင်ပါလိမ့်မည်။ကုချိုး၏ ခွန်အားဖြင့်တောင် လက်ရှိကောင်းကင်နတ်ဆိုးခေါင်းလောင်းကို အသုံးပြုလိုက်လျှင် သန်မာသောစွမ်းအားရှင်များကို သတ်ဖြတ်ရန် လုံလောက်နေခဲ့သည်။

သွေးမျှော်စင်၏စတုတ္ထအလွှာပေါ်တွင်အဆုံးအစမဲ့သောတောင်တန်းများ ရှိနေခဲ့သည်။၎င်းတို့က နဂါးကြီးလှဲလျှောင်းနေသကဲ့သို ငြိမ်သက်စွာတည်ရှိကာ ခမ်းနားကြီးကျယ်လွန်းလှသည်။ထူးဆန်းသည့်အရာမှာ တောင်တန်းများပေါ်ရှိ ရှေ့ဟောင်းသစ်ပင်ကြီးများသည် သွေးကဲ့သို့ ဆွေးဆွေးနီ‌ေနခဲ့သည်။ပြင်းထန်သောတိုက်ပွဲကြီးတစ်ခုနဲ့ ကြုံတွေ့ခဲ့ရသည့်အလား ဖြစ်နေခဲ့သည်။

ဝမ်ဖုန်းနှင့်အခြားသူများသည် နတ်ဆိုးဘိုးဘေးဘုရားကျောင်အတွင်း၌ အချိန်ကြာမြင့်စွာ  နေထိုင်ခဲ့ပြီး၊ တတိယအလွှာသို့ရောက်ရှိသွားခဲ့စဉ်က ဘယ်အန္တရာယ်ကိုမှ မကြုံတွေ့ခဲ့ရသော်လည်း၊ သတိကို အနည်းငယ်တောင် မလျှော့ချရဲပါ၊ယွဲ့ယွင်းပြောပြသော စကားမှတစ်ဆင့် ပဉ္စမအလွှာအထိ ရောက်ရှိနိုင်သော ပါရမီရှင်များက သိပ်ကိုရှားပါးသည် ဟုဆိုသည်။

ဟေးရွှမ်ကောင်းကင်နန်း‌ေတာ်၏ ပါရမီရှင်ဖြစ်သောချန်းယောင်သည် သွေးမျှော်စင်စတုတ္ထအလွှာအတွင်း၌ လှည့်လည်သွားလာနေခဲ့သည်။

ဟေးရွှမ်ကောင်းကင်နန်းတော်၏ ဂုဏ်ယူရသောသခင်လေးတစ်ယောက်ဖြစ်သည့်နှင့်အညီ ချန်းယောင်၏စွမ်းရည်က သာမာန်မဟုတ်ပါ။သူ၏ကျင့်ကြံမူက ကောင်းကင်ဘုံ ဧကရာဇ်အထွတ်အထိပ်သို့ရောက်ရှိနေခဲ့သည်။သူဟာသွေးနီရောင်ဧကရာဇ်အဆင့်သို့ရောက်ရှိရန် ခြေလှမ်းတစ်ဝက်သာကွာခြားပါတော့သည်။

ဤကဲ့သို့ပါရမီရှင်ဖြစ်သောချန်းယောင်၏နောက်တွင် သဘာဝကျစွာဖြင့်နောက်လိုက်နောက်ပါများလည်းရှိနေခဲ့သည်။ဤအခိုက်အတန့်တွင် ချန်းယောင်နဲ့သူ၏အဖွဲ့သည် တောင်ကြားလေးတစ်ခုအတွင်းသို့ရောက်ရှိနေခဲ့သည်။သူတို့ဟာ တောင်ကြားလေးအတွင်းသို့ ဆွေးဆွေးနေသောမျက်ဝန်းများဖြင့် စိုက်ကြည့်‌ေနခဲ့ကာ ကိုယ်ခန္ဓာမှ ခမ်းနားသောအရှိန်အဝါတို့ ပျံ့လွင့်ထွက်‌ေပါ်နေခဲ့သည်။

တောင်ကြားလေး၏ အလယ်ဗဟိုတွင် သွေးနီရောင်ကြာပန်းလေးတစ်ခု တောက်ပစွာ ပွင့်ဖူးနေခဲ့သည်။ကြာပန်း၏ ပုံရိပ်ဟာသိပ်ကို ခန်းနားကြီးကျယ်ပြီ ပွင့်ဖက်များပေါ်တွင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏နိယာမများကို ထိုးထွင်းထားခဲ့သည်။အကြည့်တစ်ချက်ဖြင့်ပင် လူအများကိုဆန်းကြယ်ကြောင်း အသိအမှတ်ပြုစေခဲ့သည်။

သွေးမြူထုများသည် သွေး‌ေရာင်ကြာပန်းလေးထံမှ ပျံ့လွှင့်ထွက်ပေါ်ပြီးလျှင် တောင်ကြားတစ်ခုလုံးတွင် သွေးရနံ့ထုံသင်း နေခဲ့သည်။

သွေးရောင်ကြာပန်း၏ပတ်လည်တွင် များပြားသောအရိုးစုများကလည်းရှိနေခဲ့သည်။သို့ဖြစ်ရာ ကြာပန်းကလေးသည်ပို့၍လျှို့ဝှက်ဆန်းကြယ်ကာ ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။ကြား‌ပန်းလေးသည်အရိုးစုများ၏ အလယ်၌ တောက်ပစွာ ပွင့်ဖူးနေခဲ့သည်။

မရေမတွက်နိုင်သောအရိုးများအပြင် ကြာပန်းလေး၏ အ‌ေရှ့ဘက်တွင် ကြီးမားသောပုံရိပ်ကြီးတစ်ခုက တင်ပျဥ်ချိတ်၍ ထိုင်နေခဲ့သည်။မယှဉ်သာနိုင်လောက်သော ခမ်းနားသည့် အရှိန်အဝါကြီးသည်  ၎င်းပုံရိပ်ကြီးထံမှ ပျံ့လွင့်ထွက်ပေါ်လာခဲ့သည်။လေဟာပြင်ကတောင် ထိုပုံရိပ်၏ စွမ်းအင်ကိုတောင့်မခံနိုင်သည်ဖြစ်ရာ ခါရမ်းတုန်လှုပ်နေခဲ့သည်။

ကြီးမားသောမကောင်းဆိုးရွား၏ ခန္ဓာကိုယ်တစ်ခုလုံးသည် သွေးကဲ့သို့ ဆွေးဆွေးနီနေခဲ့သည်။သူ၏ ခန္ဓာကိုယ်ပေါ်ရှိအကြေးခွံများဟာ လူတစ်ယောက်၏ လက်ဖဝါးထက်တောင်ပို၍ ကြီးမားနေခဲ့သည်။အကြေးခွံပေါ်တွင်ဆန်းကြယ်သော သ‌င်္ကေတတို့ ရှိနေခဲ့သည်။သူ၏ ဦးခေါင်းက နဂါးတစ်ကောင်၏ဦးခေါင်းနှင့် တူကာ ကြီးမားသည့် ဦးချိုကြီးတစ်ခုလည်းရှိနေခဲ့သည်။၎င်းဦးချိုကြီးထံမှ တောက်ပသော အလင်းတန်းများ ဖြာထွက်နေခဲ့သည်။

ကြီးမားသော မကောင်းဆီုးဝါးကြီးသည် သွေးနီရောင်မျက်ဝန်းများကိုတစ်ပြိုင်နက်တည်း ဖွင့်လစ်လာခဲ့ကာ ချန်းယောင်တို့အဖွဲ့ကို စူးစိုက်ကြည့်နေခဲ့သည်။သူ့ကိုယ်ခန္ဓာမှ အသက်ရှူရပ်တန့်လောက်သောစွမ်းအင်တို့ကို ဖော်ထုတ်နေခဲ့သည်။

“လူတိူင်းပဲ၊ မင်းတို့သာ ကျုပ် ချန်းယောင်ကို ဒီဦးချိုတစ်ချောင်းပါတဲ့ မကောင်းဆီုးဝါးကို သတ်ဖြတ်ဖို့ကူညီပေးပြီး သွေးရောင်ကြာပန်းကိုရရှိစေမယ်ဆိုရင် ကျုပ်ချန်းယောင်က အခုချိန်ကစပြီး ရှာဖွေတွေရှိမယ့် ရတနာပစ္စည်းတိုင်းကို ညီတူညီမျှခွဲဝေပေးမယ်လို့ ကတိပြုတယ်”

“ဒါ့အပြင် ကျုပ် ချန်းယောင်သာ ကံကောင်းထောက်မလို့ ထာဝရညည်ဦးယံမြို့ရဲ့ မြို့အရှင်ဖြစ်လာခဲ့ရင် မင်းတို့အားလုံးကလည်းထာဝရညည်ဦးယံမြို့ရဲ့ အဆင့်မြင့်အရာရှိတွေ ဖြစ်လာစေရမယ်”

ချန်းယောင်က ပတ်လည်‌တွင်ရှိသောပါရမီရှင် ဒါဇင်ကျော်ကိုစူးစိုက်ကြည့်ကာ ကျယ်လောင်သောအသံဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။သူ၏ အရှိန်အဟုန်သည်  တောင်ကြားအတွင်း ပျံ့လွှင့်သွားခဲ့သည်။

“ကောင်းကင်ဝိဉာဥ်သွေးကြာပန်းလား”

သို့သော်လည်း ချန်းယောင်မသိခဲ့သည့် ဖြစ်ရပ်တစ်ခုရှိနေသေးသည်။တောင်ကြားလေးနှင့် မီတာရာဂဏာန်းအနည်းငယ်ကွာ‌ ဝေးသည့်နေရာတွင် ဝမ်ဖုန်းတို့အဖွဲ့က ကြီးမာသောကျောက်ဆောင်ကြီး၏ အနောက်တွင် ပုန်းကွယ်နေကာ ချန်းယောင်နှင့်အဖွဲ့ကို စူးစိုက်ကြည့်နေခဲ့သည်။ချန်းယောင်က ပါရမီရှင်များကို သိမ်းသွင်းပြောဆိုခဲ့သောစကားကို ဝမ်ဖုန်းကလည်းကြားသိခဲ့ရသည်။

ဝမ်ဖုန်း၏ မျက်ဝန်းအတွင်း၌အလင်းတန်းတစ်ခုတောက်ပသွားခဲ့ကာ တိုးဖွစွာရေရွတ်ပြောဆိုခဲ့သည်။သူဟာ ဤကနေ့အချိန်အထိ ကောင်းကင်ဝိဥာဥ်သွေးကြာပန်းအကြောင်းကို မကြားဖူးခဲ့ပါ။သို့သော်လည်း ချန်းယောင်လို ပါရမီရှင်တစ်ယောက်ကတောင် တန်ဖိုးထားနေရသည် ဖြစ်ရာ တန်ဖိုးကြီးသော ရတနာပစ္စည်းတစ်ခုဖြစ်ပေ လိမ့်မည်။

“ဒါက ကောင်းကင်ဝိဉာဥ်သွေးကြာပန်း ပေါ်ပေါက်လာတာလား”

ရွှမ်းယွမ်၏ မျက်လုံး သူငယ်အိမ်များသည်တုန်လှုပ်သွားခဲ့ကာ အသံတိုးတိုးဖြင့် ရေရွှတ်ပြောဆိုခဲ့သည်။

သူ၏ စကားများကိုကြားခဲ့ရသည့်အခါ ဝမ်ဖုန်းတို့သည် ရွှမ်းယွမ်ထံသို့လှမ်း၍ကြည့်ရှူခဲ့သည်။ဝမ်ဖုန်းသည် ရွှမ်းယွမ်လို ပါရမီရှင်တစ်ယောက်ကို  ရှန်ရှန့်ကျုံဂိုဏ်းအတွင်း သွတ်သွင်းနိုင်ခဲ့သည့်အတွက် သိပ်ကိုမှ ကျေးဇူးတင်နေမိသည်။

ထိုသူဟာ သာမာန်မဟုတ်သောနောက်ခံကို ပိုင်ဆိုင်ထားရုံသာမက ဧကရာဇ်ဘုံလောကကြီးအတွင်းရှိ ထိတ်တန်းပါရမီရှင်များအကြား၌လည်း မြင့်မြတ်သောပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ဒါအပြင် သူသိရှိထားသောလျှို့ဝှက်ချက်များသည် သာမာန်ပါရမီရှင်များ ရင်ဆိုင်နိုင်သောအရာမဟုတ်ပါ။

“ကောင်းကင်ဝိဉာဥ်သွေးကြာပန်းဆိုတာဘာလဲ”

ဝမ်ဖုန်း၏မျက်ဝန်းများပင်တောက်ပသွားခဲ့ကာ နက်ရှိုင်းသောအသံဖြင့် မေးမြန်းလိုက်သည်။

“ကောင်းကင်ဝိဉာဥ်သွေးကြာပန်းက ထိပ်တန်းအဆင့်ဧကရာဇ်ရတနာပစ္စည်း ပါ”

“အဲ့ဒါက ကျင့်ကြံသူတွေရဲ့ စိတ်ဝိဉာဥ်ခွန်အားကို တိုးမြင့်ပေးနိုင်စွမ်းရှိပါတယ်”

“သွေးကြာပန်းတစ်ပွင့်ချင်းဆီတိုင်းက သိပ်ကိုအဖိုးတန်တယ်။ လောကကြီးထဲမှာထွက်ပေါ်လာခဲ့ရင် ဖုံးကွယ်နေတဲ့ပါရမီရှင်တွေနဲ့ အင်အားစုကြီးတွေကတောင်လိုက်လံလုယူကြလိမ့်မယ်။အချို့သူတွေအတွက်တော့ ဒီသွေးကြာပန်းက မြင့်မြတ်တဲ့မှော်ဝင်ရတနာတွေထက်တောင် ပိုပြီး တန်ဖိုးရှိပါတယ်”

ရွှမ်းယွမ်၏စကားကိုကြားတော့ ဝမ်ဖုန်းတို့အားလုံးက ထိတ်လန့်သွားခဲ့သည်။သွေးကြာပန်းက သာမာန်ရတနာပစ္စည်းမျှသာဖြစ်လိမ့်မည်ဟု သူထင်ထားခဲ့သော်လည်း ဤမျှအထိအဖိုးထိုက်တန်လိမ့်မည်ဟု တွေးမထားခဲ့ပါ။

တစ်စုံတစ်ယောက်၏စိတ်ဝိဉာည်ခွန်းအားကို တိုးမြင့်စေနိုင်သောထိတ်တန်းအဆင့်ရတနာပစ္စည်းသည် ဧကန်စင်စစ်ပင် မြင့်မြတ်သော မှော်ရတနာများထက်ကို အဖိုးထိုက်တန်ပါသည်။

မှော်ရတနာများတွင် မခန့်မှန်းနိုင်သောစွမ်းအားရှိသော်လည်း ဤသွေးကြာပန်း၏စွမ်းဆောင်ရည်ကတော့ တမူထူးခြားနေသည်။၎င်းက စိတ်ဝိဉာဥ်ခွန်းအားကို တိုးမြင့်နိုင်စွမ်းရှိသည်ဖြစ်ရာ လူတစ်ယောက်၏အလားအလာကို လည်းတိုးမြင့်ပေးနိုင်ကာ ဧကရာဇ်အဆင့်စွမ်းအားရှင်များကို ဟုန်မာန်နတ်ဘုရားနယ်ပယ်သို့ အခြေချနိုင်ရန် အခွင့်အရေးရရှိစေသည်။

ဧကရာဇ်အဆင့်စွမ်းအားရှင်များမှ နတ်ဘုရားနယ်ပယ်စွမ်းအားရှင်များအဖြစ် ရောက်ရှိမှာကိုတားဆီးနေသည့် အဓိကအတားအဆီးကြီးများအနက်တစ်ခုမှ တစ်ခုသည် စိတ်ဝိဉာဥ်ကို မြင့်မြတ်သောဝိဉာဥ်အဖြစ် ပြောင်းလဲရခြင်း ဖြစ်သည်။၎င်းပြောင်းလဲမှု ဖြစ်စဉ်တွင်  များစွာသော နိယာမတို့ပါဝင်နေခဲ့သည်။

ဤသွေးကြာပန်းသည်မြင့်မြတ်သောဝိဉာဥ်ပြောင်းလဲသည့်ဖြစ်စဉ်တွင် ကြီးမားစွာ ထောက်ပံ့ပေးနိုင်သည်။

ဘယ်ဧကရာဇ်အဆင့် စွမ်းအားရှင်ကမှ ဒီလို ရတနာပစ္စည်းရဲ့ ဆွဲဆောင်မှုကိုတောင့်မခံနိုင်ပါဘူး။

အံ့အားသင့်တုန်လှုပ်နေရင်းဖြင့် ဝမ်ဖုန်းဟာ ဤသွေးမျှော်စင်၏ဇစ်မြစ်ကို ပို၍သိလိုစိတ်ရှိလာခဲ့သည်။ဤသွေးမျှော်စင်အတွင်း၌  တစ်စုံတစ်ယောက်၏သွေးမျိုးဆက်ကို တိုးတက်စေနိုင်သော သွေးသစ်သီး ရှိနေခဲ့သည်။ဒါ့အပြင် နတ်ဆိုးဘိုးဘေးဘုရားကျောင်းလည်း ရှိနေခဲ့သည်။ယခုအချိန်၌လည်း‌ ကောင်းကင်ဝိဉာဥ်သွေးကြာပန်း ထွက်ပေါ်လာပြန်သည်။၎င်းရတနာပစ္စည်းတစ်ခုချင်းစီတိုင်းသည် လူတိုင်း၏စိတ်နှလုံးကို တုန်ခါသွားစေရန် လုံလောက်နေသည်။သွေးမျှော်စင်ဟာ အပြင်ပန်းတွင် တွေ့မြင်ရသလောက်

ရိုးရှင်းခြင်းမရှိနိုင်ပါ။

All Chapters