ထိပ်တိုက်တွေ့ခြင်း
Vol. 55 Ch. 763
“ဂိုဏ်ချုပ်ကြီး ကျွန်တော်တို့ ဒီလိုရတနာမျိုးကိုဘယ်လိုလို့ လွဲစေလို့ဖြစ်ပါ့မလဲ ဗျာ”
တစ်ဖက်တွင်ရှိနေသော ကုချိုး၏ မျက်နှာသည် ဝင်းလက်ေတာက်ပလာခဲ့ပြီး လေသံတိုးတိုးဖြင့် ရေရွတ်ပြောဆိုခဲ့သည်။သူ၏ ကျင့်ကြံမှုသည် ဧကရာဇ်ဘိုးဘေးအဆင့်တွင်သာရှိနေသော်လည်း သူဟာချန်းယောင်နဲ့အဖွဲ့ကိုမျက်လုံးထဲတောင် ထည့်မထားပါ။
ထူးမြတ်သောမှော်ရတနဖြစ်သည့် ကောင်းကင်နတ်ဆိုးခေါင်းလောင်းကို ရရှိခဲ့သည်ဖြစ်ရာ သူ၏ တိုက်ခိုက်လိုစိတ်တို့မှာ ငယ်ထိပ်ရောက်နေခဲ့သည်။
ကုချိုးကဲ့သို့ ထူးမြတ်သောရတနာပစ္စည်းကိုပိုင်ဆိုင်ထားသူတစ်ေယာက် မဟုတ်လျှင် ကုချိုးနှင့်ရင်ဆိုင်ရသည့်အခါ အတော်ကလေး ခက်ခဲပါလိမ့်မည်။
ကုချိုး၏ ဘေးနားတွင်ရှိနေသော ယွဲ့ယင်းနှင့်တစ်ခြားသူများ၏ မျက်ဝန်းများသည် တောက်ပနေခဲ့သည်။လောင်ထျန်းဧကရာဇ် အထွတ်အထိတ်ကိုရောက်နေသော ယွဲ့ယင်းဆိုပါက ပြောစရာေတာင်မလိုတော့ပါ။ရွှမ်းယွမ်နဲ့ကွေဝူတို့ကတောင် ချန်းယောင်တို့ အဖွဲ့ကိုမျက်လုံးထဲထည့်မထားခဲ့ချေ။ သူတို့အားလုံးက ထိပ်တန်းပါရမီရှင်များဖြစ်ကြသည်။ချန်းယောင်တို့ဘက်က လူများရင်တောင် သူတို့ကတော့ကြောက်လန့်မနေပါ။
“အဲ့ဒိဦးချိုတစ်ဖက်ပါတဲ့မကောင်းဆီုးဝါးက ဘယ်လိုမကောင်းဆီုးဝါးမျိုးလဲ”
ဝမ်ဖုန်းသည် အလျှင်လိုခြင်းမရှိဘဲ မျက်ဝန်းကို အနည်းငယ်မှေးကြည့်ကာ ကျယ်လောင်သောအသံဖြင့် ပြောဆိုလိုက်သည်။
၎င်းဦးချိုတစ်ချောင်းပါသောသွေးနီရောင်မကောင်းဆိုးဝါးသည် ပြိုင်ဖက်ကင်းသော စွမ်းအင်ကို ပိုင်ဆိုင်ထားကြောင်း သူခံစားရရှိခဲ့သည်။ထိုမကောင်းဆိုးဝါးသည် သွေးနီရောင်ဧကရာဇ်အဆင့်ကို ဘယ်သို့ဘယ်ပုံရောက်ရှိလာသလဲဆိုတာ သူ မသိသော်လည်း ထိုမကောင်းဆိုးဝါးသာ ဒေါသထွက်သွားလျှင် ခွန်းအားမှာမှန်းမဆနိုင်သည်အထိ ကြောက်စရာကောင်းလာပါလိမ့်မည်။
ဝမ်ဖုန်း၏စကားဆုံးသွားသည့်အခါ ရွှမ်းယွမ်နဲ့အခြားသူများသည် တစ်ယောက်ကိုတစ်ယောက်သံသယများဖြင့် စိုက်ကြည့်ခဲ့ကြသည်။လျှို့ဝှက်ချက်များစွာကိုသိထားသော ရွှမ်ယွမ်လိုလူမျိုးကတောင် သွေးမကောင်းဆိုးဝါး၏ မူလဇစ်မြစ်ကိုမသိခဲ့ပါ။
“ဒီသွေးနီရောင်မကောင်းဆိုးဝါးက ဦးချိုတစ်ချောင်းပါတဲ့သွေးနီရောင်မြင်းနဲ့ သွေးနီရောင်ပုတ်သင်တို့ကနေ ပေါင်းစပ် သန္ဓေတည်ပြီးဖြစ်ပေါ်လာတာ “
“သာမာန်ဦးချိုတစ်ချောင်းပါတဲ့သွေးနီရောင် မကောင်းဆိုးဝါး တွေက ဒီလောက်အထိစွမ်းအားမရှိကြဘူး။ဒီဦးချိုတစ်ချောင်းပါတဲ့သွေးနီရောင်မကောင်းဆိုးဝါး ကတော့ ကောင်းကင်ဝိဉာည်ကြာပန်းနားမှာ တစ်နှစ်ပတ်လုံးနေထိုင်ခဲ့တာဆိုတော့ ကြာပန်းရဲ့အရှိန်အဝါအငွေ့အသက်ကြောင့် အားကောင်းသန်မာလာခဲ့တာ "
တစ်ဖက်ရှိနေသောယွဲ့ယွင်းသည် မျက်ဝန်းကို မှေးကျဉ်းလျှက် ဝင်ရောက်ရှင်းပြပေးခဲ့သည်။
မကောင်းဆိုးဝါးမျိုးနွယ်၏ အဖွဲ့ဝင်ဖြစ်သည်နှင့်အညီ ယွဲ့ယွင်းဟာမကောင်းဆီုးဝါးတို့၏ အကြောင်းကို ရွှမ်းယွမ်တို့ထက်ပို၍နားလည်ထားသည်။
“အို? “
ဝမ်ဖုန်းက တီးတိုးရေရွှတ်လျက် သူ့မျက်ဝန်းထဲ၌ အလင်းတန်းတစ်ခုတောက်ပလာခဲ့သည်။သူ့မျက်နှာပေါ်တွင်လည်း စိတ်ပါဝင်စားနေေသာအကြည့်တစ်ခုရှိနေခဲ့သည်။၎င်းဦးချိုတစ်ချောင်းပါတဲ့မကောင်းဆိုးဝါးသည် သန်မာသောသွေးစွမ်းအားကို ပိုင်ဆိုင်ထားကာ ကျင့်ကြံမှုနည်းနည်းဖြင့် သန်မာအားကောင်းသောစွမ်းအင်ကိုပိုင်ဆိုင်နိုင်ခဲ့သည်။၎င်းဟာရှန်ရှန့်ကျုံ့ဂိုဏ်း၏ အစောင့်အရှောက်သားရဲဖြစ်လာနိုင်တဲ့အထိ အဆင့်အတန်းမီလေသည်။ပြီးတော့ တချို့တော်တဲ့ တပည့်တွေ အတွက်လည်း စီးတော်သားရဲအဖြစ် အသုံးချလို့ရသေးတယ် ။
သွေးရောင်မကောင်းဆိုးဝါးကတော့ လက်ရှိဝမ်ဖုန်းက သူ့ကိုပစ်မှတ်ထားနေပြီဆိုတာ လုံးဝ သတိမထားမိပါ။
“ဝေါင်း!"
ဦးချိုတစ်ချောင်းပါသော သွေးမကောင်းဆိုးဝါးသည် လူသားအသွင်ပြောင်းလဲရန် ကျရှုံးခဲ့သော်လည်း သူ၏ ဉာဏ်ရည်ဉာဏ်သွေးက နိမ့်ပါးခြင်းမရှိပါ။ချန်းယောင်၏ စကားကိုကြားခဲ့ရသည်အခါ သွေးရောင်မကောင်းဆိုးဝါးသည် အမျက်ဒေါသတို့ဖြင့် ပေါက်ကွဲထွက်လာခဲ့ကာ ကောင်းကင်ကိုမော့ကြည့်လျက် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ ၎င်းက ချန်းယောင်တို့ကို သွေးနီရောင်မျက်ဝန်းတို့ဖြင့် စူးစိုက်ကြည့်နေခဲ့သည်။အေးစက်သော သတ်ဖြတ်လိုသည့် အရှိန်အဝါများသည်တောင်ကြားတခွင် ပြန့်လွင့်သွားကာ လူအများ၏ခန္ဓာကိုယ်ကို တုန်ရီလာစေခဲ့သည်။
သွေးနီရောင်ဧကရာဇ်အဆင့်စွမ်းအားများသည်မုန်တိုင်းတစ်ခုကဲ့သို့တောင်ကြားအတွင်းပတ်လည်ရိုက်၍ တိုက်ခတ်သွားခဲ့သည်။ပတ်ဝန်းကျင် ရှိ တောင်စဥ်တောင်တန်းများသည် တစ်သိမ့်သိမ့် ခါရမ်းသွားခဲ့သည်။ချန်းယောင်နဲ့အဖွဲ့သည် ခန္ဓာကိုယ်များတုန်ရီသွားခဲ့သည်။သူတို့၌လူဦးရေများစွာရှိသော်လည်း ၎င်းမကောင်းဆိုးဝါးနဲ့ ထိပ်တိုက်ရင်ဆိုင်ရပါက ကြီးမားသော တန်ကြေး ကိုပေးဆပ်ရလိမ့်မည်။
“လူတိုင်းပဲ တွန့်ဆုတ်မနေကြနဲ့ ။မင်းတို့သာ ကျုပ်၊ ချန်းယောင်ကိုကူညီရင် ကျုပ်ကလည်း မင်းတို့ရဲ့ကျေးဇူးကို မေ့မှာ မဟုတ်ပါဘူး”
ချန်းယောင်ကအော်ဟစ်ပြောဆိုလိုက်သည်။သူ၏ မျက်နှာပေါ်တွင်ရိုးသားသောအကြည့်တစ်ခုရှိနေခဲ့သည်။
ချန်းယောင်၏ ကတိပြုသံကိုကြားသိခဲ့ရသည်အခါ ဘေးနားရှိပါရမီရှင်ဒါဇင်ကျော်က ဦးခေါင်းညိမ့်လိုက်သည်။သူတို့ဂာ ချန်းယောင်နောက်ကို လိုက်ပါခဲ့ကြသူများ ဖြစ်ကြသည်။သူတို့၏ ကိုယ်ပိုင်အရည်အချင်းဖြင့်လည်း ကောင်းကင်ဝိဉာည်ကြာပနကို ရရှိနိုင်မည် မဟုတ်ပါ။ဒါ့အပြင် ချန်းယောင်ဟာ အထွတ်အမြတ်အင်အားစုတစ်ခု၏ တပည့်တစ်ယောက်ဖြစ်သည်။ဘယ်အတွက်ကြောင့်ချန်းယောင် စိတ်ကျေနပ်အောင် မပြုမှုရပါမည်နည်း။
ချန်းယောင်သာ ကောင်းကင်ဝိဉာည်သွေးကြာပန်းကို ပိုင်ဆိုင်သွားလျှင် ထိုသူဟာ ထာဝရညည့်ဦးယံမြို့၏ မြို့အရှင်ဖြစ်ရန် အခွင့်အရေး ကြီးကြီးမားမား ရရှိလာလိမ့်မည်။သွေးဝိဉာည်ကြာပန်းသည် စိတ်ဝိညာည်စွမ်းအားကိုတိုးတက်စေသော်လည်း ၎င်းတွင် ပါဝင်သောစိတ်ဝိညာည်စွမ်းအင်များက ချန်းယောင်ကို သွေးနီရောင်ဧကရာဇ်အဆင့်ထိရောက်ရှိအောင်ပြုလုပ်ပေးနိုင်စွမ်းရှိပါသည်။ထိုကဲ့သို့ကျင့်ကြံမူစွမ်းအင်သည် ထာဝရညည့်ဦးယံ၊ မြို့အရှင်ပြိုင်ပွဲအတွင်း၌ ပါရမီရှင်များစွာကို ရှင်းလင်းပစ်ရန် လုံလောက်နေသည်။
ထိုလူများ၏အကြည့်ကို တွေ့မြင်ခဲ့ရသည်အခါ ချန်းယောင်ကတိတ်တဆိတ် ပျော်ရွင်သွားပြီး ထပ်မံအော်ဟစ်ပြောဆိုလိုက်သည်။
”ကျွန်တော်တို့တွေ ဒီမကောင်းဆီုးဝါးကို တူတူတိုက်ကြတာပေါ့။ ဒီမကောင်းဆိုးဝါးရဲ့ အခြေခံစွမ်းအင်တွေကို မင်းတို့ကိုညီတူညီမျှ ခွဲဝေပေးမယ်”
“ဝုန်း!”
ချန်းယောင်သည် စကားဆုံးသွားသည့်အခါ လက်ကိုတွန်းကန်လိုက်လျက် ပါရမီရှင်များနှင့်အတူသွေးမကောင်းဆီုးဝါးကို သတ်ဖြတ်ရန် ဟန်ပြုခဲ့သည်။သို့သော်လည်းအရှေ့ဘက်ရှိ လေဟာပြင်သည်ရုတ်တရက် တုန်ခါလာခဲ့ကာ လူပုဂ္ဂိုလ်များစွာသည် လေထုအတွင်းမှ ရုတ်ချည်းပေါ်ပေါက်လာခဲ့ကြသည်။၎င်းတို့မှာ ဝမ်းဖုန်းနှင့် သူ၏အဖွဲ့ဖြစ်သည်။
“မင်းကောင်စုတ်လေး ! ဘယ်လိုလုပ် အကိုချန်းယောင်ရဲ့ အခွင့်အရေးကို လုယူရဲရတာလဲ။ မင်းတို့ မြန်မြန် မထွက်သွားသေးဘူးလား ။ မဟုတ်ရင် ရက်စက်တဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့တော့ “
ဝမ်ဖုန်း တို့ ထွက်ပေါ်လာသည်ကိုတွေ့မြင်ခဲ့ရသည်အခါ ကောင်းကင်ဘုံဧကရာဇ်အဆင့်ကိုရောက်ရှိနေသော ပါရမီရှင်တစ်ယောက်သည် ကျယ်လောင်စွာအော်ဟစ်ပြောဆိုလိုက်သည်။ယခုချန်းယောင်သာ ကောင်းကင်ဝိဉာည်သွေးကြာပန်းကို ရရှိသွားလျှင် ထိုသူဟာ ကောင်းကင်ကို ခြေတစ်လှမ်းဖြင့် ထပ်လှမ်းနိုင်လိမ့်မည်။ထိုအချိန်မှာ သူဟာလည်း ကြီးမာတဲ့ အကျိုးအမြတ်တို့ကို ခံစားရလိမ့်မည်။
ထွက်ပေါ်လာသော ပုဂ္ဂိုလ်ကိုတွေ့မြင်လိုက်ရသည်အခါ ချန်းယောင်က မျက်ဝန်းကို မှေးစင်းလျှက်စူးစိုက်ကြည့်နေခဲ့သည်။
လေဟာပြင်ပေါ်၌လက်နှစ်ဖက်ကိုနောက်ပစ်ရင်း မတ်တပ်ရပ်နေခဲ့ကာ ဝမ်ဖုန်းသည် ပါရမီရှင်များကိုကြည့်လျက် သူ၏လက်ချောင်းများကို ဝှေ့ယမ်းလိုက်သည်။စိတ်ဝိဉာည်အလင်းတန်းများသည် လက်ချောင်ထိပ်မှ ပေါက်ကွဲထွက်လာခဲ့သည်။အရှိန်အဟုန်မှာ မြန်ဆန်လွန်းကာ အရှေ့ဘက်ရှိ ပါရမီရှင်၏မျက်ခုံးနှစ်ဖက်ကြားသို့ တန်းတန်းမတ်မတ် တိုးဝင်သွားခဲ့သည်။
“ဘုန်း!”
အဆိုပါပါရမီရှင်သည် အော်ဟစ်ရန်တောင် အခွင့်အရေးမရရှိခဲ့ဘဲ ဝမ်းဖုန်း၏ စိတ်ဝိဉာည်အလင်းတန်းကြောင့် ချက်ချင်းပင်သွေးမြူထုအဖြင့် ပေါက်ကွဲသွားခဲ့သည်။လေပြေလေအေးတိုက်ခတ်သွားခြင်းနဲ့အတူ သွေးစသွေးနများကလည်း အရပ်မျက်နှာ အသီးသီးဆီသို့ လွင့်ထွက်သွားကာ သွေး၏ရနံ့က လှိုင်လှိုင်ထနေခဲ့သည်။
ဤမြင်ကွင်းသည် ချန်းယောင်နောက်ကိုလိုက်ပါလာခဲ့သော ပါရမီရှင်များ၏ အမူအရာကို ပြောင်းလဲ သွားစေခဲ့သည်။ထိုသူသည် ချန်းယောင်၏လက်အောက်တွင်ရှိသော အသန်မာဆုံးနောက်လိုက်နောက်ပါ မဟုတ်သော်လည်း ထိုသူ၏ကျင့်ကြံမှုက ကောင်းကင်ဘုံဧကရာဇ်အဆင့်ဖြစ်သည်။ထူးချွန်ထက်မြတ်သောလူပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေဆဲသာ။ အခုတော့ တိုက်ကွက်တစ်ကွက်ကြောင့် သေဆုံးသွားတာတဲ့ လား ။
ချန်းယောင်၏မျက်ဝန်းများကလည်း တုန်လှုပ်သွားကာ ဝမ်ဖုန်းတိုအဖွဲ့ကို စူးစိုက်ကြည့်နေမိခဲ့သည်။သူဟာ ဝမ်ဖုန်းတို့၏ အတိအကျ ခွန်အားကို သိရှိစေရန် စူးစမ်းအကဲခတ်နေခဲ့သည်။
တောင်ကြားအတွင်းတွင်ရှိသော ဦးချိုတစ်ချောင်းပါသည့် သွေးမကောင်းဆိုးဝါးကလည်း ဝမ်ဖုန်း၏ထိတ်လန့်စရာခွန်အားကို ခံစားရပုံပေါ်ကာ ချက်ချင်းပင်တိတ်ဆိတ်သွားလျက် အော်ဟစ်နေခြင်းကို ရပ်တန့်ခဲ့သည်။
ကွင်းပြင်အတွင်း၌ အပူအပင် မခံစားရသော လူဟူ၍ ယွဲ့ယွင်းတို့အဖွဲသာ ရှိခဲ့သည်။ဝမ်ဖုန်းလိုစွမ်းအားရှင်ကို လောင်ထျန်း ဧကရာဇ်အထွတ်အထိတ် စွမ်းအားရှင်ကတောင် ရင်မဆိုင်နိုင်ပါ။ဒီလို ပါရမီရှင်တစ်စုဆို ပြောစရာလိုအပ်ပါဦးမည်လော့။
တစ်ဖက်တွင်ရှိနေသော ကုချိုးက စိတ်ပျက် လက်ပျက် သက်ပြင်းချလိုက်သည်။သူ ဟန်ဆောင်ပန်ဆောင် ပြုမူရမဲ့ အခွင့်ထူးကို ဆုံးရှုံးရပြန်ပါရောလား။ဂိုဏ်ချုပ်ကြီးရှိနေသည်ဖြစ်ရာ သူဟာအရှေ့သို့ထွက်၍ မာန်မာနမဝင့်ကြွားရဲပါ။သို့မဟုတ်လျှင် ဂိုဏ်ချုပ်ကြီးး၏ဖိနပ်ပျံများဖြင့် ကမ္ဘာမြေ အဆုံးထိ လိုက်လံပစ်ပေါက်ခြင်းခံ ရပေလိမ့်မည်!
“တာအိုရောင်းရင်းက ဒီလို သဘောထား မတိုက်ဆိုင်တာနဲ့ လူတစ်ယောက်ကို သတ်ပစ်တယ်ဆိုတာ မမောက်မာလွန်းဘူးလား”
ချန်းယောင်က မျက်ဝန်းများကို အနည်းငယ်မှေးကျဉ်းခဲ့သည်။ကောင်းကင်ဘုံဧကရာဇ် အထွတ်အထိပ် စွမ်းအားအရှိန်အဝါများသည် သူ့ထံမှ ထွက်ပေါ်လာခဲ့ကာ လေဟာပြင်သည် တုန်ခါသွားခဲ့သည်။လျို့ဝှက်ဆန်းကြယ်သော အရှိန်အဝါများလည်း သူ၏ကိုယ်ခန္ဓာမှ ပျံ့လွင့်ထွက်ပေါ်လာခဲ့သည်။၎င်းစွမ်းအင်တို့သည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်မိခဲ့ကာ စက်ကွင်းပုံသဏ္ဍန်နှင့်ချန်းယောင်ကို ဗဟိုပြု၍ လှည့်ပတ်နေခဲ့သည်။သူဟာ အမတနတ်ဘုရားတစ်ပါးနှင့် အသွင်တူနေခဲ့သည်။
“ဘုန်း!”
ယင်းအချိန်တွင် ဝမ်ဖုန်း၏ ခန္ဓာကိုယ်က ရုတ်ချည်းဝေဝါး ပျောက်ကွယ်သွားခဲ့သည်။သူ့၏ခန္ဓာကိုယ်က ချန်းယောင်၏အရှေ့တွင် ရုတ်ချည်းထွက်ပေါ်လာခဲ့သည်။အရှိန်အဟုန်မှာ လျင်မြန်လွန်းတာကြောင့် မည်သူတစ်ဦးတစ်ယောက်မှ မတုံ့ပြန်နိုင်ခဲ့ပါ။
“ေသာက်ကျိုးနည်း!”
ချန်းယောင်၏အမူအရာမှာထိတ်လန့်ကာ အော်ဟစ်လိုက်မီချေသည်။