← Chapters

အခန်း (၇၆၆)

Vol. 55 Ch. 766

အခန်း (၇၆၆)

Vol. 55 Ch. 766

"ဘုန်း!"

သူကိုယ်တွင်းရှိ အပြောင်းအလဲများကိုခံစားလိုက်ပြီးနောက် ဝမ်ဖုန်းက ရုတ်တရက် မျက်ဝန်းဖွင့်လှစ်ခဲ့သည်။ အလင်းတန်းတစ်ခုသည်သူ၏မျက်ဝန်းများအတွင်း ဖြတ်သန်းသွားခဲ့သည်။ ဤအချိန်တွင် ယွဲ့ယင်းနှင့်တခြားသူများသည် ဝမ်ဖုန်းထံမှထွက်ပေါ်လာခဲ့သော ရှုပ်ထွေးဆန်းကြယ်သည့်စွမ်းအင်ကို ခံစားခဲ့ရသည်။ထိုစွမ်းအင်သည် သူတို့အားလုံး၏စိတ်နှလုံးကို တုန်ခါစေခဲ့သည်။

၎င်းခံစားချက်မှာ သူတို့၏စိတ်ဝိညာဉ်များက ဧကရာဇ်တစ်ပါးနှင့်တွေ့ဆုံခဲ့သည့်ပုံပေါ်ကာ အလိုအလျောက်ဦးညွှတ်ဂါရဝပြုလိုသည့်စိတ်ပေါ်ပေါက်လာခဲ့ရသည်။

ဤသည်က ယွဲ့ယင်းနှင့်တခြားသူများ၏ခန္ဓာကိုယ်ကို တုန်ခါသွားစေခဲ့သည်။သူတို့က ဝမ်ဖုန်းကိုပိုမို၍ လေးစားယုံကြည်လာကြသည်။

ကောင်းကင်ဝိဉာဉ်သွေးကြာပန်းကိုစားသောက်ပြီးနောက် ဝမ်ဖုန်းသည် ပို၍ကြောက်လန့်စရာကောင်းလာတာကို သူတို့ခံစားနိုင်ခဲ့သည်။ သာမန်ကာလျှံကာရပ်တန့်နေရုံဖြင့် ကောင်းကင်,မြေပြင်နှင့် ပေါင်းစပ်သွားပုံပေါ်ကာ လူအများမျှော်လင့်ထားသည်ထက်ကျော်လွန်သော ခံစားချက်မျိုးကိုပေးစွမ်းနေနိုင်သည်။

"လာ ဆက်သွားကြရအောင်"

ဝမ်ဖုန်းသည် ယွဲ့ယင်းနှင့်အခြားသူများကို စိုက်ကြည့်လိုက်ပြီး တိုးဖွစွာပြောဆိုလိုက်သည်။

အသံဆုံးသွားသည့်အခါ သူ၏ပုံရိပ်သည် ဝေဝါးပျောက်ကွယ်သွားလျက် သွေးမျှော်စင်၏ စတုတ္ထအလွှာအနက်ရှိုင်းဆုံးအပိုင်းသို့ ဦးစွာဝင်ရောက်သွားခဲ့သည်။ ယွဲ့ယင်းတို့ကလည်း လျစ်လျူမရှုရဲသည်ဖြစ်ရာ ဝမ်ဖုန်းနောက်သို့လိုက်ပါ၍ ဝင်ရောက်သွားခဲ့ကြသည်။

နတ်ဆိုးဘိုးဘေးဘုရားကျောင်းအတွင်းရှိ အမွေအနှစ်ကို ယွဲ့ယင်းကရရှိသွားပြီးနောက် သွေးမျှော်စင်အတွင်းရှိအန္တရာယ်များမှာ အတော်ကလေး‌လျော့ကျသွားသည့်ပုံပေါ်သည်။ သွေးမျှော်စင်ကြီးအတွင်း၌ ကြီးမားသော အခွင့်ထူးကြီးများကိုရရှိခဲ့သော ပါရမီရှင်များကလည်း များစွာရှိနေသေးသည်။ သူတို့၏ကျင့်ကြံမှုကလည်း ဆက်တိုက်ဆိုသလိုတိုးမြင့်လာခဲ့သည်။

အထူးသဖြင့်ဖိုမင်ဖြစ်၏။ သွေးဝါးမျိုခြင်းမှော်ပညာရပ်ကိုရရှိသွားပြီနောက် သူကနတ်ဆိုးဗုဒ္ဓဘုရားကျောင်း၏ ပါရမီရှင်များကိုခေါ်ဆောင်ကာ လမ်းတလျှောက်ရှိထိပ်တန်းပါရမီရှင်များကို ဝါးမျို၍သူတို့၏ကျင့်ကြံမှုကိုကိုယ်ပိုင်ကျင့်ကြံမှုအဖြစ် ပြောင်းလဲခဲ့သည်။ လက်ရှိအချိန်တွင် သူသည်သွေးမျှော်စင်၏ ဆဌမအလွှာသို့တောင်ရောက်ရှိနေခဲ့သည်။

ပြောရပါလျှင် ဤကနေ့သွေးမျှော်စင်သည် အန္တရာယ်ကြီးမားသောနေရာတစ်ခုမဟုတ်တော့ဘဲ ရတနာပစ္စည်းများနှင့်ပြည့်နေသော နေရာကြီးတခုဖြစ်နေခဲ့သည်။လူငယ်ပါရမီရှင်တိုင်းက အခွင့်ထူးကြီးများကိုရရှိနိုင်ခဲ့ကာ ကျင့်ကြံမှုများတဖြည်းဖြည်းတိုးပွားလာလျက် စိတ်လှုပ်ရှားစွာဖြင့်သွေးမျှော်စင်၏နောက်တစ်ဆင့်သို့တက်လှမ်းနိုင်ခဲ့ကြသည်။

သို့ပေသော်ငြားလည်းမျှော်စင်၏ထိပ်ဆုံးအလွှာတွင် ဘယ်အရာကများစောင့်နေသလဲဆိုတာကို သူတို့အားလုံးမသိကြပါ။ စောင့်ကြိုနေသည့်အရာမှာ မိုးကောင်းကင်ကိုဆန့်ကျင်နိုင်သော အခွင့်ထူးကြီးမဟုတ်ခဲ့ဘဲ ဘဝ၏အဆုံးသတ်သေခြင်းသာဖြစ်သည်။

…

ဝမ်ဖုန်းနဲ့တခြားသူများသည် သွေးမျှော်စင်အတွင်း၌လေ့ကျင့်နေသည့်အချိန်တွင် ချောမောခန့်ညားသောအမျိုးသားလေးတစ်ယောက်သည် နတ်ဆိုးဗုဒ္ဓဘုရားကျောင်း၏လူများရှိရာသို့ လမ်းလျှောက်သွားခဲ့သည်။ သူဘယ်နေရာသို့သွားပါစေတောက်ပလျက်ရှိကာ နတ်ဆိုးဗုဒ္ဓကျောင်းတော်၏ကျင့်ကြံသူများသည်မျက်စိကျိန်းလွန်းတာကြောင့်အဝေးသို့ဆုတ်ခွာခဲ့ရသည်။

မဟာနတ်ဆိုးရွှမ်ရှကသာ ထိုလူငယ်လေးကိုတွေ့မြင်သွားလျှင် အံ့အားတသင့် အော်ဟစ်မိပေလိမ့်မည်။ ထိုလူငယ်လေးမှာ မွန်မြတ်ဘုံလောကရှိအကြီးဆုံးမင်းသား သူသတ်ဖြတ်လိုက်ပြီဟုထင်ခဲ့သော မင်းသားလန်လဲ့ပင်ဖြစ်သည်။ ဤအချိန်တွင်လန်လဲ့ပုံပန်းသွင်ပြင်သည် ထူးထူးဆန်းဆန်းပြောင်းလဲသွားခဲ့ခြင်းမရှိပါ။ သို့သော်လည်း သူ၏စိတ်နေသဘောထားကတော့ ကြီးမားစွာပြောင်းလဲသွားခဲ့သည်။ သူ၏မျက်နှာကိုသာ ဖုံးကာထားခဲ့လျှင် စန်းရိအင်ပါယာ၏ဧကရာဇ်ကိုယ်တိုင်ရောက်ရှိနေလျှင်တောင် လန်လဲ့ကိုမှတ်မိနိုင်မှာမဟုတ်ပါ။

အတိတ်တွင် ပထမမင်းသားအနေဖြင့် လန်လဲ့၏ခန္ဓာကိုယ်ပေါ်တွင်လွှမ်းမိုးခြယ်လှယ်နိုင်သည့် မှိုင်းညိုသောအရှိန်အဝါတစ်ခုရှိနေခဲ့သည်။ သို့သော်လည်း လက်ရှိအချိန်တွင်တော့ သူသည်တည်ငြိမ်အေးချမ်းနေခဲ့ကာ ဘုန်းတော်ကြီးတစ်ပါးကဲ့သို့ခံစားမှုမျိုးကိုပေးစွမ်းနေခဲ့သည်။

ဤအချိန်တွင် သူဟာပကတိအခြေအနေသို့ ပြန်လည်ရောက်ရှိသွားခြင်းအဆင့်သို့ရောက်ရှိနေခဲ့သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် သာမန်သေမျိုးလူသားနှင့်ထပ်တူညီနေခဲ့သည်။ သူ၏ကျင့်ကြံမှုဘယ်လောက်ရှိသလဲဆိုတာကိုလည်း ဘယ်သူကမှထွင်းဖောက်မမြင်နိုင်တော့ပါ။

လန်လဲ့သည် သူ့ကိုစိုက်ကြည့်နေသောကျင့်ကြံသူများကို လျစ်လျူရှုထားခဲ့ကာ နတ်ဆိုးဗုဒ္ဓဘုရားကျောင်းရှိရာသို့ တစ်လှမ်းပြီးတစ်လှမ်းဦးတည်လမ်းလျှောက်သွားခဲ့သည်။ သူလမ်းလျှောက်သွားသည့်နေရာတိုင်းတွင် ထူးဆန်းသော စွမ်းအားတစ်ခုထွက်ပေါ်လာခဲ့ကာ ကျင့်ကြံသူများကိုဘေးသို့တွန်းထုတ်၍ သူ့အတွက်လမ်းရှင်းပေးနေခဲ့သည်။

လန်လဲ့သည် နတ်ဆိုးဗုဒ္ဓကျောင်းတော်တည်ရှိသောနေရာသို့ ရောက်ရှိသွားရန် အချိန်မကြာမြင့်ခဲ့ပါ။ သူသည် ရပ်တန့်သွားခြင်းမရှိဘဲ ဆက်လက်၍ ဖြေးညင်းစွာလမ်းလျှောက်နေခဲ့သည်။ ထူးဆန်းသည့်အရာမှာ ကျောင်းတော်၏ဂိတ်တံခါးကိုစောင့်ကြပ်နေသော နတ်ဆိုးဗုဒ္ဓကျောင်းတော်၏တပည့်များသည် လန်လဲ့ကိုသတိမမူမိသည့်ပုံပေါ်နေခဲ့သည်။ သူ၏တည်ရှိမှုဟာ လုံးဝသဘာဝနှင့်တစ်သားတည်းကျ၍ ပျောက်ကွယ်နေခဲ့သည်။

သာမန်လူသားတစ်ယောက်ကသာ နတ်ဆိုးဗုဒ္ဓကျောင်းတော်ကြီးအတွင်းသို့ ဝင်ရောက်ရဲခဲ့လျှင် ကျောင်းတော်၏တံခါးစောင့်များက ချက်ချင်းကိုတားဆီးပေလိမ့်မည်။

နတ်ဆိုးဗုဒ္ဓကျောင်းတော်ကြီး၏အဓိကခန်းမကြီးထဲတွင် ကျောင်းတော်၏ဆရာသခင် ဘုန်းတော်ကြီးလျို့သည် အဓိကထိုင်ခုံပေါ်တွင် ထိုင်နေခဲ့သည်။ သူ၏ကိုယ်ခန္ဓာပေါ်တွင် ဗုဒ္ဓသင်္ကေတများကဝဲဖြာကျဆင်းလျက် ရှိသည်။ ခန်းမကြီးအတွင်း၌ ကျမ်းစာရေရွတ်သံများကိုခပ်ဖွဖွကြားရသည်။

ဘုန်းတော်ကြီးလျို့၏ခန္ဓာကိုယ်ပတ်လည်တွင် ထူးဆန်းသောစွမ်းအင်တစ်ခုဝဲလွင့်နေခဲ့ကာ ၎င်းစွမ်းအင်၏သက်ရောက်မှုအောက်တွင် လေဟာပြင်ကတောင် အနည်းငယ်ခါရမ်းနေခဲ့သည်။ ခန်းမကြီးအတွင်း၌ ထူးဆန်းသောဖိအားတစ်ခု သက်ရောက်လျက်ရှိသည်။

"ဘုန်း!"

ရုတ်တရက်ဆိုသလို ‌ဖိုလျိုသည် မျက်ဝန်းကိုဖွင့်လှစ်လိုက်ကာ သူ၏မျက်ဝန်းများအတွင်း၌ အေးစက်သောအလင်းတန်းတစ်ခုတောက်ပလာခဲ့သည်။ သူကသက်ပြင်းချလိုက်သည်။ "ငါ ထွင်းဖောက် မသိမြင်နိုင်သေးပါလား"

အကြီးမြတ်ဆုံး အင်အားစုတစ်ဆယ့်ရှစ်စုအနက်တစ်စုဖြစ်သော နတ်ဆိုးဗုဒ္ဓကျောင်းတော်၏ ဆရာသခင်ဖြစ်သည်နှင့်အညီ သူ၏ကျင့်ကြံမှုသည် ဧကရာဇ်ဘုံလောကကြီးအတွင်း၌အထွဋ်အထိပ်တွင်ရှိကာ အင်မော်တယ်ဧကရာဇ်အဆင့်သို့ရောက်ရှိရန် ခြေလှမ်းတစ်ဝက်သာကွာခြားပါတော့သည်။ သို့သော်လည်း၎င်းအဆင့်သို့ရောက်ရှိရန်မှာ နှစ်ပေါင်းများစွာကြာတွန့်ဆုတ်နေခဲ့သည်။ သူဟာထိုအဆင့်ကိုမချိုးဖောက်နိုင်သေးတာကြောင့် ဖိုလျိုတစ်ယောက်အနည်းငယ်စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့သည်။

သူ၏ခွန်အားသည် ဧကရာဇ်ဘုံလောကကြီးအတွင်း၌ အထွဋ်အထိပ်တွင်ရှိကာ လူအနည်းစုကသာသူနှင့်ရင်ဆိုင်နိုင်စွမ်းရှိသော်လည်း ဖိုလျိုကကျိန်းသေပေါက်သေချာသိထားသည်။ သူအင်မော်တယ်ဧကရာဇ်အဆင့်သို့ရောက်ရှိနိုင်မှသာလျှင် ပျတ်သုန်းခြင်းဧကရာဇ်ဘုံလောကကြီး၌ အစစ်အမှန်အထွတ်အထိပ်အဖြစ်ရပ်တည်နိုင်မည်ဖြစ်သည်။

ဥပမာအားဖြင့် နတ်ဘုရားမျိုးနွယ်စုကြီးလေးစု၏ခေါင်းဆောင်များသည် အင်မော်တယ်ဧကရာဇ်အထွတ်အထိပ်သို့ရောက်ရှိနေကြကာ သူတို့၏ခွန်အားများကကြောက်လန့်စရာကောင်းသည်။

ထို့အတွက်ကြောင့်ပင် ဧကရာဇ်ဘုံလောကကြီးအတွင်းရှိ ကြီးကြီးငယ်ငယ်အင်အားစုများအားလုံး၏ အင်အားအခြေအနေသည် တက်လိုက်ကျလိုက်ဖြစ်နေကြသော်လည်း နတ်ဘုရားမျိုးနွယ်စုကြီးလေးစုတွင်တော့ အပြောင်းအလဲမရှိကာ တောက်ပသောနေဝန်းကဲ့သို့ ကာလရှည်ကြာစွာမြဲမြံစွာတည်မြဲနေခဲ့သည်။

နတ်ဆိုးဗုဒ္ဓကျောင်းတော်၏နန်းတော်သခင်ဖြစ်သည်နှင့်အညီ ဖိုလျို၏ရည်မှန်းချက်များမှာကြီးမားသည်။ သူ၏ဦးဆောင်မှုအောက်တွင် တစ်နေ့နေ့၌နတ်ဆိုးဗုဒ္ဓကျောင်းတော်ကြီးသည် ဧကရာဇ်ဘုံလောကကြီး၏ ပဉ္စမမြောက်ထိပ်တန်းအင်အားစုကြီးအဖြစ် ရောက်ရှိနိုင်လိမ့်မည်ဟုမျှော်မှန်းထားခဲ့သည်။

အင်မော်တယ်ဧကရာဇ်အဆင့်သို့ရောက်ရှိခြင်းမှာ သူ၏ရည်မှန်းချက်အတွက်ပထမဆုံးခြေလှမ်းသာဖြစ်သည်။ ကံဆိုးစွာဖြင့်၎င်းခြေလှမ်းကမတက်လှမ်းနိုင်ဖြစ်နေခဲ့သည်။

ဤအခိုက်အတန့်တွင် ခန်းမအတွင်း၌ပုံရိပ်တစ်ခုရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထိုပုံရိပ်ဟာရုတ်တရက်ဆန်စွာ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ဖိုလျိုကတောင်မှထိုပုံရိပ်၏ထွက်ပေါ်လာမှုကိုကြိုတင်မသိရှိနိုင်ခဲ့ပါ။

"ဘယ်သူလဲ"

ဖိုလျို၏မျက်ဝန်းသူငယ်အိမ်များသည် တုန်လှုပ်သွားခဲ့ကာ သူကကျယ်လောင်စွာအော်ဟစ်ပြောဆိုလိုက်သည်။ တုန်ထျန်းဧကရာဇ်အထွတ်အထိပ်စွမ်းအင်များသည် ခန်းမအတွင်းဝဲလည်တိုက်ခက်သွားခဲ့ကာ ခန်းမကြီးတခုလုံးကိုအပြင်းအထန်ခါရမ်းစေခဲ့သည်။

ဤမျှကြီးမားသောစွမ်းအင်တို့၏လှုပ်ရှားမှုဖြင့်ဆိုပါက နတ်ဆိုးဗုဒ္ဓကျောင်းတော်တစ်ခုရှိစွမ်းအားရှင်များအားလုံး သိရှိသွားနိုင်သည်။ စွမ်းအားရှင်များသတိမထားမိဘူးဆိုရင်တောင် နတ်ဆိုးဗုဒ္ဓကျောင်းတော်အတွင်း၌ပုန်းကွယ်နေသော စွမ်းအားကြီးပုဂ္ဂိုလ်များကတော့ အာရုံခံစားရရှိနိုင်ပါသေးသည်။ သို့သော်လည်းထူးဆန်းသည့်အရာမှာ ဖိုလျို၏စွမ်းအင်တို့ပေါက်ကွဲထွက်ပေါ်လာသည်တောင် ခန်းမကြီးကခါရမ်းသွားခဲ့ခြင်းမရှိပါ။ ဆန်းကြယ်သောအင်အားတစ်ခုက လျှို့ဝှက်ခန်းမကြီးအတွင်းရှိစွမ်းအင်များကို အပြင်သို့မထွက်စေရန်တားဆီးထားခဲ့သည်။

"ကျုပ်နာမည်ကလန်လဲ့ပဲ။ ကျုပ်မှာနန်းတော်သခင်နဲ့ ဆွေးနွေးစရာရှိနေတယ်"

ခန်းမအတွင်း၌ပေါ်ထွက်လာခဲ့သောလန်လဲ့သည် ဖိုလျိုကိုစိုက်ကြည့်ကာတည့်တိုးပြောဆိုလိုက်သည်။

သူ၏ကိုယ်ခန္ဓာတစ်ခုလုံးသည် တုန်ထျန်းဧကရာဇ်အထွတ်အထိပ်စွမ်းအားရှင်၏အရှိန်အဝါဖြင့်တောင် အနည်းငယ်မှပြောင်းလဲမသွားခဲ့ပါ။ သူ၏ခန္ဓာကိုယ်သည် ဘာကိုမှမခံစားခဲ့ရသည့်အလား သက်တောင့်သက်သာရှိနေဆဲသာ။

သာမန်လူတစ်ယောက်က ဘယ်လိုလုပ်ဒီလောက်ပြင်းထန်တဲ့ စွမ်းအားတွေကို ခံစားနိုင်မှာလဲ။

"ဘာကိစ္စရှိလို့လဲ"

ဖိုလျိုသည် နှလုံးသားထဲရှိဒေါသများကိုဖိနှိပ်ထားခဲ့ကာ မျက်ဝန်းကိုမှေးကျဉ်းလျက် လန်လဲ့ကိုစိုက်ကြည့်လိုက်ပြီးနက်ရှိုင်းသောအသံဖြင့်ပြောဆိုလိုက်သည်။ 

သူသည် အရူးမဟုတ်ပါ။ လန်လဲ့က ခန်းမထဲသို့တိတ်တဆိတ်ဝင်ရောက်လာနိုင်သည်ဖြစ်ရာ လန်လဲ့ဟာ ကြောက်လန့်စရာကောင်းနေပါလိမ့်မည်။ ဒါအပြင်သူ၏အရှိန်အဝါကလည်း လန်လဲ့အပေါ်အနည်းငယ်တောင် သက်ရောက်မှုမရှိခဲ့တာကြောင့် သူသည် ကမူးရှုးထိုးလှုပ်ရှားရဲခြင်းမရှိခဲ့ချေ။

All Chapters