← Chapters

နတ်ဆိုးဗုဒ္ဓတားမြစ်နယ်မြေ

Vol. 55 Ch. 767

နတ်ဆိုးဗုဒ္ဓတားမြစ်နယ်မြေ

Vol. 55 Ch. 767

သူ၏ကိုယ်ပိုင်ခွန်အားနှင့် ပတ်သတ်၍ ဖိုလျို့သည် အရမ်းကိုယုံကြည်မှုရှိသည်။ သို့သော်လည်း သူသည် ဧကရာဇ်ဘုံလောကကြီးတစ်ခုလုံးတွင် ပြိုင်ဖက်ကင်းဟူ၍တော့ မခံယူရဲပါ။ ဒါပေမဲ့ အနည်းဆုံးတော့ သူထုတ်ဖော်ခဲ့သောခွန်အားသည် သာမန်တုန်ထျန်းဧကရာဇ်အဆင့်စွမ်းအားရှင်များ ရင်ဆိုင်နိုင်မည့်အရာ မဟုတ်ပါ။

ဤပုဂ္ဂိုလ်သည် ခန်းမထဲသို့ တိတ်တဆိတ်ဝင်ရောက်လာနိုင်ခဲ့ပြီး သူ၏အရှိန်အဝါ ခွန်အားကိုလည်း တောင့်ခံနိုင်ခဲ့သည်။ အနည်းဆုံးတော့ သူနဲ့အဆင့်တူ သို့မဟုတ် သူ့ထက်ပို၍အစွမ်းထက်သော စွမ်းအားရှင်တစ်ယောက် ဖြစ်ရပေလိမ့်မည်။

ထိုကဲ့သို့တည်ရှိမှုကြီးကို မလိုအပ်ပါက ဖိုလျို့သည် ရန်မစချင်ပါ။

" ဒီသခင်လေးက နတ်ဆိုးဗုဒ္ဓကျောင်းတော်ရဲ့ တားမြစ်နယ်မြေကို အသုံးပြုချင်တယ်။ "

ဖိုလျို့၏အမူအရာကိုတွေ့မြင်လိုက်ရသည့်အခါ လန်လဲ့၏မျက်ဝန်းများသည် အနည်းငယ်မှေးကျဥ်းသွားခဲ့ပြီး တိုးဖွစွာ ပြောဆိုလိုက်သည်။သူ၏အမူအရာသည် အနည်းငယ်တောင် ပြောင်းလဲမှုမရှိပါ။ သူစကားပြောဆိုနေသည့်သူမှာ နတ်ဆိုးဗုဒ္ဓကျောင်းတော်၏ အရှင်သခင်မဟုတ်ဘဲ သာမန်လူတစ်ယောက်ဖြစ်နေသည့်အတိုင်းပင်။

" ဘာ......"

လန်လဲ့၏စကားဆုံးသည့်အခါ ဖိုလျို့၏မျက်ဝန်းသူငယ်အိမ်များသည် ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။ သူ၏မျက်ဝန်းများက လန်လဲ့ကိုစိုက်ကြည့်နေခဲ့ကာ အမည်ဖော်မရသောဒေါသတို့သည်  နှလုံးအိမ်အတွင်း ကိန်းဝပ်လာခဲ့သည်။ လန်လဲ့က အရမ်းကိုမောက်မာလွန်းပြီး နတ်ဆိုးဗုဒ္ဓကျောင်းတော်၏ တားမြစ်နယ်မြေအတွင်း ဝင်ရောက်ချင်နေလိမ့်မည်ဟု သူထင်မထားခဲ့ပါ။ ဒါ့အပြင် ထိုကဲ့သို့စကားမျိုးကို ကျယ်လောင်စွာလည်း ပြောဆိုရဲသေးသည်။ နတ်ဆိုးဗုဒ္ဓကျောင်းတော်ရဲ့အစွမ်းက မလုံလောက်ဘူးလို့ ထင်နေတာလား။

နတ်ဆိုးဗုဒ္ဓကျောင်းတော်၏တားမြစ်နေရာသည် ကျောင်းတော်ကြီးတစ်ခုလုံး၏ မူလဇာစ်မြစ်ဖြစ်သည်။ အမြင့်မြတ်ဆုံးနေရာတစ်ခုလည်း ဖြစ်သည်။ နတ်ဆိုးဗုဒ္ဓကျောင်းတော်အတွင်း၌ ၎င်းတားမြစ်နယ်မြေသို့ ဝင်ရောက်နိုင်သူမှာ သူမှလွဲ၍ အင်မော်တယ်ဧကရာဇ်အဆင့်ကိုရောက်ရှိနေသော ဘိုးဘေးအနည်းငယ်သာ ရှိကြသည်။

ဒါ့အပြင် အပြင်လူများ တားမြစ်နယ်မြေထဲဝင်ရောက်မှာကို စိုးရိမ်မိတာကြောင့် နတ်ဆိုးဗုဒ္ဓကျောင်းတော်၏ဘိုးဘေးများသည် တားမြစ်နယ်မြေကို တစ်နှစ်တာပတ်လုံး စောင့်ရှောက်ပေးနေသည်။ နတ်ဆိုးဗုဒ္ဓကျောင်းတော်အတွင်း၌ ကြီးမားသောဘေးဒုက္ခကြီး မကျရောက်လာသေးသ၍ ဘိုးဘေးများက တားမြစ်နယ်မြေထဲက ထွက်လာမှာ မဟုတ်ပါ။

သို့ဖြစ်ရာ တားမြစ်နယ်မြေသို့ ကျောင်းတော်အတွင်းရှိလူများကတောင် ဝင်ရောက်ရန် ခဲယဥ်းလှသည်။ အပြင်လူတစ်ယောက်ဖြစ်သော လန်လဲ့ဆိုပါက ပြောနေစရာတောင် မလိုတော့ပါ။ ယခင်နတ်ဆိုးဗုဒ္ဓကျောင်းတော်၏ သခင်ငယ်လေးကတောင် တားမြစ်နယ်မြေအတွင်းသို့ ဝင်ရောက်ခွင့် မရှိခဲ့ချေ။

ဒဏ္ဍာရီများအရ နတ်ဆိုးဗုဒ္ဓကျောင်းတော်ကြီး၏ ပထမဆုံးတည်ထောင်သူအရှင် ဖိုထျန်းသည် ၎င်းတားမြစ်နယ်မြေအတွင်း၌ ပြိုင်ဖက်ကင်းသော အမွေအနှစ်ကိုလက်ခံရရှိခဲ့ကာ ဧကရာဇ်ဘုံလောကကြီး၏အထွဋ်အထိပ်သို့ တက်လှမ်းနိုင်ခဲ့သည်ဟု ဆိုသည်။ နောက်ပိုင်းတွင် ကြီးမားသောနတ်ဆိုးဗုဒ္ဓကျောင်းတော်ကြီးကို တည်ထောင်ခဲ့ကာ ဧကရာဇ်ဘုံလောကကြီး၌ ထိပ်တန်းအင်အားစုကြီး ဖြစ်လာစေခဲ့သည်။

ပထမကျောင်းတော်သခင်မှလွဲ၍ နောက်မျိုးဆက်ကျောင်းတော်သခင်များသည် ၎င်းတားမြစ်နယ်မြေအတွင်းရှိ အမွေအနှစ်ကို မရရှိနိုင်ခဲ့ကြပါ။ သို့ဆိုလျှင်တောင်မှ ၎င်းတားမြစ်နယ်မြေကြီးသည် နတ်ဆိုးဗုဒ္ဓကျောင်းတော်ကြီး၏ အမြင့်မြတ်ဆုံးနေရာဖြစ်နေဆဲသာ။

အင်မော်တယ်ဧကရာဇ်တစ်ပါးရောက်လာခဲ့လျှင်တောင် တားမြစ်နယ်မြေအတွင်းသို့ ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ချေ။ သူအရှေ့ရှိလူဆိုပါက ပြောနေစရာတောင် မလိုတော့ပါ။

" ဒီကမိတ်ဆွေက သိပ်ကိုမောက်မာလွန်းနေတယ် မဟုတ်ဘူးလား။ အခု ဒီကထွက်သွားမယ်ဆိုရင် ဒီလိုစကားမျိုး မကြားခဲ့ဘူးလို့ ယူဆလိုက်မယ်။ အရှင်ကသာ ဒီကိစ္စကို ဆက်ပြီးပြောနေမယ်ဆိုရင် ကျွန်တော်ကိုလည်း ရိုင်းစိုင်းရက်စက်တဲ့အတွက် အပြစ်မတင်နဲ့တော့။ "

ဖိုလျို့၏မျက်ဝန်းများသည် လန်လဲ့ကိုစိုက်ကြည့်နေရင်း မှေးကျဥ်းသွားခဲ့သည်။ သူဟာ သတ်ဖြတ်လိုသောစကားအပြည့်ဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။ ခန်းမအတွင်းရှိ အပူချိန်သည် ရုတ်ချည်းနိမ့်ကျသွားခဲ့ကာ အေးစိမ့်စိမ့်ခံစားမှုမျိုးကို ဖြစ်ပေါ်စေခဲ့သည်။ သာမန်လူများကသာ ထိုကဲ့သို့စကားမျိုးပြောဆိုရဲခဲ့လျှင် ဖိုလျို့က ဒေါသထွက်သွားမှာတောင်မဟုတ်ပါ။ ထိုသူ့ကို လက်ဝါးတစ်ချက်ဖြင့် အသာကလေးရိုက်သတ်လိုက်နိုင်သည်။ သို့သော်လည်း လန်လဲ့၏ခွန်အားက ခန့်မှန်းမရ ဖြစ်နေခဲ့သည်။ ထို့ကြောင့် သူသည် ပို၍တောင် ဒေါသထွက်နေမိသည်။

ဂုဏ်သရေရှိသောနတ်ဆိုးဗုဒ္ဓကျောင်းတော်ကြီး၏သခင်က ယခုအချိန်တွင် မတုံ့ပြန်ရဲဘူးတဲ့လား။ သူသည် နတ်ဆိုးဗုဒ္ဓကျောင်းတော်၏ အရှင်သခင်ဖြစ်လာပြီးကတည်းက ဤကဲ့သို့အခြေအနေမျိုးကို မကြုံတွေ့ဖူးခဲ့ပါ။

" ဝှစ် ! "

ဖိုလျို၏စကားဆုံးသွားသည့်အခါ လန်လဲ့၏မျက်ဝန်းများသည် မှေးကျဥ်းသွားပြီးလျှင် အေးစက်သောအလင်းတန်းတစ်ခုသည် မျက်ဝန်းသူငယ်အိမ်များအတွင်း ဖြတ်သန်းသွားခဲ့သည်။ ယင်းနောက် သူဟာ ဖြတ်ခနဲပျောက်ကွယ်၍ ဖိုလျို့၏အရှေ့သို့ ရောက်ရှိလာခဲ့သည်။ အရှိန်နှုန်းမှာ မြန်ဆန်သည်ဖြစ်ရာ တုန်ထျန်းဧကရာဇ်အထွဋ်အထိပ်၌ရှိနေသော ဖိုလျို့ကတောင်မှ မတုံ့ပြန်နိုင်ခဲ့ပါ။

သူပြန်၍သတိဝင်လာသည့်အခါ လန်လဲ့သည် သူ၏အရှေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ဖိုလျို့၏နှလုံးသားသည် တုန်ခါသွားခဲ့သည်။ သူဟာ ထိတ်ထိတ်ပြာပြာ ဖြစ်သွားခဲ့သည်။

များမကြာမီတွင် လန်လဲ့သည် လက်ကိုပင့်မြှောက်၍ ဖိုလျို့၏လည်ဂုတ်ကို ဆွဲကိုင်ခဲ့သည်။ အစွမ်းထက်သောခွန်အားသည် သူ၏လက်ဖဝါးအတွင်းမှ ပေါက်ကွဲထွက်ပေါ်လာလျက် ဖိုလျို့ကို တင်းကြပ်စွာ ချုပ်နှောင်ထားခဲ့သည်။

" ဒီသခင်လေး မင်းကိုပြောတာ ခွင့်ပြုချက်တောင်းနေတယ်လို့ ထင်လို့လား။ ဒီသခင်လေးပြောတာကို သဘောမတူရင် မင်းသေလိုက်တော့။ "

၎င်းအေးစက်သောစကားလုံးများ လန်လဲ့၏နှုတ်ဖျားမှ ထွက်ပေါ်လာခဲ့သည်။ သူ၏မျက်နှာသည် အနည်းငယ်တောင် ပြောင်းလဲမသွားခဲ့ပါ။ သူဟာ ဖိုလျို့ကို သေလူတစ်ယောက်ကဲ့သို့ စူးစိုက်ကြည့်နေခဲ့သည်။

" မင်း....မင်း...."

ဖိုလျို့၏မျက်နှာသည် နီမြန်းလာခဲ့သည်။ သူ၏မျက်ဝန်းသူငယ်အိမ်များအတွင်းတွင် ကြောက်လန့်မှုများရှိနေခဲ့ပြီး ကိုယ်ခန္ဓာဟာ မယုံကြည်နိုင်စွာ တုန်ခါနေခဲ့သည်။

သူသည် နတ်ဆိုးဗုဒ္ဓကျောင်းတော်၏သခင်ဖြစ်လာပြီးကတည်းက အကြောက်တရားကိုမခံစားရတော့သည်မှာ နှစ်ကာလကြာမြင့်ခဲ့လေပြီ။ သူ၏လည်ပင်းကို လန်လဲ့က ဆုတ်ကိုင်ခဲ့သည့်အခါ သေခြင်းနဲ့နီးကပ်သောခံစားချက်တစ်မျိုးကို သူရရှိလိုက်သည်။ ခန္ဓာကိုယ်ဟာ တုန်ယင်နေခြင်းကို မရပ်တန့်နိုင်တော့ပါ။

သူသည် ကိုယ်တွင်းရှိစွမ်းအင်တို့ကိုရွေ့လျားစေလျက် လန်လဲ့၏လက်ဖဝါးအတွင်းမှ လွှတ်မြောက်အောင် ကြိုးစားချင်ခဲ့သည်။ သို့သော်လည်း သူဘယ်လောက်ဘဲကြိုးစားပါစေ လန်လဲ့၏လက်ဖဝါးထဲမှ မလွှတ်မြောက်နိုင်ခဲ့ပါ။ သူ၏ တုန်ထျန်းဧကရာဇ်အထွဋ်အထိပ်ကျင့်ကြံမှုစွမ်အားသည် လန်လဲ့၏အေရှ့တွင် အသုံးမဝင်ပုံ ရသည်။

အကြောက်တရား၏ခံစားချက်သည် ပို၍ပို၍ ပြင်းထန်လာခဲ့သည်။ ဒီလူက အသက်တောင်ကြီးသေးပုံ မပေါ်ဘူး။ ဘယ်လိုလုပ် ဒီလောက်ထိတ်လန့်စရာကောင်းတဲ့ခွန်အားကို ပိုင်ဆိုင်နေရတာလဲ။

သူသည် တုန်ထျန်းဧကရာဇ်အထွဋ်အထိပ်စွမ်းအားရှင်ဖြစ်သည်။ သူ၏တိုက်ပွဲဝင်ခွန်အားက အင်မော်တယ်ဧကရာဇ်အဆင့်စွမ်းအားရှင်များကို ရင်ဆိုင်နိုင်သည်ကို ထည့်မပြောရင်တောင် တုန်ထျန်းဧကရာဇ်အထွဋ်အထိပ်စွမ်းအားရှင်များအကြားတွင် သန်မာသောပုဂ္ဂိုလ်ဟု ယူဆနိုင်သည်။ ဒါပေမဲ့ လန်လဲ့က သူ့ကို လွယ်လင့်တကူ ဖမ်းဆီးလိုက်သည်လား။ အနည်းငယ်တောင် ခုခံခွင့်မရခဲ့ဘဲလေ။

" ဒီသခင်လေးရဲ့စိတ်က သိပ်မရှည်ဘူးနော်။ ငါ့ရဲ့စိတ်ရှည်မှုတွေ ကုန်ဆုံးသွားခဲ့ရင် မင်းမှာအသက်ရှင်စရာ အခွင့်အရေး လုံးဝကျန်တော့မှာ မဟုတ်ဘူး။ "

လန်လဲ့သည် အေးစက်သောအသံဖြင့် ပြောဆိုလိုက်သည်။ သူသည် ဖိုလျို့၏လည်ပင်းကို ပို၍တင်းကြပ်စွာ ဆုပ်ကိုင်ခဲ့သည်။ ဖိုလျို့၏လည်ပင်းထက်မှ အနည်းငယ် အက်ကွဲသည့်အသံပင် ထွက်ပေါ်လာခဲ့သည်။

၎င်းအက်ကွဲလိုက်သည့်အသံသည် ဖိုလျို့ကို ထိတ်လန့်သွားစေခဲ့သည်။ သူက သူ၏ဝိညာဥ်သည် အချိန်မရွေး လွင့်စင်ထွက်သွားတော့မလိုမျိုး ခံစားနေခဲ့ရသည်။

" ငါသဘောတူတယ်။ ငါသဘောတူတယ် "

သေခြင်းနဲ့ယှဥ်၍ ခြိမ်းခြောက်ခံရသည့်အခါ ဖိုလျို့သည် တွေးတောရန်တောင် အချိန်မရှိတော့ဘဲ လျှင်မြန်စွာ ပြောဆိုလိုက်သည်။

သူက လန်လဲ့ကို မတားဆီးနိုင်ဘူးဆိုတာကို သိသည်။ လန်လဲ့၏ခန့်မှန်းမရသောကျင့်ကြံမှုဖြင့်ဆိုပါက သူသဘောမတူခဲ့လျှင်တောင် နတ်ဆိုးဗုဒ္ဓကျောင်းတော်၌ သဘောတူသောလူများ ရှိလာလိမ့်မည်။ ဒီလိုဆိုပါက သူလည်း အချည်းနှီး သေဆုံးရပေလိမ့်မည်။

တစ်ခုတည်းသောအခွင့်အရေးမှာ လန်လဲ့ကို သဘောတူဟန်ဆောင်ပြီး တားမြစ်နယ်မြေအတွင်းရှိ ဘိုးဘေးများကို လန်လဲ့နဲ့ ရင်ဆိုင်ဖြေရှင်းခိုင်းလိုက်ရန် ဖြစ်သည်။

လန်လဲ့၏ကျင့်ကြံမှုက အင်မော်တယ်ဧကရာဇ်အထွဋ်အထိပ်ဆိုလျှင်တောင် သူသည် တားမြစ်နယ်မြေအတွင်းရှိ အင်မော်တယ်ဧကရာဇ်အဆင့်ဘိုးဘေးကြီးများ၏ ပေါင်းစပ်အင်အားကို ရင်ဆိုင်နိုင်မှာ မဟုတ်ပါ။

" ဘုန်း...! "

ဖိုလျို့၏စကားဆုံးသွားသည့်အခါ လန်လဲ့က အေးစက်စွာနှာမှုတ်လျက် ဖိုလျို့ကို ပစ်ပေါက်လိုက်ရာ မြေပြင်နဲ့ ဗန်းခနဲမြည်အောင် တိုက်ခတ်မိသွားခဲ့သည်။ ခန်းမကြီးတစ်ခုလုံးက တသိမ့်သိမ့်ခါယမ်းသွားခဲ့သည်။

" ဖစ် ! "

အစွမ်းထက်သောတန်ပြန်အားသည် ဖိုလျို့ကို သွေးတစ်လုတ်အန်ထုတ်စေခဲ့သည်။ သူ၏မျက်နှာဟာ ဖြူဖျော့လာခဲ့ပြီး တစ်ကိုယ်လုံးက အရှက်ရမှုကြောင့် တစ်ဆတ်ဆတ်တုန်ခါနေခဲ့သည်။

" ဒီလမ်းပါ "

ဖိုလျို့သည် အင်မတန်ဒေါသထွက်နေခဲ့သော်လည်း အနည်းငယ်တောင် ခံစားချက်တို့ကို ဖော်ထုတ်မပြသရဲခဲ့ပါ။ သူက ရိုသေလေးစားစွာတောင် ပြောဆိုနေခဲ့ရသည်။ လက်တစ်ဖက်ကို ဆန့်တန်းထုတ်၍ လန်လဲ့ကို လမ်းပြပေးခဲ့ရသည်။

All Chapters