← Chapters

နတ်ဆိုးဗုဒ္ဓကျောင်းတော်၏ ခေါင်းဆောင်ငါးပါး

Vol. 55 Ch. 768

နတ်ဆိုးဗုဒ္ဓကျောင်းတော်၏ ခေါင်းဆောင်ငါးပါး

Vol. 55 Ch. 768

နတ်ဆိုးဗုဒ္ဓကျောင်းတော်၏ တားမြစ်နယ်မြေကြီးသည် ကျောင်းတော်၏ အနက်ရှိုင်းဆုံးအပိုင်းတွင်တည်ရှိကာ အလျှို့ဝှက်ဆုံးနေရာကြီးတစ်ခုလည်းဖြစ်သည်။

နတ်ဆိုးဗုဒ္ဓကျောင်းတော်ကြီးကို ပထမဆုံးတည်ထောင်ခဲ့သောနန်းတော်သခင်သည် ကျောင်းတော်ကိုတည်ဆောက်ပြီးနောက် ကျောင်းတော်၏ တားမြစ်နေရာကိုကာကွယ်ရန် လျှို့ဝှက်နယ်မြေတစ်ခုဖြင့် ဖုံးကွယ်ထားခဲ့သည်။

၎င်းလျှို့ဝှက်နယ်မြေအတွင်း၌ နတ်ဆိုးဗုဒ္ဓကျောင်းတော်ကြီး၏ဘိုးဘေးများသည် တင်းကျပ်သောအစီအရင်ကြီးတစ်ခုကိုလည်း ခင်းကျင်းထားခဲ့သည်။ တားမြစ်နယ်မြေအတွင်းသို့ချိုးဖောက်ဝင်ရောက်သွားရန် ထင်သလောက်လွယ်ကူခြင်းမရှိပါ။

အင်မော်တယ် ဧကရာဇ်အဆင့်ကိုရောက်ရှိနေသော ဘိုးဘေးများ၏ကာကွယ်စောင့်ရှောက်မှုအပြင် တားမြစ်နယ်မြေတစ်ခုလုံးကို အတင်းကျပ်ဆုံးစည်းမျဉ်းများဖြင့် ချုပ်ချယ်ထားခဲ့သည်။

"ရှပ် ရှပ်"

ဤအခိုက်အတန့်တွင် သုသာန်တစပြင်အလားတိတ်ဆိတ်နေသော တားမြစ်နယ်မြေကြီးအတွင်း၌ ခြေလှမ်းသံများထွက်ပေါ်လာခဲ့သည်။ လူနှစ်ယောက်သည် အဝေးတစ်နေရာမှလမ်းလျှောက်လာခဲ့သည်။ သို့သော်လည်း သူတို့၏ခြေလှမ်းသံသည် တိတ်ဆိတ်နေသောပတ်ဝန်းကျင်တစ်ခွင်၌ ပဲ့တင်ထပ်နေခဲ့သည်။

ထိုသူနှစ်ယောက်မှာ ဖိုလျိုနှင့်လန်လဲ့တို့ဖြစ်ကြသည်။

တားမြစ်နယ်မြေနှင့်ပိုမိုနီးကပ်လာလေလေ ဖိုလျို၏မျက်ဝန်းများအတွင်းရှိ အေးစက်သောအလင်းတန်းမှာ ပို၍တောက်ပလာလေလေဖြစ်ကာ သူ၏မျက်နှာပေါ်တွင် လှောင်ပြောင်ရိပ်တစ်ခုထွက်ပေါ်လာခဲ့သည်။ သူအရှက်ရခဲ့တဲ့အတွက် ပြန်ပြီးလက်စားချေဖို့ အချိန်သိပ်မလိုတော့ဘူး။

သူသည် သူ့ကိုဒုက္ခပေးခဲ့သောထိုလူကို ပြန်၍သင်ခန်းစာပေးချင်နေခဲ့သည်။

ထိုသူ၏ကျင့်ကြံမှုက အင်မော်တယ် ဧကရာဇ်အထွဋ်အထိပ်တွင်ဆိုလျှင်တောင် တားမြစ်နယ်မြေအတွင်း ဝင်ရောက်လိုက်သည်နှင့်တစ်ပြိုင်နက် ဖိနှိပ်ချုပ်ချယ်ခံရလိမ့်မည်။ ကြောက်လန့်စရာကောင်းသောအစီရင်ကြီးအပြင် ဘိုးဘေးများ၏တိုက်ခိုက်မှုသည် သာမန် အင်မော်တယ် ဧကရာဇ်အဆင့်စွမ်းအားရှင်များ ရင်ဆိုင်နိုင်မည့်အရာဟုတ်မနေပါ။

တားမြစ်နယ်မြေကြီး၏အစီအရင်ကြီးကို နတ်ဆိုးဗုဒ္ဓကျောင်းတော်၏ပထမဆုံးဂိုဏ်းချုပ် ဖိုထျန်းမှ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က ဖိုထျန်း၏ခွန်အားသည် ဧကရာဇ်ဘုံလောကကြီးတွင်အသန်မာဆုံးဟု ပြောဆို၍မရနိုင်သော်လည်း ထိပ်တန်းပုဂ္ဂိုလ်များအနက် တစ်ယောက်အပါအဝင်ဖြစ်သည်။ သူ့တွင် ပြိုင်ဘက်အနည်းငယ်သာရှိခဲ့ပါသည်။

လန်လဲ့သည် ဖိုလျို၏အမူအရာအပြောင်းအလဲကို သတိမထားမိခဲ့သည့်ပုံပေါ်ကာ တားမြစ်နယ်မြေအတွင်းသို့ ခံစားချက်စိုးစဉ်းမျှမရှိဘဲဝင်ရောက်သွားခဲ့သည်။

"ဆရာ၊ ဆရာပြောတဲ့ ဆရာ့ရဲ့မိတ်ဆွေဆိုတာက နတ်ဆိုးဗုဒ္ဓကျောင်းတော်ရဲ့ တားမြစ်နယ်မြေထဲမှာရှိတာ သေချာရဲ့လား"

"ဆရာကတောင် အရမ်းအစွမ်းထက်နေတာ ဆရာ့ရဲ့မိတ်ဆွေကလည်းအစွမ်းထက်မှာပဲ။ ဘယ်လိုလုပ်တားမြစ်နယ်မြေထဲမှာ ပိတ်မိနေရတာလဲ"

ဤအခိုက်အတန့်တွင် လန့်လဲက သူ၏ဘေးတွင်ရှိနေသောဖိုလျိုကို ဂရုမစိုက်ခဲ့ချင်ပါ။ သူ၏စိတ်အသိသည် သေတ္တာငယ်ကလေးအတွင်းသို့နစ်မြုပ်သွားကာ တိတ်ဆိတ်စွာ မေးမြန်းနေခဲ့၍ဖြစ်သည်။

ဧကရာဇ်ဘုံလောကကြီးကိုရောက်ရှိပြီးနောက် နတ်ဆိုးဗုဒ္ဓကျောင်းတော်သို့ သူလာခဲ့ရသည့်ရည်ရွယ်ချက်မှာ သူ၏လျို့ဝှက်ဆန်းကြယ်သောဆရာက တားမြစ်နယ်မြေအတွင်း၌ပိတ်မိနေသော မိတ်ဆွေတစ်ယောက်ကို ကယ်တင်ရန်ပြောဆိုလာခဲ့သောကြောင့်ဖြစ်သည်။

"ဒီနတ်ဆိုးဗုဒ္ဓကျောင်းတော်လေးက ငါ့ရဲ့မိတ်ဆွေကို ဘယ်လိုလုပ်ဖိနှိပ်ထားနိုင်မှာလဲ"

"ငါ နတ်ဆိုးဗုဒ္ဓကျောင်းတော်ထဲကနေ ငါ့မိတ်ဆွေဟောင်းကြီးရဲ့အရှိန်အဝါကို အာရုံခံလို့ရခဲ့တယ်။ ကြည့်ရတာ နတ်ဆိုးဗုဒ္ဓကျောင်းတော်ရဲ့ပထမဆုံးတည်ထောင်သူက ငါ့မိတ်ဆွေရဲ့ အမွေအနှစ်အနည်းငယ်ကိုရရှိသွားတာဖြစ်လိမ့်မယ်။ ပြီးတော့ နတ်ဆိုးဗုဒ္ဓကျောင်းတော်ကြီးကိုတည်ထောင်ခဲ့တာပေါ့"

"လန့်အာ၊ မင်းမှတ်ထားရမယ် ငါ့ကိုဖိနှိပ်ခဲ့တဲ့လူနဲ့ ငါ့ရဲ့မိတ်ဆွေဟောင်းကြီးတွေက ဒီလောကကြီးထဲမှာ အသန်မာဆုံးပုဂ္ဂိုလ်ကြီးတွေပဲ။ သူတို့က သာမန်နတ်ဘုရားတွေမဟုတ်ဘူး။ ပြီးတော့ ဒီလူအိုကြီးရဲ့ပြိုင်ဘက်ကလည်း သာမန်မဟုတ်ဘူး။ မင်းဆရာ့အတွက် လက်စားချေပေးချင်တယ်ဆိုရင် သွားရမယ့်လမ်းခရီးကအဝေးကြီးရှိသေးတယ်"

အပျက်အစီးလွင်ပြင်အတွင်း၌ ရှေးဆန်သောအသံကြီးသည် ပဲ့တင်ထပ်ထွက်ပေါ်လာခဲ့သည်။

"ဆရာ မစိုးရိမ်ပါနဲ့။ တစ်နေ့နေ့မှာဒီတပည့်က ဆရာ့ကိုအနိုင်ကျင့်ခဲ့တဲ့ရန်သူတွေကို သတ်ဖြတ်ပေးမယ်။ ဆရာခံစားခဲ့ရတဲ့အရှက်ခွဲမှုထက် အစပေါင်းထောင်သောင်းချီပြန်ပြီးခံစားရစေမယ်"

လန်လဲ့၏မျက်ဝန်းများအတွင်း၌ အေးစက်သောအလင်းတန်းတစ်ခုဖြတ်သန်းသွားခဲ့ကာ ကျယ်လောင်စွာပြောဆိုလိုက်သည်။

"ကောင်းပြီ မစိုးရိမ်ပါနဲ့။ မင်းကိုဒီဆရာကိုယ်တိုင် လေ့ကျင့်သင်ကြားပေးခဲ့တာပဲလေ။ မင်းရဲ့စိတ်နှလုံးသားကသာ ခိုင်မာနေသေးသရွေ့ အသန်မာဆုံးဖြစ်လာဖို့ဆိုတာ အချိန်အတိုင်းအတာပဲလိုအပ်မှာပါ"

စိတ်ကျေနပ်နေသောအသံကြီးသည် အပျက်အစီးလွင်ပြင်အတွင်း၌ ပဲ့တင်ထပ်သွားခဲ့သည်။ ထိုသူ၏အသံတွင် အဆုံးအစမဲ့သောယုံကြည်မှုတို့ပါဝင်နေခဲ့သည်။

"ဘိုးဘေးတို့!"

"အမည်မသိရန်သူတစ်ယောက် ကျူးကျော်လာခဲ့ပါတယ်။ ကျေးဇူးပြုပြီးဖိနှိပ်ပေးကြပါ"

ဤအခိုက်အတန့်တွင် အော်ဟစ်သံတစ်ခုသည် လန်လဲ့၏နားစည်များကိုရိုက်ခတ်သွားခဲ့ကာ သူ့ကိုအစစ်အမှန်ကမ္ဘာလောကသို့ ပြန်၍ခေါ်ဆောင်သွားခဲ့သည်။ သူအနီးဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်သည့်အခါ ဖိုလျိုသည် ဘယ်တုန်းကမှန်းမသိ တားမြစ်နယ်မြေအတွင်းသို့ပြေးဝင်သွားပြီး ကျယ်လောင်စွာ အော်ဟစ်အကူအညီတောင်းလိုက်သည်ကိုတွေ့လိုက်ရသည်။

ဒါကိုမြင်တော့ လန်လဲ့၏နှုတ်ခမ်းများသည် ဆိုးယုတ်စွာတွန့်ကွေးသွားခဲ့သည်။ သူဟာ ဖိုလျိုကိုတားဆီးရန်မကြိုးပမ်းခဲ့ဘဲ အေးစက်သောမျက်ဝန်းများဖြင့်သာ စူးစိုက်ကြည့်နေခဲ့သည်။

လန်လဲ့အတွက်တော့ လက်ရှိ ဖိုလျိုသည် ကခုန်နေသောလူပြတ်တစ်ယောက်သာဖြစ်သည်။ ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်ပါလိမ့်။

"ဘယ်သူက နတ်ဆိုးဗုဒ္ဓကျောင်းတော်ရဲ့တားမြစ်နေရာကို ကျူးကျော်ရဲတာလဲ"

ဖိုလျို၏အကူအညီတောင်းသံ ပြီးဆုံးသည့်မကြာသေးခင်တွင် အိုမင်းရင့်ရော်နေသောအသံကြီးများသည် ကျောင်းတော်၏တားမြစ်နေရာအတွင်းမှ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ အသံလှိုင်းအတွင်း၌ ခမ်းနားသောစွမ်းအားတို့ ကိန်းဝပ်နေခဲ့ကာ ကျင့်ကြံမှုနိမ့်ပါးသောလူများဆိုပါက ကိုယ်ခန္ဓာများကွဲအက်၍ တစ်စစီသေဆုံးသွားပေလိမ့်မည်။

"ဘုန်း!"

၎င်းအသံနက်ကြီးများနှင့်အတူ ပြင်းထန်သော စွမ်းအင်အရှိန်အဝါများသည် တားမြစ်နယ်မြေအတွင်းမှ ထွက်ပေါ်လာခဲ့သည်။ နယ်မြေတစ်ခုလုံးအတွင်းတွင် ကြီးလေးပြီးစိတ်ပျက်စရာကောင်းသော လေထုကြီး ကြီးစိုးနေခဲ့ကာ လူအများကိုအသက်ရှူကြပ်စေခဲ့သည်။

တစ်ချိန်တည်းတွင် မူလက သေဆုံးနေသောတားမြစ်နယ်မြေကြီးသည် အသက်ဝင်လာသည့်ပုံပေါ်သည်။ လျှို့ဝှက်ဆန်းကြယ်သော သင်္ကေတများသည် တားမြစ်နယ်မြေအတွင်း၌ လင်းလက်လာခဲ့ကာ နယ်မြေကြီးတစ်ခုလုံးသည် ဝင်းလက်တောက်ပနေခဲ့သည်။ ၎င်းသင်္ကေတများသည် တားမြစ်နယ်မြေအတွင်း နဂါးများကဲ့သို့ကူးလူးသွားလာနေခဲ့ကြသည်။

ထိုသင်္ကေတများလင်းလက်လာသည့်အခါ သန်မာ‌သော သတ်ဖြတ်လိုသည့်အရှိန်အဝါများသည်လည်း တားမြစ်နယ်မြေ၏အတွင်း အနက်ရှိုင်းဆုံးအပိုင်းမှ ပေါက်ဖွားလာခဲ့သည်။ ဒါကလူအများ၏စိတ်ဝိညာဉ်ကို ထိန်းကွပ်မရ တုန်ယင်သွားစေခဲ့သည်။

သို့သော်လည်း ဤမျှထိတ်လန့်စရာကောင်းသော စွမ်းအားများနှင့် ရင်ဆိုင်နေခဲ့ရသောငြား လန့်လဲ့၏အမူအရာသည် အနည်းငယ်တောင်ပြောင်းလဲမသွားခဲ့ပါ။ သူဟာ လက်နှစ်ဖက်ကိုနောက်ပစ်၍ တည်ငြိမ်စွာမတ်တတ်ရပ်နေခဲ့ကာ တားမြစ်နယ်မြေ၏အနက်ရှိုင်းဆုံးအပိုင်းသို့ ထူးမခြားနားစွာစိုက်ကြည့်နေခဲ့သည်။ ၎င်းမှာ မသေမျိုးနတ်ဘုရားတစ်ပါးက ပုရွက်ဆိတ်များကို စိုက်ကြည့်နေခဲ့သည့် အကြည့်နှင့်တောင်တူညီနေခဲ့သည်။

"ဘုန်း!"

ဤအချိန်တွင် တားမြစ်နယ်မြေ၏လေဟာပြင်သည် တစ်စစီအက်ကွဲသွားခဲ့ကာ လူပုံရိပ်တချို့သည် လေဟာပြင်အတွင်းမှထွက်ပေါ်လာခဲ့သည်။

ဦးဆောင်လာသူမှာ အနီရောင်သင်္ကန်းကိုဝတ်ဆင်ထားသော ဘုန်းတော်ကြီးတပါးဖြစ်ပြီး ကျန်လူလေးယောက်ကလည်း အနီရောင်သင်္ကန်းများကိုဝတ်ဆင်ထားကြသည်။ သို့သော်လည်း သူတို့အားလုံးတွင် ရှည်လျားသော မီးခိုးရောင်ဆံပင်ရှည်ကြီးများရှိသည်။

ထိုသူငါးယောက်ဟာ နတ်ဆိုးဗုဒ္ဓကျောင်းတော်၏ဘိုးဘေးကြီးများဖြစ်ကြသည်။ ဦးဆောင်လာသူမှာ ကြီးမြတ်သောဘိုးဘေးဖြစ်ပြီး အင်မော်တယ်  ဧကရာဇ်အထွဋ်အထိပ်သို့ ရောက်ရှိနေသော ဖိုလင်းထျန်းဖြစ်သည်။

သူတို့ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ဖိုလင်းထျန်းသည် မျက်မှောင်ကျုံ့လိုက်ကာ လန်လဲ့၏မျက်ဝန်းများကို စူးစိုက်ကြည့်လိုက်သည်။

"ကြီးမြတ်တဲ့ဘိုးဘေးခင်ဗျား ဒီလူက ကျောင်းတော်ထဲကိုခိုးဝင်လာခဲ့ပြီး ကျွန်တော့်ကို တားမြစ်နယ်မြေဆီ ခေါ်ဆောင်လာပေးခိုင်းခဲ့ပါတယ်။ ဒီလူရဲ့ခွန်အားက အရမ်းကိုကြောက်စရာကောင်းလွန်းပါတယ်။ ဒီတပည့်က ရန်သူရဲ့ပြိုင်ဘက်မဟုတ်ခဲ့ပါဘူး။ သူကအင်‌ေမာ်တယ် ဧကရာဇ်အထွဋ်အထိပ်ကို ရောက်ရှိနေနိုင်ပါတယ်။

ဖိုလင်းထျန်းနှင့် အခြားသူများကိုတွေ့မြင်ခဲ့ရသည့်အခါ ဖိုလျိုသည် နောက်ခံတစ်ခုကိုရှာဖွေတွေ့ရှိသွားသည့်အလား နှလုံးသားက အပျော်များဖြင့်ပြည့်နှက်သွားခဲ့သည်။ သူ၏မျက်နှာက ဒေါသထွက်လာခဲ့ကာ ရုတ်တရက်ပြောဆိုလိုက်သည်။

"ဟမ်!"

"အချိန်တွေ အတော်ကလေးကြာသွားပြီ။ အပြင်လူတွေက နတ်ဆိုးဗုဒ္ဓကျောင်းတော်ကြီးထဲကိုကျူးကျော်ရဲလိမ့်မယ်လို့ ငါထင်မထားဘူး။ ဘယ်လိုရှင်သန်နေထိုင်ရမလဲ မသိဘူးကိုး"

ဖိုလျို၏စကားကိုကြားလိုက်ရသည့်အခါ ဖိုလင်းထျန်း၏မျက်ဝန်းများသည် အေးခဲသွားခဲ့သည်။ သူက အေးစက်စွာလှောင်ပြောင်ပြောဆိုလိုက်သည်။ သူ၏စကားလုံးများအတွင်း၌ အဆုံးအစမဲ့သော သတ်ဖြတ်မှုစိတ်ဆန္ဒများပါဝင်နေခဲ့ကာ ပတ်ဝန်းကျင်ရှိအပူချိန်ကို အဆုံးအစွန်အထိလျော့ကျသွားစေခဲ့သည်။

All Chapters