← Chapters

နတ်ဆိုးဗုဒ္ဓဧကရာဇ်အစီရင်ကြီး

Vol. 55 Ch. 769

နတ်ဆိုးဗုဒ္ဓဧကရာဇ်အစီရင်ကြီး

Vol. 55 Ch. 769

နတ်ဆိုးဗုဒ္ဓကျောင်းတော်မဟာဘိုးဘေးကြီးတစ်ယောက်ဖြစ်သည်နှင့်အညီ ဖိုလင်းထျန်းသည် အင်မော်တယ်ဧကရာဇ်အထွတ်အထိပ်တွင်ရှိသော တည်ရှိမှုကြီးတစ်ခုဖြစ်သည်။ သူသည် သဘာဝအလျောက်အင်မတန်မောက်မာသည်။ သူဟာဘယ်တုန်းကမှ တခြားသူတစ်ယောက်ကိုအရေးတယူမဆက်ဆံဖူးပါ။ သို့ဖြစ်ရာ လန်လဲ့၏ကျင့်ကြံမှုကိုတောင်စစ်ဆေးကြည့်ရှူခဲ့ခြင်းမရှိချေ။

သူ၏ကျင့်ကြံမှုခွန်အားဖြင့်ဆိုလျှင် နတ်ဘုရားမျိုးနွယ်စုကြီးလေးစု၏ ဘိုးဘေးများရောက်ရှိလာလျှင်တောင် သူ့ကိုမသတ်ဖြတ်နိုင်ပါ။ သန်မာသော ဟုန်မန်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူတစ်ယောက်က တိုက်ကွက်တစ်ခုဖော်ဆောင်လာခဲ့၍၊ သန်မာသောအင်မော်တယ်ဧကရာဇ်အထွတ်အထိပ်စွမ်းအားရှင်တစ်ယောက်က မြင့်မြတ်သောမှော်ရတနာတစ်ခုကို အသုံးပြုလာခဲ့၍ မဟုတ်လျှင် ဘယ်သူကမှသူ့ကိုသတ်ဖြတ်နိုင်မည်မဟုတ်ပါ။ သူ၏ခန္ဓာကိုယ်သည်ထာဝရရှင်သန်နေပေလိမ့်မည်။

ဤအချင်းအရာများကြောင့် သူသည် လန်လဲ့ကအဘယ့်ကြောင့် နတ်ဆိုးဗုဒ္ဓကျောင်းတော်၏ တားမြစ်နယ်မြေထဲကိုဝင်ရောက်လာရဲခဲ့သလဲဆိုတာကိုတောင်စူးစမ်းခြင်းမရှိတာ ဖြစ်နိုင်သည်။

နတ်ဆိုးဗုဒ္ဓကျောင်းတော်ကို အထင်အမြင်သေးသောလူမှန်သမျှသည် သေဆုံးရပေလိမ့်မည်။

"ဘုန်း!"

ဤသို့တွေးလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အရှိန်အဝါများဖြင့်ပေါက်ကွဲသွားခဲ့ကာ အင်မော်တယ်ဧကရာဇ်အထွတ်အထိပ်ရှိသော စွမ်းအင်အရှိန်အဝါများသည် လှိုင်းထန်သောပင်လယ်ပြင်ကဲ့သို့ ဝေ့ဝဲတိုက်ခတ်သွားခဲ့သည်။ သူဟာကောင်းကင်ယံအထိမြောက်တက်သွားခဲ့ကာ ပုရွက်ဆိတ်များကိုစိုက်ကြည့်နေသကဲ့သို့ ငုံ့မိုးကြည့်ရှူနေခဲ့သည်။

သို့သော်လည်း ဖိုလင်းထျန်းကဲ့သို့သန်မာသောစွမ်းအားရှင်တစ်ယောက်၏အရှိန်အဝါကတောင် လန်လဲ့ကိုအနည်းတောင်မပြောင်းလဲစေခဲ့ပါ။ သူသည်လက်နှစ်ဖက်ကိုအနောက်ပစ်လျက် မတ်တတ်ရပ်နေခဲ့ကာ ဖိုလင်းထျန်းကို ထူးမခြားနားစွာစိုက်ကြည့်နေခဲ့သည်။

"ဘုန်း!"

မျက်တောင်တစ်ခတ်အတွင်း၌ လန်လဲ့၏ပုံရိပ်သည်ဝေဝါးပျောက်ကွယ်သွားခဲ့ကာ ဖိုလင်းထျန်း၏ရှေ့တွင်ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ အရှိန်နှုန်းမှာမြန်ဆန်လွန်းတာကြောင့် ဖိုလင်းထျန်း၏ကျင့်ကြံမှုဖြင့်တောင်ရုတ်တရက်မတုံ့ပြန်နိုင်ခဲ့ပါ။

"ဘုန်း!"

များမကြာမီတွင် ဖိုလင်းထျန်း၏အရှေ့သို့ရောက်ရှိလာသော လန်လဲ့သည်သူ၏လက်တစ်ဖက်ကို ဆန့်တန်းထုတ်လိုက်ကာ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လျက် ဖိုလင်းထျန်းကိုထိုးနှက်ပစ်ခဲ့သည်။

အစွမ်းထက်သော လက်သီးခွန်အားသည် ဖိုလင်းထျန်းကိုလွင့်စင်ထွက်သွားစေခဲ့ကာ လေထုထဲ၌အကြိမ်ပေါင်းများစွာ လှိမ့်ထွက်သွားစေခဲ့သည်။ ယင်းနောက်မှာဖိုလင်းထျန်းတစ်ယောက် ခန္ဓာကိုယ်ကိုပြန်လည်တည်ငြိမ်အောင်ပြုလုပ်နိုင်ခဲ့သည်။

သူဟာပါးစပ်အပြည့်သွေးတစ်လုတ်ကို အန်ထုတ်ခဲ့ရပြီးမျက်နှာကဖြူဆုတ်နေခဲ့သည်။

"ဘယ်လို ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ဤမြင်ကွင်းသည် အရမ်းကိုတရားလွန်လွန်းတာကြောင့် ဖိုလျိုနှင့် အခြားသောဘိုးဘေးကြီးလေးယောက်တို့သည် မတုံ့ပြန်နိုင်ခဲ့ကြပါ။ သူတို့သတိပြန်ဝင်လာသည့်အခါ ဖိုလင်းထျန်းသည်လန်လဲ့ကြောင့် လွင့်စင်ထွက်သွားပြီးဖြစ်သည်။

ဤအခိုက်တန့်တွင် ဖိုလျိုနှင့်အခြားသူများသည် အိမ်မက်တစ်ခုမက်နေသကဲ့သို့ခံစားခဲ့ရသည်။ မြင်ကွင်းမှာအတုယောင်ဆန်လှကာ အဘယ်မျှလောက်ကြည့်ရှူပါစေ ယုံကြည်နိုင်စရာမရှိချေ။

မဟာဘိုးဘေးကြီးသည် အင်မော်တယ်ဧကရာဇ်အထွတ်အထိပ်ကိုရောက်ရှိနေသောသန်မာသည့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သူ၏တိုက်ပွဲဝင်ခွန်အားသည် သာမန်အင်မော်တယ်ဧကရာဇ်အထွတ်အထိပ်စွမ်းအားရှင်များထက်တောင် သန်စွမ်းပါသေးသည်။ နတ်ဘုရားမျိုးနွယ်စုကြီးလေးစု၏ မျိုးနွယ်စုခေါင်းဆောင်များကတောင် မဟာဘိုးဘေးကြီးကိုလွယ်လင့်တကူရှုံးနိမ့်သွားအောင် ပြုလုပ်နိုင်မှာမဟုတ်ပါ။ ဒီလန်လဲ့ကဘယ်သူလဲ။ ကြောက်စရာကောင်းလှချည်လား။

မူလက ဖိုလျို၏မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေခဲ့သော်လည်း ဤအချိန်တွင်တော့ ကြောက်လန့်မှုများသာကြွင်းကျန်ရစ်တော့သည်။ သူကလန်လဲ့ကိုသာ နတ်ဆိုးဗုဒ္ဓကျောင်းတော်၏တားမြစ်နယ်မြေအတွင်းမျှားခေါ် သွားနိုင်ခဲ့လျှင် ဘိုးဘေးများက ထိုသူ့ကိုနှိမ်နင်းနိုင်လိမ့်မည်ဟုတွေးထင်ခဲ့သည်။ ဒါပေမဲ့ ဘယ်ကနေဘယ်လိုဒီလိုအခြေအနေမျိုးအထိရောက်ရှိလာခဲ့တာလဲ။

"သေစမ်း"

ဒေါသထွက်နေသောအော်ဟစ်သံကြီးသည် ဖိုလင်းထျန်း၏နှုတ်ဖျားမှထွက်ပေါ်လာခဲ့သည်။ သူသည်နှလုံးအိမ်အတွင်းရှိ တုန်ခါနေသောသွေးကြောများကိုဖိနှိပ်လိုက်ပြီးလျှင် လန့်လဲ့ကိုစူးစိုက်ကြည့်ရှူခဲ့သည်။ သူ၏အမျက်ဒေါသများသည်မီးတောင်ကြီးပေါက်ကွဲသကဲ့သို့ထွက်ပေါ်လာခဲ့သည်။ သူအင်မော်တယ်ဧကရာဇ်အထွတ်အထိပ်ကို ရောက်ရှိပြီးကတည်းက အရှက်တရားဟူသည်ကိုမခံစားဖူးခဲ့တော့ပါ။

သူကဲ့သို့တည်ရှိမှုကြီးသည် ကောင်းကင်ကိုးဘုံ၏အထက်၌ဝဲပျံနိုင်သော လူတစ်ယောက်ဖြစ်ကာ သူ၏လက်နှင့်ခြေလှုပ်ရှားမှုတစ်ခုစီတိုင်းက ပျက်သုန်းခြင်းဧကရာဇ်ဘုံလောကကြီးတစ်ခုလုံးကို တသိမ့်သိမ့်ခါယမ်းစေနိုင်သည်။ လက်ရှိအချိန်၌တော့ လန်လဲ့ရဲ့အလွယ်တကူတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်တဲ့လား။ နတ်ဆိုးဗုဒ္ဓကျောင်းတော်ရဲ့မဟာဘိုးဘေးတစ်ယောက်ရဲ့မျက်နှာ ဘယ်ရောက်သွားတော့မလဲ။

ဒေါသထွက်နေရင်းဖြင့်ဖိုလင်းထျန်းသည် လန်လဲ့ကိုအင်မတန်လည်းကြောက်ရွံ့လာခဲ့သည်။

လန်လဲ့၏အရှိန်နှုန်းမှာအမှန်တကယ်မြန်ဆန်သော်လည်း အင်မော်တယ်ဧကရာဇ်အထွတ်အထိပ်စွမ်းအားရှင်တစ်ယောက်၏ အရှိန်နှုန်းမျှသာဖြစ်သည်။ လန်လဲ့တိုက်ခိုက်ခဲ့သည့်အခါ သူဟာလည်းအချိန်မီလှုပ်ရှားနိုင်ခဲ့သည်။ သူသည်ကိုယ်တွင်းရှိခွန်အားများကို ရွေ့လျားစေခဲ့သော်လည်း လန်လဲ့၏လက်သီးနှင့်ထိတွေ့မိခဲ့သည့်အခါ သူ့ကိုယ်တွင်းရှိခွန်အားများသည် လန်လဲ့လက်သီးကိုအနည်းငယ်တောင်မရပ်တန့်နိုင်ခဲ့ပါ။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက လေထုထဲလွင့်ထွက်သွားခဲ့ရသည်။

"အတူတူတိုက်ခိုက်ကြ"

"နတ်ဆိုးဗုဒ္ဓဧကရာဇ်အစီရင်ကြီးကိုဖွဲ့စည်းကြ"

ဖိုလင်းထျန်းသည် လန်လဲ့ကိုစူးစိုက်ကြည့်ကာ အေးစက်သောအသံဖြင့်အော်ဟစ်ပြောဆိုလိုက်သည်။

သူသည်မျက်နှာကိုအဖတ်ဆယ်ရန်မကြိုးစားခဲ့ပါ။ လန်လဲ့၏တိုက်ခိုက်ခံရပြီးနောက်သူဟာ လန်လဲ့၏ပြိုင်ဘက်မဟုတ်နိုင်ဘူးဆိုတာကိုသိရှိသွားခဲ့သည်။ လန်လဲ့သည်ငယ်ရွယ်သော်လည်းခွန်အားကတော့ မမှန်းဆနိုင်ဖွယ်ရာဖြစ်သည်။ သူကိုယ်တိုင်ကတောင်ထိုကောင်ငယ်လေးကို မတိုက်ခိုက်နိုင်ပါ။

သူဟာအခြားသော ဘိုးဘေးလေးယောက်နှင့်ပူးပေါင်းတိုက်ခိုက်ရန်တောင်မပြောဆိုတော့ဘဲ ချက်ချင်းပင်နတ်ဆိုးဗုဒ္ဓကျောင်းတော်၏ဝှက်ဖဲကြီးဖြစ်သော နတ်ဆိုးဗုဒ္ဓဧကရာဇ်အစီရင်ကြီးကိုခင်းကျင်းရန် ပြောဆိုခဲ့သည်။

နတ်ဆိုးဗုဒ္ဓဧကရာဇ်အစီရင်ကြီးသည် ကျောင်းတော်၏တည်ထောင်သူဘိုးဘေးခြွင်းချန်ထားခဲ့သော အစွမ်းထက်သည့်အစီရင်ကြီးတစ်ခုဖြစ်သည်။ ဧကရာဇ်အစီကြီးတွင်ချို့ယွင်းချက်တစ်ခုရှိနေခဲ့၍မဟုတ်ပါက ၎င်းအစီရင်ကြီးသည် နတ်ဆိုးဗုဒ္ဓနတ်ဘုရားအစီရင်ကြီးအဖြစ်တောင်အဆင့်ပြောင်းလဲတိုးတက်လာနိုင်သည်။

နတ်ဘုရားမျိုးနွယ်စုကြီးလေးစု၏ခေါင်းဆောင်များကတောင် ဘိုးဘေးငါးယောက်ပူးပေါင်းထိန်းချုပ်သော နတ်ဆိုးဗုဒ္ဓဧကရာဇ်အစီရင်ကြီးကိုရင်မဆိုင်ရဲကြပါချေ။

"ဘုန်း!"

၎င်းစကားများကျဆင်းသွားသည့်အခါ ဖိုလင်းထျန်းသည် တုံ့ဆိုင်းခြင်းမရှိဘဲသူ၏အရှိန်အဝါများကို ချက်ချင်းပေါက်ကွဲထုတ်ဖော်ခဲ့သည်။ သူသည်အင်မတန်လျှို့ဝှက်ဆန်းကြယ်သော ချိတ်စည်းသင်္ကေတများကို အဆက်မပြတ်ဖော်ဆောင်နေခဲ့သည်။ လျှို့ဝှက်ဆန်းကြယ်သော သင်္ကေတများသည်သူ၏ခန္ဓာကိုယ်ပါ်မှ ပေါက်ကွဲထွက်ပေါ်လာခဲ့ကာ နတ်ဆိုးဗုဒ္ဓတားမြစ်နယ်မြေတစ်ခုလုံးသို့ ပျံ့လွင့်သွားခဲ့သည်။

ဤအချိန်တွင် အခြားသောဘိုးဘေးလေးပါးကလည်း လျစ်လျူမရှုရဲကြဘဲ သူတို့ရဲ့အသန်မာဆုံးခွန်အားများကို ဖော်ထုတ်ခဲ့ကြကာ ဖိုလင်းထျန်းနောက်ကိုလိုက်ပါ၍ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည်။

ဖိုလင်းထျန်းတို့ ဘိုးဘေးငါးယောက်သည် တားမြစ်နယ်မြေ၏အလယ်ဗဟိုတွင် ဒြပ်စင်ငါးပါးပုံသဏ္ဌာန်ဖြင့်မတ်တတ်ရပ်နေခဲ့ကြသည်။ သူတို့က လက်သင်္ကေတများကိုရွေ့လျားစေလိုက်သည်အခါတိုင်းတွင် သူတို့၏လက်ချောင်းများအကြားမှဆန်းကြယ်သောသင်္ကေများထွက်ပေါ်လျက်ရှိသည်။ ၎င်းသင်္ကေတများသည် မျက်တောင်တစ်ခတ်အတွင်း၌ ကမ္ဘာလောကတွင်အပြည့်အနှက်ဖြစ်သွားခဲ့သည်။

နတ်ဆိုးဗုဒ္ဓကျောင်းတော်အထက်ကောင်းကင်ယံရှိ တိမ်စိုင်တိမ်လိပ်များသည်ရုတ်တရက်မည်းညို့သွားခဲ့ကာ လျှပ်စီးများနှင့်မိုးခြိမ်းသံများထွက်ပေါ်လာခဲ့သည်။ ကမ္ဘာလောကကြီးသည် ပျက်စီးတော့မည့်အလားဖြစ်နေခဲ့ချေသည်။ နတ်ဆိုးဗုဒ္ဓကျောင်းတော်အတွင်းရှိ သန်မာသောစွမ်းအားရှင်များသည် ထိတ်လန့်မှုတို့ကြောင့်တုန်ယင်နေခဲ့ကြကာ အံ့အားတသင့်ရေရွတ်ပြောဆိုမိခဲ့ကြသည်။

၎င်းသင်္ကေတများ၏ထွက်ပေါ်လာမှုနှင့်အတူ နတ်ဆိုးဗုဒ္ဓတားမြစ်နယ်မြေကြီးသည်တောက်ပသော အလင်းတန်းတို့ဖြင့်ဝဲဖြာလာခဲ့သည်။ တားမြစ်နယ်မြေကြီးတစ်ခုလုံးသည် အလျှံတညီးညီးတောက်ပသော နေတစ်စင်းအဖြစ်အသွင်ပြောင်းလဲသွားခဲ့ကာ ကျိန်းစက်ဖွယ်အလင်းတန်းကိုဖော်ဆောင်ခဲ့လေသည်။

"ဘုန်း!"

မုန်တိုင်းတစ်ခုနှင့် အလားသဏ္ဌာန်တူသောစွမ်းအားသည် နတ်ဆိုးဗုဒ္ဓတားမြစ်နယ်မြေတစ်ခုလုံးကိုတိုက်ခတ်သွားခဲ့ကာ ပတ်ဝန်းကျင်လေထုသည် ပကတိမျက်စိဖြင့်တွေ့မြင်နိုင်သည်အထိ ပုံပျက်ယိုယွင်းသွားခဲ့သည်။ လေထုထဲ၌အက်ကွဲကြောင်းများ အဆက်မပြတ်ထွက်ပေါ်လာခဲ့သည်။

ဤကဲ့သို့ထိတ်လန့်စရာကောင်းသော ခွန်အားနှင့်ရင်ဆိုင်နေရသော်လည်း လန်လဲ့၏မျက်နှာသည် အနည်းငယ်သောကြောက်လန့်မှုကိုမျှမဖော်ပြခဲ့ပါ။ သူဟာကြိုတင်ပြင်ဆင်မှုများကိုတောင်မပြုလုပ်ခဲ့ဘဲ နေရာတွင်သာတည်ငြိမ်စွာ မတ်တတ်ရပ်နေခဲ့သည်။ သူသည် ကမ္ဘာမြေတုန်ခါလောက်သောအစီရင်ကြီးနှင့် ရင်ဆိုင်နေရသည်နှင့်မတူဘီခဲ့ဘဲ အချိန်မရွေးဖျက်ဆီးနိုင်သော သေးငယ်သည့်အစီရင်တစ်ခုနှင့် ရင်ဆိုင်နေရသည်နှင့်တူညီနေခဲ့သည်။

ဤမြင်ကွင်းကြောင့် မူလကအနည်းငယ်ပျော်ရွှင်လာခဲ့သော ဖိုလင်းထျန်းသည်စိတ်ရှုပ်ထွေးသွားခဲ့သည်။

လန်လဲ့က၎င်းကဲ့သို့ကြီမားသည့်ခွန်အား၏ မျက်မှောက်တွင်အဘယ့်ကြောင့်တည်ငြိမ်နေရသလဲဆိုတာကို သူတွေးဆ၍မရနိုင်ခဲ့ပါ။

သူက ဘိုးဘေးငါးယောက်အတူတကွဖော်ဆောင်ခဲ့တဲ့အစီရင်ကြီးကို ဖျက်ဆီးနိုင်နေတာများလား။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

မည်သို့ပင်ဖြစ်စေ ဖိုလျိုနှင့်အခြားသူများအားလုံးသည် လန်လဲ့တွင်ထိုကဲ့သို့ခွန်အားမျိုးရှိလိမ့်မည်ဟု ယုံကြည်မထားပါ။ ဘိုးဘေးတစ်ပါးကို လက်သီးတစ်ချက်ဖြင့်လွင့်စင်ထွက်သွားစေသည်က ဘုံလောကကြီးတစ်လုံးကိုတုန်ခါစေနိုင်မည့်လုပ်ရပ်မျိုးဖြစ်သည်။ ဧကရာဇ်ဘုံလောကကြီးအတွင်း၌ နတ်ဘုရားမျိုးနွယ်စုကြီးလေးစုကလွဲ၍

ဘယ်သူများလန်လဲ့၏ပြိုင်ဘက်ဖြစ်နိုင်ဦးမည်လော။

နတ်ဘုရားမျိုးနွယ်စုကြီးလေးစုကတောင် လန်လဲ့ကိုရန်စရဲလိမ့်မည်မဟုတ်ချေ။

ဤအကြောင်းတွေးမိလိုက်သည့်အခါ ဂိုဏ်းချုပ်ဖြစ်သောဖိုလျိုသည် နှလုံးသားထဲ၌အတွေးတစ်ခုကို တွေးဆလိုက်မိသည်။ အစကတည်းကသာ သူကလန်လဲ့ကိုနတ်ဆိုးဗုဒ္ဓတားမြစ်နယ်မြေထဲကိုခေါ်ဆောင်သွားပြီး လန်လဲ့နှင့်မိတ်ဆွေဖွဲ့ခဲ့ပါလျှင် နတ်ဆိုးဗုဒ္ဓကျောင်းတော်ကြီးအတွက် ပို၍ကောင်းမွန်လိမ့်မည်မဟုတ်ပါလော။

All Chapters