← Chapters

သတ်ဖြတ်ခြင်း

Vol. 55 Ch. 773

သတ်ဖြတ်ခြင်း

Vol. 55 Ch. 773

ကျန်းရွှမ်သည် ဖန်းတောက်ယိကို မြဲမြံစွာ စိုက်ကြည့်လိုက်သည်။ သူ၏ နှလုံးသားက ရုတ်တရက် လေးလံလာခဲ့သည်။ကျန်းရွှမ်သည် ဓားရုပ်ခန္ဓာအမွေအနှစ်တစ်ခုရရှိထားပြီး  သူ၏ခန္ဓာကိုယ်အတွင်း၌ ကျင့်ကြံမှု လမ်းစဉ်နှစ်ခု ပြိုင်တူဖြစ်ထွန်းနေသည်။သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကလည်းအခြားသူများထက် သာလွန်နေသည်။သို့သော်လည်းဖန်းတောက်ယိဟာ  ရှစ်ဖန်းကောင်းကင်နန်းတော်၏ ထပ်တန်း ပါရမီရှင်တစ်ယောက်ဖြစ်ကာ တိုက်ပွဲ၀င်စွမ်းအားနှင့် ပါရမီသည် သူထက်နိမ့်ကျခြင်းမရှိပါ။

အဆင့်တူတွင် ဆိုပါက သူဟာ ဖန်းတောက်ယိကို ကြောက်လန့်နေလိမ့်မည်မဟုတ်ချေ။ သို့သော်လည်း လက်ရှိတွင် ဖန်းတောက်ယိသည် သွေးနီရောင်ဧကရာဇ် အထွဋ်အထိပ်သို့ရောက်ရှိနေခဲ့ကာ ထို့သူ့ထံမဲ့ထွတ်လွှတ်နေသော စွမ်းအားများသည် သူ့ကိုတစ်ဆတ်ဆတ်တုန်ရီနေခဲ့သည်။

"ပျက်သုန်းခြင်း ဓားလက်သီး။ "

ကျန်းရွမ်သည် ဆက်လက်နှောင်နှေးခြင်းမရှိဘဲ အော်ဟစ်လိုက်ကာ သူ့ကိုယ်ထဲရှိ စွမ်းအင်များကိုအရူးအမူးလှည့်ပတ်စေလိုက်သည်။ အဆုံးအစမရှိသော ဓားစွမ်းအင်များသည် အရပ်လေးမျက်နှာ သို့ ပြန့်လွင့်သွားခဲ့ကာ ပတ်၀င်းကျင်လေဟာပြင်ကို အက်ကွဲကြောင်းများဖြစ်ပေါ်စေခဲ့သည်။

ကျန်းရွှမ်သည် လက်ကိုဆန့်တန်း၍ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည့်အခါ သူ၏ လက်သီးထိပ်ဖျားမှ တောက်ပသောအလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ပတ်ပတ်လည်ရှိ ေလဟာပြင်သည် ခါးယမ်းတုန်ယမ်းလာခဲ့ကာ ဓားစွမ်းအင်များသည် လက်သီးဆုပ်ထဲသို့ ဆွဲစုသွားခဲ့သည်။

မျက်တောင်တစ်ခတ်အတွင်း၌ များပြားသော ဓားစွမ်းအင်များသည်  ရှည်လျားသောဓားရှည်တစ်ချောင်းအဖြစ် ပြောင်းလဲသွားခဲ့ကာ ကျန်းရွှမ်၏ လက်သီးနှင့်ချိတ်ဆက်လျက်သား ရှိနေတော့သည်။

၎င်းဟာ ဓားစွမ်းအင် လက်အိတ်ရှည်ကြီးဖြင့်တူညီနေခဲ့သည်။ကျန်းရွှမ်၏ လက်သီးများသည် ပို၍ပြင်းထန်ရက်စက်လာခဲ့သည်။

ဤသည်မှာ လက်သီးစွမ်းအားဖြစ်သလို ဓားစွမ်းအား

တစ်ရပ်လည်း ဖြစ်ချေသည်။လက်သီးနှင့်ဓားတို့ပေါင်းစည်းရာတွင် ကျန်းရွှမ်၏ တိုက်ခိုက်ရေးစွမ်းအင်သည် ပိိုမိုပြင်းထန်ရက်စက်လာခဲ့သည်။လွှမ်းမိုးချယ်လှယ်နိုင်သော တိုက်ခိုက်မှု ခွန်အား၏ အောက်တွင်  ပတ်၀န်းကျင်လေဟာပြင်သည် မျက်စိဖြင့် မျက်စိဖြင့် တွေ့မြင်နိုင်သည် အထိ ပုံပျက် ယိုယွင်းသွားခဲ့သည်။

"ကျား!"

အော်ဟစ်သံကြီးသည် လောကတစ်ခွင်ပဲ့တင်ထွက်သွားခဲ့သည်။ကျန်းရွှမ်သည် ပြင်းထန်စွာ လက်သီးကို ထိုးနှက်ချလိုက်သည်။မရေမတွက်နိုင်သော ဓားစွမ်းအင်တို့ဖြင့်ပေါင်းစပ်ထားသော လက်သီးခွန်အားသည် ဖန်းတောက်ယိ ရှိရာသို့ ပြိုစင်းလာခဲ့သည်။

ဤလက်သီးခွန်အား၏ အောက်တွင် တစ်ကမ္ဘာလုံးသည် ကြီးမားသော တူကြီးဖြင့် ရိုက်ခံလိုက်ရသည်အလား အက်ကွဲခါယမ်းသွားခဲ့သည်။ဖန်းတောက်ယိနှင့်ကျန်းရွှမ်ကို ဗဟိုပြု၍ မြေပြင်သည် ပင်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများဖြစ်လာခဲ့သည်။

ဤထိတ်လန့်စရာ လက်သီးခွန်အားသည် ရှစ်ဖန်းကောင်းကင်နန်းတော်၏  ထိပ်တန်းပါရမီရှင်များကို တုန်လှုပ်သွားစေခဲ့သည်။သူတို့ဟာ ကြောက်လန့်တကြားဖြင့်အနောက်ကို ဆုတ်လိုက်မိသည်။ကွင်းပြင်၏ အလယ်ဗဟိုသို့ ကြောက်လန့်သော မျက်၀န်းများဖြင့် စိုက်ကြည့်နေခဲ့သည်။

ရှစ်ဖန်းကောင်းကင်နန်းတော်၏ ပါရမီရှင်များနှင့်နှိုင်းယှဉ်ရလျှင် ထာ၀ရ မြို့ဦးယံမြို့၏ ပါရမီရှင်များကတော့ စိတ်လှုပ်ရှားနေကြသည်။ သူတို့၏ အမြင်တွင် ဖန်းတောက်ယိက သွေးနီရောင်ဧကရာဇ်အဆင့်သို့ရောက်ရှိသွားရင်တောင်မှ ဘာများ အရေးစိုက်ရဦးမည်နည်း။ သူတို့ရဲ့စိတ်ထဲတွင်တွေးနေသည်က-  ကျန်းရွှမ်ကဲ့သို့အစွမ်းထက်သော ပါရမီရှင်တစ်ယောက် ရှိနေသည် ဖြစ်ရာ ဖန်းတောင်ယိက ကျိန်းသေပေါက်ထွက်ပြေးရပါလိမ့်မည်။

ရှိနေသမျှအကြားတွင် စိတ်မလှုပ်ရှားနေသူမှာ ကျန်းရွှမ်တစ်ယောက်သာ ဖြစ်ပါပေသည်။

သူသည်လေထုထဲတွင် ဖန်းတောက်ယိကို မျက်မှောင်ကျုံ့စိုက်ကြည့်၍ မတ်တပ်ရပ်နေခဲ့သည်။ဤတိုက်ကွက်သည် သူ၏ အကြီးမားဆုံးလှုပ်ရှားမှုဖြစ်ရာ သူ၏ ခွန်အား အားလုံးကိုထည့်သွင်းထားခဲ့သည်။သူသာ ဖန်းတောက်ယိကို အနိုင်မယူနိုင်သေးလျှင် အားလုံးအဆုံးသတ်သွားမှာ စိုးရိမ်မိသည်။ ရတနာပစ္စည်းကို မရရှိနိုင်သေးရုံသာမက ကိုယ်ပိုင်အသက်ကိုလည်း ဆုံးရှုံးသွားနိုင်သည်။

အထူးသဖြင့်ဖန်းတောက်ယိ၏ တည်ငြိမ်၍ အလျှင်မလိုသော ပုံစံသည် ကျန်းရွှမ်၏ နှလုံးသားကိုခဲဆွဲထားသလိုလေးလံနေသည်။

ဤအခိုက်အတန့်တွင်ဖန်းတောက်ယိသည်  ထိတ်လန့်စရာလက်သီးလုံးကြီးဖြင့်ရင်ဆိုင်နေရသော်လည်း ပူပင်သောကမရှိခဲ့ပါ။ သူသည် စုတ်တံကို တင်းကြပ်စွာကိုင်ဆောင်လျက် အနည်းငယ်တောင်အလျင်လိုခြင်းမရှိဘဲ ဆက်လက်ရေးဆွဲနေခဲ့သည်။

ဤအချိန်တွင် ပြင်းပြသော သတ်ဖြတ်မှုစိတ်ဆန္ဒွများသည် ဖန်းတောက်ယိခန္ဓာကိုယ်မှ အလုံးလိုက်အရင်းလိုက် ထွက်ပေါ်လာခဲ့ကာ  အကောင်အထည်ပေါ်လုမတတ် ဖြစ်ပေါ်ခဲ့သည်။ပြင်းထန်သော သတ်ဖြတ်မှု စိတ်ဆန္ဒများကြောင့် ပတ်၀န်းကျင် အပူချိန်သည် ထိုးကျသွားခဲ့ကာ လူတိုင်းကို ရေခဲ့ဂူကြီးအတွင်းပြုတ်ကျသွားသလို ခံစားရစေခဲ့သည်။

အ‌ေ၀းတစ်နေရာမှတောင် အလွန်အမင်းပြင်းထန်သော သတ်ဖြတ်မှုများကို ခံစားရအောင်ဖြစ်စေခဲ့သည်။

"ဘုန်း!"

ထိတ်လန့်စရာကောင်းသော လက်သီးခွန်အားကျရောက်လုဆဲဆဲတွင် ဖန်းတောက်ယိ၏ နောက်ဆုံးစုတ်ချက်ကလည်းပြီးစီးသွားခဲ့သည်။ဤအချိန်တွင်  သတ်ဖြတ်ခြင်းဟူသောစကားလုံးသည် အကောင်အထည်ပေါ်လာခဲ့သည်။အဆုံးအစမဲ့သာ သတ်ဖြတ်လိုသည့် စိတ်ဆန္ဒများသည် စကားလုံးထဲသို့ဆွဲသွင်းခြင်းခံခဲ့ရသည်။

သိပ်သည်းသော မှော်၀င်တေးဂီတများသည် ၎င်းစကားလုံး၏ ဘေးတွေပတ်လည် ၀ိုင်းနေခဲ့သည်။

"ဘုန်း!"

သတ်ဖြတ်ခြင်းစကားလုံးအဆောင်လက်ဖွဲ့ကလေးသည် လေဟာပြင်ပေါ်တွင်ရုတ်တရက် ၀ဲလည်သွားခဲ့ကာ  အံသြဖွယ်ကောင်းသော လက်သီးအလင်းတန်းနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။၎င်းသည် သတ်ဖြတ်ခြင်းနတ်ဘုရားအဖြစ်ပြောင်းလဲသွားသည့် အလား အဆုံးအစမဲ့သော စွမ်းအင်တို့ကို  ဖော်ထုတ်နေခဲ့ကာ မြေပြင်ကိုခါယမ်းစေခဲ့သည်။

"ဘုန်း!"

လူတိုင်း၏အကြည့်များအောက်တွင် လက်သီးလုံးနှင့်သတ်ဖြတ်ခြင်းစကားလုံးလေးသည် ပွတ်တိုက်မိသွားခဲ့သည်။ကျယ်လောင်သောပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။သတ်ဖြတ်မှုစိတ်ဆန္ဒများ၊ ဓားချီများနှင့်လက်သီးအရိပ်များသည် ၀ဲလည်ထွက်ပေါ်လျက်ရှိသည်။ကျန်းရွှမ်ကိုဗဟိုပြု၍ အနီးအနားရှိသွေးနီရောင် မေပယ်သစ်ပင်ကြီးများသည် သွေးနီရောင်ပြာပုံအဖြစ်ပြောင်းလဲသွားခဲ့သည်။မြေပြင်ကြီးတစ်ခုလုံးကလည်း ခါရမ်းပြိုကျသွားခဲ့သည်။

လေထုအတွင်းပုန်းကွယ်နေကြသော ၀မ်ဖုန်းနှင့်အခြားသူများသည် ကျန်းရွှမ်မှထွက်ပေါ်နေသော စွမ်းအားကိုခံစားရသည်။သူတို့မျက်၀န်းများက တောက်ပလာခဲ့သည်။ကုချိုး တို့က တိုက်ခိုက်ချင်စိတ်ပြည့်နှက်နေခဲ့သည်။သူတို့ကအရှေ့သို့သွား၍ ဖန်းတောက်ယိပင်ဖြစ်စေ ကျန်းရွှမ်ကိုဖြစ်စေ လက်ရည်စမ်း တိုက်ခိုက်ချင်ခဲ့သည်။

ဖန်းတောက်ယိနှင့် ကျန်းရွှမ်တို့ကဲ့သို့ ပါရမီရှင်မျိုးကို တိုက်ခိုက်ရမည်ဆိုလျှင် လူအနည်းငယ်ကသာ ငြင်းဆန်လိုသည့် စိတ်ဆန္ဒရှိပါလိမ့်မည်။

ထိုကဲ့သို့ပါရမီရှင်မျိုးကို အနိုင်ယူနိုင်လျှင် သင်ကိုယ်တိုင် အတွက်အကျိုးအမြတ်အများကြီးရရှိလိမ့်မည်ဖြစ်ကာ မိမိကိုယ်ကို ယုံကြည်မှုများလည်းအားကောင်းလာလိမ့်မည်။

"ဘုန်း!"

ပေါက်ကွဲသံတရစက်သည် လောကတစ်ခွင် မြည်ဟိန်းသွားလိမ့်မည်။ ကောင်းကင်ကြီးတစ်ခုလုံးက အလင်းမှိန်ဖျော့သွားခဲ့သည်။  တိုက်ခိုက်မှုကြီးနှစ်ခုကသာ လေဟာပြင်တွင် တွဲလဲတည်ရှိနေခဲ့သည်။ ဤလောကကြီးတွင် ၎င်းတိုက်ခိုက်မှုကြီးနှစ်ခုကသာ ကျန်ရှိတော့ပုံပေါ်သည်။

လူတိုင်း၏ မျက်၀န်းအကြည့်များအောက်တွင် ၎င်းတိုက်ခိုက်မှုကြီးနှစ်ခုသည် သူမသာ ကိုယ်မသာ အခြေအနေ၌ ရှိနေခဲ့သော်လည်း၀မ်ဖုန်းနှင့် ယွဲ့ယင်းတို့ကတော့ ကျန်းရွှမ်ရှုံးနိမ့်တော့မည်ဆိုတာကို သိရှိသွားခဲ့သည်။

"ဘုန်း!"

ရုတ်တရက်ဆိုသလို သတ်ဖြတ်ခြင်းဆိုသည့်စကားလုံးသည်ကွဲကြေသွားခဲ့ကာ အဆုံးအစမဲ့သော စွမ်းအင်များသည် သေးငယ်သောဓားကလေးအဖြစ်ပြောင်းလဲသွားခဲ့သည်။  ၎င်းဓားကလေးသည် လေဟုန်ဖြင့် ဆက်လက်ချီတက်လာခဲ့သည်။

ဓားကလေး ၏ ထိတ်လန့်စရာကောင်းသော အရှိန်အဝါသည် လောကတစ်ခွင်ကိုတုန်လှုပ်သွားစေခဲ့သည်။ ၎င်းဓားကလေးသည်  ကျန်းရွှမ်ဖော်ထုတ်နေသော ဓားစွမ်းအားထက်ပို၍သန်မာအားကောင်းနေသည်။မျက်တောင်တစ်ခတ်အတွင်း၌ လက်သီးနှင့် ဓားစွမ်းအားတို့ပေါင်းစပ်ထားသော နှစ်ထပ်ကွင်းတိုက်ခိုက်မှုကြီးသည် တစစီ ကွဲထွက်သွားခဲ့သည်။

"ဘုန်း!"

ကျယ်လောင်သော ပေါက်ကွဲသံကြီးသည် လောကတစ်ခွင်ဟိန်းထွက်သွားခဲ့ကာ ကြီးမားသောလက်သီးလုံးကြီးသည် မီးရှုူးမီးပန်းကဲ့သို့ ကွဲထွက်သွားခဲ့သည်။

မူလက မဲမှောင်နေသော လေဟာပြင်ကြီးသည် ချက်ခြင်းကျိန်းစက်လောက်သော အလင်းတန်းဖြင့်ပြည့်နှက်သွားခဲ့သည်။

ကျန်းရွှမ်၏ တိုက်ခိုက်မှုသည်  အနည်းအငယ်တောင် မခုခံနိုင်ခဲ့တော့ပါ။

"ဘုန်း!"

လက်သီးအလင်းလုံးကြီးပြိုကွဲသွားခြင်းနှင့်အတူ ကျန်းရွှမ်၏  ခန္ဓာကိုယ်တစ်ခုလုံးကလည်း လွင့်စင်သွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မြေပြင်နှင့်ရိုက်ခတ်မိသွားခဲ့ကာ မြေပြင်ပေါ်တွင်ကြီးမားသော တွင်းကြီးတစ်ခုဖြစ်ပေါ်စေခဲ့သည်။

ဤမြင်ကွင်းသည် အလွန်လျှင်မြန်စွာ  ဖြစ်ပျက်ခဲ့တာကြောင့် ထာ၀ရညဥ့်ဦးယံမြို့၏ ပါရမီရှင်များသည် မတုံ့ပြန်နိုင်ခဲ့ပါ။သူတို့တုံ့ပြန်နိုင်သောအချိန်တွင် ကျန်းရွှမ်ကလွင့်ထွက်သွားခဲ့ပြီးပြီ။သူတို့ဟာ တွင်းပေါက်ကြီးထဲ၌ လဲလျောင်းနေသော ကျန်းရွှမ်ကိုစိုက်ကြည့်ခဲ့ကြသည်။ ထို့နောက် ကောင်းကင်ပေါ်၌မတ်တပ်ရပ်နေသော ဖန်းတောက်ယိကို စိုက်ကြည့်ခဲ့ကြသည်။သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကြောက်လန့်မှုတို့ဖြင့် တုန်ရီနေခဲ့သည်။

ကျန်းရွှမ်ကတောင် ဖန်တောက်ယိ၏ ပြိုင်ဘက်မဟုတ်နိုင်ခဲ့လျှင် သူတို့ကရော ဘယ်လိုလုပ် ဖန်းတောက်ယိကို ရင်ဆိုင် နိုင်ပါ့လဲ ။

ဖန်းတောက်ယိကလူတစ်ယောက်ထဲဆိုပါက  သူတို့သည် အံကိုတင်းတင်းကြိတ်၍ ဖန်းတောက်ယိကို ခွန်အားစုပေါင်းတိုက်ခိုက်နိုင်သေးသည်။ ဖန်းတောက်ယိ၏နောက်တွင် ရှစ်ဖန်းနန်းတော်ကြီး၏ ပါရမီရှင်အများကြီးရှိနေသေးသည်။

"အဟွတ် အဟွတ်"

ကျန်းရွှမ်သည် တွင်းပေါက်ကြီးပေါ်သို့ တွယ်တက်လာခဲ့သည်။သူဟာဆက်လက်၍ထိန်းမထားနိုင်တော့ဘဲ သွေးတွေကို အန်ထုတ်လိုက်ရသည်။သူ၏မျက်နှာက ဖြူဖျော့လျက်ရှိသော်လည်း ကိုယ်ပိုင်ဒဏ်ရာများကို မေ့ထားလျက် ဖန်းတောက်ယိကိုရှုပ်ထွေးသော အကြည့်တို့ဖြင့် စိုက်ကြည့်နေခဲ့သည်။

All Chapters