ဘော်ဒီဂတ်တွေရဲ့ ကပ္ပတိန်
Vol. 18 Ch. 312
လင်းလီဟွေ့က ဒါကိုကြားတော့ သူအရမ်းမပျော်မရွှင်ဖြစ်သွားသည်။
သူမပျော်မရွှင်ဖြစ်ရသည်မှာ လျောင်ကောဟိုင်က သူ့ကို ယန်စစ်မင်ကို ဖိအားပေးဖို့ တကယ်ကြီးကြိုးစားနေသောကြောင့်ဖြစ်သည်။
‘ဒီအရူး!’
လင်းလီဟွေ့က စိတ်ထဲက ဆဲဆိုလိုက်သည်။
‘တကယ်ပဲ ငါကသူ့အတွက် ယန်စစ်မင်ကို ဆန့်ကျင်မယ်လို့ထင်နေတာလား?’
လင်းလီဟွေ့က စိတ်မရှည်စွာနဲ့
“သူကခင်ဗျားကို နောက်ဆုတ်ခိုင်းရင်
ခင်ဗျားနောက်ထပ် ကျောက်ဟွေ့ချင် မဖြစ်လာချင်ဘူးဆိုရင်တော့ နောက်ဆုတ်လိုက်ပေါ့။
ပြီးတော့ နောင်ကျရင် ကျုပ်ကို ဒီကိစ္စအတွက် မခေါ်ပါနဲ့”
‘လျောင်ကောဟိုင်က ယန်စစ်မင်ကို အမှားလုပ်လိုက်တာ သိသာနေပြီ။ ငါဒီလူနဲ့ ဆက်ဆံရေးအားလုံးဖြတ်ထားတာ ပိုကောင်းမယ်’
လင်းလီဟွေ့ဖုန်းချသွားပြီးတော့ လျောင်ကောဟိုင်က အံ့ဩသွားသည်။ သူ့မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်လာပြီး သူ့ခန္ဓာကိုယ်ကလည်း တုန်ရီလာသည်။ သူက ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိပြီး မြန်မြန်ဆန်ဆန်ဖုန်းတစ်ကောလ်ခေါ်လိုက်သည်။
သူက ချက်ချင်း ကြောက်အားလန့်အားနဲ့ အော်လိုက်သည်။
“လီကျားမင်အခုချက်ချင်းအားလုံးကို ပြန်ဆုတ်ခွာခိုင်းလိုက်!"
အံ့အားသင့်စရာပင်
မရင်းနှီးနေတဲ့အသံတစ်ခုက ဖုန်းကနေထွက်လာပြီး
“အိုး ဖုန်းပိုင်ရှင်က ကားအက်ဆီးဒင့်ဖြစ်ပြီး ဆေးရုံတက်နေရပါတယ်”
“မင်း...မင်းကဘယ်သူလဲ?”
လျောင်ကောဟိုင်က အထစ်ထစ်အငေါ့ငေါ့နဲ့ ပြောလိုက်သည်။
“ကျွန်တော်က ရဲစခန်းကပါ”
တခြားတစ်ဖက်ကပြောလိုက်သည်။
“ခင်ဗျားက ဒီဖုန်းပိုင်ရှင်နဲ့ ရင်းနှီးပါသလား?
သူအပြင်းအထန်ဒဏ်ရာရထားတယ်။ ခင်ဗျား သူ့မိသားစုကို ရှင်းယင်ခရိုင်ပြည်သူ့ဆေးရုံကိုလာဖို့ ဆက်သွယ်ပေးနိုင်မလား?”
လျောင်ကောဟိုင်ရဲ့ဆဲလ်ဖုန်းက သူ့လက်ထဲက ချော်ကျသွားသည်။
‘ကားအက်ဆီးဒင့်? အပြင်းအထန်ဒဏ်ရာရထားတယ်? ဒါက တိုက်ဆိုင်မှုတော့ မဖြစ်နိုင်ဘူး။
ဟုတ်တယ်မလား?’
လျောင်ကောဟိုင်ရဲ့မျက်နှာက ဖြူဆုတ်သွားပြီး မြေကြီးပေါ်ကို လဲကျရလောက်တဲ့အထိ သူကြောက်ရွံ့သွားသည်။
ရွှေငန်းက ဘာလို့အရမ်းခိုးရခက်လဲဆိုတာ သူနောက်ဆုံးမှာ နားလည်သွားသည်။ သူဘာမှမလုပ်ရသေးပေမယ့်လည်း ကိစ္စတွေအများကြီး ဖြစ်ပြီးနေပြီ။
‘ငါအခုဘာလုပ်သင့်လဲ? ငါဘာလုပ်နိုင်လဲ? မဟုတ်ဘူး ငါအကုန်လုံးကို ရပ်ရမယ်!”
သူက ပရောဂျက်ကို လီကျားမင်ကိုလွှဲပေးလိုက်ပေမယ့် သူက ကုမ္ပဏီဥက္ကဌဖြစ်နေတုန်းပဲဖြစ်သည်။
ဖြိုချရေးအဖွဲ့ကလည်း သူ့ကုမ္ပဏီကပဲဖြစ်သည်။
“ဟုတ်တယ် ငါသူတို့ကို ရှာဖို့လိုတယ်။ ငါသူတို့ကို လုပ်ငန်းတွေအားလုံး ရပ်တန့်ခိုင်းဖို့လိုတယ်!”
လျောင်ကောဟိုင်က မြေကြီးပေါ်ကနေထလိုက်ပြီး ခနခနယိမ်းယိုင်သွားသည်။ သူ့ခြေထောက်တွေက အားနည်းနေပြီး သူ့မှာလည်း အားအင်မရှိတော့ပေ။
ဒါပေမယ့်လည်း ကုမ္ပဏီက အန္တရာယ်ထဲမှာမလို့ သူအားတင်းထားသည်။ သူက ဖုန်းကိုယူလိုက်ပြီး ယန်ဂရုရဲ့ အတွင်းရေးမှူးဝမ်ကို ခေါ်လိုက်သည်။ အတွင်းရေးမှူးဝမ်က သူ့ဖုန်းကိုမဖြေချင်ပေ။ ဒါပေမယ့် ဖုန်းတွေကိုင်ရမှာက သူ့အလုပ်ဖြစ်သည်။
ဖုန်းရသွားတာနဲ့ လျောင်ကောဟိုင်ကစိုးရိမ်တကြီးနဲ့
“အတွင်းရေးမှူးဝမ်၊ ကျွန်တော် နောက်ဆုတ်ပေးမယ်လို့ ဥက္ကဌယန်ကို ပြောလိုက်ပါ။ နည်းနည်းလောက်သနားညှာတာပါဦး။ ကျွန်တော်အရမ်းကျေးဇူးတင်မိမှာပါ!”
အတွင်းရေးမှူးဝမ်က နှုတ်ခမ်းကွေးလိုက်ပြီး အေးစက်စွာနဲ့
“ကောင်းပြီ ကျွန်တော် ခင်ဗျားကို မက်ဆေ့ခ်ျပို့လိုက်မယ်”
လျောင်ကောဟိုင်က ဒါကိုကြားတော့ နောက်ဆုံးမှာ နည်းနည်းစိတ်သက်သာရာရသွားသည်။
အတွင်းရေးမှူးဝမ်က ဖုန်းချလိုက်တော့မည်အပြုတွင် လျောင်ကောဟိုင်ကစိုးရိမ်စွာနဲ့
“ခနနေပါဦး အတွင်းရေးမှူးဝမ်”
အတွင်းရေးမှူးဝမ်က
“ဥက္ကဌလျောင် ခင်ဗျားမှာ တခြားပြောစရာရှိသေးလို့လား?”
လျောင်ကောဟိုင်ကနားမလည်စွာနဲ့
“အတွင်းရေးမှူးဝမ် ဘာလို့ ဥက္ကဌယန် ကျွန်တော့်ကို ထောင်ယွမ်ရွာကို တည်ဆောက်ပြုပြင်တာကနေ တားဆီးချင်နေတာလဲသိလား?”
အတွင်းရေးမှူးဝမ်က
“ဥက္ကဌလျောင်
ဘာလို့ ဟွေ့ချင်ဂရုက အယူခံလိုက်ရလဲသိလား?”
ဒါကထပ်ပြီး ဟွေ့ချင်ဂရုနဲ့ကိုင်ပေါက်တာပဲ!
လျောင်ကောဟိုင်ကနှလုံးခုန်ရပ်မတတ်ဖြစ်သွားသည်။ သူ့ခြေထောက်တွေချည့်နဲ့နေပြီး သူ့ခေါင်းကလည်း မူးဝေနေသည်။ ဒါပေမယ့် သူ့ကိုယ်သူ စိတ်အေးအေးထားဖို့ ဖိအားပေးနေဆဲပင်။
“ကျွန်တော်ကတော့ ကျောက်ဟွေ့ချင်ရဲ့သမီးက ဥက္ကဌယန်ကို အမှားလုပ်လိုက်လို့ ဥက္ကဌယန်က ဟွေ့ချင် ဂရုကို ဝယ်လိုက်တယ်လို့ ကြားတာပဲ”
သူကပြောလိုက်သည်။
ပြီးနောက် သူကထပ်ပြီး
“ဒါပေမယ့် ဒါက မိန်းကလေးတစ်ယောက်ကြောင့်လို့လည်း ကျွန်တော်ကြားတယ်”
အတွင်းရေးမှူးဝမ်က ပြုံးလိုက်သည်။
“ဟုတ်တယ် အဲ့ဒါတကယ့်ကို မိန်းကလေးတစ်ယောက်ကြောင့်ပဲ။ တကယ်တော့ အဲ့ဒီမိန်းကလေးကြောင့်ပဲ ဥက္ကဌယန်က ခင်ဗျားကို ဒီတည်ဆောက်ပြုပြင်မှုကို ရပ်စေချင်တာ!”
အတွင်းရေးမှူးဝမ် ဖုန်းချသွားသည်။
ပြီးနောက် သူက နောက်ထပ်နံပါတ်ကို ခေါ်လိုက်ပြီး
“ဥက္ကဌယန် လျောင်ကောဟိုင်က ပရောဂျက်ကို နောက်ဆုတ်ဖို့ ကတိပေးလိုက်ပြီ”
ယန်စစ်မင်က စတီယာရင်ဘီးကို ခေါက်လိုက်ပြီး ညင်ညင်သာသာပြန်ဖြေလိုက်သည်။
“မှတ်ထားလိုက်ပြီ အတွင်းရေးမှုးဝမ်။ ကွန်တော် ခနလောက် အပြင်သွားဖို့လိုတယ်။ တစ်ခုခုရှိရင် ခင်ဗျားအရင်ကိုင်တွယ်ထားလို့ရတယ်။ ခင်ဗျားမကိုင်တွယ်နိုင်ရင်တော့ ကျွန်တော့်ကို ထပ်ဆက်သွယ်လိုက်ပေါ့”
အတွင်းရေးမှူးဝမ်က ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့ ဥက္ကဌ!”
ဖုန်းချလိုက်ပြီးတော့ ယန်စစ်မင်က ချက်ချင်း နောက်တစ်ကောလ်ခေါ်လိုက်သည်။
ဒါပေမယ့်လည်း နောက်ထပ်အချမခံရခင် ၎င်းက တစ်ခါသာမြည်လိုက်သည်။
သူထပ်ခေါ်လိုက်ပြီး တူညီတဲ့အရာပဲထပ်ဖြစ်သည်။
သူထပ်ခေါ်လိုက်သည်။ ပြီးတော့ သူဘလက်လစ်စ်အတင်ခံလိုက်ရသည်။
“ချီးပဲ!”
ယန်စစ်မင်ဆဲရေးလိုက်သည်။
“ဒီနေ့ ဘာလို့ လူတိုင်းငါ့ကို ဖုန်းချနေကြတာလဲ?”
ပြီးနောက် သူက သူ့ကားကို ထောင်ယွမ်ရွာကို မောင်းသွားလိုက်သည်။
ကုန်းထျန်းဟောက်က သူ့မျက်ခုံးတွေကို ပင့်လိုက်ပြီး ရှောင်လင်းယွီရဲ့ဖုန်းက ခေါ်ဆိုသူနံပါတ်ကိုကြည့်လိုက်သည်။ သူက တုံ့ဆိုင်းမှုမရှိဘဲ ချပစ်လိုက်သည်။
တစ်ဖက်လူခေါ်နေသလောက် သူ အကြိမ်ရေများစွာ ချပစ်လိုက်သည်။
ရွာဝင်ပေါက်က ပွက်လောရိုက်မှုကိုကြားတော့ ရွာသားတွေအားလုံး ပြေးလာကြသည်။
‘ကုန်းမိသားစုရဲ့ဇိမ်ခံကားတွေတန်းစီထားပြီး ရွာဝင်ပေါက်ကို ပိတ်ထားသည်ကို သူတို့မြင်လိုက်ရသည်။
ဆန့်ကျင်ဘက်မှာ လူစိမ်းအုပ်စုတစ်ခုရှိနေသည်။
ထောင်ယွမ်ရွာကို လူစိမ်းတွေရောက်လာတာ သာမန်ပဲဖြစ်သည်။
ဒါပေမယ့်လည်း ဒီလူစိမ်းအုပ်စုက လူကောင်ကြီးပြီး တုတ်ခိုင်သန်မာကြသည်။ သူတို့က သူတို့လက်တွေနဲ့ ခြေထောက်တွေကို ဖော်ထားကြသည်။ သူတို့မျက်နှာထားတွေက ခက်ထန်နေသည်။ သူတို့ရန်လိုနေကြသည်မှာ ထင်ရှားသည်။
အရေးအကြီးဆုံးမှာ သူတို့က မြေတူးစက်တွေ၊ တူးရွင်းတွေ၊ ဂေါ်ပြားတွေ၊ ပေါက်ပြားတွေနဲ့ လာခဲ့ခြင်းဖြစ်သည်။
“ဒီလူတွေက ဘယ်သူတွေလဲ?”
ရွာသားအများစုက ဒါကိုမြင်ပြီး ကြောက်ရွံ့သွားကြသည်။
“ဟုတ်တယ်
ဒီလူတွေက ဘယ်သူတွေလဲ? သူတို့ ထောင်ယွမ်ရွာကို ဖျက်ဆီးဖို့ ဒီကိုလာတာတော့မဟုတ်ဘူးမလား ဟုတ်လား?”
“ပြီးတော့ ဒါဘယ်လိုကားမျိုးတွေလဲ?”
“ကြည့်ရတာ တီဗီထဲကဟာတွေနဲ့တူတယ်။ အဲ့ဒါတွေကို forkliftလို့ခေါ်တာထင်တယ်”
“forklift? Forklift ကဘာအတွက်လဲ? ဘာလို့ ဒီလူတွေက ထောင်ယွမ်ရွာကို forklift တွေမောင်းလာတာလဲ?”
“ရွာသူကြီးဘယ်မှာလဲ? ဘာတွေဖြစ်နေတာလဲ?”
ဒါပေမယ့်လည်း ရွာသားတစ်ယောက်က ခပ်နိမ့်နိမ့်အသံနဲ့ ထင်ကြေးပေးလိုက်သည်။
“ဒီလူတွေက ဒီနေရာကို နွားဘုရင်ငယ်လေးကို လုယူဖို့ ရောက်နေကြတာများလား?”
“အဲ့ဒါဖြစ်နိုင်တယ်လို့ ငါထင်တယ်။ ငါတို့ကိုခြိမ်းခြောက်ဖို့ သူတို့က ဒီယာဉ်ကြီးတွေကို မောင်းလာတာပဲ”
“ဒါပေမယ့် အဲ့ဒီလူတွေက ဘယ်သူတွေလဲ?”
“ဘယ်သူသိမလဲ! ငါအိမ်ကိုသွားပြီး တူးရွင်းယူရဦးမယ်။ သူတို့က တကယ်ပဲ နွားဘုရင်ငယ်လေးကိုလုယူဖို့ ဒီကိုရောက်နေတာဆိုလို့ရှိရင် ငါတို့သူတို့ကို တိုက်ခိုက်ရမယ်”
“ငါလည်းမင်းနဲ့လိုက်မယ်”
ရွာသားတွေက ကိရိယာတချို့ယူဖို့ ပြန်သွားကြသည်။
သူတို့က တူးရွင်းတွေ၊ ပေါက်ပြားတွေ၊ သစ်သားတုတ်တွေနဲ့ ပြန်လာကြသည်။
အနောက်မှာပုန်းနေတဲ့ ကြောက်တတ်တဲ့ရွာသားတချို့လည်းရှိသည်။
လီကျားမင်က ဇိမ်ခံကားတွေထဲက လူတွေရဲ့ အထောက်အထားကိုရှာဖို့ ကပ္ပတိန်ဟူကို ပြောလိုက်သည်။
သူ့မှာ ရွေးချယ်စရာမရှိတဲ့အတွက် ရှေ့ဆက်သွားရမည်။ သူက အလယ်ကကားဆီကို တည့်တည့်လျှောက်သွားလိုက်ပြီး ပြတင်းပေါက်ကို ဖြည်းဖြည်းခေါက်လိုက်သည်။
ယွဲ့ချီလင်က ပြတင်းပေါက်ကို ချလိုက်ပြီး သူ့နေကာမျက်မှန်အောက်ကနေ အေးစက်စွာကြည့်လိုက်သည်။
သူက အေးစက်စက်နဲ့မေးလိုက်သည်။
“ဘာကိစ္စရှိလို့လဲ?”
ကပ္ပတိန်ဟူက သူ့ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားတာကို ခံစားမိလိုက်သည်။ ပြီးတော့ ချွေးအေးအေးတွေရဲ့စီးကြောင်းတွေက သူ့နဖူးပေါ်မှာ ပေါ်လာသည်။ ဒီလူရဲ့အရှိန်အဝါက အရမ်းအေးစက်လွန်းသည်။
ကပ္ပတိန်ဟူက ဂရုတစိုက်နဲ့မေးလိုက်သည်။
“မင်္ဂလာပါ အစ်ကိုကြီး!”
“ဘယ်သူက မင်းအစ်ကိုကြီးလဲ?”
ယွဲ့ချီလင်က အေးစက်စွာ ပြောလိုက်သည်။
“မင်းမှာပြောစရာတစ်ခုခုရှိရင် မြန်မြန်ဆန်ဆန်ပြောလိုက်!”
ကပ္ပတိန်ဟူ “...”
ကပ္ပတိန်ဟူက သူ့တံတွေးကို မြိုချလိုက်ပြီး မိတ် ဆက်လိုက်သည်။
“ကျွန်တော်တို့က ကမ္ဘာလှည့်ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီရဲ့ ဖြိုချရေးအဖွဲ့ပါ”
ယွဲ့ချီလင်က နားမလည်ချင်ယောင်ဆောင်လိုက်ပြီး မေးလိုက်သည်။
“ဖြိုချရေးအဖွဲ့?
Zမြို့ရဲ့ ကုမ္ပဏီကြီးက ဖြိုချရေးအဖွဲ့က ဒီလိုတောင်ရွာလေးမှာ ဘာလုပ်နေတာလဲ?”
ကပ္ပတိန်ဟူက ဆို့နင့်သွားပြီးနောက် သူဆက်ရှင်းပြလိုက်သည်။
“ဒီလိုပါ ကွန်တော်တို့ကုမ္ပဏီက ထောင်ယွမ်ရွာကို ခရီးသွားနေရာတစ်ခုအနေနဲ့ တည်ဆောက်ပြုပြင်ဖို့စီစဉ်ထားတာ။ ပြီးတော့ ဒီပရောဂျက်ကလည်း ခွင့်ပြုချက်ရပြီးသွားပြီ။ အဲ့ဒီတော့ ကျွန်တော်တို့မှာ တရွာလုံးကို ဖြိုချဖို့ ကြေညာစာတစ်ခုလည်းရထားတယ်”
ရွာသားတွေက ဒါကိုကြားလိုက်တာနဲ့ သူတို့ အုတ်အုတ်ကျက်ကျက်ဖြစ်သွားကြသည်။
“ဖြိုချမယ်? သူက ထောင်ယွမ်ရွာကို ဖြိုမယ်လို့ ဆိုလိုတာလား?”
“ဒီလိုပဲဖြစ်မှာပေါ့!”
“ဒါပေမယ့် ဘာလို့ဒါတွေဖြစ်နေတာလဲ? ပြီးတော့ ငါတို့ရွာက ခရီးသွားနေရာတစ်ခုအနေနဲ့ အပြောင်းခံရမယ့်အကြောင်းကို ငါတို့ဘာမှမကြားမိတာလဲ?”
“ရွာသူကြီးဘယ်မှာလဲ? ငါတို့ သူတို့ကိုမေးသင့်တယ်”
“သူမြို့ကိုသွားတယ် ပြန်မလာသေးဘူး”
“မြို့ကိုသွားတာလား? သူက ဘာလို့ ဒီလိုအချိန်မျိုးမှာ ထွက်သွားတာလဲ?”
“ငါလည်းမသိဘူးလေ။ သူမြို့ကနေ အခေါ်ခံရတာလို့ ငါထင်တယ်”
“ဖြိုချတာ?"
ယွဲ့ချီလင် က ထေ့ငေါ့လိုက်ပြီး
“ဘာဖြိုချတာလဲ?”
“ငါတို့ဘာကြေညာစာမှမရထားဘူး။ ဒီနေရာကဘယ်ရွာသားကမှ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအကြောင်း မကြားဖူးဘူး။ အဲ့ဒီတော့ မင်းတို့လာတဲ့နေရာကို ပြန်သွားလိုက်”
“..”
ကပ္ပတိန်ဟူက ချွေးတွေကို သုတ်လိုက်ပြီး ရှင်းပြလိုက်သည်။
“ကြေညာစာက မကြာခင်ရောက်လာမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ကုမ္ပဏီက ဖြိုချရေးအဖွဲ့ကို အရင်ဆုံးပို့လိုက်တာ”
ယွဲ့ချီလင်ရဲ့မျက်နှာကချက်ချင်း အေးစက်သွားပြီး မျက်နှာထားတင်းတင်းနဲ့
“ပုံမှန်လုပ်ထုံးလုပ်နည်းတွေအရတော့ တည်ဆောက်ပြုပြင်ရေးကြေညာစာက ဖြိုချရေးမစခင် အရင်ရောက်ရမှာ။ ရွာသားတွေကို အသိပေးရမယ်။ သူတို့ သဘောတူညီချက်ကိုလည်း ရရမယ်။ ပြီးတော့ လျော်ကြေးကလည်း ဖြိုချရေးမစခင် တရားဝင်ပေးရမယ်။
အတိုချုံးရရင် ရွာသားတွေရဲ့ သဘောတူညီချက်မပါဘဲ ဘာဖြိုချရေးမှလုပ်လို့မရဘူး”
“အဲ့ဒီတော့ ဒါရဲ့အဓိပ္ပာယ်ကဘာလဲ? ဘာကြေညာစာ ဘာလျော်ကြေး ဘာပြန်လည်နေရာချထားရေးအစီအစဉ်မှမရှိဘဲနဲ့ ရွာကို ဖြိုချဖို့ လာခဲ့တယ်ပေါ့?”
“ဟင်း”
ယွဲ့ချီလင်ရဲ့စကားလုံးတွေက ကပ္ပတိန်ဟူကို ဒူးထောက်ကျလုမတတ်ကြောက်ရွံ့သွားစေသည်။
***