← Chapters

အရူးတစ်ယောက်

Vol. 18 Ch. 297

အရူးတစ်ယောက်

Vol. 18 Ch. 297

ရှောင်လင်းယွီက ‌ကုန်းထျန်းဟောက်ရဲ့ကြင်နာမှုကို အရမ်းကျေးဇူးတင်နေသည်။ ဒါပေမယ့်လည်း သူ့ကိုခွင့်ပြုလိုက်ဖို့ သူရှောင်ထုန်ကို အများကြီးအကြွေးတင်နေသေးသည်။

နွားဘုရင်ငယ်လေးရဲ့ပေါက်ကြားမှုက သူမစိုက်ပျိုးမြေကြေညာမှုရဲ့ အန္တရာယ်လို့ ဆိုလိုခြင်းဖြစ်သည်။ သူမကြောက်လာတဲ့အခါ ကုန်းထျန်းဟောက်က သူမကို စိတ်သက်သာရာရမှုနဲ့ ဘေးကင်းလုံခြုံစေမှုကိုလည်း ပေးသေးသည်။

ကုန်းထျန်းဟောက်က သူမမိသားစုကို ကာကွယ်နိုင်စွမ်းရှိမှန်း သူသိသည်။ သူမ စိတ်သက်သာရာရခဲ့ပြီး ကျေးဇူးတင်နေခဲ့သည်။ သူ့ဝန်ခံချက်ကို မျက်နှာချင်းဆိုင်ရ‌တော့ ရှောင်လင်းယွီက နောက်ဆုံးမှာ သူ့ကိုတိကျတဲ့အဖြေတစ်ခုပေးလိုက်သည်။

“ကောင်းပြီ။ တစ်နေ့ကျရင်တော့ ကျွန်မရှင့်ကို အဖြေပေးပါ့မယ်။ ဒါပေမယ့် လောလောဆယ်တော့ ကုန်းထျန်းဟောက် ကျွန်မစိတ်မကောင်းပါဘူးလို့ပဲပြောနိုင်မယ်”

လောလောဆယ်သူ့ကိုအဖြေမပေးနိုင်သေးတဲ့အတွက် စိတ်မကောင်းခြင်းဖြစ်သည်။ ရှောင်ထုန်ကြောင့်ပဲမဟုတ်ဘဲ သူတို့ရဲ့ နောက်ခံတွေကြောင့်ဖြစ်သည်။ သူတို့ကလေးနဲ့ အထောက်အထားတွေက ရှောင်လင်းယွီကို စိုးရိမ်စေသည်။ ဒါပေမယ့် သူမနှလုံးသားကို သူ့ဆီ တကယ်ဖွင့်ပေးနိုင်တဲ့နေ့ကျရင်တော့ သူ့ကို အကုန်ပြောပြလိမ့်မည်။

ကုန်းထျန်းဟောက်က သူ့စိတ်လှုပ်ရှားမှုကို ဖုံးမထားနိုင်ပေ။ နောက်ဆုံးမှာ သူ့ရဲ့ကြိုးစားမှုအတွက် ဆုလာဒ်လေးနည်းနည်းပြန်ရလိုက်သည်။ ရှောင်လင်းယွီက တုံ့ပြန်လာခဲ့ပြီ။ သူမနှလုံးသားကို သူ့အတွက် အကုန်လုံးကြီးဖွင့်မပေးသေးဘူးဆိုရင်တောင် သူပျော်နေသေးသည်။

သူက ရှောင်လင်းယွီပခုံးကို မှီလိုက်ပြီး စိတ်လှုပ်ရှားစွာခေါင်းညိတ်လိုက်သည်။

“ယွီအာ ကျေးဇူးတင်ပါတယ်!”

သူ့ရဲ့နွေးထွေးတဲ့အသက်ရှုသံကိုခံစားမိရင်း ရှောင်လင်းယွီကညင်သာစွာ သက်ပြင်းချလိုက်သည်။ ပြီးတော့ သူကဖြည်းဖြည်းချင်းထပြီး သူ့ကို ပြန်ဖက်လိုက်သည်။ သူ့ရဲ့ပွေ့ဖက်မှုက တိတ်ဆိတ်တဲ့လက်ခံမှုလိုပဲဖြစ်သည်။ ၎င်းက ကုန်းထျန်းဟောက်ကို ပိုပြီးတော့တောင် စိတ်လှုပ်ရှားစေသေးသည်။

သူက ထောင်ယွမ်ရွာရဲ့ရွာသားတွေကို ကျေးဇူးတင်မိလိုက်သည်။ သူတို့က ရှောင်လင်းယွီရဲ့ ကျောက်တုံးလိုနှလုံးသားကို အရည်ပျော်လာစေဖို့ သူ့ကိုကူညီပေးခဲ့ကြသည်။

မဟုတ်ရင်တော့ သူဘယ်လောက်စောင့်ရမယ်မှန်း ဘယ်သူသိမှာလဲ?

ကုန်းထျန်းဟောက်က လေးလေးနက်နက်နဲ့

“ယွီအာ ဘာတွေပဲဖြစ်လာဖြစ်လာ ကိုယ် မင်းနဲ့မင်းမိသားစုကို ဘယ်သူမှ ထိခိုက်ခွင့်မပြုဘူး”

ရှောင်လင်းယွီက သူမခေါင်းကို သူ့ရဲ့ကျယ်ပြန့်တဲ့ရင်ဘတ်ပေါ်မှာမှီလိုက်ပြီး ပေါ့ပေါ့ပါးပါးခေါင်းညိတ်လိုက်သည်။

“ကောင်းပြီလေ”

ကုန်းထျန်းဟောက်က ကုန်းမိသားစုကို ပြန်သွားသည်။ သူ စားပွဲခုံကို စည်းဝါးကျကျခေါက်လိုက်သည်။ သူ့မျက်နှာက သိသိသာသာပျော်ရွှင်နေသည်။ သူကတစ်ချက်တစ်ချက် မျက်မှောင်ကြုံ့ပြီး ရယ်လိုက်သည်။ သူ့ကြည့်ရတာ နည်းနည်းလွတ်နေပုံပေါ်သည်။

အဝေးကမတ်တပ်ရပ်နေတဲ့လူသုံးယောက်က သူ့ကို မယုံနိုင်စွာကြည့်နေခဲ့ကြသည်။ သခင်ကြီးကုန်းက သူ့လက်အောက်ငယ်သားနှစ်ယောက်ကို မေးလိုက်သည်။

“ဒီကောင်ဘာဖြစ်နေတာလဲ? ပြုံးနေလိုက်တာများ အရူးလိုပဲ”

ရှောင်ကျန်းနဲ့ ရှောင်ဝမ်က ခေါင်းခါလိုက်သည်။

“ကျွန်တော်တို့လည်းမသိဘူး”

ဒါပေမယ့်လည်း ရှောင်ကျန်းက

“သခင်ကြီး အကြီးဆုံးသခင်လေးက ရှောင်မိသားစုကပြန်လာကတည်းက ဒီလိုဖြစ်နေတာကိုတော့ကျွန်တော်သတိထားမိတယ်”

သခင်ကြီးကုန်းရဲ့မျက်လုံးတွေ ဝင်းလက်သွားသည်။

“ရှောင်မိသားစု?”

ပြီးနောက် သူကခေါင်းညိတ်ပြီး

“ဒါဆိုရင် ထပ်မှန်သွားတာပေါ့။ လင်းယွီပဲ ဒီလိုမျက်နှာထားမျိုးဖြစ်အောင်လုပ်နိုင်မှာ”

သူ့သားနဲ့ ချွေးမသေသွားကတည်းက သူ့မြေးက သူ့ခံစားချက်တွေကို ပြခဲသည်။ သူက စီးပွားရေးလာကမှာ ရက်စက်တဲ့ဘုရင်အနေနဲ့ လူသိများသည်။

“သူက လူတိုင်းနားမှာပါ ခံစားချက်ကင်းမဲ့တယ်။ ဒါပေမယ့် ငါ၊ သူ့အဘိုးတော့မပါဘူး။ ဒါပေမဲ့ အခုကျ”

သခင်ကြီးကုန်းက ပျော်ရွှင်စွာနဲ့

“နောက်ဆုံးတော့ သူ့ကို ပြန်ပြီးခံစားလာနိုင်အောင်လုပ်တဲ့ တခြားလူတစ်ယောက်ပေါ်လာပြီ”

“ကံကြမ္မာက တကယ်ထူးဆန်းတာပဲ။ လုံးဝခြားနားတဲ့ကမ္ဘာက ဒီနှစ်ယောက် ဆုံတွေ့လိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ”

ရှောင်ဝမ်နဲ့ ရှောင်ကျန်းတို့က ကုန်းထျန်းဟောက်နဲ့ ကြီးပျင်းလာကြသည်။ သူတို့လည်း ကုန်းထျန်းဟောက်အတွက် အရမ်းပျော်နေကြသည်။

ရှောင်ကျန်းကလည်း သဘောတူညီစွာနဲ့

“သခင်ကြီး သခင်ကြီးမှန်တယ်။ နိုင်ငံထဲမှာ သခင်ကြီးအနားယူနိုင်တဲ့နေရာတွေအများကြီးရှိတယ်။ ဒါပေမယ့် သူတို့က သခင်ကြီးအတွက် ထောင်ယွမ်ရွာကို ရှာတွေ့ခဲ့တယ်”

“ဟားဟား မင်းမှန်တယ်”

သခင်ကြီးကုန်းကြည့်ရတာ အရမ်းးပျော်ရွှင်နေသည်။

“ဒါကံကြမ္မာပဲ”

ရှောင်ဝမ်က သိချင်စိတ်နဲ့

“အကြီးဆုံးသခင်လေးက ရူးရူးမိုက်မိုက်ကြီး ပြုံးနေရတဲ့အထိ အကြီးဆုံးသခင်လေးနဲ့ ရှောင်လင်းယွီကြားမှာ ဘာတွေဖြစ်ခဲ့လဲ‌ဆိုတာ ကျွန်တော်သိချင်မိတယ်”

ပြီးနောက် ရှောင်ဝမ်နဲ့ ရှောင်ကျန်းက သခင်ကြီးကုန်းကို ပြိုင်တူကြည့်လိုက်ကြသည်။

သခင်ကြီးကုန်းက သူတို့ ဘာလိုချင်မှန်းသိသည်။

“ကောင်းပြီ...”

သခင်ကြီးကုန်းက ရင်ဘတ်ကိုကော့လိုက်ပြီး

“မင်းတို့သိချင်နေမှတော့ သွားမေးကြည့်ကြပေါ့”

မျှမျှတတပြောရရင် သူလည်း သိချင်နေသည်။

လင်းယွီက သူ့မြေးကို ဆွဲဆောင်ဖို့ဘာတွေလုပ်လိုက်လဲဆိုတာ သူသိချင်နေသည်။

ဟိုကောင်မလေး ဒီကောင့်ကို လက်ခံလိုက်ပြီလား?

‌ဒါပေမယ့် ဒါကမဖြစ်နိုင်ပေ။

ဒီလိုသာဆိုရင် ညံ့ဖျင်းတဲ့အကောင်က ဒီမှာထိုင်ပြီး အရူးလိုရယ်မနေဘဲ အပြင်ထွက်လာမှာပေါ့။

သခင်ကြီးကုန်းက ကုန်းထျန်းဟောက်ရှေ့လျှောက်သွားပြီး နှစ်ခါချောင်းဆိုးလိုက်သည်။

အဟွတ် အဟွတ်

ကုန်းထျန်းဟောက်က မတုံ့ပြန်ပေ။

“အဟွတ် အဟွတ်..."

သခင်ကြီးကုန်းက ကုန်းထျန်းဟောက်ကို အသိပေးဖို့ ထပ်ချောင်းဆိုးလိုက်သည်။

ကုန်းထျန်းဟောက်က နောက်ဆုံးမှာ ခေါင်းထောင်လာပြီး သူ့အဘိုးကို စိုးရိမ်နေဟန်နဲ့

“အဘိုး အအေးပတ်နေတာလား? အအေးပတ်နေတာဆိုရင် ကောင်းကောင်းအနားယူလေ။ လျှောက်သွားမနေနဲ့”

သခင်ကြီးကုန်းရဲ့မျက်နှာက မည်းမှောင်သွားပြီး သူ့ရဲ့လမ်းလျှောက်တုတ်ကို ကုန်းထျန်းဟောက်ဆီထိုးကာ ဒေါသတကြီးကြိမ်းမောင်းလိုက်သည်။

“ဒီကောင်တော့ ငါလုံးဝအကောင်းကြီး။ အ‌အေးမိမနေဘူး!”

ကုန်းထျန်းဟောက်က

“ဒါဆို အဘိုး တကယ်ပဲဘာလုပ်နေတာလဲ?”

သခင်ကြီးကုန်းက ထိုင်လိုက်ပြီး သိချင်စိတ်နဲ့

“ကောင်စုတ် ငါကမှမင်းကိုဒါမေးသင့်

တာ! မင်းဘာလုပ်နေတာလဲ? မင်းကဒီမှာထိုင်ပြီး အရူးလိုပြုံးနေတာ။ ရှက်စရာကြီး!”

ကုန်းထျန်းဟောက် "......”

သူ့အဘိုး ထောင်ယွမ်ရွာကို လာကတည်းက သူ့ခန္ဓာကိုယ်နဲ့ စိတ် ပြန်လည်သက်သာလာတာကို သူသိလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူ့လျှာလည်း ပိုသွက်လာသည်။

ကုန်းထျန်းဟောက်ဘာမှမပြောတာကိုမြင်တော့ သခင်ကြီးကုန်း စိုးရိမ်သွားသည်။

သူက ထပ်ပြီး

“အကောင်စုတ် ရူးချင်ယောင်ဆောင်မနေနဲ့။ မင်းက မျက်မှာင်ကြုံ့လိုက် ရယ်လိုက်လုပ်နေတာ။ ရှောင်ဝမ်နဲ့ ရှောင်ကျန်းတောင် မင်းကအရူးနဲ့တူတယ်လို့ပြောနေတယ်။ ရှောင်ကျန်းနဲ့ ရှောင်ဝမ်, သခင်ကြီး ကျွန်တော်တို့ကို အဲ့လိုထိုးမကျွေးလို့မရဘူးလား?"

ကုန်းထျန်းဟောက်ရဲ့စူးရှတဲ့အကြည့်က သူတို့ကို လွှမ်းမိုးသွားပြီး

“မင်းတို့ဘယ်သူ့ကို အရူးလို့လာခေါ်နေတာလဲ? ငါ့ကို‌လာမေးရင်တော့ မင်းတို့နှစ်ယောက်ကမှ အရူးတွေ”

ဒါဘယ်လိုလုပ်ငါတို့အမှားဖြစ်မှာလဲ?

သခင်ကြီးကုန်းက ပြောင်ပြောင်တင်းတင်းနဲ့၊

“စကားလမ်းကြောင်းမလွှဲနဲ့၊ မင်းဘာလို့ဒီမှာထိုင်ပြီး ငတုံးတစ်ယောက်လို ပြုံးနေရတာလဲ‌ပြောပြ?”

ပြီးနောက် သူက အနားကိုယိုင်လာပြီး

“ဒါလင်းယွီနဲ့ဆက်စပ်နေတာလား? တိုးတက်မှုအသစ်တွေဘာတွေများရှိနေတာလား?”

ကုန်းထျန်းဟောက်က သူ့အဘိုးကို တကယ်လက်မထောင်ပြချင်နေသည်။

ကုန်းထျန်းဟောက်က ခေါင်းညိတ်ပြီး၊ “ဟုတ်တယ်၊ ကျွန်တော် ရှောင်လင်းယွီနဲ့ နည်းနည်း‌ခရီးရောက်လာတယ် ပြီးတော့ အရမ်းလည်းပျော်နေတယ်!”

သူက ထရပ်ပြီး ထွက်သွားဖို့ပြင်လိုက်သည်။

၎င်းက သခင်ကြီးကုန်းရဲ့စိတ်ကို တရွရွဖြစ်စေခဲ့သည်။ သူက ကုန်းထျန်းဟောက်ရဲ့ အင်္ကျီစကိုဆွဲထားလိုက်ပြီး မျက်နှာထားတင်းတင်းနဲ့

“ဒီအကောင်တော့ ငါ့ကိုရှင်းရှင်းပြော။ မင်းဘယ်ခရီးပေါက်တာကိုပြောာတလဲ? သူက မင်းမိန်းမလုပ်ဖို့တောင် သဘောတူလိုက်ပြီလာ?”

ကုန်းထျန်းဟောက်

“…”

ကိစ္စတွေက မြန်မြန်ဆန်ဆန်တော့ မတိုးတက်ဘူးလေ။

ပြီးတော့ အဲ့ဒီလိုသာဆိုရင် သူမကို အိမ်သယ်လာလောက်ပြီပေါ့။

ကုန်းထျန်းဟောက်က သူ့အဘိုးရဲ့အရောင်လက်နေတဲ့မျက်လုံးကို ကြည့်လိုက်ပြီး

“မဟုတ်ဘူး။ ဒါပေမယ့် လင်းယွီက ကျွန်တော့်ကို တက်တက်ကြွကြွပြန်ဖက်လိုက်တယ်”

၎င်းကိုပြောပြီး သူထွက်သွားသည်။

“နေပါဦး...ဘာရယ်?”

သခင်ကြီးကုန်းက နည်းနည်း အံ့ဩသွားသည်။

သူအသိပြန်ဝင်တဲ့အချိန်မှာ သူ့မြေးက အဝေးရောက်သွားပြီ။

ချက်ချင်းပဲ သူ့ခြေထောက်ကို စိတ်ပျက်စွာဆောင့်ချလိုက်ပြီး သူ့ကျောကုန်းကို လက်ညှိုးထိုးကာ ကျယ်လောင်စွာနဲ့

“အဓိပ္ပာယ်မရှိတာ! ကောင်မလေးက မင်းကိုပြန်ဖက်ပြီး မင်းကို အရူးတစ်ယောက်လို ပြောင်းပစ်လိုက်တယ်။ ဘုရားဘုရား ငါကဘာမှမဟုတ်တာအတွက် ပျော်နေတာပဲ!”

ရှောင်ကျန်းနဲ့ ရှောင်ဝမ်တို့ အသာလေးအနိုင်ရသွားသည်။ ရှောင်ကျန်းက နှစ်သိမ့်လိုက်သည်။

“သခင်ကြီး ဒေါသမထွက်ပါနဲ့၊ သခင်လေးမှန်တယ်လေ။ ဒါက တိုးတက်မှုသေးသေးလေးဖြစ်ပြီးတော့ သတင်းကောင်းပဲလေ”

ရှောင်ဝမ်က ရိုးရိုးသားသားနဲ့

“ဟုတ်တယ်၊ ဒါက ဘာမှမဟုတ်တာထက်တော့ ပိုကောင်းတယ်။ မကြာခင်မှာ ခရီးက ရှေ့ဆက်ရောက်သွားမှာပေါ့။ သတင်းကောင်းတွေက သတင်းကြီးတွေဖြစ်လာမယ်လေ ဟုတ်တယ်မလား?”

သခင်ကြီးကုန်းက ပျော်ရွှင်စွာခေါင်းညိတ်ပြီး သဘောတူလိုက်သည်။

“ဟုတ်တယ် မင်းမှန်တယ်။ တိုးတက်မှုသေးသေးလေးက ပိုကြီးတဲ့တိုးတက်မှုကို ဦးတည်မှာပဲ။ ငါ့မြစ်လေးကို ဖက်ရဖို့ပဲစောင့်သင့်တယ်”

ရှောင်လင်းယွီက သိပ်မကြာခင်မှာပဲ ကုန်းမိသားစုထဲဝင်လာလိမ့်မယ်လို့ သူယုံကြည်နေသည်။

သူ့မြစ်လေးကို တွေ့ရဖို့ သူ‌မစောင့်နိုင်တော့ပေ။

***

All Chapters