← Chapters

လွတ်ပေါက်

Vol. 18 Ch. 299

လွတ်ပေါက်

Vol. 18 Ch. 299

ကလေးသုံးယောက်က ကုန်းထျန်းဟောက်ကို လေးလေးနက်နက်ကြည့်လိုက်ပြီး ခေါင်းညိတ်ကာ

“ဟုတ်ကဲ့ ဦးလေးကုန်း၊ ကျွန်တော်တို့နားထောင်နေတယ်!”

ကုန်းထျန်းဟောက်က

“ကလေးတွေ လူစိမ်းတွေထောင်ယွမ်ရွာ ရောက်နေတာကို မင်းတို့သိတယ်မလား?”

ရှောင်ရှောင်းဟွေ့က ကုန်းထျန်းဟောက် ဘာပြောမလဲဆိုတာကို သိပုံပေါ်သည်။

သူက ယုံကြည်မှုရှိရှိနဲ့

“ဦးလေးကုန်း၊ လူစိမ်းတွေရှိရင်တောင် ကျွန်တော်တို့မကြောက်ဘူး။ ရွာက လမ်းတိုင်းမှာ ဗီဒီယိုစောင့်ကြည့်မှုရှိတယ်”

စောင့်ကြည့်ရေးဗီဒီယိုတပ်ထားတာကိုသူကြားတော့ ကုန်းထျန်းဟောက်ရဲ့ မျက်လုံးတွေ ရုတ်တရက် လင်းလက်သွားပြီး ချက်ချင်းတုံ့ပြန်လိုက်သည်။

ဟုတ်တယ် သက်သေရှာဖို့ ငါတို့အဲ့ဒါတွေကို သုံးလို့ရတာပဲ။

ဒါပေမယ့်လည်း သူကိစ္စကို အရင်လက်တွေ့လုပ်ရဦးမည်။

ကုန်းထျန်းဟောက်က

“ဟုတ်တယ် ထောင်ယွမ်ရွာက လမ်းမတိုင်းမှာ စောင့်ကြည့်ရေးဗီဒီယိုကင်မရာတွေတပ်ထားတယ်။ ဒါပေမယ့် လူဆိုးတွေက လမ်းမတွေကို ဘယ်လိုရှောင်ရမယ်မှန်းသိတယ်”

ထိုသို့ပြောပြီး ကုန်းထျန်းဟောက်က ရှောင်ရှောင်းဟွေ့ နဲ့ တခြားသူတွေ ရပ်နေတဲ့ လမ်းဆုံကိုထိုးပြပြီး

“ရှောင်းဟွေ့ ငါ့ကိုပြော၊ အဲ့ဒီနေရာမှာ စောင့်ကြည့်ရေးကင်မရာတွေတပ်ထားလား?”

ရှောင်ရှောင်းဟွေ့က ‌မျက်မှောင်ကြုံ့ပြီး ခေါင်းခါလိုက်သည်။

“မတပ်ထားဘူး”

“အိုခေ ဒါဆိုငါထပ်မေးမယ် ဒီလမ်းလေးက ဘယ်ကိုဦးတည်နေတာလဲ? အဲ့ဒါက ထောင်ယွမ်ရွာရဲ့လမ်း‌ဆုံကို ဦးတည်နေလား?”

“ဟင့်အင်း!”

ကလေးသုံးယောက်က ပြိုင်တူ ခေါင်းခါလိုက်သည်။

“ဒါဆို ဒီလမ်းကျဉ်းလေးက ဘယ်ကိုဦးတည်နေတာလဲ?”

ကုန်းထျန်းဟောက်က ဒီနေရာနဲ့ အကျွမ်းတဝင်မရှိပေ။

ဒါ့ကြောင့် သိထားတာပိုကောင်းသည်။

“သာ့ဝါရွာကို!”

ကလေးသုံးယောက်က အတူတူဖြေလိုက်သည်။

“သာ့ဝါရွာ?”

ကုန်းထျန်းဟောက်က မျက်မှောင်ကြုံ့ပြီး မေးလိုက်သည်။

“ဟုတ်တယ်!”

ဦးလေးကုန်းက ဘာလို့ဒီအရာတွေကိုမေးနေမှန်း ရှောင်ရှောင်းဟွေ့မသိပေမယ့် ဦးလေးကုန်းမှာလည်း သူ့အကြောင်းနဲ့သူရှိမှာကိုတော့ သူသိသည်။ ရှောင်ရှောင်းဟွေ့က ရှင်းပြလိုက်သည်။

“ဒီလမ်းကျဉ်းလေးအတိုင်းတည့်တည့်သွား၊ ပြီးလို့ တောင်ထိပ်နှစ်လုံးကျော်ရင် သာ့ဝါရွာကို ရောက်လိမ့်မယ်”

ဒါကအန္တရာယ်များတဲ့လမ်းမှန်း ကုန်းထျန်းဟောက် သဘောပေါက်သွားသည်။ သူက

“တခြားလမ်းလေးတွေကရော ဒီလိုပဲလား?”

“ဟုတ်တယ်”

ရှောင်ရှောင်းဟွေ့က နောက်ထပ်လမ်းကလေးတစ်ခုကို ညွှန်ပြပြီး

“ဒါက တောင်နောက်ဘက်ကရွာကို ဦးတည်နေတာ

ပြီးတော့‌ လမ်းခွဲတွေက နောက်ထပ် သာ့လီ…”

ကုန်းထျန်းဟောက်က ဒါကိုကြားတော့ လွတ်ပေါက်တွေအများကြီးရှိမှန်း သဘောပေါက်သွားသည်။ ကံကောင်းစွာပဲ သူအချိန်မှီ ရှာတွေ့ခဲ့သည်။ ကုန်းထျန်းဟောက်က အရမ်းတည်တည်ငြိမ်ငြိမ်နဲ့

“ကလေးတို့ ငါ့ကိုနားထောင်၊ ဒီနေရာက အရမ်းအန္တရာယ်များတယ်။ နောင်ကျရင် နွားကျောင်းဖို့ တောင်ပေါ်မလာကြနဲ့။ ပြီးတော့ နွားကျောင်းဖို့ မင်းတို့ဘယ်ကိုပဲသွားသွား မင်းတို့အတူတူနေရမယ်။ နားလည်ရဲ့လား?”

ကလေးသုံးယောက်က တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်စွာကြည့်လိုက်သည်။ ပြီးနောက် ရှောင်ရှောင်းဟွေ့က နားမလည်တဲ့ပုံနဲ့

“ဦးလေးကုန်း၊ ဒီနေရာရဲ့ အန္တရာယ်ကဘာလဲ? ကျွန်တော်တို့ နှစ်ဝက်လောက် နွားတွေကို ဒီလိုပဲကျောင်းလာတာ။ ဘာအန္တရာယ်မှမရှိဘူး”

ကုန်းထျန်းဟောက်က ရှောင်ရှောင်းဟွေ့ရဲ့ခေါင်းလေးကို ပုတ်လိုက်ပြီး၊ “အရင်ကအန္တရာယ်မရှိတာနဲ့ပဲ အခုအန္တရာယ်မရှိဘူးလို့ ပြောတာမဟုတ်ဘူး။ နားလည်လား? အခုစကားနားထောင်ပြီး နွားတွေကိုအဝေးခေါ်သွားတော့။ နောင်ကျရင် ငါ ဘာအန္တရာယ်ဆိုတာကို မင်းတို့ကို ရှင်းပြမယ်”

ဘယ်လိုအန္တရာယ်မျိုးမှန်း ကလေးသုံးယောက်မသိပေမယ့်လည်း ဦးလေးကုန်းကပြောမှတော့ သူတို့ကျိုးကျိုးနွံနွံနွားတွေကို ပြန်မောင်းသွားကြသည်။

ရှောင်ရှောင်းဟွေ့က ရှောင်ကွမ်းရှေ့လျှောက်သွားပြီး သူ့ခေါင်းကိုပုတ်ကာ

“နွားဘုရင်ငယ်လေး မင်းကြားတယ်မလား? ငါတို့တောင်အောက်ဆင်းပြီး ဒီမှာကစားနေတာရပ်သင့်ပြီ။ ဦးလေးကုန်းက ဒီနေရာက အရမ်းအန္တရာယ်ရှိတယ်လို့ ပြောတယ်”

နွားဘုရင်ငယ်လေးက သူ့ခေါင်းနဲ့ ရှောင်ရှောင်းဟွေ့ရဲ့လက်ဖဝါးကို ပြန်ပွတ်လိုက်ပြီး နှစ်ခါအော်လိုက်သည်။ နွားက သူ့လျှာကိုထုတ်ပြီး သူမ ကလေးရဲ့ခေါင်းကို လျှက်လိုက်သည်။ ပြီးတော့ နှစ်ကောင်သား သူတို့ရဲ့ပျင်းတွဲနေတဲ့အခြေအနေကနေပြန်ထလာပြီး အကျွမ်းဝင်ပြီး စည်းကမ်းရှိတဲ့ဟန်နဲ့ လျှောက်သွားသည်။

ကုန်းထျန်းဟောက်က မျက်လုံးကျုံ့လိုက်သည်။

“နွားဘုရင်ငယ်လေးက တကယ်အရမ်းဉာဏ်ကောင်းတာပဲ။ သူက လူစကားကိုတောင် နားလည်နိုင်တယ်”

နွားတွေက တောင်အောက်ဆင်းသွားပြီး သီးနှံတွေကို ရှောင်ရှားသွားသည်။ ဇက်ကြိုးတွေမပါဘဲနဲ့တောင် သူတို့ ကောင်းကောင်းပြုမူပြီး ဘာကိုမှမဖျက်ဆီးပေ။ တောင်ခြေမှာ မြက်ရိုင်းတချို့ရှိသည်။ ဒါပေမယ့်လည်း အမေနဲ့သားက ဗိုက်ပြည့်အောင်စားပြီးထားကြောင်း သိသာနေသည်။ ပြီးနောက် လူအုပ်က အိမ်ပြန်သွားကြသည်။ သူတို့ နွားတွေကို နွားတင်းကုပ်ဆီ မောင်းခဲ့ကြသည်။

နွားဘုရင်ငယ်လေးနဲ့ သူ့အမေရဲ့အိမ်က သာမန်မဟုတ်ပေ။ ၎င်းက အရမ်းသန့်ရှင်းပြီး သန့်ရှင်းတဲ့ကောက်ရိုးတွေနဲ့ ပြည့်နေသည်။ နွေရာသီ‌ဆို ခြင်တွေအများကြီးရှိသည်။ သူတို့သက်သာရာရအောင် ‌ခြင်ဆေးခွေနေ့တိုင်းထွန်းရသည်။

နွားနှစ်ကောင်က တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးအလေးပေးကြသည်။ သူတို့ကိုယ်တိုင်အပေါ့သွားတဲ့ အထူးထောင့်စွန်းလေးရှိသည်။ ရှောင်ကွမ်းက ခုန်ပြီး သူ့ခေါင်းနဲ့တံခါးကိုဖွင့်လိုက်သည်။ ထို့နောက် သူ့အမေဝင်လာဖို့ စောင့်နေသည်။ ပြီးတော့ သူကတံခါးကကြိုးကို ကိုက်လိုက်ပြီး တံခါးကို ဆွဲပိတ်လိုက်သည်။

ကုန်းထျန်းဟောက်က အံ့ဩသွားသည်။

‘နွားဘုရင်ငယ်လေးကို လူတွေ ယုံကြည်ကြတာ အံ့ဩစရာမရှိတော့ဘူး။ သူကအရမ်းဉာဏ်ကောင်းတာကိုး!’

နွားတွေ သူတို့အိမ်ပြန်ရောက်သွားတာကို ရှောင်ရှောင်းဟွေ့ကြည့်ပြီးနောက် သူက

“ဦးလေးကုန်း၊ တစ်ခုခုဖြစ်လို့လား?”

ကုန်းထျန်းဟောက်က ခေါင်းခါလိုက်ပြီး

“ဘာမှမဖြစ်ပါဘူး။ မင်းအခုသွားကစားလို့ရပြီ”

“ဟုတ်ပြီ ဦးလေးကုန်း ကျွန်တော်တို့သွားကစားပြီနော်”

သူတို့ကစားလို့ရပြီဆိုတာကိုကြားတော့ ကလေးတွေရဲ့မျက်လုံးတွေ လင်းလက်သွားပြီး ပြေးထွက်သွားကြသည်။

အမြဲတမ်းသပ်သပ်ရပ်ရပ်ရှိတဲ့ငကြောင် ကုန်းထျန်းဟောက်က နွားတင်းကုပ်ရှေ့မှာရပ်နေပြီး ခန လေ့လာနေခဲ့သည်။ ပြီးတော့ သူကအချိန်ကိုကြည့်လိုက်ပြီး ရှောင်မိသားစု‌ဆီ လမ်းလျှောက်သွားလိုက်သည်။

နွားတင်းကုပ်က ရှောင်မိသားစုအိမ်ဘေးမှာ ဖြစ်သည်။ ခြံဝင်းထဲက ပြတင်းပေါက်ကနေတစ်ဆင့် သူတို့ တင်းကုပ်ထဲက နွားတွေကိုမြင်နိုင်သည်။ သူတို့ ထူးဆန်းတဲ့လှုပ်ရှားမှုတွေကို ချက်ချင်းကြားလိုက်ကြသည်။

ကုန်းချန်းဟောက် ခြံထဲကို ဝင်သွားတော့ သူက အဖြူရောင်ဝတ်စုံနဲ့ ရှောင်လင်းယွီကို မြင်လိုက်ရသည်။ သူမက မျက်လုံးတွေကိုပွတ်ပြီး ထွက်လာသည်။ သူမက မိန်းမောနေတဲ့အခြေအနေမှာပဲရှိသေးသည်။

ကုန်းထျန်းဟောက်က ဒါကိုမြင်တော့ သူက ခေါင်းခါလိုက်ကာ ပြုံးလိုက်သည်။ ပြီးတော့ သူက နောက်မှီခုံကို သေသေသပ်သပ်ဖြစ်အောင်လုပ်လိုက်သည်။ အကုန်လုံးလုပ်ပြီးသွားတော့ သူက ပြုံးပြီး

“မင်းနိုးလာပြီပဲ”

ပြီးနောက် သူက ရှေ့ဆက်သွားပြီး နောက်မှီခုံပေါ်မှာ သူမလှဲလို့ရအောင် ကူညီပေးလိုက်သည်။

သူမက ခနလောက် ဆက်အိပ်နေခဲ့သည်။ ခနကြာပြီးတော့ သူမလုံးဝနိုးလာသည်။

ကုန်းထျန်းဟောက်က အိမ်‌ဆီပြန်သွားပြီး ရှောင်လင်းယွီအတွက် ရေနွေးတစ်ခွက် ငှဲ့ပေးလိုက်သည်။ သူက အဲ့ဒါကို သူမရှေ့က ကျောက်စားပွဲပေါ်မှာ ထားလိုက်သည်။ ပြီးနောက် သူက ထရပ်ပြီး အိမ်ဆီပြန်သွားခဲ့သည်။

ခနကြာပြီးတော့ သူက သစ်သီးတစ်ပန်းကန်ယူလာပြီး ကျောက်စားပွဲပေါ်မှာ ထားလိုက်သည်။ ပန်းသီးစားခြင်းက ကလေးကို လှပပြီး ချစ်စရာကောင်းစေတယ်လို့ လူတွေပြောကြသည်။ ဒါ့ကြောင့် ရှောင်လင်းယွီက နေ့တိုင်း အနည်း‌ဆုံးပန်းသီးနှစ်လုံးစားသည်။ ဒါပေမယ့်လည်း သူမက ပန်းသီးအခွံစားရတာမကြိုက်ပေ။ ဒါကြောင့် သူမအမြဲတမ်း အခွံခွာသည်။

ကုန်းထျန်းဟောက်ရောက်မလာခင်က ရှောင်လင်းယွီက ကိုယ်တိုင်အခွံနွှာရသည်။ သူရောက်လာတော့ ဒါက သူ့တာဝန်တစ်ခု ဖြစ်သွားသည်။ ရှောင်လင်းယွီက နောက်မှီခုံပေါ်မှာ ခနထိုင်လိုက်သည်။ သူမက လက်ထုတ်လိုက်ပြီး ကုန်းထျန်း‌ဟောက်က လျင်မြန်စွာပဲ သူမကို ရေတစ်ခွက်ပေးခဲ့သည်။ ပါးစပ်အပြည့်ရေနှစ်ခါသောက်ပြီးတော့ သူမ မတော်တဆသီးသွားသည်။

“ဖြည်းဖြည်းသောက်လေ!”

ကုန်းထျန်းဟောက်က ချက်ချင်းပြောလိုက်သည်။ သူ့အလုပ်ကိုချထားလိုက်ပြီး သူမဘေးကို အမြန်လာခဲ့သည်။

သူမကို ညင်ညင်သာသာ ပုတ်ပေးပြီး

“မင်းကလူကြီးဖြစ်နေတာတောင် ရေသောက်ရင် သီးနေတုန်းပဲ”

အဲ့ဒီတော့မှ ရှောင်လင်းယွီက လုံးဝအိပ်ချင်ပြေသွားသည်။ ကုန်းထျန်းဟောက်ရဲ့ စိုးရိမ်တဲ့စကားကိုကြာတော့ သူမ နည်းနည်းမသက်မသာဖြစ်သွားသည်။

သူမက

“မတော်တဆပဲလေ၊ အရမ်းစိုးရိမ်နေဖို့မလိုပါဘူး”

ကုန်းထျန်းဟောက်က

“ကိုယ်ဘယ်လိုလုပ် မစိုးရိမ်ဘဲနေနိုင်မှာလဲ?”

ရှောင်လင်းယွီက ဘာမှမပြောပေ။

ကုန်းထျန်းဟောက်က သူမကို နှစ်ခါပုတ်ပေးလိုက်သည်။ သူမ သီးတာရပ်သွားတော့ သူလည်း ရပ်လိုက်သည်။ သူက ပြန်ထွက်သွားပြီး ထိုင်ကာ ပန်းသီးအခွံဆက်ခွာနေခဲ့သည်။ ခနကြာပြီးတော့ သူပန်းသီးအခွံခွာတာ ပြီးသွားပြီး ရှောင်လင်းယွီကို ပေးလိုက်သည်။

သူက

“ဒီတစ်ခုကိုတော့ ဖြည်းဖြည်းစား။ သီးမှာလည်းသတိထားဦး”

ရှောင်လင်းယွီက ပန်းသီးကို ယူလိုက်သည်။

သူမမျက်နှာက နည်းနည်းနီရဲနေပြီး သူမက မသက်မသာနဲ့

“ကျွန်မ ကလေးမဟုတ်မှန်းသိပါသေးတယ်နော်။ ကျွန်မ ဘာလို့ ပန်းသီးကိုသီးရမှာလဲ?”

၎င်းကိုပြောပြီး သူမ ပန်းသီးကို တစ်ကိုက်ကိုက်လိုက်သည်။ ဒါပေမယ့်လည်း အကြောင်းတချို့ကြောင့် သူမကံက သူမကို ဆန့်ကျင်နေသည်။ ရှောင်လင်းယွီက မသက်မသာသီးလိုက်သည်။

ကုန်းထျန်းဟောက်ရဲ့ အမူအယာချက်ချင်းပြောင်းသွားပြီး သူမကို မြန်မြန်ဆန်ဆန်ပဲအကြိမ်နည်းနည်း ပုတ်ပေးလိုက်သည်။ ပြီးတော့မှ ရှောင်လင်းယွီက အသက်ပြန်ရှုလိုက်နိုင်သည်။ ရှောင်လင်းယွီက နည်းနည်းထပ်ပြီး ချောင်းဆိုးခဲ့သည်။

ကုန်းထျန်းဟောက်က ရေခွက်ကို ယူလိုက်ပြီး သူမပါးစပ်ဆီတေ့ပေးလိုက်သည်။

“ရေနည်းနည်းသောက်လိုက်!”

ရှောင်လင်းယွီက ကျိုးကျိုးနွံနွံပဲ ပါးစပ်အပြည့်ရေနည်းနည်းထပ်သောက်လိုက်သည်။

ကုန်းထျန်းဟောက်က

“ဂရုစိုက်ဖို့ မင်းကို ကိုယ်ပြောသားပဲ။ မင်းက တကယ်ကလေးလိုပဲ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ်

ကိုယ်ဒီမှာ မင်းကိုစောင့်ရှောက်ဖို့ ရှိနေမယ်”

“ဖွတ်!”

ရှောင်လင်းယွီက ပါးစပ်အပြည့်ရေတွေကို ထွေးထုတ်လိုက်သည်။

ကုန်းထျန်းဟောက်က သူမကို အကြိမ်ရေနည်းနည်း ထပ်ပုတ်ပေးလိုက်သည်။

ရှောင်လင်းယွီက နောက်ဆုံးမှာ ငြိမ်သွားပြီး ပန်းသီးတွေ ကုန်အောင်စားလိုက်သည်။

ကုန်းထျန်းဟောက်က ကျောက်စားပွဲမှာ ထိုင်လိုက်သည်။ သူ့ခေါင်းတစ်ဝက်ကို လက်တစ်ဖက်နဲ့ ထောက်ထားပေမယ့် မျက်လုံးတွေက ရှောင်လင်းယွီကို လေးလေးနက်နက်ကြည့်နေသည်။

ရှောင်လင်းယွီက သူ့ရဲ့နူးညံ့တဲ့အကြည့်ကိုတွေ့တော့ သူမပါးစုံတွေ မြန်မြန်ဆန်ဆန်ပဲ ‌ရဲတက်သွားသည်။ သူမမျက်စိတွေလျှောက်ကစားနေပြီး သူမကြည့်ရတာ အနည်းငယ်‌ရှက်နေသည်...

***

All Chapters