သဲလွန်စများ
Vol. 18 Ch. 300
ရှောင်လင်းယွီရဲ့ရှက်နေတဲ့မျက်နှာကို ကုန်းထျန်းဟောက်မြင်တော့ သူ့မျက်လုံးတွေ လေးနက်သွားပြီး အသက်ပြင်းပြင်းတစ်ချက် တိတ်တဆိတ်ရှုလိုက်သည်။
ပြီးနောက် သူက
“ယွီအာ ကိုယ်ခုနတုန်းကတောင်ဆီသွားပြီး ရှောင်ရှောင်းဟွေ့ နဲ့ နွားကျောင်းနေတဲ့ တခြားကလေးတွေကို တွေ့ခဲ့တယ်”
ကုန်းထျန်းဟောက်က ဒါကို အကြောင်းမရှိဘဲ ပြောမှာမဟုတ်မှန်း သူမသိသည်။ သူ့မှာ အရေးကြီးပြောစရာတစ်ခုရှိရမည်။
သူမက တည်တည်ငြိမ်ငြိမ်နဲ့
“ရှင်တစ်ခုခုရှာတွေ့လို့လား?”
ကုန်းထျန်းဟောက်က ခေါင်းညိတ်ပြီး
“ဟုတ်တယ် တောင်ပေါ်မှာ လမ်းခွဲတွေနဲ့ လမ်းကျဉ်းလေးတွေ အများကြီးရှိတယ်။ လမ်းခွဲတစ်ခုစီတိုင်းက မတူညီတဲ့ရွာတွေကို ဦးတည်သွားတယ်။ နွားတွေက သာမန်နွားတွေဆိုရင်တော့ ဒါကပြဿနာမဟုတ်ပါဘူး။ ပြီးတော့ ရွာသားတွေကလည်း နွားတွေကို အဲ့ဒီမှာ ခနခနကျောင်းကြတာပဲ။ “ဒါပေမယ့် ယွီအာ၊ ကိုယ်တို့မိသားစုရဲ့နွားက သာမာန်နွားတစ်ကောင်မဟုတ်မှန်း မင်းလည်း သိတာပဲ။ အဲ့ဒါနွားဘုရင်ငယ်လေးလေ။ ကိုယ်တို့ဒီအတိုင်းဆက်ထားရင် အရမ်းအန္တရာယ်ရှိလာလိမ့်မယ်။
အထူးသဖြင့် အပြင်လူတွေက နွားဘုရင်ငယ်လေးအကြောင်းကိုသိနေတဲ့အတွက်”
ဒီအကြောင်းပြောရင်း ကုန်းထျန်းဟောက်က ခနရပ်လိုက်သည်။
သူက တစ်စုံတစ်ခုကို တွေးလိုက်ပြီး
“ယွီအာ၊ ကိုယ်တို့ရာရဲ့ လမ်းဆုံတိုင်းမှာ တပ်ထားတဲ့ကင်မရာတွေရှိတယ်လို့ ရှောင်းဟွေ့ကပြောတယ်။ ရှောင်ချန်းချိုင်နဲ့ဆက်ဆံခဲ့တဲ့ အပြင်လူတစ်ယောက် တကယ်ပဲရှိနေမလားဆိုတာ ကိုယ်တို့တစ်ချက်ကြည့်ဖို့လိုတယ်။
ရှိနေတယ်ဆိုရင်တော့ သူ့ပိုက်ဆံတွေ ဘယ်ကလာမှန်း ကိုယ်တို့သိပြီပေါ့။ ကိုယ်တို့ဒီအကြောင်းကို ရွာသူကြီးကို အမြန်ဆုံးပြောရမယ်။ အရေးပေါ်အခြေအနေတွေအတွက်”
ရှောင်လင်းယွီရဲ့အမူအယာက ဖြည်းဖြည်းချင်း လေးနက်သွားသည်။ သူမက ခေါင်းညိတ်ပြီး
“အိုခေ!”
ပြောပြီးနောက် သူမ မတ်တပ်ရပ်လိုက်သည်။
ကုန်းထျန်းဟောက်က ချက်ချင်းမေးလိုက်သည်။
“ယွီအာ မင်းဘာလုပ်မလို့လဲ?”
“ကွန်ပျူတာယူဖို့ အခန်းသွားမလို့”
ရှောင်လင်းယွီက ပြောလိုက်သည်။
“ထိုင်နေ ကိုယ်မင်းအတွက် သွားယူပေးမယ်!” ကုန်းထျန်းဟောက်က ပြောလိုက်ပြောရင်း မတ်တပ်ထလိုက်သည်။
“ယွီအာ မင်းကွန်ပျူတာကဘယ်မှာလဲ? မင်းအခန်းထဲမှာလား?”
“ဟုတ်တယ် အခန်းထဲမှာ!”
ရှောင်လင်းယွီက ပြန်ဖြေလိုက်သည်။ ကုန်းထျန်းဟောက်က ရှောင်လင်းယွီအခန်းဆီလာပြီး တံခါးကို ညင်ညင်သာသာတွန်းလိုက်သည်။ သူမြင်လိုက်ရတာက သန့်ရှင်းပြီး သပ်ရပ်တဲ့အခန်းတစ်ခုဖြစ်သည်။ အဲ့ဒီမှာ ခရမ်းရောင်ခြင်ထောင်တစ်လုံး၊ အဖြူရောင်ဗီဒိုတစ်ခုနဲ့ ခုံတစ်လုံးရှိသည်။ ခုံပေါ်မှာ ခရမ်းရောင်လက်တော့ပ်တစ်လုံးရှိသည်။
ကုန်းထျန်းဟောက်က အခန်းထဲမှာ ဆက်မနေခဲ့ပေ။ သူက လက်တော့ပ်ကို ခြံထဲချက်ချင်းရွှေ့လိုက်သည်။ လက်တော့ပ်ကိုရွှေ့ပြီးတော့ အပြင်လူတွေရွာထဲကို ဝင်လာတဲ့ဗီဒီယိုကို သူတို့နှစ်ယောက်စရှာလိုက်သည်။
သိပ်မကြာခင်မှာပဲ ကုန်းထျန်းဟောက်က တည်ငြိမ်တဲ့အမူအယာနဲ့
“ယွီအာ ကိုယ်တွေ့ပြီ”
သူကအချိန်ကိုကြည့်လိုက်ပြီး
“ဒါကပြီးခဲ့တဲ့တစ်ပတ်တုန်းက ဖြစ်ခဲ့တာပဲ”
ဒါကသတင်းကောင်းတစ်ခုမဟုတ်ပေ။ အကြောင်းမှာ တစ်ဖက်အဖွဲ့က လုံလောက်တဲ့ပြင်ဆင်မှုတွေလုပ်ဖို့ အချိန်ပိုရသွားသောကြောင့်ဖြစ်သည်။
ရှောင်လင်းယွီက အနီးကပ်ကြည့်လိုက်ပြီး အဖြူရောင်ကားတစ်စီးကို မြင်လိုက်သည်။ ၎င်းက ရွာဝင်ပေါက်ရှေ့မှာ ရပ်လိုက်သည်။ ခနကြာပြီးတော့ ဝတ်စုံပြည့်နဲ့လူငယ်သုံးယောက် ကားထဲက ထွက်လာသည်။
သူတို့ကားထဲက ထွက်လာတဲ့အချိန် အနားပတ်လည်ကိုကြည့်လိုက်ပြီး ရှောင်ချန်းချိုင်ဖြတ်သွားတာကို တိုက်တိုက်ဆိုင်ဆိုင်တွေ့လိုက်သည်။ ပြီးနောက် နှစ်ဖက်က စကားပြောဖို့ ရပ်လိုက်သည်။
ကုန်းထျန်းဟောက်က ဗီဒီယိုကိုခနကြည့်ပြီး
“ယွီအာ ရှောင်ချန်းချိုင်ကအရမ်းလည်ပြီး ကင်မရာအကြောင်းကိုသိတယ်။ သူက အပေးအယူကို သိသိသာသာလုပ်ရလောက်တဲ့အထိတော့ မတုံးဘူး”
ရှောင်လင်းယွီကလည်း ကင်မရာထဲမှ တစ်ခုခုကိုမြင်ချင်နေသည့်အတိုင်း ကင်မရာကို စိုက်ကြည့်လိုက်သည်။ ဒါပေမယ့်လည်း ရှောင်ချန်းချိုင် အရမ်းသတိထားနေမှန်း သိသာသည်။ သူက အပြင်လူတွေကို စကားပြောရုံကလွဲပြီး ဘာမှမလုပ်ခဲ့ပေ။ ၎င်းက မှားယွင်းမနေပေ။
ဒါပေမယ့်လည်း ရှောင်လင်းယွီက
“တစ်နေရာရာမှာတော့ သဲလွန်စရှိရမယ်”
သူမကမျက်မှောင်ကြုံ့ကာ မျက်လွှာချလိုက်ပြီး အတွေးထဲစိတ်နှစ်နေသည်။
အဲ့ဒီအချိန်မှာ ကုန်းထျန်းဟောက်က စခရင်ကိုစိုက်ကြည့်ပြီး
“ယွီအာ တစ်ချက်လာကြည့်ဦး”
ရှောင်လင်းယွီရောက်လာပြီး ကုန်းထျန်းဟောက်က နေရာတစ်ခုကို ထိုးပြကာ
“ယွီအာ မင်းဒါကိုသတိထားမိလား?”
“ဒါ..ဒါက သူ့ဘောင်းဘီအိတ်တွေပဲ”
ရှောင်လင်းယွီက ပြောလိုက်သည်။
“ဟုတ်တယ်”
ကုန်းထျန်းဟောက်က ခေါင်းညိတ်ပြီး
“သူ့ဘောင်းဘီတွေ ဖောင်းလာတာကို မင်းသတိထားမိလား? အဲ့ဒါက ထောင့်မှန်စတုဂံပုံစံပေမယ့် အစွန်းက ထွက်နေတယ် ကိုယ်တို့အနီးကပ်ကြည့်ရင် အဲ့ဒါပိုက်ဆံတွေမှန်း ပြောနိုင်တယ်”
ရှောင်လင်းယွီရဲ့မျက်လုံးတွေ လင်းလက်သွားပြီး ချက်ချင်းတုံ့ပြန်လိုက်သည်။ သူမက
“အမှန်ပဲ၊ အခုနွေရာသီဆိုတော့ သူကအဝတ်ပါးပါးတွေပဲဝတ်တာ။ သူ့မှာ ပိုက်ဆံတွေဝှက်ဖို့ အထပ်မရှိဘူး။ အဲ့ဒါကြောင့် သူ့အိတ်ကပ်ထဲမှာ ထည့်ရမှာပဲ”
ကုန်းထျန်းဟောက်က ခေါင်းညိတ်ပြီး
“ဟုတ်တယ်။ သောင်းချီတယ်ဆိုတာက နည်းတဲ့ပမာဏတော့မဟုတ်ဘူး။ ငွေတွေကိုကင်မရာမှာပြနေတယ်။ အဲ့ဒီတော့ သူကအပြစ်ရှိတာပဲ”
“သူအရမ်းနမောနမဲ့နိုင်နေတုန်းပဲ။ သူ့အိမ်ကထွက်လာတော့ သူ့အိတ်ကပ်က ပါးပြီး ဗလာဖြစ်နေတာ။ ဒါပေမယ့်လည်း လူသုံးယောက်ကိုတွေ့ပြီး အိမ်ပြန်တော့ သူ့အိတ်ကပ်တွေ ပြည့်ကုန်တယ်။ သူက နွားဘုရင်ငယ်လေးရဲ့လျှို့ဝှက်ချက်ကို ရောင်းစားလိုက်တယ်ဆိုတာကို ပြတဲ့သက်သေပဲ”
ရှောင်လင်းယွီက ခနလောက်တွေးလိုက်ပြီး
“အခု ကျွန်မ ရွာသူကြီးကို ခေါ်ရတော့မယ်။ ဒါဗျူဟာကောင်းတစ်ခုပဲ”
ကုန်းထျန်းဟောက်က ခေါင်းညိတ်ပြီး မတ်တပ်ရပ်လိုက်သည်။ သူက သူမအခန်းကိုထပ်သွားလိုက်ပြီး ခုံပေါ်က သူမဖုန်းကို ယူလာခဲ့သည်။
ရှောင်လင်းယွီထံမှ ဖုန်းလက်ခံရပြီးတော့ ရွာသူကြီးကို ခေါ်လိုက်သည်။ ပြီးတော့ သူတို့နှစ်ယောက် ဗီဒီယိုကိုဆက်ကြည့်လိုက်ကြသည်။ အဓိကကတော့ စစ်ဆေးမှုတွေအားလုံးလုပ်နေတဲ့ ကုန်းထျန်းဟောက်ပဲဖြစ်သည်။ ရှောင်လင်းယွီက ကိုယ်ဝန်ရှိနေပြီး ကွန်ပျူတာကို အကြာကြီးကြည့်တာက သူမအတွက် မကောင်းပေ။
ကုန်းထျန်းဟောက်က ထက်မြက်ပြီး ခရေစေ့တွင်းကျမှတ်နိုင်တဲ့မှတ်ဉာဏ်ရှိသည်။ သူက အရမ်းလျင်မြန်ပြီး မြင်ကွင်းတစ်ခုမှ အလွတ်မခံပေ။
မိနစ်နှစ်ဆယ်လောက်စောင့်ပြီးတော့ ရွာသူကြီး အပြေးရောက်လာသည်။ ရွာသူကြီးခြံထဲကိုဝင်လာတဲ့အချိန် သူ့နဖူးက ချွေးကိုသုတ်လိုက်ပြီး မေးလိုက်သည်။
“လင်းယွီ ဘာဖြစ်လို့လဲ?”
ရှောင်လင်းယွီက လေးနက်တဲ့ အမူအယာနဲ့
“ရွာသူကြီး၊ အိမ်ထဲဝင်ပြီး စကားပြောရအောင်”
ဖြတ်သွားတဲ့ရွာသားတွေ သူတို့စကားကြားသွားပြီး လန့်ဖျပ်ကာ ပျံ့နှံ့သွားနိုင်သည်။
ရွာသူကြီးက ရှောင်လင်းယွီနဲ့ ကုန်းထျန်းဟောက်တို့ရဲ့ လေးနက်တည်ငြိမ်နေတဲ့ မျက်နှာထားကိုမြင်တော့ တစ်စုံတစ်ခုကြီးကြီးမားမားဖြစ်နေပြီလို့ သဘောပေါက်လိုက်သည်။ သူရုတ်တရက် မသက်မသာဖြစ်သွားသည်။ သူ့လက်တွေကို ပွတ်လိုက်ပြီး
“လင်းယွီ ထျန်းဟောက်၊ မင်းတို့နှစ်ယောက် လေးနက်နေရတဲ့အထိ ဘာတွေများဖြစ်လို့လဲ?”
ရှောင်လင်းယွီက ရွာသူကြီးအတွက် ရေတစ်ခွက် ငှဲ့ပေးလိုက်သည်။
ရွာသူကြီးက ယူလိုက်ပြီး ပါးစပ်အပြည့်သောက်ပစ်လိုက်သည်။ နွေရာသီမှာ အကြာကြီးလမ်းလျှောက်ပြီးတော့ သူနည်းနည်းရေဆာနေသည်။ ပြီးတော့ ရွာသူကြီးကထပ်ပြီး
“လင်းယွီ တကယ်ပဲဘာဖြစ်လို့လဲ?”
ရှောင်လင်းယွီက
“ရွာသူကြီး၊ ကျွန်မတို့စကားမပြောခင် ဗီဒီယိုနည်းနည်းကြည့်လိုက်ဦး”
သူမက ကွန်ပျူတာကို ရွာသူကြီးရှေ့မှာ ထားလိုက်သည်။
ကုန်းထျန်းဟောက်က သူရွေးထားတဲ့ဗီဒီယိုတချို့ကို သူ့ကိုပြလိုက်သည်။
အစမှာ ရွာသူကြီးက နည်းနည်းရှုပ်သွားပေမယ့် အပြင်လူတစ်စုက ရှောင်ချန်းချိုင်ဆီ လာဆက်သွယ်တာကိုမြင်လိုက်ရတော့ သူ့မျက်နှာထားက တည်ငြိမ်သွားသည်။ ဒါပေမယ့်လည်း ဒါထက် သူဘာမှပိုမမြင်လိုက်ပေ။ ဒီတော့ ရှောင်ချန်းချိုင်က အပြင်လူတွေနဲ့ အဆက်ဆံလုပ်ခဲ့သည်။ ခုရက်တွေမှာတော့ ရွာသားတွေမှာ ဒါကအဖြစ်များသည်။ ပြီးတော့ ရွာသားတွေကလည်း အပြင်လူတွေအများကြီးကို ကြိုဆိုနေတာပဲလေ။ ဒါက ရိုးရိုးသားသားတုံ့ပြန်မှုဖြစ်နိုင်သည်။
ရွာသူကြီးက ၎င်းကို သတိမထားမိလိုက်မှန်း ကုန်းထျန်းဟောက်သိသည်။ ဒါကြောင့် သူက ပုံတစ်ပုံကို ညွှန်ပြလိုက်ပြီး
“ရွာသူကြီး ဒီကိုကြည့်”
ကုန်းထျန်းဟောက်ထိုးပြလိုက်တဲ့ပုံကို ရွာသူကြီးကြည့်လိုက်ပြီး ရုတ်တရက် မျက်လုံးပြူးသွားသည်။ သူက တအံ့တဩနဲ့
“နေဦး သူ့အိတ်ထဲမှာ ပိုက်ဆံတွေလား?”
ကုန်းထျန်းဟောက်က ခေါင်းညိတ်လိုက်ပြီး
“ဗီဒီယိုက မပြည့်စုံပေမယ့် အရွယ်အစားနဲ့ပုံစံအရ ရှောင်ချန်းချိုင်ရဲ့အိတ်ကပ်က ပိုက်ဆံတွေနဲ့ပြည့်နေတာကို ကျွန်တော်တို့ အတည်ပြုလို့ရတယ်။ သူ့အိတ်ကပ်နှစ်ခုလုံး ဖောင်းနေတယ်။ အဲ့ဒါအနည်းဆုံးသောင်းဂဏန်းပဲ!”
ရွာသူကြီးက အံ့ဩစွာနဲ့
“ဒါပေမယ့် ရှောင်ချန်းချိုင်က ပိုက်ဆံတွေအများကြီးနဲ့ အိမ်ကထွက်လာတာမဟုတ်ဘူးလေ။ ဒါဆို သူပိုက်ဆံတွေ ဘယ်ကရတာလဲ? သူလမ်းပေါ်ကနေတော့ ကောက်ရစရာအကြောင်းမရှိဘူး။ ငွေတွေအများကြီးနဲ့ ဘယ်သူကလျှောက်သွားမှာလဲ?”
ကုန်းထျန်းဟောက်က တည်တည်ငြိမ်ငြိမ်နဲ့
“ရွာသူကြီး၊ ဒါကျွန်တော်တို့ ရွာသူကြီးကို ဒီခေါ်လိုက်ရတဲ့ အကြောင်းပဲ”
ရွာသူကြီးက ကြက်သေသေပြီး မေးလိုက်သည်။
“မင်းဘာကိုဆိုလိုတာလဲ?”
ရှောင်လင်းယွီက တည်တည်ငြိမ်ငြိမ်နဲ့
“ရွာသူကြီး၊ နွားဘုရင်ငယ်လေးရဲ့လျှို့ဝှက်ချက်ကို အပြင်လူတွေကိုရောင်းလိုက်တာက ရှောင်ချန်းချိုင်လို့ ကျွန်မတို့ သံသယရှိတယ်”
ရွာသူကြီးကဒါကိုကြားတော့ ချက်ချင်းမျက်နှာထားပြောင်းသွားသည်။ သူက ရုတ်တရက် ဒေါသတကြီးအော်လိုက်သည်။
“သူမလုပ်ရဲပါဘူး!”
ဒါပေမယ့်လည်း ရှောင်လင်းယွီက ခေါင်းခါပြီး၊ “သူဘာလို့မလုပ်ရဲရမှာလဲ? သူဒါကိုလုပ်ရမယ့် အကြောင်းတွေရှိတယ်။
ပထမအနေနဲ့ သူ့မိသားစုကို နွားဘုရင်ငယ်လေးရဲ့မစင်တွေယူခွင့်မပြုထားဘူး။
ဒုတိယအနေနဲ့ ကျန်းရှောင်လန်ရဲ့ကိစ္စကြောင့် သူ့မိသားစုက ကျွန်မမိသားစုကိုမုန်းတယ်။
တတိယအနေနဲ့ သူ့အကြွေးကိုဆပ်ဖို့ ကျွန်မဆီမှာ အလုပ်လုပ်ပေးရဦးမယ်။ သူကျေနပ်မယ်လို့ထင်နေတာလား?
သူ့မိန်းမနဲ့ဖြစ်ရပ်ကနေတစ်ဆင့် သူကအကြင်နာမရှိတဲ့လူတစ်ယောက်မှန်း ကျွန်မတို့သိပြီးသားပဲ။ သူက တစ်ရွာလုံးမပြောနဲ့ သူ့ရဲ့နှစ်၂၀မိန်းမကိုတောင် သစ္စာဖောက်နိုင်တာ”
ဒါကိုကြားကာ ရွာသူကြီးရဲ့မျက်နှာထား ထပ်ပြောင်းသွားသည်။
ဒါသာအမှန်ဆိုရင် နွားဘုရင်ငယ်လေးက အန္တရာယ်ကြီးထဲမှာပဲ။
ဒါ့အပြင် ဒါကလောဘကြီးတဲ့လူတွေရဲ့ ဆိုးရွားတဲ့ရည်ရွယ်ချက်တွေကို ထောင်ယွမ်ရွာဆီဆွဲဆောင်လိမ့်မည်။ ရွာသူကြီးက ဒီကိစ္စရဲ့ပြင်းထန်မှုကို လျင်မြန်စွာ သဘောပေါက်လိုက်သည်။
ရှောင်လင်းယွီကဆက်ပြီး
“ရွာသူကြီး ကျွန်မရဲ့လက်ရှိခန့်မှန်းချက်အရ ကျွန်မတို့က ကောင်းမွန်တဲ့သီးနှံတွေစိုက်နိုင်လို့ တစ်ယောက်ယောက်က ထောင်ယွမ်ရွာကို မျက်စိကျနေတာဖြစ်ရမယ်။ ရွာကို ခရီးသွားနေရာအဖြစ်ပြောင်းဖို့ကြိုးစားရတဲ့အကြောင်းရင်းက အပေါ်ယံပဲ”
ရွာသူကြီးရဲ့မျက်နှာထားက စတင်လေးနက်သွားသည်။
***