လျှို့ဝှက်ချက်
Vol. 18 Ch. 301
“နွားဘုရင်ငယ်လေးရဲ့ကိစ္စကပေါက်သွားပြီဆိုရင် အဲ့ဒီလူက နွားဘုရင်ငယ်လေးကိုမဟုတ်ဘဲ ထောင်ယွမ်တရွာလုံးကိုလည်း လိုချင်တာဖြစ်ရမယ်”
ရှောင်လင်းယွီကဆက်ပြောလိုက်သည်။
ရွာသူကြီးက အနည်းငယ်ရှုပ်နေတဲ့ပုံနဲ့
“လင်းယွီ မင်းဒါကဘာကိုပြောချင်တာလဲ?”
ရှောင်လင်းယွီက
“ကျွန်မတို့ ရွှေ့ပြောင်းဖို့ ဖိအားပေးခံရပြီး ကျွန်မတို့မြေက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးဆိုတဲ့ခေါင်းစဉ်နဲ့ အယူခံလိုက်ရမှာပဲ”
ထောင်ယွမ်ရွာမှာ နွားဘုရင်ငယ်လေးသာမရှိဘူးဆိုရင် ဒါကရွာသားတွေအတွက် ကောင်းတဲ့အရာဖြစ်လိမ့်မည်။
အကြောင်းမှာ သူတို့ လျော်ကြေးပေးခံရမည်ဖြစ်သောကြောင့်ဖြစ်သည်။
ဒါ့ပြင် ဒါမျိုး တခြားရွာတွေမှာ ဖြစ်ဖူးသည်။ ရွာသားတွေအများစု ပျော်ရွှင်ကြသည်။ မြေနဲ့အချိတ်အဆက်မရှိတဲ့ လူငယ်မျိုးဆက်က အစိုးရက သူတို့မြေကို ယူသွားဖို့ မျှော်လင့်နေကြသည်။ အဲ့ဒါမှ သူတို့ လျော်ကြေးရနိုင်မည်ဖြစ်သည်။
ဒါပေမယ့်လည်း ထောင်ယွမ်ရွာရဲ့အခြေအနေကတော့ ကွဲပြားသည်။ နွားဘုရင်ငယ်လေးရဲ့မစင်က သီးနှံတွေကို ပိုမြန်မြန်ကြီးထွားစေပြီး ပိုအရသာရှိစေသည်။ သူတို့မြေက လျော်ကြေးတွေထက် များစွာပိုတန်သည်။ ဉာဏ်ကောင်းတဲ့ရွာသားတိုင်း ရှိရင်းစွဲ တန်ဖိုးကိုသိသည်။
နွားဘုရင်ငယ်လေးကို ရှောင်မိသားစုက ပိုင်ပေမယ့်လည်း တစ်ရွာလုံးအကျိုးကျေးဇူးတွေ ခံစားရသည်။
ရွာသူကြီးက ဒါကိုကြားတော့ သူ့မျက်လုံးတွေ ထပ်ပြူးသွားပြန်သည်။ သူမယုံနိုင်ဖြစ်သွားသည်။
ရှောင်လင်းယွီကဆက်ပြီး
“သူတို့သာ နွားဘုရင်ငယ်လေးရဲ့လျှို့ဝှက်ချက်ကို တကယ်သိသွားရင် သူ့ကိုပိုင်ဆိုင်ဖို့ နည်းလမ်းတွေကို သေချာပေါက်တွေးမှာပဲ”
ရွာသူကြီးမျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။ သူက မယုံကြည်နိုင်စွာ အထစ်အထစ်ဖြစ်နေသည်။
“လင်းယွီ ဘယ်လို...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?”
ရှောင်လင်းယွီက
“ရွာသူကြီး ဒါအရမ်းဖြစ်နိုင်ချေရှိတယ်လို့ ကျွန်မအာမခံတယ်”
ရွာသူကြီးက အချိန်တော်တော်ကြာ အံ့ဩတုန်လှုပ်နေသည်။ သူပြန်အသိဝင်လာတော့ သူက
“လင်းယွီ ငါတို့အခုဘာလုပ်သင့်လဲ?”
ရှောင်လင်းယွီက
“ရွာသူကြီး၊ နွားဘုရင်ငယ်လေးရဲ့ကိစ္စက အပြင်လူတွေဆီ ပေါက်ကြားကုန်ပြီဆိုတာကို အကုန်လုံးကို အသိပေးလိုက်ပါ။ ပြီးတော့ အပြင်လူတွေကို အာရုံထားကြဖို့ အားလုံးကိုပြောလိုက်ပါ”
“တစ်ခုခုများရှိလို့လား?”
ရွာသူကြီးက မေးလိုက်သည်။
ရှောင်လင်းယွီက သူမခေါင်းကိုခါပြီး
“ရွာသူကြီး ရွာသားတွေကို ဒီသတင်းအရင်ပြောထားလိုက်ရအောင်”
“အစိုးရက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအကြောင်း ဘာမှမပြောမှတော့ ဒါက လူတွေရဲ့စိတ်ကို မွှေနောက်စေတဲ့အတွက် ကျွန်မတို့ထုတ်မပြတာကောင်းဦးမယ်။ အခု ဒီနေရာကို ခရီးသွားနေရာအဖြစ် တည်ဆောက်ပြုပြင်ချင်တဲ့လူတွေဆီကသတင်းကို ကျွန်မတို့ စောင့်ဖို့လိုတယ်။ ရွာသားတွေအတွက် သူတို့အစီအစဉ်ကဘာလဲ? ပြီးရင် ကျွန်မတို့ ဘာလုပ်ရမလဲ ဆုံးဖြတ်မယ်”
ပြောင်းရွှေ့ဖို့ပါနေရင်တော့ ရွာသားတွေက လျော်ကြေးပမာဏအများကြီးကို လက်ခံရလိမ့်မည်။ အဲ့ဒီအချိန်မှာ ရွာသားတွေ သေချာပေါက်ခွဲယူကြလိမ့်မည်။
ရွာသူကြီးက ခေါင်းညိတ်လိုက်သည်။ ပြီးနောက် သူက
“ဒါဆို နွားဘုရင်ငယ်လေးရဲ့လျှို့ဝှက်ချက်ကိုရောင်းစားလိုက်တာက ရှောင်ချန်းချိုင်မှန်း အားလုံးကို ပြောလိုက်သင့်လား?”
ရှောင်လင်းယွီက ခေါင်းခါပြီး
“ရွာသူကြီး ကျွန်မတို့မှာ သက်သေမရှိဘူး။ ဒါ့ကြောင့် ဘာမှပြောလို့မရသေးဘူး”
“ဒါပေမယ့်လည်း လျှို့ဝှက်ချက်ပေါက်ကြားသွားတာကို ရွာသားတွေကို ပြောပြလိုက်တာနဲ့ ထက်မြက်တဲ့လူတွေက ရှောင်ချန်းချိုင်သူ့အိမ်ကယူလာတဲ့ ငွေပမာဏအများကြီးနဲ့ ချက်ချင်းချိတ်ဆက်မိလိမ့်မယ်။ သံသယဝင်မှုတွေ အလိုလိုဖြစ်လာမှာပဲ”
ရွာသူကြီးကခေါင်းညိတ်လိုက်ပြီး
“မင်းပြောတာ အဓိပ္ပာယ်ရှိတယ်။ ကောင်းပြီ ငါအခုပဲလုပ်လိုက်မယ်”
ဒါပေမယ့် ရွာသူကြီးသွားတော့မည်အပြု ရှောင်လင်းယွီက သူ့ကို ထပ်ပြီး သတိပေးလိုက်သည်။
“ရွာသူကြီး၊ အခုအရေးကြီးဆုံးအရာက အပြင်လူတွေရဲ့လှုပ်ရှားမှုကို အာရုံစိုက်ဖို့ပဲ။ ပြီးတော့ အပြင်ဘက်ကိုဦးတည်နေတဲ့တောင်ကြားလမ်းတွေကို လူတွေကို ပိတ်ခိုင်းထားလိုက်ပါ။ ဒါပေါ့ ကျွန်မ ပစ္စည်းတွေနဲ့ လုပ်အားခတွေအားလုံးပေးပါ့မယ်”
ရွာသူကြီးက ခေါင်းညိတ်ပြီး
“ကောင်းပြီ ငါနားလည်ပြီ။ ငါဒါကိုကိုင်တွယ်လိုက်မယ်”
၎င်းကိုပြောပြီး ရွာသူကြီးက လှည့်ထွက်သွားသည်။
ရွာသူကြီးက အရမ်းလည်ဝယ်သည်။ ရှောင်လင်းယွီတို့အိမ်ကနေထွက်လာတော့ သူက ဒီသတင်းကို အသံလွှင့်စနစ်ကနေတစ်ဆင့် လျင်မြန်စွာ ကြေညာလိုက်သည်။
လူတိုင်း သတင်းကြားခဲ့သည်။ တစ်ရွာလုံး အံ့ဩကုန်သည်!
“ဘုရားရေ ဘာတွေဖြစ်နေတာလဲ? နွားဘုရင်လေးရဲ့ကိစ္စက ဘယ်လိုလုပ် ပေါက်ကြားသွားရတာလဲ?”
“ဟုတ်တယ် ဘာတွေဖြစ်နေတာလဲ? အပြင်လူတွေကိုဒီအကြောင်းမပြောဖို့ ရွာသူကြီးပဲအားလုံးကို ပြောထားတာမဟုတ်ဘူးလား? နွားဘုရင်ငယ်လေးကိုသာတွေ့သွားရင် အကျိုးနည်းမယ့်သူက ငါတို့ပဲ”
နွားဘုရင်ငယ်လေးကို ရှောင်လင်းယွီတစ်ယောက်တည်းပိုင်သော်လည်း ထောင်ယွမ်ရွာကရွာသားအများစုက ၎င်းဆီကနေ အကျိုးခံစားရသည်။
“ဟုတ်တယ် ဘာတွေဖြစ်နေတာလဲ? ဘယ်လိုလုပ်ပေါက်သွားရတာလဲ”
အခုအချိန်ထိ ဘယ်သူမှ ရှောင်ချန်းချိုင်အကြောင်း မတွေးမိပေ။
“အဲ့ဒါဘယ်လိုပဲပေါက်သွားသွား အပြင်ကလာတဲ့လူတွေကိုပဲ အာရုံစိုက်ဖို့ ရွာသူကြီးက အားလုံးကိုပြောတယ်”
“ဟုတ်သားပဲ!”
ရွာသူကြီးက ဒီသတင်းကိုကြေညာပြီးတော့ တခြားရွာတွေကို ဦးတည်နေတဲ့ တောင်လမ်းတွေကိုပိတ်ထားဖို့ လူငယ်တချို့ကို ချက်ချင်းခေါ်လိုက်သည်။
ဒီလမ်းကြောင်းတွေကိုဖွင့်ထားတာ အရမ်းအန္တရာယ်များလွန်းသည်။ လူငယ်တွေက ဒီအစီအစဉ်ကိုကြားတာနဲ့ စတင်အလုပ်ရှုပ်ကုန်သည်။ သူတို့ သစ်ပင်တွေခုတ်၊ ကျောက်တုံးတွေသယ်ပြီး ဘိလပ်မြေတွေရှာခဲ့ကြသည်။ သူတို့ပစ္စည်းတွေဝယ်ဖို့ မြို့ကိုသွားခဲ့ကြသည်။
ခင်းထားတဲ့လမ်းတွေက သွားလာဆက်သွယ်ရေးကိုပိုမိုလွယ်ကူစေသည်။
မေမေရှောင်နဲ့ ဖေဖေရှောင်က သတင်းကိုကြားတော့ အိမ်ဆီပြေးသွားကြသည်။ သူတို့က တိုက်ရိုက်မေးလိုက်သည်။
“ယွီအာ ဘာတွေဖြစ်နေတာလဲ? အမေတို့ခန့်မှန်းချက်တွေမှန်တယ်မဟုတ်လား?”
ရှောင်လင်းယွီက ရွာသူကြီးကို သူမသက်သေရပြီးမှသာ ဒီသတင်းကို ရွာသားတွေထံကြေညာခိုင်းသည်။ မေမေရှောင်နဲ့ ဖေဖေရှောင်က နောက်တစ်ကြိမ် အရမ်းစိုးရိမ်သွားပြန်သည်။
ကုန်းထျန်းဟောက်က တစ်ချက်ကြည့်ပြီး ချက်ချင်း မျက်လုံးကျုံ့လိုက်သည်။ ၎င်းက သူ့ခန့်မှန်းချက်တွေထဲက တစ်ခုကို အတည်ပြုပေးခဲ့သည်။ နွားဘုရင်ငယ်လေးက ရှောင်လင်းယွီနဲ့ ဆက်ဆံရေးလိုလို ဘာလိုလိုတချို့ရှိရမည်။
နွားဘုရင်ငယ်လေးအဖမ်းခံလိုက်ရရင် ၎င်းက သေချာပေါက် ရှောင်လင်းယွီကို ပါဝင်ပက်သက်မိစေလိမ့်မည်။ ဒါပေမယ့် လျှို့ဝှက်ချက်ကကြီးမားရမည်။
အကြောင်းမှာ မေမေရှောင်၊ ဖေဖေရှောင်နဲ့ ရှောင်လင်းယွီကပါ သူ့ကို ဘာမှမပြောသောကြောင့်ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူတို့ကို သူတွန်းအားမပေးပေ။ သူ့ကိုအရင်စပြောစေဖို့ သူတို့ကိုစောင့်မည်။
သူ့ရဲ့လောလောဆယ်တာဝန်က ရှောင်လင်းယွီရဲ့ဘေးကင်းလုံခြုံမှုနဲ့ ရှောင်မိသားစုက လူတိုင်းရဲ့ ဘေးကင်းမှုကို ကာကွယ်ဖို့ဖြစ်သည်။
ရှောင်လင်းယွီက သူမမိဘတွေကို နှစ်သိမ့်လိုက်သည်။
“အမေနဲ့အဖေ၊ သမီးတို့ခန့်မှန်းချက်က မှန်နိုင်ပါတယ်။ ဒါပေမယ့် ဒါက သမီးတို့မှာ ပြင်ဆင်ဖို့အချိန်ပိုရတယ်လို့ဆိုလိုတာပဲလေ။ စိတ်မပူပါနဲ့၊ ဘာမကောင်းတာမှဖြစ်လာမှာမဟုတ်ဘူး”
ထိုအချိန်တွင် ကုန်းထျန်းဟောက်က ထပြီး
“ဦးလေးနဲ့ဒေါ်လေး၊ ကျွန်တော်အားလုံးကို ကာကွယ်မှာပါ”
၎င်းကိုကြားပြီး ဖေဖေရှောင်နဲ့ မေမေရှောင်တို့ နောက်ဆုံးမှာ စိတ်အေးသွားသည်။
“ဟုတ်တယ် သမီးမှန်တယ်”
မေမေရှောင်က ခေါင်းညိတ်လိုက်သည်။
ပြီးနောက် သူမက ခနတွေးလိုက်ပြီး
“ယွီအာ အမေတို့ဘာလို့ရှောင်ကွမ်းကို မဖွက်ထားတာလဲ? ဒါဆို သူ့ကိုဘယ်သူမှ ရှာမတွေ့နိုင်တော့ဘူး”
“ဟင်?”
ရှောင်လင်းယွီရဲ့မျက်လုံးတွေ လင်းလက်သွားသည်။
ဟုတ်တယ် သူမမိဘတွေကို စိုက်ပျိုးရေးနေရာလွတ်ကို ခေါ်လာနိုင်မှတော့ ရှောင်ကွမ်းနဲ့ တာ့ကွမ်းကြီးကိုလည်း အဲ့ဒီကို ခေါ်သွားလို့ရတာပဲ။
ဒါပေမယ့်လည်း ရှောင်ကွမ်းက ပေါက်ကြားပြီးနေပြီ။
သူမ အကြောင်းရင်းမရှိဘဲ ပျောက်သွားစေလို့တော့မရဘူး။
ရှောင်လင်းယွီက အတွေးထဲမှာ နစ်မျောနေသည်။
ကုန်းထျန်းဟောက်က ရှောင်လင်းယွီရဲ့လုပ်ရပ်တွေကို အာရုံစိုက်နေသည်။ မေမေရှောင်က ရှောင်ကွမ်းကို ဖွက်ဖို့ အကြံပေးတော့ ရှောင်လင်းယွီရဲ့မျက်လုံးတွေ လင်းလက်သွားတာကို သူသတိထားမိလိုက်သည်။ ဒါပေမယ့် သူတို့က အရမ်းကြီးတဲ့ဟာကြီးကို ဘယ်လိုလုပ်ဖွက်ထားနိုင်မှာလဲ? ဒီနောက်မှာ လျှို့ဝှက်ချက်ရှိသေးတာလား?
“မရဘူး!”
ဖေဖေရှောင်က အပြတ်ပြောလိုက်သည်။
“အချစ်”
မေမေရှောင်က သူ့ကို နားမလည်တဲ့ပုံနဲ့ ကြည့်လိုက်သည်။
ဖေဖေရှောင်က
“လျှို့ဝှက်ချက်က ပေါက်သွားမှတော့ အဲ့ဒီလူတွေက ရှောင်ကွမ်းကို စောင့်ကြည့်နေမှာပဲ။ ရှောင်ကွမ်း ရုတ်တရက် ပျောက်သွားရင် သူတို့က ငါတို့ကို သံသယရှိလာလိမ့်မယ်။ အဲ့ဒီလူတွေက ငတုံးမဟုတ်ဘူး။
ဘာလို့ သူတို့ ထောင်ယွမ်ရွာကို တည်ဆောက်ပြုပြင်ချင်တဲ့အချိန်မှ ရှောင်ကွမ်းက ပျောက်သွားတာလဲ?
ပြီးတော့ သူတို့မှာ ရှောင်ချန်းချိုင်ဆီကနေ အတွင်းသတင်းလည်းရှိသေးတယ်။ ဒီတော့ ရှောင်ကွမ်းရဲ့ပျောက်သွားမှုက ချက်ချင်း သူတို့ဆီရောက်မှာပဲ။ ငါတို့သံသယအဝင်ခံရပြီး ပိုပြီးတောင် အန္တရာယ်ရှိဦးမယ်”
ကုန်းထျန်းဟောက်က ထောက်ခံလိုက်သည်။
“ဦးလေးမှန်တယ်”
မေမေရှောင်က မျက်ခုံးတွန့်လိုက်ပြီး စိုးရိမ်စွာနဲ့
“ဒါဆို ကျွန်မတို့ ဘာလုပ်သင့်လဲ?”
ရှောင်လင်းယွီက သက်ပြင်းချပြီး
“စောင့်ပဲကြည့်ကြတာပေါ့။ ဖြေရှင်းချက်တစ်ခုခုလည်း သူ့ဟာသူ ရောက်လာနိုင်တာပဲ”
ကုန်းထျန်းဟောက်က စိတ်ထဲက သက်ပြင်းချလိုက်သည်။
ဖြေရှင်းချက်က ဒီမှာရပ်နေတယ်လေ။ သူငါ့မိသားစုကို သိတာပဲ။ သူဘာလို့ငါ့ကိုမမှီခိုလိုက်တာလဲ?
ဒါမှမဟုတ် ငါက သူ့မိသားစုကို မကာကွယ်နိုင်ဘူးလို့ ခံစားနေရတာလား?
***