← Chapters

ဖြည်းဖြည်းချင်း

Vol. 18 Ch. 302

ဖြည်းဖြည်းချင်း

Vol. 18 Ch. 302

ဒါက ဖေဖေရှောင်နဲ့ မေမေရှောင်တို့အပေါ်မှာ ကောင်းမွန်တဲ့ထင်မြင်ချက်တစ်ခုရစေဖို့ ပြီးပြည့်စုံတဲ့အချိန်တစ်ခုဖြစ်သည်။

ဒါပေါ့ ကုန်းချန်းဟောက်က ဒီအခွင့်အရေးကို လက်လွှတ်ခံလို့မဖြစ်ဘူးလေ။ ကုန်းထျန်းဟောက်က အရမ်းလေးလေးနက်နက်နဲ့

“ဒေါ်လေး ဦးလေး၊ ဒေါ်လေးတို့ အခုဘာမှလုပ်ဖို့မလိုပါဘူး။ ဒေါ်လေးတို့ကိစ္စတွေကိုပဲ အာရုံစိုက်ပါ။ “အကုန်လုံးကို ကျွန်တော့်ဆီ လွှဲထားလိုက်ပါ။ ကျွန်တော်‌ နွားဘုရင်ငယ်လေးရော ဒီမိသားစုကိုပါ ကာကွယ်မယ်။ ဒေါ်လေးတို့ ကျွန်တော့်ကို ယုံဖို့ပဲလိုတာ!”

ဖေဖေရှောင်နဲ့ မေမေရှောင်တို့ အံ့ဩသွားသည်။ ပြီးနောက် သူတို့က ကျေးဇူးတင်ပြီး သဘောကျစွာနဲ့

“ထျန်းဟောက် ဒေါ်လေးနဲ့ ဦးလေးက မင်းစကားတွေအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့်လည်း တည်ဆောက်ပြုပြင်မယ့်သူက အရမ်းအင်အားကြီးတဲ့သူတစ်ယောက်ဆိုရင်ရော?

ဒေါ်လေးတို့ မင်းကို ပါဝင်ပက်သက်ခိုင်းလို့မရဘူး!”

ကုန်းထျန်းဟောက်က ဘာမှမတုံ့ပြန်လိုက်ပေမယ့် ရှောင်လင်းယွီကတော့ ရယ်မောလိုက်သည်။

ရယ်လိုက်ရင်း သူမစိတ်သက်သာရာရသွားသည်။

ဟုတ်တယ်‌။

ငါတို့ အရမ်းစိုးရိမ်သွားပြီး နိုင်ငံထဲမှာ အင်အားအကြီး‌ဆုံးလူက ငါတို့နဲ့ တစ်ခန်းတည်းရပ်နေတာကို မေ့သွားတာပဲ။

သူသာအနားမှာရှိရင် ဘယ်ပြဿနာကများ ဖြေရှင်းလို့မရဘဲနေမှာလဲ?

ဘာကြောက်စရာများရှိမှာလဲ?

သူမရဲ့ကြောက်စိတ်က မသိနိုင်တဲ့ ကြောက်ရွံ့မှုကလာသည်။

ရှောင်လင်းယွီရယ်နေတာကို မေမေရှောင်နဲ့ ဖေဖေရှောင်ကြားတော့ ဘာပြောရမှန်းမသိတော့ပေ။

မေမေရှောင်က တည်ငြိမ်တဲ့မျက်နှာထားနဲ့

“ရှောင်လင်းယွီ အမေတို့ အတည်စကားပြောနေကြတာလေ။ ဘာလို့ရုတ်တရက်ကြီးထရယ်နေတာလဲ? ဒါအရမ်းမယဉ်ကျေးတာပဲ!”

ရှောင်လင်းယွီက ပိုရယ်လိုက်သည်။

သူမက လက်မြှောက်ပြီး

“သမီးတောင်းပန်ပါတယ် အမေ။ သမီးက ရယ်ရတာတစ်ခုခုတွေးပြီးရင် မရယ်ဘဲမနေနိုင်လို့ပါ”

မေမေရှောင်နဲ့ ဖေဖေရှောင် “...”

ဒီကလေးက ကြောက်အားလန့်အားနဲ့ ရူးသွားတာလား?

ကုန်းထျန်းဟောက် “...”

ဒါကဘာများအရမ်းရယ်ဖို့ကောင်းနေလို့လဲ?

“ရှောင်လင်းယွီ!”

မေမေရှောင်က ထပ်ပြီး မျက်နှာထားတင်းတင်းနဲ့အော်လိုက်သည်။

ရှောင်လင်းယွီက နောက်ဆုံးမှာ တည်ငြိမ်သွားသည်။ ပြီးနောက် သူမမိဘတွေကို

“အဖေ အမေ၊ သမီးပြောတာကိုနားထောင်။ ရှောင်ကွမ်းနဲ့ သမီးတို့ကိုကာကွယ်ဖို့ ကုန်းထျန်းဟောက်မှာ တကယ်ပဲအစွမ်းအစရှ်ိတယ်”

မေမေရှောင်နဲ့ ဖေဖေရှောင်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

မေမေရှောင်က သိချင်စွာနဲ့

“ယွီအာ ဘာကိုဆိုလိုတာလဲ?”

ရှောင်လင်းယွီက ခေါင်းခါလိုက်ပြီး

“ဘာမှမဟုတ်ပါဘူး။ အဖေ အမေ၊ အမေတို့ စိတ်လျှော့ပြီး ပုံမှန်လို ဆက်နေဖို့ပဲလိုတာ။ ရွာထဲက လူစိမ်းတွေကိုပဲ အထူးဂရုစိုက်ပေါ့”

ဒါကိုကြားပြီး အပျော်ဆုံးလူက ဖေဖေရှောင်နဲ့ မေမေရှောင်မဟုတ်ဘဲ ကုန်းထျန်းဟောက်ဖြစ်သည်။

ဒါကဘာကိုဆိုလိုတာလဲ?

ဒါက ရှောင်လင်းယွီ သူ့ကို ဖြည်းဖြည်းချင်းယုံကြည်လာပြီလို့ပြောတာပဲလေ။

ကိစ္စတွေက ဖြည်းဖြည်းချင်း သွားနေပြီ။

ခရီးသွားလုပ်ငန်းတည်ဆောက်မယ့်သူနဲ့ သူသာတိုက်ရိုက်ရင်ဆိုင်ရရင် သူအနားမှာရှိနေတာကို ရှောင်လင်းယွီအသိအမှတ်ပြုပေးရမယ့် ကိစ္စမျိုးရှိမှာမဟုတ်ပေ။

ရှောင်လင်းယွီက ကုန်းထျန်းဟောက်ကို ဘယ်လောက်ယုံကြည်မှန်း မေမေရှောင်နဲ့ ဖေဖေရှောင်တို့ သတိထားမိသွားသည်။

သူတို့ ဘာမှမပြောခဲ့ပေ။

ကုန်းထျန်းဟောက်နဲ့ သူ့အဘိုးက အင်အားကြီးတဲ့နောက်ခံနဲ့ လာမှန်း သူတို့သိပေမယ့်လည်း ဘယ်လောက် အင်အားကြီးနိုင်မှာမလို့လဲ?

သူတို့ ဘာမှမသိပေ။

ဒါပေမယ့်လည်း သူတို့ရဲ့သမီးက မစိုးရိမ်ဖို့ပြောမှတော့ သမီးက သူတို့ထက် ကုန်းမိသားစုကိုပိုသိမှန်း သူတို့သိသည်။

သူမက မိသားစုရဲ့ဘဝနဲ့တော့ ဟာသလုပ်မှာမဟုတ်ပေ။

မေမေရှောင်က ကုန်းထျန်းဟောက်ကို၊ “ထျန်းဟောက် ဒေါ်လေးတို့ မင်းကို အားကိုးမယ်နော်”

ကုန်းထျန်းဟောက်က ပြုံးပြီး

“ဒေါ်လေးဘာလို့ကျွန်တော့်ကို အရမ်းယဉ်ကျေးနေတာလဲ? ကျွန်တော်တို့ကမိသားစုဖြစ်နေပြီပဲ။ ဒါပေါ့ ကျွန်တော့်မိသားစုကို ကာကွယ်ရမယ်လေ”

ဘာပဲဖြစ်ဖြစ် ဖေဖေရှောင်နဲ့ မေမေရှောင်တို့ ဆက်မစိုးရိမ်ကြတော့ပေ။

တစ်ဖက်မှာလည်း အသံလွှင့်ချက်သတင်းကိုကြားပြီးတော့ ရှောင်ချန်းချိုင်ရဲ့လက်က ပေါက်ပြားကို တင်းတင်းဆုပ်ထားလိုက်သည်။

သူ့ရဲ့မဲနေတဲ့အသားအရေကြောင့်သာမဟုတ်ဘူးဆိုရင် သူ့လက်မောင်းက အပြာရောင်သွေးကြောတွေ ငေါထွက်နေတာကိုမြင်နိုင်သည်။

သူက စိတ်အိုက်ပြီး စိုးရိမ်နေတဲ့အခြေအနေဖြစ်နေသည်။

သူဘယ်လိုလုပ်စိတ်မအိုက်ဘဲနေနိုင်မှာလဲ?

နွားဘုရင်ငယ်လေးကို ပေါက်ကြားအောင်လုပ်လိုက်တာက သူမှန်း ရွာသားတွေသိသွားရင် သူ့ကို အပြစ်တင်ကျတော့မည်။

သူအခု နည်းနည်းနောင်တရနေသည်။

သတင်းပေါက်သွားလို့မဟုတ်ဘဲ သူပိုက်ဆံပိုမတောင်းလိုက်မိလို့ဖြစ်သည်။

သူက လျှို့ဝှက်ချက်ကို ၃၀၀၀၀နဲ့ရောင်းလိုက်သည်။ ထိုလူက သူ့ကို အပို၁၀၀၀၀ပေးလိုက်သေးသည်။ ဒီတော့ ၄၀၀၀၀ပဲရှိသည်။

သူက ဒါကို ယွမ်၃၀၀၀၀၀နဲ့ရောင်းလိုက်သင့်တာ။ ၃၀၀၀၀၀နဲ့ဆိုရင် သူ့မိသားစုကို ချက်ချင်းရွှေ့ပြီး မြို့မှာနေဖို့ အိမ်တစ်လုံးဝယ်လို့ရသည်။

၄၀၀၀၀နဲ့ပဲဆိုရင်တော့ သူထောင်ယွမ်ရွာမှာပဲ အိမ်တစ်လုံးဆောက်လို့ရမည်။

ဒါပေမယ့် သူဒါကို လုပ်ရဲမှာတဲ့လား?

ပိုက်ဆံက ရှင်းယင်ခရိုင်မပြောနဲ့ ရှင်းအန်းမြို့မှာတောင် အိမ်ဝယ်ဖို့မလောက်ပေ။

အဲ့ဒါကြောင့် သူနေ့တိုင်းကြောက်ရွံ့မှုနဲ့တုန်လှုပ်နေရတဲ့ ထောင်ယွမ်ရွာမှာပဲ‌ နေရလိမ့်မည်။

ဒါပေမယ့်လည်း နောင်တက အသုံးမဝင်ပေ။

အခု သူ့မျှော်လင့်ချက်က အဲ့ဒီလူတွေပြန်လာပြီး နွားဘုရင်ငယ်လေးကို မြန်မြန်အဝေးခိုးသွားဖို့ဖြစ်သည်။

ပြီးရင် ရှောင်ကျန်းယန်မိသားစုက အရသာရှိတဲ့သီးနှံတွေ ထပ်စိုက်နိုင်မှာ မဟုတ်တော့ပေ။

သူတို့ သူ့ကို ထပ်အထင်သေးလို့မရတော့ပေ။

သူ့မိသားစုကို မစင်တွေယူဖို့ ခွင့်ပြုမထားမှတော့ ဘယ်သူ့ကိုမှလည်း ခွင့်မပြုနိုင်ပေ။

ဒါမှမျှတမှာပေါ့!

ရှောင်မိသားစုကနေ ကုန်းထျန်းဟောက် ပြန်လာပြီးတော့ သခင်ကြီးကုန်းက ညစာစားနေသည်။

သူ့မြေးကိုမြင်တော့ သခင်ကြီးကုန်းမှာ မေးစရာအများကြီးရှိနေသည်။

သူတို့နှစ်ယောက်တည်းရှိတော့ သခင်ကြီးကုန်းက

“ကောင်လေး နွားဘုရင်ငယ်လေးအကြောင်းပေါ်သွားပြီဆိုတာ ဘာလဲ?”

ကုန်းထျန်းဟောက်က

“ရှောင်ချန်းချိုင်လေ!”

“ရှောင်ချန်းချိုင်”

သခင်ကြီးကုန်းကမျက်မှောင်ကြုံ့ပြီး နားမလည်တဲ့ပုံနဲ့

“ဒါပေမယ့် ဒါက ရှောင်ချန်းချိုင်နဲ့ ဘာဆိုင်လို့လဲ?”

ကုန်းထျန်းဟောက်က မျက်စိကိုလှည့်လိုက်ပြီး

“အဘိုး အရင်ကဆို အဘိုးလည်လည်ဝယ်ဝယ်ရှိခဲ့ပါတယ်။ မသိသေးဘူးလား?”

သခင်ကြီးကုန်းက “....”

ဒီကောင်က သူ့ကို ပျက်ရယ်ပြုတဲ့နေရာမှာ တကယ်တော်တာပဲ။

သခင်ကြီးကုန်းက သူနဲ့အချင်းမပွားခဲ့ပေ။

ထိုအစား သူကမျက်လုံးကျုံ့လိုက်ပြီး တောက်ပတဲ့အလင်းရောင်တစ်ခု သူ့မျက်လုံးထဲက ဖြတ်ပြေးသွားသည်။

သူက

“နွားဘုရင်ငယ်လေးရဲ့သတင်းကိုရောင်းလိုက်တာရှောင်ချန်းချိုင်ပေါ့ ဟုတ်တယ်မလား?”

ကုန်းထျန်းဟောက်က ခေါင်းညိတ်ပြီး

“မှန်တယ်”

“ပြီးတော့ရော?”

သခင်ကြီးကုန်းက ချက်ချင်းမေးလိုက်သည်။

“အဲ့ဒီတော့ အခု မင်းဒါကို ဘယ်လိုကိုင်တွယ်မှာလဲ?”

ကုန်းထျန်းဟောက်က

“ကျွန်တော်တို့လုပ်နေကျနည်းလမ်းအတိုင်းပဲ ကိုင်တွယ်မှာပေါ့”

သူ့ကျန်းမာရေးမကောင်းလာရင်တောင် သခင်ကြီးကုန်းက သူနောက်ထပ် နှလုံးဖောက်မှုတစ်ခုနဲ့ ကြုံရမယ်လို့ ယုံကြည်နေသည်။ သူ့မြေးက သူနဲ့ ပဟေဠိလာကစားနေခြင်းဖြစ်သည်။

သခင်ကြီးကုန်းက

“ငါပြောပြီးသားလေ၊ မင်းဒါကိုကိုင်တွယ်ဖို့ လွယ်ကူမနေဘူးလား? မင်းအခု ဘာတွေ အချိန်ဖြုန်းနေတာလဲ?”

“ဒါပေါ့ ကျွန်တော့်မိန်းမကို အနိုင်ပိုင်းဖို့လေ”

ကုန်းထျန်းဟောက်က သူ့အဘိုးကို ကြည့်လိုက်သည်။

“ကျွန်တော်သာ ဒါကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကျွမ်းကျွမ်းကျင်ကျင်ဖြေရှင်းလိုက်ရင် လင်းယွီက ကျွန်တော့်ရဲ့ အသုံးဝင်မှုကို မြင်တော့မှာမဟုတ်ဘူး။ နောင်ကျရင် သူ ကျွန်တော့်ကို အကူအညီတောင်းဖို့ တွေးတော့မှာမဟုတ်ဘူး။ အဘိုး အဘိုးရှောင်လင်းယွီကိုသိပါတယ်။

သူကနည်းနည်း ခေါင်းမာတယ်လေ။ သူ့နှလုံးသားက ကျောက်တုံးနဲ့လုပ်ထားတာ။ အဲ့ဒါကြောင့် သူ့နှလုံးသားကို ဖြည်းဖြည်းချင်းလှုပ်ရှားအောင် ကြိုးစားနေတာ။

သူ ကျွန်တော့်ကို ဖြည်းဖြည်းချင်းလက်ခံပြီး ချစ်သွားစေချင်တာ။ ဒါ‌ဆိုရင် ကျွန်တော်တို့ တကယ့်မိသားစုတွေ ဖြစ်သွားပြီလေ”

အဲ့ဒီအချိန်မှာ အဘိုး‌ကုန်းက

“အဲ့ဒီတော့ ကုန်းထျန်းဟောက်၊ ကြားရတာ မင်းက မင်းရဲ့ချိုမြိန်တဲ့အချိန်ကောင်းလေးတွေကို လိုချင်တဲ့ပုံပဲ။ မင်းဘယ်လောက်ယူမှာလဲ? ငါ့မြစ်လေးမွေးပြီးသွားတာတောင် ဖြည်းဖြည်းချင်းသွားဖို့ စီစဉ်နေတယ်လို့တော့ မပြောနဲ့နော်”

ကုန်းထျန်းဟောက်က အားကိုးရာမဲ့စွာနဲ့

“အဘိုး ကျွန်တော် ဘာဆက်လုပ်သင့်တယ်လို့ထင်လဲ?”

“သူ့အပေါ် မင်းကိုယ်မင်း တွန်းအားပေး”

သခင်ကြီးကုန်းက ချက်ကျလက်ကျ ပြောလိုက်သည်။

ကုန်းထျန်းဟောက်က စားပွဲကို ခေါက်လိုက်ပြီး သခင်ကြီးကုန်းကို ခပ်ရေးရေးအပြုံးတစ်ခုနဲ့ ကြည့်လိုက်သည်။

သူက ‌ဖြည်းညင်းစွာနဲ့

“သူ့အပေါ်မှာ ကိုယ့်ကိုကိုယ်တွန်းအားပေးရမယ်? အဘိုး ရှောင်လင်းယွီ ကိုယ်ဝန်ရှိနေတယ်ဆိုတာ အဘိုးမေ့သွားတာလား?”

ကုန်းထျန်းဟောက်က သူ့အဘိုးတုံ့ပြန်ချက်ကို လျစ်လျူရှုပြီး ထရပ်လိုက်သည်။

သူက

“အဘိုး အဘိုးမှာလည်းတစ်ခုခုလုပ်စရာရှိမယ်ဆိုတာသေချာတယ်။ တစ်ယောက်ယောက်နဲ့စကားပြောချင်လို့ရှိရင် ရှောင်ဝမ်နဲ့ ရှောင်ကျန်းကိုရှာလိုက်ပေါ့”

သခင်ကြီးကုန်း “...”

သူက ဒီအချက်ကို တကယ်မေ့သွားတာပဲ။ ရှောင်လင်းယွီက ဗိုက်ကြီးနေပြီးသားလေ။

ကုန်းထျန်းဟောက်ထွက်သွားပြီးတော့ သခင်ကြီးကုန်းက ရှောင်ဝမ်နဲ့ ရှောင်ကျန်းကို ခေါ်လိုက်သည်။

သူက တိုက်ရိုက်ပဲ

“မင်းတို့နှစ်ယောက် ထောင်ယွမ်ရွာမှာ ဒီလိုကိစ္စမျိုးဖြစ်ပြီးတော့ ရှောင်လင်းယွီရဲ့နှလုံးသားကို အနိုင်ရဖို့ ဒီကောင်ဘာလုပ်နိုင်မယ်လို့ထင်လဲ?”

ရှောင်ဝမ်နဲ့ ရှောင်ကျန်းက အချင်းချင်းကြည့်လိုက်ပြီး နားမလည်စွာခေါင်းခါလိုက်ကြသည်။

ဒါကိုမြင်တော့ သခင်ကြီးကုန်း ဒေါသထွက်သွားသည်။

သူက မပျော်မရွှင်နဲ့

“မင်းတို့ဘာလို့ဘာမှမသိတာလဲ?”

ရှောင်ဝမ်က စိတ်ထိခိုက်စွာနဲ့

“သခင်ကြီး ဒါ့အတွက် ကျွန်တော်တို့ကို အပြစ်တင်လို့မရဘူးလေ။ ပထမဆုံးအနေနဲ့ ကျွန်တော်တို့တခါမှ ရည်းစားမထားဖူးဘူး။ ပြီးတော့ မိန်းကလေးတစ်ယောက်ကိုလည်း ဘယ်တုန်းကမှ မလိုက်ဖူးဘူးလေ။

ဒုတိယအနေနဲ့ ကျွန်တော်တို့က အကြီးဆုံးသခင်လေးလိုမျိုး ကောက်ကျစ်ပြီး ဉာဏ်နီဉာဏ်နက်မများတတ်ဘူးလေ”

သခင်ကြီးကုန်းက “...”

ဒီကောင်တွေအကုန် ငါ့ကို စိတ်တိုအောင် လုပ်နေကြတာပဲ။

***

All Chapters