သက်တော်စောင့်များ
Vol. 18 Ch. 303
ကုန်းထျန်းဟောက်က သူ့အခန်းထဲပြန်ရောက်တာနဲ့
လီယွမ်ဟန်နဲ့ ဗီဒီယိုကောလ် ခေါ်လိုက်သည်။
ကုန်းထျန်းဟောက်က လေးနက်တဲ့အမိန့်တစ်ခုပေးလိုက်သည်။
“ယွမ်ဟန်၊ လုံခြုံရေးရုံးခွဲဆီသွားပြီး ချက်ချင်း လက်ရွေးစင် ဘော်ဒီဂတ်အဖွဲ့ကို ပြင်ဆင်လိုက်။
မှတ်ထားဦး မြန်မြန်ဆန်ဆန်နဲ့ ဂရုတစိုက်လုပ်။ အဖော်ထုတ်မခံရစေနဲ့”
မြို့တော်ကလူတွေ ရှောင်လင်းယွီကို အာရုံမစိုက်ကြဖို့ အရေးကြီးသည်။ မဟုတ်ပါက ၎င်းက သူမကို ပိုဒုက္ခဖြစ်စေလိမ့်မည်။ သူက ဘယ်သူမှ ရှောင်လင်းယွီကို မနှောင့်ယှက်စေချင်ပေ။
ကုန်းထျန်းဟောက်ရဲ့ လေးနက်နေတဲ့ မျက်နှာထားကိုမြင်တော့ လီယွမ်ဟန်က နားမလည်တဲ့ပုံနဲ့
“ထျန်းဟောက် ဘာဖြစ်လို့လဲ?”
ဒါက သေးငယ်တဲ့ တောင်ရွာလေးဆိုပေမယ့်လည်း ကုန်းထျန်းဟောက်က လက်ရွေးစင်ဘော်ဒီဂတ်တွေကို စုစည်းထားချင်သည်။ ပုံမှန်မဟုတ်တာတစ်ခုခုဖြစ်နေပြီဆိုတာ သေချာသည်။
ကုန်းထျန်းဟောက်က ၎င်းကို ဖုံးကွယ်မထားပေ။
သူက
“ထောင်ယွမ်ရွာက ပစ်မှတ်ထားခံနေရတယ်”
“အမ်?”
လီယွမ်ဟန်က အံ့ဩသွားသည်။
“အတိအကျဆိုရင် ထောင်ယွမ်ရွာက စတော်ဘယ်ရီခင်းတွေက ပစ်မှတ်ထားခံနေရတယ်။
တစ်ယောက်ယောက်က ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ဆင်ခြေနဲ့ ထောင်ယွမ်ရွာကို သိမ်းပိုက်ဖို့ စီစဉ်နေတယ်”
လီယွမ်ဟန်က အံ့ဩသွားပေမယ့်လည်း ချက်ချင်းတုံ့ပြန်လိုက်သည်။
“ထျန်းဟောက် အဲ့ဒီလိုဆိုရင် ငါတို့အရင်လှုပ်ရှားမှုလုပ်ပြီး ထောင်ယွမ်ရွာမှာ ရင်းနှီးမြှုပ်နှံလို့ရတယ်”
“ဘော်ဒီဂတ်အဖွဲ့ကို စုစည်းထားဖို့ မလိုပါဘူး။ ငါတို့ တည်ဆောက်ပြုပြင်မယ့်သူဆီကို တိုက်ရိုက်သွားလို့လည်းရတာပဲ”
ချမ်းသာမှုနဲ့ အာဏာခေါင်းစဉ်အောက်မှာ ကုန်းမိသားစုက ကုန်းထျန်းဟောက်ကို ဘယ်သူက ယှဉ်နိုင်မှာလဲ?
ကုန်းထျန်းဟောက်က၊ “ကိစ္စတွေက ရိုးရှင်းနေတယ်ဆိုရင်ပေါ့
တစ်ယောက်ယောက်က ဒီမှာ ခြေပုန်းခုတ်နေတယ်”
“ဘာကလဲ?”
လီယွမ်ဟန်က သိချင်သွားသည်။
“စတော်ဘယ်ရီတွေ ဒီမှာစိုက်လို့ရတဲ့အကြောင်းရင်းက မြေဆီလွှာကြောင့်မဟုတ်ဘူး။
နွားတစ်ကောင်ကြောင့်ပဲ။ ဒီနွားကို နွားဘုရင်ငယ်လေးလို့ သိကြပြီးတော့ ရှောင်လင်းယွီရဲ့မိသားစုက ပိုင်တယ်”
ကုန်းထျန်းဟောက်က ဆက်ပြီး
“နွားဘုရင်ငယ်လေးရဲ့မစင်တွေကို သီးနှံတွေ ပိုဖွံ့ဖြိုးပြီး အရသာပိုရှိအောင် မြေဩဇာအနေနဲ့ သုံးနိုင်တယ်။ ဒါ ရှောင်လင်းယွီတို့မိသားစုရဲ့ စတော်ဘယ်ရီတွေနဲ့ အသီးအနှံတွေ ဘယ်လိုဖွံ့ဖြိုးလဲဆိုတာပဲ”
“အာ?”
လီယွမ်ဟန်က သူ့အံ့ဩမှုကို ထုတ်မပြတတ်တော့ပေ။
ဒါပေမယ့် ကုန်းထျန်းဟောက်က မပြီးသေးပေ။
သူက ဆက်ပြီး
“ပြဿနာက ဒီကအရူးတစ်ယောက်က ဒီလျှို့ဝှက်ချက်ကို အပြင်လူတစ်ယောက်ဆီရောင်းစားလိုက်တယ်။ အဲ့ဒါကြောင့် ရှောင်လင်းယွီနဲ့ သူ့မိသားစုက အန္တရာယ်ကြီးကြီးမားမားဖြစ်နေတယ်”
ဒါကိုကြားပြီး လီယွမ်ဟန်က တော်တော်အံ့ဩသွားသည်။
ဒီလိုအရာမျိုး ထောင်ယွမ်ရွာမှာ ဖြစ်လိမ့်မယ်လို့ သူမျှော်လင့်မထားပေ။
နွားဘုရင်ငယ်လေးက ကုန်းထျန်းဟောက်အတွက် ဘာမှမဟုတ်ပေ။
ဒါပေမယ့်လည်း လူတိုင်းက ကုန်းထျန်းဟောက်လို ချမ်းသာပြီး အင်အားမကြီးဘူးလေ။
နွားဘုရင်ငယ်လေးက ရွှေဥဥတဲ့ငန်းလိုပဲဖြစ်သည်။
လူတိုင်းက ဒါအတွက် တိုက်ခိုက်ကြလိမ့်မည်။
များပြားလှတဲ့ငွေကြေးကြောင့် လောဘဇောတက်ကြလိမ့်မည်။
ထောင်ယွမ်ရွာကို မျက်စိကျနေတဲ့လူက ကျိန်းသေအဆင့်အတန်းတစ်ခုရှိတဲ့လူ ဖြစ်ရမည်။ ပြီးတော့ ပုံမှန်လူဆိုရင် တရွာလုံးကို သိမ်းပိုက်ပစ်မည့်အကြောင်း တွေးမှာမဟုတ်ပေ။
ဆိုလိုတာက သူတို့က ပုံမှန်မိသားစုတစ်ခုမဟုတ်တဲ့ ရှောင်မိသားစုကို လွယ်လွယ်ကူကူပဲ ဇီဝိန်ခြွေပစ်နိုင်သည်။
လီယွမ်ဟန်ရဲ့မျက်နှာထားလည်း ချက်ချင်းလေးနက်သွားပြီး သူက
“ငါအခုချက်ချင်းပဲ လက်ရွေးစင်သက်တော်စောင့်တစ်ဖွဲ့ပို့လိုက်မယ်”
“နေဦး!”
ကုန်းထျန်းဟောက်က လီယွမ်ဟန်ကို ခေါ်လိုက်သည်။
လီယွမ်ဟန်က သူ့ကို နားမလည်တဲ့ပုံနဲ့ ကြည့်လိုက်သည်။
ကုန်းထျန်းဟောက်က
“အမျိုးသမီးသက်တော်စောင့်နှစ်ယောက်လည်းထည့်လိုက်!”
သူဘာကိုဆိုလိုမှန်း လီယွမ်ဟန် ချက်ချင်းနားလည်လိုက်သည်။
သူက ခေါင်းညိတ်လိုက်ပြီး
“အိုခေ!”
ညလယ်ခေါင်တွင် မေမေရှောင်နဲ့ ဖေဖေရှောင်က ခြံထဲက တစ်ယောက်ယောက်အော်နေတဲ့အသံကိုကြားလိုက်သည်။
သူတို့ချက်ချင်း ကြောက်လန့်သွားသည်။
သူတို့ ခနလောက်စဉ်းစားလိုက်ပြီး ဘာတွေဖြစ်နေလဲဆိုတာကြည့်ဖို့ တံခါးကို ဖွင့်လိုက်သည်။
လူဆိုးတစ်ယောက်သာဆိုရင် အော်မနေဘဲ တံတိုင်းပေါ်ကနေ တက်လာမှာပေါ့။
မေမေရှောင်က ခြံတံခါးကို ဖွင့်လိုက်ပြီး အနားပတ်လည်ကို မီးထိုးကြည့်လိုက်သည်။
လူစိမ်းတစ်စုရောက်လာတာကိုမြင်တော့ သူမ အံ့ဩသွားသည်။
သူမအော်လိုက်တော့မည့်ဆဲဆဲတွင် ရုတ်တရက် ကုန်းထျန်းဟောက်ရောက်လာသည်။
“ဒေါ်လေး ဦးလေး ကျွန်တော်ရယ်!’
အဲ့ဒီနေရာမှာ ကုန်းထျန်းဟောက်ရပ်နေတာကို မေမေရှောင်မြင်တော့ သူမနှလုံးခုန်ရပ်မတတ်ဖြစ်သွားသည်။
သူမ ရင်ဘတ်ကိုပုတ်လိုက်ပြီး ကြောက်လန့်နေတဲ့အသံနဲ့
“ထျန်းဟောက် မင်းကိုး။
မင်းကဒေါ်လေးကို သေအောင်ခြောက်နေတာပဲ။ ဒေါ်လေးက လူဆိုးတွေလို့ ထင်လိုက်တာ”
‘ပြီးနောက် ဖေဖေရှောင်နဲ့ မေမေရှောင်က ကုန်းထျန်းဟောက်ရဲ့ နောက်မှာရပ်နေတဲ့ ထူးဆန်းတဲ့လူနည်းနည်းကိုကြည့်လိုက်ပြီး သိချင်စိတ်နဲ့
“ထျန်းဟောက် ဒီလူတွေကဘယ်သူလဲ?”
ကုန်းထျန်းဟောက်က “ဒေါ်လေးအထဲအရင်ဝင်ရအောင်!”
မေမေရှောင်က ချက်ချင်းတုံ့ပြန်ပြီး
“လာ! အထဲဝင်လာ!”
ကုန်းထျန်းဟောက်က ယောက်ျားသုံးယောက်နဲ့ မိန်းမနှစ်ယောက်ကို အခန်းထဲခေါ်လာပြီး တိုက်ရိုက်ပြောလိုက်သည်။
“ဦးလေး ဒေါ်လေး
ဒါကျွန်တော် ကုမ္ပဏီကခေါ်လာတဲ့ ဘော်ဒီဂတ်တွေပဲ။ အခုကစပြီး ဒေါ်လေးတို့လုံခြုံမှုအတွက် သူတို့မှာ တာဝန်ရှိတယ်”
မေမေရှောင်နဲ့ ဖေဖေရှောင်က အံ့အားသင့်စွာ ပြောလိုက်သည်။
“ဘော်ဒီဂတ်တွေလား?”
ဖေဖေရှောင်က ချက်ချင်းပဲ နားမလည်တဲ့ပုံနဲ့
“ထျန်းဟောက် ဒီဘော်ဒီဂတ်တွေက ဘယ်ကလာတာလဲ?”
ကုန်းထျန်းဟောက်က ပြုံးပြီး
“ဦးလေး ကျွန်တော်က လုံခြုံရေးကုမ္ပဏီတစ်ခုပိုင်တယ်လေ။ ကျွန်တော့်ဘော်ဒီဂတ်တွေအားလုံးက ချမ်းသာပြီး ကျော်ကြားတဲ့သူတွေကို ကာကွယ်ဖို့ အလုပ်ခန့်ထားတာ။ ဦးလေးတို့ကိုကာကွယ်ဖို့ ကျွန်တောာ်နည်းနည်းခေါ်လာတာ”
မေမေရှောင်နဲ့ ဖေဖေရှောင်တို့ အနည်းငယ်တုံ့ဆိုင်းသွားသည်။
ဖေဖေရှောင်က
“ထျန်းဟောက် ဒါတကယ်ကောင်းတဲ့အကြံလား? ဦးလေးတို့က သာမန်လယ်သမားတွေလေ။ ဦးလေးတို့ ဘော်ဒီဂတ်တွေမလိုဘူး”
“ဒါကအရေးပေါ်အတွက်လေ!”
ကုန်းထျန်းဟောက်က လေးလေးနက်နက်နဲ့
“ဒါ့အပြင် ယွီအာက အခုကိုယ်ဝန်ရှိနေတာလေ။ အဲ့ဒီလူဆိုးတွေတကယ်လာပြီး ဦးလေးတို့မိသားစုကို တိုက်ခိုက်ရင် ဘယ်လိုလုပ်မှာလဲ?”
မေမေရှောင်နဲ့ ဖေဖေရှောင်တို့ အယုံသွင်းခံလိုက်ရသည်။
သူတို့ဘော်ဒီဂတ်တွေမလိုပေ ဒါပေမယ့် သူတို့သမီးအတွက်ကရော? သူတို့သမီးမှာ လျှို့ဝှက်ချက်ကြီးတစ်ခုရှိသည်။
တစ်ယောက်ယောက်က တကယ်ပဲ နွားဘုရင်ငယ်လေးကို လာဖမ်းသွားပြီးတော့ တစ်ခုခုမှားနေတာကိုသိသွားပြီး သူတို့သမီးကို သံသယရှိမယ်ဆိုရင် ၎င်းက အရမ်းအန္တရာယ်ရှိလိမ့်မည်။
မေမေရှောင်က အမျိုးသမီးဘော်ဒီဂတ်နှစ်ယောက်ကို ကြည့်လိုက်သည်။
သူတို့က အရပ်ရှည်ပြီး အနက်ရောင်ဝတ်စုံနဲ့ နေကာမျက်မှန်တွေကို ဝတ်ထားသည်။
သူတို့ပုံပန်းကို ဘယ်သူမှမမြင်ရပေ။
မေမေရှောင်က လှည့်ပြီး ဖေဖေရှောင်ကို ခေါ်လိုက်သည်။
“အချစ်...”
ကုန်းထျန်းဟောက်က
“ဒေါ်လေးကျွန်တော်က အဲ့ဒီအမျိုးသမီးဘော်ဒီဂတ်နှစ်ယောက်ကို လင်းယွီကို စောင့်ရှောက်ဖို့ စီစဉ်ထားတာ။ မစိုးရိမ်ပါနဲ့၊ သူတို့က အရမ်းတော်တယ်။ သူတို့က လူငယ်နှစ်ဆယ်လောက်ကို အနိုင်ပိုင်းနိုင်တယ်။ ယွီအာအနားမှာ သူတို့က ကာကွယ်ပေးလိမ့်မယ်”
မေမေရှောင်နဲ့ ဖေဖေရှောင်က အလိုလိုနားလည်ပြီး ခေါင်းညိတ်လိုက်သည်။
ဖေဖေရှောင်က တည်တည်ငြိမ်ငြိမ်နဲ့
“ဟုတ်ပြီ ထျန်းဟောက်။ ကျေးဇူးအများကြီးတင်တယ်။ မိန်းကလေးတို့ အခုကစပြီးတော့ ငါ့သမီးရဲ့လုံခြုံမှုအတွက် မင်းတို့ကို အားကိုးမယ်”
အမျိုးသမီးဘော်ဒီဂတ်နှစ်ယောက်က ဝမ်းသာသွားပြီး ချက်ချင်းယဉ်ကျေးစွာနဲ့
“မာစတာ မဒမ်၊ မာစတာတို့က အရမ်းပျူငှာတာပဲ”
ဖေဖေရှောင်နဲ့ မေမေရှောင်တို့က အမည်တပ်ခေါ်တာကိုကြားပြီး ရှက်ကိုးရှက်ကန်းဖြစ်သွားကြသည်။
မာစတာ မဒမ် ... ဒါကသူတို့အတွက် အရမ်းများလွန်းတယ်!
မေမေရှောင်က
“မိန်းကလေးတို့၊ ဒေါ်လေးတို့ကို ဦးလေးနဲ့ ဒေါ်လေးလို့ခေါ်လို့ရတယ်။ ဒေါ်လေးတို့က မာစတာတို့ မဒမ်တို့အခေါ်ခံရတာကို အသားမကျဘူး”
‘ကုန်းထျန်းဟောက်က သူတို့ကိုမိတ်ဆက်ပေးတဲ့အချိန်မှာ မိန်းကလေးဘော်ဒီဂတ်နှစ်ယောက်က သူတို့မျက်မှန်တွေကို ချွတ်ပြီးသွားကြပြီဖြစ်သည်။
အဲ့ဒီအချိန်မှာ သူတို့ ဘယ်လိုပြန်ဖြေရမယ်မှန်း မသိချေ။ ကုန်းထျန်းဟောက်အမြင်ကိုရဖို့ သူ့ဘက်ကို လှည့်လိုက်ကြသည်။ သူတို့ဘော့စ်က ထိုလင်မယားကို ဒေါ်လေးနဲ့ ဦးလေးလို့ ခေါ်ကြသည်။
သူတို့ဘော့စ်ခေါ်သလိုမျိုး သူတို့ဘယ်လိုလုပ်ခေါ်နိုင်မှာလဲ?
ကုန်းထျန်းဟောက်က နှစ်ကြိမ်ချောင်းဟန့်လိုက်ပြီး
“ဒီလိုဆိုရင် သူတို့ကို ဒေါ်လေးနဲ့ ဦးလေးလို့ခေါ်လိုက်ပေါ့”
မိန်းကလေးဘော်ဒီဂတ်နှစ်ယောက်က ချက်ချင်းခေါ်လိုက်သည်။
“ဦးလေး ဒေါ်လေး!”
ပြီးနောက် သူတို့ကိုယ်သူတို့ မိတ်ဆက်လိုက်သည်။
အရပ်ပိုရှည်တဲ့မိန်းကလေးအစောင့်က
“ဒေါ်လေး ကျွန်မနာမည်က ဝမ်ကျီ။ ကျွန်မ နာမည်ပြောင်ကတော့ ခြင်ပါ”
“ခြင်?”
မေမေရှောင်နဲ့ ဖေဖေရှောင်တို့ ဝေခွဲမရဖြစ်သွားသည်။
တခြားမိန်းကလေးအစောင့်က
“နာမည်က ယွမ်မင်။ နာမည်ပြောင်ကတော့ နားရွက်ကြီးပါ”
“နားရွက်ကြီး?”
ဒါက နောက်ထပ်အံ့ဩစရာပဲ။
ဒါကဘယ်လိုနာမည်မျိုးတွေလဲ?
ကုန်းထျန်းဟောက်က ထပ်ပြီး
“ဦးလေး ဒေါ်လေး၊ ဒါသူတို့ နာမည်ပြောင်တွေပါ”
ဝမ်ကျီကပုန်းတဲ့နေရာမှာတော်လို့ ခြင်လို့ နာမည်ပြောင်ပေးခံရခြင်းဖြစ်သည်။ ယွမ်မင်မှာ အရမ်းဆတ်ဆတ်ထိမခံသည့် အကြားအာရုံရှိသည်။ သူမက မီတာ၃၀အဝေးမှ ယင်ကောင်အသံများကို ကြားနိုင်သည်။ ဒါ့ကြောင့် နားရွက်ကြီးလို့ အခေါ်ခံရခြင်းဖြစ်သည်။
ဖေဖေရှောင်နဲ့ မေမေရှောင်တို့ကခေါင်းညိတ်ပြီး
“ကောင်းပြီလေ”
ပြီးနောက် မေမေရှောင်ကပြုံးလိုက်ပြီး မိန်းကလေးဘော်ဒီဂတ်နှစ်ယောက်ကို ပြောလိုက်သည်။
“ကောင်းပြီ အခုကစပြီး ဒေါ်လေးကမင်းတို့ကို ရှောင်ကျီနဲ့ ရှောင်မင်လို့ခေါ်မယ်။ ဒေါ်လေးရဲ့သမီးကို ဂရုစိုက်ပေးကြပါဦး။ တစ်ခါတစ်လေ အဲ့ဒီကလေးမှာ ဆိုးရွားတဲ့အမူအကျင့်ရှိတယ်။
သူ့ကိုနားလည်ပြီး ခွင့်လွှတ်ပေးကြပါ”
မိန်းကလေးဘော်ဒီဂတ်နှစ်ယောက်က ထပ်ပြီးဝမ်းသာသွားပြီး
“ဒေါ်လေးဒါကျွန်မတို့ လုပ်သင့်တာပါပဲ”
ဘော်ဒီဂတ်တွေအနေနဲ့ သူတို့ အလုပ်ရှင်အမျိုးမျိုးတွေ့ဖူးသည်။ သူတို့ရဲ့အလုပ်က သူတို့တာဝန်ကိုလုပ်ဖို့ဖြစ်သည်။ သူတို့အလုပ်ရှင်ရဲ့အကျင့်ကို ဝေဖန်ဖို့မဟုတ်ပေ။
ကုန်းထျန်းဟောက်က ရှောင်လင်းယွီကို ခုခံလိုက်ပြီး
“ဦးလေး ဒေါ်လေး၊ ယွီအာက စိတ်ကောင်းရှိပြီး ဘယ်တော့မှ အလိုမကျမဖြစ်ဘူး။ ဒေါ်လေးသူ့ကို အပြင်လူတွေရှေ့မှာ အတင်းပြောလို့မရဘူးလေ”
ရှောင်လင်းယွီရဲ့မိဘများ “...”
ဒါကအတင်းပြောတာလား?
ဘော်ဒီဂတ်တစ်အုပ်စုလုံး “...”
***