← Chapters

အတင်းပြောခြင်း

Vol. 18 Ch. 305

အတင်းပြောခြင်း

Vol. 18 Ch. 305

ဘော်ဒီဂတ်ငါးယောက်က တည်ကြည်သွားပြီး ပြန်ဖြေလိုက်သည်။

“သခင်ကြီး ဒါကျွန်တော်တို့လုပ်သင့်တာပါပဲ။ သေသေချာအနားယူပါ။ ကျွန်တော်တို့ သူတို့လုံခြုံရေးကို သေချာပေါက်ကာကွယ်ပါ့မယ်”

ဒါပေါ့ သူတို့စိတ်ထဲမှာတော့ သံသယတမျိုးရှိသေးသည်။

ရှောင်မိသားစုက တကယ်ပဲ ဘာတွေဖောက်ဖျက်ထားလို့လဲ?

သူတို့သခင်ကြီးနဲ့ဘော့စ်ကြီးက ဘာလို့ ဒါကိုအရမ်းလေးလေးနက်နက်လုပ်နေတာလဲ?

ဘာလို့လယ်သမားမိသားစုတစ်ခုက ကမ္ဘာ့အကောင်းဆုံးဘော်ဒီဂတ်တွေရဲ့ ကာကွယ်ပေးမှုကို လိုတာလဲ?

ဒါပေမယ့်လည်း သူတို့မေးခွန်းတွေကို အသံမထွက်ခဲ့ပေ။ ဒါသူတို့ဘော့စ် သူတို့ကိုပေးထားတဲ့ မစ်ရှင်ဖြစ်သည်။ ဒါကြောင့် သူတို့ဒါကို လေးလေးနက်နက်ဆောင်ရွက်ရမည်။

သူတို့အမှားတစ်ခုလုပ်လိုက်ရင် သူတို့နောက်ထပ်ဘယ်အလုပ်မှရှာလို့ရမှာမဟုတ်တော့ပေ။ သူတို့ ဒီမစ်ရှင်ကို ကျဆုံးအောင်လုပ်လို့မရပေ။

သူတို့ဘော့စ်ကြီးက နိုင်ငံထဲမှာ အချမ်းသာဆုံးလူဖြစ်သည်။ သူ့ဘော်ဒီဂတ်တွေကို ပြောင်းပစ်ဖို့က သူ့အတွက် အသေးအမွှားလေးပဲဖြစ်သည်။

ဒီဘော်ဒီဂတ်တွေဘယ်လောက်တောင်လေးနက်သွားတာကိုမြင်ပြီး သခင်ကြီးကုန်းက သဘောကျမှုနဲ့ ခေါင်းညိတ်လိုက်သည်။ ဒါပေမယ့်လည်း သူက သူတို့ကို နှိုးဆော်ပြီး သတိပေးလိုက်သည်။

“ရှောင်မိသားစုဝင်တွေက ငါတို့အတွက် မိသားစုလိုပဲ။ ဘာအထိအခိုက်မှရှိလို့မရဘူး။ နားလည်ကြလား? မင်းတို့ရဲ့ပေါ့ဆမှုကြောင့် တစ်ခုခုဖြစ်ရင် ဒီအဘိုးကြီးက ဘာညှာတာမှုမှရှိမှာမဟုတ်ဘူး”

ဘော်ဒီဂတ်ငါးယောက်က အရမ်းလေးနက်တဲ့လေသံနဲ့

“နားလည်ပါပြီ!”

ရှောင်မိသားစုက ကုန်းမိသားစုရဲ့သခင်နှစ်ယောက်နဲ့ အရမ်းရင်းနှီးမှန်း သူတို့နားလည်လိုက်သည်။ ဒီတာဝန်ကိုလေးလေးနက်နက်လုပ်ဖို့ သူတို့အချင်းချင်း သတိပေးလိုက်ကြသည်။

ကုန်းထျန်းဟောက်က ထပ်ပြီး

“မင်းတို့ကာကွယ်ရမယ့်မိန်းကလေးက ငါ့ကလေးကို လွယ်ထားတာ။ မင်းတို့ ဘာတွေလုပ်ရမယ် မလုပ်ရဘူးဆိုတာကို သိသင့်တယ်။ ပြီးတော့..”

သူက ခနလောက်ရပ်လိုက်ပြီး ထပ်သတိပေးလိုက်သည်။

“အခုလောလောဆယ် သူ့ဗိုက်ထဲကကလေးရဲ့အကြောင်းကို ဘယ်သူမှမမသိဘူး။ ဒါကြောင့် မင်းတို့ ဒါကိုမှတ်ထားရမယ်။ ဒါကသိကိုသိရမယ့် အခြေခံပဲ။ နားလည်ကြလား?”

ငါးယောက်ကထပ်ပြီး အံ့ဩကုန်ပြန်သည်။ ဒီလိုလျှို့ဝှက်ချက်ကြီးရှိနေမယ်လို့ သူတို့မထင်ထားခဲ့ပေ။ သူတို့ဘော့စ်ကြီးနဲ့ သခင်ကြီးက ရှောင်မိသားစုကို ဒီလောက်ဂရုစိုက်နေတာ အံ့ဩစရာမရှိတော့ပေ။

တစ်ချိန်တည်းမှာပဲ သူတို့တိတ်တဆိတ် အထင်ကြီးသွားသည်။

ဘယ်လိုကောင်းကင်အလှလေးကများ ငရဲဘုရင်ကြီးရဲ့နှလုံးသားကို ချိုးနှိမ်လိုက်တာလဲ?

ကုန်းထျန်းဟောက် အစောင့်တွေကို ညွှန်ကြားချက်နည်းနည်းပေးပြီး‌တော့ သူတို့ကို ထွက်သွားခိုင်းလိုက်သည်။

အစောင့်တွေမထွက်သွားခင် သူတို့ ပုံမှန်အဝတ်တွေကို ဝတ်သွားရသည်။ သူတို့က အနက်ရောင်ဝတ်စုံတွေနဲ့ နေကာမျက်မှန်တွေကို ဝတ်ထားခဲ့ကြသည်။ သူတို့က သေးငယ်တဲ့ရွာလေးမှာလေ။

သူတို့ကလူတွေကို မတော်တဆကြောက်မိစေလိမ့်မည်။

အစောင့်တွေက တိတ်တဆိတ်ပဲလာပြီး တိတ်တဆိတ်ပဲ ထွက်သွားကြသည်။

သူတို့ခရိုင်မြို့ကိုရောက်တော့ ကုမ္ပဏီကသူတို့အတွက် စီစဉ်ပေးထားတဲ့ ကုမိသားစု‌ဟိုတယ်မှာ နေခဲ့သည်။ ဒီပရော်ဖက်ရှင်နယ်ဘော်ဒီဂတ်တွေက ဟန်ဆောင်ဖုံးကွယ်ခဲ့ကြသည်။ ဒါကြောင့် သူတို့အပြည့်အဝပြင်ဆင်လာခဲ့သည်။

အဖွဲ့ခေါင်းဆောင်က ကိုယ်တိုင်တစ်ခန်းသုံးပြီး ကျန်သူတွေက နှစ်ယောက်တစ်ခန်းမျှသုံးကြသည်။ ‌ဒါပေမယ့်လည်း အစောင့်တွေ သူတို့အခန်းထဲပြန်ရောက်ကြတော့ အနားမယူခဲ့ပေ။ ထိုအစား သူတို့အတူတူစုပြီး ပုံမှန်လူတွေလို အတင်းတုပ်နေခဲ့ကြသည်။

“ဟေး ခြင် ဘယ်လိုအနှိုင်းမဲ့အလှလေးက ငရဲဘုရင်ကြီးကို နှိမ်နင်းလိုက်တယ်လို့ထင်လဲ?”

ဝမ်ကျီက သူမပစ္စည်းပုံးကိုရှင်းနေရင်း မျက်လုံးလှည့်ကာ၊

“ငါဘယ်လိုလုပ်သိမှာလဲ? ငါမှ သူ့ကိုအရင်ကမတွေ့ဖူးတာ။ ဒါပေမယ့် သူမက နတ်သမီးတစ်မျိုးမျိုးဖြစ်ရမယ်။ မဟုတ်ရင် ငါတို့ဘော့စ်ကြီးက သူ့ကို အရမ်းပူပန်နေမှာတဲ့လား?”

တခြားအမျိုးသားဘော်ဒီဂတ်သုံးယောက်လည်း အရမ်းသိချင်နေကြသည်။

လီဝမ်သုန့်က

“ရှဲ့ကျန်းကျုံး မင်းဘာတွေစဉ်းစားနေတာလဲ?”

လီဝမ်သုန့်က စဉ်းစားနေပုံရတဲ့ သူ့အသင်းဖော်ကို ကြည့်လိုက်ပြီး သူ့ခါးကို တောင်တံနဲ့ တို့လိုက်သည်။

ရှဲ့ကျန်းကျုံးက ခေါင်းခါလိုက်ပြီး

“အဲ့ဒီမိန်းကလေးကိုယ်ဝန်ရှိနေတယ်ဆိုတာကို မင်းကြားတယ်မလား? သူက သခင်လေးကုန်းရဲ့ကလေးနဲ့ ဗိုက်ကြီးနေတာ”

တခြားသူတွေက မျက်လုံးလှည့်လိုက်ပြီးတော့

“ငါတို့ကနားလေးတွေမှမဟုတ်ဘဲ။ ဒါပေါ့ ကြားတယ်လေ။ အဲ့ဒီတော့ သူကိုယ်ဝန်ရှိနေတော့ရော? ဘာကထူးဆန်းနေလို့လဲ?”

ရှဲ့ကျန်းကျုံးကနားမလည်ပုံနဲ့

“မထူးဆန်းဘူးလား? မင်းတို့ သခင်လေးကုန်းရဲ့မြို့တော်က ကောလဟာလတွေကို မမှတ်မိဘူးလား?

သူတို့ပြောတာတော့ သူက မစွမ်းဆောင်နိုင်ဘူးတဲ့။ မဟုတ်ရင်လည်း သူကယောက်ျားတွေကို ကြိုက်တာတဲ့။ သူ့ဘေးမှာ ဘာလို့ ဘယ်မိန်းကလေးမှ မရှိတာလဲ? ဒါပေမယ့် ငါတို့ရောက်သွားတာနဲ့ ဒီပေါက်ကွဲသွားနိုင်တဲ့သတင်းကို ကြားလိုက်ရတယ်”

တခြားသူတွေက ချက်ချင်း ကောလဟာလအကြောင်းတွေးလိုက်သည်။

သခင်လေးကုန်းမှာ အာဏာ၊ ပိုက်ဆံနဲ့ ဂုဏ်သတင်းရှိသည်။ သူ့မှာ ကောင်းမွန်တဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ ရုပ်ချောချောလည်းရှိသည်။ သူက မြို့တော်မှာ နံပါတ်တစ်လူပျိုဖြစ်သည်။

ဒါပေမယ့် ဒီလိုလူမျိုးက သူ့ဘေးမှာ မိန်းကလေးတစ်ယောက်မရှိဘူးလေ။

မြို့တော်မှာ သူ့ကို မကြိုက်တဲ့ မိန်းကလေးမရှိတာမျိုးမဟုတ်ပေ။ ဆန့်ကျင်ဘက်ပင် သူ့ကိုကြိုက်နေတဲ့မိန်းကလေးတွေက မြို့တော်မှာ အခါခါ ပတ်လည်ဝိုင်း နေသည်။

ဒါပေါ့ ဒီမိန်းကလေးတွေအများစုက သူ့အဆင့်အတန်းကြောင့် ကြိုက်တာလေ။ ကုန်းမိသားစုရဲ့အဓိက အတက်အလက်က သခင်မမရှိဘူးလေ။ ဒီတော့ သခင်လေးကုန်းကို လက်ထပ်မယ့်သူက ချက်ချင်းဆိုသလို အရှိန်အဝါတွေအများကြီးအပေးခံရမည်ဖြစ်သည်။

ဒါပေမယ့်လည်း ဘော့စ်ကြီးက အမျိုးသမီးတွေကို ဘာနူးညံ့ကြင်နာမှုမှမပြပေ။ သူတို့ကိုယ်သူတို့ သူ့ကိုပစ်ပေးထားတဲ့ မိန်းကလေးတွေကို ငြင်းရုံတင်မကဘဲ သူ့အိပ်ယာပေါ်ကိုတက်လာတဲ့ မိန်းကလေးတွေကို ပိုပြီးတောင်အကြင်နာကင်းသေးသည်။ သူဘာကရုဏာမှမပြပေ။

၎င်းကြောင့် ကောလဟာလမျိုးစုံပြန့်ခဲ့သည်။ သူက မစွမ်းဆောင်နိုင် ဒါမှမဟုတ် ယောက်ျားလေးတွေကို သ‌ဘောကျတဲ့ ကောလဟာလမျိုးဖြစ်သည်။

ဒါပေမယ့် အစောင့်တွေက ဒီလူမှာ သားတစ်ယောက်ရတော့မယ်လို့ ကြားလိုက်ရသည်။

ဝမ်ကျီက သူမလုပ်နေတာကို ချက်ချင်းချလိုက်ပြီး ဟုန်းဟုန်းတောက်နေတဲ့အကြည့်နဲ့ ပြောလိုက်သည်။

“ဒီသတင်းသာ မြို့တော်ကို ပြန်ပျံ့သွားရင်တော့ အဲ့ဒီလူတွေ အရမ်း အံ့ဩကုန်တော့မှာပဲ”

ယွမ်မင်ကလည်း စိတ်လှုပ်ရှားစွာနဲ့

“ဟားဟား အမှန်ပဲ။ ငါတို့ဘော့စ်ကြီးက မကြာခင် သားတစ်ယောက်ရတော့မှာ”

လီဝမ်သုန့်က သင်္ကာမကင်းနဲ့

“ဒါပေမယ့် အဲ့ဒီမိန်းကလေးက တကယ်ပဲ သခင်လေးကုန်းရဲ့ကလေးကို လွယ်ထားရတာလား?”

သူတကယ့်ကို သံသယဖြစ်နေသည်။ သူ့ခေါင်းကို အထုခံလိုက်ရသည်။

လီဝမ်သုန့်က ခေါင်းဆန့်လိုက်ပြီး ဝမ်ကျီကို ကြည့်လိုက်သည်။

“ဘာလို့ငါ့ကိုထုတာလဲ?”

ဝမ်ကျီက တခစ်ခစ်ရယ်လိုက်သည်။

“နင်တုံးနေလို့ထုတာ။ အဲ့ဒီမိန်းကလေးသာ ဘော့စ်ရဲ့ကလေးက်ိုမလွယ်ထားဘူးဆိုရင် ငါတို့သခင်ကြီးက သူ့ကိုအရမ်းဂရုစိုက်နေပါ့မလား? ပြီးတော့ ဘော့စ်ကြီးက ငါတို့ကို ဒီဟာကိုပြောပြီးပြီပဲ။ သူငါတို့ကို လိမ်ဖို့လိုလို့လား?”

“ဟုတ်တယ်”

ယွမ်မင်က ထောက်ခံလိုက်သည်။

“သခင်ကြီးကုန်းက အရမ်းနားလည်တတ်တယ်လို့ ကောလဟာလရှိတယ်။ ဒါပေမယ့် သူဘယ်လောက်ပဲနားလည်တတ်တတ် တစ်ယောက်ယောက်ရဲ့သားကို ကုန်းမိသားစုရဲ့မြစ်အနေနဲ့တော့ အသိအမှတ်ပြုမှာမဟုတ်ဘူးလေ။ မိသားစုပိုအင်အားကြီးလေ သွေးသားရင်းကို ပိုတန်ဖိုးထားလေပဲ”

တခြားသူတွေကလည်း သဘောတူညီမှုနဲ့ ထောက်ခံလိုက်သည်။

တစ်ဖက်အိပ်ယာပေါ်မှာလည်း သူ့ပစ္စည်းတွေကို ရှင်းလင်းနေတဲ့ မျက်နှာသေကပ္ပတိန် ယွဲ့ချီလင်က အေးစက်စက်နဲ့

“ကောင်းပြီ မင်းတို့ပြီးကြပြီလား? ပြီးပြီဆိုရင် သွားအနားယူကြတော့။ ငါတို့မနက်ဖြန်စောစောရှိတယ်။ မနက်ဖြန် မင်းတို့ ထောင်ယွမ်ရွာကို ဝင်သွားတာနဲ့ မင်းတို့က မစ်ရှင်တစ်ခုမှာ‌ဆိုတာ မှတ်ထား။ နားလည်ကြလား?”

တခြားတစ်ဖက်က လူလေးယောက်က ရင်ဘတ်တွေကော့လိုက်ပြီး သပ်သပ်ရပ်ရပ်မတ်တပ်ရပ်လိုက်သည်။

သူတို့ ကျယ်လောင်စွာပြန်ဖြေလိုက်သည်။

“နားလည်ပါပြီ!”

“ပြီးတော့ မင်းတို့နှစ်ယောက်”

ကပ္ပတိန်က လေးလေးနက်နက်သတိပေးလိုက်သည်။

“အမျိုးသမီးက ဘယ်သူ့ကလေးကိုပဲလွယ်လွယ် သူ့ကို မင်းတို့အသက်နဲ့ရင်းပြီး ကာကွယ်ရမယ်။ နားလည်လား?”

“ရက်စ် ကပ္ပတိန်!”

ဝမ်ကျီ နဲ့ ယွမ်မင်က ကျယ်လောင်စွာ ပြန်ဖြေလိုက်သည်။

“ကောင်းပြီ သွားနားကြတော့”

ပြီးနောက် မိန်းကလေးအစောင့်နှစ်ယောက်က ယောက်ျားလေးအစောင့်တွေရဲ့ အခန်းထဲက ထွက်လာကြသည်။

......

နောက်နေ့တွင် သူတို့ ထောင်ယွမ်ရွာသို့ ကားမောင်းသွားကြသည်။

သူတို့မနေ့ညကရောက်တော့ အရမ်းမှောင်နေသည်။ ဒါကြောင့် လှပတဲ့ရှုခင်းတွေကို မခံစားလိုက်ရပေ။ ၎င်းက အရမ်းလှပသည်။

ပုံမှန်ဝတ်စုံသို့ပြောင်းလဲထားသည့် ဘော်ဒီဂတ်ငါးယောက်က လမ်းဘေးမှာ စိုက်ထားတဲ့ မက်မွန်ပင်နှစ်တန်းကိုကြည့်လိုက်ပြီး အပြုံးတစ်ခုနဲ့

“ထောင်ယွမ်ရွာလို့ခေါ်တာ အံ့ဩစရာမရှိတော့ဘူး။ နေရာတိုင်းမှာ မက်မွန်ပင်တွေရှိတာကိုး”

“နင်တို့တွေသတိထားမိလား? ဒီနေရာကလေထုက တကယ်ကောင်းတယ်။ လတ်ဆတ်ပြီး လတ်ဆတ်တဲ့ပန်းတွေရဲ့ရနံ့တွေရှိတယ်။ ဒါအရမ်းစိတ်ချမ်းသာစရာပဲ”

“အမ်?”

လီဝမ်သုန့် က ချက်ချင်း တစ်ခုခုကို တွေ့သွားသည်။

“ဘာဖြစ်လို့လဲ?”

တခြားသူတွေက နားမလည်တဲ့ပုံနဲ့ မေးလိုက်သည်။

လီဝမ်သုန့်က အရမ်းလေးလေးနက်နက်နဲ့

“ငါတို့မြို့ကနေထွက်ပြီး ထောင်ယွမ်ရွာကိုဝင်တဲ့အချိန်ထိ တစ်လျှောက်လုံး စောင့်ကြည့်ရေးကင်မရာတွေတပ်ထားတယ်။ ဘာလို့ ရွာလေးတစ်ရွာက ပြည့်စုံတဲ့လုံခြုံရေးစနစ်တစ်ခုလိုမှာလဲ?”

***

All Chapters