← Chapters

မိတ်ဆက်ခြင်း

Vol. 18 Ch. 306

မိတ်ဆက်ခြင်း

Vol. 18 Ch. 306

အစောင့်တွေက ကွာခြားချက်ကို သတိပြုမိသွားသည်။

ရှဲ့ကျန်းကျုံးက ခန့်မှန်းလိုက်သည်။

“ဒါက ဘော့စ်ကြီးနဲ့ သခင်ကြီးတို့ ဒီမှာရှိနေလို့များလား?”

ယွဲ့ချီလင်က ငြင်းဆိုလိုက်သည်။

“မဟုတ်ဘူး”

တခြားလေးယောက်က သူ့ကို နားမလည်တဲ့ပုံနဲ့ကြည့်လိုက်ပြီး

“ကပ္ပတိန် တကယ့်အကြောင်းရင်းကို ခန့်မှန်းမိလို့လား?”

ယွဲ့ချီလင်က အပြင်ဘက်ကလမ်းကို ထိုးပြလိုက်ပြီး

“မင်းတို့ လမ်းပေါ်က သဲလွန်စတွေကို သတိမထားမိဘူးလား?”

လေးယောက်သား ကြည့်လိုက်သည်။

ဘေယ်ဒီဂတ်တွေအနေနဲ့ သူတို့မှာ အရမ်းကောင်းတဲ့အမြင်အာရုံရှိသည်။

“ကားဘီးရာတွေကိုကြည့်လိုက်။ နေ့တိုင်းသွားလာနေတဲ့ကားတွေအများကြီးရှိရမယ်”

“ဘာလို့သာမန်တောင်ရွာလေးတစ်ရွာက သွားလာနေတဲ့ကားတွေအများကြီးရှိတာလဲ?”

ယွဲ့ချီလင်က အဓိကပွိုင့်ကို ဖြတ်ချလိုက်သည်။

“အကြောင်းရင်းတစ်ခုတော့ရှိရမယ်။ ပြီးတော့ ဒါက ဘော့စ်ကြီးနဲ့ ‌သခင်ကြီးတို့နဲ့ ဘာမှမဆိုင်ဘူး”

“မှန်တယ်”

“ဘော့စ်ကြီးက ငါတို့ကို ဒီပြောင်းလိုက်တာ အကြောင်းရင်းတစ်ခုရှိရမယ်”

ငါးယောက်သားထောင်ယွမ်ရွာသို့ ရောက်ပြီးနောက် ကုန်းထျန်းဟောက်က သူတို့ကို ရှောင်မိသားစုဆီ ‌ဦးဆောင်ခဲ့သည်။

ကုန်းထျန်းဟောက်က

“ဒေါ်လေးဦးလေး၊ ဒါကျွန်တော့်ရဲ့ဝမ်းကွဲနှစ်ယောက် ဝမ်ကျီ နဲ့ ယွမ်မင်။ ကျွန်တော့်နေရာမှာ အခန်းလုံလုံလောက်လောက်မရှိဘူး။ သူတို့ ဒေါ်လေးတို့နဲ့ ခနလောက်နေလို့ အဆင်ပြေမလား?”

မေမေရှောင်ကပြုံးပြီး

“ဒါပေါ့၊ သူတို့နေချင်‌သလောက်နေလို့ရတယ်!”

ကုန်းထျန်းဟောက်က သူ့လက်ကောက်ဝတ်က နာရီကိုကြည့်လိုက်ပြီး ရှောင်လင်းယွီထမယ့်အချိန်မရောက်သေးမှန်း သဘောပေါက်သွားသည်။

သူ့ဝမ်းကွဲနှစ်ယောက် နေခဲ့ပြီးတော့ ကုန်းထျန်းဟောက်နဲ့ ယောက်ျားသုံးယောက်ကျန်ခဲ့သည်။ သူတို့ နွားတင်းကုပ်ဆီသွားခဲ့ကြသည်။ ကုန်းထျန်းဟောက်က ရှောင်ကွမ်းနဲ့ အလင်းရောင်ကြီးကို ညွှန်ပြလိုက်သည်။

“သူတို့က အမေနဲ့ကလေးပဲ”

အစောင့်သုံးယောက် နားမလည်ဖြစ်သွားကြသည်။

သူတို့ဘော့စ်ကြီးက သူတို့ကို ဘာလို့နွားတစ်စုံနဲ့ မိတ်ဆက်ပေးနေတာလဲ?

ဒါပေမယ့်လည်း အကြောင်းတစ်ခုရှိမယ်‌ဆိုတာသိလို့ သူတို့ဘာမှမမေးခဲ့ပေ။

ကုန်းထျန်းဟောက်က ဆက်ပြီး၊

“သူတို့ကပုံမှန်နွားတွေမဟုတ်ဘူး။ ရွာသားတွေက နွားငယ်လေးကို နွားဘုရင်ငယ်လေးလို့ခေါ်ကြတယ်။ သူ့နာမည်က ရှောင်ကွမ်း”

ပြီးနောက် သူအော်လိုက်သည်

“ရှောင်ကွမ်း”

သူက လက်ကိုပါ ဝှေ့ယမ်းပြလိုက်သေးသည်။

ရှောင်ကွမ်းက ကုန်းထျန်းဟောက်ကို သူ့မျက်လုံးရွဲကြီးတွေနဲ့ ကြည့်လိုက်သည်။ ပြီးနောက် သူက မြေကြီးပေါ်ကနေ ထရပ်ပြီး သူတို့ဆီ လမ်းလျှောက်လာသည်။

သူက နည်းနည်းလှုပ်ရှားလိုက်သည်။

သိသိသာသာပဲ သူတို့ကို နှုတ်ဆက်ပြီး စူးစမ်းနေခြင်းဖြစ်သည်။

နွားတစ်ကောင်က အရမ်းဉာဏ်ကောင်းနေလို့ အစောင့်သုံးယောက် ရှော့ခ်ရသွားသည်။

ကုန်းထျန်းဟောက်က မိတ်ဆက်မှုပြုလိုက်သည်။

“ရှောင်ကွမ်း မင်းကလူဆိုးတွေဆီကနေ ပစ်မှတ်ထားခံနေရတယ်။ ဒါကြောင့် မင်းကိုစောင့်ရှောက်ဖို့ ငါဒီသုံးယောက်ကို ခေါ်လာတာ။ မင်းအန္တရာယ်နဲ့ရင်ဆိုင်ရရင် သူတို့ဆီသွားပြီး အကူအညီတောင်းချေ”

ပြီးနောက် ဘော်ဒီဂတ်သုံးယောက်ရဲ့အံ့ဩမှုအောက်မှာ ရှောင်ကွမ်းက သံရှည်ဆွဲလိုက်ပြီး နှုတ်ဆက်သလိုမျိုး သူတို့ကို ခေါင်းညိတ်ပြလိုက်သည်။

ကုန်းထျန်းဟောက်က လက်လှမ်းပြီး သူ့ခေါင်းကို ပုတ်လိုက်သည်။

“ဒီနေ့ကစပြီး မင်းနဲ့ မင်းအမေ စည်းကမ်းလိုက်နာရမယ်။ လျှောက်မသွားရဘူး အိုခေလား? ရှောင်းဟွေ့နဲ့တခြားကလေးတွေကို ငါ့ကိုကူပြီးကြည့်ပေး ဟုတ်ပြီနော်? အနားမှာ လူဆိုးတွေအများကြီးရှိတယ်”

ရှောင်ကွမ်းက ခေါင်းညိတ်လိုက်သည်။

ဘော်ဒီဂတ်သုံးယောက်က အချင်းချင်းကြည့်လိုက်ကြသည်။

ချင်ပန်ဇီတွေနဲ့ လင်းပိုင်တွေက ဉာဏ်ကောင်းမှန်း သူတို့သိပေမယ့်လည်း ဒီလိုဉာဏ်ကောင်းတဲ့နွားမျိုးကိုတော့ ဘယ်တုန်းကမှ မတွေ့ဖူးပေ။

ကုန်းထျန်းဟောက်က သူ့ရဲ့ အံ့အားသင့်နေတဲ့လက်အောက်ငယ်သားသုံးယောက်ကို ပြောလိုက်သည်။

“မင်းတို့ဘာတွေစောင့်နေတာလဲ? နွားဘုရင်ငယ်လေးကို ဟယ်လိုလို့ပြောလိုက်လေ။ သူကမင်းတို့ကို နှုတ်ဆက်ပြီးနေပြီ။ ဒါပေမယ့် မင်းတို့ကပြန်မနှုတ်ဆက်ဘူး။ ရိုင်းချက်!”

ဘော်ဒီဂတ်သုံးယောက် ချက်ချင်းတုံ့ပြန်လိုက်ပြီး ချက်ချင်း နွားဘုရင်ငယ်လေးကို ကိုးရိုးကားယားနဲ့နှုတ်ဆက်လိုက်သည်။

“ဟယ်လို နွားဘုရင်ငယ်လေး ငါက ယွဲ့ချီလင် ပါ”

“ဟယ်လို နွားဘုရင်ငယ်လေး ငါက လီဝမ်သုန့် !”

“ဟယ်လို နွားဘုရင်ငယ်လေး ငါက ရှဲ့ကျန်းကျုံး”

ပြီးနောက် နွားဘုရင်ငယ်လေးက သူတို့ကို နှုတ်ဆက်ဖို့ ခေါင်းထောင်လိုက်တာကို သုံးယောက်သားမြင်လိုက်သည်။

ကုန်းထျန်းဟောက်က ထပ်ပြီး

“နွားဘုရင်ငယ်လေးကို အထင်မသေးနဲ့။ သူ့ကို နွားဘုရင်ငယ်လေးလို့ခေါ်ရတဲ့ အကြောင်းရင်းရှိတယ်။ သူ့မစင်တွေက မြေဩဇာအနေနဲ့ သုံးလို့ရတယ်။ မြေဩဇာက အပင်တွေကို ကောင်းကောင်းကြီးထွားစေပြီး အရသာကောင်းစေတယ်။ ရှောင်မိသားစုက စတော်ဘယ်ရီတွေနဲ့ အသီးအနှံတွေစိုက်ဖို့ မြေဩဇာပေါ်မှာ မှီခိုနေတယ်။ သူတို့ဈေးတွေမြင့်နေပေမယ့်လည်း အများကြီးရောင်းရတယ်။

ရှောင်ကွမ်းက ရွာရဲ့လျှို့ဝှက်ချက်တစ်ခုဖြစ်သင့်တာ။ ဒါပေမယ့်လည်း ရွာသားတစ်ယောက်က တစ်လောကမှ သူ့သတင်းကိုရောင်းစားလိုက်တယ်။"

ဘော်ဒီဂတ်သုံးယောက် တိတ်ဆိတ်သွားပြီး တည်ငြိမ်သွားသည်။

အခု ဘာလို့ ဘော့စ်ကြီးက ဒီကိစ္စကို ဘာလို့အရမ်းအာရုံစိုက်နေလဲဆိုတာကို သူတို့ နားလည်သွားပြီ။

ရှောင်ကွမ်းက အဖိုးတန်ပဲ။ ချမ်းသာချင်တဲ့စိတ်ကြောင့် သေဆုံးသွားတဲ့လူတွေရဲ့ ဥပမာတွေအများကြီးရှိသည်။ ဒါက ရှောင်ကွမ်းနဲ့ သူ့ပိုင်ရှင်ကို အန္တရာယ်ရှိတဲ့နေရာထဲရောက်စေသည်။

ဒါ့ပြင် ‌ရှောင်ကွမ်းရဲ့ပိုင်ရှင်က သာမန်လယ်သမားမိသားစုတစ်ခုဖြစ်သည်။ သူတို့လွယ်လွယ်ကူကူပဲ အရှင်းခံလိုက်ရနိုင်ပြီး ဘယ်သူမှ ဘာမှမေးရဲမှာမဟုတ်ပေ။

ကုန်းထျန်းဟောက်က သူ့ရဲ့လက်အောက်ငယ်သားသုံးယောက်ကိုကြည့်လိုက်ပြီး လေးလေးနက်နက်နဲ့ အမိန့်ပေးလိုက်သည်။

“မင်းတို့ ရှောင်မိသားစုရဲ့ဘေးကင်းမှုနဲ့ ရှောင်ကွမ်းရဲ့ ဘေးကင်းလုံခြုံမှုကို ကာကွယ်ရမယ်!”

“ရက်စ် ဘော့စ်!”

သူတို့သုံးယောက် အရမ်းတည်တည်ကြည်ကြည်ပြောလိုက်သည်။

ကုန်းထျန်းဟောက်က ခေါင်းညိတ်ပြီး

“အိုခေ ငါမင်းတို့ကို နေရာတချို့ကို ကြည့်ဖို့ခေါ်သွားမယ်”

ကုန်းထျန်းဟောက်က သူတို့ကို ရှောင်ရှောင်းဟွေ့ နဲ့ တခြားကလေးတွေ နွားကျောင်းတဲ့နေရာကို ခေါ်သွားသည်။

သူမနေ့ကသတိထားမိလိုက်တဲ့ လမ်းဆုံက ပိတ်ပြီးသွားပြီဖြစ်သည်။ ပိတ်ဆို့မှုကို သစ်သားတွေ ကျောက်တုံးတွေနဲ့ လုပ်ထားသည်။ ဒါပေမယ့်လည်း ကုန်းထျန်းဟောက်နဲ့ ဘော်ဒီဂတ်သုံးယောက်ရဲ့မျက်လုံးထဲမှာ အပြစ်အနာအဆာတချို့ကျန်သေးသည်။

ပိတ်ဆို့ထားတဲ့အရာက နှစ်မီတာပဲမြင့်သည်။ လေ့ကျင့်ထားတဲ့လူတစ်ယောက်က ၎င်းအပေါ်ကို လွယ်လွယ်ကူကူပဲ ခုန်တက်နိုင်သည်။ ဆူးချုံတွေကို အပေါက်ကိုဖြည့်ဖို့ သုံးထားပေမယ့် အဲ့ဒီလူက လက်အိတ်ဝတ်လာရင် ၎င်းက အချည်းနှီးသာဖြစ်မည်။

ဒါက ပုံမှန်ရွာသားတွေကိုပဲ တားဆီးနိုင်လိမ့်မည်။

ကုန်းထျန်းဟောက်က

“ဒါက ထောင်ယွမ်ရွာက ကလေးတွေ နွားကျောင်းတဲ့နေရာပဲ။ ရှောင်ကွမ်းက ပုံမှန်ဒီကိုလာတယ်။ နေရာတိုင်းမှာ အပေါက်တွေရှိတယ်။ မင်းတို့လိုအပ်မယ်ထင်ရင် လူတွေထပ်စုလိုက်။ ငါ့တစ်ခုတည်းသောတောင်းဆိုချက်က လူတိုင်း ဘေးကင်းဖို့ပဲ”

“ရက်စ် ဘော့စ်။ ကျွန်တော်တို့ သေချာပေါက် ဘော့စ်ကို စိတ်မပျက်စေရပါဘူး”

သူတို့က လက်ရွေးစင်ဘော်ဒီဂတ်အုပ်စုဖြစ်သည်။ သူတို့က ပုံမှန်ဆို သမ္မတတွေနဲ့ အရာရှိကြီးတွေကို စောင့်ကြပ်ဖို့ တာဝန်ပေးခံရသည်။ ဒါကြောင့် သူတို့ကို အလုပ်ခန့်ထားရတဲ့ ဝန်ဆောင်ခက ထူးထူးကဲကဲဈေးကြီးသည်။ ဒီမစ်ရှင်က ကလေးကစား‌သလောက်သာရှိသည်။

ဒါပေမယ့် တာဝန်ကဘာပဲဖြစ်ဖြစ် သူတို့သေသေချာချာဆောင်ရွက်ရမည်။ ဒါ့ပြင် သူတို့ကာကွယ်ရမယ့်လူက ဘော့စ်ကြီးအတွက် အရမ်းအရေးကြီးတဲ့သူတစ်ယောက်ဖြစ်သည်။ သူတို့ ပေါ့ပျက်ပျက်လုပ်လို့မရပေ။

ယွဲ့ချီလင်က

“ဘော့စ် စိတ်မပူပါနဲ့။ ကျွန်တော်တို့သေချာပေါက် အလုပ်ကို အကောင်းဆုံးလုပ်ပါ့မယ်”

ကုန်းထျန်းဟောက်က ကျေနပ်စွာနဲ့ သူ့ခေါင်းကိုညိတ်လိုက်သည်။ ပြီးနောက် သူ့လက်ကိုမြှောက်လိုက်ပြီး အချိန်ကို ကြည့်လိုက်သည်။

သူက

“မင်းတို့တွေ လျှောက်ကြည့်ဖို့ နေခဲ့လို့ရတယ်”

၎င်းကိုပြောပြီးနောက် ကုန်းထျန်းဟောက်က လှည့်ထွက်ပြီး တောင်အောက်ကို ဆင်းခဲ့သည်။

ဘော်ဒီဂတ်သုံးယောက်က အချင်းချင်း ကြည့်လိုက်သည်။

လီဝမ်သုန့်က စပ်စုစွာနဲ့

“ဘော့စ်ကြီးက သူ့နာရီကိုပဲ ကြည့်နေတာကို မင်းတို့တွေ သတိထားမိလား?”

“ဟုတ်တယ် ငါလည်းသတိထားမိတယ်”

ရှဲ့ကျန်းကျုံးက ခေါင်းညိတ်ပြီး ထောက်ခံခဲ့သည်။

“‌အချိန်ကိုမြင်တော့ သူအလောတကြီးထွက်သွားတာ။ အရေးကြီးတစ်ခုခုများ ရှိလို့လား?”

ယွဲ့ချီလင်က သူတို့ကို အေးစက်စွာကြည့်လိုက်ပြီး တိုက်ရိုက်ပဲပြောလိုက်သည်။

“တော်လောက်ပြီ။ ငါတို့ဒီမှာ အတင်းတုပ်ဖို့ရှိနေတာမဟုတ်ဘူး။ အနားပတ်လည်ကို လှည့်ပတ်ကြည့်ရအောင်။ သုန့်ဇီ၊ မင်းကဟိုကိုသွား။ ကျန်းကျုံး မင်းက တောင်ဘက်ကိုသွား။ ငါဒီနားကို ကြည့်လိုက်မယ်”

“ရက်စ်!”

တခြားနှစ်ယောက်က ချက်ချင်း တည်တည်ငြိမ်ငြိမ်ပြန်ဖြေလိုက်ကြသည်။

သူတို့က ကြည့်ရုံတင်မကြည့်ပေ။ ဘော်ဒီဂတ်တွေအနေနဲ့ သူတို့ ပထဝီတည်နေရာကို လေ့လာရမည်။ မတော်တဆမှုမှာ သူတို့အလုပ်ရှင်ရဲ့ ဘေးကင်းလုံခြုံမှုကို သေချာအောင်လုပ်ဖို့ ခွဲခြမ်းစိတ်ဖြာနိုင်သည်။

သူတို့သုံးယောက် ဧရိယာကို စစ်ဆေးကြည့်လိုက်ပြီး တချို့ဝှက်ထားတဲ့နေရာတွေမှာ ကိရိယာအသေးလေးတစ်ခု တပ်ခဲ့ကြသည်။ တစ်ယောက်ယောက်ဖြတ်သွားတာနဲ့ ကိရိယာလေးက သူတို့ဖုန်းဆီကို အသိပေးလိမ့်မည်။

သူတို့ကို ချက်ချင်းဆိုသလို ပြုပြင်မွမ်းမံနိုင်သည်...

***

All Chapters