← Chapters

ဘော့စ်ကြီးရဲ့ဝမ်းကွဲ

Vol. 18 Ch. 307

ဘော့စ်ကြီးရဲ့ဝမ်းကွဲ

Vol. 18 Ch. 307

ကုန်းထျန်းဟောက် ရှောင်မိသားစုကို ပြန်လာတော့ ရှောင်လင်းယွီကနိုးတော့မည်ဖြစ်သည်။ ဒါကြောင့် သူမအခန်းထဲ လှုပ်ရှားသံတချို့ကို သူကြားလိုက်ရသည်။

မေမေရှောင်က ဝမ်ကျီနဲ့ ယွမ်မင်တို့ကို အိမ်ကိုလှည့်ပတ်ကြည့်ဖို့ ခေါ်သွားသည်။ သူတို့ကဒီမှာ ရှောင်လင်းယွီကိုကာကွယ်ဖို့ ရှိနေမှတော့ အိမ်ရဲ့အဆင်အပြင်ကို သတိထားဖို့လိုတယ်လေ။

ဒါပေမယ့်လည်း ရှောင်မိသားစုအိမ်ကအရမ်းကြီးပေမယ့် ကုန်းမိသားစုနေအိမ်လိုတော့ မဟုတ်ပေ။ သူတို့အကြည့်တစ်ဝှေ့ဖြင့် ဘယ်အရာဘယ်မှာရှိလဲ‌ဆိုတာကိုသိသည်။

မေမေရှောင်က အချိန်ကိုကြည့်လိုက်ပြီး မနက်စာစတင်ပြင်ဆင်လိုက်သည်။ ဧည့်သည်တွေပိုလာမယ်ဆိုတာကိုသိလို့ မေမေရှောင်က ပိုချက်ဖို့ဆုံးဖြတ်ခဲ့သည်။ သူတို့ရဲ့ အာသီသကို သူမမသိပေ။ သူတို့က ရှောင်ဝမ်နဲ့ ရှောင်ကျန်းလိုပဲ အရမ်းစားချင်စိတ်ကြီးတာဖြစ်နိုင်သည်။

မိန်းကလေးနှစ်ယောက်က သူတို့အကာအကွယ်မိန်းကလေးရဲ့ ပုံပန်းသွင်ပြင်ကို ရှာဖွေနေကြသည်။ မနေ့က သူမကို သူတို့မတွေ့လိုက်ရပေ။ သူတို့နှစ်ယောက်က နောက်ဖေးခြံထဲက အသီးအနှံတွေခူးဖို့ မေမေရှောင်ကို ကူညီခဲ့ကြသည်။ ပြီးနောက် သူတို့မီးဖိုချောင်ကိုထွက်သွားပြီးတော့ သူတို့အစာအိမ် အသံမြည်လာတာကို ခံစားလိုက်ရသည်။

ဝမ်ကျီက တံတွေးမျိုချလိုက်ပြီး

“နားရွက်ကြီး နင်အနံ့ခံလို့ရလား? ဒါဘာအနံ့လဲ? အရမ်းမွှေးတာပဲ”

ယွမ်မင်က မီးဖိုချောင်က ထွက်လာသည့်အနံ့ကို ရှူကြည့်လိုက်ပြီး သရည်ကျမတတ်ဖြစ်သွားသည်။ သူမပါးစပ်ကိုသုတ်လိုက်ပြီး မျှော်လင့်ကြီးစွာနဲ့

“ဒေါ်လေးက ဘယ်လိုအရမ်းမွှေးတာကိုများ ချက်နေတာလဲ ငါသိချင်မိတယ်”

သူတို့ မနက်စာကို ဆွေးနွေးနေကြတုန်း ကုန်းထျန်းဟောက် ဝင်လာသည်။

သူက ရှောင်လင်းယွီရဲ့ သွားပွတ်တံနဲ့ ရေခွက်ရှိတဲ့နေရာကို သွားလိုက်သည်။ သူက သွားတိုက်ဆေးကို ညှစ်ကာ သွားတိုက်တံပေါ်ဖြည့်လိုက်ပြီး ရေခွက်ကိုရေဖြည့်ပြီးနောက် ဘေစင်မှာထားရင်း မာစတာရောက်လာဖို့ စောင့်နေခဲ့သည်။ ဒါက ခြံထဲမှာ ထိုင်နေတဲ့မိန်းကလေးနှစ်ယောက်ကို နားမလည်နိုင်ဖြစ်သွားစေသည်။

‘ဒါငါတို့ဘော့စ်ကြီးလား? သူကဘာလို့ သူများကို ပြုစုနေတာလဲ? ငါတို့မျက်လုံးတွေ ငါတို့ကို လှည့်စားနေတာများလား?’

သူတို့ရဲ့နူးညံ့တဲ့မျက်လုံးတွေကို မယုံကြည်နိုင်စွာ ပွတ်လိုက်ကြသည်။

ဒါပေမယ့်လည်း နောက်ထပ်ဖြစ်ခဲ့တဲ့တစ်စုံတစ်ခုက သူတို့ကို ပါးစပ်အဟောင်းသားဖြစ်သွားစေခဲ့သည်။

သူတို့က သူတို့ရဲ့ဘော့စ်ကြီးက ဗိုက်ပူကြီးနဲ့ ကိုယ်ဝန်သည်မိန်းကလေးတစ်ယောက်ကို ကူညီနေတာကို မြင်လိုက်ရသည်။

ကိုယ်ဝန်သည်မိန်းကလေးက ရေပြာရောင်အင်္ကျီဝတ်ထားသည်။ သူမက သူမမျက်နှာကိုပွတ်နေတဲ့အတွက် သူတို့သူမကို သေချာမမြင်ရပေ။

ဒါပေမယ့် ပိုကြောက်ဖိုကောင်းတာက ငရဲဘုရင်ကြီးရဲ့မျက်နှာပေါ်မှာ နူးညံ့ညင်သာမှုကို မြင်လိုက်ရသည့်အချက်ဖြစ်သည်။

ဒါက သွေးလထက်တောင် ပိုရှားသေးသည်!

ယွမ်မင်က ရုတ်တရက် စူးခနဲအော်လိုက်သည်။

သူမကသွားကြိတ်ပြီးတော့

“သောက်ခြင် နင်ဘာလုပ်နေတာလဲ?”

ဝမ်ကျီက

“ငါအိမ်မက်မက်နေတာဟုတ်လား မဟုတ်လား အတည်ပြုနေတာ”

သူမက

“နင့်တုံ့ပြန်ချက်ကနေ ငါအိမ်မက်မက်နေလားဆိုတာပြောနိုင်တယ်လေ။ ပြီးတော့ အခု နင့်တုံ့ပြန်ပုံက ငါတို့အိမ်မက်မက်နေတာမဟုတ်ဘူးလို့ ငါ့ကိုပြောနေတယ်”

ယွမ်မင် “…”

နောက်တစ်ကြိမ် သူမသေချာပေါက် လက်စားပြန်ချေမည်။

ဝမ်ကျီရဲ့မျက်လုံးတွေက သူမမေးစေ့ကို လက်နှစ်ဖက်လုံးနဲ့ထောက်ထားတဲ့အချိန်မှာ ရွန်းရွှန်းတောက်သွားခဲ့ပြီး စိတ်လှုပ်ရှားစွာနဲ့

“ငါတို့အခုဘော့စ်ကြီးရဲ့ပုံကိုရိုက်ပြီး ဆိုရှယ်မီဒီယာမှာတင်လိုက်ရင်တော့ လူတွေက ငရဲကခဲကုန်ပြီလို့ ထင်ကြတော့မှာပဲ”

ယွမ်မင်က သူမပေါင်တွေကို ပွတ်လိုက်ပြီး မပျော်မရွှင်နဲ့

“ငါလည်းနင်အဲ့ဒီလိုသေချာလုပ်လိုက်စေချင်တယ်! နင်အဲ့ဒီလိုလုပ်မယ်ဆိုရင် ငါနင့်ကို ၂၀၀ပေးမယ်”

ခြင်က ပခုံးတွန့်လိုက်သည်။

“နင်မှန်တယ် ငါမလုပ်ရဲဘူး။ ငါ့မှာပိုက်ဆံရပြီးပျော်နိုင်လောက်တဲ့ ကံမရှိသေးဘူး”

ယွမ်မင်က ဒါကိုကြားတော့ ဝမ်းနည်းစွာနဲ့

“ဒါတကယ်နှမြောစရာပဲ။ ငါနင့်ကို ပုံတစ်ပုံယူထားစေချင်တယ် ။ အဲ့ဒါမှ ငါ့ဖုန်းထဲကို ကော်ပီတစ်ခုပို့လို့ရမှာလေ”

ခြင်က မပျော်မရွှင်နဲ့

“နင်ဘာလို့ ပုံတစ်ပုံလောက်မရိုက်ခဲ့တာလဲ?”

“ငါ့မှာ သတ္တိမရှိဘူးလေ”

ယွမ်မင်က ရိုးသားစွာပဲပြောလိုက်သည်။

ကုန်းထျန်းဟောက်က ရှောင်လင်းယွီမျက်နှာသစ်တာကို ကူညီပေးသည်။

ရှောင်လင်းယွီလှည့်လာတော့ မိန်းကလေးဘော်ဒီဂတ်နှစ်ယောက် အံ့အားသင့်သွားသည်။

ဒီမိန်းကလေးက တကယ်လှတာပဲ။ သူမိတ်ကပ်မလိမ်းထားဘူး။ သူ့ရဲ့ကိုယ်ဝန်ကြောင့် သူ့မျက်နှာက ဝိုင်းနေတယ်။ သူ့အသားအရေက ဖြူဖွေးနူးညံ့ပြီး မျက်နှာအသွင်အပြင်ကလည်း အထူးကောင်းမွန်တယ်။ သူ့နဖူးကကျယ်ပြီး ဖြူသည်။ ပြီးတော့ သူမမျက်ခုံးတွေက ကွေးနေသည်။

သူမက နုးညံ့ပုံပေါ်ပြီး လှပခြင်း၊ တောက်ပခြင်းနဲ့ ညှို့ဓာတ်ပါတဲ့မျက်လုံးတွေနဲ့ ဖုံးလွှမ်းထားတဲ့ ငှက်မွှေး‌တစ်ခုလောက်ရှည်တဲ့ မျက်တောင်တစ်စုံလည်းရှိနေသည်။

သူမမှာ ကလေးတစ်ယောက်လို စိုစွတ်သည့် ပန်းရောင်နှုတ်ခမ်းလည်းရှိသည်။ သူမက သဘာဝအလှလေးပင်ဖြစ်သည်။ သူမပုံစံကတော့ သူမကိုယ်ဝန်ရှိနေတဲ့အတွက် နည်းနည်းလေးပုံစံပျက်နေသည်။

ဒါပေမယ့် သူမအရပ်အရမ်းရှည်သည်။ သူမ အနည်းဆုံး ၁၆၈စင်တီမီတာရှိသည်။ သူမက ၁၈၈စင်တီမီတာရှည်သည့် ဘော့စ်ကြီးအတွက် သင့်တော်သည်။

အရေးအကြီးဆုံးက သူမက တပ်မက်ဖွယ်ကောင်းသည့် လေးလေးတွဲ့တွဲ့အော်ရာတစ်ခုကို ထုတ်လွှတ်နေသည်။

“ဟုတ်တယ်! သူက ကောင်းကင်အလှလေးပဲ”

ယွမ်မင်က ဝမ်ကျီရဲ့လက်မောင်းကိုတို့လိုက်ပြီး ပျော်ရွှင်စွာနဲ့

“မိတ်ကပ်မပါဘဲတောင် သူက မြို့တော်မှာ ရေပေန်းစားတဲ့သူတွေထက် ပိုလှပြီး ကျော့ရှင်းတယ်။

သူငါတို့ဘော့စ်ကြီးကို ဆွဲဆောင်လိုက်နိုင်တာ အံ့ဩစရာမရှိတော့ဘူး”

ယွမ်မင်ပြောလိုက်တဲ့အချိန်တွင် ကုန်းထျန်းဟောက်က သူ့လက်မောင်းထဲက ရှောင်လင်းယွီနဲ့ သူတို့ဆီလျှောက်သွားနေသည်။

ဒါကြောင့် ထိုနှစ်ယောက်ကာ မိန်းကလေးနှစ်ယောက်ပြောနေတာအားလုံးကို ကြားသွားသည်။

ရှောင်လင်းယွီ “...”

ကုန်းထျန်းဟောက်က နှစ်ကြိမ် ချောင်းဟန့်လိုက်သည်။ သူ့စိတ်ထဲမှာတော့ ဂုဏ်ယူစွာနဲ့

"အဲ့ဒီသာမန်မိန်းမတွေနဲ့ ဘယ်လိုလုပ်ယွီအာကို ယှဉ်နိုင်မှာလဲ?"

မိန်းကလေးဘော်ဒီဂတ်နှစ်ယောက် ချက်ချင်းတသိမ့်သိမ့်တုန်သွားသည်။ ဝှစ်ခနဲအသံနဲ့ သူတို့ထရပ်လိုက်ပြီး သူတို့မျက်နှာတွေက အနည်းငယ်နီနေသည်။

ပြီးနောက် သူတို့အော်ကာ

“ဝမ်း...ဝမ်းကွဲအစ်ကိုကြီး!”

သူတို့ဘော့စ်ကြီး‌ကနေ ဝမ်းကွဲအစ်ကိုကြီးသို့ပြောင်းလိုက်သည်။

ကုန်းထျန်းဟောက်က ရှောင်လင်းယွီ နောက်မှီခုံပေါ်မှာထိုင်ဖို့ ကူညီပေးနေသည်။ ပြီးနောက် သူက သူတို့ကို သူမအားမိတ်ဆက်ပေးခဲ့သည်။

“ယွီအာ ဒီနှစ်‌ယောက်က ကိုယ်မြို့တော်ကခေါ်ထားတဲ့ဘော်ဒီဂတ်တွေပဲ။ အခုကစပြီး သူတို့မင်းကို ကာကွယ်စောင့်ရှောက်လိမ့်မယ်”

“မဒမ်ငယ်လေး မင်္ဂလာပါ။ ကျွန်မနာမည်က ဝမ်ကျီပါ”

ဝမ်ကျီက သူမကိုယ်သူမ မိတ်ဆက်လိုက်သည်။

ရှောင်လင်းယွီကမျက်ခုံးပင့်လိုက်ပြီး ကုန်းထျန်းဟောက်ကို အပြုံးရေးရေးတစ်ခုနဲ့ ကြည့်လိုက်သည်။

“မဒမ်ငယ်လေး?”

“အဟမ်း...”

ကုန်းထျန်းဟောက်က တည်တည်ငြိမ်ငြိမ်နဲ့ပြောလိုက်သည်။

“သူ့ကိုအဲ့လိုမခေါ်နဲ့။ မစ္စရှောင်လို့ပဲခေါ်လိုက်”

“မလိုပါဘူး ကျွန်မနာမည်နဲ့ပဲခေါ်ပါ”

ရှောင်လင်းယွီက ပြောလိုက်သည်။

“သူတို့ကြည့်ရတာကျွန်မနဲ့ ရွယ်တူလောက်ရှိပြီး ဒီမှာရှင့်ဆွေမျိုးတွေအနေနဲ့ ရှိနေကြတာလေ။ ကျွန်မနာမည်နဲ့ပဲခေါ်ဖို့ သူတို့အတွက် ပိုသင့်လျော်တယ်”

ပြီးနောက် ရှောင်လင်းယွီက သူတို့ကို လှည့်ပြုံးပြလိုက်သည်။

“မင်္ဂလာပါ ကျွန်မနာမည်က ရှောင်လင်းယွီပါ။ ကျွန်မကိုစောင့်ရှောက်ပေးဖို့ ရှင်တို့ကို အားကိုးပါတယ်။ ဒုက္ခပေးမိရင် ဆောရီးပါ”

ဝမ်ကျီနဲ့ ယွမ်မင်က အချင်းချင်းတအံ့တဩကြည့်လိုက်ကြသည်။

ဒီမိန်းကလေးမှာ ကောင်းမွန်တဲ့ပင်ကိုစရိုက်ရှိတာပဲ။

သူတို့နှစ်ယောက်က တည်တည်ငြိမ်ငြိမ်နဲ့

“လင်းယွီ ကျွန်မတို့ရှင့်ကို စောင့်ရှောက်ပါ့မယ်”

ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။

ဒါက သူတို့ရဲ့ ပထမဆုံးဆုံစည်းမှုဖြစ်သည်။ သူတို့မဒမ်ငယ်လေးလို့ထင်ခဲ့တဲ့မိန်ကလေးက လှပပြီး ဆက်ဆံရလွယ်ကူသည်။

ထိုအချိန်တွင် မေမေရှောင်ကမီးဖိုထဲကနေ

“ထျန်းဟောက် မနက်စာအဆင်သင့်ဖြစ်နေပြီ။ ကောင်လေးတွေဘယ်မှာလဲ? မနက်စာအတွက် သူတို့ကို ခေါ်လိုက်”

ကုန်းထျန်းဟောက်က

“ဒေါ်လေး သူတို့ဒီကိုမကြာခင် ရောက်လာလိမ့်မယ်”

ထိုအချိန်တွင် သခင်ကြီးကုန်းက ရှောင်ဝမ်နဲ့ ရှောင်ကျန်းနဲ့အတူ ရောက်လာသည်။ သူဝင်လာလိုက်တာနဲ့ လေထဲက မွှေးပျံ့လှသည့်ရနံ့ကို အနံ့ခံမိလိုက်သည်။

သူက ပြုံးပြီး

“ချိုးယင်၊ နင် မနက်စာအတွက် ဘာလုပ်ထားလဲ? အနံ့တော်တော်ကောင်းတာပဲ”

မေမေရှောင်ကပြုံးပြီး

“ဒီမနက် ကျွန်မတို့မှာ ဧည့်သည်တွေအများကြီးရှိတယ်။ သူတို့ဘာကြိုက်မှန်းမသိဘူးလေ။ ဒါကြောင့် အစားအသောက်တွေ များများစားစားလုပ်ထားတာ”

ပြီးနောက် သူမက ဝမ်ကျီနဲ့ ယွမ်မင်ကိုပြောလိုက်သည်။

“ရှောင်ကျီနဲ့ ရှောင်မင်၊ မင်းတို့နောက်ကျရင် ဘာစားချင်လဲ။ ဒေါ်လေးကသိပ်မသိပေမယ့် ဘယ်လိုချက်ပြုတ်ရမလဲဆိုတာတော့သိပါတယ်”

“ကျေးဇူးပါ ဒေါ်လေး!”

သိပ်မကြာခင်မှာပဲ တခြားသုံးယောက်ပြန်လာသည်။ သူတို့ခြံထဲကိုမဝင်ခင်ကတည်းက အနံ့ကို ရနေသည်။ သူတို့သုံးယောက် အချင်းချင်းကြည့်လိုက်ကြပြီး အရှိန်တင်လိုက်ကြသည်။

မနက်စာက တကယ့်ကို ခမ်းနားသည်။ အဲ့ဒီမှာ ဆန်ပြုတ်၊ မုန့်ကျော်၊ ပဲနို့နဲ့ ပြုတ်ထားတတဲ့ဘန်းမုန့်တွေနဲ့ ခေါက်ဆွဲတွေရှိသည်။ အားလုံးက အရမ်းအရသာရှိကြသည်။

ဘော်ဒီဂတ်အသစ်ငါးယောက်က သူတို့စိတ်ကျေနပ်သွားတဲ့ထိ စားသောက်ခဲ့ကြသည်။ သူတို့စားပြီးသွားတော့ ဆက်လက်ချီးခွမ်းခဲ့ကြသည်။

“ဒေါ်လေးဒါတွေကို ဘယ်လိုလုပ်ထားတာလဲ? ဒါတွေက တကယ်အံ့ဩစရာပဲ။ ကျွန်တော်ဗိုက်ပြည့်နေတာတောင် ကျွန်တော့်ကို ထပ်စားပါဦး ခေါ်နေတုန်းပဲ!”

ကြားနေကျဖြစ်နေတဲ့ချီးမွမ်းစကားကိုကြားပြီးတော့ မေမေရှောင်ကရယ်ပြီး

“နောင်ကျရင် မင်းတို့တစ်ခုခုစားချင်တာနဲ့ ဒေါ်လေးကိုပြောလိုက်။ ဒေါ်လေးမင်းတို့အတွက် လုပ်ပေးမယ်”

“ကျေးဇူးပါ ဒေါ်လေး!”

ဒါပေမယ့်လည်း နွားဘုရင်ငယ်လေးနဲ့ကိစ္စပြီးတော့ ရွာသားတွေက ရုတ်တရက်ရောက်လာတဲ့လူစိမ်းတွေကို သတိထားလာကြသည်....

***

All Chapters