အဆိုပြုချက်
Vol. 18 Ch. 308
လည်ဝယ်တဲ့ရွာသားတွေက ပေါက်ကြားမှုကို ရှောင်ချန်းချိုင်အိမ်ကရုတ်ချည်းငွေတွေနဲ့ ရှောင်ချန်းချိုင်နဲ့ ရှောင်ကျန်းယန်တို့မိသားစုကြားက မလိုမုန်းထားမှုကို ဆက်စပ်မိသွားကြသည်။ သူတို့ မြန်မြန်ဆန်ဆန်ပဲရှာတွေ့သွားကြသည်။
ရှောင်ချန်းချိုင်ကသစ္စာဖောက်တဲ့သူ ဖြစ်နိုင်ချေများသည်။ ဒါပေမယ့်လည်း သူတို့ သူ့ကို အကြောင်းမဲ့ထိပ်တိုက်တွေ့မည်မဟုတ်ပေ။
ရွာသူကြီးက ဘာမှမပြောမှတော့ လုံလောက်တဲ့သက်သေမရှိဘူးလို့ ဆိုလိုသည်။
ရှောင်ချန်းချိုင်ကို ဘယ်သူမှထိပ်တိုက်မတွေ့ကြပေမယ့် လူတိုင်း သူ့ကို သံသယလွန်ကဲစွာ ကြည့်ခဲ့ကြသည်။
......
ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီရဲ့ရုံးတွင် လီကျားမင်က ထောင်ယွမ်ရွာအတွက် ဖွံ့ဖြိုးရေးပလန်ကိုယူပြီး လျောင်ကောဟိုင်ကိုပေးလိုက်သည်။
သူက
“ဘော့စ် ဒါအလုပ်သမားတွေပြင်ဆင်ထားတဲ့ ဖွံ့ဖြိုးရေးပလန်ပါ။ တစ်ချက်ကြည့်ကြည့်ပါဦး”
လျောင်ကောဟိုင်က ၎င်းကို အကြမ်းဖျင်းစစ်ဆေးလိုက်သည်။ ပြီးနောက် သူကမျက်မှောင်ကြုံ့ပြီး
“နိုး ကုန်ကျစရိတ်က အရမ်းများလွန်းနေတယ်။ အထူးသဖြင့် ပြန်လည်နေရာချထားရေးစရိတ်တွေ။ ဆယ်သန်းတောင်ပဲ။ ငါတို့ဒီတောသားတွေကို ငွေနည်းနည်းပဲပေးသင့်တာ။ ဘာလို့သူတို့ကို ပိုက်ဆံတွေအများကြီးပေးရမှာလဲ?
ပစ္စည်းကိရိယာနဲ့ လူအင်အားတောင်းဆိုချက်တွေကလည်းရှိသေး။ ဘာလို့လဲ? ငါတို့က ခရီးသွားနေရာဆောက်မှာမှမဟုတ်ဘဲ။ ငါတို့ကမြေနဲ့ နွားဘုရင်ငယ်လေးကိုပဲ လိုချင်တာလေ။ အဲ့တော့ မလိုအပ်တဲ့ အသုံးစရိတ်တွေအားလုံးပယ်ဖျက်လိုက်”
လီကျားမင်က ချက်ချင်းခေါင်းညိတ်ပြီး
“ဘော့စ် ဘော့စ်မှန်ပါတယ်။ ဒါပေမယ့်လည်း....”
သူက ဆက်ရှင်းပြလိုက်သည်။
“အောက်ဘက်ကအလုပ်သမားတွေက ကျွန်တော်တို့ဂိုးလ်ကိုမသိကြဘူး။
သူတို့က ကျွန်တော်တို့ ထောင်ယွမ်ရွာကိုတည်ဆောက်ပြုပြင်မယ်လို့ တကယ်ထင်နေကြတာ။ အဲ့ဒါကြောင့် ဒီအဆိုပြုချက်ကိုတင်ပြခဲ့တာ။ ဘော့စ် သဘောကျမှာမဟုတ်မှန်း ကျွန်တော်သိပါတယ်။ အဲ့ဒါကြောင့် ကျွန်တော် သီးသန့်အဆိုပြုချက်တစ်ခုလုပ်ခဲ့တယ်။ ဘော့စ် တစ်ချက်ကြည့်ကြည့်ပါဦး”
သို့နှင့် သူက တခြားအဆိုပြုချက်ကို လျောင်ကောဟိုင်ကို ပေးလိုက်သည်။
လျောင်ကောဟိုင်က ၎င်းကို လှန်ကြည့်လိုက်ပြီး ခနကြာတော့ သဘောကျမှုနဲ့ခေါင်းညိတ်လိုက်သည်။ ပြီးနောက် သူကအပြုံးတစ်ခုနဲ့
“လူငယ်လေး မင်းကအရမ်းကောင်းတဲ့အလုပ်ကို လုပ်နေတာပဲ ဆက်လုပ်ထား”
လီကျားမင်ကထပ်ပြီး ပျော်ရွှင်စွာနဲ့
“ရက်စ် ဘော့စ်။ ကျေးဇူးပါ ဘော့စ်”
ဒါကိုလုပ်ဖို့ သူတို့ ခရိုင်နဲ့မြို့ကနေ ခွင့်ပြုချက်ရဖို့လိုသည်။ ပြီးတော့ တည်ဆောက်ပြုပြင်ရေးအတွက် သူတို့ လယ်မြေတွေ ယူဖို့လိုသည်။ နိုင်ငံမှာ လယ်မြေတွေဝင်ရောက်နေထိုင်မှုနဲ့ပက်သက်ပြီးတော့ အရမ်းတင်းကြပ်တဲ့ ဥပဒေနဲ့ စည်းမျဉ်းတွေရှိသည်။
ပါတီတစ်ခုက လယ်မြေကို သိမ်းပိုက်ချင်ရင် လယ်သမားတွေကို တိကျတဲ့လျော်ကြေးပမာဏတစ်ခု ပေးရမည်။ ဒါပေမယ့်လည်း လျောင်ကောဟိုင်က ထောင်ယွမ်ရွာကို မတည်ဆောက်မပြုပြင်ချင်ပေ။ သူက သူ့ကိုယ်ပိုင်လယ်တစ်ခုဖန်တီးဖို့ လယ်မြေတွေအားလုံးယူချင်ရုံသာဖြစ်သည်။ ဒါ့ကြောင့် သူနောက်ထပ် လွတ်ပေါက်တစ်ခုရှာဖို့လိုသည်။
ထိုစိတ်နှင့် လျောင်ကောဟိုင်က ဖုန်းတစ်ကောလ်ခေါ်လိုက်သည်။ ဖုန်းကောလ်ဝင်သွားသည်နှင့် သူက အပြုံးတစ်ခုဖြင့်
“ခေါင်းဆောင်လင် ဟယ်လို၊ ဒီနေ့ ကျွန်တော်တို့ရဲ့ ရွှေကျောက်စိမ်းစင်မြင့်ကနေ ထုတ်ကုန်အသစ်တစ်ခု ထွက်တယ်။ ခင်ဗျား ဒါကိုသဘောကျသွားအောင်လို့ ကျွန်တော် ဒီနေရာကို ဖိတ်ခေါ်ချင်တယ်။ ဟမ် အိုခေ ညကိုးနာရီမှာတွေ့ကြမယ်”
သုံးရက်ကြာပြီးတော့ လျောင်ကောဟိုင်က သူလိုချင်တဲ့အဖြေကို ရလိုက်သည်။
ပြီးနောက် သူက လီကျားမင်ကိုသူ့ရုံးဆီခေါ်ကာ စာရွက်စာတမ်းတစ်ခုကိုယူပြီး အရမ်းလေးနက်တဲ့လေသံနဲ့ လီကျားမင်ကိုပြောလိုက်သည်။
“ငါမင်းကိုဒီကိစ္စလွှဲခဲ့မယ်။ မှတ်ထားဦး မင်းဒါကို တိတိကျကျပြီးဆုံးအောင်လုပ်ရမယ်။ မင်းလုပ်မယ်ဆိုရင် ငါမင်းကိုရာထူးတိုးပေးပြီး လစာတိုးပေးမယ်။ ဒါပေမယ့် ဆန့်ကျင်ဘက်ဆိုရင်တော့...”
လီကျားမင်က စိတ်လှုပ်ရှားစွာနဲ့
“ဘော့စ် စိတ်မပူပါနဲ့။ ကျွန်တော်သေချာပေါက် ကောင်းကောင်းလုပ်ပါ့မယ်။ ကျွန်တော် ဒီတာဝန်ကိုကျရှူံးရင် ဘော့စ်ဆီ ကျွန်တော့်ခေါင်းကို သယ်လာခဲ့ပါ့မယ်”
လျောင်ကောဟိုင်က သဘောကျစွာ ခေါင်းညိတ်လိုက်ပြီးတော့
“ကောင်းပြီ မင်းပြောတာကိုမှတ်ထား”
ရှင်းယင်ခရိုင်ရဲ့ အစည်းအဝေးခန်းမတွင် အဓိကခေါင်းဆောင်များဘေး၌ လူငယ်တစ်ယောက်လည်းထိုင်နေသည်။
သူက မျက်မှန်တစ်လက်ကိုဝတ်ထားပြီး သူ့မျက်နှာထားက စိတ်ကြီးဝင်မှုတွေနဲ့ပြည့်နေသည်။ ခေါင်းဆောင်တွေ အဲ့ဒီမှာထိုင်နေတာကိုကြည့်ပြီး သူ့မျက်လုံးထဲမှာ အထင်အမြင်သေးမှုတွေ ပြည့်နေခဲ့သည်။
ထိုအချိန်တွင် လင်းဖုန်းကျိုက စမိတ်ဆက်လိုက်သည်။
“ဒါက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီရဲ့ အထွေထွေကိုယ်စားလှယ်လီပါ”
ထိုနေရာရှိလူတိုင်း လက်ခုပ်တီးခဲ့ကြသည်။
တခြားတစ်ဖက်မှာလည်း ချန်ကောရှင်းက မျက်မှောင်ကြုံ့လိုက်သည်။
လင်းဖုန်းကျိုရဲ့အတွင်းရေးမှူးက စာရွက်စာတမ်းတွေကို ချပြလိုက်သည်။
“Zမြို့က ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီရဲ့ ထောင်ယွမ်ရွာကို တည်ဆောက်ပြုပြင်ဖို့ အဆိုပြုချက်ကို ခွင့်ပြုပြီးပြီ။ တစ်ချက်လောက်ကြည့်ကြည့်ကြပါဦး”
သူက ၎င်းကို လှန်လှောလိုက်ပြီး ဆက်ကာ “စာရွက်စာတမ်းထဲမှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီရဲ့ ပြန်လည်နေရာချထားရေးလျော်ကြေးနဲ့ ဒေသခံရွာသားတွေအတွက် ဖြိုချခြင်းအစီအစဉ်တွေလည်းပါတယ်။ လူကြီးမင်းတို့မှာ မေးခွန်းတစ်ခုခုများရှိရင် အခုမေးပါ။ ဒါပြီးသွားတာနဲ့ ကုမ္ပဏီက အလုပ်စလုပ်နိုင်ပြီ”
ဟုန်ချင်က စာရွက်တွေကို လှန်လိုက်ပြီး ခေါင်းခါလိုက်သည်။
“မေးစရာမရှိပါဘူး”
“ငါ့မှာလည်းမေးစရာမရှိဘူး!”
ဆယ့်နှစ်ယောက်မကတဲ့လူတွေက သူတို့မှာမေးစရာမရှိဘူးလို့ပြောတဲ့အတွက် ၎င်းက လီကျားမင်ကို ကိုယ့်ကိုယ်ကိုယ်ပိုကျေနပ်သွားစေသည်။
'ငါတို့လျော်ကြေးနည်းနည်းပေးထားတာကို ဒီခေတ်နောက်ပြန်လူကြီးတွေက ကျေးဇူးတင်သင့်တာ။ သူတို့ဘာထပ်လိုချင်လို့လဲ?'
ထိုအချိန်တွင် ချန်ကောရှင်း ကရုတ်တရက်
“စီအီးအိုလီ ခင်ဗျားတို့ကုမ္ပဏီရဲ့ ပြန်လည်နေရာချထားရေးပလန်က အမြဲတမ်းဒီလိုပဲလား?”
လီကျားမင်က ဒီမေးခွန်းကို သိပ်စိတ်ထဲမထားလိုက်ပေ။ ဒီတော့ သူခေါင်းညိတ်လိုက်ပြီး
“ဟုတ်တယ်”
ချန်ကောရှင်းက ရုတ်တရက်ပြတ်ပြတ်သားသားမေးလိုက်သည်။
“ဒီတော့ ခင်ဗျားတို့ကုမ္ပဏီ အရင်ကဘယ်အချိန်ပဲ ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးလုပ်လုပ်။ တစ်ရွာလုံးကို မောင်းထုတ်ပြီး သူတို့အိမ်ရာခြံမြေတွေနဲ့ လယ်မြေတွေကို ယူလိုက်တာလား?”
လီကျားမင်ကနည်းနည်းမျက်မှောင်ကြုံ့လိုက်ပြီးတော့ ခေါင်းညိတ်ကာ
“ဟုတ်တယ်”
ထိုအချိန်တွက် သူခနလောက်ရပ်လိုက်ပြီးနောက်
“ကျွန်တော်တို့ ခရီးသွားလုပ်ငန်းအတွက် တည်ဆောက်ပြုပြင်ချင်တဲ့အချိန်တိုင်း ခရိုင်မြို့ကနေ ခွင့်ပြုချက်ရတယ်။ ။ကျွန်တော်တို့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးက အမြဲသဘာဝကျပြီး တရားဝင်တယ်။ ပြီးတော့ ခင်ဗျား သက်ဆိုင်ရာခေါင်းဆောင်တွေနဲ့အရာရှိတွေလက်မှတ်ထိုးထားတဲ့ စာရွက်စာတမ်းတွေကနေလဲ မြင်နိုင်တာပဲလေ။ ခင်ဗျားမှာ တခြားမေးစရာရှိသေးလား?”
လီကျားမင်က ချန်ကောရှင်းရဲ့နာမည်ကိုတောင် သိအောင်မလုပ်ပေ။
ဒါသူတို့ကို ဘယ်လောက်အထင်သေးထားလဲဆိုတာဖြစ်သည်။
ဒါပေမယ့်လည်း ချန်ကောရှင်းက ဖိနှိပ်လိုက်သည်။
“ဒီတော့ ခင်ဗျားတို့အစီအစဉ်က ဒေသခံတွေကို မောင်းထုတ်ပြီး သူတို့မြေကိုခိုးဖို့ပေါ့...”
“ချန်ကောရှင်း ခင်ဗျားဘာလို့ အဲ့လိုပြောနိုင်ရတာလဲ?”
ချန်ကောရှင်း သူ့မေးခွန်းကိုမဆုံးရသေးခင် ဟုန်ချင်က သူ့ကို ကျယ်လောင်စွာ ရပ်တန့်လိုက်သည်။
“သူတို့မြေကိုခိုးတယ်ဆိုတာဘာကိုဆိုလိုတာလဲ? လျော်ကြေးအစီအစဉ်ကို ခင်ဗျားမမြင်ဘူးလား?”
ချန်ကောရှင်း ဒေါသတကြီးနဲ့
“လျော်ကြေး? အဆိုပြုချက်အရ လူတစ်ယောက်စီတိုင်းက ယွမ်၅၀၀၀လျော်ကြေးပေးခံရမယ်။ ပြီးတော့ ကုမ္ပဏီက မြေကို တစ်မူကိုယွမ်၁၀ဝနဲ့ယူမယ်။ ဒါခိုးတာမဟုတ်ရင် ဘာလဲ?
ဒီလိုနိမ့်ကျတဲ့လျော်ကြေးနဲ့ ဒီရွာသားတွေ ဘယ်မှာနေဖို့ မျှော်လင့်နေတာလဲ? သူတို့က သူတို့အိမ်တွေနဲ့ လယ်စိုက်ပျိုးတဲ့မြေတွေကို ဆုံးရှုံးရမှာ။ သူတို့ကို သေအောင်အငတ်ထားမလို့လား?”
ဟုန်ချင်က
“ယွမ်၅၀၀၀ကတော်တော်တောင်များနေပြီ။ ခင်ဗျား ထောင်ယွမ်ရွာကို ရောက်ဖူးလား? အဲ့ဒီနေရာက တကယ်ဆင်းရဲတာ။ ယွမ်၅၀၀၀နဲ့ဆို သူတို့တစ်နေရာရာမှာ အိမ်လှလှတစ်လုံးဆောက်လို့ရတယ်။ ကျွန်တော်သာဆိုရင်တော့ ဒီအစီအစဉ်ကို တကယ်ပျော်မိမှာ”
ချန်ကောရှင်းက
“အဓိပ္ပာယ်မရှိလိုက်တာ! သူတို့က သူတို့အိမ်တွေနဲ့ မြေတွေကို အဿပြာလေးနည်းနည်းအတွက် ဆုံးရှုံးရမှာလေ။ သူတို့ပျော်မယ်လို့မင်းထင်နေတာလား? ဟုန်ချင် မင်းစိတ်လွတ်သွားတာလား?”
ဟုန်ချင်က သူနဲ့ အငြင်းမပွားခဲ့ပေ။ သူက ထေ့ငေါ့ပြီးတော့
“ဒါဆိုရင် ချန်ကောရှင်း၊ ခင်ဗျားက ဒီအဆိုပြုချက်ကို သဘောမတူဘူးလို့ ဆိုလိုတာလား?”
ချန်ကောရှင်းက ဘာမှမပြောခဲ့ပေ။
ဒီနေရာမှာရှိနေတဲ့ လူတွေကြားထဲမှာ သူက စကားပြောနိုင်ခွင့်အနည်းဆုံးလူမှန်း သူကောင်းကောင်းသိသည်။
သူ သဘောတူတူမတူတူ ဒီအစီအစဉ်က ဆက်သွားလိမ့်မည်။ ဒါပေမယ့်လည်း သူအဆိုပြုချက်ကိုမြင်တော့ သူ့ဒေါသကို တကယ်မထိန်းချုပ်နိုင်တော့ပေ။ သူတို့က ရွာသားတွေကို ပေါ်တင်ကြီးအနိုင်ကျင့်နေကြတာလေ။
လီကျားမင်က ချန်ကောရှင်းရဲ့သံသယတွေအပေါ်မှာ သူ့ရဲ့မကျေမနပ်ဖြစ်မှုကို ဖော်ပြလိုက်သည်။ ဒါပေမယ့်လည်း သူက ပြုံးနေပြီးတော့ ရှင်းပြလိုက်သည်။
“ကျွန်တော့်အထင် လက်ထောက်ခေါင်းဆောင်ချန်က ကျွန်တော်တို့ကုမ္ပဏီကို နားလည်မှုလွဲနေတာထင်တယ်။ တကယ်တော့ ကျွန်တော်တို့ပေးထားတဲ့ လျော်ကြေးက အတော်လေးမြင့်ပါတယ်။ လူဆယ်ယောက်နဲ့မိသားစုတစ်ခုကို ဥပမာယူကြည့်ပါ။ သူတို့ ယွမ်၅၀၀၀၀ရလိမ့်မယ်။
မြေငှားစာချုပ်တွေနဲ့ဆို သူတို့က စုစုပေါင်း ၇၀၀၀၀ ၈၀၀၀၀ပတ်လည်ရလိမ့်မယ်။ ခင်ဗျားတို့ခရိုင်ရဲ့ စီးပွားရေးအဆင့်နဲ့ဆို ဒါကမြို့ထဲမှာ အိမ်တစ်လုံးဝယ်လို့ရအောင် လုံလောက်တယ်။
ရွာသားတွေအတွက်ကတော့ ကျွန်တော်တို့မြေကို တည်ဆောက်ပြုပြင်ရင် သူတို့ကို အလုပ်ခန့်မှာပေါ့။ တစ်နည်းအားဖြင့် ကျွန်တော်တို့က သူတို့ဘဝတွေ ပိုကောင်းအောင်လုပ်ပေးနေတာပဲ”
ဒါပေမယ့် ဒါပေါ့။ ဒါအကုန်အလိမ်တွေလေ။
ပြီးတော့ထပ်ပြီး ဒီဆင်းရဲတဲ့ရွာသားတွေက သူတို့ကို ဘာများလုပ်မှာမလို့လဲ?
ဟုန်ချင်က ဒါကိုကြားပြီးတော့ ဂုဏ်ယူစွာပြုံးလိုက်ပြီး
“ချန်ကောရှင်း ခင်ဗျားကြားလား? နောင်ကျရင် ခရီးသွားကုမ္ပဏီက ဒီလယ်သမားတွေကို အလုပ်တစ်ခုပေးမှာ။ ခင်ဗျားမှာပြဿနာရှိသေးလား?”
ဒါပေါ့ ချန်ကောရှင်းမှာ ပြဿနာရှိတယ်လေ။ ဒီအဆိုပြုချက်နောက်ကွယ်က ကုမ္ပဏီက အကြီးဆုံးပြဿနာပဲ
သူစကားပြောတော့မည်အပြုတွင် လင်းဖုန်းကျိုက အစည်းအဝေးကို အဆုံးသတ်လိုက်သည်။
“ကောင်းပြီ။ ဒီကိစ္စကို ဆုံးဖြတ်ပြီးသွားပြီ။ လက်ထောက်ခေါင်းဆောင်ချန်၊ ခင်ဗျားမှာ မေးစရာတွေရှိရင် ကျွန်တော့်ရုံးခန်းကို လာခဲ့ပါ”
ချန်ကောရှင်းရဲ့မျက်နှာက မှုန်ကုတ်နေပြီး မလိုလားစွာနဲ့
“ဘာမေးခွန်းမှမရှိတော့ပါဘူး”
သူ့ရဲ့အကြီးဆုံးပြဿနာက သူ့မှာ အာဏာသိပ်မရှိခြင်းဖြစ်သည်။
သူက စကားလုံးတွေနဲ့တော့ သိပ်မပြောင်းလဲနိုင်ပေ...
***