← Chapters

တိုက်ဆိုင်မှု

Vol. 18 Ch. 309

တိုက်ဆိုင်မှု

Vol. 18 Ch. 309

အစည်းအဝေးပြီးတော့ လီကျားမင်က ချန်ကောရှင်း ကိုအပြုံးတစ်ခုနဲ့ ဖိတ်ခေါ်ခဲ့ပြီး

“လက်ထောက်ခေါင်းဆောင်ချန်၊ ကျွန်တော်တို့တစ်နပ်လောက်အတူတူစားကြရင်ရော?”

ချန်ကောရှင်းက အေးစက်စွာပဲ ငြင်းဆိုလိုက်သည်။

“စိတ်မရှိပါနဲ့ စီအီးအိုလီ။ ကျွန်တော့်မှာ တခြားချိန်းထားတာ ရှိသေးလို့”

သူထွက်သွားပြီး မဲမှောင်နေတဲ့မျက်နှာနဲ့ လီကျားမင်ကို နောက်မှာချန်ခဲ့သည်။

ထိုအချိန်တွင် ဟုန်ချင်က မျက်နှာလိုမျက်နှာရသွားပြီးတော့

“စီအီးအိုလီ၊ ကျွန်တော် ကုမိသားစုဟိုတယ်မှာ သီးသန့်ခန်းတစ်ခန်း ဖယ်ခိုင်းထားတယ်။ တစ်နပ်လောက်စားဖို့များ စေတနာရှိမလား?”

လီကျားမင်ကပြုံးပြီးတော့

“လက်ထောက်ခေါင်းဆောင်ဟုန်ရဲ့ ဖိတ်ကြားမှုကို မငြင်းရက်ပါဘူးဗျာ”

ထို့နောက် သူတို့နှစ်ယောက် ကုမိသားစု‌ဟိုတယ်သို့ ဦးတည်ခဲ့ကြသည်။

ရှောင်လင်းယွီဖုန်းတစ်ကောလ်ရပြီးတော့ သူမရဲ့မျက်နှာထားက ချက်ချင်းအေးစက်သွားသည်။

ကုန်းထျန်းဟောက်က သူမအတွက် ပန်းသီးတစ်လုံး အခွံခွာပေးနေသည်။ ပြောင်းလဲမှုကိုအာရုံခံမိပြီးတော့ သူက နားမလည်တဲ့ပုံနဲ့မေးလိုက်သည်။

“ယွီအာ ဘာဖြစ်လို့လဲ?”

“ချန်ယီဖန်း ကျွန်မကို ဖုန်းဆက်တာ။ သူပြောတာတော့ ထောင်ယွမ်ရွာရဲ့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက်ကို လက်ခံလိုက်ကြပြီတဲ့။ “ထောင်ယွမ်ရွာက ဖြိုချခံရတော့မယ်။ လျော်ကြေးတွေပေးလိမ့်မယ်။ ရွာသားတိုင်း ယွမ်၅၀၀၀ရလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ ကုမ္ပဏီက လယ်မြေတွေကို တစ်မူယွမ်၁၀၀နဲ့လျော်ကြေးပေးလိမ့်မယ်”

ရှောင်လင်းယွီက အေးစက်စွာပြောလိုက်သည်။

သူမ ဒီသတင်းကိုကြားတော့ ဒေါသတွေ မကျေနပ်မှုတွေနဲ့ ပြည့်နှက်သွားသည်။

ဒါအရမ်းလွန်လွန်းတယ်။

“သူတို့ လျော်ကြေးပေးရင်တောင် ရွာသားတွေအတွက် ပြန်လည်နေရာချထားရေးစီစဉ်ပေးမှုတွေလုပ်ပေးမှာမဟုတ်ဘူး။ တစ်နည်းအားဖြင့်တော့ ကျွန်မတို့ကပိုက်ဆံပဲရပြီး ဘာမှမရဘူး။ အိမ်တွေ မြေတွေ အကုန်ဆုံးရှုံးလိုက်ရမှာ”

ရှောင်လင်းယွီက အကျဉ်းချုပ်ပြလိုက်သည်။

ဒါမတိုင်ခင် ရှိတဲ့လူဦးရေအရွယ်အစားအရ မြေယာဖော်ယူမှုတွေ လုပ်လိမ့်မည်။ မိသားစုတော်တော်များများ အိမ်အသစ်တစ်လုံးနဲ့ ငွေသားနည်းနည်းရလိမ့်မည်။

ဒါပေမယ့်လည်း ထောင်ယွမ်ရွာသားတွေက တကယ့်ကို အနိမ့်ကျဆုံး ‌အပေးအယူကိုပဲ လုပ်မှာဖြစ်သည်။

ကုန်းထျန်းဟောက်က မျက်မှောင်ကြုံ့လိုက်ပြီး သူမကို နှစ်သိမ့်ပေးလိုက်သည်။

“ယွီအာ မစိုးရိမ်ပါနဲ့၊ ကိုယ်ဒီမှာရှိတယ်... ကိုယ်ဒီပြဿနာတွေအားလုံးကို ကိုင်တွယ်လိုက်မယ်။ မင်းကကိုယ်ဝန်ကြီးနဲ့။ အရမ်းမစိုးရိမ်သင့်ဘူး”

Zမြို့ ၏ ယန်ဂရုတွင် ယန်စစ်မင်က အနည်းငယ်မချင့်မရဲဖြစ်နေသည်။

သူရှောင်လင်းယွီကိုကြိုက်နေမှန်း သူ့အဘိုးသိသွားကတည်းက စာလေ့လာတဲ့အကြောင်းကလွဲရင် သူဘာမှမပြောခဲ့ပေ။ နောက်ဆုံးမှာတော့ သူ့အဘိုးက ယန်စစ်မင်ကို လွတ်လမ်းတစ်ခုပေးခဲ့သည်။

ရှောင်လင်းယွီက သူ့ဗိုက်ထဲက ကလေးကိုဖျက်ချရင်ဖျက်ချ မဟုတ်ရင် မွေးပြီးလို့ စွန့်ပစ်မယ်ဆိုရင်သူက ရှောင်လင်းယွီကိုလက်ထပ်ဖို့ ယန်စစ်မင်ကိုခွင့်ပြုမည်။ ဒီအခြေအနေက တကယ့်ကိုခက်ခဲတဲ့တစ်ခုဖြစ်သည်။

ရှောင်လင်းယွီသာ ကလေးကို လက်လျှော့ချင်ခဲ့ရင် သူတို့ ဒီအခြေအနေရောက်နေမှာမဟုတ်ပေ။ ပြီးတော့ သူ ရှောင်လင်းယွီကို စုံစမ်းစစ်ဆေးကြည့်ပြီးပြီ။ ရှောင်လင်းယွီက တစ်ကိုယ်တည်းနေပြီး ကလေးကို သူမဟာသူမပဲ ပျိုးထောင်လိမ့်မည်။

သူရှောင်လင်းယွီကို လက်ထပ်နိုင်မယ့် တစ်ခုတည်းသောနည်းလမ်းက သူမကလေးကိုချစ်တာထပ် သူ့ကို ပိုချစ်လာအောင်လုပ်ဖို့ဖြစ်သည်။

ဒါက မဖြစ်နိုင်သလောက်ပင်။

ဘာပဲဖြစ်ဖြစ် သူကြိုးစားကြည့်ရမည်။

ဒါပေမယ့်လည်း လတ်လော ကုမ္ပဏီမှာ ကိစ္စတွေတော်တော်ရှုပ်နေသည်။ တစ်စုံတစ်ယောက်က ကုမ္ပဏီမှာ သူ့ကိုအားလုံးလုပ်ဖို့ အော်ဒါပေးလိုက်သည်။

သခင်ကြီးယန်က သခင်ကြီးကုန်းနဲ့အိမ်နီးနားချင်းလုပ်ဖို့ ထောင်ယွမ်ရွာကို ပြောင်းဖို့လုပ်ခဲ့သည်။ ဒါပေမယ့်လည်း သူ့မြေးက ရှောင်လင်းယွီနဲ့ အဆက်အစပ်လုပ်နိုင်မယ့် ဆင်ခြေကိုကာကွယ်ဖို့ သူကပြောင်းရွှေ့ဖို့ဆန္ဒကို အောင့်ထားလိုက်သည်။

ယန်စစ်မင်က လေးနက်စွာသက်ပြင်းချလိုက်ပြီး

“ဒါကခက်ခဲကြမ်းတမ်းတဲ့ခရီးတစ်ခုဖြစ်တော့မှာပဲ”

ရှောင်လင်းယွီက သူ့ကိုသဘောမကျပေ။ ပြီးတော့ သူ့မိသားစုကလည်း သူမကိုကြိုက်ခွင့်မပြုပေ။

သူရှောင်လင်းယွီကို တကယ်လက်ထပ်ချင်ရင် ရှောင်လင်းယွီနဲ့ ယန်မိသားစုကြားက ဆက်ဆံရေးကို သေချာပေါက် ညှိယူရမည်။

ယန်စစ်မင်က ထောင်ယွမ်ရွာကို မသွားရဲပေ။ သူသွားလိုက်မယ်ဆိုရင် သူ့အဘိုးက ရှောင်လင်းယွီကို ပိုမုန်းသွားအောင်လုပ်မိမှာကို ကြောက်နေသည်။

ဒါပေမယ့်လည်း သူထောင်ယွမ်ရွာကိုမသွားဘူးဆိုရင် ဘယ်လိုလုပ် ရှောင်လင်းယွီကို ကပ်ပါးရပ်ပါးလုပ်နိုင်မှာလဲ?

ဒါကြောင့် သူဆင်ခြေတစ်ခုလိုသည်။

ယန်စစ်မင်က အနည်းငယ်စိတ်ပျက်နေတုန်း သူ့ဖုန်းမြည်လာခဲ့သည်။ ဖုန်းဆက်တဲ့သူရဲ့နံပါတ်ကိုမြင်တော့ ယန်စစ်မင်က နည်းနည်းမျက်မှောင်ကြုံ့လိုက်သည်။ ပြီးနောက် သူကဖုန်းကိုင်လိုက်ပြီး

“ခေါင်းဆောင်လင်း ဘာဖြစ်လို့လဲ?”

သူ့ကိုယ်နေဟန်ထားက သာမန်ကာလျှံကာဖြစ်နေသည်။

တခြားတစ်ဖက်က ယန်စစ်မင်ကို သိသိသာသာ မျက်နှာလိုမျက်နှာရလုပ်ဖို့ ကြိုးစားနေခြင်းဖြစ်သည်။

ဖုန်းထဲကသူက တစ်ခုခုပြောလိုက်ပြီးနောက် ယန်စစ်မင် ခပ်ပြတ်ပြတ်ပြောလိုက်သည်။

“ကောင်းပြီ!”

ဖုန်းချလိုက်ပြီးတော့ သူကထပ်မျက်မှောင်ကြုံ့လိုက်ပြီး နားမလည်တဲ့ပုံနဲ့ရေရွတ်လိုက်သည်။

“လင်းလီဟွေ့က တကယ်ပဲ ဘာကိုလိုက်နေတာလဲ?”

ခနကြာပြီးတော့ သူက အတွင်းရေးမှူးဝမ်ကိုခေါ်လိုက်ပြီး ညွှန်ကြားလိုက်သည်။

“အ‌တွင်းရေးမှူးဝမ်၊ ကျွန်တော် ခေါင်းဆောင်Linကို တွေ့ဖို့ အပြင်သွားမလို့။ တခြားအချိန်ဇယားရှိရင် နောက်ဆုတ်လိုက်”

အတွင်းရေးမှူးဝမ်က ခေါင်းညိတ်ပြီး

“ကောင်းပါပြီ ဥက္ကဌယန်”

ယန်စစ်မင်ကာမတ်တပ်ရပ်ကာ သူ့ဂျတ်ကက်ဝတ်စုံကိုယူကာ ထွက်လာခဲ့သည်။ သူက မြို့ဆင်ခြေဖုံးက ယာတောအိမ်တစ်အိမ်စီ ကားမောင်းလာခဲ့သည်။ ယာတောအိမ်က အပြင်ဘက်ကနေဆို သိပ်ပြောပလောက်စရာမရှိပေ။ ၎င်းမှာ အစိမ်းရောင်နံရံတွေနဲ့ နံရံတွေပေါ်မှာ ပန်းပုရုပ်ထုတချို့ရှိသည်။ တံခါးမှာ ချိတ်ဆွဲထားသည့် မီးအိမ်နှစ်ခုလည်းရှိသည်။ အဝေးကကြည့်ရင် သစ်ပင်ကြီးတချို့က ခြံထဲမှာနေရာယူထားသည်။

ခြံအပြင်ဘက်တွင် ရှေ့နောက်လမ်းလျှောက်နေကြသည့် သာမန်ရွာသားတချို့ရှိဟန်တူသော်လည်း သူတို့မျက်နှာထားတွေက ပုံမှန်မဟုတ်ဘဲ ပါးနပ်ပြီး သတိဝီရိယရှိနေသည်။ တကယ်တော့ ဒီသာမန်ရွာသားတွေက လုံခြုံရေးဝန်ထမ်းတွေဖြစ်သည်။

ခြံထဲကိုဝင်သွားပြီးရင် နောက်ထပ်ကမ္ဘာတစ်ခုရှိသည်။ သစ်ပင်ကြီးများရဲ့အောက်တွင် စားပွဲနဲ့ ထိုင်ခုံတချို့ရှိသည်။ သူတို့အားလုံးက တန်ဖိုးကြီးတဲ့ မဟော်ဂနီပရိဘောဂများဖြစ်ကြသည်။

ဒီအိမ်က ပန်းပုလက်ရန်းတွေနဲ့ ရှေးဟောင်းအဆောက်အဦတွေထဲက တစ်ခုဖြစ်သည်။ ၎င်းက တကယ်ပဲလှပသည်။

အရပ်ရှည်ပြီး လှပတဲ့ ကိုယ်ကျပ်သင်တိုင်းနဲ့စားပွဲထိုးမလေးတွေလည်းရှိသည်။

ပါကင်အားလုံးက ပြည့်လုပြည့်ခင်ဖြစ်နေသည်။

‌၎င်းတို့တော်တော်များများကို အာဏာရှိတဲ့လူတွေ ပိုင်ဆိုင်သည်။

ယန်စစ်မင်က ကားပါကင်တစ်လျှောက်ကို သူ့မျက်လုံးနဲ့ရှင်းကြည့်လိုက်ပြီး ပါကင်နေရာတစ်ခုကို မြင်သွားသည်။

သူက ကားကို ချက်ချင်းပဲ အဲ့ဒီနေရာမှာထိုးလိုက်သည်။

ကိုယ်ကျပ်သင်တိုင်းနဲ့လှပတဲ့မိန်းကလေးက မြန်မြန်ဆန်ဆန်ပြေးလာပြီး သူ့အတွက် ကားတံခါးဖွင့်ပေးဖို့ ဆင်းလာခဲ့သည်။

သူမအသံက နည်းနည် ပြည်တည်တည်ပျံတံတံဖြစ်နေပြီး

“‌ဥက္ကဌယန်၊ ဒီကိုမလာတာတောင်ကြာပြီ!”

သူ့ကိုဖက်ဖို့ သူမယိုင်လိုက်သည်။

ဒါပေမယ့်လည်း ယန်စစ်မင်က သူ့ခန္ဓာကိုယ်ကို ဘေးကိုလှည့်လိုက်ပြီး တိုက်ရိုက်ပဲမေးလိုက်သည်။

“ခေါင်းဆောင်လင်းဘယ်မှာလဲ?”

သူမပန်းတိုင်ကို မအောင်မြင်လိုက်တဲ့အတွက် မိန်းကလေးက နည်းနည်းမပျော်မရွှင်ဖြစ်သွားပုံပေါ်ပေမယ့်လည်း စိတ်အားထက်သန်စွာနဲ့၊

“သူက ဖန်းဟွာရွှယ်ယွဲ့အခန်းထဲမှာ။ ဥက္ကဌယန် ကျွန်မခေါ်သွားပေးမယ်လေ”

အရင်က ယန်စစ်မင်က အမြဲရက်ရောခဲ့သည်။ သူဒီနေရာကိုလာတိုင်း ဝိတ်တာတွေကို ဘောက်ဆူးအများကြီးပေးခဲ့သည်။ ဒါကြောင့် အဲ့ဒီနေရာကလူတွေက ယန်စစ်မင်ကို ဝန်ဆောင်မှုပေးရတာ ကြိုက်ကြသည်။

ယန်စစ်မင်က သူမကိုတောင်မကြည့်ဘဲ အေးစက်စွာနဲ့

“မလိုပါဘူး ငါ့ဟာငါသွားလိုက်မယ်”

ထုန်ဝမ်ဝမ်က အံ့ဩသွားသည်။

ယန်စစ်မင်ထွက်သွားပြီးနောက် သူမ‌ခြေထောက်ကို ဆောင့်လိုက်ပြီးတော့

“ဒီယန်စစ်မင်က ခုရက်ပိုင်း ဘာဖြစ်နေတာလဲ? သူလာတာလည်းရပ်သွားပြီး ဒီနေရာမှာရှိနေတော့လည်း ငါ့ဝန်ဆောင်မှုကို ထပ်မလိုချင်တော့ဘူးလား?”

ထိုအချိန်တွင် မိန်းကလေးငယ်ငယ်တစ်ယောက် လျှောက်လာပြီး ဂရုတစိုက်မေးလိုက်သည်။

“အစ်မဝမ်ဝမ် အဲ့ဒါဥက္ကဌယန်မလား? သူ‌ဒီကိုမရောက်တာတောင်ကြာလှပြီ”

အရင်က ယန်စစ်မင်က ဒီကို ရက်ခြားရက်ခြားလာတတ်သည်။

ဒီနေရာက အနည်းဆုံးစရိတ်ကမြင့်မားသော်လည်း ၎င်းက ယန်စစ်မင်အတွက် ဘာမှမဟုတ်ပေ။

သူကအရမ်းလည်း ရက်ရောတတ်သည်။

မိန်းကလေးက အဝေးကကြည့်လိုက်ပြီး သူမမျက်လုံးတွေ လင်းလက်သွားသည်။

ထုန်ဝမ်ဝမ်က သူမဘေးက အမျိုးသမီးကိုကြည့်လိုက်ပြီး အေးစက်စွာနဲ့

“ထုန်ရှောင်ဝမ် နင်ဘာတွေစီစဉ်နေလဲဆိုတာ ငါမသိဘူးမထင်နဲ့။

ငါပြောပြမယ်။ ငါဒီမှာရှိနေသရွေ့ နင့်အစီအစဉ်ကိုအောင်မြင်နိုင်မှာမဟုတ်ဘူး”

သို့နှင့် သူမဂုဏ်ယူစွာထွက်သွားလိုက်သည်။

ထုန်ရှောင်ဝမ်က နှုတ်ခမ်းစူလိုက်ပြီး စက်ဆုပ်စွာနဲ့

“ကျစ် သူကနွေဦးကြက်လေးမဟုတ်တော့ပေမယ့်လည်း ကာစတန်မာတွေအတွက် ငါတို့အကုန်လုံးနဲ့ တိုက်ခိုက်နေတုန်းပဲ...”

ယန်စစ်မင်က မသိပေ သို့မဟုတ် သူပြုလုပ်ခဲ့တဲ့သဘောထားကွဲလွဲမှုကို ဂရုတောင်မစိုက်ပေ။ သူက ဖန်းဟွာရွှယ်ယွဲ့အခန်းထဲကိုလာပြီး တံခါးပွင့်အောင် တွန်းလိုက်သည်။

လင်းလီဟွေ့အပြင် Zမြို့ ရဲ့ တခြားသြဇာကောင်းတဲ့လူတွေလည်း ရှိနေသည်။ သူတို့တစ်ယောက်စီဘေးမှာ မိန်းကလေးတွေရှိသည်။

ဒီလူတွေက ယန်စစ်မင်ဝင်လာတာကိုမြင်တော့ သူ့ကို မျက်နှာလိုမျက်နှာရနဲ့ နှုတ်ဆက်လိုက်သည်။

“ဥက္ကဌယန်!”

ယန်စစ်မင်က သူတို့ကို ခေါင်းညိတ်ပြီး ပြန်နှုတ်ဆက်လိုက်သည်။ သူ့လက်ရှိအဆင့်နဲ့ဆို ဘယ်သူနဲ့မှ ထောက်ခံမှုပြုနေစရာမလိုပေ။ ဒါပေမယ့်လည်း အထူးသဖြင့် ရာထူးနိမ့်တဲ့သူတွေနဲ့ မလိုအပ်ဘဲ ရန်သူမဖြစ်ဖို့ လိုအပ်သည်ကိုလည်း နားလည်သည်။

ယန်စစ်မင်ထိုင်လိုက်တာနဲ့ ထုန်ဝမ်ဝမ်ဝင်လာပြီး သူတို့ကို ဂျွိုင်းလိုက်သည်။

သီးသန့်အခန်းထဲကလေထုက အတော်လေးသဟဇာတဖြစ်နေသည်။ ဒါ့ပြင် လင်းလီဟွေ့က အနည်းငယ်မူးနေပြီဖြစ်သည်။

ယန်စစ်မင်ကိုမြင်တော့ သူက

“ဥက္ကဌယန် ပြီးခဲ့တဲ့နှစ်ရက်တုန်းက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက လျောင်ကောဟိုင်က တခြားခရီးသွားဖွံ့ဖြိုးတိုးတက်ရေးဆိုဒ်တစ်ခုကို မျက်စိကျနေတယ်ပြောတယ်...”

ယန်စစ်မင် နားမလည်နိုင်ဖြစ်သွားသည်။ လင်းလီဟွေ့ သူ့ကိုဘာလို့ခေါ်လိုက်မှန်း သူမသိပေ။

လင်းလီဟွေ့ကဆက်ပြီး

“တည်နေရာကကောင်းတယ်လို့တော့ လျောင်ကောဟိုင်ဆီကကြားတယ်။ တစ်ယောက်က အဲ့ဒီမှာ စတော်ဘယ်ရီတွေစိုက်ပြီး ဈေးကောင်းကောင်းနဲ့ရောင်းနေတယ်ဆိုပဲ။ သူသာ အဲ့ဒီနေရာကို စာချုပ်ချုပ်လိုက်ရင်...”

စတော်ဘယ်ရီတွေလို့ ယန်စစ်မင်ကြားတော့ သူ့မျက်လုံးတွေ တင်းမာသွားသည်။

သူ့ဝိုင်ခွက်ကိုချလိုက်ပြီး လင်းလီဟွေ့ရဲ့စကားလုံးတွေကို တိုက်ရိုက်ပဲကြားဖြတ်လိုက်သည်။

“ခေါင်းဆောင်လင် ခင်ဗျားအခုဘာပြောလိုက်တာလဲ? စတော်ဘယ်ရီတွေစိုက်ဖို့ နေရာတစ်နေရာ?”

ဒါသူစဉ်းစားနေတဲ့နေရာများလား?

တကယ်ပဲ အဲ့ဒီနေရာသာဆိုရင်တော့...

ယန်စစ်မင်ရဲ့မျက်လုံးထဲတွင် အကြင်နာကင်းသောဝင်းလက်မှုတစ်ခု ဖြတ်ပြေးသွားသည်!

***

All Chapters