← Chapters

ယန်စစ်မင်

Vol. 18 Ch. 310

ယန်စစ်မင်

Vol. 18 Ch. 310

လင်းလီဟွေ့က ဘာသံသယဖြစ်ဖွယ်ရာကိုမှ သတိမထားမိပေ။ သူက ခေါင်းညိတ်ပြီး

“ဟုတ်တယ်။ အဲ့ဒါစတော်ဘယ်ရီတွေ ထုတ်လုပ်နေတဲ့နေရာတစ်ခုပဲ။ အဲ့ဒီနေရာကမြေဆီလွှာက စတော်ဘယ်ရီတွေအတွက် သင့်တော်တယ်လို့လျောင်ကောဟိုင်ကပြောတယ်။ ဒါကြောင့် သူက အဲ့ဒါကို စတော်ဘယ်ရီခရီးသွားနေရာတစ်ခုလုပ်မလို့”

လျောင်ကောဟိုင်က ထောင်ယွမ်ရွာကိုယူဖို့ မျက်နှာစာနဲ့လာခဲ့သည်။

ဒါပေါ့ သူ့ရဲ့တကယ့်ရည်ရွယ်ချက်ကို ပြရလောက်တဲ့အထိ သူမတုံးဘူးလေ။

ဒါပေမယ့်လည်း လျောင်ကောဟိုင်မှာ ‌ဖော်ထုတ်ခံရခဲ့ရင် သူ့ရဲ့တန်ပြန်ရေးအစီအမံတွေရှိသည်။

ဒါကြောင့် လင်းလီဟွေ့ မသိသည့် အရာများစွာရှိသည်။

ယန်စစ်မင်က အနည်းငယ် စိုးရိမ်သွားပြီး

“ခင်ဗျားပြောတဲ့နေရာက ရှင်းယင်ခရိုင်က ထောင်ယွမ်ရွာလား?”

Zမြို့ရဲ့ နာမည်အကြီး‌ဆုံးစတော်ဘယ်ရီရင်းမြစ်က ထောင်ယွမ်ရွာပဲဖြစ်ရမည်။

တစ်စုံတစ်ယောက်က သူမျက်နှာလွှဲလိုက်တဲ့အချိန်မှာ ရွာကို တားဂတ်‌ထားနေလိမ့်မယ်လို့ သူမ‌မျှော်လင့်ထားခဲ့ပေ။

ဒါ့ပြင် လင်းလီဟွေ့ရဲ့စကားအရ ထောင်ယွမ်ရွာရဲ့တည်ဆောက်ပြုပြင်ရေးအစီအစဉ်က ခွင့်ပြုပြီးသွားပြီ။

ယန်စစ်မင်ရဲ့အမူအယာက တခုခုမှားနေတာကို လင်းလီဟွေ့သတိမထားမိခဲ့ပေ။

သူက ခေါင်းညိတ်ပြီး

“ဟုတ်တယ် အဲ့ဒါထောင်ယွမ်ရွာပဲ!”

ယန်စစ်မင်က မတ်တပ်ရပ်လိုက်ပြီးသီးသန့်ခန်းထဲက လူတွေကို ပြောလိုက်သည်။

“ကျွန်တော်တောင်းပန်ပါတယ် အားလုံးပဲ။ ကျွန်တော့်မှာ အရေးကြီးသွားစရာရှိသေးလို့။ ကျွန်တော်ဒီတစ်ကြိမ် ဘေလ်ရှင်းလိုက်ပါ့မယ်။ လူကြီးမင်းတို့ ဒီမှာနေပြီး ကိုယ့်ဟာကိုယ်ပျော်လို့ရပါတယ်”

သူမြန်မြန်ဆန်ဆန်ပဲ ထွက်သွားသည်။

ကျန်တဲ့လူတွေက အချင်းချင်းကြည့်လိုက်ကြသည်။

“ငါတို့ ယန်စစ်မင်ကို မပျော်မရွှင်ဖြစ်အောင် တစ်ခုခုများ လုပ်လိုက်မိလို့လား?”

တစ်ယောက်က သင်္ကာမကင်းနဲ့ မေးလိုက်သည်။

“ငါတော့မထင်ပါဘူး။ အိုး ယန်စစ်မင်က ထောင်ယွမ်ရွာကို သိပုံပေါ်တယ်လို့ မင်းတို့မထင်ဘူးလား? သူလည်း အဲ့ဒီမှာ တည်ဆောက်ပြုပြင်ဖို့ စိတ်ဝင်စားနေတာများလား?”

တစ်ယောက်က တုံ့ပြန်လိုက်သည်။

“ဘယ်သူသိမှာလဲ”

“ဘာပဲဖြစ်ဖြစ် ဒါငါတို့ကိစ္စမဟုတ်ဘူး! လာကြ! နောက်တစ်ချီ!”

ယန်စစ်မင်က ယာတောအိမ်ကနေ မောင်းထွက်သွားသည်။ သူအဝေးရောက်သွားတာနဲ့ ‌လမ်းဘေးမှာ ရပ်လိုက်ပြီး ဖုန်း‌တစ်ကောလ်ခေါ်လိုက်သည်။

“အတွင်းရေးမှူးဝမ် ကျွန်တော် ခင်ဗျားကို ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီကို စုံစမ်းစေချင်တယ်။ သူတို့က ရှင်းယင်ခရိုင်က ထောင်ယွမ်ရွာကို ခရီးသွားနေရာတစ်ခုဖြစ်အောင် တည်ဆောက်ပြုပြင်ဖို့ စီစဉ်နေကြတာလား?”

အတွင်းရေးမှူးဝမ်က ဖုန်းကိုလက်ခံရလိုက်ပြီး ချက်ချင်း ပြန်‌ဖြေလိုက်သည်။

“ဟုတ်ကဲ့ ဥက္ကဌ

ကျွန်တော်တစ်ယောက်ယောက်ကို ချက်ချင်းစုံစမ်းခိုင်းလိုက်ပါ့မယ်”

ယန်စစ်မင်ရဲ့လက်အောက်ငယ်သားတစ်ယောက်အနေနဲ့ သူထောင်ယွမ်ရွာ‌ဆိုတဲ့နာမည်ကိုကြားလိုက်တာနဲ့ တဆတ်ဆတ်တုန်သွားခဲ့သည်။

သူ့ဥက္ကဌသဘောကျနေတဲ့မိန်းကလေးက ထောင်ယွမ်ရွာကဖြစ်သည်။

ယန်စစ်မင်ဖုန်းချလိုက်ပြီးတော့ သူ့လက်တွေက စတီယာရင်ဘီးကို လှည့်လိုက်သည်။ သူက ဒီလိုမျိုးတစ်စုံတစ်ခုဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ပေ။

.....

ကိစ္စကအခြေကျသွားမှတော့ တစ်ယောက်ယောက်က ဒါကို ရွာသားတွေကို ကြေညာရတော့မည်။

ရွာသူကြီးက တည်ဆောက်မယ့်သူပေးတဲ့ ကြေ‌ငြာစာနဲ့ အဆိုပြုချက်ကို လက်ခံရတော့ သူ့မျက်နှာတစ်ခုလုံး ‌ဒေါသနဲ့ညိုမည်းသွားသည်။

ရွာသားတိုင်းက တစ်ယောက်ကို ယွမ်၅၀၀၀သာရမည်။

တည်ဆောက်မယ့်သူက ရွာသားတွေ ရွှေ့ပြောင်းဖို့ တည်နေရာအသစ်ကိုလည်း စီစဉ်မပေးခဲ့ပေ။

ပိုက်ဆံက ရွာသားတွေခရိုင်မြို့ကိုပြောင်းပြီး ဘဝအသစ်တစ်ခုစဖို့ ကောင်ကောင်းလုံလောက်ကြောင်းကိုပဲ သူတို့ပြောခဲ့သည်။ ပြီးတော့ ပိုက်ဆံက သူတို့ဘဝအသစ်တစ်ခုစဖို့ လုံလောက်သည်။

ဒါပေမယ့်လည်း ရွာသားအများစုက လယ်သမားများဖြစ်ကြသည်။

လယ်လုပ်တာကလွဲရင် သူတို့ဘာများ လုပ်နိုင်မှာလဲ?

ပြီးတော့ ဘာလို့ တည်ဆောက်မယ့်သူက သူတို့လယ်မြေတွေကို သူတို့ဆီကနေ ယူသွားရတာလဲ?

ဒါကရွာသားတွေကို ဝင်ငွေပိတ်စေသည်။

ရွာသားတွေက အနာဂတ်မှာ သဲတွေစားဖို့များ သူတို့မျှော်လင့်နေကြသလား?

ဘာပဲဖြစ်ဖြစ် တည်ဆောက်မယ့်သူရဲ့ ဖြိုချတဲ့အဖွဲ့က ထောင်ယွမ်ရွာသို့ ရောက်နေပြီဖြစ်သည်။

ဖြိုချမယ့်အဖွဲ့က ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခုဖြစ်သည်။

ဒါပေမယ့်လည်း သူတို့ ရွာဝင်ပေါက်သို့မရောက်ခင် တားဆီးခံလိုက်ရသည်။

တန်ဖိုးကြီးကားသုံးစီးက ရွာဝင်ပေါက်မှာ တိုက်ရိုက်ပါကင်ထိုးထားသည်။

ဖြို‌ချရေးအဖွဲ့ရဲ့ခေါင်းဆောင်က မျက်ကန်းမဟုတ်ပေ။

ဆန့်ကျင်ဘက်ပင် သူကအရမ်းလည်ဝယ်သည်။ ဒါသာ သာမန်ကားတွေဆိုရင် သူဆက်သွားမှာဖြစ်သည်။ ဒါပေမယ့်လည်း ဒီလိုဟုတ်‌မနေပေ။

ကားတစ်စီးစီထဲတွင် နေကာမျက်မှန်နဲ့လူတစ်ယောက်ထိုင်နေသည်။ သူတို့ကားတွေက တစ်တန်းစီ တန်းစီထားသည်။ သူတို့က အဲ့ဒီနေရာမှာ ဖြိုချရေးအဖွဲ့ကိုတားဆီးဖို့ ရှိနေကြခြင်းဖြစ်သည်။

ကားတွေက ယွမ်တစ်သန်းမကတန်ဖိုးရှိသည်။ အလယ်ကတစ်စီးက ဆယ်သန်းကျော်ကျော်ကျသည်။ အသေအချာပင် သူတို့ကို သာမန်ရွာသားတွေတော့မပိုင်ဆိုင်ပေ!

ဖြိုချရေးအဖွဲ့က သူတို့ကို ဆန့်ကျင်နိုင်မှာလား?

မရနိုင်ဘူးလေ!

ဖြိုချရေးအဖွဲ့ခေါင်းဆောင် ကပ္ပတိန်ဟူက ချက်ချင်း လီကျားမင်ကို ခေါ်လိုက်သည်။

လီကျားမင်က ရွာသားတွေအကြောင်းဂရုမစိုက်ပေ။ ပုံမှန်အားဖြင့် ဖြိုချရေးအဖွဲ့က ရွာသားအားလုံးဆီမှ လက်မှတ်ရပြီးရင် စတင်ကြသည်။ ဒါပေမယ့်လည်း လီကျားမင်က ဆက်မစောင့်နိုင်တော့ပေ။

လီကျားမင်က ထောင်ယွမ်ရွာကိုဝင်ဖို့ အင်အားတောင့်တဲ့နောက်ခံနဲ့ ဖြိုချရေးအဖွဲ့တစ်ခုကို စီစဉ်ခဲ့သည်။ သူတို့ ထောင်ယွမ်ရွာကို မြေညှိစက်နဲ့ထိုးပြီး ရွာသားတွေရဲ့ကန့်ကွက်ချက်ကဘာပဲဖြစ်ဖြစ် မြေကိုယူလိမ့်မည်။

သူတို့က တောသားတွေပဲလေ။ သူတို့ဘာလုပ်နိုင်မှာမလို့လဲ?

သူက အဖွဲ့ခေါင်းဆောင်ဆီမှ ဖုန်းကောလ်တစ်ခုကို မမျှော်လင့်ခဲ့ပေ။

“စီအီးအိုလီ ဆယ်သန်းလောက်တန်တဲ့ ဇိမ်ခံကားတွေ ရွာဝင်ပေါက်မှာ ပါကင်ထိုးထားတယ်။ ကျွန်တော်တို့ သူတို့ကို ကျော်မမောင်းရဲဘူး”

ဖြိုချရေးအဖွဲ့ရဲ့ ကပ္ပတိန်ဟူက လီကျားမင်ကို အစီရင်ခံလိုက်သည်။

“ဘာရယ်?”

လီကျားမင်လည်းအရမ်းအံ့ဩသွားသည်။

သူက သင်္ကာမကင်းနဲ့

“မင်းသေချာလား? သူတို့က အခွံသက်သက်ကော မဖြစ်နိုင်ဘူးလား? ဈေးကြီးတဲ့ပုံပေါက်အောင် ဆေးသုတ်ထားတဲ့ကားတွေရော မဖြစ်နိုင်ဘူးလား?”

ကပ္ပတိန်ဟူက မျက်လုံးကျုံ့လိုက်သည်။ သူက အရမ်းတည်ငြိမ်တဲ့အမူအယာနဲ့

“စီအီးအိုလီ သူတို့က တကယ့်ကားတွေ။ ပြီးတော့ ကားထဲကလူတွေက ကြည့်ရတာ ရင်ဆိုင်ဖို့လွယ်ပုံမပေါ်ဘူး။ သူတို့က ဒီနေရာမှာ ကျွန်တော်တို့ ရွာထဲဝင်တာကို တားဖို့ ရည်ရွယ်ချက်ရှိရှိ ရှိနေကြတာ”

“အဓိပ္ပာယ်မရှိတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ငါက မင်းတို့အဖွဲ့ကို ပုံမှန်ထက်စောပို့လိုက်မှန်း ဘယ်သူမှမသိဘူး။ ဘာလို့ငါတို့ကိုတားဖို့ တစ်ယောက်ယောက်က အဲ့ဒီမှာရှိနေရမှာလဲ?”

လီကျားမင်ကအရမ်း ဒေါသထွက်သွားသည်။

“စီအီးအိုလီ ကျွန်တော်တို့အခုဘာလုပ်သင့်လဲ?”

ကပ္ပတိန်ဟူက လီကျားမင်ရဲ့ဒေါသကို လျစ်လျူရှုလိုက်ပြီး ဂရုတစိုက်မေးလိုက်သည်။

ကပ္ပတိန်ဟူက ငတုံးတစ်ယောက်မဟုတ်ပေ။

ကားမောင်းလာတဲ့ ဒီလူတွေက သေချာပေါက် အင်အားတောင့်တဲ့နောက်ခံကဖြစ်ရမည်။

သူက ဒီဇိမ်ခံကားတွေနဲ့ အတိုက်အခံလုပ်မည်မဟုတ်ပေ။

ကပ္ပတိန်ဟူက ဒီကိစ္စအပေါ်မှာ ဆုံးဖြတ်ချက်မချနိုင်ပေ။

သူက သူတို့စီအီးအို လီကျားမင်ကိုသာ ဆက်သွယ်လို့ရမည်။

“အသုံးမကျတဲ့ကောင်!”

ကပ္ပတိန်ဟူကို ဒေါသတကြီး ဆဲဆိုလိုက်သည်။

“သူတို့ အထောက်အထားတွေကို သွားရှာချေ။ ငါခနနေရင် လာခဲ့မယ်”

“ကောင်းပြီ!”

ကပ္ပတိန်ဟူက ပြန်ဖြေလိုက်သည်။

ဖုန်းချလိုက်ပြီးတော့ ကပ္ပတိန်ဟူက ဒီဇိမ်ခံကားတွေကိုကြည့်လိုက်ပြီးတော့ ကားထဲကလူတွေကိုလည်း ကြည့်လိုက်သည်။ သူ့မျက်လုံးတွေကိုကျုံ့လိုက်ပြီး လမ်းလျှောက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပဲ အတွင်းရေးမှူးဝမ်ရဲ့စုံစမ်းစစ်ဆေးမှုက နိဂုံးချုပ်လိုက်သည်။

အတွင်းရေးမှူးဝမ်က ယန်စစ်မင်ကို အစီရင်ခံလိုက်သည်။

“ဥက္ကဌယန် ပြီးခဲ့တဲ့လဝက်လောက်တုန်းက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီရဲ့ လျောင်ကောဟိုင်က ထောင်ယွမ်ရွာမှာ တည်ဆောက်ပြုပြင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ သူ့ရဲ့အဆိုပြုချက်ကို ဒေသခံခရိုင်က ခွင့်ပြုခဲ့တယ်။ ကျွန်တော်နောက်ဆုံးရရှိခဲ့တဲ့သတင်းက သူတို့ဖြိုချရေးအဖွဲ့က ထောင်ယွမ်ရွာကို ရောက်နေပြီဆိုတာပဲ”

“ဘာရယ်?”

ယန်စစ်မင်ရဲ့မျက်နှာက မှောင်မိုက်သွားသည်။

ပြီးနောက် သူက အေးစက်စွာနဲ့

“ဒီလျောင်ကောဟိုင်က တကယ် အရှက်မရှိတာပဲ။ အတွင်းရေးမှူးဝမ်၊ ကျွန်တော့်ကို လျောင်ကောဟိုင်ရဲ့ဖုန်းနံပါတ်ပေး”

ယန်စစ်မင်ဆိုလိုတာကို အတွင်းရေးမှူးဝမ် ချက်ချင်းနားလည်လိုက်သည်။ သူက ခနလောက်တွေးလိုက်ပြီး ဂရုတစိုက်ဖျောင်းဖျလိုက်သည်။

“ဥက္ကဌ သူ့ရဲ့တည်ဆောက်ပြုပြင်ရေးပလန်က ခွင့်ပြုပြီးသွားပြီ။ သူ့ကိုအခုခေါ်ရင်တောင် သူ့ကိုတားလို့မရဘူး!”

“ကျွန်တော့်အမိန့်အတိုင်းပဲလုပ်ပါ!”

ယန်စစ်မင်က မခံမရပ်နိုင်နဲ့အော်လိုက်သည်။

သူက ရှောင်လင်းယွီအတွက် အရမ်းစိုးရိမ်သွားသည်။

သူမက ကိုယ်ဝန်ရှိနေတာလေ။ ဖြိုချရေးတစ်ခုလုပ်တာက သေချာပေါက် သူမအတွက်မကောင်းပေ။

သူက ထောင်ယွမ်ရွာကို ချက်ချင်းပြေးသွားလိုက်ချင်ပေမယ့် သူဒါကိုရပ်တန့်ချင်ရင်တောင် ဇာတ်ရင်းမြစ်ကိုရှာရမည်။ ထိုမှသာ သူက သူမကို ပိုကောင်းကောင်းကာကွယ်နိုင်လိမ့်မည်။

အတွင်းရေးမှူးဝမ်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ဖုန်းနည်းနည်းခေါ်လိုက်ကာ လျောင်ကောဟိုင်ရဲ့နံပါတ်ကို မေးလိုက်သည်။

လျောင်ကောဟိုင်ရဲ့ကုမ္ပဏီက တချို့လူများရဲ့မျက်လုံးထဲတွင်တော့ ကုမ္ပဏီကြီးတစ်ခုဖြစ်သည်။ ဒါပေမယ့် ယန်စစ်မင်လို လူတစ်ယောက်ရဲ့မျက်လုံးထဲတွင်တော့ ၎င်းက ရိုးရိုးတန်းတန်းပဲဖြစ်ပြီး သူ့အာရုံစိုက်မှုနဲ့တောင်မတန်ပေ။

ယန်စစ်မင်က ခနလောက်စောင့်ပြီးနောက် အတွင်းရေးမှူးဝမ်က လျောင်ကောဟိုင်ရဲ့နံပါတ်ကို ပေးလိုက်သည်။

လျောင်ကောဟိုင်က လီကျားမင်ရဲ့အစွမ်းအစကို အတော်လေးသဘောကျသွားသည်။ သူကမြန်မြန်ဆန်ဆန်လှုပ်ရှားလိုက်ပြီး ဖြိုချရေးအဖွဲ့တစ်ခုကို ပို့လိုက်သည်။

တစ်နည်းအားဖြင့်တော့ ထောင်ယွမ်ရွာက သူ့လက်ထဲမှာဖြစ်သည်။

သူက သူ့ရုံးခန်းထဲမှာထိုင်ပြီး ငွေအထပ်တွေ သူ့အိတ်ကပ်ထဲဝင်လာတာကို မြင်ရသည်။

သူ့အိမ်မက်လှလှထဲနစ်မြောနေစဉ် သူ့ဖုန်းမြည်လာသည်။

***

All Chapters