← Chapters

ယန်စစ်မင်စိတ်တိုနေတယ်

Vol. 18 Ch. 311

ယန်စစ်မင်စိတ်တိုနေတယ်

Vol. 18 Ch. 311

ဖုန်းမြည်လာသည်!

မသိတဲ့နံပါတ်တစ်ခုကလာမှန်း လျောင်ကောဟိုင်မြင်လိုက်သည်။ သူမျက်မှောင်ကျူံ့လိုက်ပြီး ချက်ချင်းဖုန်းချလိုက်သည်။

ဖုန်းချခံလိုက်ရသောအခါ ယန်စစ်မင်ရဲ့မျက်နှာက မှောင်မိုက်သွားသည်။ ကျိန်းစပ်တဲ့လှိုင်းတစ်ခုကို သူ့စိတ်ထဲမှာ ခံစားလိုက်ရသည်။ သူက စတီယာရင်ဘီးကို ပြင်းပြင်းထန်ထန်ထုလိုက်ပြီး ဒေါသတကြီးဆဲ‌ဆိုလိုက်သည်။

“လျောင်ကောဟိုင်, မအေဘေး!”

သူနောက်တစ်ကောလ်ခေါ်လိုက်သည်။ ပြီးတော့ သူထပ်ပြီ အချခံလိုက်ရပြန်သည်။

သူထပ်ခေါ်လိုက်ပြန်သည်။ သူ့ကို ဘလက်လစ်စ်အတင်ခံလိုက်ရသည်။

ယန်စစ်မင်က ဒီလျောင်ကောဟိုင်ကို ချက်ချင်းမုန်းသွားသည်။ သူက အတွင်းရေးမှူးဝမ်ကို တိုက်ရိုက်ခေါ်ပြီး ညွှန်ကြားလိုက်သည်။

“လျောင်ကောဟိုင်ကိုခေါ်ဖို့ ကုမ္ပဏီနာမည်ကို သုံးလိုက်!”

အတွင်းရေးမှူးဝမ် နားမလည်နိုင်ဖြစ်သွားသည်။

ဒါပေမယ့်လည်း သူယန်စစ်မင်ရဲ့ ညွှန်ကြားချက်ကို နားထောင်လိုက်ပြီး လျောင်ကောဟိုင်ကို ခေါ်လိုက်သည်။

ယန်စစ်မင်ရဲ့အတွင်းရေးမှူးဝမ် သူ့ကိုခေါ်နေတာကြားတော့ လျောင်ကောဟိုင်ချက်ချင်းဝမ်းသာသွားသည်။

သူက ပြုံးပြီးတော့

“ဟယ်လို အတွင်းရေးမှူးဝမ်!”

ယန်စစ်မင်ရဲ့အတွင်းရေးမှူး သူ့ကိုဘာလို့ခေါ်နေမှန်း မသိပေမယ့်လည်း သူက ယန်ဂရုနဲ့ မိတ်ဆွေဖြစ်ထားရင် သူ့ဘဝပိုကောင်းမယ်‌ဆိုတာကိုတော့ သိသည်။ ဒါ့ကြောင့် သူ အတွင်းရေးမှူးဝမ်ကို ကောင်းကောင်းဆက်ဆံရမည်။

အတွင်းရေးမှူးဝမ်က ဒီလိုမျက်နှာချိုသွေးမှုမျိုးကို အသားကျနေပေပြီ။

သူက တိုက်ရိုက်ပင်

“ဥက္ကဌလျောင်၊ ကျွန်တော်တို့ ဥက္ကဌက ခင်ဗျားကို ရှာနေတယ်။ သူ ခင်ဗျားကို အကြိမ်ကြိမ်ခေါ်နေတာ။ ခင်ဗျားမရဘူးလား?”

“ဥက္ကဌက ကျွန်တော့ကိုခေါ်တာလား? ဒါပေမယ့်...”

လျောင်ကောဟိုင်က ဘာဖုန်းကောလ်မှာ လက်ခံမရဘူးလို့ ပြောတော့မယ့်အချိန်မှာ သူချပစ်လိုက်တဲ့များစွာသောခေါ်ဆိုမှုတွေနဲ့ သူဘလက်လစ်စ်တင်ထားတဲ့နံပါတ်ကို မှတ်မိသွားသည်။

‌အေးစက်စက်ချွေးတွေ သူ့နဖူးကနေ ချက်ချင်းထွက်လာသည်။ သူက ချက်ချင်း သူ့လေသံကိုပြောင်းလိုက်ပြီး

“ကျွန်တော်အခုပဲဥက္ကဌယန်ကို ခေါ်လိုက်ပါ့မယ်”

ပြီးနောက် သူက ဂရုတစိုက် အစ်အောက်ကြည့်လိုက်သည်။

“အတွင်းရေးမှူးဝမ် ဥက္ကဌယန်က ဘာလို့ ကျွန်တော့်ကိုရှာနေလဲ သိလို့ရမလား?”

အတွင်းရေးမှူးဝမ်က မျက်လုံးလှည့်လိုက်ပြီး

“ဥက္ကဌလျောင်၊ ဘော့စ်ဘာတွေစဉ်းစားနေမှန်း ကျွန်တော်လဲမသိပါဘူး”

သို့နှင့် သူဖုန်းချလိုက်သည်။

သူက ဖုန်းကိုကိုင်ထားပြီး စက်ဆုပ်စွာနဲ့

“ဘာလို့ဥက္ကဌက မင်းကိုရှာနေရမှာလဲ? မင်းက ဥက္ကဌရဲ့မိန်းကလေးကို သွားရှုပ်တာကိုး။ ဒီတော့ သူကမင်းကိုလက်စားချေချင်နေတာပေါ့”

လျောင်ကောဟိုင်က ဖုန်းကိုကြည့်လိုက်ပြီး အရမ်းမသက်မသာဖြစ်သွားသည်။ အတွင်းရေးမှူးဝမ်ရဲ့သဘောထားအရတော့ ဒါ‌ကကောင်းတဲ့ကိစ္စဖြစ်ဟန်မတူပေ။ ကောင်းတဲ့ကိစ္စဖြစ်ရင်တော့ အတွင်းရေးမှူးဝမ်က သူ့ကို အရမ်းအရေးတယူပြုမှာပေါ့။

လျောင်ကောဟိုင်က ၎င်းအကြောင်းကို တွေးတောလိုက်ပြီး သူယန်စစ်မင်ကို ဘယ်လိုအမှားပြုလုပ်ခဲ့လဲဆိုတာကို စဉ်းစားမရပေ။

ယန်စစ်မင်ရဲ့စီးပွားရေးလောကတန်ဖိုးဖြတ်မှုကို သူသတိရသွားတော့ ပိုပြီးတောင်မသက်မသာဖြစ်သွားသည်။ ယန်စစ်မင်ကို ပြုံးနေတဲ့ကျားလို့ ခေါ်ကြသည်။ သူက မင်းကိုပြုံးပြရင်းနဲ့ပဲ မင်းကုမ္ပဏီကို ဆွဲချသွားလိမ့်မည်။

ဒါ့ကြောင့် စီးပွားရေးလောကက ဘယ်သူကမှ ယန်စစ်မင်ကို စိတ်အနှောင့်အယှက်မပေးရဲပေ။

အခု ယန်စစ်မင်က သူ့ကို သီးသန့်ခေါ်လိုက်တဲ့အတွက် သူအနည်းငယ်ကြောက်ရွံ့သွားသည်။

ဒါပေမယ့်လည်း သူ အချိန်ဆွဲဖို့ အချိန်မရပေ။ သူ့ဖုန်းကို လျင်မြန်စွာယူလိုက်ပြီး နောက်ဆုံးနံပါတ်ကို ဝှိုက်လစ်စ်လုပ်လိုက်သည်။ သူ နံပါတ်ကို ပြန်ခေါ်ဆိုလိုက်သည်။

ဖုန်းဝင်သွားတော့ လျောင်ကောဟိုင်က သတိရှိရှိနဲ့ ခေါ်လိုက်သည်။

“ဥက္ကဌယန်လား?”

ယန်စစ်မင်ရဲ့သဘောထားက အရမ်းမသာမယာဖြစ်နေပြီး သူက အေးစက်စွာနဲ့

“ငါပဲ!”

မသာမယာဖြစ်နေတဲ့လေသံကိုကြားပြီး လျောင်ကောဟိုင်နဲ့စိတ်မှာ ရှုံ့မဲ့မဲ့ဖြစ်သွားသည်။

သူက မြန်မြန်ဆန်ဆန်ပဲ ရှင်းပြလိုက်သည်။

“ဥက္ကဌယန်၊ ကျွန်တော် တကယ်တောင်းပန်ပါတယ်။ ကျွန်တော့်မှာ ဥက္ကဌရဲ့နံပါတ်မရှိလို့ပါ။ ကျွန်တော်က အာမခံရောင်းတဲ့ဖုန်းတွေထင်လိုက်လို့ပါ။ ဥက္ကဌကို ဘလက်လစ်စ်တင်ဖို့ တကယ်မရည်ရွယ်လိုက်ပါဘူး။ ဥက္ကဌမှန်းသိလို့ရှိရင် ကျွန်တော်ဖုန်းကို ချက်ချင်း ပြန်ဖြေမှာပါ!”

ယန်စစ်မင်က သူနဲ့ အဓိပ္ပာယ်မရှိတာတွေပြောရင်း အချိန်မဖြုန်းလိုပေ။ သူက တိုက်ရိုက်ပဲမေးလိုက်သည်။

“လျောင်ကောဟိုင်၊ မင်းက ထောင်ယွမ်ရွာကို ခရီးသွားနေရာတစ်ခုအနေနဲ့ တည်ဆောက်ပြုပြင်မယ်လို့ ကြားတယ်။ အမှန်ပဲလား?”

လျောင်ကောဟိုင်က အံ့ဩသွားသည်။

ဘာလို့ ယန်စစ်မင်က ဒီအကြောင်းမေးရတာလဲ?

ယန်ဂရုက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်‌ရေးအပါအဝင် လုပ်ငန်းတော်တော်များများမှာ ပါဝင်ထားမှန်း သူသိသည်။

အရင်က သူထောင်ယွမ်ရွာကို မျက်စိကျနေတုန်းက ရင်းနှီးမြှုပ်နှံသူပါတနာတစ်ယောက်ရှာဖို့ စဉ်းစားခဲ့ဖူးသည်။

ဒါပေမယ့်လည်း နွားဘုရင်ငယ်လေးအ‌ကြောင်းတွေးလိုက်တော့ သူက ၎င်းကိုဘယ်သူနဲ့မှမမျှဝေချင်ပေ။ ဒါကြောင့် သူ ထိုအကြံကို လက်လျှော့ခဲ့သည်။

ဒါ့ပြင် သူက ဘာပဲဖြစ်ဖြစ် ထောင်ယွမ်ရွာကို တည်ဆောက်ပြုပြင်ဖို့ ဘက်ဂျက်အများကြီးသုံးဖို့လည်း စီစဉ်မထားပေ။

ဒါပေမယ့် ဘယ်လိုလုပ်ယန်စစ်မင်က ဒီအကြောင်းကိုသိနေတာလဲ?

သူက နွားဘုရင်ငယ်လေးအကြောင်းကိုပါ သိနေတာများလား?

ဒါမှမဟုတ် အဲ့ဒီစတော်ဘယ်ရီမြေကွက်လေးကို မျက်စိကျနေတာလား?

ဘာပဲဖြစ်ဖြစ် ၎င်းက လျောင်ကောဟိုင်ကို အရမ်းဆိုးရွားတဲ့ခံစားချက်တစ်ခုပေးနေသည်။

သူ့အစားအစာက သူ့ဆီက‌နေ အဝေးလုယူခံလိုက်ရတဲ့ ခံစားချက်ကိုသူမကြိုက်ပေ။

‌ဒါပေမယ့်လည်း ယန်စစ်မင်က အရမ်းအင်အားကြီးလွန်းသည်။ သူသာယူချင်ရင် လျောင်ကောဟိုင်လုပ်နိုင်တာဘာမှမရှိပေ။ လျောင်ကောဟိုင်ကဂရုတစိုက်မေးလိုက်သည်။

“ဥက္ကဌယန် ကိစ္စကဒီလိုရှိတယ်။ ကျွန်တော်သိချင်တာက ခင်ဗျား...”

ယန်စစ်မင်က လျောင်ကောဟိုင်စကားပြောပြီးအောင်မစောင့်ဘဲ ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။

“လျောင်ကောဟိုင်၊ ခင်ဗျားလုပ်ရပ်တွေကို ချက်ချင်းရပ်ပြီး ရွာကခင်ဗျားလူတွေကို အခုရုပ်သိမ်းစေချင်တယ်”

ယန်စစ်မင်ရဲ့စကားကို လျောင်ကောဟိုင်ကကြားတော့ သူအရမ်းမပျော်မရွှင်ဖြစ်သွားသည်။

သူက အကြောင်းပြချက်နဲ့ အငြင်းပွားကာ

“ဥက္ကဌယန် ခင်ဗျားကျွန်တော့်ကို နောက်နေတာလား? ကျွန်တော်က ထောင်ယွမ်ရွာကို တည်ဆောက်ပြုပြင်ပြီး မှန်မှန်ကန်ကန်ရရှိဖို့ သင့်တော်တဲ့ကျင့်ထုံးတွေအားလုံးကို ဖြတ်သန်းလာတာ။ အခု ခင်‌ဗျားက ကျွန်တော့်ကို နောက်ဆုတ်စေချင်တာလား? ဥက္ကဌယန် ခင်ဗျားမှာ ငွေနဲ့ အာဏာတွေအများကြီးရှိမှန်း ကျွန်တော်သိပါတယ်။

ဒါပေမယ့် အကြောင်းပြချက်မရှိဘဲ ကျွန်တော့်ရင်းနှီးမြှပ်နှံမှုတွေကို ရုပ်သိမ်းအောင်လုပ်ဖို့ ခင်ဗျားမှာ လုပ်ပိုင်ခွင့်နဲ့ အကြောင်းပြချက်မရှိဘူးလေ”

သူ့လေသံက ပြတ်သားသည်။

ယန်စစ်မင်မှာ ငွေနဲ့အာဏာတွေအများကြီးရှိပေမယ့် လျောင်ကောဟိုင်မှာလည်း အထောက်အပံ့အချို့ရှိသည်။

လျောင်ကောဟိုင်က ထောင်ယွမ်ရွာကိုသိမ်းပိုက်ဖို့ တရားဝင်အကြောင်းပြချက်တစ်ခုရှာရန် အများကြီးအားစိုက်ထုတ်ထားရသည်။

သူကဘယ်လိုလုပ် ယန်စစ်မင်ရဲ့စကားကြောင့်နဲ့ လက်လျှော့နိုင်မှာလဲ?

ယန်စစ်မင်က မေးလိုက်သည်။

“အဲ့ဒီတော့ ခင်ဗျားကကျုပ်ကို ငြင်းလိုက်တာပေါ့ ဟုတ်လား?”

လျောင်ကောဟိုင်က အရမ်းခိုင်ခိုင်မာမာနဲ့

“ဥက္ကဌယန် ခင်ဗျားအကျိုးသင့်အကြောင်းသင့်လုပ်လို့မရဘူးလား? ကျွန်တော်က သင့်တော်တဲ့လုပ်ငန်းစဉ်တွေအားလုံးနဲ့ဖြတ်သန်းလာတာ။ အခုအချိန်ထိ ကျွန်တော်တို့ကုမ္ပဏီက အများကြီးလုံ့လစိုက်ထုတ်ပြီး ငွေကြေးတွေအများကြီးရင်းနှီးထားရတာ။

ခင်ဗျားဆီက စကားတစ်ခွန်းကြောင့်နဲ့တော့ ကျွန်တော်နောက်မဆုတ်နိုင်ဘူးလေ။

ကျွန်တော်နောက်ဆုတ်လိုက်မယ်ဆိုရင် ကျွန်တော့်ကိုယ်ကျွန်တော်နဲ့ ကျွန်တော့်အလုပ်သမားတွေကို ဘယ်လိုရှင်းပြရတော့မှာလဲ?”

“အဲ့ဒီတော့ ခင်ဗျားနောက်ဆုတ်ဖို့ အစီအစဉ်မရှိဘူးပေါ့?”

ယန်စစ်မင်က အေးစက်စွာ မေးလိုက်ည်။

“အဟမ်း...”

လျောင်ကောဟိုင်က ချောင်းဟန့်ပြီး

“ဥက္ကဌယန် ဒါကျွန်တော်နောက်ဆုတ်တဲ့ကိစ္စမဟုတ်ပါဘူး။

ကျွန်တော်က တခြားဒါရိုက်တာတွေနဲ့ ကျွန်တော့်ကို ထောက်ပံ့ပေးထားတဲ့ အလုပ်သမားတွေအတွက် တာဝန်ယူရမယ်လေ”

ထိုသို့ပြောရင်း သူက ယန်စစ်မင်ပြောတာကို မစောင့်ခဲ့ပေ။ သူက တိုက်ရိုက်ပဲ အစ်အောက်ကြည့်လိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် ဥက္ကဌယန်လည်း ထောင်ယွမ်ရွာကို သဘောကျတယ်ဆိုရင် ကျွန်တော်တို့အတူတူ အလုပ်လုပ်လို့ရတာပဲ။ ဥက္ကဌယန်က ဖြိုချရေးကိုဦးဆောင်ပြီး ကျွန်တော်က အစအနတွေကို လိုက်သိမ်းလိုက်မယ်‌လေအဆင်ပြေမလား?”

“အဓိပ္ပာယ်မရှိတာ!”

ယန်စစ်မင်က ဒေါသတကြီးပြောလိုက်သည်။

“လျောင်ကောဟိုင်၊ အဲ့ဒီတော့ ခင်ဗျားနောက်မဆုတ်ဘူးပေါ့ ဟုတ်တယ်မလား?

ကောင်းပြီ။ ကမ္ဘာလှည့်ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက နောက်ထပ် ဟွေ့ချင်ဂရု ဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်နေလိုက်!”

ယန်စစ်မင်က သူနဲ့ထပ်အချိန်မဖြုန်းချင်တော့ဘဲ တိုက်ရိုက်ဖုန်းချပစ်လိုက်သည်။

လျောင်ကောဟိုင်ကြောက်ရွံ့သွားသည်။

သူက နံပါတ်ကို ပြန်ခေါ်လိုက်ပေမယ့် ယန်စစ်မင်က သူ့ကို ဖုန်းချပစ်သည်။ လျောင်ကောဟိုင်ကဒါကိုမြင်တော့ ကြောက်ရွံ့မှုနဲ့ ကြက်သေသေသွားသည်။

ဟွေ့ချင်ဂရုဆိုတဲ့နာမည်ကသူ့စိတ်ထဲမှာ စွဲကျန်နေသည်။

ပြီးခဲ့တဲ့နှစ်ဝက်တုန်းက ဟွေ့ချင် ဂရုက Zမြို့ရဲ့ ကုမ္ပဏီကြီးတစ်ခုဖြစ်ခဲ့ပြီး ၎င်းရဲ့ပိုင်ရှင် ကျောက်ဟွေ့ချင်ကလည်း စီးပွားရေးလောကရဲ့ နာမည်ကျော်တစ်ဦးဖြစ်သည်။

ဒါပေမယ့်လည်း ညတွင်းချင်းပဲ ဟွေ့ချင်ဂရုကို ယန်ဂရုကဝယ်လိုက်ပြီး ကျောက်ဟွေ့ချင် က ထောင်ကိုအပို့ခံလိုက်ရသည်။

၎င်းက စီးပွားရေးလောကက လူတိုင်းကို ရှော့ခ်ရစေခဲ့သည်။

ယန်ဂရုက အင်အားကြီးမှန်း သူတို့သိပေမယ့် ဒီလောက်အင်အားကြီးမယ်မှန်းတော့ မသိကြပေ။

ယန်ဂရုက မျက်စိတစ်မှိတ်အတွင်းမှာပဲ ဟွေ့ချင်ဂရုလို ကြီးမားတဲ့ကုမ္ပဏီမျိုးကို ဝါးမျိုနိုင်ခဲ့သည်။

၎င်းက စီးပွားရေးလောကကို တုန်ခါသွားစေခဲ့သည်။

၎င်းက ယန်စစ်မင်ကို မဆန့်ကျင်ဖို့ လူတွေအတွက် အသိပေးချက်တစ်ခုဖြစ်သည်။

ပြီးတော့...လျောင်ကောဟိုင်က အတိအကျ၎င်းကို လုပ်လိုက်သည်။

“မဟုတ်ဘူး...

ငါ ကျောက်ဟွေ့ချင် ရဲ့ခြေရာကိုနင်းလို့မရဘူး။ ငါဘာလုပ်နိုင်မလဲ?”

လျောင်ကောဟိုင်က သူ့ကိုယ်သူ စိတ်အေးအေးထားဖို့ တွန်းအားပေးနေသည်။

ပြီးနောက် သူကဖုန်းတစ်ကောလ်ခေါ်လိုက်ပြီး

“ခေါင်းဆောင်လင်း ကျွန်တော်ပါ လျောင်ကောဟိုင်”

ခေါင်းဆောင်လင်းက ရုံးခန်းရှေ့မှာထိုင်နေပြီး လျောင်ကောဟိုင်ဆီမှ ဖုန်းတစ်ကောလ်ရတော့ အရမ်းပျော်မနေခဲ့ပေ။

သူက

“ဘာကိစ္စရှိလို့လဲ?”

လျောင်ကောဟိုင်က

“ခေါင်းဆောင်လင် ကျွန်တော် ယန်စစ်မင်ဆီက‌နေဖုန်းတစ်ကောလ်ရတယ်။

သူက ကျွန်တော့်ကို ထောင်ယွမ်ရွာရဲ့ တည်ဆောက်ပြုပြင်မှုကို ရပ်တန့်ဖို့ပြောတယ် မဟုတ်ရင် သူက ကမ္ဘာလှည့်ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီကို နောက်ထပ်ဟွေ့ချင်ဂရုဖြစ်အောင် ပြောင်းပစ်မယ်တဲ့။ သူက ကျွန်တော့်ကို အသေအချာခြိမ်းခြောက်နေတာပဲ။

ခေါင်းဆောင်လင်း ကျွန်တော် ခင်ဗျားရဲ့ခွင့်ပြုချက်ရပြီးပြီလေ။ သူက ခင်ဗျားကို ပေါ်တင် မလေးမစားလုပ်နေတာပဲ...

သူဘယ်လိုလုပ်လုပ်နိုင်ရတာလဲ? ကျွန်တော်ပြောတာ မှန်တယ်မလား?”

***

All Chapters