← Chapters

သက်တော်စောင့်များ

Vol. 18 Ch. 304

သက်တော်စောင့်များ

Vol. 18 Ch. 304

သူတို့ဘောစ့်ကြီးက သရဲစီးခံထားရတာလား?

သူဘာလို့ ထူးထူးဆန်းဆန်းတွေလုပ်နေတာလဲ?

ဒါပေမယ့် သူတို့စကားစမြည်ပြောတာကနေ တစ်ခုခုသဘောပေါက်လိုက်သည်။

ဘော့စ်ကြီးပြောတဲ့ ဒီဦးလေးနဲ့ ဒေါ်လေးရဲ့သမီး ယွီအာက သူတို့ဘော့စ်ကြိုက်နေတဲ့ မိန်းကလေးပဲ။ ဒါသူတို့ဘော့စ်ရဲ့ချစ်သူပဲ!

သူတို့ဒီအကြောင်းတွေးရင်း အခန်းထဲကဘော်ဒီဂတ်တွေ အရမ်းအံ့ဩပြီး တုန်လှုပ်ကုန်ကြသည်။

ကုန်းမိသားစုရဲ့ သွေးအေးတဲ့သခင်လေးကုန်းကတစ်နေ့မှာ မိန်းကလေးတစ်ယောက်ကိုချစ်မိသွားမယ်လို့ ဘယ်သူမှမထင်ထားပေ။

ဒါ့ပြင် သူက သူမကို လေးလေးနက်နက်ဂရုစိုက်သည်။

မဟုတ်ရင် သူတို့ဘော့စ်က ညလယ်ခေါင်ကြီးဟယ်လီကော်ပတာနဲ့လာဖို့ ကုမ္ပဏီရဲ့လက်ရွေးစင်ဘော်ဒီဂတ်တွေကို ခေါ်မှာမဟုတ်ဘူးလေ။

ရုတ်တရက်ဆိုသလို ဒီဘော်ဒီဂတ်တွေက သူတို့ဘော့စ်ရဲ့ချစ်သူကိုတွေ့ဖို့ စိတ်လှုပ်ရှားသွားကြသည်။

မေမေရှောင်ကပြုံးပြီး

“ထျန်းဟောက် မင်းတစ်ယောက်ပဲ သူ့ရဲ့ဆိုးရွားတဲ့အမူအကျင့်ကို သည်းခံနိုင်တာ”

ကုန်းထျန်းဟောက်ကပြုံးလိုက်ပြီး ချက်ကျလက်ကျနဲ့

“ဒါကျွန်တော်လုပ်သင့်တာပဲမလား?”

မေမေရှောင်နဲ့ ဖေဖေရှောင်က ပျော်မသွားမီ အရင်ဖြည်းဖြည်းချင်း သက်ပြင်းချလိုက်ကြသည်။

မေမေရှောင်က

“ငါယွီအာကိုနှိုးပြီး ဒီအကြောင်းပြောပြလိုက်မယ်”

ကုန်းထျန်းဟောက်က ချက်ချင်း သူမကိုတားလိုက်သည်။

“မလိုပါဘူး ဒေါ်လေး၊ ကျွန်တော်တို့သူ့ကို မနက်ဖြန်မှပြောလို့ရတယ်လေ။ သူနားလည်မှာပါ။

ကျွန်တော်တို့ သူအိပ်နေတာကို မနှောင့်ယှက်သင့်ဘူး”

မေမေရှောင်က သဘောတူလိုက်သည်။

“ကောင်းပြီလေ ဒါပေမယ့်...”

သူမက အခန်းထဲက ဘော်ဒီဂတ်တွေကို ကြည့်လိုက်ပြီး ဘာလုပ်ရမှန်းမသိချေ။

သူတို့မှာ ဧည့်သည်အခန်းတစ်ခုရှိပြီး ရှောင်လင်းယဲ့ရဲ့အခန်းကလည်း လွတ်နေသည်။

ဒါပေမယ့် ဒါက ဘော်ဒီဂတ်တွေအတွက် သေချာပေါက် မလုံလောက်ပေ။

ကုန်းထျန်းဟောက်က ချက်ချင်း

“ဒေါ်လေးသူတို့ကိုဒေါ်လေးတို့တွေ့ရအောင်တင် ကျွန်တော်ကခေါ်လာတာ။ မနက်ဖြန်ကျရင် သူတို့က အထောက်အထားအသစ်တစ်ခုနဲ့ပြန်လာပြီး ဒေါ်လေးတို့ကို စောင့်ရှောက်လိမ့်မယ်။ ဒါပေမယ့် ဒီညတော့ သူတို့ခရိုင်မြို့ကို ပြန်သွားမှာ။ သူတို့မနက်ဖြန်ပြန်လာလိမ့်မယ်”

“ဟမ်?”

မေမေရှောင်နဲ့ ဖေဖေရှောင်တို့ နားမလည်နိုင်ဖြစ်သွားသည်။

ကုန်းထျန်းဟောက်က

“ဟုတ်တယ် မနက်ဖြန်ကျရင် သူတို့က ကျွန်တော့်ရဲ့ရပ်ဝေးကဆွေမျိုးတွေ မဟုတ်ရင် ကုမ္ပဏီဝန်ထမ်းတွေအနေနဲ့ ပြန်လာလိမ့်မယ်။ သူတို့ ဒီမှာနေဖို့ အဲ့ဒီရုပ်ဖျက်ထားကို သုံးလို့ရတယ်။ ဝမ်ကျီနဲ့ ယွမ်မင်က ကျွန်တော့်ဝမ်းကွဲတွေဖြစ်လိမ့်မယ်။ သူတို့ ယွီအာနဲ့နေကြလိမ့်မယ်။ ဘယ်သူမှ ဘာမှသံသယဖြစ်မှာမဟုတ်ဘူး။ သူတို့ကိုလူသိရှင်ကြားဘော်ဒီဂတ်တွေအနေနဲ့ ထားတာထက် ဒီနည်းလမ်းက ပိုကောင်းလိမ့်မယ်”

ဖေဖေရှောင်က ပြုံးပြီး

“ထျန်းဟောက် မင်းကတကယ် တွေးတတ်တာပဲ။ ကောင်းပြီ ငါတို့ မင်းပြောသလိုလုပ်မယ်”

ပြီးနောက် သူက မေမေရှောင်ကို ညွှန်ကြားလိုက်သည်။

“အချစ် ကိုယ်တို့အခန်းတစ်ခန်းရှင်းထားသင့်တယ်။ ဒီနေရာက နေရာထိုင်ခင်းက သိပ်မကောင်းဘူး ဒါပေမယ့် ကိုယ်တို့ မိန်းကလေးနှစ်ယောက်ကို အခက်တွေ့အောင်လုပ်လို့မရဘူး”

မေမေရှောင်ကပြုံးပြီး

“ဒါပေါ့ရှင်!”

ကုန်းထျန်းဟောက်က

“မိန်းကလေးဘော်ဒီဂတ်နှစ်ယောက်က ဒေါ်လေးတို့နဲ့နေလိမ့်မယ်။ ကျန်တဲ့သုံးယောက်က ကျွန်တော်နဲ့နေလိမ့်မယ် ။ ညဘက်မှာ ဒေါ်လေးတို့‌အိမ်ကို စောင့်ကြပ်ဖို့ သူတို့ အလှည့်ကျယူလိမ့်မယ်။ သူတို့ကအရမ်းကျွမ်းကျင်တယ်။ ဦးလေးနဲ့ ဒေါ်လေး၊ ဒေါ်လေးတို့ ညဘက်မှာ သက်သက်သာသာအနားယူလို့ရတယ်”

“ကောင်းပြီ ကျေးဇူးပါ ထျန်းဟောက်!”

မေမေရှောင်က သဘောပေါက်ပြီး ပြောလိုက်သည်။

ပြီးနောက် ကုန်းထျန်းဟောက်က သူ့လူတွေခေါ်ပြီး ပြန်သွားသည်။

သူတို့ထွက်သွားပြီးတော့ ဖေဖေရှောင်က အပြံးတစ်ခုနဲ့

“အချစ် ထျန်းဟောက်က ကိုယ်တို့ကိုကာကွယ်မယ်လို့ ပြောခဲ့တာကို မအံ့ဩတော့ဘူး။ အခု ကိုယ်တို့ညဘက်မှာ ပိုကောင်းကောင်းအိပ်နိုင်တော့မယ်”

ဖေဖေရှောင်က စနိုးစနောင့်နဲ့

“ဒါပေမယ့်လည်း အိမ်မှာ မိန်းကလေးနှစ်ယောက်ရှိနေတော့ ယွီအာ စိုက်ပျိုးရေးနေရာလွတ်ကိုသုံးရင် အရမ်းဂရုစိုက်ရတော့မယ်။ ဒါသာပေါက်ကြားသွားရင် သူအရမ်းအန္တရာယ်ရှိသွားမှာ”

မေမေရှောင်က

“ဒီလိုအရေးကြီးတဲ့အချိန်မှာ စိုက်ပျိုးရေးနေရာကို သုံးတာရပ်ဖို့ ကျွန်မတို့ ယွီအာကိုပြောသင့်တယ်။ မနက်ဖြန် ကျွန်မတို့ သူ့ကို သတိပေးလိုက်ရအောင်”

ဖေဖေရှောင်က ခေါင်းညိတ်လိုက်သည်။

“အင်း!”

ကုန်းထျန်းဟောက်ရဲ့လူတွေက သူတို့ကို ဘေးကင်းလုံခြုံစေတဲ့ ခံစားမှုတစ်ခု သယ်လာပေးသည်။

ပုံမှန်ဆို ဖေဖေရှောင်နဲ့ မေမေရှောင်က ကောင်းကောင်းမအိပ်နိုင်ကြပေမယ့် အခုတော့ သူတို့အိပ်ပျော်သွားပြီး ဟောက်တောင်နေကြသည်။

‘ဖေဖေရှောင်နဲ့ မေမေရှောင်မသိလိုက်တာက သူတို့အခန်းထဲဝင်သွားတာနဲ့ ရှောင်လင်းယွီက သူ့မျက်လုံးတွေကို ဖွင့်လိုက်သည်။

တကယ်တော့ ခြံထဲက ခြေသံတွေကို ကြားကတည်းက သူမနိုး‌နေခဲ့သည်။

သူမ ကုန်းထျန်းဟောက်ရဲ့ခြေသံတွေကို မှတ်မိသည်။

ဒါကြောင့် သူမမထခဲ့ပေ။

သူတို့အိမ်ကို သူ မကောင်းတဲ့လူတွေခေါ်လာမှာမဟုတ်မှန်း သူမသိသည်။

ပြီးနောက် မျက်လုံးကိုပိတ်လိုက်ပြီး အပြင်ဘက်မှာဖြစ်နေတာတွေအားလုံးကို နားထောင်နေခဲ့သည်။

ကုန်းထျန်းဟောက်က သူ့ရဲ့ ဘော်ဒီဂတ်တွေကို တိုက်ရိုက်ချပေးလိမ့်မယ်လို့ သူမမထင်ထားခဲ့ပေ။

သူမကို ကာကွယ်ဖို့ မိန်းကလေးဘော်ဒီဂတ်နှစ်ယောက်ကိုတောင် သူက အသေးစိတ် တပ်ဖြန့်ထားသေးသည်။

တကယ်တော့ ရှောင်လင်းယွီရဲ့ခန္ဓာကိုယ်က သူမစိုက်ပျိုးရေးနေရာကို သုံးကတည်းက တိုးတက်လာသည်။

သူမရဲ့ မြန်မြန်ပြေးနိုင်တဲ့နှုန်းအပြင် အားလည်းကောင်းလာသည်။ သူမရဲ့ အကြားအာရုံ၊ အမြင်အာရုံနဲ့ အနံ့ခံနိုင်စွမ်းတွေက ပုံမှန်လူတစ်ယောက်ထက် ပိုအသေးစိတ်လာသည်။

ဒါက ကုန်းထျန်းဟောက်နဲ့ သူ့အစောင့်တွေ ခြံတံခါးကိုချဉ်းကပ်လာတဲ့အချိန်မှာ သူမဘယ်လိုကြားရလဲဆိုတာဖြစ်သည်။

သူမသာ ကိုယ်ဝန်မရှိနေဘူးဆိုရင် သူမကိုယ်သူမ လွယ်လွယ်ကူကူစောင့်ရှောက်နိုင်သည်။ ဒါပေမယ့် အခုသူမက အားကိုးရာမဲ့နေသည်။

သူမစိုက်ပျိုးရေးနေရာလွတ်ကို မသွားသရွေ့...လွတ်မြောက်နိုင်မယ့် နည်းလမ်းမရှိချေ။

ဒါပေမယ့်လည်း သူမက ပါးလျတဲ့လေဟာနယ်ထဲကို ပျောက်ကွယ်သွားရင် လူတိုင်းကို အံ့အားသင့်ကုန်စေလိမ့်မည်။

လူတော်တော်များများ သူမကို အာရုံစိုက်လာလိမ့်မည်။

ဒါကြောင့် ဖြစ်နိုင်ရင် သူမ အဲ့ဒါကိုလုပ်ပြီး သူမမိသားစုကို အန္တရာယ်ထဲ ဆွဲမထည့်ချင်ပေ။

ဒါပေမယ့် ကိစ္စတွေက အခုပိုကောင်းလာပြီ။ သူမရဲ့မိသားစုကိုကာကွယ်ဖို့ ကုန်းထျန်းဟောက်က သူ့ဘော်ဒီဂတ်တွေကို ပို့လိုက်သည်။

ကုန်းထျန်းဟောက်ရဲ့အစွမ်းအစနဲ့ ‌အထောက်အထားနဲ့ဆိုရင် သူပို့လိုက်တဲ့ဘော်ဒီဂတ်တွေက သာမန်ဘော်ဒီဂတ်တွေမဟုတ်နိုင်ပေ။ ဒီတစ်ကြိမ်တော့ သူမရဲ့လုံခြုံမှုက အာမခံပြီးသားဖြစ်သည်။ စိုက်ပျိုးရေးနေရာလွတ်အတွက်ကတော့ အခုလောလောဆယ် သူမ၎င်းကို သုံးမည်မဟုတ်ပေ။

အပြင်လယ်ကွင်းတွေမှာ အသီးအနှံတွေက ပေါက်နေကြပြီ။ ဒါကြောင့် တချို့အချိန်တွေအတွက် စိုက်ပျိုးရေးနေရာလွတ်တစ်ခုလုံးကို သူမမလိုတော့ပေ။ စမ်းရေအတွက်ကတော့ ၎င်းကို ထုတ်ဖို့ ရေထဲမှာ သူမလက်ကို ထားလိုက်ဖို့သာလိုသည်။

ဒီအကြောင်းကို သူမမိဘတွေသိနေမှတော့ သူမဖုံးဖို့ သူတို့ကူညီပေးလိမ့်မည်။

ရှောင်လင်းယွီရဲ့ စိုးရိမ်နေတဲ့စိတ်က သက်သာရာရသွားသည်။

သူမမိဘတွေအိပ်နေတာကိုကြားတော့ သူမလည်းမျက်လုံးပိတ်လိုက်ပြီး အိပ်ပျော်သွားသည်။

သူမနှုတ်ခမ်းပေါ်မှာ အပြုံးတစ်ခုရှိနေခဲ့သည်။

ရှောင်ထုန်ရဲ့အဖေက ဖန်ဆင်းရှင်တစ်ယောက်လို့ သူမခံစားရသည်။ ဘယ်အချိန်ပဲ သူတို့အန္တရာယ်ထဲရောက်ရောက် သူတို့ကိုကာကွယ်ဖို့ သူရောက်လာသည်။ ဒါအရမ်း နှစ်လိုဖွယ်ကောင်းသည်။

ကုန်းထျန်းဟောက်က ဒီဘော်ဒီဂတ်တွေကို အိမ်ပြန်ခေါ်လာပြီးနောက် သခင်ကြီးကုန်းကို နိုးလိုက်သည်။

သခင်ကြီးကုန်းသိရမည့် တစ်စုံတစ်ခုရှိသည်။

“အဘိုး ကျွန်တော် ရှောင်မိသားစုကိုကာကွယ်ဖို့ ဘော်ဒီဂတ်ငါးယောက် စုထားတယ်”

ကုန်းထျန်းဟောက်က ပြောလိုက်သည်။

ဘော်ဒီဂတ်ငါးယောက်က သခင်ကြီးကုန်းကိုမြင်တော့ အံ့ဩသွားသည်။

သူတို့သခင်ကြီးက ဒီလိုသေးငယ်တဲ့ရွာလေးမှာ ဘာလို့ရှိနေတာလဲ?

အထူးကိုယ်စားလှယ်လီက ဒါက ထောင်ယွမ်ရွာလို့ခေါ်တဲ့ တောင်ရွာလေးတစ်ခုဖြစ်ကြောင်း ပြောခဲ့တာကိုတော့ မှတ်မိသည်။

သူတို့ ဒီနေရာကို အရင်ကမကြားဖူးပေ။

ဒါပေမယ့် သူတို့ဘော့စ်နှစ်ယောက်က ဒီမှာ နေနေသည်။

ဒီနေရာက ကုန်းမိသားစုရဲ့ ဘိုးဘေးပိုင်မြေလား?

ဒါပေမယ့် သခင်ကြီးကုန်းက တခြားရွာကလာ‌တာလေ။

အဲ့ဒီရွာကလည်း နာမည်ကြီးနေပြီ။

ဘော်ဒီဂတ်ငါးယောက်ကိုမြင်တော့ သခင်ကြီးကုန်းက သဘောကျမှုနဲ့ ခေါင်းညိတ်လိုက်သည်။

“အင်း မဆိုးပါဘူး”

ပြီးနောက် သူက ဘော်ဒီဂတ်ငါးယောက်ကိုကြည့်လိုက်ပြီး တည်တည်ကြည်ကြည်နဲ့

“ရှောင်မိသားစုရဲ့ ဘေးကင်းလုံခြုံမှုကို ငါမင်းတို့ကို လွှဲထားမယ်”

ဘော်ဒီဂတ်ငါးယောက်က အံ့ဩသွားပြီး ပိုပြီးဝမ်းသာသွားကြသည်။

မေမေရှောင်က သူတို့ကို သူ့သမီးကိုကာကွယ်ပေးဖို့ပြောတော့ သူတို့ဝမ်းသာသွားပေမယ့်လည်း မအံ့ဩခဲ့ပေ။ ဒါပေမယ့်လည်း သူတို့သခင်ကြီးက သူတို့ကို ရှောင်မိသားစုကို ကာကွယ်ပေးခိုင်းခဲ့ပြီး ၎င်းက အရမ်းအံ့ဩဖို့ကောင်းသည်။

တစ်ချိန်တည်းမှာပဲ သူတို့နားမလည်နိုင်ဖြစ်သွားခဲ့သည်။

‘သူတို့သခင်ကြီး၊ ဘော့စ်ကြီးနဲ့ ရှောင်မိသားစုကြားက ဆက်ဆံရေးကဘာလဲ?

သူတို့ကတကယ် ခမည်းခမက်‌တွေလား?

မြို့တော်ကမိသားစုကြီးက လယ်သမားမိသားစုလေးနဲ့ ခမည်းခမက်တွေလား

ဒီ...အထောက်အထားကွာခြားချက်က သူတို့ကို ကြက်သေသေသွားစေခဲ့သည်..

***

All Chapters