← Chapters

ပြာအဖြစ်သို့

Vol. 151 Ch. 2265

ပြာအဖြစ်သို့

Vol. 151 Ch. 2265

ယန်ယန်းနန်းတော်၏ အနက်ပိုင်းထဲမှာ နေကာသစ်ပင်လျှို့ဝှက်ကုန်းမြေ၏ အပြင်ဘက်တွင် စုဝေးလာသောကျင့်ကြံသူများက ပို၍ပို၍များပြားလာ၏။

ဖုန်းယင်ကနေတစ်ဆင့် နေကာသစ်ပင်လျှို့ဝှက်ကုန်းမြေမှ အပြောင်းအလဲသတင်းက နန်းတော်ထဲမှအမြန်ဆုံးနှုန်းဖြင့် ပျံ့နှံ့သွားပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများကို ဆွဲဆောင်နိုင်ခဲ့၏။

ဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများအပြင် ယန်ယန်းနန်းတော်မှ မင်းသားမင်းသမီးအချို့ပင်လျှင် ပြပွဲကို စောင့်ကြည့်ဖို့အတွက် ရောက်ရှိလာခဲ့၏။

“ဘာတွေဖြစ်နေတာလဲ... နေကာသစ်ပင်ဝင်္ကပါက အသက်ဝင်လာပြီး ဆူဇီမိုက အထဲမှာသေသွားပြီလို့ငါကြားတယ်... အဲ့ဒါ ဟုတ်လား”

“ဟုတ်တယ်... အဲ့ဒါက ထျန်ဟုန်ရဲ့လက်ချက်ဖြစ်လိမ့်မယ်... မဟုတ်ရင် သူက တခြားဘာအကြောင်းရှိလို့ ဒီနေရာကိုရောက်လာမှာလဲ”

“ရှဲ့ချင်းချန်က ထျန်ဟုန်ကိုသွားပြီးတော့ စွပ်စွဲနေတာလား... သူက သေချင်နေတာလား”

ယန်ယန်းနန်းတော်မှ မင်းသားတချို့က သူတို့၏ စိတ်ဝိညာဥ်အသိစိတ်များဖြင့် တိတ်တဆိတ် အပြန်အလှန်ပြောဆိုနေကြ၏။

“ဘာတွေဖြစ်နေတာလဲ”

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ အကြီးအကဲများက နောက်ဆုံးရောက်ရှိလာကြ၏။ သူတို့က လူအုပ်ကြီးကို တွန်းဖယ်ပြီး ရှေ့ဆုံးသို့ ရောက်ရှိလာခဲ့လေသည်။

“တာအိုရောင်းရင်း... ကျုပ်စိတ်မကောင်းပါဘူး”

ရှဲ့ထျန်ဟုန်က ဝမ်းနည်းချင်ယောင်ဟန်ဆောင်ပြီး သူ၏ လက်သီးနှစ်ဖက်ကို ယှက်ပြလိုက်၏။

“ဘာလို့လဲမသိဘူး.... သူတို့နှစ်ယောက်က ရုတ်တရက်ရူးသွပ်သွားပြီးတော့ လျှို့ဝှက်ကုန်းမြေမှာရှိတဲ့ ဝင်္ကပါတစ်ခုကို အသက်သွင်းလိုက်မိတယ်... ကျုပ်ဝင်ရောက်တိုက်ခိုက်တဲ့အချိန်မှာ အဲ့ဒါကနောက်ကျသွားပြီ”

“သူတို့နှစ်ယောက်က ဘာလို့ရုတ်တရက်ရူးသွပ်ပြီး ဝင်္ကပါကို အသက်သွင်းရတာလဲ”

တက္ကသိုလ်မှ အကြီးအကဲများက မျက်မှောင်ကြုတ်လိုက်၏။

သူတို့က ဤနေရာမှာမရှိခဲ့သော်လည်း သူတို့၏ ဝမ်းတွင်းအသိစိတ်နှင့် အတွေ့အကြုံများက ဤအကြောင်းပြချက်မှာ တစ်စုံတစ်ရာလွဲမှားနေသည်ဟု သူတို့ကို ပြောနေ၏။ ကိစ္စများက ရှဲ့ထျန်ဟုန်ပြောသလို မရိုးရှင်းနိုင်ပေ။

မင်းသမီးသက်တံနီက စိမ်းသက်သောအမူအရာတစ်ခုနှင့်အတူ ရှဲ့ထျန်ဟုန်ကိုကြည့်ပြီး သူမ၏ လက်သီးနှစ်ဖက်ကိုဆုပ်ထား၏။

တစ်စုံတစ်ရာလွဲမှားနေသည်ကို အာရုံခံမိသွားပြီး တက္ကသိုလ်မှအကြီးအကဲများသည် ရှဲ့ထျန်ဟုန်ကို ထပ်ကြည့်လိုက်ကြ၏။

ရှဲ့ထျန်ဟုန်၏ အမူအရာက တည်ငြိမ်၍ အကြောက်အလန့်ကင်းမဲ့ပြီး ခပ်ယဲ့ယဲ့အမူအရာတစ်ခုနှင့်အတူ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ အကြီးအကဲများနှင့် အကြည့်ချင်းဆုံလိုက်၏။

“သက်တံနီ... အရှင်မင်းသားချင်းချန်... ဘာတွေဖြစ်သွားတာလဲ”

အကြီးအကဲကျုံးက ရှဲ့ချင်းချန်နှင့် သက်တံနီကိုကြည့်ပြီး လေးနက်သောအသံဖြင့်မေးလိုက်၏။

ရှဲ့ချင်းချန်က တွေဝေရှုပ်ထွေးသောအမူအရာတစ်ခုရှိနေပြီး သူ၏ ပါးစပ်ကို အနည်းငယ်ဖွင့်ဟလိုက်သော်လည်း မည်သည့်စကားကိုမှမဆိုဘဲ ရပ်တန့်လိုက်၏။

ယန်ယန်းနန်းတော်၏ တော်ဝင်မိသားစုမှာ အဆင့်အတန်းအရဖြစ်စေ... ကျင့်ကြံမှုနယ်ပယ်အရဖြစ်စေ သူသည် ရှဲ့ထျန်ဟုန်ထက် များစွာနိမ့်ကျလေသည်။

ပို၍အရေးကြီးသည်မှာ သူ့တွင် မည်သည့်သက်သေသက္ကာယမှ မရှိပေ။

သူက မည်သည့်သက်သေအထောက်အထားမှမရှိဘဲ သူ၏ ခန့်မှန်းချက်နှင့် သံသယများပေါ်အခြေခံပြီး နယ်မြေဒေသတစ်ခုကို အုပ်ချုပ်နေသည့် မင်းသားတစ်ပါးကို ဘယ်လိုလုပ်စွပ်စွဲပြောဆိုနိုင်မည်နည်း။

သူက ယခုအချိန်မှာ ရှေ့သို့ထွက်လာမည်ဆိုလျှင် သူသည် ပြဿနာတက်ကာ လူတိုင်း၏ ပစ်မှတ်ဖြစ်လာဖို့များလေသည်။

“အဲ့ဒါကို ရှဲ့ထျန်ဟုန်လုပ်တာလို့ ကျုပ်သံသယဝင်တယ်”

သို့သော်လည်း အတန်ကြာငြိမ်သက်နေပြီးနောက် ရှဲ့ချင်းချန်က တုန်လှုပ်စရာကောင်းသောပုံစံဖြင့် ရုတ်တရက်ပြောလိုက်၏။

သူသည် လူတိုင်း၏ ရှေ့မှောက်မှာ နယ်မြေဒေသတစ်ခုကို အုပ်စိုးနေသည့် တိုင်းပြည်တစ်ခုမှ မင်းသားတစ်ပါးကို ပေါ်ပေါ်တင်တင် စွပ်စွဲပြောဆိုလိုက်ခြင်းဖြစ်၏။

ဒါ့အပြင် အဲ့ဒါသည် ယန်ယန်းအင်မော်တယ်နိုင်ငံ၏ တော်ဝင်မိသားစုအကြား ခွာပြဲမှုတစ်ခုဖြစ်၏။

ပို၍အရေးကြီးသည်မှာ အထဲမှာသေဆုံးခဲ့သောသူက ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံး ဆူဇီမိုဖြစ်လေသည်။ အဲ့ဒါသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်နှင့် သက်ဆိုင်နေပြီး ဤကိစ္စကို ကောင်းမွန်စွာမကိုင်တွယ်နိုင်ဘူးဆိုလျှင် အဖွဲ့အစည်းနှစ်ခုကြား စိတ်ဝမ်းကွဲမှုတစ်ခုဖြစ်ပေါ်လာနိုင်၏။

“ဟမ့်...”

ရှဲ့ထျန်ဟုန်၏ အမူအရာက အေးစက်လာပြီး သူကစိမ်းသက်သော အမူအရာဖြင့် ပြောလိုက်၏။

“ရှဲ့ချင်းချန်... မင်းငါ့ကိုဘယ်လိုတောင် စွပ်စွဲပြောဆိုရဲတာလဲ”

“ရှဲ့ချင်းချန်က နိမ့်ကျသက်ရှိတစ်ယောက်ပဲ... အစ်ကိုထျန်ဟုန် သူနဲ့ဖက်ပြိုင်မနေနဲ့”

မလှမ်းမကမ်းကနေ သရော်တော်တော်အမူအရာတစ်ခုနှင့်အတူ နောက်ထပ်မင်းသားတစ်ပါးက ဖြည်းဖြည်းချင်းလျှောက်လှမ်းလာ၏။

“အဲ့ဒါအမှန်ပဲ”

နောက်ထပ်မင်းသားတစ်ပါးကလည်း ရှေ့သို့ထွက်လာခဲ့၏။

“ရှဲ့ချင်းချန်... အဖေ့ရဲ့ မြင့်မြတ်တဲ့မျိုးဆက်သွေးက မင်းရဲ့ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတယ်ဆိုရင်တောင်... မင်းကနိမ့်ကျသက်ရှိတစ်ယောက်ရဲ့ စိမ့်ဝင်ထိုးဖောက်နေတဲ့ သဘာဝကနေ ရုန်းထွက်နိုင်မှာမဟုတ်ဘူး”

“မင်းက... အစ်ကိုထျန်ဟုန်ကို အမှုဆင်လိုက်တာနဲ့ပဲ... မင်းက ပလ္လင်ပေါ်ကို တက်လှမ်းလာဖို့ အဆင့်မီမယ်ထင်လို့လား အဝေးကြီးလိုသေးတယ်”

ရှဲ့ထျန်ဟုန်က သူ့ကိုယ်သူရှင်းမပြရခင်မှာပင် ယန်ယန်းအင်မော်တယ်နိုင်ငံ၏ အခြားသောမင်းသားများက ရှေ့သို့ထွက်လာပြီး သူ့အတွက်ရပ်တည်ထွက်ဆိုလိုက်ကြ၏။

ရှဲ့ချင်းချန်က အမူအရာကင်းမဲ့နေသော်လည်း သူ၏ မျက်နှာက အနည်းငယ်ဖြူဖျော့နေ၏။

သူသည် ယန်ယန်းအင်မော်တယ်နိုင်ငံ၏ မင်းသားတစ်ပါးဖြစ်ပြီး အခြားသူများ၏ မျက်လုံးထဲမှာ မြင့်မြတ်သောအဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားလေသည်။

သို့သော်လည်း သူ၏ နောက်ခံက ယန်ယန်းအင်မော်တယ်နိုင်ငံမှ တော်ဝင်မိသားစု၏ မျက်လုံးများထဲမှာ အမြဲတမ်းလက်မခံနိုင်အောင်ဖြစ်နေခဲ့၏။

သူ့အမေသည် အောက်ဘုံလောကများကနေ ရောက်ရှိလာခဲ့​ပြီး အကြောင်းအရင်းမရှိဘဲပင် သေဆုံးခဲ့ရ၏။

ထိုကိစ္စများသည် သူ့နှလုံးသားအနက်ပိုင်းထဲမှာ အမြဲတမ်းနစ်မြုပ်နေပြီး အနက်ရှိုင်းဆုံးအမာရွတ်များ ဖြစ်လာခဲ့၏။

ယခုအချိန်မှာ ထိုဒဏ်ရာများက တစ်ဖန်ပြန်လည်ပွင့်ဟလာခဲ့၏။

ရွှစ်...

ထိုစဥ်မှာပင် အလင်းတန်းတစ်ခုက အဝေးနေစွမ်းအားကြီးမားသောအော်ရာတစ်ခုနှင့်အတူ အံ့မခန်းအမြန်နှုန်းဖြင့် ပျံသန်းလာခဲ့၏။ တစ်ခဏချင်းမှာပင် အဲ့ဒါက ဆင်းသက်လာခဲ့၏။

ပကတိအင်မော်တယ်ရှဲ့လင်...

သူသည် ရှဲ့ချင်းချန်၏ သတင်းပို့အဆောင်ကိုရရှိသောအခါ သူက ဤနေရာသို့ ချက်ချင်းပင် အပြေးအလွှားရောက်ရှိလာခဲ့၏။

တိုတောင်းသောရက်တစ်ရာအတွင်းမှာ ဤကဲ့သို့သော မတော်တဆဖြစ်ရပ်တစ်ခုဖြစ်ပွားလာလိမ့်မည်ဟု သူကထင်မှတ်မထားခဲ့ပေ။

“ဘာတွေဖြစ်သွားတာလဲ”

ရှဲ့လင်က မေးလိုက်၏။

ရှဲ့ထျန်ဟုန်က စောစောကသူပြောခဲ့သည့်အတိုင်း ပြန်ပြောပြလိုက်၏။

ရှဲ့လင်က ရှဲ့ထျန်ဟုန်ကို ခပ်စူးစူးစိုက်ကြည့်လိုက်၏။

သူသည် ယန်ယန်းအင်မော်တယ်နိုင်ငံ၏ မျိုးဆက်များကြားတွင် ဒုတိယနေရာမှာရပ်တည်ပြီး လက်ရှိမင်းသားမင်းသမီးများထက် ပိုမိုအသက်ကြီးလေသည်။ သူသည် လူတိုင်း၏ စိတ်နေစရိုက်နှင့် အပြုအမူများကို သူ၏ လက်ဖမိုးကဲ့သို့ ကောင်းကောင်းသိထား၏။

ကိစ္စများက ရှဲ့ထျန်ဟုန်ပြောသလိုမရိုးရှင်းဘူးဆိုတာ သူပြောနိုင်လေသည်။ ဒါ့အပြင် ရှဲထျန်ဟုန်က ဒုံမင်းအင်မော်တယ်ကို ဘယ်လောက်ထိသဘောကျလဲ သူတွေးမိသောအခါ အဲ့ဒါက ရှဲ့ထျန်ဟုန်၏ လက်ချက်ဖြစ်ဖို့များကြောင်း သူကခန့်မှန်းမိသွားပြီဖြစ်၏။

ရှဲ့လင်က အသံတိတ်နေ၏။

ထိုထင်မြင်ယူတချက်များက သူ၏ စိတ်ထဲမှာသာလှည့်ပတ်နေပြီး သူက အဲ့ဒါကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

အဲ့ဒါသည် ယန်ယန်းအင်မော်တယ်နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေပြီး သူက ဤကိစ္စကို အများရှေ့မှာ ထုတ်ဖော်ပြောဆိုဖို့ မသင့်ပေ။

“အရှင်မင်းသားရှဲ့လင်... ကျေးဇူးပြုပြီး နေကာသစ်ပင်ဝင်္ကပါကို မြန်မြန်ပိတ်ချပေးပါ”

အကြီးအကဲကျုံးက ရှဲ့လင်ပေါ်ထွက်လာသည်ကိုတွေ့မြင်သောအခါ အလောတကြီးပြောလိုက်၏။

ရှဲ့လင်က ညင်သာစွာသက်ပြင်းချပြီး တောင်ပန်သည့်လေသံဖြင့် ပြောလိုက်၏။

“နေကာသစ်ပင်ဝင်္ကပါက အသက်ဝင်သွားတာအခုဆိုရင်.. နာရီအနည်းငယ်ကြာသွားပြီ... တာအိုရောင်းရင်းတို့ ခင်ဗျားတို့ စိတ်ကိုခိုင်ခိုင်ထားသင့်တယ်”

“ဆူဇီမိုက သေသွားတယ်ဆိုရင်တောင် ကျုပ်တို့က သူ့ရဲ့အလောင်းကို တွေ့မြင်ချင်တယ်”

အကြီးအကဲဟဲက ဒေါသတကြီးပြောလိုက်၏။

ရှဲ့ထျန်ဟုန်က သူ၏ ပခုံးကို ညင်သာစွာတွန့်ပြီး မှင်သေသေဖြင့်ပြောလိုက်၏။

“ဝင်္ကပါက အသက်ဝင်လာတာနဲ့ အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်တောင်မှ အထဲမှာတစ်နာရီအတွင်း ပြာကျသွားလိမ့်မယ်... ခင်ဗျားတို့တွေက အထဲကိုဝင်ကြည့်တဲ့အခါ စိတ်ပျက်ရလိမ့်မယ်”

ရှဲ့ထျန်ဟုန်၏ လေသံမှာ မည်သည့်တောင်းပန်မှုအငွေ့အသက်မှုမပါရှိပေ။ ထိုအစား အူမြူးအားရမှုအရိပ်အယောင်တစ်ခုပင် ပါရှိနေ၏။

အလောင်းတစ်လောင်းပင်မကျန်ရှိဘဲ ပြာအဖြစ်ပြောင်းလဲသွားပေမည်။

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ လူတိုင်း၏ မျက်လုံးများက တုန်လှုပ်မှုနှင့် အမျက်ဒေါသနှင့်အတူ မှေးမှိန်သွား၏။

“အရှင်မင်းသားရှဲ့လင်... ယန်ယန်းအင်မော်တယ်နိုင်ငံက ဒီကိစ္စအတွက် တာဝန်ယူဖြေရှင်းပေးရလိမ့်မယ်”

အကြီးအကဲကျုံးက သူ၏ ရင်ထဲရှိ ပူဆွေးမှုနှင့် မကျေမချမ်းမှုကို အတတ်နိုင်ဆုံးဖိနှိမ်ပြီး လေးနက်သောအသံဖြင့်ပြောလိုက်၏။

“အဆင့်-၉ ကောင်းကင်အင်မော်တယ်နှစ်ယောက်က သူနဲ့အတူသေဆုံးပေးခဲ့ရတာ မလုံလောက်သေးဘူးလား”

ရှဲ့လင်က မပြောရသေးခင်မှာပင် ရှဲ့ထျန်ဟုန်က ဝင်ရောက်ပြောဆိုလိုက်၏။

စောစောက သူသတ်ခဲ့သော အစောင့်တပ်သားနှစ်ယောက်မှာ ထူးခြားသောကျင့်ကြံမှုနယ်ပယ်များရှိနေ၏။ သူတို့နှစ် ယောက်စလုံးက အဆင့်-၉ ကောင်းကင်အင်မော်တယ်များဖြစ်လေသည်။

“အဲ့ဒါကို ဘယ်လိုလုပ်ယှဥ်လို့ရမှာလဲ”

အကြီးအကဲကျုံးသည် ရှဲ့ထျန်ဟုန်၏ မထီတရီလေသံကိုကြားရသောအခါ သူက ဒေါသတကြီးအော်ပြောလိုက်၏။

ရှဲ့ထျန်ဟုန်က ရယ်မော၍ အေးအေးလူလူပင်မေးလိုက်၏။

“ကျုပ်က... တရားခံတွေကိုနေရာမှာတင် သတ်ဖြတ်ခဲ့ပေးပြီးပြီ... ကျုပ်တို့ကို တခြားဘယ်လိုများ တာဝန်ယူပေးစေချင်သေးလို့လဲ”

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ အကြီးအကဲများက မကျေမနပ်ဖြစ်နေသော်လည်း သူတို့က အဲ့ဒါကိုဖွင့်ထုတ်စရာနေရာမရှိပေ။

ရှဲ့ထျန်ဟုန်ကိုပါ သေစေချင်သည်ဟု သူတို့က တကယ်ပဲ ထုတ်ဖော်ပြောဆိုရမှာလား။

သူတို့မှာ မည်သည့်သက်​သေသက္ကာယမှမရှိသည့်အချက်ကို အသာထား...။

သက်သေအထောက်အထားရှိသည်ဆိုလျှင်တောင် ဤနေရာက ယန်ယန်းအင်မော်တယ်နိုင်ငံဖြစ်ပြီး သူတို့က ရှဲ့ထျန်ဟုန်ကို ဘာမှလုပ်နိုင်လိမ့်မည် မဟုတ်ပေ။

“ဆူဇီမိုက ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးနေရာကို အခုပဲရပြီး ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကို ဂမ္ဘီရမိုးကောင်းကင်ကုန်း​မြေတိုက်မှာ ထပ်ပြီးကျော်ကြားလာအောင် ကူညီပေးခဲ့တယ်... အခုတော့ သူက ဒီလိုမျိုးကပ်ဘေးတစ်ခုနဲ့ ကြုံတွေ့ရတယ်ဆိုတော့…”

“သူက အဲ့ဒါနဲ့ထိုက်တန်တယ်... သူက အရမ်းကို ထက်ရှလွန်းပြီးတော့ ပညာရှင်တွေအများကြီးကို ဆန့်ကျင်ခဲ့တယ်... သူကဒီချိန်ထိ ရှင်သန်နိုင်ခဲ့တာပဲ မဆိုးလှဘူး”

ကျင့်ကြံသူများစွာက တီးတိုးဆွေးနွေးပြောဆိုနေကြ၏။ သူတို့ထဲမှအချို့က သနားဂရုဏာသက်နေပြီး အချို့ကတော့ အူမြူးအားရနေ၏။

‘မင်းက ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးနေရာကို ရရှိခဲ့တယ်ဆိုတော့ရော ဘာဖြစ်လဲ မင်းကဒီလောက်ထိ မြန်မြန်ဆန်ဆန် သေသွားမှတော့... အဲ့ဒါကဘာများသုံးစားလို့ရသေးလို့လဲ။’

အပြုံးတစ်ခုနှင့်အတူ သူ့ဘာသာသူစဥ်းစားတွေးတောရင်း ဖုန်းယင်၏ ရင်ထဲရှိ မကျေနပ်ချက်များက လွင့်ပြယ်လာခဲ့၏။

ရှဲ့လင်က သက်ပြင်းချလိုက်၏။

“အရင်ဆုံး... နေကာသစ်ပင်ဝင်္ကပါကို ပိတ်ချလိုက်တာပိုကောင်းမယ်... ဘာပဲဖြစ်ဖြစ် အထဲကိုတစ်ချက်ဝင်ကြည့်ကြတာပေါ့... တကယ်လို့ ဆူဇီမိုက ကောင်းကင်ဘုံရဲ့ကောင်းချီးပေးခံရပြီး...”

ရှဲ့လင်က သူ၏ စကားကို ဆုံးအောင်မပြောနိုင်ပေ။

အဲ့ဒါက နှစ်သိမ့်မှုတစ်ခုဆိုတာကို သူသိထားလေသည်။

ဘေးဘက်မှာ ရှဲ့ထျန်ဟုန်က ရယ်မော၍ သူ၏ ခေါင်းကိုခါလိုက်၏။

“ဆူဇီမိုက အသက်ရှင်နေဦးမယ်ဆိုရင် တကယ့်ကိုထူးခြားအံ့မခန်းဖြစ်နေလိမ့်မယ်”

All Chapters