အခြေအနေကိုပြန်ပြောင်းခြင်း
Vol. 151 Ch. 2251
စိတ်နှလုံးထွင်းဖောက်... ထျန်ဟွမ်ကုန်းမြေတိုက်တွင် နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာတုန်းက ဆူဇီမိုသည် ဤနတ်ဘုရားစွမ်းအား၏ လျှို့ဝှက်ဆန်းကြယ်မှုကို ပထမဆုံးအကြိမ်တွေ့ကြုံခံစားခဲ့၏။
ထိုအချိန်တုန်းက ကိုယ်တော်ယွမ်ပေသည် ဆူဇီမို စဥ်းစားတွေးတောနေသည့်အရာကို ကြိုတင်သိရှိပြီး မမေးခင်မှာ အဖြေကိုကြိုတင်ဖြေပေးခဲ့၏။
သို့သော်လည်း ထိုနတ်ဘုရားစွမ်းအားပေါ် ကိုယ်တော်ယွမ်ပေ၏ နားလည်ဆင်ခြင်မှုက ဖုန်းယင်ထက်များစွာနိမ့်ကျလေသည်။
သူ၏ စိတ်နှလုံးထွင်းဖောက်ကို ဤကဲ့သို့သော အဆင့်တစ်ခုထိ နားလည်ဆင်ခြင်ပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားနှင့် ပြီးပြည့်စုံလုနီးပါး ပေါင်းစည်းထား၏။ ထိုအချက်ကပင် လူတိုင်းကို တုန်လှုပ်သွားစေဖို့ လုံလောက်၏။
သမိုင်းတစ်လျှောက်မှာ ထိုသို့ပြုလုပ်နိုင်သော ပြိုင်စံရှားနှင့် ပြန်ဝင်စားမွန်းစတားများ မရှိခဲ့ပေ။
တကယ်တော့ ဖုန်းယင်သည် အဲ့ဒါကို ဤအဆင့်ထိ နားလည်ဆင်ခြင်နိုင်ခဲ့သည့် အဓိကအကြောင်းအရင်းမှာ သူ၏ ပြန်ဝင်စားခြင်းအတွေ့အကြုံကြောင့်ဖြစ်၏။
သူက တစ်ခါသေခဲ့ဖူး၏။
သူ၏ ဝိညာဥ်သည် သူ၏ စိတ်ဝိညာဥ်အသိစိတ်အမှတ်အသားကို သယ်ဆောင်ပြီး မသိလိုက်မသိခင်မှာပင် တစ်စုံတစ်ရာကို နားလည်ဆင်ခြင်နိုင်ခဲ့၏။
သူသည် ထိုနားလည်ဆင်ခြင်မှုတစ်စွန်းတစ်စနှင့်အတူ ပြန်ဝင်စားလာခဲ့၏။
သူစတင်ကျင့်ကြံချိန်တုန်းက သူသည် သူ့ယခင်ဘဝ၏ မှတ်ဉာဏ်များကို ပြန်လည်မရရှိသေးပေ။ သို့သော်လည်း သူသည် သူမွေးဖွားလာသည့်ခဏမှာပင် စိတ်နှလုံးထွင်းဖောက်၏ လျှို့ဝှက်ဆန်းကြယ်သောစွမ်းရည်ကို ပိုင်ဆိုင်လာခဲ့၏။
သူ၏ ပါရမီအရည်အချင်းအရ သူ့အနေဖြင့် ထိုအစွမ်းအစကို သူ၏ တိုက်ခိုက်ရည်ခွန်အားထဲသို့ ထည့်သွင်းပေါင်းစည်းပြီး အောင်မြင်အောင်ကျင့်ကြံဖို့က အချိန်သိပ်မယူခဲ့ရပေ။
“အို...”
ဖုန်းယင်၏ စိတ်ဝိညာဥ်အသိစိတ်က လှုပ်ရှားသွားပြီး ဆူဇီမိုထံမှ အပြောင်းအလဲကို အာရုံခံမိသောအခါ သူ၏ မျက်နှာပေါ်ရှိအပြုံးက ပိုမိုပေါ်လွင်လာခဲ့၏။
“မင်းရဲ့အာရုံငါးပါးကို ချိပ်ပိတ်လိုက်တာလား... မင်းက အာရုံငါးပါးကိုပိတ်ဆို့ထားရုံနဲ့ စိတ်နှလုံးထွင်းဖောက်ရဲ့ထောက်လှမ်းခြင်းကို ရှောင်လွှဲနိုင်မယ်ထင်နေတယ်ပေါ့”
အမူအရာကင်းမဲ့စွာဖြင့် ဆူဇီမိုက သူ၏ အာရုံငါးပါးကို ပိတ်ဆို့ပြီး သူ့ကိုယ်သူဗလာနယ်အခြေအနေသို့ ဝင်ရောက်သွားစေ၏။
သူ၏ စိတ်က မည်သည့်စိတ်ခံစားချက်မှမရှိဘဲ တဖြည်းဖြည်းတည်ငြိမ်လာခဲ့၏။
သူသည် ဖုန်းယင်၏ စိတ်နှလုံးထွင်းဖောက်ကနေ ပုန်းရှောင်လိုသည်ဆိုလျှင် သူ၏ အာရုံငါးပါးကို ပိတ်ချထားရုံဖြင့် မလုံလောက်ပေ။ သူက သူ၏ အသိစိတ်နှင့်အတူ လှုပ်ရှားမှုတစ်ခုခုကို မပြုလုပ်နိုင်ပေ။
မဟုတ်ပါက ဖုန်းယင်က အဲ့ဒါကိုသေချာပေါက် သတိထားမိသွားပေလိမ့်မည်။
ဆူဇီမိုမှာ အတွေးတစ်ခုရှိလာပြီး သူကနည်းလမ်းတစ်ခုခုကို ထုတ်ဖော်လိုသည်ဆိုလျှင် ဖုန်းယင်သည် အဲ့ဒါကို အာရုံခံမိသွားပြီး ကြိုတင်ပြင်ဆင်လာပေလိမ့်မည်။
ထိုသို့ဖြင့် သူ၏ တိုက်ခိုက်မှုများသည် အရာမရောက်တော့ဘဲ ဖုန်းယင်က အခြေအနေပေါ် ပကတိခြိမ်းခြောက်မှုဖြင့် အသာစီးရရှိနေပေလိမ့်မည်။
“မင်းရဲ့အာရုံငါးပါးကိုပိတ်ဆို့ပြီးတော့ မင်းရဲ့စိတ်ကိုတည်ငြိမ်စေတာလား”
ဖုန်းယင်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
စိတ်နှလုံးထွင်းဖောက်ကနေတစ်ဆင့် ဆူဇီမိုသည် နက်ရှိုင်း၍မှောင်မည်းသော ရှေးဟောင်းရေတွင်းတစ်တွင်းကဲ့သို့ ဖြစ်သွားပြီး မည်သည့်အရာကိုမှ ထောက်လှမ်းလို့မရတော့သည်ကို သူကအာရုံခံမိလိုက်၏။
ရှေးဟောင်းရေတွင်းထဲမှာ ရေရှိသော်လည်း မည်သည့်ဝဲဂယက်မှမရှိဘဲ ငြိမ်သက်နေ၏။
ရှေးဟောင်းရေတွင်းထဲမှာ မည်သည့်စိတ်ခံစားချက်မှမရှိပေ။
“ဟမ့်...”
ဖုန်းယင်က လှောင်ရယ်လိုက်၏။
“ငါ့ရဲ့စိတ်နှလုံးထွင်းဖောက်ကို ခုခံဖို့အတွက် မင်းကဒီလောက်ထိ စွန့်လွှတ်စတေးလိုက်တယ်ပေါ့လေ... ငါ့ရဲ့တိုက်ခိုက်မှုတွေကို မင်းဘယ်လိုခုခံဦးမလဲ ကြည့်ရသေးတာပေါ့”
ဖျတ်ခနဲဆိုဖုန်းယင်က လေနှင့်အတူအရိပ် လှုပ်ရှားမှုနည်းစနစ်ကို အသုံးချပြီး သူ၏ ဘေးပတ်လည်မှာ အေးစက်နေသောအလင်းတစ်ခုက ရစ်ပတ်လာခဲ့၏။ သူက ခံစစ်ကနေတိုက်စစ်သို့ လျင်မြန်စွာပြောင်းလဲပြီး ဆူဇီမိုကို ပြင်းထန်းကြမ်းတမ်းစွာတိုက်ခိုက်လိုက်၏။
“ဆူဇီမိုကတော့ ရှုံးတော့မယ်”
ပွဲကြည့်ဧရိယာမှာ ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းက ညင်သာစွာပြုံးလိုက်၏။
“အာရုံငါးပါးကိုပိတ်ဆို့ပြီး သူ့ရဲ့စိတ်ကိုတည်ငြိမ်စေလိုက်တာက စိတ်နှလုံးထွင်းဖောက်ရဲ့ ထောက်လှမ်းခြင်းကို ခုခံနိုင်လိမ့်မယ်... ဒါပေမဲ့ သူက သူ့ရဲ့စိတ်ဝိညာဥ်အသိစိတ်ကိုပဲ အသုံးချပြီး ဖုန်းယင်ရဲ့တိုက်ခိုက်မှုတွေကို ခုခံနိုင်မယ်ထင်နေရင်တော့ စိတ်ကူးယဥ်နေတာပဲဖြစ်ရမယ်”
အခြားသောကျင့်ကြံသူများကလည်း ခေါင်းညိတ်လိုက်ကြ၏။
အဲ့ဒါက ထောင်ချောက်တစ်ခုဖြစ်သည်ဆိုတာကို လူတိုင်းကလည်း ပြောနိုင်လေသည်။
ဆူဇီမိုသည် သူ၏ အာရုံငါးကို ပိတ်ဆို့ခြင်းမရှိလျှင် သူသည် ဖုန်းယင်၏ ထိန်းချုပ်မှုအောက်မှာ အမြဲတမ်းရှိနေပေလိမ့်မည်။
သူက သူ၏ အာရုံငါးပါးကို ပိတ်ဆို့လိုက်မည်ဆိုလျှင်လည်း သူက အရေးနိမ့်၍ ဖုန်းယင်၏ ကြမ်းကြုတ်ခက်ထန်သော တိုက်ခိုက်မှုများအောက်သို့ ကျဆင်းသွားရပေလိမ့်မည်။ သူကအဲ့ဒါကို လုံးဝခုခံနိုင်မည်မဟုတ်ပေ။
“ဖုန်းယင်မှာ... ဒီလိုမျိုးလှုပ်ရှားကွက်ရှိနေတယ်ဆိုတော့...”
ပကတိအင်မော်တယ်ရှဲ့လင်က သူ၏ ခေါင်းကို ညင်သာစွာခါပြီး ရေရွတ်ပြောဆိုလိုက်၏။
“သူက... စိတ်နှလုံးထွင်းဖောက်နဲ့ လေနှင့်အတူအရိပ်နဲ့ဆို ပြိုင်ဘက်ကင်းလုနီးပါးဖြစ်နေပြီ... ဆူဇီမိုက သူ့ရဲ့အထွတ်အထိပ်အခြေအနေမှာရှိနေမယ်ဆိုလျှင်တောင် သူက ဒီတိုက်ပွဲမှာ အနိုင်ရချင်မှရတော့မယ်”
လူတိုင်းဆွေးနွေးပြောဆိုနေစဥ်မှာပင် တိုက်ပွဲကွင်းပေါ်မှာ ဖုန်းယင်၏ တိုက်ခိုက်မှုများက ကြမ်းကြုတ်ခက်ထန်လာပြီး နှစ်ဘက်စလုံးက အရှိန်အဟုန်ဖြင့် အချီအနည်းငယ်ကြာတိုက်ခိုက်လိုက်ကြ၏။
လေနှင့်အတူအရိပ်၏ ပေါ့ပါးဖျတ်လတ်ခြင်းအပေါ်မှီခိုပြီး ဖုန်းယင်၏ တိုက်ခိုက်မှုများက အလွန်တရာမြန်ဆန်ကာ သူ၏ ထောင့်ချိုးများက ခန့်မှန်းရခက်ပြီး အဘက်ဘက်ကနေဝင်ရောက်လာနိုင်၏။
သူတို့က သူတို့၏ အာရုံငါးပါးကို ထုတ်ဖော်ထားမည်ဆိုလျှင်တောင် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်မှ ကမ္ဘာမြေအင်မော်တယ် ပြိုင်စံရှားများစွာသည် ဤကဲ့သို့တိုက်ခိုက်မှုများကို ခုခံနိုင်လိမ့်မည်မဟုတ်ပေ။
သို့သော်လည်း လူတိုင်းကို အံ့အားသင့်သွားစေသည်မှာ ဆူဇီမိုသည် ဖုန်းယင်၏ တိုက်ခိုက်မှုများအားလုံးကို ကိုင်တွယ်ဖြေရှင်းပြီး အသာစီးပင်ရရှိလာခဲ့၏။
ထူးဆန်းသော မြင်ကွင်းတစ်ခုက တိုက်ပွဲနယ်မြေမှာ ပေါ်ထွက်လာခဲ့၏။
အားပါပြင်းထန်စွာတိုက်ခိုက်ပြီး တိုက်ခိုက်မှုများကို တရစပ်ထုတ်ဖော်နေသူက ဖုန်းယင်ဖြစ်သည်မှာ သိသာလေသည်။ သို့သော်လည်း သူတို့နှစ်ယောက်တိုက်ခိုက်ဖလှယ်နေစဥ် ဖုန်းယင်က အာရုံငါးပါးကို ပိတ်ဆို့ထားသော ဆူဇီမို၏ ဖိနှိမ်ခြင်းကိုခံရပြီး အရေးနိမ့်လာခဲ့၏။
“ဘယ်လောက်တောင်ထူးဆန်းလိုက်လဲ... ဆူဇီမိုက သူ့ရဲ့ကောင်းကင်ဘုံမျက်လုံးကို ဖွင့်ထားတာလား”
အထက်ဘုံမှ ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှလူများသည် သူတို့၏ နှာရောင်ပေါ်ရှိ ကောင်းကင်ဘုံမျက်လုံးများကို ဖွင့်လှစ်ပြီး စိတ်နှလုံးထွင်းဖောက်ခြင်း၏ အာရုံခံစိတ်မှ ပုန်းကွယ်နိုင်လေသည်။
သို့သော်လည်း ဆူဇီမို၏ အခြေအနေက ထိုသို့မဟုတ်သည်မှာ သိသာလေသည်။
“ဆူဇီမိုက ဘာကိုသုံးပြီးတိုက်ခိုက်နေတာလဲ”
ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းက မျက်မှောင်ကြုတ်လိုက်၏။
ဆူဇီမိုသေချာပေါက် ရှုံးနိမ့်တော့မည်ဟု ယခုတင် သူပြောဆိုခဲ့၏။ သို့သော်လည်း အခြေအနေက ဤကဲ့သို့ ထူးဆန်းစွာပြောင်းလဲလာခဲ့၏။
ရွှစ်...
အေးစက်အလင်းတစ်ခုက ဖျတ်ခနဲလက်သွား၏။
ဖုန်းယင်၏ ဘေးပတ်လည်မှာ ကခုန်နေသောအေးစက်အလင်းက အလွန်တရာလှည့်စားတတ်သော ထောင့်ချိုးဖြင့် ဆူဇီမို၏ ဦးခေါင်းနောက်ဘက်ကနေ ဝင်ရောက်လာခဲ့၏။
အေးစက်အလင်းက သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေ၏။
လေဟာနယ်ကို ထိုးဖောက်လိုက်သောအသံက အလွန်တရာထက်ရှနေ၏။
သို့သော်လည်း ဆူဇီမိုသည် သူ၏ အာရုံငါးပါးကို ပိတ်ဆို့ထားသောကြောင့် အဲ့ဒါကို အာရုံခံမိနိုင်စရာအကြောင်းမရှိပေ။
ကမ္ဘာမြေအင်မော်တယ်များစွာက သူတို့၏ မျက်လုံးများကို ပြူးကျယ်ထားလျှင်ပင် ထိုအေးစက်အလင်းက ဘာဖြစ်သည်ဆိုတာကို မတွေ့မြင်နိုင်ပေ။
အေးစက်အလင်းက ဖျတ်ခနဲလက်သွားသည့်ခဏမှာပင် ဆူဇီမိုက နောက်သို့လှည့်မသွားပေ။ အမူအရာကင်းမဲ့စွာဖြင့် သူက ဖုန်းယင်နှင့်တိုက်ခိုက်နေစဥ် ရုတ်တရက် သူ၏ နောက်ဘက်ကို ဖမ်းဆွဲလိုက်၏။
ချွင်... ချွင်...
ဓားသွားများလိုထက်ရှနေသော လက်သည်းများက ဆူဇီမို၏ လက်ချောင်းထိပ်ဖျားများကနေ ပြူထွက်လာခဲ့၏။ သူတို့က စိမ်းဖန့်ဖန့်အလင်းရောင်ဖြင့် တောက်ပနေပြီး လျှပ်စီးများက ရစ်ပတ်နေ၏။
ချွမ်း...
ဆူဇီမို၏ လက်ငါးချောင်းက သူ၏ ဦးခေါင်းနောက်ဘက်ကို ဖမ်းဆွဲပြီး သူ၏ လက်ချောင်းထိပ်ဖျားက အေးစက်အလင်းကို ဆုပ်ကိုင်လိုက်၏။ အဲ့ဒီမှာ ကြွပ်ဆတ်ဆတ်အသံထွက်ပေါ်လာပြီး မီးပွားများက လွင့်စင်ထွက်သွား၏။
အေးစက်အလင်း၏ အစစ်အမှန်ပုံစံက နောက်ဆုံးမှာထွက်ပေါ်လာခဲ့၏။
အေးစက်အလင်းက လက်တစ်ချောင်းအရွယ် အလွန်လက်ရာမြောက်သော ဆေဘာပျံတစ်လက်ဖြစ်သည်ကို လူတိုင်းက ရှင်းရှင်းလင်းလင်းတွေ့မြင်လိုက်ရ၏။
ဖြောက်... ဖြောက်... ဖြောက်...
ဆေဘာထံမှ အက်ကွဲသံများထွက်ပေါ်လာ၏။
ဆူဇီမိုက သူ၏ ဖမ်းဆွဲမှုကို ဖြေလျှော့လိုက်ပြီး ဆေဘာပျံသည် သေးငယ်သောအစအနများဖြစ် ပြောင်းလဲကာ အစိမ်းရောင်ကျောက်တုံးတိုက်ပွဲကွင်းပေါ်သို့ ပြန့်ကျဲကျဆင်းသွား၏။
လူတိုင်းက တုန်လှုပ်သွားလေသည်။
လျှိုဖျင်ကို ဒဏ်ရာအပြင်းအထန်ရရှိစေခဲ့သော ဤကဲ့သို့သောစွမ်းအားကြီးမားသည့် နတ်ဘုရားလက်နက်ကပင် ယခုအခါ ဆူဇီမို၏ လက်သည်းများဖြင့် ခြေမွှခြင်းကိုခံလိုက်ရ၏။
ပို၍အရေးကြီးသည်မှာ အခြေအနေက ပြောင်းလဲသွားပုံရလေသည်။
ဖုန်းယင်၏ အားသာချက်က ပျောက်ဆုံးသွား၏။
အာရုံငါးပါးကိုပိတ်ဆို့ထားသည့် ဆူဇီမိုက ဘာ့ကြောင့်ဖုန်းယင်ကိုတိုက်ခိုက်နိုင်ပြီး အသာစီးပင်ရရှိလာသည်ကို မည်သူကမှနားမလည်နိုင်ကြပေ။
ဆူဇီမိုသည် ထိုသို့ပြုလုပ်နိုင်သည့် အကြောင်းအရင်းမှာ မဟာအရိုင်းကမ္ဘာမှ ဂမ္ဘီရကျင့်စဥ်ကနေ သူကျင့်ကြံထားသည့် သူ၏ အာရုံခံသတိစိတ်ကြောင့်ဖြစ်၏။
အဲ့ဒါသည် စိတ်နှလုံးထွင်းဖောက်ထက်ပင် ပို၍ထူးခြားအံ့မခန်းဖြစ်သော တစ်စုံတစ်ရာဖြစ်၏။
သူ၏ အာရုံခံသတိစိတ်ကြောင့်ပင် ဆူဇီမိုသည် သေရေးရှင်ရေး အခြေအနေများစွာကနေရှင်သန်နိုင်ခဲ့၏။
မဟာအရိုင်းကမ္ဘာမှ သားရဲဘုရင် ၁၂ပါး၏ ဂမ္ဘီရကျင့်စဥ်သည် ဆူဇီမိုကျင့်ကြံဖို့အတွက် အောက်ဘုံလောကမှာ တျဲယွဲ့ချန်ထားရစ်ခဲ့သည့် ကျင့်စဥ်တစ်ခုဖြစ်၏။
အတွင်းမှာပါဝင်သော ကျင့်ကြံရေးနည်းစနစ်များနှင့် သုတ္တန်များစွာက ယခုအချိန်မှာ သုံးစားမရတော့ပေ။
သို့သော်လည်း ဤကျင့်ကြံရေးနည်းစနစ်၏ အနှစ်သာရနှင့် သတ်ဖြတ်ကွက်များစွာသည် အထက်ဘုံမှာပင် စဥ်းစားကြည့်၍မရနိုင်သော ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုကို ထုတ်ဖော်နိုင်ဆဲဖြစ်၏။
အနီးကပ်တိုက်ခိုက်ရည်မှာကျော်ကြားသော ယွဲ့ဖုန်သည် ဆူဇီမိုနှင့် တိုင်ခိုက်ခဲ့သည့်နှစ်ချီအတွင်း ထိုဂမ္ဘီရကျင့်စဥ်၏ ကြောက်မက်ဖွယ်ရာ ကောင်းမှုကို တွေ့မြင်ခဲ့ရ၏။
ဖုန်းယင်က သုန်မှုန်နေသော အမူအရာနှင့်အတူ အစိမ်းရောင်ကျောက်တုံးတိုက်ပွဲကွင်းပေါ်မှာ မတ်တတ်ရပ်နေ၏။
ဓမ္မရတနာတစ်ခုပျက်စီးသွားခြင်က သူ့အတွက် ဘာမှမဟုတ်ပေ။ သို့သော်လည်း စိတ်နှလုံးထွင်းဖောက်ကို ဆူဇီမိုဖြေရှင်းလိုက်နိုင်သည့်အချက်က သူ့အတွက် ကြီးမားသည့် ရိုက်ချက်တစ်ခုဖြစ်လာခဲ့၏။
သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ သူသည် စိတ်နှလုံးထွင်းဖောက်ကို ချိုးဖျက်နိုင်သည့် မည်သည့်ပြိုင်ဘက်နှင့်မှ မကြုံတွေ့ခဲ့ရဖူးပေ။
ကမ္ဘာမြေအင်မော်တယ်တစ်ယောက်အနေဖြင့် သူသည် ကောင်းကင်အင်မော်တယ်များစွာနှင့်ပင် ကြုံတွေ့ခဲ့သော်လည်း သူတို့သည် သူ၏ စိတ်နလုံးထွင်းဖောက်ဖြင့် ထောက်လှမ်းခြင်းကနေ မရှောင်လွှဲနိုင်ခဲ့ပေ။
ယခုအဲ့ဒါသည် အစက မထင်မရှားဖြစ်ခဲ့သော အောက်ဘုံလောကမှကျင့်ကြံသူတစ်ယောက်၏ ဖျက်ဆီးခြင်းကိုခံလိုက်ရလေပြီ။