← Chapters

အကြိတ်အနယ်

Vol. 151 Ch. 2252

အကြိတ်အနယ်

Vol. 151 Ch. 2252

ဆူဇီမိုသည် ဖုန်းယင်ကို မည်သည့်စဥ်းစားချိန် သို့မဟုတ် မည်သည့်အသက်ရှုချိန်မှ မပေးပေ။

သူ၏ စိတ်ဝိညာဥ်အသိစိတ်ပေါ်မှီခိုပြီး ဆူဇီမိုက အနီးကပ်တိုက်ခိုက်ရည်မှာ ဖုန်းယင်နှင့် ဆက်လက်ဆင်နွှဲနေပြီး သူ၏ လက်သည်းများက အေးစက်စက်အလင်းတစ်ခုနှင့်အတူ ပြူထွက်နေ၏။ သူတို့က ဆေဘာများ၊ ဓားများကဲ့သို့ ထက်ရှနေပြီး ကြမ်းကြုတ်ခက်ထန်သောတိုက်ခိုက်မှုများနှင့်အတူ အပေါ်အောက်လွှဲယမ်းနေ၏။

သူတစ်ကြိမ်တိုက်ခိုက်လိုက်တိုင်း ဆူဇီမို၏ ခန္ဓာကိုယ်မှာ နဂါးဟိန်းသံက တွဲဖက်ထွက်ပေါ်လာပြီး လောကကိုလှုပ်ခါသွားစေ၏။

သူ၏ အော်ရာက သိပ်သည်းပြင်းထန်ပြီး လောကကို အထက်စီးကနေ ငုံ့ကြည့်နေသည့်ပုံပင်။

လူတိုင်းအတွက်တော့ ဆူဇီမိုက ပျောက်ကွယ်သွားပုံရ၏။

လူတိုင်းက သူတို့၏ မျက်လုံးများကို မှိတ်ပြီး သူတို့၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့်သာ စစ်ဆေးကြည့်ရှုမည်ဆိုလျှင် ထက်ရှသော သွားစွယ်များ၊ လက်သည်းများနှင့် နတ်နဂါးတစ်ကောင်က အစိမ်းရောင်ကျောက်တုံးတိုက်ပွဲကွင်းမှာ လှည့်ပတ်သွားလာနေသည်ကို တွေ့မြင်ရပေလိမ့်မည်။

နတ်နဂါးနှင့် ရင်ဆိုင်ရချိန်မှာ ဖုန်းယင်သည် သစ်ပင်တစ်ပင်ကိုကိုင်လှုပ်ချင်သော ပိုးပျံတစ်ကောင်ကဲ့သို့ အရာမရောက်ဖြစ်နေ၏။

“ဆူဇီမိုက သူ့ရဲ့တိုက်ခိုက်ရေးအတတ်တွေကို ဘယ်ကနေသင်လာခဲ့တာလဲ”

အဖွဲ့အစည်းကြီးများ၏ ကောင်းကင်အင်မော်တယ်များက ဒွိဟဖြစ်နေကြ၏။

“ငါလည်းမပြောတတ်ဘူး... ငါထင်တာမမှားဘူးဆိုရင် အဲ့ဒါတွေက နဂါးမျိုးနွယ်နဲ့ ဆက်စပ်နေတဲ့ပုံပဲ”

ပကတိအင်မော်တယ်ရှဲ့လင်က ခဏမျှစဥ်းစားတွေးတောလိုက်၏။

“မိုးကောင်းကင်ကိုးလွှာမှာတုန်းက သူက တည်နေရာခုန်ကူးခြင်းနဲ့ဆင်တူနဲ့ လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်ခဲ့တယ်.. အဲ့ဒါက နဂါးမျိုးနွယ်ရဲ့ လျှို့ဝှက်အတတ်တစ်ခုဖြစ်လောက်တယ်”

“သူ့က အန္တိမအခွင့်အရေးတစ်ခုနဲ့ကြုံတွေ့ပြီး နဂါးမျိုးနွယ်ရဲ့ ကျင်းကြံရေးနည်းစနစ် ဒါမှမဟုတ် လျှို့ဝှက်အတတ်တချို့ကို ဆက်ခံရရှိထားခဲ့တယ်ဆိုရင်တောင် လူသားတစ်ယောက်က နဂါးမျိုးနွယ်ရဲ့ စွမ်းရည်တွေကို ဒီလောက်အတိုင်းအတာထိ ဘယ်လိုလုပ်ထုတ်ဖော်နိုင်မှာလဲ”

နောက်ထပ်လူတစ်ယောက်က မျက်မှောင်ကြုတ်ကာပြောလိုက်၏။

ရှဲ့လင်ကလည်း မစဥ်းစားတတ်တော့သည့်ပုံဖြင့် ခေါင်းခါပြလိုက်၏။

နဂါးအသူတရာချောက်နက်ကြယ်မှာတုန်းက ဆူဇီမိုသည် သူ၏ အမြုတေစိတ်ဝိညာဥ်ကို နဂါးတစ်ကောင်၏ အလောင်းနှင့် အမှတ်မထင်ပေါင်းစည်းပြီး ပကတိအင်မော်တယ်ပညာရှင်သုံးဦးနှင့် ဆန့်ကျင်တိုက်ခိုက်ခဲ့၏။

ထိုတိုက်ပွဲမှာ မိုးပြာနဂါးအထွတ်အမြတ်ဝိညာဉ်သည် ၎င်း၏ ကျင့်ကြံခဲ့သော မှတ်ဉာဏ်များအပေါ် မှီခိုပြီး နဂါးမျိုးနွယ်၏ တိုက်ခိုက်ရေးအတတ်များကို ထုတ်ဖော်ခဲ့၏။

ဆူဇီမိုသည် နဂါးဖီးနစ်အမြုတေစိတ်ဝိညာဥ်နှင့် ပေါင်းစည်းခဲ့ပြီး အရင်က နဂါးမျိုးနွယ်မှာကျင့်ကြံခဲ့ဖူးလေသည်။ သူသည် နဂါးမျိုးနွယ်နှင့် ပတ်သက်သည့် အရာရာတိုင်းနှင့် အလွန်တရာရင်းနှီးကျွမ်းဝင်မှုရှိ၏။

သူသည် နဂါးမျိုးနွယ်၏ တိုက်ခိုက်ရေးအတတ်များကို အားထုတ်မှုတစ်ဝက်သက်သာစွာဖြင့် ကျင့်ကြံနိုင်၏။

ဒုံမင်းအင်မော်တယ်မုန့်ယောင်နှင့် ဓားအင်မော်တယ်ယွဲ့ဟွာတို့က ဤနေရာမှာရှိနေပြီး ဆူဇီမို၏ နည်းလမ်းများကို တွေ့မြင်နိုင်မည်ဆိုလျှင် သူတို့သည် သဲလွန်စတချို့ကို ရှာဖွေတွေ့ရှိကာ ပျော်စရာမကောင်းသော မှတ်ဉာဏ်တချို့ကို သတိရသွားနိုင်၏။

အစိမ်းရောင်ကျောက်တုံးတိုက်ပွဲကွင်းပေါ်မှာ...။

ဆူဇီမိုက နဂါးမျိုးနွယ်၏ တိုက်ခိုက်ရေးအတတ်များကို ထုတ်ဖော်နေ၏။ သူ၏ တိုက်ခိုက်မှုများက ကြမ်းကြုတ်ခက်ထန်နေပြီး ပုံသဏ္ဌာန်ရော စိတ်ဝိညာဥ်ကိုပါ ပိုင်ဆိုင်ထား၏။

ဖုန်းယင်သည် အဲ့ဒါကို လုံးဝမခုခံနိုင်ဘဲ အဆက်မပြတ်နေက်ဆုတ်ပေးနေရ၏။

စိတ်နှလုံးထွင်းဖောက်ကို အသုံးပြု၍ မရတော့ပေ။ လေနှင့်အတူအရိပ်ကပင်လျှင် အနီးကပ်တိုက်ခိုက်ရည်မှာ ဆူဇီမိုကို မယှဥ်နိုင်ပေ။

ဖုန်းယင်က အမူအရာကင်းမဲ့နေသော်လည်း သူ၏ စိတ်ထဲမှာ ထိတ်ထိတ်ပျာပျာ ဖြစ်လာခဲ့လေပြီ။

စိတ်နှလုံးထွင်းဖောက်၏ စွမ်းအားက လျှို့ဝှက်ဆန်းကြယ်သော်လည်း ဤနတ်ဘုရားစွမ်းအားကို ထိန်းသိမ်းထားရခြင်းသည် သူ့အမြုတေစိတ်ဝိညာဥ်၏ စွမ်းအားကို အဆက်မပြတ်သုံးစွဲနေဖို့လိုအပ်၏။

ယခု စိတ်နှလုံးထွင်းဖောက်က သုံးစားမရဖြစ်လာခဲ့ပြီး ဤနတ်ဘုရားစွမ်းအားကို ထိန်းသိမ်းထားရခြင်းက သူ့အမြုတေစိတ်ဝိညာဥ်၏ စွမ်းအားကို ဖြုန်းတီးနေခြင်းနှင့်တူလေသည်။ ထိုသို့လုပ်စရာမလိုအပ်တော့ပေ။

ထိုသို့အတွေးဖြင့် ဖုန်းယင်က သူ၏ စိတ်နှလုံးထွင်းဖောက်ကို အတွေးတစ်ချက်နှင့်အတူ ပယ်ဖျက်လိုက်၏။

ရုတ်တရက်ဆိုသလို...။

သူ့မျက်လုံးရှေ့မှာ နတ်ဘုရားဆန်ဆန် အလင်းနှစ်ခုက တောက်ပလာခဲ့၏။

ထိုအရာများသည် ကြောက်စရာကောင်းလောက်အောင် တောက်ပနေသော ဆူဇီမို၏ မျက်လုံးများဖြစ်၏။

ဖုန်းယင်က စိတ်နှလုံးထွင်းဖောက်ကို ပယ်ဖျက်လိုက်သည့်ခဏမှာပင် ဆူဇီမိုက တစ်စုံတစ်ရာကိုအာရုံခံမိသွားပြီး သူ့မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်၏။ တောက်လောင်ပြင်းပြသော အကြည့်နှင့်အတူ သူက သူ၏ အာရုံငါးပါးကို ပြန်လည်ဖွင့်လှစ်ပြီး သူ၏ အော်ရာက နောက်ထပ်အဆင့်တစ်ခုထိ ထိုးတက်လာခဲ့၏။

အာရုံခံသတိစိတ်သည် အန္တရာယ်ပေါ် ထူးခြားသောတုံ့ပြန်မှုတစ်ခုရှိလေသည်။

ဤကဲ့သို့သောတိုက်ပွဲတစ်ခုမှာ လူတစ်ယောက်၏ တိုက်ခိုက်မှုများက ကြမ်းကြုတ်ခက်ထန်သည်ဆိုလျှင်တောင် သူတို့သည် အနီးကပ်တိုက်ခိုက်ခြင်းမှာ သူတို့၏ စွမ်းအားအပြည့်ကို မထုတ်ဖော်နိုင်ကြပေ။

ဒီတိုင်းသာဆက်သွားလျှင် အနိုင်ရလဒ်ကိုဆုံးဖြတ်ဖို့က ခက်ခဲနေပေဦးမည်။

ယခုဖုန်းယင်က စိတ်နှလုံးထွင်းဖောက်ကိုပယ်ဖျက်လိုက်ပြီး ဆူဇီမိုက ဆက်လက်၍ နောက်ဆံတင်းနေစရာမလိုတော့ပေ။

“ဖုန်းယင်... မင်းရှုံးသွားပြီ”

ဆူဇီမိုက သရော်တော်တော်အကြည့်တစ်ခုနှင့်အတူ ပြုံးပြလိုက်၏။

“အဲ့ဒါတော့ဆိုးပြီ”

ဖုန်းယင်သည် သူကအမှားကြီးတစ်ခု ပြုလုပ်လိုက်မိနိုင်သည်ဟု တွေးမိသွားပြီး ရင်ထဲမှာနင့်သွား၏။

ယခုသူက စိတ်နှလုံးထွင်းဖောက်ကို ဖယ်ရှားလိုက်ပြီဖြစ်ပြီး သူ့အနေဖြင့် အဲ့ဒါကို နောက်တစ်ဖန်ပြန်လည်စုဖွဲ့ဖို့က မဖြစ်နိုင်တော့ပေ။

“သတ်..”

ဖုန်းယင်၏ စိတ်ထဲရှိ ဟာကွက်ကို အာရုံခံရင်း ဆူဇီမိုက မာန်သွင်းအော်ဟစ်ကာ ဧရာမချိပ်စည်းတစ်ခုကဲ့သို့ သူ၏ လက်သီးကို မြှောက်လိုက်၏။ ထိုချိပ်စည်းက ကြောက်စရာကောင်းသော သွေးနံ့နှင့်အတူ ဖုန်းယင်၏ ဦးခေါင်းကို ပစ်ရိုက်ချလာခဲ့၏။ ဖုန်းယင်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွား၏။

သူသည် စိတ်အာရုံ အနည်းငယ်ပျံ့လွင့်သွားပြီး ထိုတ​ဒင်္ဂဟာကွက်ကို ဆူဇီမိုက ချက်ချင်းပင်ချိန်ဆကာ ဤကဲ့သို့ကြောက်စရာကောင်းသော တိုက်ခိုက်မှုတစ်ရပ်ကို ထုတ်ဖော်လိုက်၏။

ဖုန်းယင်၏ အော်ရာက ဆူဇီမို၏ လုယူခြင်းခံလိုက်ရပြီး သူက မခုခံနိုင်တော့ပေ။ သူက မာန်သွင်းအော်ဟစ်ပြီး သူ၏ သွေးချီကို ၎င်း၏ အကန့်အသတ်ထိ လှည့်ပတ်လိုက်ရ၏။

ကောင်းကင်းနှင့်မြေကြီးကို ချိတ်ဆက်ထားသော ဟာရီကိန်းမုန်တိုင်းတစ်ခုက ဖုန်းယင်၏ နောက်ဘက်မှာ ပေါ်ထွက်လာပြီး တစ္ဆေညည်းတွားသံကို ထုတ်ဖော်နေ၏။

မျိုးဆက်သွေးနယ်မြေ...

ဖုန်းယင်သည် သူ၏ မျိုးဆက်သွေးနယ်မြေကို ထုတ်ဖော်ပြီး အဲ့ဒါက မလုံလောက်သေးသည့်အလား သူ၏ စက္ခုနည်းစနစ်ကိုပါ ထပ်မံထုတ်ဖော်လိုက်၏။

မကောင်းဆိုးဝါးဆန်ဆန် အေးစက်အလင်းတန်းနှစ်ခုက သူ့မျက်လုံးအနက်ပိုင်းထဲကနေပေါ်ထွက်လာပြီး ပစ်လွင့်ထွက်ပေါ်ကာ ဆူဇီမို၏ မျက်နှာပေါ်သို့ ချက်ချင်းပင်ရောက်ရှိလာခဲ့၏။

အေးစက်အလင်းနှစ်ခုက ကျဆင်းမလာခင်မှာပင် ဆူဇီမိုက သူ၏ မျက်နှာပေါ်မှာ စူးရှသောနာကျင်မှုတစ်ခုကို ခံစားနေရပြီဖြစ်၏။

စက္ခုနည်းစနစ်များက အလွန်တရာစွမ်းအားကြီးမား၏။

ဆူဇီမိုသည် သူ၏ စက္ခုနည်းစနစ်ကို မိုးကောင်းကင်ကိုးလွှာမှာ ထုတ်ဖော်ခဲ့ပြီးပြီဖြစ်၏။

သို့သော်လည်း သူ့အနေဖြင့် ဤအကွာအဝေးမှာ အဲ့ဒါကို ရှောင်တိမ်းဖို့က မလွယ်တော့ပေ။

သူက သူ၏ ခေါင်းကို အနည်းငယ်စောင်းငဲ့ပြီး အေးစက်အလင်းနှစ်ခုကို သူ၏ ဘယ်လက်မျက်လုံးထဲသို့ ချက်ချင်းဝင်ရောက်သွားစေ၏။

ထို့နောက်တစ်ဆက်တည်းမှာပင် ဆူဇီမို၏ ဘယ်ဘက်မျက်လုံးက ပိန်းပိတ်အောင်နက်မှောင်သွားပြီး အေးစက်၍မှောင်မည်းနေသောအော်ရာတစ်ခုကို ထုတ်ဖော်လိုက်၏။ ၎င်းထဲမှာ မည်သည့်အဖြူရောင်မှ မရှိတော့ဘဲ အဲ့ဒါက အနည်းငယ်ကြောက်စရာကောင်းနေ၏။

ဆူဇီမို၏ မျက်လုံးက ဖိတ်စင်ပြန့်ကျဲသွားသောသွေးများနှင့်အတူ ပေါက်ကွဲထွက်သွားလိမ့်မည်ဟု ဖုန်းယင်က မျှော်လင့်ထားခဲ့သော်လည်း သူမျှော်လင့်ထားသည့်အရာက ဖြစ်မလာခဲ့ပေ။

ဆန့်ကျင်ဘက်အနေဖြင့် ဆူဇီမို၏ ဘယ်ဘက်မျက်လုံးထဲမှာ အဆုံးမဲ့သောအမှောင်ထုကို သူကတွေ့မြင်လိုက်ရ၏။ သူ၏ အကြည့်၊ သူ၏ စိတ်၊ သူ၏ အမြုတေစိတ်ဝိညာဥ်နှင့် အမြုတေချီတို့က ထိုအမှောင်ထု၏ ဝါးမျိုခြင်းကို ခံရတော့မည်ဟုထင်ရ၏။

ကံကောင်းထောက်မစွာဖြင့် ဆူဇီမို၏ ဘယ်ဘက်မျက်လုံးထဲရှိအမှောင်ထုက အလျင်အမြန်ပျက်ပြယ်သွား၏။

အို...

ဖုန်းယင်က တုန်လှုပ်သွားပြီး သူ၏ ခန္ဓာကိုယ်က ဆတ်ခနဲတုန်ယင်သွား၏။ သူ၏ တုံ့ပြန်မှုက အနည်းငယ်နှေးကွေးသွားပြီး သူကခုခံဖို့အတွက် သူ၏လက်နှစ်ဖက်ကို အလောတကြီးမြှောက်လိုက်ရ၏။

ဘန်း...

ဆူဇီမို၏ လက်သီးက တောင်တစ်လုံးကဲ့သို့ ပြင်းထန်စွာ ဖိချေကျဆင်းလာ၏။

သူ၏ အရိုးများက ကွဲထွက်ကုန်တော့မည့်အလား ဖုန်းယင်၏ ခန္ဓာကိုယ်ကနေ တကျွိကျွိအသံများထွက်ပေါ်လာ၏။

သူသည် သူ့မျိုးဆက်သွေးနယ်မြေ၏ ထောက်ပံ့မှုကို ရရှိထားသော်လည်း စောစောက ဆူဇီမို၏ ဘယ်ဘက်မျက်လုံးကြောင့် သူက စိတ်အာရုံအနည်းငယ်ပျံ့လွင့်သွားပြီး သူ၏ တုံ့ပြန်မှုက မဆိုစလောက်နှေးကွေးသွားခဲ့၏။ သူက သူ၏ ခွန်အားကို မစုစည်းနိုင်ခဲ့ပေ။

အနီးကပ်တိုက်ခိုက်ရည်မှာ ဆူဇီမိုက အသာစီးရရှိလာမည်ဆိုလျှင် သူကမွန်းကျပ်ဖွယ်ရာကောင်းသော တိုက်ခိုက်မှုများကို တရစပ်ထုတ်ဖော်မည်​ဖြစ်ပြီး သူ၏ ပြိုင်ဘက်ကို မည်သည့်အခွင့်အရေးမှပေးလိမ့်မည် မဟုတ်ပေ။

ထိုထိုးချက်အပြီးမှာ ဆူဇီမို၏ ခန္ဓာကိုယ်တစ်ခုလုံးက ရှေ့သို့ရိပ်ခနဲပြေးထွက်လာ၏။ သူ၏ ဒူးနှစ်ဖက်ကို အနည်းငယ်ကွေးညွှတ်ပြီး သူ၏ လက်များက တစ်စုံတစ်ရာကို ဆုပ်ကိုင်ထားသည့်ပုံဖြင့် အဲ့ဒါကို ဖုန်းယင်ထံသို့ ကမ်းပေးကာ သူကဟန်လုပ်အပြုံးတစ်ခုကို ထုတ်ဖော်ပြလိုက်၏။

ဖုန်းယင်၏ သူငယ်အိမ်နှစ်ဖက်က တဆတ်ဆတ်လှုပ်သွားပြီး သူ၏ ခေါင်းမွေးများက ထောင်ထလာ၏။

သူ၏ လှုပ်ရှားမှုနည်းစနစ်၏ အကူအညီနှင့်အတူ သူက မြေပြင်ကိုခြေဖျားထောက်ပြီး နောက်သို့ဆုတ်ခွာသွား၏။

သို့သော်လည်း ဆူဇီမို၏ အလျင်အဟုန်ကလည်း နှေးကွေးမနေပေ။ အရိပ်တစ်ခုပမာ သူ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ဖုန်းယင်ကိုတစ်ချိန်လုံး လွှမ်းခြုံထားပြီး သူကတိုက်ခိုက်ဖို့အဆင်သင့်ဖြစ်နေ၏။

ရုတ်တရက်ဆိုသလို...။

ဆိုင်းမဆင့်ဗုံမဆင့် ဖုန်းယင်က ရုတ်တရက် သူ၏ ဆံပင်ရှည်များကို လွှဲယမ်းလိုက်၏။

ဇီ...

ဖုန်းယင်၏ ဆံပင်ရှည်များကြားကနေ အေးစက်အလင်းတန်းများ၏ သိပ်သည်းကျစ်လစ်သော အစုတစ်စုက ပစ်လွင့်ထွက်ပေါ်လာပြီး ဆူဇီမို၏ မျက်နှာထံသို့ ဝင်ရောက်လာ၏။

ထိုတိုက်ခိုက်မှုက အလွန်တရာမြန်ဆန်ပြီး သူ၏ လှုပ်ရှားမှုများက အရိုင်းဆန်လေသည်။

ပြန်ဝင်စားအင်မော်တယ်၏ ဆံပင်ရှည်များကြားမှာ ဤကဲ့သို့သောသတ်​ဖြတ်ကွက်တစ်ကွက်ကို ဖုံးကွယ်ထားလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ကြပေ။

လေအဟုန်နှင့် ဖုန်းယင်၏ မျိုးဆက်သွေးနယ်မြေ၏ အကူအညီနှင့်အတူ အေးစက်အလင်းများက အလွန်တရာမြန်ဆန်ပြီး ချက်ချင်းနီးပါး ရောက်ရှိလာခဲ့၏။

ဆူဇီမိုက နောက်ကနေအရှိန်အဟုန်နှင့်ရောက်ရှိလာပြီး ဤကဲ့သို့သော တန်ပြန်တိုက်ခိုက်မှုတစ်ရပ်မှာ သူကရှောင်တိမ်းဖို့ အချိန်မရတော့ပေ။

လူအုပ်ကြားထဲမှ အံ့အားတသင့်အော်ဟစ်သံများက ထွက်ပေါ်လာ၏။

ဆူဇီမို၏ အမူအရာက တည်ငြိမ်၍ ဣန္ဒြေရနေဆဲဖြစ်၏။

သူ၏ နှာရောင်က ပွင့်လှစ်သွားပြီး ရွှေရောင်ဝါသဲလက်တစ်ဆုပ်စာက ရုတ်တရက် သူ၏ ရှေ့မှာ ပေါ်ထွက်လာ၏။

All Chapters