← Chapters

ကောင်းကင်ဘုံ အမှောင်အလင်းလွန်းပျံ

Vol. 151 Ch. 2253

ကောင်းကင်ဘုံ အမှောင်အလင်းလွန်းပျံ

Vol. 151 Ch. 2253

အဝါရောင်သဲက ဖြန့်ကြက်သွားပြီး သိပ်သည်းမာကြော၍ လုံခြုံစိတ်ချရသော အဝါရောင်တိမ်စိုင်တစ်ခုကို ဖြစ်ပေါ်လာစေသည့်ပုံပင်။

ဖုန်းယင်၏ ဆံပင်များကြားကနေ ထုတ်လွှတ်သော အေးစက်အလင်းက အဝါရောင်သဲထဲသို့ ဝင်ရောက်သွား၏။

“ဟမ့်”

ဖုန်းယင်က လှောင်ရယ်လိုက်၏။

“မင်းက အဝါရောင်သဲလုံးတစ်လုံးနဲ့များ ငါ့ရဲ့သန့်စင်လေ အင်မော်တယ်အပ်တွေကို ခုခံချင်သေးတယ်ပေါ့”

အတိအကျဆိုရလျှင် သန့်စင်လေအင်မော််တယ်အပ်များက ကောင်းကင်အဆင့် ဓမ္မရတနာတစ်ခုဖြစ်၏။

ဖုန်းယင်၏ အမြုတေစိတ်ဝိညာဥ်က အဆင့်-၁ ကောင်းကင်အင်မော်တယ်၏ အဆင့်မှာသာရှိပြီး သူ့အနေဖြင့် ထိုအင်မော်တယ်အပ်များ၏ စွမ်းအားကိုထုတ်ဖော်ဖို့ ခက်ခဲသော်လည်း အဲ့ဒါက သာမန်လက်နက်များခုခံနိုင်သော တစ်စုံတစ်ရာမဟုတ်ပေ။

အဆက်မပြတ် တိုက်ခိုက်ဖလှယ်မှုအပြီး၌ သာမန်လက်နက်များနှင့် ဓမ္မရတနာများက ဆူဇီမို၏ အခြေခံအုတ်မြစ်ကို ဆက်လက်၍ မထိခိုက်စေနိုင်တော့ဘူးဆိုတာ ဖုန်းယင်က နားလည်သဘောပေါက်လိုက်ပြီဖြစ်၏။

သူ့ကို ဒဏ်ရာအပြင်းအထန် ရရှိစေမည့် တစ်ခုတည်းသောနည်းလမ်းမှာ အဆင့်ပိုမြင့်သော ဓမ္မရတနာများကို အသုံးပြုမှသာ ရပေလိမ့်မည်။

အဲ့ဒါက အခြားတစ်ယောက်ယောက်သာဆိုလျှင် သူတို့အနေဖြင့် ကောင်းကင်အင်မော်တယ်နယ်ပယ်မှာ စွမ်းအားကြီးမားသော ကောင်းကင်အဆင့် ဓမ္မရတနာများကိုရရှိဖို့က အင်မတန်ခဲယဥ်းလေသည်။ သူတို့၏ ဂိုဏ်းများကပင်လျှင် ကမ္ဘာမြေအင်မော်တယ်များကို ကောင်းကင်အဆင့် ဓမ္မရတနာများပေးလိမ့်မည်မဟုတ်ပေ။ သို့သော်လည်း ဖုန်းယင်ကတော့ အခြားသူများနှင့်မတူပေ။

သူ၏ သရုပ်သကန်က ပြန်ဝင်စားပကတိအင်မော်တယ်တစ်ဦးဖြစ်၏။

သူပြန်မဝင်စားခင်က သူသည် အင်ပါယာလေဘုရားကျောင်း၏ အမွေခံတပည့်တစ်ယောက်ဖြစ်ခဲ့ပြီး သူပိုင်ဆိုင်ခဲ့သောရတနာများက အရမ်းကိုများပြားလေသည်။

ထိုရတနာများစွာကို သူပြန်လည်အသုံးပြုဖို့အတွက် ထိန်းသိမ်းထားခဲ့၏။ သန့်စင်လေအင်မော်တယ်အပ် ၁၀၈ ချောင်းပါသော ဤအစုံလိုက်လက်နက်သည် ထိုအရာများထဲမှ တစ်ခုသာလျှင်ဖြစ်၏။

သန့်စင်လေအင်မော်တယ်အပ်များသည် အင်ပါယာလေဘုရားကျောင်း၏ ယင်လေတောင်ကြားမှာရှိသော ရှားရှားပါးပါးပစ္စည်းများစွာဖြင့် ပေါင်းစပ်ပြုလုပ်ထားသော လက်နက်ဖြစ်၏။

အင်မော်တယ်အပ်များက နွားမွေးတစ်မှင်ကဲ့သို့ပါးလွှာပြီး သူ၏ ဆံပင်များကြားမှာ သာမန်ကာလျှံကာ ကွယ်ဝှက်နေ၏။ သူတို့ကိုထောက်လှမ်းဖို့က မဖြစ်နိုင်ပေ။

ချွင်.. ချွင် ချွင်... ။

သန့်စင်လေအင်မော်တယ်အပ်များသည် အဝါရောင်တိမ်စိုင်ကို ထိုးဖောက်၍ အဆက်မပြတ်တိုက်ခိုက်နေသည့်အလား အတွင်းကနေ ထက်ရှသောအသံများက ထွက်ပေါ်လာ၏။

သို့သော်လည်း အသက်ရှုချိန်အနည်းငယ်ကြာအပြီး၌ သန့်စင်လေအင်မော်တယ်အပ်တစ်ချောင်းမှ ပေါ်ထွက်မလာရုံသာမက အင်မော်တယ်အပ်များပေါ် ဖုန်းယင်၏ ထိန်းချုပ်မှုနှင့် အာရုံခံစိတ်က သိသိသာသာ အားပျော့လာခဲ့၏။

ထိုအသက်ရှုချိန်အနည်းငယ်အတွင်းမှာ ဆူဇီမို၏ တိုက်ခိုက်မှုများက ရပ်နားမသွားဘဲ ပို၍ပင်ထက်ရှလာခဲ့၏။

ဘန်း...

ဆူဇီမိုက သူ၏ ဒူးကို ရှေ့သို့ကွေးညွှတ်ပြီး သူ၏ လက်နှစ်ဖက်ကို ပင့်တင်ကာ ဖုန်းယင်၏ လက်နှစ်ဖက်ကို ခပ်ထိုင်းထိုင်းအသံတစ်သံနှင့်အတူ ရိုက်ချလိုက်၏။

ဖုန်းယင်က ဆတ်ခနဲတုန်ယင်သွား၏။

သူ့မျိုးဆက်သွေးနယ်မြေ၏ ထောက်ပံ့မှုနှင့်ပင်လျှင် သူ၏ သွေးချီက ကသောင်းကနင်းဖြစ်၍ သူ၏ ကိုယ်တွင်းအင်္ဂါများက တုန်ခါလာသည်ဟု ခံစားရကာ သူ၏ အရိုးများက တကျွိကျွိမြည်လာ၏။

ဖုန်းယင်သည် ကောင်းကင်အဆင့် ဓမ္မရတနာကိုဆင့်ခေါ်ခြင်းဖြင့် အခြေအနေကို မပြောင်းလဲနိုင်ရုံသာမက သူ၏ အ​ခြေအနေက ပို၍ပင်ဆိုးဝါးလာခဲ့၏။

သူ၏ ကောင်းကင်အဆင့် ဓမ္မရတနာသည် ဆူဇီမိုထုတ်ဖော်လိုက်သည့် အဝါရောင်သဲများဖြင့် အလွယ်တကူ ချေဖျက်ခံလိုက်ရ၏။

“အရှင်မင်းသား... အဲ့ဒီအဝါရောင်သဲက ဘာလဲဆိုတာကို ပြောနိုင်လား”

ကောင်းကင်ချောက်နက်က တွေဝေရှုပ်ထွေးသောအမူအရာတစ်ခုနှင့်အတူ မျက်မှောင်အနည်းငယ်ကြုတ်ပြီး မေးလိုက်၏။

လက်ရှိကောင်းကင်အင်မော်တယ်များစွားကြားမှာ မည်သူကမှ ဆူဇီမိုထုတ်ဖော်ထားသည့် အဝါရောင်သဲကို မမှတ်မိကြပေ။

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ အကြီးအကဲများပင်လျှင် တွေဝေရှုပ်ထွေးနေကြ၏။

ဤအဝါရောင်သဲသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ ရတနာတစ်ခုမဟုတ်သည်မှာ သေချာလေသည်။

“ကျူပ်လည်းမပြောတတ်တော့ဘူး”

ပကတိအင်မော်တယ်ရှဲ့လင်က မျက်မှောင်ကြုတ်ပြီး လေးနက်သောအသံဖြင့်ပြောလိုက်၏။

“ကျုပ်ကျင့်ကြံမှုရဲ့ ဒီအဆင့်ထိကို ကျုပ်က သဲမှုန်လိုပစ္စည်းမျိုးကို ဓမ္မရတနာတစ်ခုအဖြစ်သုံးတာ တစ်ခါမှမတွေ့မြင်ဖူးဘူး... အဲ့ဒါက နဲနဲတော့ထူးဆန်းတယ်... ဒါပေမဲ့ ဒီအဝါရောင်သဲက သန့်စင်လေအင်မော်တယ်အပ်တွေကို ခုခံနိုင်တဲ့အချက်ကတင် အဲ့ဒါက ဘယ်လောက်တောင်ထူးခြားဆန်းကြယ်လဲဆိုတာကို ပြပေးနေတယ်”

ဆူဇီမို၏ နှာရောင်ကနေ ထွက်ပေါ်လာသောအဝါရောင်သဲများသည် ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာဖြစ်၏။ ပုံမှန်အားဖြင့်တော့ သူသည် ကောင်းကင်ဘုံကိုးလွှာသက်ရှိမြေဆီလွှာကို ထုတ်ဖော်အသုံးပြုလေ့မရှိပေ။

အဆင့်-၁၀ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အသွေးအသားက မူလမဟူရာအဆင့် ဓမ္မရတနာတစ်ခုနှင့်ယှဥ်နိုင်၏။

အဆင့်တူခြင်းမှာ သူ၏ အခြေခံအုတ်မြစ်ကို ထိခိုက်အောင်လုပ်နိုင်သောသူ မရှိသလောက်နီးပါးပင်။

သို့သော်ယခု ဖုန်းယင်သည် ကောင်းကင်အဆင့် ဓမ္မရတနာ သန့်စင်လေအင်မော်တယ်အပ်များကို ဆင့်ခေါ်ခဲ့ပြီး အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက အဲ့ဒါကိုဆက်လက်၍ မခုခံနိုင်တော့ပေ။

ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာကသာလျှင် အဲ့ဒါကိုဖြေရှင်းပေးနိုင်မည်ဖြစ်၏။

ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာကို ထုတ်ဖော်ခြင်းဖြင့် သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ ပေါက်ကြားသွားမည်ကို ဆူဇီမိုက စိုးရိမ်ပူပန်ခြင်း မရှိပေ။

တျဲယွဲ့၏ ကျင့်ကြံမှုနယ်ပယ်နှင့် အတွေ့အကြုံနှင့်ပင်လျှင် အဆင့်-၉ ကို ကျော်လွန်ပြီးနောက် ဖန်တီးခြင်းကြာပဒုမ္မာသည် မည်သို့မည်ပုံ ပြောင်းလဲလာမည်ကို သူမ မသိရှိနိုင်ခဲ့ပေ။

ဤနေရာမှာရှိသော ကမ္ဘာမြေအင်မော်တယ်များနှင့် ကောင်းကင်အင်မော်တယ်များက ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာ၏ ဇာစ်မြစ်ကို မှတ်မိသိရှိဖို့ မဖြစ်နိုင်ပေ။

တိုက်ပွဲနယ်မြေမှာ...။

ဖုန်းယင်သည် ဆူဇီမို၏ ဆက်တိုက်ဖိအားပေးခြင်းခံရပြီး နောက်သို့ဆုတ်နေရ၏။ သူသည် လေနှင့်အတူအရိပ်ကို ပိုင်ဆိုင်ထားလျှင်တောင် သူရှောင်တိမ်းနိုင်သော နေရာလွတ်က ကျဥ်းမြောင်းလာခဲ့၏။

သိပ်မကြာခင် သူတို့နှစ်ယောက်သည် အစိမ်းရောင်ကျောက်တုံးတိုက်ပွဲကွင်း၏ အစပ်သို့ ရောက်ရှိလာတော့မည်ဖြစ်၏။

ဖုန်းယင်က အရေးနိမ့်နေသော်လည်း သူသည် သူ၏ အ​ခြေအနေနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ခြင်းမရှိသည့်အလား သူ၏ မျက်လုံးထဲမှာ ကြောက်ရွံ့ထိတ်လန့်မှုမရှိဘဲ တည်ငြိမ်နေ၏။

သူ၏ စိတ်နှလုံးထွင်းဖောက်နှင့် ကောင်းကင်အဆင့်ဓမ္မရတနာက သုံးစားမရဘူးဆိုလျှင်တောင် သူ့မှာအခြားသောနည်းလမ်းများရှိနေ၏။

ထိုနည်းလမ်းများထဲမှ မည်သည့်တစ်ခုမဆို ထုတ်ဖော်လိုက်သည်နှင့် အခြေအနေကို ချက်ချင်းပြောင်းလဲပေးနိုင်၏။

ရင်ပြင်ထဲမှာရှိသော ကမ္ဘာမြေအင်မော်တယ်များစွာက ပြပွဲကို စောင့်ကြည့်နေရုံမျှသာဖြစ်၏။

ကောင်းကင်အင်မော်တယ်ပညာရှင်တချို့ကတော့ သူတို့သည် အ​ခြေအနေကို ပို၍ရှင်းလင်းစွာ တွေ့မြင်နေရပြီး ဖုန်းယင်သည် အရေးမနိမ့်ရုံသာမက သူ့မှာရှုံးနိမ့်မည့်မည်သည့်လက္ခဏာမှ မရှိသည်ကို သူတို့က သတိထားမိကြ၏။

တိုက်ပွဲ၏ ရလဒ်ကို ခန့်မှန်းလို့မရနိုင်သေးပေ။

“ကဲ... ဒီလောက်ဆိုတော်သင့်ပြီ”

ရုတ်တရက် ဖုန်းယင်က စိတ်မရှည်နိုင်ဖြစ်လာသည့်အလား တင်စီးလွန်းသောလေသံဖြင့် ပြောဆိုလိုက်၏။

ထိုအခိုက်အတန့်မှာ သူသည် ကမ္ဘာမြေအင်မော်တယ်တစ်ယောက်မဟုတ်တော့ဘဲ အတိတ်ကာလက ပကတိအင်မော်တယ်တစ်ယောက် ဖြစ်လာသည့်ပုံပင်။

ရွှစ်...

ဖုန်းယင်က သူ၏ သိုလှောင်အိတ်ကို ပုတ်လိုက်၏။

နက်မှောင်နေသောအလင်းတစ်ခုက ပေါ်ထွက်လာ၏။

နက်မှောင်နေသောအလင်းပေါ်တက်လှမ်းပြီး ဖုန်းယင်သည် အစိမ်းရောင်ကျောက်တုံးတိုက်ပွဲကွင်း၏ အစပ်ကနေ အလွန်တရာမြန်ဆန်စွာဖြင့် ရိပ်ခနဲ ပြေးထွက်သွားကာ ဆူဇီမို၏ တိုက်ခိုက်နိုင်မှုအတိုင်းအတာကနေ လွတ်ထွက်သွား၏။

အဲ့ဒါက အရမ်းကိုမြန်ဆန်၏။

ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

သူ့က ဧရာမရွှေငှက်၏ တောင်ပံများကို ထုတ်ဖော်နိုင်ဦးမည်ဆိုလျှင် သူသည် ဖုန်းယင်နောက်ကို လိုက်မီနိုင်ပေလိမ့်မည်။ သို့သော် ယခု... သူ့အနေဖြင့် အစိမ်းရောင်ကြာပန်း အစစ်အမှန််ခန္ဓာ၏ ရုန်းကန်ပေါက်ကွဲအားသက်သက်ဖြင့် ထိုသူ့ကို လိုက်မီနိုင်တော့မည် မဟုတ်ပေ။

ဖုန်းယင်၏ ခြေဖဝါးအောက်ရှိ နက်မှောင်နေသောအလင်းက လွန်းပျံပုံသဏ္ဌာန် ဓမ္မရတနာတစ်ခုဖြစ်သည်ကို သူက ရှင်းလင်းစွာတွေ့မြင်ခဲ့ရ၏။

ထိုဓမ္မရတနာ၏ အကူအညီနှင့်အတူ ဖုန်ယင်၏ အလျင်အဟုန်က ဆပွားတိုးလာပြီး သူက ဆူဇီမို၏ တိုက်ခိုက်မှုကနေ လွတ်မြောက်သွားနိုင်ခဲ့၏။

“ကောင်းကင်ဘုံအမှောင်အလင်းလွန်းပျံ”

ကောင်းကင်ချောက်နက်က အာရုံစိုက်၍ ကြည့်ရှုပြီး ရုတ်တရက်ပြောလိုက်၏။

ပကတိအင်မော်တယ်ရှဲ့လင်ကလည်း ကောင်းညိတ်ပြလိုက်၏။

“အမှန်ပဲ... အဲ့ဒါက သူပြန်ဝင်မစားခင်က ဖုန်းယင်ရဲ့ မူပိုင်ဓမ္မရတနာပဲ... အဲ့ဒါက သန့်စင်ယန်စိတ်ဝိညာဥ်ရတနာတစ်ခုလည်းဟုတ်တယ်”

ကောင်းကင်ဘုံအမှောင်အလင်းလွန်းပျံ...။

အရင်တုန်းက ဖုန်းယင်သည် ဤဓမ္မရတနာကိုအသုံးပြုပြီး ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်မှာ စိုးမိုးခြယ်လှယ်ကာ ရှုံးနိမ့်မှုကို မတွေ့ကြုံခဲ့ဖူးပေ။

သူက သန်မာသောရန်သူများနှင့် ကြုံတွေ့ရမည်ဆိုလျှင်တောင် ကောင်းကင်ဘုံအမှောင်အလင်းလွန်းပျံကို အသုံးချကာ အဝေးသို့ပြေးထွက်နိုင်ပြီး သူ၏ ပြိုင်ဘက်များကို ဘာမှမတတ်နိုင်ဘဲ ကျန်ရစ်ခဲ့စေ၏။

ဤစိတ်ဝိညာဥ်ရတနာနှင့်အတူ ဖုန်းယင်သည် အမျိုးမျိုးသောလောကများဆီသို့ သွားရောက်နိုင်ခဲ့ကာ တန်ခိုးရှင်တစ်ယောက်နီးပါးဖြစ်ခဲ့၏။

သူသည် သေဘေးကနေ ပွတ်ကာသီကာလွတ်မြောက်နိုင်ခဲ့ပြီး အတော်အတန်မြင့်မားသည့် နာမည်ဂုဏ်သတင်းတစ်ခုကို ရရှိလာခဲ့၏။

နောက်ပိုင်းမှာ ဖုန်းယင်သည် အခြားသောလောကတစ်ခုမှာ သန်မာသောရန်သူတစ်ယောက်နှင့် ကြုံတွေ့ခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့၏။

သူက ကောင်းကင်ဘုံအမှောင်အလင်းလွန်းပျံနှင့်အတူ ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်သို့ ပြန်လည်လွတ်မြောက်နိုင်ခဲ့သော်လည်း သူက လမ်းဆုံးသို့ ရောက်ရှိသွားခဲ့လေပြီ။

ထို့ကြောင့်ပင်လျှင် သူက နောက်ပိုင်းမှာ ပြန်ဝင်စားလာခဲ့ရခြင်းဖြစ်၏။

ရှဲ့လင်က ခဏမျှရပ်တန့်ကာ ပြောလိုက်၏။

“အရင်တုန်းက အဲ့ဒီတိုက်ပွဲမှာ ဖုန်းယင်က အတော်အတန်ကြီးမားတဲ့ပြဿနာနဲ့ ကြုံတွေ့ခဲ့ရပုံပဲ... ဒီကောင်းကင်ဘုံအမှောင်အလင်းလွန်းပျံကတောင်မှ အခုလိုအပြင်းအထန်ပျက်စီးထိခိုက်နေပြီဆိုတော့..”

“အဲ့ဒါက ပျက်စီးထိခိုက်ထားတယ်ဆိုရင်တောင် အဲ့ဒါက အရင်တုန်းက ကပ်ဘေးကိုးခု သန့်စင်ယန်စိတ်ဝိညာဥ်ရတနာတစ်ခုဖြစ်ခဲ့တာပဲ... သူ့ရဲ့ အရည်အသွေးက ကျန်ရှိနေတုန်းပဲ... ဒီစိတ်ဝိညာဥ်ရတနာရဲ့ စွမ်းအားအပြည့်အဝကို မထုတ်ဖော်နိုင်ဘူးဆိုရင်တောင် အဲ့ဒါက ဆူဇီမိုကိုသတ်ဖို့တော့ လုံလောက်တယ်”

ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်က အေးစက်စွာပြောလိုက်၏။ ပုံမှန်အခြေအနေအောက်မှာဆိုလျှင် ဖုန်းယင်သည် သူ၏ စိတ်ဝိညာဥ်နယ်ပယ်အရ ကောင်းကင်ဘုံအမှောင်အလင်းလွန်းပျံကို ထိန်းချုပ်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း အဲ့ဒါသည် ​သူပြန်မဝင်စားခင်က သူ၏ မူပိုင်ဓမ္မရတနာဖြစ်ခဲ့ပြီး သူ၏ အမြုတေစိတ်ဝိညာဥ်နှင့် အလွန်တရာ ပနံသင့်နေသောကြောင့် သူက ဤဓမ္မရတနာကို အသုံးပြုနိုင်ခြင်းဖြစ်၏။

ရွှစ်... ရွှစ်...

ပညာရှင်များက ဆွေးနွေးပြောဆိုနေစဥ်... အနက်ရောင်အလင်းက အစိမ်းရောင်ကျောက်တုံးတိုက်ပွဲကွင်းပေါ်မှာ အလွန်တရာလျင်မြန်စွာဖြင့် အဆက်မပြတ်တဖျတ်ဖျတ်လက်နေ၏။ ကမ္ဘာမြေအင်မော်တယ်များသည် ဖုန်းယင်၏ သွင်ပြင်ကို ရှင်းလင်းစွာမတွေ့မြင်ရတော့ပေ။

လူတိုင်း၏ မျက်လုံးထဲမှာ နက်မှောင်နေသောအလင်းက ဆူဇီမို၏ ဘေးပတ်လည်မှာ မကြာမကြာ ပျောက်ကွယ်သွားလိုက် ပေါ်ထွက်လာလိုက်နှင့် အဆင်မပြတ်ကခုန်ကာ ပြင်းထန်ကြမ်းတမ်းစွာတိုက်ခိုက်နေ၏။

အတိတ်ကာလတုန်းက သူ၏ မူပိုင်ဓမ္မရတနာကို ဆင့်ခေါ်ပြီးနောက် ဖုန်းယင်က လက်ဦးမှုပြန်လည်ရရှိလာခဲ့၏။

All Chapters