အနိစ္စချိပ်စည်း
Vol. 151 Ch. 2256
တကယ်တော့... လက်သည်းငါးဖက်ရွှေနဂါးကိုးကောင်ကို စုဖွဲ့ခြင်းသည် အနန္တပုလဲသုံးလုံးထဲရှိ အလင်းရောင်များအားလုံးကို ကုန်ဆုံးသွားစေ၏။ ထိုအခိုက်အတန့်မှာ အနန္တပုလဲသုံးလုံးက နောက်တစ်ဖန်မှေးမှိန်သွား၏။
သုံးရောင်ခြယ်အလင်းမရှိဘဲ သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးသည် သာမန်ကျောက်စိမ်းလက်နက်တစ်ခုကဲ့သို့ဖြစ်သွား၏။
ဆူဇီမိုက သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးကို သူ၏ အသိစိတ်ထဲသို့ နောက်တစ်ဖန်ပစ်ထည့်လိုက်၏။ ဤဓမ္မရတနာက သူ့ကိုလုံလောက်အောင် ကူညီခဲ့ပြီးလေပြီ။
“သွား”
ဆူဇီမိုက ခပ်လှမ်းလှမ်းမှာရှိသော ဖုန်းယင်ကို လက်ညှိုးထိုးပြလိုက်၏။ ကျန်ရှိနေသော လက်သည်းငါးဖက်ရွှေနဂါးသုံးကောင်က ဒေါသတကြီး ဟိန်းဟောက်ပြီး ဖုန်းယင်ထံသို့ ပြေးဝင်သွား၏။
ရွှစ်....
အစိမ်းရောင်ပုံရိပ်တစ်ခုက ဖျတ်ခနဲလက်သွား၏။ ဆူဇီမိုကလည်း နောက်ကနေ ထပ်ကြပ်မကွာလိုက်ပါသွားပြီး ဖုန်းယင်ရှိရာသို့ ချဥ်းကပ်သွားလေသည်။
ဤတစ်ခေါက်မှာတော့ သူသည် ဖုန်းယင်ကို မည်သည့်အခွင့်အရေးမှ မပေးလိုတော့ပေ။
“တိမ်ပျံဓား”
“ရွှေရောင်မီးတောက်ချိပ်စည်း”
“နဂါးဖိနှိမ်ကျော့ကွင်း”
ဖုန်းယင်သည် သူ၏ သိုလှောင်အိတ်ကိုပုတ်ပြီး ကောင်းကင်အဆင့် ဓမ္မရတနာသုံးခုကို ဆွဲထုတ်ကာ လေထဲကနေပျံသန်းလာသည့် လက်သည်းငါးဖက်ရွှေနဂါးသုံးကောင်ကို တိုက်ခိုက်လိုက်၏။
ချွင်... ချွမ်...
တိမ်ပျံဓားသည် လက်သည်းငါးဖက်ရွှေနဂါးတစ်ကောင်ကိုပိတ်ဆို့တားဆီးပြီး လေထဲမှာ ထပ်တလဲလဲထိတွေ့ရိုက်ခတ်ကာ မီးပွားများကိုစင်ထွက်၍ သတ္တုချင်းထိခတ်သံကို ထွက်ပေါ်လာစေ၏။
လက်သည်းငါးဖက်ရွှေနဂါးက ကြမ်းကြုတ်ခက်ထန်သော်လည်း တိမ်ပျံဓားသည်လည်း အလွန်တရာထက်ရှပြီး အဲ့ဒါက နဂါးကိုထိခတ်သောအခါ နဂါးကြေးခွံများစွာက ကွာကျလာခဲ့၏။
ရွှေရောင်မီးတောက်ချိပ်စည်းနှင့် နဂါးဖိနှိမ်ကျော့ကွင်းက အခြားသော လက်သည်းငါးဖက်ရွှေနဂါးနှစ်ကောင်ကို အသီးသီး ပိတ်ဆို့တားဆီးပြီး လေထဲမှာတိုက်ခိုက်လိုက်ကြ၏။ မည်သည့်ဘက်က ပိုမိုသန်မာသည်ကို ချက်ချင်းပြောဖို့ခက်လေသည်။
“ဖုန်းယင်မှာ ဓမ္မရတနာတွေအများကြီးရှိနေတာပဲ... အားလုံးနီးပါးကလည်း ကောင်းကင်အဆင့် ဓမ္မရတနာတွေကြီးပဲ”
“သူက ဘာပဲပြောပြော ပြန်ဝင်စားပကတိအင်မော်တယ်တစ်ယောက်ပဲ... သူ့မှာ တောင့်တင်းခိုင်မာတဲ့ အခြေခံအုတ်မြစ်ရှိတာပေါ့”
“ဒီလိုဆိုရင်... အင်မော်တယ်ထိုက်ဟွာရဲ့သေဆုံးမှုက သိပ်တော့မမျှတဘူး... သူသာ ဓမ္မရတနာတွေနဲ့ နတ်ဘုရားလက်နက်တွေကို မိုးကောင်းကင်ကိုးလွှာမှာ အသုံးချနိုင်ခဲ့မယ်ဆိုရင် ဆူဇီမိုက အဲ့ဒီတိုက်ပွဲမှာ အနိုင်ရချင်မှရလိမ့်မယ်”
လူတိုင်းက အတောမသတ်ဆွေးနွေးပြောဆိုလိုက်ကြ၏။
အစိမ်းရောင်ကျောက်တုံးတိုက်ပွဲကွင်းပေါ်မှာ ဖုန်းယင်၏ မျက်နှာက အနည်းငယ်ဖြူဖျော့နေ၏။
သူ့မှာ ဓမ္မရတနာများနှင့် နတ်ဘုရားလက်နက်များ တကယ်ပင်များစွာရှိလေသည်။ တကယ်ဆို သူ၏ သိုလှောင်အိတ်ထဲမှာ နောက်ထပ်ဓမ္မရတနာများပင်ရှိနေ၏။
သို့သော်လည်း ထိုဓမ္မရတနာများနှင့် နတ်ဘုရားလက်နက်များကို ထိန်းချုပ်ရခြင်းသည် သူ့အမြုတေစိတ်ဝိညာဥ်အပေါ် အားအင်ကြီးမားစွာ ကုန်ခန်းစေ၏။
ယခုအချိန်မှာ သူသည် သန့်စင်လေအင်မော်တယ်အပ်များ၊ ကောင်းကင်ဘုံအမှောင်အလင်းလွန်းပျံ၊ တိမ်ပျံဓား၊ ရွှေရောင်မီးတောက်ချိပ်စည်းနှင့် နဂါးဖိနှိမ်ကျော့ကွင်းတို့ကို ထုတ်ဖော်ထားခဲ့၏။ သူတို့အားလုံးက ကောင်းကင်အဆင့်နှင့် အထက်မှာရှိသော ဓမ္မရတနာများဖြစ်၏။
သူ၏ အမြုတေစိတ်ဝိညာဥ်က အဆင့်-၁ ကောင်းကင်အမြုတေနယ်ပယ်မှာသာရှိပြီး ဤမျှများပြားသော ကောင်းကင်အဆင့်ဓမ္မရတနာများကို တစ်ချိန်တည်းမှာထိန်းချုပ်ရခြင်းသည် သူ၏ အကန့်အသတ်ဖြစ်နေခဲ့လေပြီ။
ဆူဇီမိုက ဒုန်းစိုင်းပြေးဝင်လာသောနတ်မြင်းတစ်ကောင်ကဲ့သို့ ရှေ့သို့နောက်တစ်ဖန်တက်လှမ်းလာခဲ့၏။ သူ၏ ခန္ဓာကိုယ်က မနှိုင်းယှဥ်သာအောင် ကြောက်စရာကောင်းသော အော်ရာတစ်ခုဖြင့် ပြည့်နှက်နေပြီး သူ၏ အော်ရာက တားဆီး၍ မရနိုင်ပေ။
ဤတစ်ခေါက်မှာ ဖုန်းယင်က နောက်ဆုတ်ခြင်း သို့မဟုတ် ရှောင်တိမ်းခြင်းမရှိပေ။
“ဆူဇီမို... ငါတို့ နောက်ဆုံးဒီအခြေအနေထိ ရောက်လာခဲ့ပြီပဲ”
ဖုန်းယင်က ထိုသို့ပြောဆိုပြီး သူ့အမြုတေစိတ်ဝိညာဥ်၏ နောက်ဆုံးလက်ကျန်စွမ်းအားကို စုစည်းလိုက်၏။
သူက လက်ဟန်ချိပ်စည်းများကို လှုပ်ရှားပြီး ကြောက်စရာကောင်းသော နတ်ဘုရားစွမ်းအားများကို စုစည်းကာ လောကကိုပြောင်းလဲသွားစေ၏။
“အာ... ဒါက...”
“အန္တိမနတ်ဘုရားစွမ်းအားတစ်ခုပဲ”
လူအုပ်ကြားထဲမှာ အော်ဟစ်သံများက ထွက်ပေါ်လာပြီး ကျင့်ကြံသူများအားလုံးက တုန်လှုပ်နေကြ၏။
ရှဲ့ချင်းချန်ကလည်း အလိုလိုမတ်တတ်ထရပ်လိုက်၏။
သူက ဤမြင်ကွင်းမှာ အံ့အားသင့်သွားခြင်းမရှိပေ။ သူ၏ ထင်မြင်ချက်အရ ဖုန်းယင်၏ အကြီးမားဆုံးမှီခိုအားထားရာသည် အမြဲတမ်း အန္တိမနတ်ဘုရားစွမ်းအားများသာဖြစ်လေသည်။
ဆူဇီမိုက သူ၏ အထွတ်အထိပ်အခြေအနေမှာရှိနေမည်ဆိုလျှင် ဖုန်းယင်သည် သူ၏ အန္တိမနတ်ဘုရားစွမ်းအားများအပေါ်မှာသာ လုံးလုံးလျားလျား မှီခိုထားလိမ့်မည် မဟုတ်ပေ။
သို့သော်ယခု... ပြင်းထန်ကြမ်းတမ်းသော တိုက်ပွဲတစ်ခုအပြီးမှာ ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်က ကုန်ခန်းလုနီးပါး ဖြစ်လာခဲ့ပြီး ဖုန်းယင်ကတော့ အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်နိုင်နေသေး၏။
အဲ့ဒါက နောက်ဆုံး သတ်ဖြတ်ကွက်ဖြစ်၏။
မိုးကောင်းကင်ကိုးလွှာမှာ အင်မော်တယ်ထိုက်ဟွာကို ဆူဇီမိုသတ်ဖြတ်ခဲ့သည့် မြင်ကွင်းသည် ယခုဖြစ်ပျက်နေသောဖြစ်ရပ်နှင့် အတော်လေးဆင်တူလေသည်။
ထိုစဥ်တုန်းက ဆူဇီမိုသည်လည်း အင်မော်တယ်ထိုက်ဟွာ၏ အမြုတေစိတ်ဝိညာဥ်စွမ်းအားကို အဆက်မပြတ်သုံးစွဲစေကာ ကုန်ခန်းလာစေရန် ဖိအားပေးခဲ့၏။
နောက်ဆုံးမှာ အင်မော်တယ်ထိုက်ဟွာ၏ အမြုတေစိတ်ဝိညာဥ်စွမ်းအားက ကုန်ခန်းသွားခဲ့ပြီး သူက အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်ကာ လှုပ်ရှားကွက်တစ်ကွက်တည်းဖြင့် ထိုသူကိုသတ်ဖြတ်ခဲ့၏။
ဖုန်းယင်ကလည်း အရာရာတိုင်းကို ကြိုတင်အစီအစဥ်ချထားသည်မှာ သိသာလေသည်။
သူသည် ဤဝှက်ဖဲကို နောက်ဆုံးအချိန်ထိ ချန်ထားခဲ့သည့်အကြောင်းအရင်းမှာ ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်စွမ်းအားက နောက်ထပ်အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို မထုတ်ဖော်နိုင်တော့တာ သေချာသည့်အချိန်ထိ သူကစောင့်ဆိုင်းနေခဲ့ခြင်းကြောင့်ဖြစ်၏။
“လူကြီးမင်းဆူရဲ့ခန္ဓာကိုယ်က အဲ့ဒီအန္တိမနတ်ဘုရားစွမ်းအားကို ခုခံနိုင်လောက်တယ်မလား”
ရှုရှောင်းထျန်က မနေနိုင်ဘဲမေးလိုက်၏။
ဘာပဲပြောပြော မိုးကောင်းကင်ကိုးလွှာမှာ ဆူဇီမိုသည် အင်မော်တယ်ထိုက်ဟွာ၏ အန္တိမနတ်ဘုရားစွမ်းအားကို သူ၏ ခန္ဓာကိုယ်ဖြင့် ခုခံပြီး ထိုသူကို ပြန်လှန်သတ်ဖြတ်ခဲ့လေသည်။
“အဲ့ဒါက မတူတော့ဘူး”
ရှဲ့ချင်းချန်က သူ၏ ခေါင်းကို ခါပြလိုက်၏
“မိုးကောင်းကင်ကိုးလွှာမှာ ဆူဇီမိုက အဲ့ဒီအန္တိမနတ်ဘုရားစွမ်းအားကိုခုခံပြီးတဲ့နောက် ဒဏ်ရာအပြင်းအထန် ရခဲ့တယ်... ဒါပေမဲ့ သူက အင်မော်တယ်ထိုက်ဟွာကို နောက်ထပ်ဘာအခွင့်အရေးမှမပေးဘဲ တိုက်ခိုက်သတ်ဖြတ်နိုင်ခဲ့တယ်”
“ဒါပေမဲ့အခုချိန်မှာ... ညီကိုဆူက အဲ့ဒီနတ်ဘုရားစွမ်းအားကို ခုခံနိုင်ခဲ့မယ်ဆိုရင်တောင် ဒဏ်ရာအပြင်းအထန်ရပြီးတော့ သူက ဖုန်ယင်ကိုသတ်ဖြတ်ဖို့အတွက် အခြားဘာနည်းလမ်းကိုမှ ထုတ်ဖော်နိုင်မှာမဟုတ်တော့ဘူး”
“ဆန့်ကျင်ဘက်အနေနဲ့ ဖုန်းယင်ကတော့ ဆူဇီမိုကို အနိုင်ယူဖို့ သူ့ရဲ့နောက်ထပ်သတ်ဖြတ်ကွက်တွေကို ထုတ်ဖော်နိုင်ဦးမယ်”
ဖုန်းယင်သည် ချဥ်းကပ်လာနေသည့် ဆူဇီမိုကိုကြည့်ပြီး သူ၏ မျက်လုံးထဲမှာ သရော်တော်တော်အကြည့်တစ်ခုက ပေါ်ထွက်လာ၏။
“မင်းက တူညီတဲ့ပုံစံနဲ့ ရှုံးနိမ့်ရလိမ့်မယ်လို့ ထင်မထားဘူးမလား... ဒါက ကံကြမ္မာစက်ဝန်းပဲ... ဒါက မင်းနောက်ဆုံးအနားယူရမယ့်နေရာပဲ”
“ထိုက်ဟွာရဲ့သေဆုံးမှုကြောင့် ဆုံးရှုံးခဲ့ရသည့် ပြန်ဝင်စားအင်မော်တယ်တွေရဲ့ ဂုဏ်သိက္ခာကို ငါပြန်ယူရမယ်”
“ငါမင်းကို တစ်ခုတော့နားလည်စေချင်တယ်... ပြန်ဝင်စားအင်မော်တယ်တစ်ယောက်ရဲ့ ဂုဏ်သိက္ခာဆိုတာ အောက်ဘုံကနေတက်လှမ်းလာတဲ့ မင်းလိုမျိုးလူ စိန်ခေါ်နိုင်တဲ့တစ်စုံတစ်ရာမဟုတ်ဘူး”
ထိုသို့သူပြောလိုက်သည့်ခဏမှာပင် ဖုန်ယင်၏ လက်ထဲမှာ စုဖွဲ့ထားသောနတ်ဘုရားစွမ်းအားက ၎င်း၏ အကန့်အသတ်ထိ ရောက်ရှိလာခဲ့ပြီဖြစ်၏။
“ဟာရီကိန်းကပ်ဘေး”
ဖုန်းယင်က ဆူဖီမိုကိုလက်ညှိုးထိုးလိုက်၏။
ရွှစ်....
အလွန်ကြီးမားသည့် အနက်ရောင်ဟာရီကိန်းမုန်တိုင်းတစ်ခုက မနှိုင်ယှဥ်သာအောင်ကြောက်စရာကောင်းသော အော်ရာတစ်ခုနှင့်အတူ သူ့ရှေ့မှာပေါ်ထွက်လာ၏။
အဲ့ဒါက လောကမှာရှိသော အရာရာတိုင်းကို ဆုတ်ဖြဲပစ်နိုင်သည့်အလား တစ္ဆေညည်းတွားသံကို ထုတ်ဖော်နေ၏။
ဟာရီကိန်းကပ်ဘေးသည် သေစေနိုင်စွမ်းအားမြင့်မားသော အန္တိမနတ်ဘုရားစွမ်းအားတစ်ခုဖြစ်ပြီး အင်မော်တယ်ထိုက်ဟွာထုတ်ဖော်ခဲ့သောအရာထက် များစွာကြောက်စရာကောင်းလေသည်။
ဆူဇီမိုက အန္တိမနတ်ဘုရားစွမ်းအားနှင့် ရင်ဆိုင်ရချိန်မှာ သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်ခြင်းမရှိပေ။
သူ၏ အမူအရာက အတော်လေးတည်ငြိမ်နေပြီး သူ၏ အသိစိတ်ထဲမှာ ကျန်ရှိနေသော အမြုတေစိတ်ဝိညာဥ်စွမ်းအားကို လှည့်ပတ်လိုက်၏။ သူ၏ လက်နှစ်ဖက်က လှုပ်ရှားသွားရင်း မနှိုင်းယှဥ်သာအောင် မြင့်မြတ်ထည်ပြီး လျှို့ဝှက်ဆန်းကြယ်၍ ထူးဆန်းသော ဓမ္မချိပ်စည်းတစ်ခုကို ဆင့်ခေါ်လိုက်၏။
“အရာအားလုံးက မတည်မြဲကြ... ဖြစ်ပြီးရင်ပျက်တဲ့ နိယာမ... အနိစ္စတရားရဲ့ သဘာဝ”
ဆူဇီမိုက တီးတိုးရေရွတ်လိုက်၏။ သက္ကတစကားသံက မတိုးလွန်းမကျယ်လွန်းသော်လည်း ထိုအသံက ယန်ယန်းနန်းတော်၏ တစ်ထောင့်တစ်နေရာမကျန် ပျံ့နှံ့သွား၏။
မနှိုင်းယှဥ်သာအောင် လျှို့ဝှက်ဆန်းကြယ်သောစွမ်းအားတစ်ခုက သူ့လက်ပေါ်ရှိ ဓမ္မချိပ်စည်းများကနေ ဖြာထွက်လာခဲ့၏။
ဆူဇီမိုသည် ဓမ္မချိပ်စည်းကိုထုတ်လွှတ်ပြီး သူ့ရှေ့မှာရှိသော ဟာရီကိန်းမုန်တိုင်းကို ထိခတ်သွားစေ၏။
“ဟမ့်...”
ဖုန်းယင်က လှောင်ရယ်လိုက်၏။
“မင်းက ဗုဒ္ဓကျောင်းတော်တွေရဲ့ ဓမ္မချိပ်စည်းတစ်ခုလောက်နဲ့ အန္တိမနတ်ဘုရားစွမ်းအားတွေကို တိုက်ခိုက်ချင်တယ်ပေါ့... မင်းကစိတ်ကူးယဥ်နေတာပဲ”
အဲ့ဒါက သူတစ်ယောက်တည်းသာလျှင်မဟုတ်ပေ။ လက်ရှိကောင်းကင်အင်မော်တယ်များစွာကလည်း အဲ့ဒါကိုရှင်းလင်းစွာ တွေ့မြင်နိုင်၏။
ဆူဇီမို၏ ဓမ္မချိပ်စည်းသည် လျှို့ဝှက်ဆန်းကြယ်သည့်ပုံပေါ်သော်လည်း ၎င်းမှာ မည်သည့်နတ်ဘုရားစွမ်းအားမှမပါရှိဘဲ အဲ့ဒါသည် ဗုဒ္ဓကျောင်းတော်များ၏ သာမန်လျှို့ဝှက်အတတ်တစ်ခုသာဖြစ်လောက်လေသည်။
သူ့အနေဖြင့် ဗုဒ္ဓကျောင်းတော်များ၏ လျှို့ဝှက်အတတ်တစ်ခုဖြင့် ဤကဲ့သို့ ကြမ်းကြုတ်ခက်ထန်သော သတ်ဖြတ်ခြင်းစွမ်းအားနှင့် အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို ခုခံဖို့က မဖြစ်နိုင်ပေ။
ထိုစဥ်မှာပင် ဗုဒ္ဓဓမ္မချိပ်စည်းက ဟာရီကိန်းမုန်တိုင်းနှင့် ထိတွေ့ရိုက်ခတ်သွား၏။
ရွှစ်...
ချက်ချင်းပင် အဖျက်စွမ်းအားမြင့်မားသော ဟာရီကိန်းမုန်တိုင်းသည် ချက်ချင်းပင်ပျက်ပြယ်သွားပြီး နတ်ဘုရားစွမ်းအားများက ဆူဇီမိုပေါ် လုံးဝသက်ရောက်မှုမရှိဘဲ လွင့်ပြယ်သွား၏။
“ဟမ်...”
ဖုန်းယင်၏ အမူအရာက ရုတ်ချည်းပြောင်းလဲပြီး သူ၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွား၏။
သူ၏ စိတ်ထဲမှာ အတွေးတစ်ခုသာလျှင်ရှိတော့၏။
အဲ့ဒါက... ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ။
ဟာရီကိန်းကပ်ဘေးပျောက်ကွယ်သွားခြင်းနှင့်အတူ ဆူဇီမို၏ ပုံရိပ်က သူ့ရှေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။
သူ၏ ဒူးများကို ရှေ့သို့ပစ်ပြီး သူကတားဆီးမရနိုင်သော စွမ်းပကားတစ်ခုနှင့်အတူ ဒုန်းစိုင်းပြေးဝင်လာသော နတ်မြင်းတစ်ကောင်ကဲ့သို့ဖြစ်နေ၏။
ဖုန်းယင်သည် အချိန်မီမရှောင်တိမ်းနိုင်တော့ဘဲ သူ၏ ရင်ဘတ်ကို ကာကွယ်ဖို့အတွက် သူ၏ လက်နှစ်ဖက်ကိုသာ မြှောက်လိုက်ရ၏။
ဘန်း...
ဆူဇီမိုက ပြင်းထန်စွာ ပစ်တိုက်ချလိုက်၏။
ဖုန်းယင်သည် သူ၏ လက်နှစ်ဖက်မှ စူးရှသောနာကျင်မှုတစ်ခုကို ခံစားရပြီး အရိုးများ၏ တဖြောက်ဖြောက်မြည်သံကိုကြားလိုက်ရ၏။