← Chapters

ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးနေရာ

Vol. 151 Ch. 2257

ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးနေရာ

Vol. 151 Ch. 2257

အစကတော့... ဖုန်းယင်သည် သူ၏ အန္တိမနတ်ဘုရားစွမ်းကို ထုတ်ဖော်ပြီးနောက် ဤတိုက်ပွဲနှင့်ပတ်သက်၍ သံသယရှိစရာမလိုတော့ဟု လူတိုင်းကတွေးထင်ခဲ့ကြ၏။

ယခုအခြေအနေက လျင်မြန်စွာ ပြောင်းလဲသွားပြန်လေပြီ။

ဆူဇီမိုသည် ဗုဒ္ဓကျောင်းတော်များ၏ ဓမ္မချိပ်စည်းတစ်ခုကို ရုတ်တရက်ထုတ်ဖော်ကာ ဟာရီကိန်းကပ်ဘေးကို ဆိုင်းမဆင့်ဗုံမဆင့်ပျက်ပြယ်သွားစေပြီး သူက လူချင်းပူးကပ်ခွင့်ရသွား၏။

တိုက်ပွဲ၏ အလယ်မှာရောက်ရှိနေသော ဖုန်းယင်ကိုမပြောနှင့် ဘေးကနေစောင့်ကြည့်နေသူများပင်လျှင် ဖြစ်ပျက်နေသည့်အရာကို နားမလည်နိုင်ဘဲ အံ့အားသင့်မှင်တက်နေကြ၏။

ဤအဆင့်တိုက်ပွဲတစ်ပွဲမှာ ခြေတစ်လှမ်းအမှားက ကြီးမားသောကွာခြားချက်တစ်ခုကို ဖြစ်ပေါ်သွားစေနိုင်၏။

သူ၏ အမြုတေချီဖြစ်စေ၊ သူ၏ အမြုတေစိတ်ဝိညာဥ်ဖြစ်စေ ဖုန်းယင်သည် သူ၏ ဝှက်ဖဲများအားလုံးကို ထုတ်ဖော်ခဲ့ပြီဖြစ်ပြီး ချဥ်းကပ်လာနေသည့် ဆူဇီမိုကို မယှဥ်နိုင်တော့ပေ။ ဆူဇီမိုသည် မဟာအရိုင်းကမ္ဘာမှ အန္တိမသားရဲဘုရင်၁၂ပါး၏ ဂမ္ဘီရကျင့်စဥ်မှ သတ်​ဖြတ်ကွက်တစ်ကွက်ကိုအသုံးပြုပြီး ဖုန်းယင်ကို တစ်ခဏချင်းမှာပင် ဒဏ်ရာအပြင်းအထန် ရရှိသွားစေ၏။

သေရေးရှင်ရေးအခိုက်အတန့်မှာ ဖုန်းယင်၏ သန်မာသောရှင်သန်လိုစိတ်က ပေါက်ကွဲထွက်ပေါ်လာ၏။ သူ၏ သွေးချီက လုံးလုံးလျားလျား ပျက်ပြယ်မသွားခင် သူက သူ၏ သွေးချီများအားလုံးကို နေရာတစ်ခုတည်းမှာစုစည်းပြီး ပေါက်ကွဲထွက်သွားစေ၏။

ထိုစဥ်မှာပင် သူကသိပ်သည်းပြင်းထန်သော စွမ်းအားတစ်ခုကိုလက်ခံရရှိပြီး နောက်သို့ဆုတ်ခွာသွား၏။ သူက သွေးရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး အစိမ်းရောင်ကျောက်တုံးတိုက်ပွဲကွင်းပေါ်ကနေ ကျဆင်းသွားလေပြီ။

ဖုန်းယင်က ရှုံးနိမ့်သွားပြီဖြစ်၏။

ရင်ပြင်အထက်လေထဲမှာ... အစိမ်းရောင်ကျောက်တုံး တိုက်ပွဲကွင်းပေါ်တွင် အစိမ်းရောင်ဝတ်ပုံရိပ် တစ်ခုကသာ မတ်တတ်ရပ်ကျန်ရစ်ခဲ့၏။

လူအုပ်ကြီးက ခဏမျှငြိမ်သက်သွားပြီးနောက် ​ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ရှိရာဘက်မှ မင်းသမီးသက်တံနီနှင့် အခြားသူများသည် အော်ဟစ်အားပေးလိုက်ကြ၏။ သူတို့က စိတ်အားမာန်တက်ကြွနေပြီး ကျေနပ်သဘောကျနေ၏။ လူအုပ်ကြီးကလည်း အုန်းအုန်းကျက်ကျက်ဖြစ်လာခဲ့၏။

“ဆူဇီမိုနိုင်သွားပြီပဲ”

“အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်က ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ရဲ့ ခေါင်းဆောင်ဖြစ်လာပြီး ပြန်ဝင်စားအင်မော်တယ်နှစ်ယောက်ကို အနိုင်ယူခဲ့တယ်... သူက သူနဲ့အဆင့်တူတွေကြားမှာ တကယ့်ကို ပြိုင်ဘက်ကင်းနေပြီပဲ”

“ဒီနှစ်တစ်သောင်းတွေ့ဆုံပွဲက သမိုင်းမှာ မှတ်တမ်းတင်ခံရဖို့ လုံလောက်နေပြီ”

“ဆူဇီမိုက သီးသန့်ရည်ရွယ်ချက်တစ်ခုနဲ့ ဖုန်းယင်ကိုထိခိုက်ဒဏ်ရာရအောင် လုပ်ခဲ့တယ်ဆိုတာ မင်းတို့တွေသတိထားမိလား”

ကျင့်ကြံသူများစွာက သူဆိုလိုသည့်အရာကို နားလည်သဘောပေါက်လိုက်၏။

သည့်ယခင်က ဖုန်းယင်သည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ လျှိုဖျင်၏ လက်နှစ်ဖက်ကိုဖြတ်တောက်ပြီး သူ၏ ရင်ဘတ်ကို ထိုးဖောက်ခဲ့လေသည်။

ယခု ဆူဇီမိုသည် ဖုန်းယင်၏ လက်နှစ်ဖက်ကိုဆုတ်ဖြဲပြီး သူ၏ နှလုံးနှင့် ရင်ဘတ်ကို ထိုးဖောက်ကာ သူတို့၏ ထိခိုက်ဒဏ်ရာများက ထပ်တူကျလုနီးပါး တူညီနေ၏။

သူသည် လျှိုဖျင်အတွက် လက်စားချေပေးခဲ့သည်မှာ သိသာလေသည်။

“အောက်ဘုံကနေတက်လှမ်းလာတဲ့လူတစ်ယောက်က ပြန်ဝင်စားအင်မော်တယ်နှစ်ယောက်ကို နင်းတက်ပြီး ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံး နေရာကို သိမ်းပိုက်ခဲ့တယ်ဆိုတော့... ဒီလိုမျိုးကြီးမားတဲ့ ဖြစ်ရပ်တစ်ခုပေါ်ထွက်မလာခဲ့တာ နှစ်ပေါင်းသိန်းချီ ကြာသွားခဲ့ပြီပဲ”

အဖိုးအိုတစ်ယောက်က ညည်းတွားရေရွတ်လိုက်၏။

“အောက်ဘုံ​ကနေ တက်လှမ်းလာတဲ့လူတွေထဲမှာ ဒီလိုမျိုးစွမ်းပကားကို နောက်ဆုံးထုတ်ဖော်ခဲ့တဲ့သူက ဖုန့်စန်းထျန်ဖြစ်မယ်ထင်တယ်”

နောက်ထပ်လူတစ်ယောက်က ပြောလိုက်၏။

ပထမအဖိုးအိုက သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။

“ဖုန့်စန်းထျန်က အဲ့ဒီတုန်းက နှစ်တစ်သောင်းတွေ့ဆုံပွဲမှာ ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးနေရာကိုရရှိခဲ့ပေမယ့် သူ့ရဲ့ပြိုင်ဘက်တွေက အခုလောက်ထိစွမ်းအားမကြီးမားဘူး”

မင်းသားယွမ်ကျောနှင့် ကောင်းကင်အင်မော်တယ်အဖြူရောင်ပင်လယ်မှာ ရုပ်ဆိုးအကျည်းတန်သော အမူအရာများရှိနေ၏။

ယခုဆူဇီမိုက ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးနေရာကို ရရှိသွားပြီး အဖွဲ့အစည်းနှစ်ခု၏ ပူးပေါင်းမှုက လုံးလုံးလျားလျားကျရှုံးသွားပြီဟု အဓိပ္ပါယ်ရလေသည်။

အဖွဲ့အစည်းနှစ်ခုမှ ကမ္ဘာမြေအင်မော်တယ်များကို ဆုံးရှုံးရခြင်းက အဓိကမဟုတ်ပေ။ အဓိကအချက်သည် သူတို့က ဤတစ်ခေါက်မှာ မျက်နှာများစွာပျက်ရပြီး အဲ့ဒါသည် အချိန်အတန်ကြာသည့်အထိ ကျင့်ကြံသူများစွာ၏ ဆွေးနွေးပြောဆိုစရာခေါင်းစဥ်တစ်ခုဖြစ်လာပေလိမ့်မည်။

မင်းသားယွမ်ကျောသည် ဆူဇီမို၏ ပုံရိပ်ကိုကြည့်နေ၏။ သူက မုန်းတီးမှုဖြင့် ပြည့်နှက်နေသော်လည်း သူလုပ်နိုင်တာ ဘာမှမရှိတော့ပေ။ သူက တစ်စုံတစ်ရာကို သတိထားမိသွား၏။

သူက ဤနှစ်တစ်သောင်းတွေ့ဆုံပွဲမှာ ဆူဇီမိုကို မသတ်ဖြတ်နိုင်ခဲ့လျှင် သူသည် အနာဂတ်မှာ နောက်ထပ်အခွင့်အရေးတစ်ခုကို ရရှိချင်မှရရှိပေတော့မည်။

ကောင်းကင်အင်မော်တယ်အဖြူရောင်ပင်လယ်ကလည်းက ဂိုဏ်းကို ပြန်ရောက်သည့်အခါ ဒုံမင်းအင်မော်တယ်ကို ဘယ်လိုပြောဆိုတင်ပြရမလဲ စဥ်းစားတွေးတောနေ၏။

သူတို့နှစ်ယောက်သည် အလိုအလျောက်နားလည်မှုရှိပြီး ဤနေရာမှာဆက်လက်၍ ကြန့်ကြာမနေတော့ပေ။ ပကတိအင်မော်တယ်ရှဲ့လင်ကို နှုတ်ဆက်ပြီးနောက် သူတို့က သူတို့၏ ကျင့်ကြံသူများနှင့်အတူ အလောတကြီးထွက်ခွာသွားကြ၏။

အဖွဲ့အစည်းနှစ်ခု၏ ကမ္ဘာမြေအင်မော်တယ်များက ဆူဇီမို၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီးလေပြီ။

သူတို့နှစ်ယောက်သည် ဤနေရာမှာဆက်နေပါက ပိုမိုအရှက်ရရုံသာဖြစ်ပေလိမ့်မည်။

“ဖုန်းယင်... မင်းဘယ်လိုနေလဲ အဆင်ပြေရဲ့လား”

ကောင်းကင်အင်မော်တယ် တောင်ထွတ်စိမ်း၏ အမူအရာက ပျက်ယွင်းနေပြီး သူက ဖုန်းယင်ကို စားပွဲဝိုင်းရှိရာသို့ ဖေးမခေါ်ဆောင်ကာ ညင်သာစွာမေးလိုက်၏။

ဖုန်းယင်က သူ၏ သိုလှောင်အိတ်ထဲကနေ ဆေးပုလင်းတချို့ကိုထုတ်ယူပြီး ဆေးလုံးဆယ်လုံးကျော်ကို တစ်ခါတည်းမျိုချလိုက်၏။ သူ၏ အမူအရာက အနည်းငယ်ပျော့ပျောင်းသွားပြီး သူ၏ ဒဏ်ရာများက တည်ငြိမ်လာခဲ့၏။

“ငါအဆင်ပြေပါတယ်”

ဖုန်းယင်က သူ၏ ခေါင်းကို အနည်းငယ်မော့ပြီး အစိမ်းရောင်ကျောက်တုံးတိုက်ပွဲကွင်းပေါ်မှပုံရိပ်ကို အေးစက်နေသောအကြည့်ဖြင့်ကြည့်ကာ ထိုစကားကိုသာပြောလိုက်၏။

“ဘာဖြစ်သွားတာလဲ”

ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

“မင်းရဲ့ ဟာရီကိန်းကပ်ဘေးက ဘာလို့ရုတ်တရက်ပျက်ပြယ်သွားရတာလဲ... အဲ့ဒီဓမ္မချိပ်စည်းရဲ့ဇာစ်မြစ်ကို မင်းပြောနိုင်လား”

သူသည် ကောင်းကင်အင်မော်တယ်ပညာရှင်တစ်ဦးဖြစ်သော်လည်း သူ၏ ဗဟုသုတနှင့် အကဲဖြတ်နိုင်စွမ်းသည် ဖုန်းယင်ထက် ပိုမိုနိမ့်ကျနေနိုင်၏။

“ငါလည်းမပြောတတ်ဘူး”

ဖုန်းယင်က သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။

“အဲ့ဒီဓမ္မချိပ်စည်းက ဗုဒ္ဓကျောင်းတော်တွေကလာတာဖြစ်မယ်... ငါအဲ့ဒါကို အရင်ကတစ်ခါမှ မမြင်ဖူးဘူး... ဘာလို့လဲမသိဘူး အဲ့ဒီဓမ္မချိပ်စည်းက ဟာရီကိန်းကပ်ဘေးနဲ့ ထိတွေ့မိတဲ့အချိန်မှာပဲ အဲ့ဒါက ပျက်ပြယ်သွားတယ်”

ပြောင်းလဲမှုက အရမ်းကိုလျင်မြန်စွာ ဖြစ်ပွားခဲ့ပြီး သူသည် အခြေအနေအရ တုံ့ပြန်ဖို့အချိန်မရခဲ့ပေ။

ပုံမှန်အခြေအနေမှာဆိုလျှင် ဆူဇီမိုက ဟာရီကိန်းကပ်ဘေးကို တိုက်ခိုက်ဖို့အတွက် အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်မည်ဆိုလျှင်တောင် အဲ့ဒီမှာ ပြင်းထန်ကြမ်းတမ်းသော ရိုက်ခတ်မှုတစ်ခုရှိလာပေလိမ့်မည်။

နတ်ဘုရားစွမ်းအားများ၏ ရိုက်ခတ်မှုတုန်ခါလှိုင်းသည် သူတို့နှစ်ယောက်စလုံးကိုပင် နောက်သို့လှန်ကျသွားစေနိုင်၏။

သို့သော်လည်း ဟာရီကိန်းကပ်ဘေးက ဗုဒ္ဓကျောင်းတော်များ၏ ဓမ္မချိပ်စည်းနှင့် ထိတွေ့မိသည့်ခဏမှာပင် အရာရာတိုင်းက မည်သည့်စ်မ်းအင်အတက်အကျမှမရှိဘဲ တိတ်တဆိတ်ပျောက်ကွယ်သွား၏။

ထို့ကြောင့်ပင်လျှင် ဆူဇီမိုသည် မည်သည့်အဟန့်အတားမှမရှိဘဲ သူ့ထံသို့ချဥ်းကပ်ကာ သူ၏ သတ်ဖြတ်ကွက်ကို ထုတ်ဖော်နိုင်ခဲ့ခြင်းဖြစ်၏။

အစိမ်းရောင်ကျောက်တုံး တိုက်ပွဲကွင်းပေါ်တွင်...။

ဆူဇီမိုက သူ၏ အမြုတေချီသက်လုံအားကို ဖြည်းဖြည်းချင်းပြန်လည်ရယူနေ၏။ သူသည် သူ၏ ဘေးပတ်လည်မှာ တုန်လှုပ်နေသော၊ ချီးကျူးနေသော၊ အားကျနေသော၊ အေးစက်နေသော... အမျိုးမျိုးသော တွေဝေရှုပ်ထွေးသည့် အကြည့်များကို အာရုံခံမိနေသော်လည်း သူ၏ စိတ်က တည်ငြိမ်နေ၏။

သူသည် ဤတိုက်ပွဲကို အလွယ်တကူအနိုင်ရခဲ့ခြင်း မဟုတ်ပေ။

သူသည် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်၏ လျှို့ဝှက်အတတ် အနိစ္စချိပ်စည်းကို အသုံးပြုခဲ့ခြင်းမရှိလျှင် ဤတိုက်ပွဲ၏ ရလဒ်ကို ခန့်မှန်းလို့ရနိုင်မည် မဟုတ်ပေ။

အရာရာတိုင်းက မတည်မြဲကြ... ဖြစ်ပြီးရင်ပျက်တဲ့ နိယာမ... အနိစ္စတရားရဲ့သဘာဝ။

လောကမှာရှိသော အရာရာတိုင်းက တည်မြဲခြင်းမရှိဘဲ အသက်ဓာတ်ဝင်ခြင်း၊ ရှင်သန်ခြင်း၊ ကွဲလွဲဆန့်ကျင်ခြင်းနှင့် ပျက်စီးခြင်းကြားမှာ လည်ပတ်နေ၏။

ဥပမာအားဖြင့် သက်ရှိများအားလုံးသည် ယင်နှင့်ယန်၏ ကနဦးစုဆုံမှုနှင့် ကောင်းကင်နှင့်မြေကြီး၏ ယှက်ဖြာမှုကနေ မွေးဖွားလာခဲ့ကြ၏။ အဲ့ဒါက အသက်ဓာတ်ကို ဖန်တီးပေးခြင်းဖြစ်၏။

လူတစ်ယောက်၏ ခန္ဓာကိုယ်က ပြီးပြည့်စုံသွားသည်နှင့် အဲ့ဒါက ရှင်သန်ခြင်းကို ဖန်တီးပေးပေလိမ့်မည်။

သူတို့က တဖြည်းဖြည်းအိုမင်းလာသည်နှင့် ကွဲလွဲဆန့်ကျင်မှုကို ဖြစ်ပေါ်လာစေပေလိမ့်မည်။ နောက်ဆုံးမှာ သူတို့၏ ဘဝသက်တမ်းများအဆုံး၌ ပျက်စီးခြင်းက ဖြစ်ပေါ်လာပေလိမ့်မည်။

ဖုန်းယင်ထုတ်ဖော်ခဲ့သည့် အန္တိမနတ်ဘုရားစွမ်းအား.. ဟာရီကိန်းကပ်ဘေးပင်လျှင် အသက်ဓာတ်၊ ရှင်သန်ခြင်း၊ ကွဲလွဲဆန့်ကျင်ခြင်းနှင့် ပျက်စီးခြင်း၏ ပြောင်းလဲမှုများကနေ မလွတ်မြောက်နိုင်ပေ။

ဖုန်းယင်သည် သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို လှည့်ပတ်ပြီး ထိုနည်းစနစ်ကို စုဖွဲ့လိုက်သောအခါ အသက်ဓာတ်ကဖြစ်ပေါ်လာ၏။

ဟာရီကိန်းကပ်ဘေးက အသွင်သဏ္ဌာန်ယူလာသောအခါ ရှင်သန်ခြင်းကဖြစ်ပေါ်လာ၏။

နတ်ဘုရားစွမ်းအားများက အော်မြည်လာသောအခါ ၎င်း၏ ခွန်အားက တိုးလာသည်ဖြစ်စေ၊ လျော့ကျသွားသည်ဖြစ်စေ ကွဲလွဲဆန့်ကျင်မှုက ဖြစ်ပေါ်လာ၏။

အဲ့ဒါက မည်သည့်နတ်ဘုရားစွမ်းအားပင်ဖြစ်စေ ၎င်းပျက်ပြယ်သွားသည့်အချိန်က ပျက်စီးခြင်းဖြစ်လေသည်။

အရာရာတိုင်းနှင့် ပြောင်းလဲမှုများအားလုံးက မတည်မြဲကြပေ။

အမြန်ဆုံးပြောင်းလဲမှုများသည် များသောအားဖြင့် စိတ်ထဲကနေ လာတတ်လေသည်။

အသက်ဓာတ်နှင့် ​ပျက်စီးခြင်းက တဒင်္ဂအခိုက်အတန့်များကြားမှာ ဖြစ်ပွားနေ၏။

ဆူဇီမိုဆင့်ခေါ်လိုက်သော အနိစ္စချိပ်စည်းသည် ဟာရီကိန်းကပ်ဘေးနှင့် ထိတွေ့သောအခါ အသက်ဓာတ်၊ ရှင်သန်ခြင်း၊ ကွဲလွဲဆန့်ကျင်ခြင်းနှင့် ပျက်စီးခြင်းတို့ကို သူ့ထံမှ အတွေးတစ်ချက်ဖြင့် ဆုံးဖြတ်ပြီးသား ဖြစ်သွားလေပြီ။

ထို့ကြောင့် ထိုအန္တိမနတ်ဘုရားစွမ်းအားက ဖြစ်ပေါ်လာသည့်ခဏမှာပင် အဲ့ဒါက အနိစ္စချိပ်စည်းမှာပါဝင်သော အန္တိမစွမ်းပကားကြောင့် ပျက်ပြယ်သွားခဲ့၏။

ကောင်းကင်ဘုံဝံပုလွေပြောပုံအရ ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်သည် တဗူးဂမ္ဘီရကျင့်စဥ်တစ်ခုဖြစ်၏။ ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်မှာ မှတ်တမ်းတင်ထားသော ဓမ္မချိပ်စည်းတစ်ခုသည် အလွန်တရာကြောက်စရာကောင်းသော စွမ်းပကားတစ်ခုကို တကယ်ပင်ပြသခဲ့လေပြီ။

ထိုလျှို့ဝှက်အတတ်သည် အမြုတေစိတ်ဝိညာဥ်၏ စွမ်းအားများစွာကို မကုန်ခန်းစေသော်လည်း အဲ့ဒါသည် အန္တိမနတ်ဘုရားစွမ်းအားများကို ချေဖျက်ပေးနိုင်၏။

“ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ရဲ့ အဆင့်သတ်မှတ်ချက်တိုက်ပွဲ ပြီးဆုံးသွားပြီ”

ထိုစဥ်မှာပင် ပကတိအင်မော်တယ်ရှဲ့လင်၏ အသံက ထွက်ပေါ်လာပြီး သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။

“နောက်ပြီးကျရင် ကျုပ်က ဒီကမ္ဘာမြေအဆင့်သတ်မှတ်ချက်ရဲ့ အဆင့်ရပ်တည်မှုတွေကို ကြေညာပေးမယ်”

“ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံး... ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ရဲ့ ဆူဇီမို”

ဝေါ...

ရှဲ့လင်၏ အသံကထွက်ပေါ်လာစဥ် ကြီးမားသော အဆင့်သတ်မှတ်ချက် စာရင်းတစ်ခုက လေထဲမှာ ပေါ်ထွက်ကာကျဆင်းလာ၏။ ပထမဆုံး အတန်းပေါ်မှာ စာကြောင်းတစ်ကြောင်းရှိနေ၏။

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်... ဆူဇီမို။

ထိုစာကြောင်းသည် ကမ္ဘာမြေအင်မော်တယ်များ၏ အန္တိမဂုဏ်ကျက်သရေကို ကိုယ်စားပြုပေးနေ၏။

“အဆင့်သတ်မှတ်ချက်ရဲ့ ဒုတိယ... အင်ပါယာလေဘုရားကျောင်း ဖုန်းယင်”

“အဆင့်သတ်မှတ်ချက်ရဲ့တတိယ...”

ရှဲ့လင်က ခဏမျှရပ်တန့်ပြီး ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ရှိရာဘက်ကိုကြည့်ပြီးနောက် ပြောလိုက်၏။

“ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ရဲ့ တတိယ... ကျုပ်တို့မှာ အငြင်းပွားမှုတချို့ရှိခဲ့ပေမယ့် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က လျှိုဖျင်ကို တတိယနေရာပေးဖို့ ကျုပ်တို့က နောက်ဆုံးမှာ ဆုံးဖြတ်ခဲ့ကြတယ်”

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သည် ကမ္ဘာ​​​မြေအဆင့်သတ်မှတ်၏ ထိပ်ဆုံးသုံးနေရာမှာ နှစ်နေရာကို သိမ်းပိုက်ခဲ့လေသည်။

All Chapters