← Chapters

စိတ်ဝိညာဉ်ပနံသင့် ပညာရပ်

Vol. 151 Ch. 2258

စိတ်ဝိညာဉ်ပနံသင့် ပညာရပ်

Vol. 151 Ch. 2258

ယွဲ့ဖုန်သည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပေါ်မှာ စတုတ္ထနေရာကို ရရှိခဲ့၏။

မင်းသမီး သက်တံနီက ဆဋ္ဌမ ဖြစ်၏။

ရှဲ့လင်သည် ကမ္ဘာမြေအင်မော်တယ် ၁၀၀ ၏ အမည်များကို ဖတ်ရှုလို့ ပြီးဆုံးသွားစဉ် ဧရာမ ကမ္ဘာမြေအဆင့်သတ်မှတ်ချက်က နာမည်များဖြင့် ပြည့်နှက်သွားပြီဖြစ်၏။

အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးနေရာမှာ ရှိသော စာကြောင်းသည် ရွှေရောင်အလင်းတစ်ခုဖြင့် တောက်ပနေပြီး အတောက်ပ အထည်ဝါဆုံးဖြစ်၏။

ဤနေ့မှစ၍ ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ အမည်စာရင်းက ဂမ္ဘီရမိုးကောင်းကင် ကုန်းမြေတိုက်သို့ အမျိုးမျိုးသော ပုံစံများဖြင့် ပျံ့နှံ့သွားပေလိမ့်မည်။

“နှစ်တစ်သောင်း တွေ့ဆုံပွဲက အဆုံးသတ်သွားပြီ.. အားလုံးပဲ ကျေးဇူးပြု၍ လူစုခွဲပြီး အရင်ဆုံး အနားယူပေးကြပါ”

ရှဲ့လင်က ကျယ်လောင်စွာ ထုတ်ဖော်ကြေညာလိုက်၏။

“၃ရက်နေပြီးရင် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပေါ်က ကျင့်ကြံသူ ၁၀၀ က မင်းတို့ရဲ့ ဆုလာဘ်တွေကို လာပြီး လက်ခံယူလို့ ရပြီ”

“ဆူဇီမို.. ငါ့နောက်က လိုက်ခဲ့”

ရှဲ့လင်က အစိမ်းရောင်ကျောက်တုံး တိုက်ပွဲကွင်းပေါ်မှ ဆူဇီမိုကို ကြည့်ပြီး ညင်သာစွာ ခေါင်းညိတ်ပြလိုက်၏။

ကျင့်ကြံသူများစွာမှာ အားကျငေးမောနေသော အကြည့်များ ထွက်ပေါ်လာ၏။

ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးနေရာအတွက် ဆုလာဘ်များက အရက်ရောဆုံးဖြစ်ပြီး ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပေါ်မှာ အခြားလူတိုင်းနှင့် ကွဲပြားခြားနားလေသည်။

ထိုအရာများထဲမှာ အရေးပါဆုံးအရာသည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးလူက ယန်ယန်းအင်မော်တယ်နိုင်ငံ၏ စာကြည့်တိုက်နှင့် လက်နက်တိုက်မှ ကျင့်ကြံရေးနည်းစနစ် လျှို့ဝှက်အတတ်တစ်ခုနှင့် ကောင်းကင်အဆင့် ဓမ္မရတနာတစ်ခုကို ရွေးချယ်နိုင်မည်ဖြစ်၏။

အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး ဆူဇီမိုက ရှဲ့လင်နောက်သို့ လိုက်ပါသွား၏။

ရင်ပြင်ပေါ်ရှိ ကျင့်ကြံသူများနှင့် အဖွဲ့အစည်းများကလည်း လူစုခွဲလိုက်ကြ၏။

နှစ်တစ်သောင်း တွေ့ဆုံပွဲက အဆုံးသတ်သွားခဲ့ပြီဖြစ်၏။ ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပေါ်ရှိ ကျင့်ကြံသူများနှင့် ဂိုဏ်းများ၊ အဖွဲ့အစည်းများက လွဲလျှင် သူတို့အများစုက သူတို့၏ နေရပ်သို့ ပြန်ကြပေလိမ့်မည်။

ဆူဇီမိုသည် ရှဲ့လင်နောက်သို့ လိုက်ပါပြီး ယန်ယန်းနန်းတော်၏ အနက်ပိုင်းထဲသို့ ဝင်ရောက်လာခဲ့၏။

ယန်ယန်းနန်းတော်၏ တန်ဆာဆင်ယင်မှုက အတော်လေး ထူးခြား၏။ ပန်းပွင့်များဖြစ်စေ၊ သစ်ပင် သို့မဟုတ် ဗိသုကာလက်ရာများဖြစ်စေ သူတို့က မီးတောက်စွမ်းအားကို ဖြာထုတ်ပေးနေ၏။

ဆူဇီမို၏ ခြေဖဝါးအောက်ရှိ ကျောက်ချပ်များ အပါအဝင် ကြမ်းခင်းတိုင်းက လောင်ကျွမ်းနီရဲနေ၏။

လူတစ်ယောက်၏ ကျင့်ကြံမှုနယ်ပယ်က လုံလောက်အောင် မြင့်မားခြင်း မရှိလျှင် သူတို့အနေဖြင့် ယန်ယန်းနန်းတော်မှာ လွတ်လပ်စွာ ဝင်ထွက်သွားလာဖို့ မဖြစ်နိုင်ပေ။

“ဒီတစ်ခေါက် မင်းရဲ့ စွမ်းဆောင်ရည်က ငါ့ရဲ့ အမြင်ကို တကယ်ပဲ ချဲ့ထွင်ပေးခဲ့တာပဲ”

လှည့်ကြည့်ခြင်း မရှိဘဲ ရှဲ့လင်က ရုတ်တရက် ချီးကျူးစကား ပြောဆိုလိုက်၏။

“မင်းရဲ့ ပါရမီနဲ့ အလားအလာနဲ့ဆို မင်းရဲ့ အနာဂတ် အောင်မြင်မှုတွေက အကန့်အသတ်မဲ့ပဲ”

“အရှင်မင်းသား.. ခင်ဗျား ကျုပ်ကို အထင်ကြီးလွန်းနေပါပြီ”

ဆူဇီမိုက ပြန်ဖြေလိုက်၏။

ရှဲ့လင်က ဆက်ပြောလိုက်လေသည်။

“မင်းက သက်တံနီနဲ့ တစ်ဂိုဏ်းတည်းသားတွေပဲ.. မင်းတို့တွေက မိုးကောင်းကင်ကိုးလွှာမှာ ဒီလိုမျိုး အပြောင်းအလဲတွေနဲ့ ကြုံတွေ့ခဲ့ရတယ်ဆိုတာ စမ်းသပ်ချက်တစ်ခုနဲ့ ဒုက္ခခံရမှုတစ်ခုလို့ ဆိုနိုင်တယ်.. မင်းတို့တွေက အခုကစပြီး ကောင်းကင်နဲ့မြေကြီး တက္ကသိုလ်မှာ ပိုပြီးတော့ စူးစမ်းလေ့လာသင့်တယ်”

ရှဲ့လင်၏ စကားလုံးများသည် ဆူဇီမိုကို ချည်နှောင်ဖို့ ကြိုးစားနေသည်မှာ သိသာလေသည်။

ဆူဇီမိုက တစ်စုံတစ်ရာ ပြန်ဖြေခြင်း မရှိဘဲ အပြုံးတစ်ခုနှင့်သာ တုံ့ပြန်လိုက်၏။

သိပ်မကြာခင် ရှဲ့လင်သည် ဆူဇီမိုကို အထပ်သုံးထပ် ပါသော စံအိမ်တစ်ခုဆီသို့ ခေါ်ဆောင်သွား၏။

စံအိမ်၏ ဝင်ပေါက်ဝကို ချပ်ဝတ်တန်ဆာဝတ် အစောင့်တပ်သားနှစ်​ယောက်က စောင့်ကြပ်နေကြ၏။ သူတို့က အမူအရာ ကင်းမဲ့နေပြီး သူတို့၏ အကြည့်များက စူးရှနေ၏။ သူတို့၏ ကျင့်ကြံမှုနယ်ပယ်များက ကောင်းကင်အင်မော်တယ်နယ်ပယ်မှာ ရှိကြလေသည်။

“အထဲကို ဝင်သွားလိုက်… ဒါက ယန်ယန်းနန်းတော်ရဲ့ စာကြည့်တိုက်ပဲ.. မင်းက တတိယထပ်မှာ ရှိတဲ့ ရှေးဟောင်းစာအုပ်တွေကို ယူကြည့်ခွင့် မရှိဘူး.. အဲဒါတွေက လွဲရင် မင်းက တခြားကျင့်ကြံရေး နည်းစနစ်တွေနဲ့ လျှို့ဝှက်အတတ်တွေကို စိတ်ကြိုက် လှန်လှောဖတ်ရှုလို့ ရတယ်”

ရှဲ့လင်က ပြောလိုက်၏။

“ငါ မင်းကို အချိန်နှစ်နာရီ ပေးမယ်.. နှစ်နာရီ ကြာပြီးရင် မင်းက ဘယ်ကျင့်ကြံရေး နည်းစနစ်ကိုပဲ ရွေးချယ်ထား ရွေးချယ်ထား.. မင်းက အပြင်ဘက်ကို အတင်းအကျပ် ပြန်ခေါ်ထုတ်ခံရလိမ့်မယ်”

“ကောင်းပါပြီ”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

သူက ထိုအချက်နှင့် ပတ်သက်၍ အံ့အားသင့်သွားခြင်း မရှိပေ။

သူသည် ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်၏ တပည့်တစ်ယောက်သာဖြစ်ပြီး သူ့ကို အပြင်လူတစ်ယောက်ဟု ဆိုနိုင်လေသည်။ ယန်ယန်းအင်မော်တယ်နိုင်ငံ၏ ဆုလာဘ်များက ဘယ်လောက်ပင် ကြီးကျယ်ခမ်းနားသည်ဖြစ်စေ.. သူတို့သည် ဆူဇီမိုကို ယန်ယန်းအင်မော်တယ်နိုင်ငံ၏ လျှို့ဝှက်အတတ်များစွာကို​ ကျင့်ကြံခွင့်ပေးလိမ့်မည် မဟုတ်ပေ။

ဤစာကြည့်တိုက်၏ တတိယအထပ်မှာ ယန်ယန်းအင်မော်တယ်နိုင်ငံ၏ အထူးသီးသန့် လျှို့ဝှက်အတတ်များစွာ ရှိနေဖို့များလေသည်။

ဆူဇီမိုက စာကြည့်တိုက်ထဲသို့ ဝင်ရောက်သွားပြီး အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်၏။ သူက ဒုတိယထပ်သို့ တန်းသွားပြီး သာမန်ကာလျှံကာ တစ်ချက်လှည့်ပတ်ပြီးနောက် အနောက်မြောက်ဘက်သို့ ဦးတည်လိုက်၏။

ရင်ပြင်ထဲကနေ သူထွက်ခွာလာခဲ့စဉ်က ရှဲ့ချင်းချန်သည် သူ့ထံသို့ အသံတစ်ခု ပို့လွှတ်ကာ ဒုတိယထပ်၏ အနောက်မြောက်ဘက်တွင် အဖိုးတန်သော ကျင့်ကြံရေးနည်းစနစ်နှင့် လျှို့ဝှက်အတတ်တချို့ ရှိသည်ဟု သူ့ကို မှာကြားခဲ့လေသည်။ သူက ထိုနေရာကို​ အရင်ဆုံး သွားရောက်ကြည့်ရှုသင့်၏။

စာကြည့်တိုက်က ကြီးမားပြီး စာအုပ်များစွာ ရှိလေသည်။

ဆူဇီမိုသည် ထိုစာအုပ်များကို တစ်အုပ်ပြီးတစ်အုပ် လှန်လှောဖတ်ရှုမည်ဆိုလျှင် နှစ်နာရီ မပြောနှင့်.. တစ်လအတွင်းမှာပင် သူက ပထမထပ်မှာ ရှိသော စာအုပ်များ အားလုံးကို လှန်လှောဖတ်ရှုနိုင်လိမ့်မည် မဟုတ်ပေ။

စာကြည့်တိုက်၏ အနောက်မြောက်ဘက်သို့ ရောက်ရှိလာပြီး ဆူဇီမိုက စာအုပ်စင်တန်းတချို့ကို ကြည့်ကာ ရှေးဟောင်းစာအုပ်တစ်အုပ်ကို ဆွဲထုတ်ကြည့်လိုက်၏။

ကောင်းကင်ဘုံ မိုးကြိုးလက်..

စာမျက်နှာတချို့ကို လှန်ကြည့်ပြီးနောက် သူက သူ၏ ခေါင်းကို ညင်သာစွာ ခါကာ အဲဒါကို ပြန်ထားလိုက်၏။

အဲဒါသည် မိုးကြိုးနှင့် ဆက်စပ်နေသော ကျင့်ကြံရေး နည်းစနစ်တစ်ခု ဖြစ်၏။ ဆူဇီမိုသည် စာမျက်နှာအနည်းငယ် ဖတ်ကြည့်ရုံနှင့် ဤကျင့်ကြံရေး နည်းစနစ်၏ စွမ်းအားက ဗလာနယ်မိုးကြိုးကျင့်စဉ်ကို လုံးဝ မယှဉ်နိုင်ဘူးဆိုတာ သိလိုက်၏။

ဆူဇီမိုသည် နောက်ထပ်စာအုပ်တစ်အုပ်ကို ထုတ်ယူပြီး အဲဒါကို အကြမ်းဖျင်း တစ်ချက်ကြည့်လိုက်၏။ အဲဒါက မီးလျှံနေမင်းတောက်ပမှု အစစ်အမှန်သုတ္တန်ဖြစ်၏။

ဤကျင့်ကြံရေး နည်းစနစ်က အတော်လေး လွှမ်းမိုးနိုင်စွမ်း ရှိ၏။ ကမ္ဘာမြေအဆင့်သတ်မှတ်ချက် တိုက်ပွဲမှာ ရှဲ့ယွင်က အဲဒါကို ထုတ်ဖော်ခဲ့သော်လည်း အဲဒါသည် လျှိုဖျင်၏ ဖျက်ဆီးခြင်းခံလိုက်ရသည်ကို သူက တွေ့မြင်ခဲ့ရ၏။

ဆူဇီမိုသည် ထိုကျင့်ကြံရေး နည်းစနစ်ကို ပြန်ထားပြီး အခြားသောစာအုပ်များကို ဆက်လက်၍ လှန်လှောကြည့်ရှုနေ၏။

မသိလိုက် မသိဘာသာနှင့် တစ်နာရီက ကုန်ဆုံးသွားပြီး ဆူဇီမိုသည် ကျင့်ကြံရေး နည်းစနစ်နှင့် လျှို့ဝှက်အတတ် အတော်များများကို ဖတ်ရှုခဲ့ပြီးလေပြီ။

ထိုကျင့်ကြံရေး နည်းစနစ်များနှင့် လျှို့ဝှက်အတတ်များ၏ စွမ်းပကားက တကယ့်ကို ထူးခြားလေသည်။ သို့သော်လည်း သူက အဲဒါတွေကို ကျင့်ကြံမည်ဆိုလျှင်တောင် သူ၏ တိုက်ခိုက်ရည်ခွန်အားကို သိသိသာသာ မြင့်တက်လာစေလိမ့်မည် မဟုတ်ပေ။

တကယ်တော့ ထိုကျင့်ကြံရေး နည်းစနစ်များနှင့် လျှို့ဝှက်အတတ်များသည် မည်သည့် ကမ္ဘာမြေအင်မော်တယ်အတွက်မဆို ထိပ်တန်းကျင့်ကြံရေးနည်းစနစ်များ ဖြစ်နေလေပြီ။

သို့သော်လည်း ဆူဇီမိုသည် အထက်ဘုံသို့ တက်လှမ်းလာပြီးနောက် သူသည် တဗူးဂမ္ဘီရကျင့်စဉ် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကို ကျင့်ကြံခဲ့ရ၏။

ပဉ္စဝဏ္ဏ တာအိုမီး၊ ကောင်းကင်သတ်ဖြတ်ခြင်းနှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်း ဓားပညာရပ်များနှင့် အဆင့်မြင့် ဂမ္ဘီရစိတ်ဝိညာဉ် ခုနှစ်စင်ကြယ်သုတ္တန်ကဲ့သို့ ကျင့်ကြံရေးနည်းစနစ်များကို ရရှိထားပြီးနောက် သူသည် စောစောက ရှေးဟောင်းစာအုပ်များကို စိတ်ဝင်စားမှု မရှိတော့ပေ။

နှစ်နာရီက ကုန်ဆုံးတော့မည် ဖြစ်၏။

ဆူဇီမိုသည် မီးတောက်နဂါးလေမီးပညာရပ်ကို ဖတ်ရှုကြည့်နေ၏။ အဲဒီမှာ တခြားပိုကောင်းသည့် ရွေးချယ်စရာ မရှိလျှင် သူက ဤကျင့်ကြံရေးနည်းစနစ်ကို ရွေးချယ်ရပေလိမ့်မည်။

ရုတ်တရက်ဆိုသလို..

မီးတောက်နဂါးလေမီး၏ အတွင်းလွှာများကြားကနေ ရှေးကျသော အဝါရောင်စာရွက်တစ်ရွက်က လွင့်ကျလာခဲ့၏။

ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်ပြီး အဝါရောင်စာရွက်ကို ကောက်ယူကြည့်လိုက်၏။

စိတ်ဝိညာဉ်ပနံသင့်ပညာရပ်…

အဝါရောင်စာရွက်၏ ထိပ်ဆုံးတွင် ထိုစာလုံးများကို ရေးသားထားလေသည်။

ဆူဇီမိုက အကြမ်းဖျင်း တစ်ချက်ကြည့်ပြီး အဲဒါက တခြားအရာများနှင့် လုံးဝ မတူကွဲပြားခြားနားသော လျှို့ဝှက်အတတ်တစ်ခု ဖြစ်သည်ဆိုတာကို သိရှိလိုက်၏။

အဲဒါကို တာအိုစုံတွဲတစ်တွဲက ဖန်တီးခဲ့ခြင်းဖြစ်၏။

သူတို့နှစ်ယောက်သည် ဤကျင့်ကြံရေး နည်းစနစ်ကို တစ်ချိန်တည်းမှာ ကျင့်ကြံပြီး တစ်ယောက်နှင့်တစ်ယောက် စိတ်ချင်းဆက်သွယ်နိုင်ကြ၏။ ရန်သူများနှင့် ရင်ဆိုင်ရချိန် သူတို့ ပူးပေါင်းတိုက်ခိုက်သောအခါ သူတို့၏ အချိတ်အဆက်က လုံးဝ ဟာကွက်မဲ့လေသည်။

ဆူဇီမိုသည် ရန်သူများနှင့် ရင်ဆိုင်ရာမှာ အခြားသူများနှင့် ပူးပေါင်းဖို့ စိတ်ကူးမရှိပေ။ သို့သော်လည်း စိတ်ဝိညာဉ်ပနံသင့်ပညာရပ်မှာ ဖော်ပြထားသော အခြေအနေက သူ့ကို အလေးအနက် စဉ်းစားတွေးတောသွားစေ၏။

စိတ်ဝိညာဉ်ပနံသင့်ပညာရပ်တွင် ဖော်ပြထားသည်မှာ လူနှစ်ယောက်သည် အဲဒါကို အထွတ်အထိပ်ထိ ကျင့်ကြံပြီး စိတ်ချင်းဆက်သွယ်နိုင်မည်ဆိုလျှင် နှစ်ယောက်စလုံးသည် ဤလျှို့ဝှက်အတတ်ကို တစ်ချိန်တည်းမှာ လှည့်ပတ်လိုက်သည်နှင့် သူတို့သည် တစ်ယောက် မြင်ရသည့်အရာကို အခြားတစ်ယောက်က မြင်ရသည့် အခြေအနေထိ ရောက်ရှိလာပေလိမ့်မည်။

တစ်နည်းအားဖြင့်ဆိုလျှင် သူတို့က ကီလိုမီတာထောင်ချီ ဝေးကွာနေလျှင်တောင် သူတို့ထဲမှ တစ်ယောက်သည် အခြားတစ်ယောက်၏ မျက်လုံးများကနေတစ်ဆင့် အခြားတစ်ဖက်တွင် ရှိသော အခြေအနေကို တွေ့မြင်နိုင်မည်ဖြစ်၏။

ဤလျှို့ဝှက်အတတ်က အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ နှင့် သိုင်းတာအိုပင်မခန္ဓာအတွက် အတော်လေး အသုံးဝင်နိုင်သည်ဟု ဆူဇီမိုက ခန့်မှန်းမိလာခဲ့၏။

သို့သော်လည်း သူက အခြေအနေ အတိအကျကို စဉ်းစားမကြည့်နိုင်ပေ။

မည်သို့ပင်ဆိုစေ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့် သိုင်းတာအိုပင်မခန္ဓာသည် ဤစိတ်ဝိညာဉ်ပနံသင့်ပညာရပ်ကို ကျင့်ကြံရာမှာ အားထုတ်မှု အတော်လေး သက်သာပေလိမ့်မည်။

အစစ်အမှန်ခန္ဓာနှစ်ခုသည် အစကတည်းက တူညီသော ဇာစ်မြစ်ကနေ လာခဲ့ကြ၏။ သူတို့က သီးခြားရပ်တည်နေကြသော်လည်း သူတို့က စိတ်ချင်းဆက်သွယ်နိုင်ကြ၏။

သို့သော်လည်း ယခုအချိန်ထိကို အစစ်အမှန်ခန္ဓာနှစ်ခုကြား ချိတ်ဆက်မှုမှာ အကန့်အသတ်တစ်ခု ရှိနေပြီး သူတို့သည် တစ်ယောက်မြင်နိုင်သည့်အရာကို အခြားတစ်ယောက် မြင်နိုင်သည့် အခြေအနေထိ မရောက်ရှိသေးပေ။

“နှစ်နာရီ ပြည့်ပြီ”

ရုတ်တရက် ရှဲ့လင်၏ အသံက ဆူဇီမို၏ စိတ်ထဲသို့ ဝင်ရောက်လာ၏။

ဆူဇီမိုက ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်၏။ သူသည် စိတ်ဝိညာဉ်ပနံသင့်ပညာရပ်ကို သူ၏ လက်ထဲမှာ ကိုင်ထားပြီး ဖျတ်ခနဲဆို သူ့ကို စွမ်းအားကြီးမားသော အင်အားတစ်ခုက လွှမ်းခြုံသွားပြီး သူက စာကြည့်တိုက် အပြင်ဘက်သို့ ရောက်ရှိလာခဲ့၏။

ရှဲ့လင်က ဆူဇီမို၏ လက်ထဲရှိ အဝါရောင်စာရွက်ကို တစ်ချက်ကြည့်ပြီး အံ့အားသင့်စွာဖြင့် မေးလိုက်၏။

“မင်းက အဲဒီလျှို့ဝှက်အတတ်ကို ရွေးချယ်မလို့လား”

“ဒီလျှို့ဝှက်အတတ်က တစ်ခုခုမှားနေလို့လား”

ဆူဇီမိုက မေးလိုက်၏။

“မဟုတ်ပါဘူး”

ရှဲ့လင်က ခေါင်းခါပြလိုက်၏။

“ဒါပေမဲ့ အဲဒီလျှို့ဝှက်အတတ်က သိပ်ပြီးတော့ အသုံးမဝင်ဘူး… အဲဒါကို ဖန်တီးခဲ့တဲ့ တာအိုစုံတွဲက လွဲရင် တခြား ဘယ်သူကမှ အဲဒါကို မကျင့်ကြံခဲ့ကြဘူး”

“ဒီလျှို့ဝှက်အတတ်ကို ကျင့်ကြံဖို့အတွက် နှစ်ဦးနှစ်ဖက်စလုံးက အကြွင်းမဲ့ ယုံကြည်မှုနဲ့ စိတ်ချင်းဆက်သွယ်မှု ရှိနေဖို့ လိုအပ်တယ်.. အဲဒီအချက်တစ်ချက်ကတင် လူအတော်များများ မလုပ်နိုင်တဲ့အရာပဲ”

လူနှစ်ယောက်က ဘယ်လောက်ပင် ရင်းနှီးကြသည်ဖြစ်စေ.. သူတို့၏ ရင်ထဲမှာ သံသယ တစ်စွန်းတစ်စ ရှိနေသည်နှင့်အမျှ ဤလျှို့ဝှက်အတတ်က အသုံးဝင်လိမ့်မည် မဟုတ်ပေ။

ဆူဇီမိုက ပြုံး၍ အဲဒါကို ရှင်းပြမနေပေ။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့် သိုင်းတာအိုပင်မခန္ဓာ ကြားမှာ ဤကဲ့သို့သော ပြဿနာတစ်ရပ်က ဘယ်တော့မှ ပေါ်ထွက်လာလိမ့်မည် မဟုတ်ပေ။

All Chapters