← Chapters

အမြီးခုနှစ်ချောင်းဖီးနစ်ငှက်မွေးယပ်တောင်

Vol. 151 Ch. 2259

အမြီးခုနှစ်ချောင်းဖီးနစ်ငှက်မွေးယပ်တောင်

Vol. 151 Ch. 2259

သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို အသုံးပြုပြီး ရှဲ့လင်က စိတ်ဝိညာဥ်ပနံသင့်ပညာရပ်ကို ကျောက်စိမ်းစာလိပ်တစ်ခုပေါ်မှာ မိတ္တူပွားပြီး ဆူဇီမိုကို ကမ်းပေးလိုက်၏။

ထို့နောက် သူသည် ဆူဇီမိုကို ယန်ယန်းနန်းတော်၏ လက်နက်တိုက်ရှိရာသို့ ခေါ်ဆောင်သွား၏။

“ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကထိပ်ဆုံးလူအနေနဲ့ မင်းကလက်နက်တိုက်ထဲက ကြိုက်ရာလက်နက်တစ်ခုကိုရွေးချယ်နိုင်တယ်”

ရှဲ့လင်၏ မျက်နှာပေါ်တွင် အဓိပ္ပာယ်ပါပါအပြုံးတစ်ခု ပေါ်ထွက်လာ၏။

“ဒီလက်နက်တိုက်က ကောင်းကင်အဆင့် ဓမ္မရတနာတွေနဲ့ ပြည့်နှက်နေတယ်... အဲ့ဒီမှာ မူလကောင်းကင်အဆင့် ဓမ္မရတနာတွေတောင်ရှိတယ်.... ရမယ့်အချိန်ကတော့ ၂နာရီပဲ... မင်းက သူတို့ကိုရနိုင်မလား မရနိုင်ဘူးလားဆိုတာကတော့ မင်းရဲ့ကံနဲ့အခွင့်အလမ်းပေါ်မှာ မူတည်လိမ့်မယ်”

ဆူဇီမိုက ခေါင်းညိတ်ပြီး လက်နက်တိုက်ထဲသို့ ဝင်ရောက်သွား၏။

သူသည် အဲ့ဒါကို ဖြတ်ကျော်လာသည့်ခဏမှာပင် သူသည် နောက်ထပ်နေရာလွတ်တစ်ခုသို့ ဝင်ရောက်သွားသည့်အလားပင်။

သူ၏ ဘေးပတ်ဝန်းကျင်က အလွန်တရာမြင့်မားသောအပူချိန်နှင့်အတူ နီရဲ၍လောင်ကျွမ်းနေ၏။

ထိုစဥ်မှာပင် မီးတောက်အလင်းတန်းများက ဆူဇီမိုရှိရာသို့ပျံသန်းလာ၏။

ဆူဇီမိုက သူ၏ လက်ကို ဆန့်ထုတ်ပြီး မီးတောက်တစ်ခုကို ဖမ်းဆုပ်လိုက်၏။ မီးတောက်၏ အစစ်အမှန်ပုံစံက ပေါ်ထွက်လာ၏။

အဲ့ဒါသည် ထိပ်တန်းအဆင့်ဓားပျံတစ်လက်ဖြစ်ပြီး ၎င်း၏ အရည်အသွေးက မဆိုးပေ။

မီးတောက်များအားလုံးသည် နတ်ဘုရားလက်နက်များနှင့် ဓမ္မရတနာများဖြစ်ကြ၏။

ဆူဇီမိုသည် သူ၏ လက်ကို ဖြေလျှော့လိုက်၏။

ဓားပျံက မီးတောက်အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး သူ၏ နောက်ဘက်လေဟာနယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွား၏။

“မူလကောင်းကင်အဆင့် ဓမ္မရတနာတစ်ခုကိုရဖို့အတွက် ကံနဲ့အခွင့်အလမ်းကို လိုတယ်လို့ ရှဲ့လင်ပြောခဲ့တာ မထူးဆန်းတော့ဘူး”

ဆူဇီမိုက တီးတိုးရေရွတ်လိုက်၏။

သူ့ရှေ့မှာရှိသော မီးတောက်များက လေထဲမှာ သိပ်သည်းများပြားစွာ ယှက်ဖြာသွားလာနေပြီး ထိုအရာများက ဘာနတ်ဘုရားလက်နက်နှင့် ဘာဓမ္မရတနာဖြစ်သည်ကို ကြိုတင်ခန့်မှန်းပြောဆိုဖို့ မဖြစ်နိုင်ပေ။

ဆူဇီမိုကြည့်လိုက်သည့်နေရာတိုင်းမှာ မီးတောက်များက အရေအတွက် ထောင်ချီရှိနေ၏။

သူသည် တစ်ခုပြီးတစ်ခု ရှာဖွေခြင်းဖြင့် မူလကောင်းကင်အဆင့် ဓမ္မရတနာတစ်ခုကို ရှာဖွေချင်သည်ဆိုလျှင် သူက ကံတရားအပေါ်သာမှီခိုရပေလိမ့်မည်။

ဆူဇီမိုက ရှေ့သို့ တက်လှမ်းလာစဥ် သူက သူ၏ ပတ်ပတ်လည်က မီးတောက်များကိုဖမ်းဆွဲပြီး အထဲမှာရှိသောဓမ္မရတနာကို စစ်ဆေးကြည့်လိုက်၏။

သာလွန်အဆင့်... ။

သူက အဲ့ဒါကို ပစ်ထုတ်လိုက်၏။

ထိပ်တန်းအဆင့်... ။

သူက ပစ်ထုတ်လိုက်၏။

ပကတိအဆင့်...။

ဆူဇီမိုသည် ခဏမျှတွေဝေတုံ့ဆိုင်းပြီးနောက် အဲ့ဒါကိုလည်း ပစ်ထုတ်လိုက်၏။

သူသည် ကောင်းကင်အင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်တက်လှမ်းသည့်အချိန်မှာ ပကတိကောင်းကင်အဆင့် ဓမ္မရတနာတစ်ခုသည် သူ၏ အဆင့်-၁၁ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ယှဥ်နိုင်တော့မည်မဟုတ်ပေ။

နောက်ထပ်မီးတောက်အလင်းတန်းတစ်ခုက လွင့်မျောလာခဲ့၏။ ဆူဇီမိုက လက်လှမ်းတော့မည့်ဆဲဆဲမှာပင် အဲ့ဒါက တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး သူ၏ လမ်းကြောင်းကို ပြောင်းလဲကာ အခြားသောဦးတည်ဘက်တစ်ခုသို့ လွင့်မျောသွား၏။

“ဟမ်...”

ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွား၏။ ဖျတ်ခနဲဆို သူက ထိုမီးတောက်ဘေးသို့ ရောက်ရှိသွားပြီး အဲ့ဒါကို ဖမ်းဆွဲလိုက်၏။

အဲ့ဒါသည် အလွန်တရာထူးခြားသောပုံစံဖြင့် ခပ်ပါးပါးမီးတောက်များနှင့်အတူ လောင်ကျွမ်းနေသော ကျောက်စိမ်းလက်ကောက်တစ်ခုဖြစ်၏။

မူလအဆင့်...

ဆူဇီမိုက ကျေနပ်သဘောကျသွား၏။

၁၅ မိနစ်မပြည့်ခင်မှာပင် သူသည် မူလကောင်းကင်အဆင့် ဓမ္မရတနာတစ်ခုကို ရှာတွေ့လိုက်ပြီဖြစ်၏။

သူက လက်နက်တိုက်ထဲကနေ ပြန်ထွက်လာတော့မည့်ဆဲဆဲမှာပင် သူက ရင်တစ်ချက်ထိတ်သွားပြီး လှည့်ကြည့်လိုက်၏။

မလှမ်းမကမ်းမီးတောက်တစ်ခုထဲမှာ သူ၏ အမြုတေစိတ်ဝိညာဥ်က ရင်းနှီးနေကျအော်ရာတစ်ခုကို အာရုံခံမိလိုက်၏။

ဆူဇီမိုက ခဏမျှတွေဝေတုံ့ဆိုင်းပြီးနောက် ​ရှေ့သို့တက်လှမ်းကာ ထိုမီးတောက်ကို ဖမ်းဆွဲလိုက်၏။

အဲ့ဒါသည် ကြည်လင်နေသော အရိုး ၇ ချောင်းပါရှိသည့် နီရဲနေသောယပ်တောင်တစ်လက်ဖြစ်၏။

ယပ်တောင်၏ အစိတ်အပိုင်းတိုင်းက အခြားသောအရောင်အဆင်းနှင့် မည်သည့်ငှက်မွေးမှမရှိဘဲ နီရဲနေ၏။

သို့သော်လည်း ယပ်တောင်သည် အပြင်းအထန်ပျက်စီးထိခိုက်ထားသည့်အလား အရိုးများပေါ်တွင် အက်ကွဲကြောင်းများက သိသိသာသာ ပေါ်ထွက်နေ၏။

ဆူဇီမိုသည် ယပ်တောင်ထံကနေ ရင်းနှီးနေကျ အော်ရာတစ်ခုကို ခံစားမိခဲ့သည်မှာ အဲ့ဒါကိုပြုလုပ်ထားသည့် ပစ္စည်းသည် နတ်ဖီးနစ်မျိုးနွယ်မှလာခြင်းကြောင့်ဖြစ်၏။

ဆူဇီမိုသည် သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို လှည့်ပတ်လိုက်၏။

သူ၏ အမြုတေစိတ်ဝိညာဥ်ထဲမှာ နဂါးဖီးနစ်၏ စွမ်းအားကို အာရုံခံမိသွားပြီး ယပ်တောင်ကတဖြည်းဖြည်း နီရဲတောက်ပလာကာ အလွန်တရာကြောက်စရာကောင်းသည့် စွမ်းအင်အတက်အကျတစ်ခုကို ထုတ်ဖော်ပေးလိုက်၏။

“ဒါပဲလေ”

ဆူဇီမိုက ကျေနပ်သဘောကျသွား၏။

ဤယပ်တောင်မှာ စွမ်းအားကြီးမားသော နောက်ခံတစ်ခုရှိပုံရပြီး အဲ့ဒါသည် စောစောက ကျောက်စိမ်းလက်ကောက်ထက်ပင် ပို၍စွမ်းအားကြီးမားနေနိုင်၏။

ဆူဇီမိုက ဆုံးဖြတ်ချက်ချလိုက်ပြီး ကြန့်ကြာမနေတော့ပေ။ သူက ပေးထားသည့် ၂နာရီမပြည့်ခင်မှာပင် ထွက်ခွာလာခဲ့၏။

“မြန်လှချေလား”

ရှဲ့လင်က ၁၅မိနစ်မပြည့်ခင် ဆူဇီမိုထွက်ခွာလာသည်ကို တွေ့မြင်သောအခါ အံ့အားသင့်သွား၏။

သို့သော်လည်း ဆူဇီမို၏ လက်ထဲရှိ အနီရောင်ငှက်မွေးယပ်တောင်ကို တွေ့မြင်သောအခါ သူကခေါင်းကိုညင်သာစွာ ခါယမ်းလိုက်၏။

“အရှင်မင်းသား... ဒီယပ်တောင်ရဲ့နောက်ခံကဘာလဲ”

ဆူဇီမိုသည် ရှဲ့လင်၏ အမူအရာကို သတိထားမိသော်လည်း အဲ့ဒါကိုစိတ်ထဲမှာမထားဘဲ မေးလိုက်၏။

ရှဲ့လင်က ပြောလိုက်၏။

“အဲ့ဒါက အမြီးခုနှစ်ချောင်းဖီးနစ် ငှက်မွေးယပ်တောင်ပဲ... အဲ့ဒါက နတ်ဖီးနစ်တစ်ကောင်ရဲ့ ငှက်မွေးနဲ့အရိုးတွေကနေပြုလုပ်ထားတာ... အဲ့ဒါက အရင်တုန်းကတော့ တကယ်ပဲ နာမည်ကြီး ကျော်ကြားခဲ့တယ်... အဲ့ဒါက ကပ်ဘေးကိုးခုသန့်စင်ယန်စိတ်ဝိညာဥ်ရတနာတစ်ခုတောင်မှဖြစ်ခဲ့တယ်”

“အဲ့ဒီသန့်စင်ယန်စိတ်ဝိညာဥ်ရတနာကို သူ့ရဲ့အကန့်အသတ်ထိ မြှင့်တင်နိုင်မယ်ဆိုရင် အဲ့ဒါက အစစ်အမှန်နတ်ဖီးနစ်တစ်ကောင်ကိုတောင် ဆင့်ခေါ်နိုင်တယ်လို့ပြောတယ်”

ရှဲ့လင်က ခဏမျှရပ်တန့်ပြီး နှမြောတမ်းတသောအမူအရာဖြင့် သူ၏ ခေါင်းကို ခါပြလိုက်၏။

“ကံဆိုးစွာနှင့် အဲ့ဒီအမြီးခုနှစ်ချောင်းဖီးနစ်ငှက်မွေးယပ်တောင်က အရင်တုန်းက ကြီးမားတဲ့တိုက်ပွဲတစ်ခုမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်”

“အထဲမှာရှိတဲ့ စိတ်ဝိညာဥ်အသိစိတ်က ပျက်ပြယ်သွားပြီး သူ့ရဲ့အဆင့်ကလည်း ကျဆင်းသွားခဲ့တယ်... အခုချိန်မှာ အဲ့ဒါကို ကောင်းကင်အဆင့် ဓမ္မရတနာတစ်ခုလို့ပဲ ဆိုနိုင်တော့မယ်”

“မင်းက... ဒီရှားရှားပါးပါးအခွင့်အရေးကို ကောင်းကောင်းအသုံးမချဘဲနဲ့ အလျင်စလိုရွေးချယ်လာခဲ့တာပဲ”

ဆူဇီမိုက ပြုံးပြလိုက်၏။

“ဘာပဲဖြစ်ဖြစ် ဒီယပ်တောင်က သန့်စင်ယန်စိတ်ဝိညာဥ်ရတနာတစ်ခုဖြစ်ခဲ့ဖူးတာပဲ... အဲ့ဒါက ပျက်စီးထိခိုက်ထားတယ်ဆိုရင်တောင် သူ့ကိုပြုလုပ်ထားတဲ့ပစ္စည်းက အတော်လေးထူးခြားတယ်... အနဲဆုံးတော့ အဲ့ဒါက မူလကောင်းကင်အဆင့် ဓမ္မရတနာတစ်ခုထက် နိမ့်ကျမှာမဟုတ်ဘူး”

“မင်းပြောတာမှားတယ်”

ရှဲ့လင်က သူ၏ ခေါင်းကိုခါပြလိုက်၏။

“ဒီယပ်တောင်က သူ့ရဲ့အစစ်အမှန်စွမ်းအားကို ထုတ်ဖော်ချင်တယ်ဆိုရင် အဲ့ဒါကို အသက်သွင်းဖို့အတွက် နတ်ဖီးနစ်မျိုးနွယ်ရဲ့စွမ်းအားကိုလိုအပ်တယ်... တခြားသက်ရှိတွေက ဒီဓမ္မရတနာကို ရထားမယ်ဆိုရင် အလကားပဲ”

“ဆူဇီမို... မင်းက အမြီးခုနှစ်ချောင်းဖီးနစ်ငှက်မွေးယပ်တောင်အကြောင်း ဘာမှမသိဘူးဆိုတော့ အဲ့ဒါကိုနားလည်ပေးလို့ရတယ်”

“ဒီလိုလုပ်လေ... ငါမင်းကိုနောက်ထပ်အခွင့်အရေးတစ်ခုပေးမယ်... လက်နက်တိုက်ထဲကို ပြန်ဝင်ပြီး နောက်ထပ်တစ်ခုကိုရွေးချယ်လိုက်... ဒီတစ်ခေါက်တော့ မင်းသေသေချာချာလုပ်မှဖြစ်မယ်”

“အခုလိုစေတနာထားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်အရှင်မင်းသား”

ဆူဇီမိုက သူ၏ လက်သီးနှစ်ဖက်ကိုယှက်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။

“နောက်ထပ်ရွေးချယ်စရာမလိုတော့ပါဘူး... ကျုပ်က ဒီငှက်မွေးယပ်တောင်ကို ရွေးချယ်ပြီးသွားပြီ”

ရှဲ့လင်သည် ဆူဇီမို၏ ဆုံးဖြတ်ချက်ပြတ်သားမှုကို တွေ့မြင်သောအခါ သူက ထပ်မံ၍ ဖျောင်းဖျမနေတော့ဘဲ ခေါင်းညိတ်လိုက်၏။

“ဒီလိုဆိုတော့လည်း... အရင်ဆုံး နန်းတော်ကိုပြန်ပြီးအနားယူလိုက်... နောက်သုံးရက်နေရင် ယန်ယန်းနန်းတော်ရဲ့ရင်ပြင်မှာပြန်ပြီးတော့ စုဝေးကြမယ်”

“နှုတ်ဆက်ပါတယ်”

ဆူဇီမိုက နှုတ်ဆက်စကားပြောပြီး ကောင်းကင်နှင့်မြေကြီးတက္ကသိုလ် အနားယူရာနန်းတော်သို့ ပြန်လည်ရောက်ရှိလာခဲ့၏။

ကမ္ဘာမြေအဆင့်သတ်မှတ်ချက်မှာရှိသော ထိုသူများသည် ယန်ယန်းနန်းတော်မှာ ကြီးမားသောအခွင့်အလမ်းတစ်ခုကိုပင် ရရှိနိုင်၏။

ယန်ယန်းအင်မော်တယ်နိုင်ငံမှာ ရှေးကျသောနေကာသစ်ပင်တစ်ပင်ရှိလေသည်။

ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပေါ်မှ ​ကျင့်ကြံသူများသည် အချိန်အတိုင်းအတာတစ်ခုအတွင်း ထိုနေကာသစ်ပင်၏ အောက်မှာ ကျင့်ကြံခွင့်ရကြမည်ဖြစ်၏။

နေကာသစ်ပင်၏ အောက်ဘက်မှာ ကောင်းကင်နှင့်မြေကြီးအမြုတေချီက အလွန်တရာပေါကြွယ်ဝပြီး လူတစ်ယောက်သည် ကျင့်ကြံဖို့အတွက် အားထုတ်မှုများစွာ သက်သာနိုင်လေသည်။ ထိုနေရာမှာတစ်နှစ်က အပြင်လောကမှာ နှစ်တစ်ထောင်နှင့်ညီမျှသည်ဟုပင် ဆိုလေသည်။

ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပေါ်မှ ကျင့်ကြံသူများသည် နေကာသစ်ပင်အောက်မှာ ကျင့်ကြံသည့်အကြိမ်တိုင်းမှာ နေရာမှာပင် အဆင့်ချိုးဖျက်တက်လှမ်း၍ ကောင်းကင်အင်မော်တယ်နယ်ပယ်သို့ ဝင်ရောက်သွားသော ပြိုင်စံရှားများပေါ်ထွက်လာတတ်၏။

ကမ္ဘာမြေအဆင့်သတ်မှတ်ချက်မှာ အဆင့်ဝင်နိုင်သော ထိုသူများသည် ကမ္ဘာမြေအင်မော်တယ်များကြားမှာ ပြန်ဝင်စားမွန်းစတားများဖြစ်ပြီး သူတို့အားလုံးနီးပါးက အဆင့်-၉ ၏ အထွတ်အထိပ်ထိ ကျင့်ကြံထားကြပြီဖြစ်၏။

မိုးကောင်းကင်ကိုးလွှာမှာ ရှုံးထွက်အဆင့်၏ သေရေးရှင်ရေးအတွေ့အကြုံများကိုရယူပြီး အဆင့်သတ်မှတ်ချက်တိုက်ပွဲမှာ တိုက်ခိုက်ဆင်နွဲပြီးနောက် ဤကမ္ဘာမြေအင်မော်တယ်များ၏ အဟန့်အတားပိတ်ဆို့မှုများက ပြေလျော့သွားပြီဖြစ်ပြီး သူတို့က အခွင့်အလမ်းတစ်ရပ်ကိုသာ လိုအပ်နေ၏။

နေကာသစ်ပင်အောက်မှာကျင့်ကြံရခြင်းက လိုအပ်နေသည့် ထိုအခွင့်အလမ်းဖြစ်လာနိုင်လေသည်။

ဆူဇီမိုကလည်း ဤအခွင့်အရေးကို လက်လွှတ်ခံလိမ့်မည် မဟုတ်ပေ။

ယခုအချိန်မှာ သူသည် အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်၏ အထွတ်အထိပ်မှာရှိနေ၏။ သူထင်တာမမှားဘူးဆိုလျှင် သူသည် အဆင့်-၉သို့ သိပ်မကြာခင် ချိုးဖျက်တက်လှမ်းနိုင်ပေတော့မည်။

သူသည် နေကာသစ်ပင်အောက်မှာ ကျင့်ကြံနိုင်မည့်အခွင့်အရေးကို ကောင်းကောင်းအသုံးချပြီး သူ၏ ကျင့်ကြံမှုကို မြှင့်တင်လို၏။

ဆူဇီမိုသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ အနားယူရာနန်းတော်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး သူ၏ စိတ်ထဲကနေ သိုင်းတာအိုပင်မခန္ဓာနှင့်ဆက်သွယ်ကာ စိတ်ဝိညာဥ်ပနံသင့်ပညာရပ်ကို သင်ကြားပေးလိုက်၏။

ထိုလျှို့ဝှက်အတတ်ကို ကျင့်ကြံဖို့က မခက်ခဲပေ။ သိုင်းတာအိုပင်မခန္ဓာနှင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ ပါရမီအရည်အချင်းအရ သူတို့သည် သုံးရက်မျှနှင့် အဲ့ဒါကိုကျင့်ကြံနိုင်ပေလိမ့်မည်။

All Chapters